Switch Mode

Chapter – 64.2

ပြိုင်ဘက်ကင်း စစ်သည်တော် အစီအစဥ်

အပိုင်း ၆၄•၂

” ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ် ”
°°°
ဟယ့်ချိုက်ထို့က ခါးသီးမှုအပြည့်နဲ့ ဆက်ပြောပါတော့တယ်။

” မင်းအံ့ဩသွားတယ်မဟုတ်လား ဒီကိစ္စကြီးကို ငါ့နှလုံးသားထဲမှာ အကြာကြီးနက်နက်ရှိုင်းရှိုင်း မြုပ်နှံထားရတော့လဲ ဘယ်အံ့ဩစရာရှိပါ့မလဲ ငါ့ရဲ့အဖေက နေလနိုင်ငံတော်ရဲ့ အရင်ဧကရာဇ်ပဲ တကယ်တော့ငါ့မှာ အစ်မကြီးခုနှစ်ယောက်ရှိခဲ့ဖူးတယ်..ငါအမေက ငါ့အဖေအသက်လေးဆယ့်ရှစ်နှစ်မှာမှ ငါ့ကို မွေးဖွားခဲ့တာ အဲ့ဒီအချိန်တုန်းက ငါ့အဖေဆိုတာ အိမ်ရှေ့စံမင်းသားဘ၀ပဲရှိသေးတယ်လေ..သူ့ရဲ့ညီငယ်လေးကလဲ သူ့ဆီကနေအမြဲတမ်းပလ္လင်ကိုလုယူချင်နေတာ ငါ့ရဲ့အဘိုးကဒီကိစ္စကိုသိပြီး ဦးလေးရဲ့ ကြမ်းတမ်းတဲ့ စိတ်ဓာတ်ကိုနားလည်တာကြောင့် နိုင်ငံကိုသာ သူ့လက်ထဲလွဲပေးလိုက်မယ်ဆိုရင် နိုင်ငံတစ်ခုလုံး ပြဿနာတက်နိုင်မယ်မှန်း သိနေခဲ့တယ်..ဦးလေးရဲ့အစွမ်းအစနဲ့ ပါရမီက ငါ့အဖေထက် အစစအရာရာသာလွန်နေခဲ့တာတောင် အဘိုးကတော့ ငါ့အဖေကိုပဲ ထီးနန်းလွဲအပ်ခဲ့ပြီ ဦးလေးကိုတော့ ငြင်းပယ်ခဲ့တယ် ”

” ငါ့အဖေ ထီးနန်းဆက်ခံပြီတဲ့နောက် နိုင်ငံတော်တစ်ခုလုံးကို တရားမျှမျှတတနဲ့ အုပ်ချုပ်ခဲ့တယ်..ဒါ့အပြင် စည်ပင်တိုးတက်အောင်လဲ ကြိုးပမ်းခဲ့ပြီ သူရဲ့စိတ်ရောကိုယ်ပါ နိုင်ငံရဲ့ကိစ္စတွေအားလုံးကို နေ့တိုင်းသေချာနစ်မြုပ်ထားရင်းနဲ့ ရှင်းရှင်းလင်းလင်း မျှမျှတတဖြစ်အောင် ကြိုးပမ်းခဲ့တယ်။ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ငါတို့နိုင်ငံတော်ကြီးက ငါတို့ရဲ့ဦးဆောင်မှုအောက်မှာ ပိုမိုစည်ပင်လာခဲ့တယ်..ဒါ့အပြင် အမတ်မင်းတော်တော်များများကလဲ ငါ့အဖေရဲ့ ကြိုးစားအားထုတ်မှုကြောင့် သူ့အပေါ်မှာပိုပြီးသစ္စာရှိလာခဲ့တယ် ”

” သူမသေခင်အချိန်မှာ အဘိုးကငါ့အဖေကို ဦးလေးရဲ့ရရှိထားတဲ့ စွမ်းအားတွေအကုန်လုံးကို ပြန်ရုတ်သိမ်းမှသာ နိုင်ငံတော်တစ်ခုလုံးငြိမ်ငြိမ်ချမ်းချမ်းရှိနိုင်မယ်လို့ မှာကြားခဲ့တယ်..ဒါပေမယ့် ငါ့အဖေက အရမ်းကိုကြင်နာလွန်ပြီ သူညီငယ်ရဲ့စစ်အင်အားတွေကို မဖယ်ရှားခဲ့ဘူး..အဘိုးရဲ့နောက်ဆုံးဆန္ဒကို မလိုက်နာခဲ့တာကြောင့် ငါတို့အားလုံးလဲ ပြဿနာတွေ တက်ခဲ့ရတယ်လေ ”

” လွန်ခဲ့တဲ့ ခြောက်နှစ်အကြာမှာ ငါ့အဖေကသူ့ရဲ့ အကောင်းမွန်ဆုံးအချိန်မှာရှိနေတုန်း ညတစ်ညမှာရုတ်တရက်သေဆုံးသွားခဲ့ရတယ်…ငါ့အမေနဲ့ လက်မထပ်ရသေးတဲ့ အစ်မကြီးသုံးယောက်ကလဲ တစ်ညထဲမှာပဲ သေဆုံးသွားခဲ့ရတယ်..အဲ့ဒီညမှာပဲ ငါ့ဦးလေးက စစ်တပ်ကြီးကိုဦးဆောင်ပြီ မြို့တော်ထဲကို ကျုးကျော်၀င်ရောက်လာခဲ့တယ်လေ ငါ့အဖေ ငါအမေနဲ့ အစ်မကြီးသုံးယောက်က အားလုံးအစာဆိပ်သင့်သွားတာကို ငါလဲသိခဲ့ရတယ်..ဒါ့အပြင် အဲ့ဒီညကစပြီ အားလုံးပြောင်းလဲသွားတော့တာပဲ တော်၀င်နန်းတော်ထဲကို ကျူးကျော်၀င်ရောက်လာတဲ့အဲ့ဒီလူက လူတိုင်းကို သတ်ဖြတ်ပြစ်နေတဲ့အကြောင်း ငါရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်….ငါ့အမေက ငါ့ကိုလျှို့၀ှက်လမ်းကြောင်းပြထားခဲ့လို့သာ ငါလဲ အသက်ရှင်နိုင်ခဲ့တာပဲ ”

” ငါ့ရဲ့အလောင်းကို သူရှာမတွေ့တဲ့နောက် ဦးလေးက လူတွေကိုလွှတ်ပြီငါ့ကို သတ်ခိုင်းခဲ့တယ်..တစ်ချိန်ထဲမှာပဲ ငါတို့ရဲ့မိသားစုတစ်ခုလုံးက အစာအဆိပ်သင့်လို့ သေဆုံးသွားခဲ့ပြီးဖြစ်တာကြောင့် နိုင်ငံတော်ကို ကြော်ငြာပြီ အခြေအနေတွေအားလုံးကို ပြောင်းလဲပြစ်ခဲ့တယ်လေ…ဒါ့အပြင် နန်းတော်ထဲမှာ ရှိရှိသမျှ ငါအဖေရဲ့ သစ္စာခံတွေအားလုံးကို သတ်ဖြတ်ပြီသူ့နဲ့အတူ မြုပ်နှံပြစ်လိုက်တယ်…ဒီကိစ္စကြီးပြီးတဲ့နောက် နိုင်ငံတော်ကိုသူစတင်ပြီ အုပ်ချုပ်တော့တာပဲ ငါတို့ရဲ့နိုင်ငံတော်တစ်ခုလုံး တစ်သွေးတစ်သံတစ်မိန့်ထဲသူထိန်းချုပ်လိုက်တယ် ”

ဟယ့်ချိုက်ထို့ရဲ့ မျက်လုံးတွေကတော့ ပိုမိုနီရဲလာခဲ့ပါပြီ။ သူ့ရဲ့ပုံမှန်နူးညံ့ပြီအေးဆေးတဲ့မျက်နှာက လက်ရှိအချိန်မှာ အရမ်းကိုကြောက်စရာကောင်းနေပါတော့တယ်။ နှလုံးသားကလဲ အမုန်းတရားအပြည့်နဲ့ တောက်လောင်လို့လာခဲ့ပါပြီ။

