အပိုင်း ၆၂•၁
” အစပိုင်းဆူပူမှုများ ”
°°°
ဒီပရမ်းပတာတိုက်ပွဲကြီးက လူဆယ်ချီပါ၀င်နေပြီတဲ့နောက် ဘယ်လိုများတိုက်ခိုက်နိုင်မှာလဲ။
ဒါ့အပြင် ပါ၀င်ယှဥ်ပြိုင်သူတွေကလဲ ဒုတိယနှစ်ကနေ ပဥ္စမနှစ်ကထိ ဖြစ်နေခဲ့တာကြောင့် ကျင့်ကြံဆင့်ကလဲ ကွာခြားချက်ရှိနေခဲ့ပါတယ်။ ဒါမျိုးက အရေအတွက် ပေါင်းစည်းလိုက်တဲ့ လိုက်မီနိုင်တဲ့အရာမဟုတ်ပါဘူး။
အကယ်၍ လူငါးယောက်ခြောက်ယောက်ကသာ ပေ့ပေ့ ရှုစန်းရှီနဲ့ တခြားသူတွေကို တိုက်ခိုက်မယ်ဆိုရင်တောင် သူတို့ကို အနိုင်ရဖို့မလွယ်တာ အမှန်ပါ။ ဒါကြောင့် အားလုံးကလဲ တိုက်ပွဲစတာနဲ့ မဟာမိတ်ဖွဲ့ဖို့ကို စီစဥ်လိုက်ကြပါတယ်။
ဟို့ယွိဟောင်က တခြားပထမနှစ်ကျောင်းသားတွေနဲ့ အဖွဲ့မဖွဲ့ခဲ့ပဲ ပထမဆုံးအနေနဲ့ သူတို့ကောင်းကောင်းပူးပေါင်းနိုင်မဲ့သူတွေကိုသာ ရှာဖွေပါတယ်။ ပထမဆုံးအနေနဲ့ အတန်းနံပါတ်တစ်ကျောင်းသားတွေက သူတို့နဲ့ပူးပေါင်းဖို့မလွယ်ကူပါဘူး။ ဒုတိယနှစ်အနေနဲ့ အားလုံးက ဒုတိယနှစ်ကျောင်းသားတွေသာ ဖြစ်နေခဲ့တဲ့အတွက် ဒီလိုတိုက်ပွဲကြီးမျိုးမှာ ပေါင်းစည်းလိုက်ရင်း အနိုင်ရဖို့ ခက်ခဲသွားပါလိမ့်မယ်။
ဟို့ယွိဟောင်ကတော့ သူ့ရဲ့ဆရာတူအစ်ကိုကြီးအနားသွားဖို့သာ ရွေးချယ်လိုက်ပါတယ်။ အပင်ကြီးအောက်မှာနားတာက အကောင်းဆုံးပါ။
ပေ့ပေ့က ဟို့ယွိဟောင်ရဲ့ အကြံကိုနားလည်ပါတယ်။ ဒါကြောင့် သူအော်လိုက်တယ်။
” စန်းရှီ နန်နန် အတူတူ အလုပ်လုပ်ကြမယ် ”
သူတို့သုံးယောက်က ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ပဥ္စမနှစ်ကျောင်းသားတွေပါ။ ဒါကြောင့် သူတို့အတွက် တိုက်ခိုက်တာက အားလုံးထက်ပိုလွယ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဆက်ဆံရေးကလဲ အတော်ကိုခိုင်မာခဲ့တယ်။ ပေ့ပေ့နဲ့ ရှုစန်းရှီတို့က ပြိုင်ဘက်တွေလို လူတော်တော်များများက ထင်ခဲ့ကြတာပါ။ တကယ်တော့ သူတို့တွေက အရမ်းကိုခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေပါပဲ။ တစ်ချိန်ထဲမှာပဲကျန်းနန်နန်က သူတို့နဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးမရှိပေမဲ့ သူမအနေနဲ့လဲ ဆိုးရွားတဲ့ဆုံးဖြတ်ချက်ကို လုံး၀မချခဲ့ပါဘူး။ ဒါ့အပြင် သူက ထန်ယာ့ရဲ့သူငယ်ချင်းပါ။ အတော်လဲ ခင်ကြပါတယ်။
ဟို့ယွိဟောင်တို့အုပ်စုအပြင် တခြားကျောင်းသားတွေကလဲ အနီးအနားမှာရှိသူတွေအနေနဲ့ စတင်ပြီ အပေါင်းအဖော်လုပ်ဖို့ လုပ်ကြပါတယ်။ ထိုက်ဟွပင်း ရှဲ့ဟွမ်ယွဲ့နဲ့ ကျုးလုတို့ကတော့ အတူတူပေါင်းစည်းလိုက်ကြပါပြီ။ ဒါ့အပြင် ၀ူဖူန်းနဲ့ နင့်ထျန်းတို့ပါ ခေါ်လာခဲ့ပါတယ်။ ငါးယောက်အဖွဲ့ဖြစ်သွားခဲ့တယ်။ တတိယနှစ်နဲ့ စတုတ္ထနှစ် တခြားကျောင်းသားတွေကလဲ ကိုယ်ပိုင်အဖွဲ့တွေ ဖွဲ့လိုက်ကြပါပြီ။ လန်ညီအစ်မတွေကတော့ ဟွမ်ချုထျန်းနဲ့ ပူးပေါင်းပါတယ်။ တခြားတစ်ဖက်မှာ ကျိုးစီချန်နဲ့ ချိုက်ကျင်းရွှမ်တို့ကတော့ ဟို့ယွိဟောင်တို့နောက်ကိုလိုက်ရင်း ပေ့ပေ့အနားကိုရောက်လာခဲ့တယ်။ သူတို့နှစ်ယောက်က အရမ်းကိုလည်ကြပါတယ်။ ဟို့ယွိဟောင်က ကြောက်စရာကောင်းတဲ့ ပါရမီကိုထုတ်ဖော်ပြသခဲ့ပြီတာကြောင့် သူ့နောက်ကိုလိုက်မယ်ဆိုရင် လုံး၀အထိအခိုက်မရှိနိုင်မှန်း သိနေခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ သူတို့တွေက ၀ိညာဥ်ရှပ်ပြေးလိုလက်နက်မျိုးကို မပိုင်ဆိုင်ထားခဲ့ပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ နောက်ကိုမလိုက်နိုင်ပဲ ကျန်ရစ်ခဲ့ပါတော့တယ်။
ရှိနေသူတွေထဲမှာ အဖွဲ့မဖွဲ့ရသေးတဲ့သူတွေကတော့ ဟယ့်ချိုင်ထို့ပါပဲ။ သူတစ်ယောက်ထဲကသာ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေရဲ့ တပည့်သားလဲဖြစ်နေခဲ့ပါသေးတယ်။
တခြားကျောင်းသားတွေအားလုံးက အဖွဲ့ဖွဲ့လိုက်ကြပေမဲ့ သူကတော့ သံမဏိစက်ပစ္စည်းကြီးတစ်ခုလိုမျိုး အဲ့ဒီနေရာမှာသာ ရပ်နေခဲ့ကြတယ်။ ဒါ့အပြင် သူ့ရဲ့ ခန္ဓာကိုယ်ဘေးပတ်လည်မှာ သံသတ္ထုလိုမျိုး ပြွန်တွေအများကြီးက ပေါ်လာခဲ့ပါပြီ။ ကြောက်စရာကောင်းလောက်အောင် ဖြူကောင်ကြီးတစ်ကောင်နဲ့ တူနေခဲ့ပါတယ်။ သူ့မှာဘယ်လောက်ပဲ ပြွန်တွေများပါစေ ကြောက်စရာအကောင်းဆုံးအရာကတော့ သူ့ပုခုံးပေါ်မှာထမ်းထားတဲ့ လူပေါင်လုံးအရွယ်အမြောက်ကြီးနှစ်ခုပါပဲ။ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ကျောင်းတော်သားတွေထဲမှာ တချို့ကတော့ ရွေ့လျားရေး၀ိညာဥ်လက်နက်တွေကို မသိပေမဲ့ကြောက်စရာအငွေ့အသက်ကိုတော့ ခံစားမိပါတယ်။
ဟယ့်ချိုက်ထို့က ဖန်းယွီအနောက်ကိုလိုက်ပြီ သင်ကြားနေတာ အချိန်အတော်ကြာပါပြီ။ ဒါ့အပြင် ဖန်းယွီကိုယ်တိုင်က သူ့ကိုကျောင်းတော်ဆီ ခေါ်လာခဲ့တာပါ။ ကြီးမားတဲ့ ၀ိညာဥ်လက်နက်ကြီးတွေ သူ့ခန္ဓာကိုယ်ပေါ်မှာပေါ်လာပြီတဲ့နောက် အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းတို့က သူခြေထောက်အောက်မှာ တောက်ပလာပါတော့တယ်။ အထင်ကြီးစရာကောင်းလောက်အောင်ပဲ သူကလဲ ၀ိညာဥ်ဘိုးဘေးအဆင့်ပညာရှင်ဖြစ်နေခဲ့ပါပြီ။
သတ္ထုပြွန်တွေက သူ့ခန္ဓာကိုယ်ပေါ်ထွက်ထွက်လာပြီချင်ပဲ ဟယ့်ချိုက်ထို့က လူအများဆုံးရှိတဲ့နေရာကို စတင်တိုက်ခိုက်ပါတော့တယ်။
အလင်းတန်းအခုနှစ်ဆယ့်ကျော်က သူ့ခန္ဓာကိုယ်ပေါ်မှာတောက်ပလာခဲ့ပြီ အပြင်ဘက်ကို ပြေးထွက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ထွက်ပေါ်လာတဲ့ ၀ိညာဥ်စွမ်းအားတွေက ရှိရှိသမျှလူတိုင်းကို အံ့အားသင့်သွားစေပါတော့တယ်။
အဲ့ဒီအထဲမှာ ကျိုးစီချန်နဲ့ ချိုက်ကျင်းရွှမ်တို့နှစ်ယောက်ကတော့ ကံအဆိုးဆုံးပါပဲ။ သူတို့အနေနဲ့ ကြောက်စရာကောင်းတဲ့ အလင်းလုံးကြီးတွေကြောင့် အမြန်ဆုံးနှုန်းနဲ့ ခုန်ရှောင်ခဲ့လိုက်ရပါတယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်တစ်ခုရဲ့ တိုက်ခိုက်မှုဖြစ်တာကြောင့် လုံး၀ကို အချက်ပေးသံလဲ မပြခဲ့ပါဘူး။ ဒါ့အပြင် အားလုံးကလဲ လုံး၀ကို မျက်လုံးအပြူးသားဖြစ်နေခဲ့ကြပါတယ်။
သူတို့တွေ ထိတော့မဲ့အချိန်မှာခန္ဓာကိုယ်တွေ ရုတ်တရက်ပေါ့ပါးသွားတာကို ခံစားလိုက်မိရတော့တယ်။ ချက်ချင်းဆိုသလို ကောင်းကင်ပေါ်ထိုးတက်ပြီ တိုက်ပွဲစစ်မြေပြင်ရဲ့ မြင်ကွင်းက ပျောက်ကွယ်သွားတာကို မြင်လိုက်ရပါတော့တယ်။
” မင်းတို့နှစ်ယောက် ထုတ်ပယ်ခံရပြီ ”
ကျိုးစီချန်နဲ့ ချိုက်ကျင်းရွှမ်တို့ရဲ့ နှာခေါင်းထဲကို အရက်နံ့တွေက ၀င်လာပါတော့တယ်။ သူတို့လန့်စရာကောင်းလောက်အောင် ရှာဖွေတွေ့ရှိသွားတဲ့အရာကတော့ သူတို့တွေက အကြီးအကဲရွှမ်ရဲ့ဘေးလေထဲမှာ လွှင့်မျောလို့နေခဲ့ပြီ အလင်းတန်းတွေက တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့ထားပါတော့တယ်။
အောက်ဖက်မှာကတော့ ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကို ကြားနေခဲ့ရပါပြီ။
၀ိညာဥ်လက်နက်အခုနှစ်ဆယ့်ရဲ့အစွမ်းအစကအံ့ဩစရာကောင်းလွန်နေခဲ့တယ်။ ကြောက်စရာပေါက်ကွဲမှုတွေအောက်မှာ ကျိုးစီချန်နဲ့ ချိုက်ကျင်းရွှမ်တို့က တိုက်ရိုက်ထုတ်ပယ်ခံလိုက်ရပါပြီ။
ဟယ့်ချိုက်ထို့ကတော့ ဒီလိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ တခြားဘာအကြောင်းမှမဟုတ်ပါဘူး။ သူ့ရဲ့ညီငယ်လေးအတွက် လုပ်ဆောင်ခဲ့တာ ဒီလိုသာမလုပ်ခဲ့ဘူးဆိုရင် ဘာကြောင့်များသူ့ရဲ့ တိုက်ခိုက်မှုက ပြီးပြည့်စုံလောက်အောင် ကျိုးစီချန်နဲ့ ချိုက်ကျင်းရွှမ်ဆီတိုက်ရိုက် ရောက်ရှိသွားပါတယ်။ ဟို့ယွိဟောင်ကလဲ ဟယ့်ချိုက်ထို့ရဲ့မီးတွေ အကူအညီနဲ့ပေ့ပေ့တို့အုပ်စုဆီကို ရောက်ရှိလို့သွားခဲ့ပါပြီ။
” ဆရာတူအစ်ကိုကြီးဟယ့် ဒီဘက်ကိုလာ ”
ဟို့ယွိဟောင်က ဟယ့်ချိုက်ထို့ကိုလှမ်းပြီး အော်လိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့အထောက်အကူပြုစွမ်းအားကိုအသုံးပြုရင်း ၀ိညာဥ်စွမ်းရည်တွေထုတ်လွှတ်ပါပြီ။ ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက ရွှေရောင်အလင်းတန်းတွေ တောက်ပလို့လာခဲ့ပြီ ဆယ့်နှစ်၀ိညာဥ်ထောက်လှမ်းမှုနဲ့အတူတူ စတင်အလုပ်လုပ်ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့လှုပ်ရှားမှုက ၀မ်သုန့် ရှောင်းရှောင်း ပေ့ပေ့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့ကို လွှမ်းခြုံလို့သွားခဲ့တယ်။
သူတို့ခြောက်ယောက်မှာ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့နှစ်ယောက်ကတော့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို မကြုံဖူးသေးပါဘူး။ ဒါကြောင့် သူချက်ချင်းဆိုသလို လန့်သွားကြပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ကျင့်ကြံဆင့်မြင့်တက်လေလေ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက ပိုအားကောင်းလာလေပါ။ လက်ရှိအချိန် စစ်မြေပြင်တစ်ခုလုံးကို မဖုံးလွှမ်းနိုင်ခဲ့ပေမဲ့ အစိတ်အပိုင်းတော်တော်များများကိုတော့ ဖုံးလွှမ်းနိုင်ပါသေးတယ်။ သုံးဖက်မြေပုံရိပ်တွေက သူတို့စိတ်ထဲကိုရောက်ရှိလို့လာခဲ့ပါပြီ။ ဒါ့အပြင် ပတ်၀န်းကျင်ပြိုင်ဘက်တွေအားလုံး လှုပ်ရှားနေတဲ့ပုံစံတွေက သူတို့စိတ်ထဲကို တိုက်ရိုက်၀င်ရောက်လာပါတော့တယ်။ ဒီလိုမျိုး အရာအားလုံးကို အပြည့်အ၀ထိန်းချုပ်ထားနိုင်စွမ်းရှိတဲ့ ခံစားချက်မျိုးက ဘယ်၀ိညာဥ်ပညာရှင်မှ မငြင်းပယ်နိုင်တဲ့အရာမဟုတ်ပါဘူး။
ပေ့ပေ့က ဟို့ယွိဟောင်ကို လက်မထောင်ပြလိုက်ပါတော့တယ်။ အဲ့ဒီနောက်သူက အရှေ့ကိုခြေလှမ်းကျယ်ကြီးတွေနဲ့ လှမ်းသွားခဲ့ပါပြီ။ မြေပြင်ကိုညာဘက်ခြေထောက်နဲ့ အားပြုရင်း ကျယ်လောင်တဲ့အသံကျယ်ကြီးကို ထွက်ပေါ်လာစေလိုက်ပါတယ်။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က လျှပ်စီးနဂါးရဲ့အစွမ်းအစတွေနဲ့ ပြည့်နှက်လို့သွားပါတော့တယ်။
ရှုစန်းရှီလဲ အရှေ့ကို ရောက်ရှိလို့လာခဲ့ပါပြီ။ သူလဲ သူ့ရဲ့ဒိုင်းကာကြီးကို ထုတ်ယူလာလိုက်ပါတယ်။ ဒီလိုလုပ်လိုက်ချိန်မှာ သူ့အမူအရာက ထူးဆန်းလို့နေခဲ့တယ်။
” ပေ့ပေ့ မင်းငါဆီက ထူးဆန်းရေဆေးလုံးကို အနိုင်ယူသွားတာ ဒီအစွမ်းအစကိုသုံးထားတယ်မလား မင်းဘာကြောင့် အဲ့ဒီလောက် အစွမ်းထက်လာလဲ ငါအံ့ဩနေတာ မင်းလက်စသတ်တော့ မင်းငါ့ကိုလှည့်စားသွားတာပဲ ”
ပေ့ပေ့ကတော့ မကျေမနပ်ဖြစ်နေတဲ့ ရှုစန်းရှီကိုကြည့်ရင်း ထူးမခြားနားလေသံနဲ့သာ ပြန်ဖြေလိုက်ပါတယ်။
” ဘယ်လိုပဲဖြစ်ဖြစ် ငါညီငယ်လေး စားလိုက်ပြီးပြီ မင်းဘာလုပ်ချင်သေးလို့လဲ ”
” ဒီကိစ္စတွေပြီးမှ အဲ့ဒါကိုဆက်ပြီးရှင်းတော့မယ် ”
ရှုစန်းရှီက ဒေါသတကြီးနဲ့ ပြောလာခဲ့ပါတယ်။
ပေ့ပေ့ရဲ့ဘေးမှာ ရှုစန်းရှီနဲ့အတူတူ ရပ်နေခဲ့တာကတော့ ကျန်းနန်နန်ပါ။ တခြားတစ်ဖက်မှာ ဟယ့်ချိုက်ထို့ကတော့ ပေ့ပေ့ရဲ့အနောက်မှာရှိနေခဲ့ပြီ ရှောင်းရှောင်းနဲ့ ၀မ်သုန့်နှစ်ယောက်ကတော့ သူ့ဘေးနားမှာရှိနေခဲ့ပါတယ်။ နောက်ဆုံးနေရာမှာ ရှိနေတာက ဟို့ယွိဟောင်ပါပဲ။
” ငါတို့မှာ ခုနှစ်ယောက်ရှိတယ်..သေချာပေါက် ကွက်တိပဲ ”
ဟို့ယွိဟောင်ရဲ့အသံက လူတိုင်းရဲ့နားထဲကို ရောက်ရှိလို့သွားပါတယ်။ သူ့စကားတွေက ရှင်းရှင်းလင်းလင်းပါပဲ လူခုနှစ်ယောက်သာ စာမေးပွဲကိုအောင်မြင်နိုင်မှာပါ။ ဒါ့အပြင် သူတို့အဖွဲ့မှာလဲ လူခုနှစ်ယောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့် သေချာပေါက် ကွက်တိပါပဲ။ သူတို့အနေနဲ့လဲ ဒီတစ်ခေါက်တိုက်ပွဲမှာ လုံး၀အာရုံလွှင့်စရာအကြောင်းမရှိတော့ပါဘူး။
” အားလုံးလှုပ်ရှားကြ ”
ပေ့ပေ့က အော်လိုက်ပြီတဲ့နောက် အရှေ့ကိုပြေးထွက်သွားပါတော့တယ်။ သူက တိုက်ပွဲအတွေ့အကြုံအရမ်းများပြားတဲ့သူပါ။ ဒါ့အပြင် ၀ိညာဥ်ဘိုးဘေးလေးယောက်ပေါင်းစည်းထားတဲ့ အဖွဲ့အနေနဲ့ ဘယ်သူရဲ့အာရုံကိုမှ မဖမ်းစားနိုင်တာမဖြစ်သင့်တဲ့ကိစ္စပါပဲ။ တခြားတစ်ဖက်မှာ တခြားသူတွေက သူတို့ပေါင်းစည်းသွားတာကို သတိထားမိပြီးပြီချင် တန်ပြန်တိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်။ လက်ရှိအချိန်မှာ အားလုံးက အသာစီးရဖို့လုပ်ကြရတော့မှာပါ။
ဒါ့အပြင် ပြိုင်ဘက်တစ်ယောက်ချင်းဆီတိုင်းကလဲ အဓိကအတွင်းတပည့်သားတွေကြီးပါပဲ။ ဘယ်သူကမှလဲ ငတုံးတွေမဟုတ်ခဲ့ကြပါဘူး။ ပေ့ပေ့အရှေ့ ထွက်လာလာပြီချင်မှာပဲ စတုတ္ထနှစ်ရဲ့ တပည့်သားတစ်ယောက်က အော်လိုက်ပါတော့တယ်။
” အားလုံးပဲ အင်အားပေါင်းစည်းပြီ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ အဖွဲ့ကိုရင်ဆိုင်ရအောင် ”
၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ အဖွဲ့ဆိုတဲ့စကားက အားလုံးကိုစုစည်းစေဖို့ ထိရောက်စေပါတယ်။ ဒါ့အပြင်ကျန်ရစ်တဲ့ကျောင်းသားဆယ့်ရှစ်ယောက်ကလဲ ဒီလူရဲ့သတိပေးစကားကြောင့် အသိ၀င်လာပါတော့တယ်။ သူတို့တွေက ပေ့ပေ့တို့ရဲ့အဖွဲ့ကို အာရုံစိုက်နေခဲ့ကြပါပြီ။
ခုနှစ်ယောက်နဲ့ ဆယ့်ရှစ်ယောက် တိုက်ခိုက်ရမှာလား ရှိနေသူတွေအားလုံးကလဲ အဓိကအတွင်းတပည့်သားကြီးတွေပါပဲ။ ပေ့ပေ့တို့အဖွဲ့မှာ ၀ိညာဥ်အကြီးအကဲလေးယောက် ရှိနေခဲ့တဲ့ ၀မ်သုန့် ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့ကတော့ အားနည်းနေပါသေးတယ်။ အနိုင်ရနိုင်ချေမများပါဘူး။ ပေ့ပေ့ကလဲ အမြန်ဆုံးဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါကြောင့် ချက်ချင်းဆိုသလို ပြေးထွက်နေတာကိုရပ်ပြီ ညာဘက်ကိုလှုပ်ရှားသွားလိုက်တယ်။ သူလုပ်လိုက်ချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက ပေ့ပေ့ရဲ့စိတ်ကူးတွေကို တခြားအဖွဲ့သားတွေဆီ ပို့လွှတ်လိုက်ပါတော့တယ်။
သူတို့ရဲ့ ညာဘက်အဖွဲ့မှာ ကျောင်းသားခြောက်ယောက်ရှိပါတယ်။ အားလုံးက တတိယနှစ်ကျောင်းသားကြီးပါပဲ။ သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးလိုက်ချိန်မှာ အားလုံးက ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ပညာရှင်တွေ ဖြစ်နေမှန်း တွေ့လိုက်ရပါတော့တယ်။
ဒါ့အပြင် ၀ိညာဥ်စက်ကွင်းတွေထဲမှာ အ၀ါရောင်နှစ်ခုနဲ့ ခရမ်းရောင်တစ်ခုပေါင်းစည်းမှုတွေပါ။
သူတို့ရဲ့လှုပ်ရှားမှုက အရမ်းကို မြန်ဆန်းလွန်လှပါတယ်။ အားလုံးကလဲ သက်ဆိုင်ရာ၀ိညာဥ်စွမ်းရည်တွေကို စတင်အသုံးပြုလိုက်ကြပါပြီ။ ရုတ်တရက်ဆိုသလို စက္ကန့်ပိုင်းလောက် အမြင်တွေကဝေ၀ါးသွားခဲ့ပါတော့တယ်။ လှုပ်ရှားမှုတွေကလဲ တစ်ချက်လောက် ရပ်တန့်သွားခဲ့ပါပြီ။
ဘယ်သူလှုပ်ရှားမှုလုပ်လိုက်လဲဆိုတာ ဘယ်သူမှမသိပေမဲ့ ဟို့ယွိဟောင်ရဲ့အဖွဲ့သားတွေကတော့ သူ၀ိညာဥ်စွမ်းရည်တစ်ခု ထုတ်သုံးလိုက်တာကိုသိပါတယ်။
ပေ့ပေ့ဦးဆောင်ပြီ ၀ိညာဥ်ပညာရှင်ခြောက်ယောက်ရှိတဲ့ အဖွဲ့ကို၀င်တိုက်တော့တယ်။ ပထမဆုံးအနေနဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်နှစ်ယောက်နဲ့ တွေ့ဆုံပါတယ်။
ဘယ်ဘက်မှာရှိနေတဲ့ ဆံပင်ရှည်လူက လိမ္မော်ရောင်ပြောင်းသွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ကလဲ နှစ်ဆကြီးမားလာပါတော့တယ်။ ဒါကတော့ သားရဲကောင်တွေရဲ့ဘုရင်ဖြစ်တဲ့ ခြင်္သေ့ဘုရင်ရဲ့သိုင်းပညာ၀ိညာဥ်ပါပဲ။ ချက်ချင်းဆိုသလို သူ့ရဲ့လက်၀ါးချင်က ပေ့ပေ့နဲ့၀င်တိုက်မိပါတော့တယ်။ သိုင်းပညာ၀ိညာဥ်တွေထဲမှာ ညာဘက်လူရဲ့သိုင်းပညာ၀ိညာကတော့ အလင်းတန်းတစ်ခုလိုပါပဲ။ ပေ့ပေ့ရဲ့ရင်ဘတ်ဆီကို မြွေတစ်ကောင်လိုမျိုးလာပြီ ပေါက်ဖို့လုပ်ပါတော့တယ်။ သူတို့တွေ ဒီလိုမျိုးအတူတူတွဲတိုက်ခိုက်ကြတာ ပထမဆုံးအကြိမ်မဟုတ်တာ အသိအသာပါပဲ။ အရှေ့မှာရှိနေတဲ့လူက တိုက်ခိုက်မှုကိုခုခံခဲ့တယ်။ အနောက်မှာရှိနေတဲ့လူကတော့ အလစ်၀င်တိုက်ပါတယ်။ ဒါကကောင်းမွန်တဲ့ပူးပေါင်းမှုပါပဲ။ ဒါ့အပြင် အနောက်မှာရှိနေတဲ့လူ လှုပ်ရှားချိန်မှာ သူ့ရဲ့ တိုက်ခိုက်မှုက ပေ့ပေ့ရဲ့ခန္ဓာကိုယ်ဆီကို တန်းတန်းမတ်မတ်ရောက်ရှိသွားပါတော့တယ်။
ပေ့ပေ့ကတော့ တစ်ချက်လေးတောင် မကြောက်လန့်ခဲ့ပါဘူး။ ဟိန်းဟောက်လိုက်ရင်းနဲ့ လျှပ်စီးမြွေတွေကို ထုတ်လွှတ်လိုက်ပါတော့တယ်။ ၀ိညာဥ်ပညာရှင်နှစ်ယောက်ကို ဒီမြွေတွေကဖုံးလွှမ်းသွားရုံတင်မက အနောက်မှာရှိတဲ့ လေးယောက်ဆီကို ရောက်ရှိလို့သွားပါတယ်။ တစ်ချိန်ထဲမှာပဲ ပုလွေသံတစ်သံက ထွက်ပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်တို့အဖွဲ့ထဲကလူတွေပဲ ဒီပုလွေသံလွှမ်းမိုးမှုကို မခံရတာပါ။ ရှောင်းရှောင်းက အားလုံးကိုနှေးကွေးသွားအောင်သူ့ရဲ့အစွမ်းကို ထုတ်သုံးနေခဲ့ပါပြီ။
ပေ့ပေ့ကတော့ ဘယ်ဘက်နဂါးလက်သည်းကို အသုံးပြုရင်း မီးပွားတွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။ အဲ့ဒီနောက် ညာဘက်လက်ကိုမြောက်ရင်း ခြင်္သေ့သိုင်းပညာ၀ိညာဥ်ရှိနေတဲ့ ၀ိညာဥ်အကြီးအကဲကို လွှင့်ထွက်စေလိုက်ပါပြီ။
ကျန်းနန်နန်ကလဲ ဒီလိုတိုက်ခိုက်နေချိန်မှာ လေထဲကိုခုန်လိုက်ပါတော့တယ်။ သူမကအရမ်းကို မြန်ဆန်းလွန်လှတာကြောင့် မြင်တောင်မမြင်ရပါဘူး။ ဒီလိုလှုပ်ရှားလိုက်ချိန်မှာ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားအထောက်အပံ့ရှိနေတာက ပြီးပြည့်စုံတဲ့အချိန် ဖြစ်နေခဲ့ပါတယ်။ ခြင်္သေ့သိုင်းပညာ၀ိညာဥ်နဲ့ ပညာရှင်က သူမရဲ့ခြေထောက်တွေထဲမှာ လည်ပင်းကိုလိမ်ပြီ အဖမ်းခံလိုက်ရပါပြီ။ အဲ့ဒီနောက် သူမက ခါးကိုလှည့်လိုက်ရင်း သူ့ကိုအဖွဲ့ထဲကနေ အဝေးထွက်သွားအောင် ကန်ထုတ်ပြစ်လိုက်ပါတော့တယ်။
အပိုင်း ၆၂•၁ ပြီး၏။