Chapter – 1.2 ” စိတ်ဝိညာဥ် မျက်လုံးပိုင်ရှင် လူငယ် ”
°°°
ဝိညာဥ်အင်အားရဲ့ အဆင့်တစ်နဲ့ တစ်ဆယ့်ကြားမှာရှိနေတဲ့သူတွေက ဝိညာဥ်ကျောင်းတော်သားရဲ့အဆင့်အောက်မှာသာ ရှိပါတယ်။ သိုင်းပညာဝိညာဥ်နိုးထလာပြီဆိုရင် သူတို့ရဲ့အတွင်းစိတ်ဝိညာဥ်စွမ်းအားက ပါရမီအရမူတည်ပြီ ဝိညာဥ်ပညာရှင်အထိကို ရောက်ရှိဖို့အတွက် အထောက်အကူပြုတယ်။ ဒါကြောင့် ပါရမီပိုကောင်းလေလေ မြန်ဆန်တဲ့ကျင့်ကြံနှုန်းရှိနိုင်လေပါပဲ။
အကယ်၍ အဆင့်တစ်ဆယ့် ဝိညာဥ်စွမ်းအားက ပထမဆုံးသိုင်းပညာဝိညာဥ်နိုးထချိန်မှာသာ ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ပါရမီအရှိဆုံးသူအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။ အဲ့ဒီလိုလူကို ဝိညာဥ်ပညာရှင် ပါရမီရှင်စစ်စစ်အဖြစ် သတ်မှတ်ကြပါတယ်။ ပါရမီရှင် ဝိညာဥ်ပညာရှင်တွေက သူ့ရဲ့ သိုင်းပညာဝိညာဥ်သာ အခြေအနေမဆိုးဘူးဆိုရင် အများကြီး အောင်မြင်မှုရရှိနိုင်တယ်။
ဟို့ယွိဟောင်က မြို့စားရဲ့ သားဖြစ်ပေမဲ့ သူ့မှာမြို့စားမင်းဆီကနေ အားကောင်းတဲ့ သိုင်းပညာဝိညာဥ်ကို အမွေဆက်ခံမရရှိခဲ့ပါဘူး။ အကယ်၍ သူ့မှာရှိခဲ့မယ်ဆိုရင် မြို့စားကတော်က သူ့ကို ဘယ်လောက်ပဲအမြင်မကြည်ပါစေ ဒီအကြောင်း သတင်းပို့ရမှာပါ။ ဒါဆိုရင် ဟို့ယွိဟောင်နဲ့ သူ့အမေရဲ့ ကံတရားကလဲ ပြောင်းလဲနိုင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်ရဲ့ သိုင်းပညာဝိညာဥ်မှာ ထူးခြားပြီ ရှားပါးတဲ့ အသွင်ပြောင်းမှုတစ်ခုက ဖြစ်ပေါ်လို့လာခဲ့တယ်။ သူက စိတ်ဝိညာဥ်မျက်လုံးကို ပိုင်ဆိုင်သူပါ။
သိုင်းပညာဝိညာဥ်တွေမှာ အဓိက ပုံစံခွဲကြီး ၂ မျိုးသာရှိပေမဲ့ အရမ်းက်ို ရှားပါးတဲ့ သိုင်းပညာဝိညာဥ်တွေလဲ ရှိနေခဲ့ပါတယ်။ ဒါကတော့ ခန္ဓာကိုယ်ဝိညာဥ်တွေပါ။ ဒီခန္ဓာကိုယ်ဝိညာဥ်တွေက လက်မောင်းတွေ ခြေထောက်တို့လို အစိတ်အပိုင်းတွေအဖြစ် သက်၀င်နိုးထကြတယ်။
ခန္ဓာကိုယ်ဝိညာဥ်တွေအားလုံးနီးပါးက သန်မာပေမဲ့ ထွက်ပေါ်လာနိုင်ချေက ရှားပါးလွန်းလှပါတယ်။ သူတို့ရဲ့ တည်ရှိမှုက ဝိညာဥ်သားရဲကောင်နဲ့ ပစ္စည်းဝိညာဥ်တွေထက်ပိုပြီး အားကောင်းတဲ့အပြင် ထိပ်တန်းမှာလဲ ရောက်နေခဲ့ပါသေးတယ်။ ဒါကြောင့် သူတို့ပေါ်လာချိန်တိုင်းမှာ တန်ဖိုးထားခံရတယ်။
ကံမကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်ရဲ့ သိုင်းပညာဝိညာဥ်က အဲ့ဒီလို ချွင်းချက်တစ်ခုဖြစ်နေခဲ့တယ်။ သူ့ရဲ့ သိုင်းပညာ၀ိညာဥ်က စိတ်ဝိညာဥ်မျက်လုံးဖြစ်တာကြောင့် သူမျက်လုံးထဲမှာ တည်ရှိနေခဲ့တာပါ။ ဒါ့အပြင် အရမ်းကို ရှားပါးတဲ့ စိတ်ဝိညာဥ်အမျိုးအစားဖြစ်တာကြောင့် သာမန်အခြေအနေမျိုးမှာဆိုရင် ဟို့ယွီဟောင်ကို သေချာပေါက် အများကြီး တန်ဖိုးထားကြပါလိမ့်မယ်။
ဒါပေမယ့် သူ့ရဲ့ တိုးတက်မှုကို တားဆီနေတာက အချက်နှစ်ချက်ရှိနေခဲ့တယ်။ သူစိတ်ဝိညာဥ်ကို နိုးထတဲ့ အချိန်မှာ အတွင်းစိတ်ဝိဥာဥ်စွမ်းအားက ပထမအဆင့်မှာသာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ပါရမီက အတော်ကို နုံနဲတဲ့အတွက် ကျင့်ကြံတဲ့အရှိန်နှုန်းကလဲ အတော်ကို နှေးကွေးနိုင်တယ်။ ဒုတိယအကြောင်းအရင်းကတော့ သေစေနိုင်လောက်တဲ့ အကြောင်းပြချက်တစ်ခုပါပဲ။ ဒီလိုမျက်လုံးမှာ တည်ရှိနေခဲ့တာကြောင့် ဒီအရာက သူ့ကို အချိန်မရွေးသေသွားစေလောက်တယ်။
ဝိညာဥ်ပညာရှင်တွေရဲ့ ကျင့်ကြံဆင့်မှာ အဆင့် တစ်ဆယ့်နေရာကိုရောက်တိုင်း ရပ်တန့်မှုတစ်ခု ဖြစ်ပေါ်လေ့ရှိတယ်။ အဲ့ဒီလို ရပ်တန့်မှုကနေ ကျော်လွှားနိုင်ဖို့အတွက် ဝိညာဥ်သားရဲကောင်ကို သတ်ပြစ်ဖို့လိုသလို ပစ္စည်းတွေကိုလဲ ဖျက်ဆီးပြစ်ဖို့လိုပါတယ်။ ဒါ့မှသာ အဆင့်ကျော်တိုးတက်ပြီ ဝိညာဥ်စက်ကွင်းတစ်ခုကို ရရှိနိုင်မှာပါ။
ဒီဝိညာဥ်စက်ကွင်းက အဆင့်ကျော်တိုးတက်မှုအတွက် လိုအပ်ရုံတင်မကပဲ ပညာရှင်ကိုလဲ စွမ်းရည်တစ်ခုပေးစွမ်းပါတယ်။ အဲ့ဒီစွမ်းရည်က ဝိညာဥ်ပညာရှင်ရဲ့ စွမ်းအားအရင်းအမြစ်တစ်ခုအဖြစ်ကို ပြောင်းလဲနိုင်တယ်။ ပေါင်းစည်းလိုက်မယ်ဆိုရင် ဒီအချက်နှစ်ခုစလုံးက ဟို့ယွီဟောင်အတွက် တစ်ဘ၀တာလုံးမှာ အောင်မြင်မှုမရအောင် တားဆီးနေသလိုပါပဲ။ ဒါပေမယ့် သူက မြို့စားမင်းရဲ့သား ဖြစ်နေခဲ့တာကြောင့် ရိုးရှင်းတဲ့နည်းလမ်းကို အသုံးပြုပြီ ကျင့်ကြံဖို့အခွင့်အရေးရလာခဲ့ပါတယ်။
မြို့စားအိမ်တော်ထဲမှာ တစ်ချို့အစေခံတွေရဲ့ ကလေးတွေကတောင် အဆင့်တစ်ဆယ့် ဝိညာဉ်အဖြစ်ကိုရောက်ရှိကြပြီး သိုင်းပညာဝိညာဥ်ကို နိုးထပြီး သုံးနှစ်အတွင်းမှာပဲ ဝိညာဥ်ပညာရှင်တွေ ဖြစ်ကုန်ကြပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ဒီနေ့မှာ အသက်ဆယ့်တစ်နှစ်အရွယ်ကို ရောက်ရှိခဲ့ပြီး ကျင့်ကြံတာ ငါးနှစ်ရှိပေမဲ့ ဝိညာဥ်အင်အားက အဆင့်တစ်ဆယ့်အထိကို အခုမှရောက်ခါစရှိသေးတာပါ။ ဒါ့အပြင် သူ့နဲ့ သက်တူရွယ်တူတွေထက် သုံးဆပိုပြီး ကြိုးစားခဲ့ပါတယ်။
သူအမေ သေဆုံးသွားပြီတဲ့နောက် ဟို့ယွိဟောင်က မြို့စားအိမ်တော်ထဲမှာ တစ်နှစ်တိတိနေခဲ့ပါတယ်။ ငယ်ရွယ်တုန်းဖြစ်တာကြောင့် မြို့စားအိမ်တော်ကနေ အလောတကြီးထွက်ခွာသွားမယ်ဆိုရင် သူ့မှာ၀င်ငွေရပေါက် ရလမ်းလဲ မရှိပါဘူး။ ဒါကြောင့် အမုန်တရားတွေအားလုံးကို ဖိနှိမ့်လို့ထားရင်း ကြိုးစားအားထုတ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့်သာ သူက သက်တူရွယ်တူတွေထက်အများကြီး ပိုပြီးရင့်ကျက်နေခဲ့တာပါ။
သူ့အမေက သူ့ကို ပြောဖူးခဲ့ပါတယ်။ ဒီလိုဘ၀နဲ့ လွှတ်နိုင်မဲ့တစ်ခုတည်သောအရာကတော့ ဝိညာဥ်ပညာရှင်ဖြစ်လာပြီ ထူးချွန်ဖို့ပါပဲ။ သာမန်ဝိညာဉ်ပညာရှင်သာဖြစ်လာခဲ့မယ်ဆိုရင်တောင် သူ့ရဲ့အဆင့်က သော့်လော့တိုက်ထဲမှာရှိတဲ့ သာမန်လူတွေထက်ပိုပြီး မြင့်မားနေဦးမှာပါ။
မနေ့တုန်းကပဲ သူ့ရဲ့ ဝိညာဥ်အဆင့်တစ်ဆယ့်အထိကိုရောက်အောင် ဟို့ယွီဟောင်က လုပ်နိုင်ခဲ့ပါတယ်။ ဒါက အရမ်းကို နုံနဲလွန်လှတဲ့ ပါရမီကြောင့်သာ ငါးနှစ်လုံးလုံးကြိုးစားပြီ ဒီအခြေအနေအထိကိုရောက်ရှိနိုင်ခဲ့တာပါ။ ဒါကြောင့် မြို့စားအိမ်တော်ကနေ သူထွက်ခွာဖို့ အစီအစဥ်ချခဲ့ပါတယ်။
ဝိညာဥ်စက်ကွင်းတစ်ခုကိုလဲ သူ လိုအပ်နေခဲ့တယ်။ အနိမ့်စားအဆင့် ဝိညာဥ်စက်ကွင်းဆိုရင်တောင် သူ့အတွက် အဆင်ပြေမှာပါ။ ဒီလိုနည်းနဲ့ ကိုယ်ပိုင်စွမ်းအားသာ ရလာခဲ့မယ်ဆိုရင် စစ်မှန်တဲ့ ဝိညာဥ်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်။
သော့်လော့တိုက်မှာ ဝိညာဥ်သားရဲကောင်တွေက သူတို့နေထိုင်တဲ့ သက်တမ်းအရေအတွက်အလိုက် အဆင့်ကို ပိုင်ဆိုင်ပါတယ်။ ဝိညာဥ်စက်ကွင်းတွေရဲ့ အင်အားကလဲ ဒီလိုသက်တမ်းနဲ့ အတော်လေးကို နီးနီးကပ်ကပ် ဆက်နွယ်နေခဲ့တယ်။
ပြောရမယ်ဆိုရင် ဝိညာဥ်သားရဲကောင်တွေကို ဆယ်နှစ်သားရဲကောင်၊ နှစ်တစ်ရာသားရဲကောင်၊ နှစ်တစ်ထောင်သားရဲကောင်၊ နှစ်တစ်သောင်းသားရဲကောင်၊ နှစ်တစ်သိန်းသားရဲကောင် ဆိုပြီးအဆင့်ဆင့်ခွဲခြားထားပါတယ်။ ဝိညာဥ်ပညာရှင်တွေက ဝိညာဥ်စက်ကွင်းတစ်ခုကို ရရှိဖို့တွက် သားရဲကောင်တွေကို ကိုယ်တိုင်သတ်ပြစ်ကြရတယ်။
ဟို့ယွိဟောင်လဲ ဒါကိုကောင်းကောင်းကြီး သိထားပါတယ်။ အကယ်၍ သူသာ မြို့စားအိမ်တော်ထဲမှာနေမယ်ဆိုရင် ဝိညာဥ်စက်ကွင်းတစ်ခုကို ရရှိဖို့အခွင့်အရေးရှိလာမှာမဟုတ်ပါဘူး။ အဲ့ဒီနေရာမှာ ဘယ်သူကမှ ကူညီမှာမဟုတ်မှန်း သိနေခဲ့ပါတယ်။ ဒါကြောင့်သာ မြို့စားအိမ်တော်က ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ အရမ်းကို အန္တရာယ်များတဲ့ အနေအထားမှန်းသိသလို သူ့အတွက် စိတ်ဝိညာဥ်သားရဲကောင်ရှာဖွေဖို့ ခက်ခဲမှန်း နားလည်နေခဲ့ပါတယ်။ နောက်ဆုံးတော့လဲ မွေးဖွားခါစ သိုးပေါက်တွေက ကျားတွေကို မကြောက်လန့်တတ်ဘူးမဟုတ်လား။
ဟို့ယွိဟောင်ကတော့ အဓိကလမ်းမကြီးဆီကိုမကြာခင်မှာပဲ ရောက်ရှိလို့လာခဲ့ပါပြီ။ မြောက်ဘက်အရပ်ဆီကို သူဆက်လျှောက်လာခဲ့ပါတယ်။ အသက်အရွယ်က အတော်လေးငယ်ရွယ်ပေမဲ့ ဝိညာဥ်စက်ကွင်းကိုရရှိဖို့အတွက် သူ အစောကြီးကထဲက ပြင်ဆင်လို့ထားခဲ့တယ်။
သူအ၀တ်အစားတွေ အပိုယူလာရုံတင်မကပဲ ရိက္ခာခြောက်တွေကိုပါ ယူလာခဲ့ပါသေးတယ်။ ဒါ့အပြင် အမေကြိုးကြိုးစားစား အလုပ်လုပ်ထားတဲ့ ပိုက်ဆံလေးတွေကိုလဲ သယ်ဆောင်လာခဲ့တယ်။ အိတ်ထဲမှာလဲ ဓားတစ်လက်ရှိနေပါတယ်။ အရေးကြီးဆုံးကတော့ တိုက်ကြီးအကြောင်းကိုဆွဲထားတဲ့ မြေပုံတစ်ခုပါနေခဲ့တာပါပဲ။
မြို့စားအိမ်တော်နဲ့ ကြယ်တာရာလော့မြို့တော် နှစ်ခုစလုံးက အင်ပါယာရဲ့ အနောက်နယ်မြေမှာ တည်ရှိခဲ့တာပါ။ ဟို့ယွီဟောင်က နေရာတစ်ခုကိုရွေးပြီဝိညာဥ်သားရဲကောင်ကို အမဲလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နေရာကတော့ နိုင်ငံတော်ရဲ့ အနောက်နယ်စပ်အစွန်းအဖျားမှာရှိတဲ့ မဟာကြယ်တာရာသစ်တောပါပဲ။ ဒါ့အပြင် အဲ့ဒီနယ်မြေမှာ ကျောင်းတော်တည်ရှိပါတယ်။ ဝိညာဥ်သားရဲကောင်တွေအများကြီးက သစ်တောထဲမှာနေထိုင်ပြီ အားလုံးကလဲ အသင့်အတင့်သာ ဖြစ်တယ်။ ဒါ့အပြင် သစ်တောအတွင်းထဲမှာကတော့ထူးခြားတဲ့ တည်ရှိမှုတွေ ရှိနေခဲ့ပါတယ်။
သစ်တောထဲကို ညွှန်ကြားပြသပေးမဲ့ဆရာ မပါပဲ အသက်ဆယ့်တစ်နှစ်အရွယ် ကလေးတစ်ယောက်၀င်သွားဖို့ စီစဥ်နေတဲ့အကြောင်းသာ သိကြမယ်ဆိုရင် လူတိုင်းကတော့ တအံ့တဩဖြစ်ကုန်ကြမှာပါ။ သူက သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို အထင်ကြီးလွန်းနေတယ်လို့ လူတွေက ပြောကြပါလိမ့်မယ်။ သင့်တော်တဲ့အရည်အချင်းမရှိပဲနဲ့ ဆယ့်နှစ်သက်တမ်းရှိတဲ့ ဝိညာဥ်သားရဲကောင်ကိုတောင် သူ တိုက်ခိုက်နိုင်မှာမဟုတ်ပါဘူး။
အဓိက လမ်းမကြီးက အတော်လေးကို ဖြောင့်ဖြောင့်တန်းတန်းရှိနေခဲ့ပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်လဲ ခပ်မြန်မြန်ပဲ လျှောက်လာနိုင်ခဲ့တယ်။ သူက ငယ်ရွယ်ပေမဲ့ အဆင့်တစ်ဆယ့်ဝိညာဥ်ကျောင်းတော်သား ဖြစ်နေခဲ့တာကြောင့် ခန္ဓာကိုယ် စွမ်းရည်က ပုံမှန်လူကြီးတွေထက်ကို အားကောင်းနေခဲ့တယ်။
အဝေးနေရာဆီကို လှမ်းမျှော်ကြည့်ရင်း ဟို့ယွိဟောင် ဆက်တိုက်လျှောက်လာနေခဲ့ပါတယ်။ အကယ်၍ သူ့ကိုသေချာကြည့်မယ်ဆိုရင် အပြာရင့်ရောင်မျက်၀န်းတွေက ပိုမို ကြည်လင်ပြတ်သားလာတာကို မြင်ရမှာပါ။ ဒါ့အပြင် အလင်းတန်းတစ်ချို့လဲ မျက်၀န်းထဲမှာ ဖြတ်ပြေးနေခဲ့ပါသေးတယ်။
စိတ်ဝိညာဥ်မျက်၀န်းတွေကို အသက်သွင်းပြီးချိန်ကနေစပြီ သာမန်လူတွေထက် ပိုသာလွန်တဲ့ အမြင်အာရုံကို ဟို့ယွိဟောင် ပိုင်ဆိုင်လာခဲ့ပါတယ်။ ဒါကြောင့် အနီးကပ်အကွာအဝေးမှာ သာမန်လူတွေမမြင်နိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို သူရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။ အဝေးကိုကြည့်မယ်ဆိုရင်လဲ သာမန်လူတွေမြင်နိုင်တဲ့ အကွာအဝေးထက်နှစ်ဆကို ပိုပြီး မြင်နိုင်ပါတယ်။
သူအမြင်အာရုံရဲ့အစွမ်း နဲ့ ဝိညာဥ်စွမ်းအားကို ပေါင်းစည်းလိုက်ချိန်မှာတော့ ထူးခြားတဲ့အပြောင်းအလဲတွေက ဖြစ်ပေါ်လာပါတော့တယ်။ ဒီအပြောင်းအလဲက သူ့အမေရဲ့စကားတွေကို ပိုပြီး ယုံကြည်မှုတိုးပွားလာစေခဲ့တယ်။ သေချာပေါက် သူဝိညာဥ်ပညာရှင်ဖြစ်မှရမှာပါ။
” အမေ ပြောဖူးတယ် အကယ်၍ ငါသာ ဝိညာဥ်စက်ကွင်းတစ်ခုရနိုင်မယ်ဆိုရင် ဝိညာဥ်ပညာရှင်တွေရဲ့ ထိန်းချုပ်မှုပုံစံကို ရနိုင်လိမ့်မယ်….ငါ့ရဲ့သိုင်းပညာဝိညာဥ်က မဆိုးပေမဲ့ ပါရမီက အရမ်းကိုနည်းလွန်းတယ်….ဒါကြောင့် သာမန်လူတွေထက်ပိုပြီး ကြိုးစားမှရမှာ ”
ဟို့ယွိဟောင်က အရှေ့ကိုဆက်တိုးလာရင်း သူ့ရဲ့စိတ်ထဲမှာတော့ စဥ်းစားလို့နေခဲ့ပါတယ်။ ဒါ့အပြင် ခြေလှမ်းတစ်လှမ်း လျှောက်လိုက်တိုင်းမှာ ဒီခိုင်မာတဲ့ ဆုံးဖြတ်ချက်က ပိုပြီး ပြတ်သားလို့လာခဲ့တယ်။ ရေဆာလာတဲ့အချိန်မှာတော့ စမ်းချောင်းကရေကိုသောက်ပြီ ဆာလာတဲ့အချိန်မှာတော့ သူ့နဲ့အတူတူ ယူလာခဲ့တဲ့ အခြောက်အခြမ်းတွေကိုသာ စားသုံးပါတယ်။ လမ်းခရီးမှာ ဆက်တိုက်အမြန်ခရီးမဆက်ပဲအစားစား ပြီး တစ်ခါတစ်ရံမှာတော့ ထိုင်ချရင်း တရားထိုင်နေခဲ့တယ်။ တကယ်တော့ တစ်ရက်အတွင်းမှာ မိုင်သုံးရာအကွာအဝေးကို သူသွားနိုင်ပြီဖြစ်ပေမဲ့ သူအသက်အရွယ်မှာ ဒါကတော့ အံ့ဩစရာတစ်ခုမဟုတ်ခဲ့ပါဘူး။
လက်ရှိအချိန် သူ့ရဲ့လက်ထဲမှာ ဝိညာဥ်ငွေပြား ခုနှစ်ခုနဲ့ ကြေးပြားငါးခုသာ ရှိပါတယ်။ ဒါကြောင့် အတော်လေးကို ချွေချွေတာတာ စားသုံးရလိမ့်မယ်။
သော့်လော့တိုက်နဲ့ နေလတိုက် နှစ်ခုရဲ့တိုက်ပွဲ ပြီးဆုံးသွားပြီတဲ့နောက် အပြောင်းအလဲတွေဖြစ်ခဲ့တာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပါပြီး လက်ရှိအချိန်မှာ အသုံးပြုတဲ့ငွေကြေးကလဲ လုံး၀ကို တူညီလို့သွားခဲ့ပါတယ်။ ဝိညာဥ်ရွှေပြားတစ်ပြားက ဝိညာဥ်ငွေပြား ဆယ်ပြားနဲ့ ညီမျှပါတယ်။ ဒါ့အပြင် ဝိညာဥ်ကြေးပြား အပြားတစ်ရာနဲ့လဲ ညီမျှပါတယ်။ ဟို့ယွိဟောင် ငယ်ငယ်တုန်းက မြို့စားအိမ်တော်ရဲ့ အပြင်ဘက်ဆီကို သူအမေက ခေါ်သွားခဲ့ပြီး ဆေးပင်တွေကိုခူး အသီးတွေကို ရှာဖွေရင်း ပုံမှန်ထက်စားရေးသောက်ရေးအဆင်ပြေအောင် လုပ်ကိုင်ပေးခဲ့ပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်ကလဲ အပင်တွေတော်တော်များများကို သိနားလည်ပြီ မှတ်မိနေခဲ့တယ်။ ဒါ့အပြင် သူလမ်းတစ်လျှောက်မှာ ယူလာတဲ့အခြောက်အခြမ်းတွေတင်မကပဲ သူသိထားတဲ့ အပင်တွေကိုလဲ စားသုံးခဲ့ပါသေးတယ်။
အပိုင်း ၁•၂ ပြီး၏။