” မိုးကောင်းကင်ကနေ ငါ့အဖေနဲ့ ငါ့အမေရဲ့ စောင့်ရှောက်မှုကြောင့်ပဲ ပြောရမလား အဆုံးသတ်မှာငါလွှတ်မြောက်နိုင်ခဲ့တယ်လေ ဒါ့အပြင် တစ်ချိန်တုန်းက အိမ်ရှေ့စံဖြစ်ခဲ့တဲ့ငါလဲ သူတောင်စားသာသာဘ၀ကို ရောက်သွားခဲ့ရတယ်..ငါလုံး၀မပြန်နိုင်တော့တာကြောင့် ဆက်ပြီးပြေးလာခဲ့တယ်…နောက်ဆုံးတော့လဲ ထျန်းဟွမ်နိုင်ငံတော်ရဲ့နယ်စပ်ကို ရောက်ရှိလာနိုင်ခဲ့ပြီ ဆရာဖန်းယွီက ငါ့ကိုကယ်တင်ခဲ့ရတယ်..ဒါကြောင့်သာ ငါအသက်ရှင်နိုင်ခဲ့ရတာလေ ဒါပေမယ့် ငါနှလုံးသားထဲက အမုန်းတရားကိုတော့လုံး၀မမေ့ပျောက်နိုင်ဘူး..လက်ရှိအချိန် ငါ့ရဲ့အရည်အချင်းတွေက ကန့်သတ်ချက်ရှိနေတာကို ရှင်းရှင်းလင်းလင်းသိတယ် ..အဆုံးသတ်မှာ ငါက တစ်ယောက်ထဲပဲလေ ငါ့ရဲ့အင်အားတွေက သူ့လောက်မကြီးမားသေးဘူး..ဒါပေမယ့် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ဆိုတာက ငါရဲ့ အောင်မြင်မှုအတွက် တစ်ခုတည်သောမျှော်လင့်ချက်ပဲ လက်ရှိအချိန်မှာကတော့ ဒီကိစ္စအတွက် ပါရမီမရှိသေးတာ ငါသိနေတယ် ”

အဲ့ဒီနောက် ဟို့ယွိဟောင်ကို နီရဲနေတဲ့မျက်လုံးတွေနဲ့ကြည့်ရင်း သူဆက်ပြောလိုက်ပါတယ်။

” ယွိဟောင် အနာဂတ်မှာ မင်းအနေနဲ့ ပြိုင်ဘက်ကင်းစစ်သည်တော်ဖြစ်လာဖို့ကို ငါမျှော်လင့်ပါတယ်..အကယ်၍ မင်းသာပြိုင်ဘက်ကင်းစစ်သည်တော်ဖြစ်လာခဲ့မယ်ဆိုရင် ငါ့ရဲ့လက်စားချေမှုကို အောင်မြင်အောင်လုပ်နိုင်ဖို့မျှော်လင့်ပါတယ်..ဒါ့အပြင် ငါ့ရဲ့ဒီတောင်းဆိုမှုက များနေမှာကိုငါသိပါတယ်..ဒါပေမယ့် မင်းစိတ်ချပါ မင်းရဲ့အင်အားတွေတိုးပွားပြီ သန်မာလာနိုင်ဖို့အတွက် ငါအရမ်းအားလုံးကို ကြိုးစားပြီကူညီပေးပါ့မယ်..ဒီနေ့ထန်မျိုးနွယ်ကို ၀င်ရောက်ခဲ့တာ လျှို့၀ှက်လက်နက်တွေကို လေ့လာဖို့အတွက်ပဲ မဟုတ်ဘူး…ငါတို့ရဲ့ညီနောင်ဆက်ဆံရေးကို ပိုပြီးနက်ရှိုင်းစေချင်လို့ပဲ မင်းမလုပ်ချင်တဲ့အရာကိုတော့ တွန်းအားမပေးဘူး..စိတ်ချပါ ဒါပေမယ့် ငါ့ရဲ့ဒီလက်စားချေမှုကလဲ ငါတစ်ယောက်ထဲစွမ်းအားနဲ့ မဖြစ်နိုင်တာကြောင့် ကူညီပေးဖို့အတွက် တောင်းဆိုချင်ပါတယ်…ဒီကိစ္စက မင်းရဲ့အသက်ကို အန္တရာယ်မပြုသရွေ့ ကျေးဇူးပြုပြီး အကောင်းဆုံးကြိုးစားကူညီပေးနိုင်ပါတယ် ”

ဟို့ယွိဟောင်က ဟယ့်ချိုက်ထို့ကို လေးနက်တဲ့အကြည့်တွေနဲ့ ပြန်ကြည့်လိုက်ပါတယ်။

” အစ်ကိုကြီးဟယ့် ကျွန်တော်ရဲ့ နှလုံးသားထဲမှာလဲ တူညီတဲ့အမုန်းတရားရှိတယ်…ဒါပေမယ့် လက်ရှိအချိန်မှာ ကျွန်တော်အနေနဲ့ တိကျသေချာတဲ့ အဖြေတစ်ခုမပေးနိုင်သေးပါဘူး။ အဲ့ဒီလိုအဖြေပေးနိုင်တဲ့ အရည်အချင်းလဲ ကျွန်တော်မှာ မရှိသေးပါဘူး..လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ ရန်သူတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော်က အရမ်းကို အားနည်းလွန်နေပါသေးတယ်…ဒါပေမယ့် ကျွန်တော်က အစ်ကိုကြီးရဲ့ ဆရာတူညီလေးအမြဲတမ်းဖြစ်နေခဲ့မှာပါ အကယ်၍ တစ်စုံတစ်ယောက်သာ အစ်ကိုကြီးကို ထိခိုက်အောင်လုပ်လာခဲ့မယ်ဆိုရင် ကျွန်တော်လုံး၀အလွှတ်ပေးမှာမဟုတ်ဘူး ”

” ကျောင်းတော်ထဲကို ကျွန်တော်မ၀င်ရောက်ခင်ချိန်မှာ ကျွန်တော်နှလုံးသားတစ်ခုလုံးက အမုန်းတရားတွေနဲ့ အမြဲတမ်းလောင်မြိုက်နေခဲ့ရတယ်…ကျွန်တော်စိတ်ထဲမှာတွေးခဲ့တဲ့တစ်ခုတည်သောအရာကတော့ လက်စားချေဖို့ပါပဲ ဒါပေမယ့် ဒီကိုရောက်လာပြီတဲ့နောက် သမုဒ္ဒရာကြီးပြုတ်ကျသွားတဲ့ ရေစက်ကလေးလိုမျိုး ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိလိုက်ရတယ်..ကျွန်တော်အနေနဲ့ လက်စားချေနိုင်ဖို့အတွက် အရင်ကထက်ပိုပြီး အများကြီးအများကြီး ကြိုးစားမှရမယ်..ကျွန်တော်သာ ကျောင်းတော်ထဲမှာရှိတဲ့ လူတွေလိုမျိုးအင်အားကြီးလာခဲ့မယ်ဆိုရင် ကျွန်တော်အနေနဲ့ လက်စားချေနိုင်ဖို့ အခွင့်အရေးကိုလဲရလာလိမ့်မယ်..ဒါ့အပြင် နှလုံးသားထဲမှာရှိတဲ့အမုန်းတရားတွေက ကျွန်တော်တို့ မသန်မာမချင်သေချာပေါက်ထိန်းသိမ်းထားသင့်တဲ့အရာပဲ အချိန်သာကြလာခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေက ညီနောင်တွေတင်ဖြစ်လာမှာမဟုတ်ဘူး…သေချာပေါက် သေဖော်သေဖက်သွေးသောက်ရောင်ရင်းတွေလဲ ဖြစ်လာလိမ့်မယ်..တစ်ချိန်ထဲမှာပဲ ကျွန်တော်အစ်ကိုကြီးနဲ့အတူတူ တိုက်ခိုက်မှာပါ ”

” ကောင်းပါပြီ ”

ဟယ့်ချိုက်ထို့လဲ သူ့လက်ကိုဆန့်ထုတ်လိုက်ရင်း ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်တင်ထားခဲ့ပါတယ်။ ညိုမှောင်တဲ့အသားအရေအပေါ်မှာ ဟို့ယွိဟောင်ရဲ့လက်က ရောက်ရှိလို့လာခဲ့ပါပြီ။

ဟယ့်ချိုက်ထို့က ပြောလာခဲ့တယ်။

” ဆရာတူညီလေး ငါတို့တွေတစ်ယောက်နဲ့တစ်ယောက် ကူညီကြရအောင်လား ငါတို့တွေ ဒီကိစ္စကိုအတူတူ​ဖြတ်ကျော်ကြရမယ်…အကယ်၍ လာမဲ့ဆယ့်နှစ်အတွင်းမှာ လက်စားချေနိုင်မယ်ဆိုရင်တောင် နောက်မကျလွန်သေးပါဘူး..လက်ရှိအချိန်မှာ ငါတို့နှစ်ယောက်စလုံးက အရမ်းကို အားနည်းလွန်နေတယ်…ဒါပေမယ့် အခုကနေ နောက်ဆယ်နှစ်အကြာမှာဘယ်လိုဖြစ်သွားလိမ့်မလဲ ”

အဲ့ဒီနောက် ဟို့ယွိဟောင်ကို သူအခန်းသူပြန်ခေါ်လို့သွားပြီ ဟယ့်ချိုက်ထို့ကလဲ ပုံမှန်အနေအထားလိုမျိုး ကြင်နာရိုးသားပြီ ဖြူစင်တဲ့တပည့်သားပုံစံအဖြစ်ကို ပြန်လည်ရောက်ရှိလို့သွားပါတော့တယ်။ ဟို့ယွိဟောင်လဲ ပုံမှန်ပုံစံကိုပြန်လည်ပြောင်းခဲ့ပါပြီ။ သူတို့အနေနဲ့ ဘာကိုမှမကြုံတွေ့ခဲ့သလို ဘာမှလဲမဖြစ်ခဲ့သလိုပါပဲ။ ဒါပေမယ့် ဟယ့်ချိုက်ထို့ရဲ့ လျှို့၀ှက်ချက်ကိုတော့ စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်း ထိန်းသိမ်းလို့ထားပါတယ်။ သူတို့တွေသာ အဆုံးမဲ့စွမ်းအားကို မရရှိဘူးဆိုရင် လက်စားချေဖို့အကြောင်း ပြောတာက လုံး၀ကိုအဓိပ္ပါယ်မရှိဖြစ်နေခဲ့မှာပါ။

အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်အစားထိုးအဆင့်အတန်းကို ရရှိပြီတဲ့နောက် ဟို့ယွိဟောင် ဟယ့်ချိုက်ထို့ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က လေ့လာအားထုတ်မှုတွေကို ပိုပြီး လုပ်ဆောင်ကြပါတော့တယ်။ အတန်းပြီးတာနဲ့ ဆက်တိုက်ဆိုသလို လေ့ကျင့်နေခဲ့ကြတာပါ။

သူတို့တွေက လူစားထိုးတွေအဖြစ်ရှိနေခဲ့ပေမဲ့ တကယ်ဖိအားကတော့ အချိန်နဲ့အမျှပိုပြီး ကြီးမားလို့လာခဲ့ပါတယ်။ ကျောင်းတော်ရဲ့ဂုဏ်သတင်းကို အင်အားနဲ့သာတည်ဆောက်နိုင်မှာပါ။ အဖွဲ့ထဲမှာ အငယ်ဆုံးတွေဖြစ်နေခဲ့တဲ့အတွက် တခြားအစ်ကိုကြီးတွေ အစ်မကြီးတွေနဲ့ အင်အားတူလာအောင် လေ့ကျင့်ဖို့လိုပါတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာ နှစ်ပါတ်အချိန်က ကုန်ဆုံးခဲ့ပါပြီ။ အဲ့ဒီအချိန်မှာ အကြီးအကဲရွှမ်က သူတို့ကို နှစ်ခေါက်တိတိလေ့ကျင့်ပေးပြီသားလဲ ဖြစ်ပါတယ်။ သူ့ရဲ့ လေ့ကျင့်တဲ့နည်းလမ်းတွေအားလုံးက အရမ်းကိုတဲ့တိုးဆန်ပြီ ရက်စက်ခဲ့တယ်။ ဒါ့အပြင် သူတို့ကိုလဲ တစ်စက်လေးတောင် အညှာအတာမရှိပဲ တိုက်ခိုက်စေတာပါ။

အချိန်တိုင်းမှာ သူခုနှစ်ယောက်က အဖွဲ့အမျိုးမျိုးခွဲပြီ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်တိုက်ခိုက်ရပါတယ်။ အကြီးအကဲရွှမ်ကလဲ သူတို့ကို လုံး၀မညှာတာခိုင်းပါဘူး။ ဒီလိုမျိုး အင်အားကြီးတဲ့လူတစ်ယောက်က စောင့်ကြည့်နေခဲ့တဲ့အတွက် သူတို့အနေနဲ့လဲ သေချာပေါက် အန္တရာယ်မရှိနိုင်တာ အမှန်ပါ။ အကြီးအကဲရွှမ်ရဲ့ အထောက်အကူပြုလေ့ကျင့်မှုအောက်မှာ ဟို့ယွိဟောင်ကမတူညီတဲ့ အဖွဲ့သားတွေနဲ့ဆက်တိုက်တွဲပြီ တိုက်ခိုက်ခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့အဖွဲ့က အမြဲတမ်းအားနည်းတဲ့အနေအထားနဲ့သာ အဆုံးသတ်လို့သွားခဲ့ရတယ်။

သူတို့တွေ ဆက်တိုက်ဆိုသလို လေ့လာပြီကြိုးစားအားထုတ်နေချိန်အတွင်းမှာ ဟို့ယွိဟောင်အနေနဲ့ နေ့တိုင်းတိုးတက်လာတာကို ခံစားမိပါတယ်။ ဒါ့အပြင် သူနဲ့၀မ်သုန့်အနေနဲ့လဲ ဟောင်သုန့်စွမ်းအားကို လေ့လာလေ့ကျင့်ရင်း ပိုပိုပြီး အခြေအနေကတိုးတက်လာခဲ့ပါပြီ။ လ၀က်အတွင်းမှာ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့စွမ်းအားက အဆင့်နှစ်ဆယ်ခုနှစ်အတွင်းကို ရောက်ရှိနေမှန်း ခံစားလိုက်ရပါတယ်။ မကြာခင်အချိန်မှာပဲ နောက်တစ်ကြိမ်သူအဆင့်တက်သွားပြန်ပါတယ်။

ဒါ့အပြင် သူ့ကိုပိုပြီး အံ့အားသင့်စေတဲ့အရာကတော့ ရှောင်းရှောင်းပါပဲ။ သူမရဲ့၀ိညာဥ်စွမ်းအားက အဆင့်နှစ်ဆယ်ကိုးကိုရောက်သွားခဲ့ပါပြီ။ နောက်တစ်ဆင့်ထဲမှာ သူမက ၀ိညာဥ်သားရဲကောင်ကို အမဲလိုက်နိုင်တဲ့အဆင့်သုံးဆယ်၀ိညာဥ်အကြီးအကဲဖြစ်လာတော့မှာပါ။

ဒီနေ့ကတော့ အကြီးအကဲရွှမ်လေ့ကျင့်ပေးခဲ့တဲ့ နေ့ရက်တစ်ရက်ပါပဲ။ ဒီအချိန်ရောက်တိုင်းဟို့ယွိဟောင်နဲ့ တခြားသူတွေက အတန်းကိုဖြတ်ရင်း စာမေးပွဲစစ်တဲ့နေရာကို လာရောက်ပြီသင်ကြားကြရပါတယ်။ ဒီနေ့လဲ ကွာခြားချက်မရှိခဲ့ပါဘူး။

ဒါပေမယ့် နယ်မြေထဲ၀င်ရောက်လာချိန်မှာ မရင်းနှီးတဲ့မျက်နှာတွေကို မြင်လိုက်ရပါတော့တယ်။ ပေ့ပေ့ ဟယ့်ချိုက်ထို့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့ကတော့ ရောက်ရှိနေခဲ့ပြီးပါပြီ။ ဒါပေမယ့် တခြားကျောင်းတော်သားတချို့က အကြီးအကဲရွှမ်နဲ့အတူတူ ရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ကျောင်းသားခုနှစ်ယောက်ရဲ့ သွေးနီရောင်တောက်နေတဲ့ ၀တ်စုံတွေကိုမြင်လိုက်ချိန်မှာအတော်ကို စိတ်လှုပ်ရှားသွားရပါတော့တယ်။ ဒီအရောင်က သူတို့ရှေ့မှာရှိနေတဲ့ ကျောင်းသားတွေအားလုံး အတွင်းနယ်မြေရဲ့ ကျောင်းသားဆိုတာ သိသာစေတဲ့အချက်ပါပဲ။

ဒီလူတွေထဲမှာ မာရှောင်ထောင့်ပါနေတာကို မြင်လိုက်ရပါတယ်။ သူမကို ဟိုတစ်ရက်ပြီးကထဲက မမြင်တွေ့ခဲ့ရတာပါ။ ဒီနေ့အချိန်မှာတော့ မြင်းမြီးလိုမျိုးဆံပင်တွေကို မြင့်မြင့်မြောက်ချည်လို့ထားခဲ့ပြီ အရမ်းကို သပ်သပ်ရပ်ရပ်နဲ့ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ကို မြင်ချိန်မှာတော့ သူမရဲ့နှုတ်ခမ်းတွေက ပြုံးသွားခဲ့တယ်။

ဟို့ယွိဟောင်အနေနဲ့ကလဲ မျက်နှာတစ်ခုလုံးနီရဲလို့သွားခဲ့ပါတယ်။ အဲ့ဒီထဲက ကိစ္စတွေကိုရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပါ။ ဒါ့အပြင် မာရှောင်ထောင့်ကလဲ သူနဲ့နီးကပ်ဖူးတဲ့ ရှားရှားပါးပါးအမျိုးသမီးပါပဲ။ ဒါကြောင့် ပိုပြီးတော့ ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့တာပါ။

မာရှောင်ထောင့်အပြင် နောက်ထပ်လူခြောက်ယောက်ကလဲ ထပ်ရှိနေခဲ့ပါတယ်။ အဲ့ဒီထဲမှာ လေးယောက်ကတော့ အမျိုးသားတွေဖြစ်ပြီ နှစ်ယောက်ကတော့ အမျိုးသမီးတွေပါ။ သူတို့ရဲ့အသက်အရွယ်တွေကလဲ အတူတူနီးပါးလောက်သာ ဖြစ်နေခဲ့တယ်။ ပေ့ပေ့နဲ့ တခြားသူတွေက စောစောရောက်နေခဲ့တာကြောင့် ပိုပြီးတော့ မျက်နှာတည်တဲ့ပုံစံနဲ့ရပ်နေခဲ့ကြပါတယ်။

အချိန်နဲ့အမျှ သူတို့တွေက အတွင်းတပည့်သားတွေကို ကြည့်နေခဲ့ကြတယ်။ သူတို့တွေ ဘယ်လိုပဲမနာလိုဖြစ်နေခဲ့ကြပါစေ လေးစားမှုတွေနဲ့ သဘောကျမှုတွေကလဲ မျက်လုံးထဲမှာရှိနေဆဲပါ။

အနီရောင်၀တ်ရုံ၀တ်ထားတဲ့ အတွင်းနယ်မြေရဲ့တပည့်သားတွေက ကျောင်းတော်ထဲမှာ အသန်မာဆုံးပါပဲ။ ဒါ့အပြင် ကျောင်းတော်အနေနဲ့လဲ တိုက်ကြီးတစ်ခုလုံးမှာ နံပါတ်တစ်ဖြစ်နေနိုင်တာ သူ့ရဲ့ ကျေးဇူးကြောင့်လို့ပြောရမှာပါ။

ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ပေ့ပေ့တို့ဆီကို လျှောက်လာခဲ့ပါတယ်။ သူတို့က လက်ရှိအချိန် ကိုယ့်ကိုကိုယ် အတော်လေးထိန်းသိမ်းလို့ထားခဲ့တယ်။ ဒီနေ့တခြားအင်အားကြီးတဲ့ ကျောင်းသားတွေရှိနေခဲ့ပြီ သူတို့တွေကလဲ ခုနှစ်ယောက်တိတိ ဖြစ်နေခဲ့တာကြောင့် ပိုပြီးအာရုံစိုက်နေခဲ့တာပါ။

အကြီးအကဲရွှမ်ကလဲ သူတို့ရောက်လာတာကိုကြည့်ရင်း ခေါင်းညိတ်လိုက်ပါတယ်။

” မင်းတို့အားလုံးရောက်လာကြပြီပဲ နောက်တစ်ကြိမ် ကျင်းပမဲ့တိုက်ကြီးတစ်ခုလုံးရဲ့ကျောင်းတော်အဆင့်အတန်း၀ိညာဥ်လက်ရည်ယှဥ်ပွဲဗိုလ်လုပွဲကြီးက ဆယ်ရက်အတွင်းမှာ စတင်တော့မယ်..မင်းတို့အုပ်စုတွေအနေနဲ့ တစ်ယောက်ရဲ့အကြောင်းတစ်ယောက်ခန့်မှန်းမိပြီသား ဖြစ်မှာပါ မင်းတို့ခန့်မှန်းတာက မမှားဘူး..တစ်ဖက်မှာရှိနေတာက ဒီတစ်ခေါက်ပြိုင်ပွဲမှာ ပြိုင်ရမဲ့သူတွေပဲ ကျန်တဲ့သူတွေကတော့ နောက်လာမဲ့ပွဲအတွက် ပြင်ဆင်ထားတဲ့သူတွေ မင်းတို့တွေက အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်တွေပဲ မင်းတို့အားလုံးကို ဒီနေရာခေါ်လိုက်တာ အကြောင်းအရင်းနှစ်ခုရှိတယ်..ပထမအကြောင်းအရင်းကတော့ တစ်ယောက်ကိုတစ်ယောက်သိစေဖို့ပဲ ဒုတိယအကြောင်းအရင်းကတော့ အရည်အချင်းတွေကို မျှဝေဖို့ ”

အဲ့ဒီနောက် ဟို့ယွိဟောင်နဲ့ တခြားခုနှစ်ယောက်ဖက်ကိုလှည့်ရင်း ပြောလိုက်ပါတယ်။

” မင်းတို့အနေနဲ့ ဒီအတိုင်းဘေးကနေပဲ ထိုင်ကြည့်လို့တော့ရနေမယ်မထင်ဘူးမလား..တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် မမျှော်လင့်ထားတဲ့ကိစ္စတစ်ခုခု ဖြစ်လာခဲ့လို့ကတော့ မင်းတို့အနေနဲ့ သေချာပေါက် တိုက်ခိုက်ရလိမ့်မယ်..မင်းတို့ကြုံတွေ့ရမဲ့ပြိုင်ဘက်က အရမ်းကို မသန်မာဘူးဆိုရင်တောင် သေချာပေါက် မင်းတို့အနေနဲ့တိုက်ခိုက်ရမှာပဲ ဒီလိုနည်းနဲ့ အဓိကအဖွဲ့ရဲ့အရည်အချင်းတွေကို ငါတို့ဖုံးကွယ်ထားရမှာ ”

သူတို့တွေလဲ တိုက်ခိုက်ရမယ်ဆိုတဲ့အခွင့်အရေးကို ကြားချိန်မှာ ဟို့ဟွိဟောင်နဲ့ တခြားသူတွေအားလုံး တအံ့တဩဖြစ်သွားကြပါတော့တယ်။ ပထမဆုံးအနေနဲ့ သူတို့က စောင့်ကြည့်နေသူအဖြစ်ရှိနေဖို့သာ တွေးထားခဲ့တာပါ။ ကျောင်းတော်ကိူ ကိုယ်စားပြုမဲ့အခွင့်အရေးရှိလာခဲ့မယ်လို့ မတွေးထားခဲ့မိပါဘူး။ ဒါက အမျက်ဒေါသကျောင်းတော်တစ်ခုလုံးကို ကိုယ်စားပြုရမဲ့ကိစ္စကြီးပါပဲ။

အကြီးအကဲရွှမ်က ပြောလိုက်ပါတယ်။

” အရမ်းကြီးစိတ်လှုပ်ရှားမနေကြနဲ့ ဒါပေမယ့် မင်းတို့တွေ စင်ပေါ်ကိုသွားရမှာဖြစ်ပေမဲ့ လုံး၀ရှုံးနှိမ့်လို့မဖြစ်ဘူး…အကယ်၍ မင်းတို့ထဲမှာ တစ်ယောက်ယောက်ကသာ သတိမမူပဲနဲ့ပြိုင်ပွဲတစ်ပွဲကို ရှုံးနှိမ့်ခဲ့မယ်ဆိုရင် သေချာပေါက် ဖြစ်လာမဲ့ရလဒ်ကိုကောင်းကောင်းသိသွားလိမ့်မယ်..ငါအသက်ရှင်နေသရွေ့ အဲ့ဒီလူက အတွင်းနယ်မြေထဲကို တစ်သက်လုံး၀င်ခွင့်ရတော့မှာမဟုတ်ဘူး..ဒါ့အပြင် မင်းတို့အနေနဲ့လဲ စိတ်ဓာတ်ပိုင်ဆိုင်ရာကို ပြောင်းလဲသင့်တယ်..အဲ့ဒီနေရာမှာ မင်းတို့က အဓိကအဖွဲ့ကို အထောက်အပံ့ပြုဖို့အတွက် တည်ရှိနေရမှာပဲ မင်းတို့အနေနဲ့ သူတို့ရဲ့ အမိန့်တစ်ခုချင်းဆီတိုင်းကို လိုက်နာရလိမ့်မယ်…နားလည်လား ”

အပိုင်း ၆၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset