Switch Mode

Chapter – 62.3

အစပိုင်း ဆူပူမှုများ

အပိုင်း ၆၂•၃

” အစပိုင်းဆူပူမှုများ ”
°°°
အကြီးအကဲရွှမ်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ဒီအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်နိုင်ဖို့အတွက် တစ်ချက်သာကြည့်ဖို့ လိုအပ်ခဲ့ပါတယ်။ ဘယ်သူမှဒဏ်ရာပြင်းပြင်းထန်ထန် မရတာကို အတည်ပြုပြီတဲ့နောက် သူလဲ စိတ်အေးလက်အေး ဖြစ်သွားခဲ့တော့တယ်။ အဲ့ဒီနောက် လူတွေကိုစင်မြင့်အစွန်းဆီရောက်အောင် လက်ဝှေ့ရမ်းရင်း တွန်းတင်းလိုက်ပါပြီ။

၀မ်ယန် မုကျင်းနဲ့ တခြားဆရာတွေအားလုံးလဲ ချက်ချင်းရောက်လာကြပါတော့တယ်။ သူတို့တွေအားလုံးလဲ တိုက်ပွဲကိုအခုပဲမြင်တွေ့လိုက်ရတာပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကို ကြည့်လိုက်ချိန်မှာ မိစ္ဆာနှစ်ကောင်ကို မြင်ရသလိုမျိုး သူတို့ခံစားနေခဲ့ရပါတယ်။ ကျောင်းတော်က မိစ္ဆာတွေအပြည့်ဖြစ်နေခဲ့ပေမဲ့ ဒီလောက်ကြီးကြောက်စရာကောင်းမယ်လို့တော့ လိုအပ်မနေခဲ့ပါဘူး။ သူတို့ထဲမှာ တစ်ယောက်က ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိခဲ့ပြီ တစ်ယောက်ကတော့ ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိသေးတာပါ။ ဒါတောင်မှ ပြိုင်ဘက်ဆယ့်နှစ်ယောက်ကို လုံး၀အနိုင်ရနိုင်ခဲ့ပါတယ်။

” လက်ရှိထုတ်ပယ်ခံရတဲ့သူတွေအားလုံးကပြန်လို့ရပြီ မင်းတို့ခုနှစ်ယောက်က အနောက်မှာနေခဲ့လိုက် ”

အကြီးအကဲရွှမ်က သူ့ရဲ့ကြက်ခြေထောက်ကို ပြီးအောင်စားရင်း ပြောလာခဲ့ပါတယ်။ ရှုပ်ပွနေတဲ့ ဆံပင်တွေက သူ့ရဲ့မျက်နှာကို ဖုံးလွှမ်းလို့ထားခဲ့ပြီ ထူးဆန်းတဲ့ အလင်းတန်းကတော့ မျက်လုံးတစ်ခုလုံးမှာ ဖြစ်ပြေးလို့နေခဲ့တယ်။ သူက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကို အတော်လေးအာရုံစိုက်ပြီ စောင့်ကြည့်နေခဲ့တာပါ။

လက်ရှိအချိန် သတိလစ်သွားတဲ့ ကျောင်းသားတွေကတော့ ဆရာတွေရဲ့ အကူအညီနဲ့ သတိပြန်၀င်လာကြပါပြီ။ ဒါ့အပြင် သူတို့တွေအားလုံးက မကျေမနပ်ဖြစ်နေခဲ့ကြပါတယ်။ အမှန်တကယ်ကိုပဲ အစွမ်းတောင်ထုတ်မပြလိုက်ရသေးခင်အချိန်မှာ သူတို့ရဲ့အရာအားလုံးကို ဖျက်ဆီးခံလိုက်ရတာပါ။ အကြီးအကဲရွှမ်ရဲ့စကားကိုကြားချိန်မှာ ဘယ်သူကမှထွက်ခွာမသွားပဲနဲ့ အားလုံးက ကြည့်နေခဲ့ပါတယ်။

အကြီးအကဲရွှမ်ကတော့ ပြောလိုက်တယ်။

” မင်းတို့အားလုံး ၀န်မခံချင်သေးဘူးလား အကယ်၍ မင်းတို့ဒါကို မကျေနပ်ဘူးဆိုရင် အနာဂတ်မှာ ဒီထက်ပိုပြီးအစွမ်းပြကြပေါ့ ဒီတိုက်ပွဲက မတရားဘူးလို့ထင်နေတယ်လား ဒီလူတွေအားလုံးထဲမှာ မင်းတို့အနေနဲ့ အစွမ်းမပြနိုင်တာ မတရားဘူးလို့ထင်ကြလား ဒါ့အပြင် မဖြစ်သင့်တဲ့နည်းလမ်းတွေနဲ့ရှုံးသွားပေါ့..ဟုတ်တယ်ဟုတ် ”

ဘယ်အတွင်းတပည့်သားကမှ ပြန်မဖြေကြပေမဲ့ အဖြေကတော့ ရှင်းလင်းနေခဲ့ပါတယ်။

အကြီးအကဲရွှမ်က နှုတ်ခမ်းကိုတွန့်ရင်း ဆက်ပြောလိုက်တယ်။

” တကယ်ပဲ မတရားဘူးလား ဒီတိုက်ပွဲကြီးထဲမှာ လူတိုင်းက ကိုယ့်ကိုတိုင်အတွက်ပဲ တိုက်ခိုက်ကြရတယ်..အကယ်၍ မင်းသာစစ်မြေပြင်ထဲကို ရောက်သွားပြီဆိုရင် မင်းရင်ဆိုင်ရမဲ့ ပြိုင်ဘက်တွေရဲ့ အရေအတွက်ကို ကံကောင်းပြီရွေးချယ်လို့ရမယ်မင်းထင်လား တိုက်ပွဲရဲ့အခြေအနေကိုရော မင်းရွေးချယ်ခွင့်ရှိနေဦးမှာလား ဘယ်ရှိမလဲ ဒါပေမယ့် လက်ရှိမင်းတို့ကြုံတွေ့ရတဲ့အခုတိုက်ပွဲမျိုးမှာ အနည်းဆုံးတူညီတဲ့ စမှတ်တော့ရှိခဲ့တယ်လေ..ဒါကြောင့် အခုမျှော်လင့်ချက်မဲ့တဲ့အခြေအနေမျိုးကို ချက်ချင်းမရောက်ရှ်ိသွားတာပဲ မင်းတို့ရဲ့ လက်ရှိစိတ်အခြေအနေနဲ့ဆိုရင် မင်းတို့ထဲမှာ ဘယ်သူကမှ အတွင်းနယ်မြေရဲ့ တပည့်သားဖြစ်လာဖို့ အရည်အချင်းမပြည့်မီသေးဘူး..မင်းတို့ကို အမှန်တရားပြောပြမယ်ဆိုရင် ဒီမတရားတဲ့ ပရမ်းပတာတိုက်ပွဲကြီးက မင်းတို့ရဲ့ စစ်မှန်တဲ့အင်အားကို ထုတ်သုံးစေဖို့အကောင်းဆုံးနည်းလမ်းပဲ ဒီလိုတိုးတောင်းတဲ့တိုက်ပွဲကြီးထဲမှာ မင်းတို့တစ်ယောက်နဲ့တစ်ယောက် ဘယ်လောင်ပေါင်းစည်းနိုင်စွမ်းရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရတယ် ..ဒါ့အပြင် တစ်ယောက်ချင်းဆီရဲ့စွမ်းအားတွေတင်မက စိတ်ပိုင်ဆိုင်ရာပြောင်းလဲမှုတွေကိုပါ မြင်ရနိုင်တယ်..တရားမျှမျှတတလုပ်ဆောင်ရင်း စိတ်အခြေအနေကလဲ အများကြီးတိုးတက်လာလိမ့်မယ်..ဒါတွေက လုံး၀အရေးမကြီးတဲ့ကိစ္စတွေပဲ အကယ်၍ မင်းတစ်ယောက်ယောက်ရဲ့ အကူအညီကို လိုချင်တယ်ဆိုရင် အဲ့ဒီလူတွေနဲ့ ဆက်ဆံရေးကောင်းဖို့ လိုအပ်တယ်..ဒါပေါ့ မင်းကိုယ်တိုင်လဲ လုံလောက်တဲ့အစွမ်းအစရှိရဦးမယ်လေ ဒါပေမယ့် တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမလုပ်နိုင်တဲ့သူက မအောင်မြင်တဲ့လူပဲ ”

” ဒီလိုတိုက်ပွဲကြီးက အတွင်းနယ်မြေထဲမှာဆိုရင် အမြဲတမ်းဖြစ်နေကြအရာပဲ မင်းတို့အနေနဲ့ အခြေအနေကို လိုက်လျောညီထွေးဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင် အတွင်းနယ်မြေရဲ့ တပည့်သားဖြစ်လာဖို့ ဘယ်လိုအရည်အချင်းကို မင်းတို့ပိုင်ဆိုင်မှာလဲ။ ဒါ့အပြင် အတွင်းနယ်မြေရဲ့တပည့်သားတွေ ရင်ဆိုင်လေ့ရှိတဲ့ အခက်အခဲဆုံးအခြေအနေက ဘာလဲမင်းတို့သိလား..တစ်ခေါက်မှာအတွင်းနယ်မြေရဲ့ တပည့်သားဆယ့်နှစ်ယောက်က ဆရာတွေမရှိတဲ့အချိန် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်နဲ့ ကြုံတွေ့ခဲ့ရတယ်…သူတို့ထဲမှာ ရှစ်ယောက်ကတိုက်ပွဲထဲမှာတင် သေဆုံးခဲ့တယ် ..ဒါပေမယ့် လေးယောက်ကတော့ အခုအသက်ရှင်နေကြပြီ အတွင်းနယ်မြေရဲ့ တပည့်သားတွေထဲမှာ ထိပ်ဆုံးနေရာကို ရောက်နေပြီ သူတို့ထဲမှာတစ်ယောက်က အဲ့ဒီနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ ၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးတွေကိုတောင် ရရှိထားတယ်…မင်းတို့အမျက်ဒေါသကျောင်းတော်မှာ သင်ကြားနေရရုံနဲ့တင် အရာအားလုံးက အဆင်ပြေသွားမယ်လို့ မှားယွင်းပြီထင်မနေကြနဲ့ အကယ်၍ မင်းတို့ပိုပြီး သန်မာချင်တယ်ဆိုရင် သေရေးရှင်ရေးအခြေအနေတွေကို ကျောင်းထဲမှာတောင် အကြိမ်ကြိမ်ရင်ဆိုင်ရမှာပဲ ”

အကြီးအကဲရွှမ်ရဲ့အသံက အရမ်းကို ငြိမ်သက်လွန်လှပါတယ်။ သူ့ရဲ့စကားတွေက ကြောက်စရာကောင်းတဲ့စိတ်၀ိညာဥ်စွမ်းအားတွေအပြည့် ပါ၀င်နေခဲ့ပြီ တပည့်သားတွေရဲ့ နှလုံးသားထဲကို တူတစ်ချောင်းလိုမျိုး ပြင်းပြင်းထန်ထန် ရိုက်နှက်လို့နေခဲ့တယ်။

” မင်းတို့အနေနဲ့ အပြင်နယ်မြေရဲ့အဓိကအတွင်းတပည့်သားဖြစ်လာရုံလောက်နဲ့တင် အတွင်းနယ်မြေကို ၀င်နိုင်နေမယ်လို့ တွေးမနေကြနဲ့တော့ အကယ်၍ မင်းတို့အနေနဲ့ အဲ့ဒီလိုအတွင်းနယ်မြေကို ၀င်နိုင်မယ်ဆိုရင်တောင် ဒီလိုမျိုးသေရေးရှင်ရေးအနေအထားမျိုးနဲ့ စမှတ်ကိုမစတင်ခဲ့ပဲ ကြီးမားတဲ့ကိစ္စတစ်ခုကို လုပ်ဆောင်နိုင်မယ်လို့ တွေးမထားနဲ့ အတွင်းနယ်မြေရဲ့ တပည့်သားတွေအနေနဲ့ ပထမဆုံးသိထားသင့်တဲ့အရာကဘာလဲသိလား…ဒါကသူတို့အနေနဲ့ သေရေးရှင်ရေးအခြေအနေတွေကြားမှာ ဘယ်လိုရှင်းသန်ရမလဲဆိုတာကို သင်ကြားဖို့အတွက် ဘ၀ကိုမြုပ်နှံဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ မဖြစ်နိုင်တဲ့အရာကို ဖြစ်အောင်လုပ်မှသာ မင်းတို့အနေနဲ့ အောင်မြင်နိုင်လိမ့်မယ်..ဒါ့အပြင် သေရေးရှင်းရေးအခြေအနေတွေကြားမှာ ရှိရှိသမျှအရာအားလုံးကို ပြစ်ချထားခဲ့လိုက်တော့ ဒါမှသာ မင်းတို့အနေနဲ့ ထိပ်တန်းကို ရောက်လာနိုင်လိမ့်မယ်..မင်းတို့ရဲ့မိသားစုပဲဖြစ်စေ တခြားဘယ်အရာတွေကိုပဲဖြစ်စေ အတွင်းနယ်မြေရဲ့ တပည့်သားဖြစ်လာပြီဆိုတာနဲ့ အဲ့ဒါတွေက အရေးမကြီးတော့ဘူး..မင်းတို့အနေနဲ့ ကျောင်းတော်ရဲ့တကယ်စစ်မှန်တဲ့ အဖွဲ့၀င်တစ်ယောက်အဲ့ဒီအချိန်မှာသာဖြစ်လာလိမ့်မယ်..မင်းရဲ့ဘ၀တစ်လျှောက်လုံးမှာ အမျက်ဒေါသကျောင်းတော်ရဲ့ အမှတ်အသားကို သယ်ဆောင်သွားခဲ့ရမယ်..တစ်ချိန်ထဲမှာပဲ နေ့စဥ်နေ့တိုင်း သေစေနိုင်လောက်တဲ့ အ​န္တရာယ်တွေကိုကြုံတွေ့ရလိမ့်မယ်..အချိန်မရွေးမင်းတို့အသက်ပျောက်သွားနိုင်တယ်ဆိုတာကိုလဲ သိထားမှဖြစ်မယ်..အပြင်နယ်မြေမှာရှိတဲ့အချိန် မင်းတို့ရဲ့ လုံခြုံစိတ်ချရမှုက အရမ်းကိုအာမခံချက်အပြည့်ရှိနေတယ်..ဒါပေမယ့် အတွင်းနယ်မြေထဲကိုသာ ရောက်သွားခဲ့မယ်ဆိုရင် ကြောက်စရာကောင်းလောက်တဲ့ စမ်းသပ်ချက်တွေအားလုံးကို အမျိုးမျိုးရင်ဆိုင်ရမှာပဲ ”

” ငါတို့ကျောင်းတော်အနေနဲ့ တိုက်ကြီးတစ်ခုလုံးမှာ နံပါတ်တစ်ကျောင်းတော်ဖြစ်လာအောင် ဘယ်လိုလုပ်နိုင်ခဲ့လဲဆိုတာ မင်းတို့သိကြလား နှစ်ပေါင်းတစ်သောင်းလုံးလုံး လုံး၀ကို ကျရှုံးမသွားပဲအပေါ်ကို တက်လာတာဘာကြောင့်လဲသိလား အဲ့ဒါအတွင်းနယ်မြေရဲ့တပည့်သားတွေရဲ့ ကြိုးစားအားထုတ်မှုကိုပဲ ကျေးဇူးတင်ရမှာပေါ့ အတွင်းနယ်မြေထဲမှာ တပည့်သားငါးဆယ်ကျော်ရောက်ရှိဖို့ဆိုတာ အရမ်းရှားပါးတဲ့ကိစ္စပဲ ဘာကြောင့်လဲဆိုတော့ နှစ်တိုင်းမှာ လူတွေကအမြဲသေဆုံးကြတယ်လေ..ကောင်းပြီ အခုမင်းတို့မှာ တခြားမေးခွန်းရှိသေးလား ”

အကြီးအကဲရွှမ်ရဲ့အသံက စကားအဆုံးသတ်ချိန်မှာ တခြားအချိန်ကာလတွေထက် ပိုပြီးအေးစက်လာခဲ့ပါတယ်။ သူ့ရဲ့မိန်းခွန်းအရ အပြင်နယ်မြေရဲ့အတွင်းတပည့်သားတွေလဲ အတွင်းနယ်မြေရဲ့တပည့်သားတွေ ကြုံနေရတဲ့ဘ၀ကို ပထမဆုံးအကြိမ်အနေနဲ့ စတင်ပြီသိရှိလာပါတော့တယ်။ ဒါက သူတို့ကိုမျှော်လင့်ချက်မရှိစေခဲ့ပါဘူး။ ဒါပေမယ့် အားလုံးရဲ့နှလုံးသားကို ဆူပူစေခဲ့သလို ကျောင်းတော်ရဲ့တည်ရှိမှုအတွက် ပတ်သက်ပြီ ပိုလေးနက်တဲ့ခံစားချက်ကို ရရှိလို့သွားစေခဲ့တယ်။

အခုအချိန်မှာ အစောပိုင်းတုန်းက ခံစားခဲ့ရတဲ့မကျေနပ်ချက်တွေအားလုံးက လေထဲမှာပျောက်ကွယ်သွားခဲ့ပါပြီ။နောက်ဆုံးတော့လဲ အခုထုတ်ပယ်ခံလိုက်ရတဲ့ ကျောင်းသားတွေအားလုံးက ခေါင်းငုံ့ရင်းနဲ့ ၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေကနေ တစ်ယောက်ပြီတစ်ယောက် ထွက်ခွာလို့သွားခဲ့ပါတယ်။ အကြီးအကဲရွှမ်ပြောလိုက်တဲ့ စကားတစ်ခွန်းချင်းဆီတိုင်းက သူတို့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းနေရာယူထားခဲ့ပါပြီ။ ဒါမျိုးကို တစ်ဘ၀တာလုံး မေ့တော့မှာမဟုတ်ပါဘူး။

၀မ်ယန်က အကြီးအကဲရွှမ်ကို အလေးအနက်ဦးညွတ်ရင်းနဲ့ ပြောလိုက်ပါတယ်။

” တပည့်သားတွေအားလုံးကို အရေးကြီးတဲ့သင်ခန်းစာသင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

အကြီးအကဲရွှမ်က သူ့ရဲ့အရက်ကိုမော့လိုက်ရင်း ပြောလာခဲ့တယ်။

” လောကကြီးလှည့်ပတ်နေတဲ့အကြောင်းကို ငါရှင်းပြရုံသက်သက်ပါပဲ ”

ဒီတစ်ကြိမ်မှာ သူ့ရဲ့မျက်လုံးတွေက မျက်ရည်ရစ်၀ဲနေခဲ့တယ်ဆိုတာကို ရှုပ်ပွနေတဲ့ဆံပင်တွေကြောင့်ပဲ ဘယ်သူကမှ သတိမထားမိခဲ့ပါဘူး။

အတွင်းနယ်မြေရဲ့ တပည့်သားဆယ့်နှစ်ယောက် အဲ့ဒီနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ကို တစ်ယောက်ထဲရင်ဆိုင်နေချိန်မှာ သူကဦးဆောင်သူဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျောင်းသားရှစ်ယောက်က အဲ့ဒီတိုက်ပွဲကြီးမှာ သေဆုံးခဲ့ရတယ်။ ကျောင်းတော်ရဲ့သမိုင်းတစ်လျှောက်လုံးမှာ ၀မ်းနည်းစရာအကောင်းဆုံးနဲ့ သူရဲကောင်းအဆန်းဆုံးမှတ်တမ်းတစ်ခုအဖြစ်တော့ ကျန်ရှိခဲ့ပါတယ်။ အခုအချိန်ထိတောင် အကြီးအကဲရွှမ်က သူ့ကိုယ်သူ ဒီကိစ္စအတွက် အပြစ်တင်လို့မဆုံးနိုင်သေးပါဘူး။ အဲ့ဒီအချိန်ကနေစပြီ သူနေ့စဥ်နေ့တိုင်းအရက်ကို အများကြီးသောက်ပါတယ်။ ဒါ့အပြင် အတော်ကြီးကို စိတ်ပျက်လို့အားလျော့သွားခဲ့ရတယ်။ တစ်ချိန်တုန်းက ကျောင်းတော်ရဲ့နံပါတ်တစ်မဟာပညာပါရမီရှင် ဖြစ်ခဲ့တဲ့သူက လုံး၀ကို အပျက်အစီးတွေကြားထဲ ရောက်ရှိလို့သွားခဲ့ရတယ်။ ပုံမှန်အချိန်မှာ သူက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ ကျောင်းအုပ်နေရာကို ယူရမှာဖြစ်သလို ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ဆရာသခင်ဖြစ်လာရမှာပါ။ ဒါပေမယ့် သူ့ရဲ့အခြေအနေတွေကြောင့် ပင်လယ်နတ်ဘုရားခန်းမဆောင်ကလဲ အကြီးအကဲမုရဲ့အမိန့်အာဏာအောက်မှာ ကျန်ရှိနေခဲ့ပါတယ်။

နှစ်ပေါင်းများစွာကုန်ဆုံးသွားတာတောင် သူခံစားနေခဲ့ရတဲ့နာကျင်မှုက နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းတိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဘယ်သူကမှ ဒီကိစ္စအတွက် သူ့ကိုအပြစ်မတင်ခဲ့ပါဘူး။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ သူကိုယ်သူ ခွင့်မလွှတ်နိုင်ပဲ ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင် ၀မ်သုန့် ရှောင်းရှောင်း ပေ့ပေ့ ဟယ့်ချိုက်ထို့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့သာ ဒီနယ်မြေကြီးထဲမှာ ကျန်ရစ်ခဲ့တော့တယ်။ သူတို့ခုနှစ်ယောက်စလုံးကတော့ တိတ်တဆိတ်သာရပ်နေခဲ့ပါတယ်။ ဘယ်သူကမှလဲ အကြီးအကဲရွှမ်ကို သွားပြီမနှောင့်ယှက်ကြပါဘူး။ အတော်ကြီးကို ၀မ်းနည်းစရာကောင်းတဲ့ အခြေအနေကြောင့် သူတို့ရိုက်ခတ်ခံနေခဲ့ရလို့ပါ။ လက်ရှိအချိန် နှလုံးသားကတော့ အတော်ကို လေးလံနေခဲ့ကြပါပြီ။ အခုအချိန်ထိ ကျောင်းတော်ရဲ့ ဂုဏ်သတင်းဆိုတာက အပြင်နယ်မြေကျောင်းတော်သားတွေနဲ့ ဘာမှဆိုင်ခဲ့တဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့်လဲ လူတော်တော်များများက ထူးဆန်းနေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အဲ့ဒီလိုကျောင်းတော်ရဲ့ ဂုဏ်သတင်းက ဘာကြောင့်များအတွင်းနယ်မြေနဲ့သာ သီးခြားသက်ဆိုင်နေမှန်း သူတို့နားလည်သွားကြပါတော့တယ်။ အတွင်းနယ်မြေရဲ့တပည့်သားတွေက သူတို့ရဲ့ သွေးတွေချွေးတွေအားလုံးကို အသုံးပြုရင်း အောင်မြင်မှုကို တည်ဆောက်ခဲ့ပြီ ကျောင်းတော်ကိုတောက်ပစေတာပါ။ လက်ရှိအချိန်မှာ အားလုံးရဲ့ နှလုံးသားထဲမီးလျှံတစ်ခုက စတင်တောက်ပနေခဲ့ပါပြီ။ ဒါကတော့ နှလုံးသားမီးလျှံပါပဲ။ သူတို့အနေနဲ့ တစ်နေ့မှာအတွင်းနယ်မြေရဲ့ တောက်ပမှုကိုအစိတ်အပိုင်းတစ်ခုအထိ တိုးမြင့်ပေးနိုင်ဖို့ မျှော်လင့်နေခဲ့ကြပါတယ်။

ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့က ပဥ္စမနှစ်ကျောင်းသားတွေ ဖြစ်နေခဲ့ပါပြီ။ သူတို့တွေအားလုံးလဲ အလေးအနက်စဥ်းစားနေခဲ့ပါတယ်။ အတွင်းနယ်မြေကို ၀င်ဖို့အတွက် အတော်ကိုနီးကပ်နေခဲ့ကြလို့ပါ။

အကြီးအကဲရွှမ်က သူတို့ခုနှစ်ယောက်ကိုကြည့်ရင်း ပြောလိုက်ပါတယ်။

” မင်းတို့အားလုံးအမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်အကြောင်း ကြားဖူးတယ်မဟုတ်လား ငါတို့ကျောင်းရဲ့အရှေ့တံခါးမှာ ရုပ်ထုတွေရှိနေတာကို တွေ့ကြရမှာပဲ သူတို့ရဲ့ ဂုဏ်သတင်းက မူလအခြေအနေမှာ ဘယ်လိုရရှိခဲ့လဲ မင်းတို့သိကြလား ”

ဒီတစ်ကြိမ်မှာ အကြီးအကဲရွှမ်ရဲ့စကားကို အားလုံးနားထောင်ဖို့သာ ရွေးချယ်လိုက်ပါတယ်။

” အဲ့ဒီအချိန်မှာ ရွှေသံမဏိတြိဂံခေါင်းဆောင်က ကျောင်းတော်ကိုစတင်ပြီ ဖန်တီးခဲ့တယ် ”

အကြီးအကဲရွှမ်က လေးနက်တဲ့အသံနဲ့ ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် ကျောင်းတော်မှာဆရာတွေအများကြီး မရှိခဲ့သလို ကျောင်းသားရဲ့အရေအတွက်ကလဲ ဆရာတွေထက်တောင် ပိုပြီးနည်းနေသေးတယ်..ဒါကြောင့် ကျောင်းတော်အနေနဲ့ ကျောင်းတော်ကမိစ္ဆာတွေကိုပဲ လက်ခံမယ်လို့ ပြောခဲ့ပြီ သန်မာလူတွေကို ဖယ်ရှားခဲ့တယ်…အဲ့ဒီနောက် ဒီစကားက ကျောင်းတော်ရဲ့ဆောင်ပုဒ်ဖြစ်လာတော့တာပဲ ဘယ်လိုပဲဖြစ်ပါစေ မိစ္ဆာတွေကိုရှာဖွေရတာက လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလေ..ဒါကြောင့်သာ မူလအမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်က ကျောင်းတော်စတင်ပြီ တောက်ပလာစေဖို့ အခွင့်အရေးဖြစ်လာခဲ့တာပဲ ”

” သူတို့အနေနဲ့ ဒီဂုဏ်ပုဒ်ကိုရခဲ့တာ အကြောင်းအရင်းတွေအများကြီးရှိတယ်။ သူတို့ထဲမှာ တစ်ယောက်က ကျောင်းတော်အဓိကအောင်မြင်မှုအတွက် ဖြစ်စေခဲ့တာမဟုတ်ဘူး။ အားလုံးရဲ့ပေါင်းစည်းမှုကြောင့်သာ မိစ္ဆာဆန်းဆန်း ပါရမီရှင်တွေအဖြစ်နဲ့ ကျောင်းတော်ကိုတောက်ပစေခဲ့တာပဲ ဒါ့အပြင် သူတို့တွေက အဲ့ဒီအချိန်မှာ ကျောင်းတော်မှာရှိခဲ့တဲ့ရှားရှားပါးပါး ကျောင်းသားပဲလေ အ​ရေးကြီးဆုံးအချက်ကတော့ ငါတို့ကျောင်းတော်ကျော်ကြားလာစေဖို့နဲ့ တိုက်ကြီးတစ်ခုလုံးရဲ့ ဂုဏ်သတင်းကို တည်ဆောက်စေနိုင်ဖို့အတွက်တိုက်ကြီးရဲ့၀ိညာဥ်ပညာရှင်ဗိုလ်လုပွဲမှာ သူတို့ယှဥ်ပြိုင်ခဲ့တာပဲ အဲ့ဒီပြိုင်ပွဲကြီးစတင်ချိန်မှာပဲ ဘယ်သူတွေကမှ ငါတို့ရဲ့ကျောင်းတော်အကြောင်း များများစားစားမတွေးခဲ့ဘူး။ ကျောင်းတော်ကလဲ မထင်မရှားရှိနေသေးတယ်လေ။ ဒါပေမယ့် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်က သူတို့ရဲ့အင်အားကိုအသုံးပြုပြီး ပြိုင်ဘက်တွေအားလုံးကို အနိုင်ယူရင်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တယ်။ ဗိုလ်လုပွဲမှာ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်က အင်အားကြီးတဲ့ သိုင်းပညာ၀ိညာဥ်ခန်းမဆောင်ကသူတွေပဲ ပြောရမယ်ဆိုရင် သူတို့တွေက သူတို့ရန်သူတွေထက် အားနည်းနေခဲ့တယ်လေ။ ဒါတောင် ဘိုးဘေးကြီးထန်စန်းရဲ့ ဦးဆောင်မှုအောက်မှာ အနိုင်ရခဲ့ကြတယ်။ အဲ့ဒီနေ့မှာ ဖြစ်တည်လာခဲ့တဲ့ အခြေခံက ငါတို့ကျောင်းတော်ကို နံပါတ်တစ်ဖြစ်လာအောင် စတင်ပြီအခြေစိုက်ခဲ့တာပဲ။ တစ်ချိန်ထဲမှာပဲ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ပထမမျိုးဆက်က စတင်ပြီ ကျော်ကြားလာခဲ့တယ် ”

” သူတို့ရဲ့ကျေးဇူးနဲ့ သူတို့ကြိုးစားအားထုတ်မှုတွေကြောင့် ကျောင်းတော်အနေနဲ့ ငါးနှစ်တစ်ကြိမ် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်အုပ်စုသစ်တွေကို ရွေးချယ်ကြတယ်..အဲ့ဒီခုနှစ်ယောက်က ကျောင်းတော်ကို ကိုယ်စားပြုပြီ တိုက်ကြီးရဲ့ပြိုင်ပွဲမှာသွားပြီယှဥ်ပြိုင်ရတယ်..ဒါ့အပြင် ကျောင်းတော်ရဲ့ အဆင့်တက်တဲ့စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီ ထိပ်တန်းနေရာကို ရောက်နိုင်ပြီဆိုရင် သူတို့တွေအနေနဲ့လဲ ၀ိညာဥ်လက်နက်တွေကို စတင်ပြီ အသုံးပြုကြရတယ်..လက်ရှိအချိန်မှာ ဒီကြီးမားတဲ့ကိစ္စကြီးက အရင်အချိန်တွေနဲ့ မတူတော့ဘူး ”

” မူလအခြေအနေမှာ နေလတိုက်က ငါတို့နိုင်ငံတော်ကြီးသုံးခုပေါင်းစည်းမှုကြောင့် အနာဂတ်မှာအနိုင်ရခဲ့တယ်…ဒါပေမယ့် ငါတို့နိုင်ငံတော်ကြီးတွေလဲ အရှုံးအများကြီးကြုံခဲ့ရတယ်လေ…အခုနှစ်တွေထောင်နဲ့ချီပြီ ဖြတ်ကျော်ခဲ့လာပြီးပြီ နေလနိုင်ငံတော်ကလဲ ၀ိညာဥ်လက်နက်အသစ်တွေကို အများကြီး လေ့လာလို့တိုးတက်အောင်လုပ်နေတယ်…ဒါကြောင့် သူတို့ရဲ့အင်အားကလဲ ဆက်တိုက်တိုးတက်လာနေတယ်..အဆုံးသတ်မှာ နိုင်ငံတော်ကြီးသုံးခုက ဘယ်လိုပဲနာမည်ခံပေါင်းစည်းနေခဲ့ပေမဲ့ ကွဲပြားတဲ့နိုင်ငံတော်တွေ ဖြစ်နေတုန်းပဲလေ သူတို့က တူညီနေတဲ့စိတ်ရှိမနေဘူး..နေလနိုင်ငံတော်ကလဲ မလှုပ်ရှားသေးလို့ပေါ့ အကယ်၍ သူတို့သာ လှုပ်ရှားလိုက်မယ်ဆိုရင် သေချာပေါက် အနိုင်ရအောင်အာမခံချက်ရှိမှပဲ လှုပ်ရှားလိုက်မယ်..ငါတို့ကျောင်းတော်အနေနဲ့ ဒီလိုမျိုးဆက်ပြီတည်မြဲနေသရွေ့ သူတို့လဲ အလောတကြီးတိုက်ခိုက်၀ံ့မှာမဟုတ်ဘူး ”

” ငါဒါတွေကိုပြောပြီအချိန်ဆွဲနေတာ မဟုတ်ဘူး…အကယ်၍ နေလနိုင်ငံတော်ကသာ တိုက်ကြီးတွေကို လွှမ်းမိုးချင်တယ်ဆိုရင် သူတို့အနေနဲ့ ကြယ်တာရာလော့နိုင်ငံတော် ထျန်းဟွမ်နိုင်ငံတော် သော့်လင်းနိုင်ငံတော်တို့ကို ရင်ဆိုင်ရရုံတင်မက ငါတို့ကျောင်းတော်ကိုပါ ရင်ဆိုင်ရမယ်ဆိုတာ သိနေခဲ့တယ်။ ဒါကြောင့် ငါတို့ကျောင်းတော်အနေနဲ့ နိုင်ငံတော်သုံးခုကို ပေါင်းစည်းပြီ အင်အားကိုထိန်းသိမ်းထားနိုင်ဖို့နဲ့ နေလနိုင်ငံတော်ရဲ့ ကျူးကျော်မှုကို ခုခံနိုင်ဖို့အတွက် သေချာပေါက် ပြင်ဆင်ထားရမယ်..ငါတို့မှာ စွမ်းအားအလုံအလောက်ရှိမှသာ နေလနိုင်ငံတော်ရဲ့ ထိပ်တန်းအဆင့်၀ိညာဥ်လက်နက်တွေကို ရင်ဆိုင်နိုင်မှာ ”

” လက်ရှိအချိန် နေလနိုင်ငံတော်က ငါတို့ကိုအင်အားအပြည့်နဲ့ မတိုက်ခိုက်၀ံ့တာ ငါတို့ရဲ့အင်အားကို သူတို့အပြည့်အ၀မသိသေးလို့ပဲ ဒါပေမယ့် ဆက်တိုက်စုံးစမ်းလေ့လာကြတဲ့ ဒီလိုမျိုးလေ့လာမှုမှာ အကောင်းဆုံးလုပ်နိုင်တဲ့နည်းလမ်းကတော့ တိုက်ကြီးတွေရဲ့ ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲဗိုလ်လုပွဲကြီးကို လာကြည့်ကြဖို့ပဲ ဒါကြောင့် လက်ရှိငါတို့ရင်ဆိုင်ရမဲ့ ပြိုင်ပွဲက နေလနိုင်ငံတော်ရဲ့ တော်၀င်လက်နက်အတတ်ပညာရှင်ကျောင်းတော်ပဲဖြစ်မယ်. ”

အပိုင်း ၆၂•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset