အပိုင်း ၆၄•၁
” ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ် ”
°°°
ဟယ့်ချိုက်ထို့ရဲ့ ထန်မျိုးနွယ်ထဲ၀င်ရောက်ဖို့ ရွေးချယ်မှုက ထန်မျိုးနွယ်ရဲ့ လူငါးယောက်ကိုပျော်ရွှင်စေတဲ့ကိစ္စကြီးဖြစ်သွားခဲ့ပါတယ်။ ပေ့ပေ့ကလဲ သဘောတူလိုက်ပါပြီ။ ဒါပေမယ့် ထန်ယာ့က ထန်မျိုးနွယ်ရဲ့ အဓိကဆရာသခင်ဖြစ်နေဆဲပါ။ ဒါကြောင့် အားလုံးကို စုစည်းပြီ သူမကိုသတင်းကောင်းသွားပြောပြပါတော့တယ်။
ထန်ယာ့ကလဲ ချက်ချင်းဆိုသဘို အပျော်လွန်ပြီ သဘောတူလိုက်တယ်။ ထန်မျိုးနွယ်က မူလအချိန်မှာအတော်ကို ကျဆင်းနေခဲ့ပေမဲ့ အဲ့ဒီလိုဖြစ်ခဲ့ရတာ ၀ိညာဥ်လက်နက်တွေ ပေါ်ထွက်လာခဲ့ကြောင့်ပါပဲ။ ဒါကြောင့် သူတို့အနေနဲ့ ပြန်ပြီး တိုးတက်စည်ပင်နိုင်ဖို့အတွက် တူညီတဲ့နယ်မြေကနေစတင်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ထူးချွန်တဲ့တပည့်သားတွေက ထန်မျိုးနွယ်ကို တိုက်ခိုက်ရေးစွမ်းအားမြင့်တင်ပေးနိုင်ပါတယ်။ အကယ်၍ သူတို့သာ အတိတ်အချိန်ရဲ့ တောက်ပမှုမျိုးကို ပြန်လည်ရရှိဖို့ဆိုရင်တော့ သေချာပေါက် များပြားတဲ့ ၀င်ငွေကိုလိုအပ်မှာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ၀ိညာဥ်လက်နက်တွေက ထန်မျိုးနွယ်ကို ၀င်ငွေကောင်းရစေနိုင်ရုံတင်မက သူတို့ရဲ့ အဆင့်အတန်းကိုပါ ပြန်မြင့်တင်စေနိုင်ပါတယ်။
၀ိညာဥ်လက်နက်တွေနဲ့ ထန်မျိုးနွယ်၀ိညာဥ်လက်နက်တွေ ပေါင်းစည်းမှုက သေချာပေါက်အရေးကြီးတဲ့ကိစ္စပါပဲ။ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ပါရမီကို ၀ိညာဥ်လက်နက်အပေါ်မှာ ထုတ်ဖော်ပြသပြီသားဖြစ်နေခဲ့ပေမဲ့ သူက တစ်ယောက်ထဲရှိနေဆဲပါ။ ဟယ့်ချိုက်ထို့ကတော့ အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် သူကလဲ ဖန်းယွီရဲ့ အမွေခံတပည့်သားတစ်ယောက်ပါပဲ။ ဒါကြောင့် ထန်မျိုးနွယ်ရဲ့ အင်အားက သူသာပါလာမယ်ဆိုရင်တော့အများကြီးတိုးတက်လာတော့မှာပါ။
ထန်မျိုးနွယ်က ကျဆင်းနေပြီဖြစ်ပေမဲ့ အရာအားလုံးကတော့ ရိုးရိုးရှင်းရှင်းနဲ့ ပြန်တိုးတက်ဖို့ဖြစ်လာခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကို ကြိုဆိုဖို့အတွက် ဒိုင်ကပြုလုပ်ပေးခဲ့တဲ့ပွဲတစ်ခုက သိပ်ပြီတော့မရှုပ်ထွေးခဲ့ပါဘူး။ အားလုံးက စားသောက်ပွဲကိုလာနိုင်ကြသလို စားသောက်ပွဲပြီးတာနဲ့ အခမ်းအနားကလဲ ပြီးဆုံးသွားပါတော့တယ်။ ကျန်းနန်နန်နဲ့ ရှုစန်းရှီလဲ ဒီပွဲကိုလာရောက်ကြတယ်။
အားလုံးစားသောက်ပြီချိန်မှာ ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ကို ခေါ်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ သူ့အခန်းပြန်မလို့ပြင်နေခဲ့တာပါ။
” ညီလေး ငါမင်းကိုတစ်ယောက်ထဲ သီးသန့်စကားပြောချင်တယ် ”
” ကောင်းပါပြီ အစ်ကိုကြီး ”
ဟို့ယွိဟောင်လဲ အရမ်းစိတ်ပူနေတဲ့ ဟယ့်ချိုက်ထို့ပုံစံကိုကြည့်ရင်း သူလဲ လန့်နေခဲ့ပါတယ်။
၀မ်သုန့်က ပြောလိုက်တယ်။
” ငါအရင်ပြန်နှင့်လိုက်မယ်..နှစ်ယောက်သားစကားပြောနှင့်ကြ ”
သူပြောပြီတာနဲ့ ထွက်ခွာလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့လဲ တွေဝေနေပုံရတဲ့ ဟယ့်ချိုက်ထို့ကို မေးလိုက်ပါတယ်။
” အစ်ကိုကြီးဟယ့် ဘာများဖြစ်လို့လဲ ”
ကောင်းကင်ကြီးက မည်းမှောင်နေပြီဖြစ်သလို တောက်ပတဲ့ကြယ်တွေကလဲ လက်ရှိအချိန် တိမ်တွေကင်းစင်နေခဲ့တဲ့ ကောင်းကင်ယံမှာ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကလဲ ကောင်းကင်ကြီးကိုကြည့်နေခဲ့ပြီတဲ့နောက် သူ့ရဲ့တဲ့တိုးပြောတတ်တဲ့မျက်နှာက ဖြည်းဖြည်းချင်းဆိုသလို မှောင်မိုက်လို့သွားပါတော့တယ်။
လက်ရှိအချိန် သူမျက်လုံးထဲမှာ မူလအနေအထားအတိုင်းရှိနေတတ်တဲ့ စိတ်လွှတ်နေတဲ့ပုံစံက ပျောက်ကွယ်လို့သွားခဲ့ပါတယ်။ ဒီလိုသန့်စင်ကြည်လင်မှုက ဟို့ယွိဟောင်ရဲ့အနေနဲ့ ဟယ့်ချိုက်ထို့ရဲ့မျက်လုံးထဲမှာ ဘယ်တုန်းကမှမမြင်ခဲ့ဖူးပါဘူး။
ဒီတစ်ကြိမ်မှာ သူကလုံး၀ တခြားသူတစ်ယောက်ဖြစ်သွားသလိုပါပဲ။ သူ့ရဲ့အရှိန်အ၀ါကလဲ ပြောင်းလဲလို့သွားပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီလိုအရှေ့မှာရှိနေတဲ့သူက သူအမြဲတွေ့နေကြလူဆိုတာ မမှတ်မိနိုင်တော့အထိပါပဲ။
ရုတ်တရက်သတိလစ်လွှတ်နောက်ကိုခြေတစ်လှမ်း ဆုတ်လိုက်မိပါတယ်။
” အစ်ကိုကြီး ”
ဟယ့်ချိုက်ထို့အနေနဲ့လဲ ဟို့ယွိဟောင်ကို ပြည့်ကြည့်လိုက်တယ်။ သူတို့ရဲ့အကြည့်တွေဆုံသွားချိန်မှာတော့ ဒီကြည်လင်တောက်ပမှုတွေထဲမှာ တစ်စုံတစ်ရာအစားထိုး၀င်ရောက်လာတာကို မြင်တွေ့လိုက်ရပါတယ်။
” ယွိဟောင် မင်းသိရဲ့လား ငါမင်းရဲ့ပါရမီကို တကယ်ပဲ မနာလိုဖြစ်ခဲ့မိတယ်…အကယ်၍ ငါသာ မင်းလိုမျိုးပါရမီရှိခဲ့မယ်ဆိုရင် ငါအနေနဲ့ အလုပ်ကြိုးစားပြီ ငါနဲ့ထိုက်တန်တဲ့အရာအားလုံးကို ပြန်ယူနိုင်မှာပဲ ဒါပေမယ့် ငါမလုပ်နိုင်ဘူး.အရာအားလုံးကို ငါလုပ်ခဲ့ပေမဲ့ ငါအနေနဲ့ ပါရမီက မင်းကိုမမီသေးဘူး..ဒါ့အပြင် အနာဂတ်မှာ ငါဘယ်လောက်ပဲ ကြိုးစားပြီအောင်မြင်နိုင်ပါစေ ငါတို့ဆရာတွေနဲ့တူညီတဲ့အောင်မြင်မှုလောက်ကိုပဲရနိုင်မှာ ဒါပေမယ့် မင်းကတော့ မတူညီဘူး …မင်းမှာအမွှာသိုင်းပညာ၀ိညာဥ်လဲရှိတယ်..ဒါ့အပြင် တစ်ခုကလဲ အဆုံးစွန်းရောက်နေတဲ့ သိုင်းပညာ၀ိညာဥ်တစ်ခု မင်းရဲ့အနာဂတ်က လုံး၀မှန်းဆလို့မရနိုင်ဘူး…အမျက်ဒေါသကျောင်းတော်လိုနေရာမျိုးမှာတောင် မင်းရဲ့တောက်ပမှုက အရမ်းအားလုံးကို လွှမ်းခြုံသွားနိုင်တယ် ”
ဟယ့်ချိုက်ထို့ရဲ့စကားတွေကိုကြားချိန်မှာ ဟို့ယွိဟောင်အနေနဲ့လဲ ဘာဆက်ပြောလို့ပြောရမှန်းမသိအောင် လမ်းပျောက်လို့နေခဲ့ပါတယ်။
” ဆရာတူအစ်ကိုကြီး ဘာတွေပြောနေတာလဲ ”
နာကျင်နေတဲ့မျက်နှာနဲ့အတူ ဟယ့်ချိုက်ထို့က ဆက်ပြောလိုက်ပါတယ်။
” ငါတို့ကျောင်းတော်ထဲမှာ အစီအစဥ်တစ်ခု အမြဲတမ်းရှိနေခဲ့ဖူးတယ်..အဲ့ဒါကို ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်လို့ခေါ်တယ် ”
” ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်တဲ့လား ”
ဟို့ယွိဟောင်အနေနဲ့ အထိတ်တလန့်နဲ့ပြန်မေးမိပါတော့တယ်။ ဟယ့်ချိုက်ထို့က ခေါင်းညိတ်လိုက်ပါတော့တယ်။
” ဒါက ငါတို့အတွက် အရေးအကြီးဆုံးအစီအစဥ်ပဲ ဒါ့အပြင် နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကိုညီတူမျှတူယှဥ်ပြိုင်နိုင်ဖို့အတွက် ဖန်တီးပေးတဲ့အရာ ”
” ဒီလိုမျိုး ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်လို့ခေါ်ဆိုရတဲ့ အဓိကအကြောင်းအရင်းကတော့ ငါတို့ရဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်အနေနဲ့ ရှိရှိသမျှ အရင်းအမြစ်တွေအားလုံးကို လူတစ်ယောက်ထဲအပေါ်မှာသာ ပုံအောလိုက်ပြီ တိုက်ပွဲတစ်ခုလုံးရဲ့ ဖြစ်လာမဲ့ရလဒ်ကို လူတစ်ယောက်ထဲနဲ့ ပြောင်းလဲနိုင်အောင်စီစဥ်ပေးနိုင်တာကြောင့် အဲ့ဒီလိုခေါ်ဝေါ်တာ ဒါ့အပြင် သူ့ရဲ့အစွမ်းအစက ပြိုင်ဘက်ကင်းတဲ့စစ်သည်တော်အဖြစ် တည်ရှိတယ် ”
” ဒါဆိုရင် သော့်လော့ပညာရှင်တွေ ဖြစ်သင့်တာမဟုတ်လား ဘာကြောင့် ကျွန်တော်တို့နဲ့ သက်ဆိုင်နေရတာလဲ ”
ဟယ့်ချိုက်ထို့က ခေါင်းခါလိုက်ပါတယ်။
” အဲ့ဒီလို ဘယ်ဟုတ်မလဲ သော့်လော့ပညာရှင်တွေက တိုက်ပွဲရဲ့ အခြေအနေကို ပြောင်းလဲနိုင်ပေမဲ့ ကြီးမားတဲ့တိုက်ပွဲကြီးတစ်ခုလုံးရဲ့ရလဒ်ကိုတော့ ပြောင်းပြန်လှန်းမပြစ်နိုင်ဘူးလေ ငါတို့ရဲ့ ရန်သူတွေဘက်မှာရော တူညီတဲ့အဆင့်နဲ့ပညာရှင်တွေရှိနေမယ်မဟုတ်လား ဒါပေမယ့် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကတော့ ကွာခြားတယ်..ပြိုင်ဘက်ကင်းစစ်သည်တော်ဆိုတဲ့ တည်ရှိမှုက စစ်ပွဲတွေကို ပြောင်းလဲပြစ်ဖို့အတွက် တည်ရှိပြီရှင်သန်နေတဲ့သူမျိုးပဲ ဒါပေမယ့် သူတို့ရဲ့စွမ်းအားက ကန့်သတ်ချက်မဟုတ်ဘူး သူတို့တွေအနေနဲ့ များပြားတဲ့ ၀ိညာဥ်လက်နက်တွေကိုလဲ ဖန်တီးနိုင်ရမယ်…ဒါ့အပြင် ကိုယ့်ကိုကိုယ်ဖုံးကွယ်တာလဲ တော်ရသလို ဖျက်ဆီးမှုလဲ ကျွမ်းကျင်ရမှာဖြစ်ပြီ အရာအားလုံးကိုလဲ ပြန်လည်တည်ဆောက်နိုင်ရမယ်..ဒါ့အပြင် တိုက်ပွဲတစ်ခုလုံးရဲ့ အဓိကအချက်အခြာကို ရှာတွေ့နိုင်ဖို့ထက်မြက်ရမှာဖြစ်သလို ပစ်မှတ်ကိုဖျက်ဆီးနိုင်ရုံတင်မက အချိန်မရွေးအထောက်အကူအဖြစ်လဲ လုပ်ဆောင်နိုင်ရမယ်…ဒါ့အပြင် ပြိုင်ဘက်ကင်းစစ်သည်တော်ဆိုတာက အမိန့်ပေးတဲ့သူတစ်ယောက်မဟုတ်ဘူး..တိုက်ပွဲရဲ့ရလဒ်ကို ပြောင်းလဲပေးနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ သော့်လော့တွေက တစ်ယောက်ချင်းဆီတိုင်းမှာသန်မာတဲ့သူတွေမရှိကြပေမဲ့ ပြိုင်ဘက်ကင်းစစ်သည်တော်ကတော့ နောက်ကွယ်မှာ တိုက်ပွဲတွေအားလုံးကို ထိန်းချုပ်ပေးနိုင်တဲ့သူပဲ အစပထမတုန်းက ငါ့အနေနဲ့အဲ့ဒီရည်မှန်းချက်ကို ဦးတည်ပြီအများကြီးအလုပ်ကြိုးစားခဲ့တယ်…ငါတို့ဆရာကလဲ ဒီအစီအစဥ်အတွက် ငါ့ကိုမှီခိုလို့ထားခဲ့တာ ဒါပေမယ့် မင်းပေါ်လာတဲ့အချိန်မှာ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ မင်းငါ့ထက်ပိုပြီး တန်ဖိုးရှိရုံတင်မက ၀ိညာဥ်လက်နက်တွေတည်ဆောက်တဲ့နေရာကော တစ်ယောက်ချင်းဆီတိုင်း ထုတ်လွှတ်တဲ့စွမ်းအားမှာကော ငါ့ထက်ပိုပြီး သာလွန်နေခဲ့တယ်..အစောတုန်းက ငါအနေနဲ့ ပြိုင်ဘက်ကင်းစစ်သည်တော်ဖြစ်လာဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆရာက ငါ့ကိုပြောခဲ့တယ် ..အဲ့ဒီအစားမင်းကို ကူညီပေးမဲ့အထောက်အကူပြုစစ်သည်တော်ဖြစ်လာရမယ်တဲ့ မင်းက ပြိုင်ဘက်ကင်းစစ်သည်တော်အဖြစ် အနာဂတ်မှာရောက်ရှိမယ်ဆိုရင် ငါကမင်းအတွက် ရွေ့လျားနိုင်တဲ့စစ်တပ်ကြီးတစ်ခုပဲ ”
ဟို့ယွိဟောင်အနေနဲ့ ဒါကိုကြားချိန်မှာ အရမ်းကိုလန့်သွားပြီ ပြန်အော်လိုက်မိပါတော့တယ်။
” အစ်ကိုကြီးဟယ့် ကျွန်တော် ”
ဟယ့်ချိုက်ထို့က သူ့လက်ကိုသုံးပြီး တားဆီးလိုက်ပါတယ်။
” ယွိဟောင် ကြောက်မသွားနဲ့ ငါပြီးအောင်ပြောပါရစေဦး ”
ဟို့ယွိဟောင်အနေနဲ့ ဒီလိုအခြေအနေတွေဖြစ်လာမယ်လို့ လုံး၀ကို မမျှော်လင့်ခဲ့မိပါဘူး။ ဖန်းယွီရဲ့ခြေရာကိုလိုက်ပြီးကြိုးစားရင်းနဲ့ ၀ိညာဥ်လက်နက်တွေကို ဖန်တီးချိန်မှာ ဟယ့်ချိုက်ထို့က သူ့ကိုအများကြီး အကူအညီပေးနေခဲ့ပါတယ်။ ဒါ့အပြင် လုံး၀ကို ကိုယ့်ကျိုးမငဲ့ပဲ ရှိရှိသမျှ အတွေ့အကြုံတွေနဲ့ သူ့ရဲ့ရင်ဆိုင်ခဲ့ရတဲ့ ကိစ္စတွေကို မျှဝေရင်းကူညီပေးခဲ့တယ်။ ဒါကြောင့် ဟယ့်ချိုက်ထို့အပေါ်ထားခဲ့တဲ့ ဟို့ယွိဟောင်ရဲ့လေးစားမှုက ပေ့ပေ့ထက်အားမနည်းခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိသူကိုယ်တိုင်းရဲ့ ဒီလိုလုပ်ဆောင်မှုက သူ့အစ်ကိုကြီးရဲ့အိပ်မက်တွေကို လုယူမိသလိုဖြစ်သွားခဲ့မယ်လို့ မတွေးခဲ့မိတာအမှန်ပါ။ ဒါကြောင့် သူလဲအတော်ကို စိတ်ထိခိုက်သွားခဲ့ရပါတယ်။
မြို့စားမင်းအိမ်တော်မှာနေခဲ့တဲ့ ကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ နာကျင်စရာအဖြစ်အပျက်တွေကြောင့် ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့မိတ်ဆွေတွေကို အရမ်းတန်ဖိုးထားပါတယ်။ ကျောင်းတော်ထဲမှာသာ နွေးထွေးပြီ မိသားစုဆန်တဲ့ ဆက်ဆံရေးတွေကို သူရရှိခဲ့တာပါ။ ဒါကြောင့် ဒီအရာတွေအားလုံးအပေါ် သူ့ရဲ့တန်ဖိုးထားမှုက အရမ်းကိုကြီးမားလွန်လှပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ သူတွေးလိုက်မိတာကတော့ ၀ိညာဥ်လက်နက်တွေ လေ့လာမှုတွေကိုလက်လျှော့ပြစ်လိုက်ဖို့ပါပဲ။
ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ရဲ့ ပုခုံးကိုပုတ်ရင်း သူ့ရဲ့မျက်နှာက ပိုလို့နူးညံ့လာခဲ့ပါပြီ။
” ယွိဟောင် မကြောက်လန့်နဲ့ ငါမင်းကို ဘာမှအပြစ်တင်လိုစိတ်မရှိဘူး..အကယ်၍ တခြားသူတစ်ယောက်ယောက်သာမင်းနေရာမှာသာရောက်လာခဲ့မယ်ဆိုရင် ငါသေချာပေါက် လုံး၀လက်ခံမှာမဟုတ်ဘူး…ဆရာရဲ့အစီအစဥ်ကိုတောင် ငါဆန့်ကျင်မိဦးမှာ ဒါပေမယ့် ဒီအစီအစဥ်ကို ငါအစားလုပ်ဆောင်ရမဲ့သူက မင်းဖြစ်လာမှာကို ငါသိလိုက်ရတဲ့အချိန်ကစပြီ ငါမင်းကိုလုံး၀မကျေမနပ်မဖြစ်မိဘူး..အဲ့ဒီအစား အတော်လေးလဲ စိတ်ချမ်းသာမိတယ်. ”
” ငါ့ရဲ့ ပြစ်ချက်က ဘယ်မှာရှိလဲဆိုတာ ငါသိတယ်လေ..ငါမကြိုးစားလို့မဟုတ်ဘူး…ငါအနေနဲ့ ဘယ်လောက်ပဲကြိုးစားပါစေ သင့်တော်တဲ့စစ်သည်တော်တစ်ယောက်ဖြစ်မလာနိုင်ဘူးလေ အဓိကပြဿနာက ငါ့ရဲ့သိုင်းပညာ၀ိညာဥ်မှာရှိနေတာ ငါက အစားအမျိုးအစားသိုင်းပညာ၀ိညာဥ်ပဲ ငါ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုက အထောက်အကူပြုအစွမ်းအစမှာ မဆိုးပေမဲ့ တိုက်ခိုက်ရေးစွမ်းအားကတော့ အကန့်အသတ်ရှိတယ်…မင်းလိုမျိုး တိုက်ပွဲအမျိုးအစား၀ိညာဥ်ပညာရှင်နဲ့ ယှဥ်လိုက်မယ်ဆိုရင် အဝေးကြီးလိုပါသေးတယ်..ငါလုပ်နိုင်သလောက်အားလုံးလုပ်ပြီးပြီ ဒါပေမယ့် ၀ိညာဥ်လက်နက်တွေကို အသုံးပြုပြီးတော့ပဲ တိုက်ခိုက်နိုင်တာ တစ်ခါတစ်လေမှာ ၀ိညာဥ်လက်နက်တွေရဲ့ အစွမ်းအစကလဲ သိုင်းပညာ၀ိညာဥ်တွေကြောင့် ကျရှုံးနိုင်တယ်..ငါကြိုးစားပေမဲ့ ပါရမီဆိုတာက ကြိုးစားရုံနဲ့လိုက်မီနိုင်တဲ့အရာမဟုတ်ဘူးလေ ”
” ငါတို့ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကို မင်းမှတ်မိသေးလား ငါကကျောင်းတော်ထဲမှာ အမြဲတမ်းရိုးရိုးရှင်းရှင်းပဲ နေခဲ့တယ်လေ..ဒါ့အပြင် ငါ့ရဲ့နာမည်က ဘယ်လောက်ပဲထူးခြားပါစေ လူတိုင်းကငါ့ကို ချိုက်ထို့လို့ပဲခေါ်ကြတယ်…ဒါ့အပြင် လူမည်းကြီး လူသန်ကြီးတဲ့ မင်းကတော့လုံး၀မတူညီခဲ့ဘူး..ငါတို့ပထမဆုံးတွေ့တဲ့အချိန်ကထဲကစပြီ ငါ့ကို အစ်ကိုကြီးဟယ့်လို့ခေါ်ခဲ့တယ်..အဲ့ဒီအချိန် မင်းရဲ့မျက်လုံးတွေထဲမှာ မြင်လိုက်ရတဲ့အကြည့်က အရမ်းကိုကြည်လင်ရှင်းလင်းပြီ စိတ်ရင်းကလဲ မှန်ကန်တယ်…ဒါကြောင့် အဲ့ဒီနေ့ကစပြီ မင်းကိုငါ့ရဲ့ညီငယ်လေးအဖြစ် သတ်မှတ်လိုက်တာပဲ ”
” မင်းရဲ့လေ့ကျင့်မှုတွေ စတင်တာနဲ့ မင်းထုတ်ဖော်ပြသတဲ့ပါရမီက ငါတို့ရဲ့တင်းကြပ်တဲ့ဆရာကိုတောင် ထိတ်လန့်စေခဲ့တယ်..ငါလဲ သူဘယ်လိုခံစားရမလဲဆိုတာကို နားလည်နိုင်တယ်..နောက်ဆုံးတော့လဲ တပည့်သားကို ကိုယ်ထက်သာချင်တဲ့ စိတ်ဆန္ဒကဆရာတိုင်းမှာ ရှိနေတာမဟုတ်လား ဒါ့အပြင် လက်ရှိအချိန်မှာ ငါဒီလိုအသက်ရှင်နေနိုင်တာက ဆရာမရှိပဲဖြစ်လာနိုင်မှာမဟုတ်ဘူး..ဒါကြောင့် ညီလေးမင်းအနေနဲ့ ဘာမှစိတ်ထဲ၀န်ထုတ်၀န်ပိုးမဖြစ်နဲ့ ငါဒါကိုဆရာနဲ့ ပြောပြီးပြီ ငါအနေနဲ့ မင်းကိုတတ်နိုင်သလောက် ထောက်ပံ့ပေးဖို့ကြိုးစားမယ်..ငါမင်းအတွက် ရွေ့လျားနိုင်တဲ့ စစ်တပ်တစ်ခုအဖြစ် ဖြစ်လာစေရမယ် ”
ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ မျက်ရည်တွေက ပြည့်လျှံလို့လာခဲ့ပါပြီ။
” အစ်ကိုကြီး ကျွန်တော်ဒါတွေဖြစ်လာဖို့ တကယ်မရည်ရွယ်ခဲ့ပါဘူး…ဒါကလုံး၀မတရားတဲ့ ကိစ္စပဲ ဘာကြောင့်များလဲ ”
ဟယ့်ချိုက်ထို့က သူ့ကိုနောက်တစ်ကြိမ် တားဆီးလိုက်ပြန်တယ်။
” ညီလေး အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ တချို့အရာတွေက ဖြစ်မလာသင့်တဲ့ကိစ္စပဲလေ ဒါ့အပြင် ငါအနေနဲ့လဲ မင်းကိုကူညီဖို့အတွက် ကိုယ်ပိုင်ရည်မှန်းချက်တွေ ရှိနေတယ်…မင်းအနေနဲ့ အနာဂတ်မှာ ငါ့ကိုတစ်စုံတစ်ရာကူညီပေးနိုင်မလား မင်းရဲ့ကျင့်ကြံဆင့်အနာဂတ်မှာ အောင်မြင်လာပြီဆိုရင် မင်းငါ့ကို ကူညီစေချင်တယ်..ဒါပေါ့ မင်းတတ်နိုင်မှသာ ကူညီရမှာပါ ”
” အစ်ကိုကြီး ကျွန်တော်ကိုပြောပြပါ ”
ဟို့ယွိဟောင်က ချက်ချင်းပြောလိုက်ပါတော့တယ်။ ဟယ့်ချိုက်ထို့ရဲ့ မျက်လုံးထဲမှာ နက်ရှိုင်းလွန်လှတဲ့ နာကျင်မှုက ဖြစ်ပေါ်လာခဲ့တယ်။
” ယွိဟောင် မင်းသိမှာပါ တကယ်တော့ ဆရာဖန်းယွီတောင် ငါဘယ်ကလာသလဲဆိုတာတောင် မသိသလို ငါ့ရဲ့နောက်ကြောင်းကိုလဲ မသိဘူး…ဘာကြောင့်လဲဆိုတော့ သူ့ကိုပြဿနာမတက်စေချင်သလို မနှောင့်ယှက်ချင်တဲ့အတွက်လဲ ငါမပြောပြခဲ့တာပါ ငါဒီနေ့ မင်းကိုအများကြီးပြောပြလိုက်ပြီးပြီဆိုမှတော့ အကုန်လုံးပြောပြလိုက်တော့မယ်..ငါ့ရဲ့နှလုံးသားထဲက နှစ်ပေါင်းများစွာသိမ်းဆည်းထားရတဲ့ နာကျင်မှုကလဲ ကြီးမားနေပြီလေ ”
” ငါအသက်ကိုးနှစ်အရွယ်မှာ ဆရာဖန်းယွီက ငါ့ကို ကယ်တင်ခဲ့တယ်..သူငါ့ကို ပထမဆုံးမြင်တွေ့ချိန်တုန်းက ငါတစ်ကိုယ်လုံးသွေးတွေ ရွှဲနစ်နေခဲ့ပြီ လုံး၀ကို အင်အားမရှိခဲ့ဘူး..သူငါ့ကို ကယ်တင်လာတဲ့အချိန်မှာ ငါ့ရဲ့နောက်ကြောင်းကို မေးခဲ့တယ်…ငါ့ရဲ့မိသားစုက စီးပွားရေးသမားတွေဖြစ်ပြီ အားလုံးက ကံဆိုးမိုးမှောင်ကျလို့ အသတ်ခံခဲ့ရတယ်လို့သာ ငါပြောခဲ့တာ ငါတစ်ယောက်ထဲကသာ လွှတ်မြောက်လာခဲ့တာကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရတယ်လေ…ဒါကိုပြောတဲ့အချိန်မှာ ငါသူ့ကိုလိမ်ညာမိခဲ့မှန်းသိပေမဲ့ ငါအနေနဲ့လဲ သူပြဿနာတက်မှာကို ပိုစိုးရိမ်နေခဲ့တာကြောင့် ဒီလိုပြောခဲ့မိတာပါ..ဒါပေမယ့် အဲ့ဒီကိစ္စကြီးက ဆရာအနေနဲ့ ငါ့ကိုလုံး၀မူလအတိုင်း သတ်မှတ်သွားမယ်လို့ ထင်မထားခဲ့မိဘူး..ဒါကလဲ ငါ့ရဲ့ တစ်ကျောင်းလုံးသိတဲ့ ဖြစ်ရပ်ကြီးဖြစ်လာခဲ့တယ်လေ ”
” ငါ့ကိုကျောင်းတော်ဆီ ပြန်ခေါ်လာပြီတဲ့နောက် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့ သင်ကြားပေးခဲ့တယ်…ငါလဲ ကြိုးကြိုးစားစားလေ့ကျင့်ပြီ ၀ိညာဥ်လက်နက်တွေ ဖန်တီးတဲ့နေရာမှာ ပါရမီရှိတာကို ထုတ်ဖော်ပြသနိုင်တယ်လေ ဒါပေမယ့် ငါ့ရဲ့နှလုံးသားထဲက အမုန်းတရားကိုတော့ အခုအချိန်ထိ ကောင်းကောင်းဖုံးကွယ်ထားနိုင်တုန်းပဲ ”
” ဟို့ယွိဟောင် ငါက နေလနိုင်ငံတော်ရဲ့လူ မင်းအနေနဲ့ ငါ့လိုလူမျိုးအသားမည်းတဲ့လူတွေကို အဲ့ဒီနေရာမှာပဲ ရှာတွေ့နိုင်လိမ့်မယ်…ဒါ့အပြင် ငါက နေလနိုင်ငံတော်တော်၀င်မိသားစုရဲ့ လူတစ်ယောက်ပဲ လက်ရှိဧကရာဇ်ရဲ့တူတော် ”
ဟို့ယွိဟောင်အနေနဲ့ ဒါကိုကြားချိန်မှာအရမ်းကို ထိတ်လန့်သွားပါတော့တယ်။ သူ့ရဲ့အထူးဆန်းဆုံးအိပ်မက်ထဲမှာတောင် ဒီလိုရိုးရှင်းပြီ တုံတုံအအပုံစံပေါက်နေတဲ့ သူ့အစ်ကိုကြီးက အံ့ဩစရာကောင်းလောက်အောင် တော်၀င်မိသားစုဖြစ်နေခဲ့မယ်လို့ မထင်ထားခဲ့မိပါဘူး။ အချိန်ခဏတာအတွင်းမှာပဲ သူလုံး၀ကို ထိတ်လန့်သွားမိပါတော့တယ်။
အပိုင်း ၆၄•၁ ပြီး၏။