အပိုင်း ၆၂•၂
” အစပိုင်းဆူပူမှုများ ”
°°°
၀ိညာဥ်ပညာရှင်ခြောက်ယောက်ထဲမှာ တိုက်ခိုက်ရေးသမားတွေက အရေးကြီးဆုံးပါပဲ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ရှိသူကတော့ အဓိကဖြစ်နေခဲ့တယ်။ သူက ပေ့ပေ့ရဲ့တိုက်ခိုက်မှုကို အဓိကခံယူနေခဲ့ရင်း သူ့အဖွဲ့သားတွေအတွက် အချိန်ဆွဲပေးနေခဲ့တာပါ။ ဒါပေမယ့် ၀ိညာဥ်ဘိုးဘေးတွေပါတဲ့အုပ်စုက အဲ့ဒီလောက်သန်မာနေမယ်လို့ သူ မတွေးထားခဲ့မိပါဘူး။ ၀ိညာဥ်စွမ်းရည်တစ်ခုပဲအသုံးပြုလိုက်ရုံနဲ့ သူက လွှင့်ထွက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ကျန်းနန်နန်က ညှာတာပေးခဲ့ပါတယ်။ သူမအနေနဲ့ စွမ်းအားကွာခြားချက်ကြောင့် သူလည်ပင်းကို အလွယ်လေးချိုးလိုက်နိုင်တယ်။ ဒါကြောင့် လေထဲမှာ လွှင့်သွားခဲ့ပေမဲ့ အကြီးအကဲရွှမ်ရဲ့ဘေးရပ်နေသူတွေဆီကို ရောက်ရှိလို့သွားခဲ့ပါပြီ။
ရှုစန်းရှီကလဲ ဒီအခြေအနေကို အသုံးချရင်းလှုပ်ရှားလိုက်ပါတယ်။ ပေ့ပေ့ရဲ့တခြားတစ်ဖက်ကို ၀င်ရောက်ပြီသူ့ရဲ့ ဒိုင်းကာကြီးကို အသုံးချရင်း အမြန်နှုန်းအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်နှစ်ယောက်နဲ့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်တို့ကို ထိန်းချုပ်လိုက်တော့တယ်။ ဒါ့အပြင် ပေ့ပေ့အနေနဲ့ တိုက်ခိုက်မှုအားလုံးကို အာရုံစိုက်ထားနိုင်ဖို့ သူလုပ်လိုက်တာပါ။ တစ်ချိန်ထဲမှာပဲ ပေ့ပေ့နဲ့ ၀ိညာဥ်အကြီးအကဲရဲ့ တိုက်ပွဲရလဒ်ကထွက်ပေါ်လာပါတော့တယ်။
ပေ့ပေ့ရဲ့မိုးကြိုးလက်သည်အောက်မှာ သူပြိုင်ဘက်က သုံးစက္ကန့်လောက်သာကြာမြင့်ပြီတဲ့နောက် အဲ့ဒီနောက် အကြီးအကဲရွှမ်ရဲ့ဘေးက သူ့အဖွဲ့သားဆီကို ရောက်ရှိလို့သွားခဲ့ပါပြီ။
အနောက်ဖက်မှာရှိနေခဲ့တဲ့ ၀ိညာဥ်ပညာရှင်တွေအနေနဲ့လဲ ဒီအတိုင်းထိုင်ပြီကြည့်မနေနိုင်ပါဘူး။ သူတို့ထဲမှာ အကြမ်းတမ်းဆုံးအဖွဲ့ကတော့ ထိုက်ဟွပင်းတို့ရဲ့ ယာယီအဖွဲ့ပါပဲ။
ဒါ့အပြင် နင့်ထျန်းရဲ့ ရတနာခုနှစ်သွယ်ဘုံကျောင်းက ရုတ်တရက်ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူ့ရဲ့အထောက်အပံ့ကြောင့် ထိုက်ဟွပင်း ရှဲ့ဟွမ်ယွဲ့ ၀ူဖုန်းနဲ့ ကျုးလုတို့ရဲ့ စွမ်းအားတွေက အဆင့်တစ်ဆင့်တက်သွားပါတော့တယ်။ သူတို့လေးယောက်က အရှေ့ကိုဆက်တိုက်ပြေး၀င်လာခဲ့ရင်း ဟို့ယွိဟောင် ၀မ်သုန့် ရှောင်းရှောင်းတို့ဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ ထိုက်ဟွပင်းနဲ့ ရှဲ့ဟွမ်ယွဲ့တို့ကလဲ ၀ူဖုန်းနဲ့ ကျုးလုတို့ကို ခေါ်ဆောင်လာပြီတိုက်ခိုက်ပါတယ်။
ဟို့ယွိဟောင်နဲ့ တခြားသူတွေအားလုံးက အနောက်မှာရှိနေခဲ့ပြီ ပေ့ပေ့နဲ့ ကျန်းနန်နန်က ဆက်တိုက်တိုက်ခိုက်နေဆဲပါ။ ရလဒ်အနေနဲ့ သူတို့ရဲ့အနောက်တန်းကလစ်ဟာနေခဲ့ပါတယ်။
ဟို့ယွိဟောင်ကလဲ တခဏတာရပ်တန့်နေခဲ့ပြီ ထိုက်ဟွပင်းနဲ့ ပြေး၀င်လာနေတဲ့သူတွေအားလုံးကို တောက်တောက်ပပကြီး ပြုံးပြလိုက်ပါတော့တယ်။ အဲ့ဒီနောက် များပြားပြင်းထန်တဲ့ အဖြူရောင်အလင်းတန်းတွေက သူတို့ကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ ဒါကတော့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကြောင့် တိကျသေချာနေခဲ့တဲ့ ပစ်မှတ်တွေ ဖြစ်ပေါ်လာနိုင်တာပါ။ ၀ိညာဥ်အလင်းတန်းတွေ အားလုံးက ထိုက်ဟွပင်းနဲ့ သူအဖွဲ့မှာရှိရှိသမျှ လူတွေအားလုံးရဲ့ လှုပ်ရှားမှုကို ဖုံးလွှမ်းလိုက်ပါတော့တယ်။
အဓိကအတွင်းတပည့်သားတွေထဲမှာ တကယ်တမ်းတိုက်ခိုက်ရေးစွမ်းအားနဲ့ အသန်မာဆုံးသူက ပေ့ပေ့လဲမဟုတ်ခဲ့သလို ရှုစန်းရှီလဲ မဟုတ်ခဲ့ပါဘူး။ အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တဲ့ ဟယ့်ချိုက်ထို့ပါပဲ။
၀ိညာဥ်ဧကရာဇ်အဆင့် ဖြစ်နေရုံတင်မက သူက လက်နက်တွေအများကြီးရှိနေခဲ့တာကြောင့် အဆင့်တူတွေထက်ကို အားသာချက်များနေခဲ့ပါတယ်။ ဒါ့အပြင် ဟယ့်ချိုက်ထို့က ဖန်းယွီရဲ့ ပထမဆုံးအမွေခံတပည့်သားပါပဲ။ ဒါကြောင့် သက်တူရွယ်တူတွေထဲမှာတောင် ၀ိညာဥ်လက်နက်ဖန်တီးမှုအပိုင်းမှာ သူလောက်နားလည်တဲ့သူမရှိခဲ့ပါဘူး။ ဒါကြောင့် ၀ိညာဥ်လက်နက်တွေရဲ့ အစွမ်းအစကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါပြီ။ သူ့ရဲ့၀ိညာဥ်လက်နက်တွေက အဆင့်တူ၀ိညာဥ်လက်နက်အတတ်ပညာရှင်ပြုလုပ်တာထက် အနည်းဆုံးနှစ်ဆယ့်ရာခိုင်နှုန်းလောက်တော့ ပိုသန်မာပါတယ်။
ရှုစန်းရှီကိုယ်တိုင်တောင် ဟယ့်ချိုက်ထို့နဲ့ အစွမ်းကုန်တိုက်ခိုက်ခဲ့ရမယ်ဆိုရင် အသက်ရှင်နိုင်ပါ့မလားဆိုတာ ယုံကြည်ချက်မရှိပါဘူး။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရချိန်မှာ အဆင့်တူ၀ိညာဥ်လက်နက်ပညာရှင်တွေတစ်ယောက်က လုပ်တာတစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ ပြိုင်ဘက်ကိုစွမ်းအားသုံးခွင့်မရှိနိုင်အောင် အကောင်းဆုံးကြိုးစားပြီ တားဆီးတိုက်ခိုက်တာပါပဲ။
ချက်ချင်းဆိုသလို ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့က စတင်ပြီ တိုက်ခိုက်မှုတွေကို ထုတ်လွှတ်ပါတော့တယ်။ ဟယ့်ချိုက်ထို့ကလဲ ဟို့ယွိဟောင်စိတ်၀ိညာဥ်စွမ်းအား ထောက်လှမ်းမှုအကြောင်းကို ရှင်းရှင်းလင်းလင်းသိနေပြီသားပါ။ ဒါကြောင့် သူ့ရဲ့ နည်းဗျူဟာကိုပြောင်းလဲလိုက်ပါတော့တယ်။ ဒါကြောင့်သာ သူတို့ရဲ့အနောက်တန်းကို စိုးရိမ်စရာမလိုတော့ပါဘူး။ အနည်းဆုံးတော့ အချိန်အတိုင်အတာတစ်ခုအထိပဲ ဘယ်သူကမှ ဟယ့်ချိုက်ထို့ရဲ့ ပစ်ခတ်နေတဲ့စွမ်းအားတွေအောက်မှာ အတားအဆီးကို ချိုးဖောက်နိုင်မှာမဟုတ်တာအသေအချာပါ။
လက်ရှိအခြေအနေမှာ သူ့အနေနဲ့လဲ အလောတကြီးအဝေးပြစ်တိုက်ခိုက်မှုတွေကို မလှုပ်၀ံ့ပါဘူး။ သူ့ရဲ့၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက အရမ်းကို ကြီးမားလွန်နိုင်ပါတယ်။ ၀ိညာဥ်စွမ်းအားမရှိတော့တဲ့ ၀ိညာဥ်လက်နက်ပညာရှင်တစ်ယောက်က အစွယ်မရှိတဲ့ကျားနဲ့အတူတူပါပဲ။
ရွေ့လျား၀ိညာဥ်လက်နက်တွေက ဟယ့်ချိုက်ထို့အတွက် စမ်းသပ်မှုလုပ်ဖို့သာ အဓိကထားထားပေးတာပါ။ ဒါကိုသာ သုံးလိုက်မယ်ဆိုရင် ဖန်းယွီအနေနဲ့ သူ့ကို ခွင့်လွှတ်မှာမဟုတ်ပါဘူး။
” ငါတို့တွေ မျဥ်းကြောင်းတစ်ကြောင်းလိုမျိုး သွားပြီတိုက်ခိုက်ကြမယ် ”
စတုတ္ထနှစ်ကျောင်းသားတစ်ယောက်က ခပ်မြန်မြန်ဆုံးဖြတ်ချက်ချရင်း အော်လိုက်ပါတယ်။ သူက ခုခံရေးအမျိုးအစား၀ိညာဥ်အကြီးအကဲပါပဲ။ ဒါကြောင့် လက်နှစ်ဖက်ကိုအရှေ့မှာ ယှက်လိုက်ပြီတဲ့နောက် ချက်ချင်းဆိုသလို ကြီးမားကြံ့ခိုင်လာစေပါတယ်။ ခရမ်းရောင်နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းက သူ့ခန္ဓာကိုယ်ပေါ်မှာ တောက်ပလာခဲ့ပြီ လက်မောင်းပေါ်မှာလဲ အကြေးခွံတွေက ပေါ်ထွက်လာပါတော့တယ်။ အဲ့ဒီနောက် ဟယ့်ချိုက်ထို့ရဲ့ တိုက်ခိုက်မှုတွေကို သူစတင်ပြီ တားဆီးလိုက်ပါပြီ။
သူတို့တွေ ပထမဆုံးအကြိမ်ပေါင်းစည်းပြီ အလုပ်လုပ်ရတာဖြစ်ပေမဲ့ အားလုံးကလဲ အပြင်နယ်မြေရဲ့ထိပ်တန်းကျောင်းသားတွေကြီးပါပဲ။ ဒါကြောင့် သတိပေးသံတစ်ချက်က သူတို့ရဲ့အစီအစဥ်တွေအားလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ကြောက်လန့်နေတဲ့ လူအုပ်စုကြီးက ခုခံရေး၀ိညာဥ်အကြီးအကဲရဲ့နောက်မှာ အစီအစဥ်ကျကျ မျဥ်းဖြောင့်တစ်ကြောင်းလိုမျိုးတန်းစီးရင်း ပြေး၀င်လို့လာခဲ့တယ်။
ဒီလိုခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်က ဟယ့်ချိုက်ထို့ကို မယှဥ်နိုင်ပါဘူး။ ဒါ့အပြင် သူ့အနေနဲ့ ဟယ့်ချိုက်ထို့ရဲ့တိုက်ခိုက်မှုတွေကို တခဏတာတော့ ခုခံနိုင်ပါတယ်။ သူလုပ်ဖို့လိုအပ်တဲ့အရာက ဟို့ယွိဟောင်တို့အနားကို သူ့လူတွေဦးဆောင်ရင်း ကပ်သွားဖို့ပါပဲ။
ဟယ့်ချိုက်ထို့ကတော့ ခြိမ်းခြောက်မှုအပြည့်နဲ့ တိုက်ခိုက်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် တခဏတာအတွင်း သူ့ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်ပါပြီ။ ရုတ်တရက်ဆိုသလို ခုခံနေတဲ့ ၀ိညာဥ်အကြီးအကဲရဲ့လမ်းပေါ်မှာ ကြီးမားတဲ့အိုးကြီးတစ်လုံးက ပေါ်လာပါတော့တယ်။ ဒီလိုမျိုးတစ်ခေါက်ထဲ အရှေ့ကိုတိုးထွက်လာနေခဲ့တာက တိုက်ခိုက်မှုတွေကို တောင့်ခံနိုင်စွမ်း လျော့ကျသွားစေခဲ့ပါတယ်။
ဟယ့်ချိုက်ထို့က စက်၀ိုင်းသဏ္ဍာန်နဲ့ တိုက်ခိုက်မယ်ဆိုရင်တောင် အဲ့ဒီတိုက်ခိုက်မှုရဲ့ စွမ်းအားက အတော်ကိုလျော့ကျသွားခဲ့မှာပါ။ ဒါပေမယ့် အရှေ့ကိုထိုးတက်လာနေတဲ့ အဖွဲ့မှာလဲ အားနည်းချက်ရှိနေခဲ့ပါတယ်။ ဥပမာအားဖြင့် အခုလိုအခြေအနေပါပဲ။ အရှေ့ဆုံးမှာရှိတဲ့လူသာတားဆီးခံလိုက်ရမယ်ဆိုရင် အနောက်မှာရှိသမျှလူတွေအားလုံးလဲ ရပ်တန့်လို့သွားမှာပါ။ ဒါ့အပြင် အခုလိုလန့်စရာအခြေအနေမျိုးမှာ အနောက်ဖက်ကလူတွေလဲ တစ်ယောက်နဲ့တစ်ယောက်၀င်တိုက်မိနိုင်ပါတယ်။
အရှေ့ဆုံးမှာရှိနေတဲ့ သူတွေကတော့ မူးဝေနေခဲ့ပါပြီ။ ဒါ့အပြင် ပတ်၀န်းကျင်ကလဲ ဝေဝေ၀ါး၀ါးဖြစ်လာပါတော့တယ်။ ဟို့ယွိဟောင်က နောက်တစ်ကြိမ် စိတ်၀ိညာဥ်စွမ်းအား၀င်ရောက်စွက်ဖက်မှုကို သုံးလိုက်တာပါ။ ဒီစွက်ဖက်မှုက အသုံးမကျတဲ့စွမ်းရည်တော့မဟုတ်ခဲ့ပါဘူး။ အရမ်းအကျိုးရှိတာတော့မဟုတ်ပေမဲ့ မူးဝေမှုကအခြေအနေကို ပြောင်းလဲသွားစေတယ်။ ဒါ့အပြင် ဒီလိုမျိုးအစွမ်းအစရဲ့ ကြီးမားဆုံးအားသာချက်ကတော့ အသုံးပြုသူအနေနဲ့ ဘယ်လိုဆိုးကျိုးကိုမှ မခံစားရနိုင်တာပါပဲ။
ချက်ချင်းဆိုသလို အစီအစဥ်တကျ ရပ်တန့်နေကြတဲ့မျဥ်းဖြောင့်လိုမျိုး လူတန်းကြီးရဲ့ ဆန့်ကျင်ဖက်မှာ ကြီးမားတဲ့မျက်လုံးကြီးတစ်လုံးက ပေါ်လာပြီ ရွှေရောင်အလင်းတန်းတွေ ထုတ်လွှတ်ပါတော့တယ်။ တောက်ပတဲ့ လိပ်ပြာနတ်မိမယ်ကလဲ အဲ့ဒီမျက်လုံးကြီးကိုပွေ့ဖက်ရင်း ရွှေရောင်အလင်းတန်းတွေက လူတန်းကြီးဆီကို ရောက်ရှိလာခဲ့ပါပြီ။
ခရမ်းရောင် ရွှေရောင် အပြာရောင်အလင်းတန်းသုံးခု ပေါင်းစည်းထားတဲ့အလင်းတန်းကြီးက ဖြတ်သန်းသွားလာတဲ့နေရာတိုင်းမှာ အံ့ဖွယ်ရာမြင်ကွင်းတစ်ခုပေါ်လာစေခဲ့ပါတယ်။ အစီအစဥ်တကျရှိနေခဲ့တဲ့ တပည့်သားဆယ့်နှစ်ယောက်ကတော့ ချက်ချင်းဆိုသလို ရွှေရောင်တွေပတ်ဖြန်းကာခံလိုက်ရပြီ ရွှေရောင်အလင်းတန်းတွေရဲ့အောက်မှာ ကျရောက်လို့သွားပါတော့တယ်။
ဟုတ်ပါတယ်..သူက သူတို့တွေအားလုံးက အစပထမထဲကနေ ဟို့ယွိဟောင်ရဲ့အစီအစဥ်ထဲကို ရောက်ရှိလို့သွားခဲ့တာပါ။ စိတ်၀ိညာဥ်စွမ်းအားထိန်းချုပ်မှုပညာရှင်တစ်ယောက်ဖြစ်တဲ့သူက စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကို အသုံးပြုနေတာ ဘာမဟုတ်တဲ့ကိစ္စကြောင့် မဟုတ်ခဲ့ပါဘူး။ သူ့အနေနဲ့ တိုက်ပွဲတစ်ခုလုံးကို အသာအယာလေး ထိန်းချုပ်လို့ထားခဲ့တာပါ။
ထိုက်ဟွပင်း ရှဲ့ဟွမ်ယွဲ့ ၀ူဖုန်း နင့်ထျန်းနဲ့ သူ့ကိုရင်းနှီးတဲ့သူတွေကကော မရင်းနှီးတဲ့သူတွေအားလုံးပါ သူ့ရဲ့အစွမ်းအစအောက်မှာ ခြိမ်းခြောက်မှုကိုခံစားလိုက်ရပါတော့တယ်။
သူတို့ရဲ့အာရုံစိုက်မှုအားလုံးက ၀ိညာဥ်ဘိုးဘေးလေးယောက်ကိုသာ ရောက်ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်က ဒါကိုအားကိုးပြီ ဟယ့်ချိုက်ထို့ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ သူတို့ကို တစ်တန်းထဲဖြစ်အောင် မျှားခေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူနဲ့၀မ်သုန့်တို့က ပူးပေါင်းစွမ်းရည်တစ်ခုကို ဖန်တီးလိုက်ပြီ တစ်ချက်လေးတောင် မတွေဝေပဲ အသုံးချခဲ့ပါတယ်။
၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့ ၀ိညာဥ်ဧကရာဇ်တောင် သူတို့ကို မသတ်နိုင်ပဲ ထိခိုက်သွားခဲ့ပုံအရ လက်ရှိအချိန်မှာ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိနေတဲ့သူတွေက သူတို့ကို ဘာမှမလုပ်နိုင်မှန်း သိနေခဲ့ပါတယ်။
အခုတော့ရွှေရောင်ရုပ်ထုကြီး ဆယ့်နှစ်ခုက ရပ်နေခဲ့ကြပါပြီ။ အားနည်းတဲ့ကျင့်ကြံဆင့်နဲ့ ကျောင်းသားတွေထဲမှာ လန်ညီအစ်မနဲ့ ဟွမ်ချုထျန်းတို့လိုလူတွေ ပါ၀င်နေခဲ့ပါတယ်။ သူတို့ကတော့ အခြေအနေပိုပြီး ဆိုးရွားနေခဲ့တယ်။
လေထဲမှာရှိနေခဲ့တဲ့ အကြီးအကဲရွှမ်ကတော့ လက်ကိုဝှေ့ရမ်းရင်း အဖြူရောင်အလင်းတန်းနဲ့အတူ တောင့်ခဲနေတဲ့ကျောင်းသားတွေရဲ့ ခန္ဓာကိုယ်ပေါ်ကိုလွှမ်းခြုံလို့သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကျောင်းသားတွေအားလုံးကတော့ မြေပြင်ပေါ်ကို တစ်ယောက်ပြီတစ်ယောက် လှဲကျကုန်ကြပါပြီ။
၀ိညာဥ်စက်ကွင်းသုံးကွင်းရှိနေတဲ့ ကျောင်းသားတွေကတော့ အနည်းငယ်အခြေအနေပိုကောင်းပါတယ်။ သူတို့ရဲ့အ၀တ်အစားတွေက ဆုတ်ပြတ်နေခဲ့ကြပါပြီ။ သိုင်းပညာ၀ိညာဥ်တွေကလဲ ယာယီချိတ်ပိတ်ခံထားရတယ်။ ၀ိညာဥ်စွမ်းအားပမာဏတော်တော်များများကတော့ ရွှေရောင်လမ်းရဲ့တိုက်စားခံရမှုကြောင့် ကုန်ဆုံးလို့သွားခဲ့ရပါပြီ။ ဒါပေမယ့် ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိတဲ့ ၀ိညာဥ်မဟာပညာရှင်တွေအားလုံးကတော့ သတိလစ်ကုန်ကြပြီဖြစ်ပါတယ်။ အကြီးအကဲရွှမ်သာ အချိန်မီမထိန်းသိမ်းလိုက်ဘူးဆိုရင် သူတို့ရဲ့အသက်တွေတောင် အန္တရာယ်ရှိနိုင်ပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ သူတို့ရဲ့တိုက်ခိုက်မှုက ဒီလောက်တောင် အံ့အားသင့်စရာကောင်းသွားလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။ ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့ကလဲ သူတို့ရဲ့ပြိုင်ဘက်ခြောက်ယောက်ကို အခုမှဖယ်ထုတ်နိုင်ပြီသားဖြစ်ပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ တိုက်ပွဲနယ်မြေထဲမှာ သူတို့ခုနှစ်ယောက်သာ ကျန်ရှိတော့တယ်။
ဟယ့်ချိုက်ထို့ကလဲ ပါးစပ်အဟောင်းသားကြီးဖြစ်နေခဲ့သလို ပေ့ပေ့တို့အုပ်စုသုံးယောက်ကလဲ အတူတူပါပဲ။
၀ိညာဥ်ဘိုးဘေးလေးယောက်အနေနဲ့ သူတို့ရဲ့ စမ်းသပ်ချက်ဒီလိုအလွယ်လေး ပြီးဆုံးသွားမယ်လို့ မထင်မှတ်ထားခဲ့မိတာ အမှန်ပါ။ ဒါ့အပြင် တိုက်ပွဲရဲ့ကြောက်စရာအကောင်းဆုံးအဆုံးအဖြတ်လှုပ်ရှားမှုကို လုပ်လိုက်တာက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ပါပဲ။
ဒါ့အပြင် တစ်ဖက်အသင်းမှာလဲ ပေါင်းစည်းစွမ်းရည်ကို ထုတ်လွှတ်နိုင်တဲ့ အမွှာနှစ်ယောက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ တောက်ပမှုက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ တိုက်ခိုက်မှုအောက်မှာ လုံး၀ဖုံးလွှမ်းခံလိုက်ရတာပါ။
ထိုက်ဟွပင်းကတော့ လုံး၀စကားမပြောနိုင်အောင် ဖြစ်နေခဲ့ပါပြီ။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကို နောက်ဆုံးပြိုင်ပွဲမှာ ရှုံးနှိမ့်ခဲ့ပြီ သူအတော်လေးကို မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ သူ့ကိုယ်သူ ဟို့ယွိဟောင်တို့သုံးယောက်ထက် အများကြီးသာတယ်လို့ အမြဲတမ်းထင်နေခဲ့တာပါ။
ဒီတစ်ကြိမ်မှာသာ သုဝေ့လွမ်ရဲ့ အစောပိုင်းတွက်ချက်မှုနဲ့ သူတို့ရဲ့ပေါင်းစည်းစွမ်းရည်ကို ၀င်ရောက်တားဆီးပေးခဲ့မှုက ဘာကြောင့်လဲဆိုတာ သူနားလည်သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ဖန်တီးလိုက်တဲ့ ရွှေရောင်လမ်းက သူ့ရဲ့မြေအောက်ငရဲဘုံကျားဖြူမယှဥ်သာနိုင်တဲ့အရာပါပဲ။ ထိုက်ဟွပင်းအနေနဲ့ ဘာကြောင့်ဒီလိုဖြစ်မှန်း နားမလည်နိုင်ပေမဲ့ သူ့ရဲ့၀ိညာဥ်စွမ်းအားတစ်၀က်နီးပါးအငွေ့ပျံသွားတာကို တွေ့ကြုံပြီတဲ့နောက် သူလုံး၀ရှုံးသွားမှန်းသိသွားပါတော့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ တစ်ယောက်ကိုတစ်ယောက်သာ ကြည့်နေခဲ့တယ်။ အပျော်တွေကလွဲပြီ သူတို့မျက်လုံးထဲမှာ တခြားဘာများရှိနိုင်ဦးမှာလဲ။
ပေါင်းစည်းစွမ်းရည်အင်အားက သူတို့နှစ်ယောက်ရဲ့ နားလည်မှုကို ပိုပြီးတိုးပွားလာစေခဲ့ပါတယ်။ သူတို့ရဲ့ ရွှေရောင်လမ်းက မြေအောက်လောကကျားဖြူကို တိုက်ခိုက်ချိန်မှာ အင်အားမှာတော့ အများကြီးမသာလွန်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပေါင်းစည်းနိုင်စွမ်းကတော့ တစ်ရာခိုင်နှုန်းဖြစ်နေခဲ့တာကြောင့် သိုင်းပညာ၀ိညာဥ်တွေထဲမှာ အဆုံးစွန်းအထိ အားကောင်းတဲ့သိုင်းပညာ၀ိညာဥ်တွေထက်တောင် ပိုရှားပါးပါသေးတယ်။ ဘယ်သူကမှ သူတို့ကို ဒီအကြောင်းမမေးကြတာတစ်ခုပါပဲ။
သူတို့ရဲ့ကျင့်ကြံဆင့်တွေ မြင့်တက်လာတာနဲ့အမျှ ဒီပေါင်းစည်းစွမ်းရည်ကလဲ မြင့်တက်လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေကလဲ လေးထောင်နှစ်ရာအစွမ်းအစအထိကို မြင့်တက်လို့သွားခဲ့ပါပြီ။ ၀မ်သုန့်အနေနဲ့ကလဲ ၀ိညာဥ်အရိုးကို ရရှိလို့ထားခဲ့ပါတယ်။ သူတို့တွေ ခြုံခိုတိုက်ခိုက်ခံရချိန်နဲ့ ယှဥ်လိုက်မယ်ဆိုရင်တောင် ကျင့်ကြံဆင့်က နောက်တစ်ဆင့်ကိုပိုတက်နေခဲ့တယ်။ ဒါ့အပြင် ရွှေရောင်လမ်းကို စစချင်အသုံးပြုချိန်မှာ အနားယူရမဲ့အချိန်က သုံးရက်အထိ ကြာမြင့်ပါတယ်။ လက်ရှိမှာတော့ အဲ့ဒါထက်ကို ပိုလျော့သွားခဲ့ပါပြီ။
၀ိညာဥ်စွမ်းအားတွေက တစ်ခေါက်အသုံးပြုပြီတိုင်း အများကြီးကုန်ဆုံးလို့သွားခဲ့ပေမဲ့ ၀မ်သုန့်ရဲ့ လက်မောင်းရိုးကြောင့် ချက်ချင်းဆိုသလို စွမ်းအားကပြန်ပြည့်လို့လာခဲ့ပါတော့တယ်။ သူတို့တွေ လက်ချင်းချိတ်ထားရင်းနဲ့ အင်အားက အမြန်ဆုံးပြည့်နေခဲ့တာပါ။
အပိုင်း ၆၂•၂ ပြီး၏။