Switch Mode

Chapter – 63.1

ကြိုတင် ပြင်ဆင်မှုရေး အဖွဲ့

အပိုင်း ၆၃•၁

” ကြိုတင်ပြင်ဆင်ရေးအဖွဲ့ ”
°°°
နေလနိုင်ငံတော် တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဆိုတဲ့ စကားကိုကြားပြီချိန်မှာ ရှုစန်းရှီက ချက်ချင်းပြောမိပါတော့တယ်။

” အကြီးအကဲရွှမ် ကျွန်တော်တို့ အဲ့ဒီပြိုင်ပွဲကိုသွားရမှာလား ”

အကြီးအကဲရွှမ်က ပြန်ဖြေပါတော့တယ်။

” ငါမင်းကိုလွှတ်မယ်ဆိုရင် မင်းအဲ့ဒီပြိုင်ပွဲမှာ နိုင်နိုင်မှာလား တိုက်ကြီးရဲ့ ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ဗိုလ်လုပွဲဆိုတာက အသက်နှစ်ဆယ့်ပြည့်တဲ့ကျောင်းသားတွေပဲ ပြိုင်လို့တာ မင်းတို့အနေနဲ့ ပါ၀င်ယှဥ်ပြိုင်ဖို့အတွက် အရည်အချင်းရှိပြီဖြစ်ပေမဲ့ ဒီနေ့ရဲ့ အရည်အချင်းစစ်စာမေးပွဲက ကြိုတင်ပြင်ဆင်ရေးအဖွဲ့အတွက်ပဲ အသုံးပြုထားတာ ငါတို့ရဲ့ကြိုတင်ပြင်ဆင်ရေးအဖွဲ့က အမျက်ဒေါသကျောင်းတော်ရဲ့မိစ္ဆာခုနှစ်ဖော် အဓိကပြိုင်ပွဲကြီးကို သွားမယှဥ်ပြိုင်ခင်ရွေးချယ်ရတယ် ”

အမှန်ပါပဲ ဒီအရည်အချင်းစစ်ပြိုင်ပွဲရဲ့ အဓိကလိုအပ်ချက်ကတော့ ပြိုင်ပွဲ၀င်တွေအားလုံးက အသက်ဆယ့်ငါးနှစ်ပြည့်ဖို့ လိုအပ်နေတာပါပဲ။ နောက်ဆုံးမှာတော့ ဘာကြောင့်လဲဆိုတာ အားလုံးနားလည်သွားခဲ့ပါပြီ။ သူတို့တွေက နောက်ငါးနှစ်အတွင်းမှာ အသက်နှစ်ဆယ့်မပြည့်နိုင်ပါဘူး။ ဒါကြောင့် ကျောင်းတော်ရဲ့ပြိုင်ပွဲကို သွားရောက်ယှဥ်ပြိုင်လို့ရပါတယ်။

အကြီးအကဲရွှမ်က ပြောလာခဲ့ပါတယ်။

” မင်းတို့တွေကို ရွေးချယ်တာက အဓိကအကြောင်းအရင်းနှစ်ခုရှိတယ်..ပထမဆုံးအနေနဲ့ ကြိုတင်ပြင်ဆင်ရေးအဖွဲ့ဖြစ်လာဖို့ ဒုတိယကတော့ အဓိကအဖွဲ့ရဲ့အစားထိုးတွေဖြစ်ဖို့ပဲ ပြောရမယ်ဆိုရင် မင်းတို့အနေနဲ့ တကယ်ပဲသွားတိုက်ခိုက်ရဖို့အခွင့်အရေးက အရမ်းကိုနည်းပါတယ်။ ဒါပေမယ့် လူအစားထိုးရန် သူတွေအနေနဲ့ ပထမတန်းကနေပြိုင်ပွဲကိုကြည့်ဖို့ အရည်အချင်းသတ်မှတ်ချက်ရှိလာလိမ့်မယ်….ဒါကြောင့်သာ မင်းတို့အတွက် အရမ်းကိုတန်ဖိုးကြီးတဲ့ အတွေ့အကြုံဖြစ်လာရမှာပဲ ဒီအရည်အချင်းသတ်မှတ်တဲ့ပြိုင်ပွဲက မင်းတို့ကို ဘာမှဆုံးဖြတ်ပေးမှာတော့ မဟုတ်ဘူး…မင်းတို့အနေနဲ့ နောက်ငါးနှစ်အတွင်းမှာ ပြိုင်ပွဲကိုကိုယ်တိုင်သွားရောက်ရမလား မသွားရောက်ရလားဘူးဆိုတာ ဘယ်လောက်အထိ သန်မာလာမလဲဆိုတဲ့အပေါ် မူတည်ပြီ ကျောင်းတော်ကဆုံးဖြတ်ချက်နဲ့ လေ့လာဆန်းစစ်ချက်တွေကို ဖြတ်ကျော်ရလိမ့်မယ်..အဓိကအချိန်မှာ မင်းတို့တွေအနေနဲ့ စမ်းသပ်ချက်တွေကို မင်းတို့အရင်ဆုံးဖြေဆိုရမယ်..ဒါကြောင့် အကယ်၍ ကျောင်းတော်ကို ကိုယ်စားပြုပြီး ယှဥ်ပြိုင်ချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ အတွင်းနယ်မြေကို ၀င်နိုင်အောင်သာလုပ်ကြ ”

အကြီးအကဲရွှမ်က သူတို့ကို ကန့်သတ်ချက်တွေအများကြီးပေးခဲ့ပါတယ်။ သူတို့ခုနှစ်ယောက်ကတော့ အတော်ကို အပျော်လွန်နေခဲ့ပါပြီ။ ကျောင်းတော်ကိုကိုယ်စားပြုပြီး အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်မျိုးဆက်သစ်အဖြစ် တိုက်ခိုက်ရမယ်ဆိုတာ သူတို့ကျောင်းတော်ထဲမှာ ရရှိနိုင်တဲ့ အမြင့်ဆုံးဂုဏ်ရည်ပဲ။ ဒါကြောင့် ဒီနေ့မတိုင်ခင်တုန်းက ဒီလိုရိုးရှင်းတဲ့ အရည်အချင်းစစ်စာမေးပွဲက အဲ့ဒီလောက်အရေးကြီးတဲ့ ပြိုင်ပွဲကြီးရဲ့ အဓိကအခြေခံဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။

အကြီးအကဲရွှမ်က ပြောလိုက်ပါတယ်။

” မင်းတို့တွေအနေနဲ့ ဒီလိုအကြိုပြင်ဆင်မှုအဖွဲ့ ဖြစ်လာတဲ့ကိစ္စက ကျောင်းတော်ထဲမှာ လျှို့၀ှက်ချက်တစ်ခုပဲ မင်းတို့အနေနဲ့ ဘယ်သူကိုမှ ထုတ်ဖော်ပြောကြားခွင့်မရှိဘူး…ပြောလိုက်မယ်ဆိုရင် ဒီအခွင့်အရေးကနေ အကုန်ပြန်ရုတ်သိမ်းခံရမယ်..အခုကနေစပြီ ငါနဲ့တစ်ပတ်တစ်ခါ လာလေ့ကျင့်ရမယ်..ငါတို့တွေ အဓိကပြိုင်ပွဲကြီးနဲ့ကြုံတွေ့ရဖို့ တစ်လတောင်လိုသေးတယ်..ဒါကြောင့် အဓိကအချိန်မှာ မင်းတို့ကို လက်ရှိအမျက်ဒေါသမိစ္ဆာခုနှစ်ဖော်နဲ့အတူတူ လေ့ကျင့်ပေးမယ်..မင်းတို့အနေနဲ့လဲ ဒီအခွင့်အရေးကိုအရယူပြီ ကိုယ့်ကိုကိုယ်အားကောင်းလာအောင် တတ်နိုင်သလောက်လုပ်ကြ မင်းတို့အခုသွားလို့ရပြီ ”

” ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်က ခဏနေခဲ့ဦး ”

” ဟုတ်ကဲ့ပါဆရာ ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်တို့ကလဲ အတော်လေးကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဒီကျောင်းသားခုနှစ်ယောက်က အတော်လေးကို ထူးထူးခြားခြားဖြစ်နေခဲ့တာပါ။ ဒါ့အပြင် အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ အဖွဲ့၀င်တွေဖြစ်လာတဲ့အထဲမှာ သူတို့နှစ်ယောက်နဲ့ ရှောင်းရှောင်းကတော့ အတော်ကို ငယ်ရွယ်လို့နေခဲ့ပါတယ်။ နောက်ငါးနှစ်ကြာပြီတဲ့နောက် သူတို့က ဆယ့်ခုနှစ်အရွယ်သာ ရှိဦးမှာပါပဲ။ သူတို့အနေနဲ့ အတွင်းနယ်မြေကို ၀င်ပြီခါစအချိန်ဖြစ်နိုင်ချေလဲများပါတယ်။ သူတို့အသက်နှစ်ဆယ့်အောက်ကျောင်းသားတွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူတို့ရဲ့ သုံးနှစ်တာကျင့်ကြံမှုကတော့ အများကြီးကို ကြီးမားနေမှာပါ။ ဒါပေမယ့် လက်ရှိအချိန် အကြီးအကဲရွှမ်ကတော့ သူတို့တွေကို အကြိုပြင်ဆင်ရေးအဖွဲ့ထဲ၀င်ဖို့အတွက် ယာယီခွင့်ပြုထားလိုက်ပါတယ်။ ဒါကြောင့် အချိန်အတိုင်အတာတစ်ခုအထိ သူတို့အနေနဲ့ နေရာမှာ တည်မြဲနေမှာဖြစ်သလို အကြီးအကဲရွှမ်ရဲ့ ကိုယ်တိုင်ညွှန်ကြားပြသမှုတွေကိုလဲ ရရှိနိုင်ပါတယ်။ လေထဲမှာရပ်ရင်း သူထုတ်လွှတ်နေခဲ့တဲ့ ကြောက်စရာစွမ်းအားတွေနဲ့တင် အဲ့ဒီပျင်းရိငြီးငွေ့နေတဲ့ ဆရာဘယ်လောက်အင်အားကြီးမားလဲဆိုတာ သူတို့သိနိုင်ပါပြီ။

ပေ့ပေ့ ရှုစန်းရှီနဲ့ တခြားသူတွေအားလုံး ထွက်ခွာသွားချိန်မှာတော့ အကြီးအကဲရွှမ်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို လက်ဝှေ့ရမ်းပြလိုက်ပါတော့တယ်။

” မင်းတို့ရဲ့ ဒီနေ့လှုပ်ရှားမှုက ငါ့ကိုအတော်လေး အံ့အားသင့်စေတယ်…ဒီနေ့ပြိုင်ပွဲရဲ့ အထူးချွန်ဆုံးသူတွေကို ရွေးချယ်ရမယ်ဆိုရင် ပေ့ပေ့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့တို့ကို ငါရွေးချယ်မှာမဟုတ်ဘူး..မင်းတို့နှစ်ယောက်ကိုပဲ ရွေးချယ်မှာ မင်းတို့နှစ်ယောက်ရဲ့ ပေါင်းစည်းစွမ်းရည်က အရမ်းကို အံ့ဩစရာကောင်းလွန်တယ်…ဒါပေမယ့် သူ့မှာကြီးမားတဲ့ တန်ပြန်သက်ရောက်မှုလဲ ရှိနေတယ်..ဒါ့အပြင် သူ့ရဲ့အင်အားကလဲ အတော်ကိုကြီးမားတဲ့ ပြစ်ချက်တစ်ခုပဲ သူက မျဥ်းဖြောင့်အတိုင်းသာ တိုက်ခိုက်နိုင်တာမဟုတ်လား အကယ်၍ မင်းတို့ရဲ့ပြိုင်ဘက်တွေသာ ဒီကိုခုန်ရှောင်နိုင်ခဲ့မယ်ဆိုရင် မင်းတို့အနေနဲ့ ထုတ်လွှတ်လိုက်တဲ့ ၀ိညာဥ်စွမ်းအားတွေအားလုံးကို အလဟာသဖြစ်သွားစေလိမ့်မယ်..ဒါကြောင့်သာ မင်းတို့က ငါ့ကိုပိုပြီး အံ့အားသင့်စေတာပဲ မင်းတို့ရဲ့ ဒီစွမ်းရည်အဆင့်အတန်းကို ငါသိပ်ပြီဂရုမစိုက်ပေမဲ့ တိုက်ခိုက်လိုက်တဲ့အချိန်က အရမ်းကို ပြီးပြည့်စုံလွန်သေးတယ်လေ..ငါ့ကိုပြောပြပါဦး ဒီလိုမျိုး ကျောင်းသားတွေအားလုံးအတူတူ မျဥ်းဖြောင့်တစ်ကြောင်းထဲဖြစ်သွားတာက ကံတရားကြောင့်လား မင်းတို့ရဲ့ထိန်းချုပ်မှုထဲ သူတို့ရောက်သွားလို့လား အကယ်၍ မင်းတို့ထိန်းချုပ်နိုင်တယ်ဆိုရင် ဘယ်လိုလုပ်တခြားအဖွဲ့သားတွေနဲ့ ပူးပေါင်းပြီအောင်မြင်နိုင်တာခဲ့လဲ ”

ဟို့ယွိဟောင်က ဖုံးကွယ်ချင်ပေမဲ့ ၀မ်သုန့်က ပြောလာခဲ့ပါတယ်။

” အကြီးအကဲရွှမ် သူက တိုက်ပွဲထဲမှာအရာအားလုံးကို အစီအစဥ်ချပြီထိန်းချုပ်တဲ့သူပဲ သူ့ကိုမေးကြည့် ”

၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကို အရမ်းသစ္စာရှိရှိနဲ့ ရောင်းစားလိုက်ပါပြီ။

အကြီးအကဲရွှမ်က သူ့နဖူးပေါ်ကျနေတဲ့ဆံပင်တွေကို သတ်တင်လိုက်ရင်း တောက်ပတဲ့မျက်၀န်းနက်နက်တွေနဲ့ ဟို့ယွိဟောင်ကို စိုက်ကြည့်ရင်းမေးလာခဲ့ပါတယ်။

” ငါ့ကိုပြောပြ ဟို့ယွိဟောင် ”

ဟို့ယွိဟောင်ကတော့ မျက်နှာတွေ နီရဲလို့နေခဲ့တယ်။

” တကယ်တော့ ဘာမှမဟုတ်ပါဘူး..အကြီးအကဲရွှမ် ကျွန်တော်စမ်းကြည့်ခိုင်းလိုက်ပြီရင်း နားလည်သွားမှာပါ ”

အဲ့ဒီနောက် သူ့ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုကို အဆုံးစွန်းအထိ ထုတ်သုံးလိုက်ပါတော့တယ်။

အကြီးအကဲရွှမ်အနေနဲ့ စိတ်၀ိညာဥ်စွမ်းအားပေါင်းစည်းမှုတောင်းဆိုချက်ကို ရရှိချိန်မှာ အသိစိတ်အရ အလိုအလောက်တောင့်ခံမိပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ စွမ်းရည်ကို ကြီးမားတဲ့စိတ်၀ိညာဥ်စွမ်းအားကြီးတစ်ခုက လာပြီဖိနှိမ့်နေသလို ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင် လုပ်ချင်နေတာကို သူနားလည်ပြီချိန်မှာတော့ ခပ်မြန်မြန်ပဲ သူ့ရဲ့စွမ်းအားကို ပြန်သိမ်းလိုက်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုကို သူအာရုံခံမိပြီ စတင်သိရှိလာပါတော့တယ်။

ဟို့ယွိဟောင်က စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်နေမှန်းသိပြီးသားဖြစ်သလို သူ့ရဲ့ ပထမ၀ိညာဥ်စက်ကွင်းကလဲ ဆယ့်နှစ်သက်တမ်းသာရှိပါတယ်။ ဒါကြောင့်သာ သူ့ကိုအမြဲတမ်းအာရုံမစိုက်မိခဲ့တာလဲဖြစ်တယ်။ ဟို့ယွိဟောင်အနေနဲ့ အဆုံးစွန်းရောက်နေတဲ့ သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားမှန်းသိပြီချိန်မှသာ သူ့ကိုအာရုံစိုက်လာခဲ့တာပါ။

ဒါ့အပြင် ဒီနေ့ဟို့ယွိဟောင်ကို ဒုတိယနှစ်အတွင်းတပည့်သားတွေရဲ့ပြိုင်ပွဲမှာ ယှဥ်ပြိုင်ခိုင်းလိုက်တာလဲ သူ့ရဲ့အဆုံးစွန်းအားကောင်းနေတဲ့ သိုင်းပညာ၀ိညာဥ်ကြောင့်ပါပဲ။ အဲ့ဒီလိုသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့၀ိညာဥ်ပညာရှင်ကသာ သာမန်ပညာရှင်တွေနဲ့လုံး၀ကို အဆင့်အတန်းမတူတော့ပါဘူး။ နောက်ဆုံးတော့လဲ ဌာနနှစ်ခုစလုံးကတောင် သူ့ကိုရယူဖို့အတွက် ပြင်းထန်တိုက်ခိုက်နေခဲ့ကြတာပါ။ ဟို့ယွိဟောင်အနေနဲ့လဲ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော် မျိုးဆက်သစ်တွေထဲမှာ နေရာတစ်ခုကိုရရှိဖို့အဲ့ဒီသိုင်းပညာ၀ိညာဥ်ကြောင့် ထိပ်တန်းလိမ့်မယ်လို့ သူတွေးထားခဲ့ပါတယ်။ ဒါပေမယ့် သူအခုမြင်ရတဲ့အရာကတော့ လုံး၀ကွဲပြားခြားနားတဲ့ ကိစ္စပါပဲ။

သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ အကြီးအကဲဖြစ်တာကြောင့် အကြီးအကဲရွှမ်အနေနဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ ကျင်းပတဲ့အစည်းအဝေးပွဲကြုံတွေ့ခဲ့တာတောင် ဟို့ယွိဟောင်အပေါ် ယုံကြည်ချက်အပြည့်အ၀မရှိသေးပဲ ဖြစ်နေခဲ့ပါတယ်။ ဒီအရည်အချင်းစစ်စာမေးပွဲအနေနဲ့သာ ဟို့ယွိဟောင်ရဲ့စွမ်းအားကို အကဲဖြတ်နိုင်ဖို့နဲ့ သူ့ရဲ့လက်ရှိကျင့်ကြံဆင့်ကို သိနိုင်ဖို့အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်ထားတာပါ။

အမှန်တကယ်မှာတော့ ဟို့ယွိဟောင်အနေနဲ့ အရည်အချင်းစစ်စာမေးပွဲမှာ ဒီလောက်ထူးထူးချွန်ချွန်အောင်မြင်နိုင်ခဲ့မယ်လို့ အကြီးအကဲရွှမ်ကိုယ်တိုင်လဲ မမျှော်လင့်ထားခဲ့မိပါဘူး။ ဒါကြောင့်သာ သူအခုလိုခေါ်လာခဲ့ရတာပါ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က သူ့ကိုအတော်လေး အံ့အားသင့်စေခဲ့ပါတယ်။ လက်ရှိအချိန် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုအစွမ်းအစကို ကိုယ်တိုင်ခံစားမိပြီ ကျယ်ပြန့်တဲ့လွှမ်းခြုံနိုင်စွမ်းကိုပါ သိနားလည်ပြီတဲ့နောက် အတော်လေး မျက်လုံးပြူးသွားပါတော့တယ်။ အပြင်နယ်မြေရဲ့ ဒုတိယနစ်ကျောင်းသားလေးတစ်ယောက်က သူ့ကိုအံ့အားသင့်သွားစေခဲ့ပါပြီ။

ဟို့ယွိဟောင်ကို ပြန်ကြည့်တဲ့အချိန် အကြီးအကဲရွှမ်နဲ့ အကြည့်တွေက လုံး၀ကို ပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့အရင်ပျင်းရိငြီးငွေ့နေတဲ့အကြည့်တွေအားလုံးက မီးလျှံလိုတောက်ပပြီ စိတ်အားထက်သန်းမှုတွေနဲ့ ပြည့်နှက်နေခဲ့သလို ၀မ်းနည်းပူးဆွေးနေတဲ့အကြည့်ကလဲ ထိတ်လန့်မှုတွေနဲ့သာ ပြည့်နှက်နေခဲ့ပါတော့တယ်။

အပိုင်း ၆၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset