Switch Mode

Chapter – 61.1

ရေခဲနယ်မြေနှင့် ရွှေရောင် အလင်းတန်း

အပိုင်း ၆၁•၁

” ရေခဲနယ်မြေနဲ့ ရွှေရောင်အလင်းတန်း ”
°°°
ဒါပေမယ့် ညနေပိုင်းဖန်းယွီနဲ့ သင်ကြားဖို့အတွက် ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကို သွားချိန်မှာပဲ သတင်းကောင်းတွေကို ရရှိလိုက်ပါတော့တယ်။ ဒီတစ်ကြိမ်မှာ သူက နယ်မြေဌာနနှစ်ခုစလုံးရဲ့ အဓိကအတွင်းတပည့်သားဖြစ်နေခဲ့တာကြောင့် ဌာနနှစ်ခုရဲ့ပြိုင်ပွဲကခွဲပြီယှဥ်ပြိုင်ရတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေမှာ အဓိကအတွင်းတပည့်သားတွေက အသက်ဆယ့်ငါးနှစ်အောက် အတော်ကိုရှားပါးပါတယ်။ ဒါ့အပြင် ပါ၀င်ယှဥ်ပြိုင်နိုင်မဲ့ တချို့တလေထဲမှာတော့ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့က ပါ၀င်လို့နေခဲ့တယ်။ ဖန်းယွီအနေနဲ့ ပထမအဆင့်ကို အောင်မြင်နိုင်ချေမရှိတဲ့ ကျောင်းသားတွေအားလုံးကိုလဲ ဖယ်ထုတ်ပြီးပါပြီ။ ဒါကြောင့် ကျောင်းသားအရေအတွက်နဲ့ ပါ၀င်ယှဥ်ပြိုင်သူအရေအတွက်က ပိုလို့ကျဆင်းသွားပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ ဌာနနှစ်ခုစလုံးရဲ့ အဓိကအတွင်းတပည့်သားဖြစ်နေခဲ့တာကြောင့် ပြိုင်ပွဲမှာ ၀ိညာဥ်လက်နက်တွေကို အသုံးပြုနိုင်မှာပါ။ ဒါကြောင့် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်လဲ အတော်ကို မြင့်တက်လာပါလိမ့်မယ်။

ဆရာတွေနဲ့ ဆွေးနွေးပြီတဲ့နောက် ဖန်းယွီဆီကနေ ညွှန်ကြားပြသမှုတချို့လဲ ရရှိခဲ့ပါတယ်။ ဟို့ယွိဟောင်က ဆယ့်နှစ်၀ိညာဥ်ပစ္စည်းတစ်ခုကို သူ့ဘာသာသူ တီထွင်းရမှာပါ။ ဒါ့အပြင် သူ့ရဲ့လက်နက်ကို တိုးတက်အောင်လုပ်ဖို့သုံးရက်သာ အချိန်ရပါတယ်။

အချိန်ကုန်သက်သာစေဖို့အတွက် အတန်းပြီးပြီချင် ပစ္စည်းတွေအားလုံးကို အိပ်ခန်းဆီပြန်သယ်ဆောင်သွားခဲ့တယ်။ ၀မ်သုန့် ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းမှုပါကာကွယ်ပေးရင်း သူက ၀ိညာဥ်လက်နက်ကို တည်ဆောက်ဖို့စီစဥ်ထားခဲ့တာပါ။

အခန်းတံခါးကို ဖွင့်ပြီးပြီချင်မှာပဲ နွေးထွေးနူးညံ့တဲ့အလင်းတန်းတွေက သူ့အရေပြားထဲကို ရောက်ရှိလာပါတော့တယ်။ သူလဲခပ်မြန်မြန်တံခါးကို ပိတ်လိုက်ပါပြီ။

အခန်းရဲ့အလယ်မှာ ၀မ်သုန့်က ရွှေရောင်အလင်းတန်းတွေအပြည့်နဲ့ အရိုးကိုသေချာစိုက်ပြီ ကြည့်နေခဲ့ပါတယ်။ သူ့အနေနဲ့ အရမ်းကို ဖမ်းစားနေခဲ့ရပြီ ဟို့ယွိဟောင် ပြန်လာတာကိုတောင် သတိမထားမိတဲ့ပုံစံပါပဲ။ ဟို့ယွိဟောင်က သူ့ဘေးနားမှာ ၀င်ထိုင်လိုက်ရင်းအရိုးကို ကြည့်နေခဲ့တယ်။ လေလံပွဲမှာလို အတားအဆီးကြီးမရှိတော့တာကြောင့် ဒီအရိုးရဲ့ အစွမ်းထက်မြက်မှု​တွေက အနီးအနားမှာရှိနေရုံနဲ့တင် သူတို့ခန္ဓာကိုယ်ထဲ စိမ့်၀င်လာသလို ခံစားနေခဲ့ရပါတယ်။

၀ိညာဥ်ရွှေပြား ၉•၅သန်းပေးခဲ့ရတဲ့ တန်ကြေးက သေချာပေါက် အလဟာသမဟုတ်နိုင်ပါဘူး။ ဒါ့အပြင်လူတွေပြုလုပ်ထားတဲ့ နေမင်းကြီးတစ်စင်းလိုမျိုး အခန်းအလယ်မှာ တောက်ပလို့နေခဲ့ပါတယ်။ နွေးထွေးတဲ့ အလင်းတန်းတွေက အခန်းထောင့်အထိကို ပြန့်နှံ့လို့သွားခဲ့ရင်း အရိပ်တွေအားလုံးကို ဖယ်ရှားလို့နေခဲ့တယ်။ နွေးထွေးနူးညံ့မှုအပြည့်ရွှေရောင်အလင်းတန်းက မှိန်ဖျော့ဖျော့ဖိအားတွေနဲ့တောင် တောက်ပလို့နေခဲ့ပါပြီ။

ဒါ့အပြင် အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ဆုံးအရာက လက်ချောင်းထိပ်တွေပါပဲ။ ထူးဆန်းတဲ့ရွှေနီရောင်အလင်းတန်းတွေက ဆက်တိုက်ဆိုသလို လက်ချောင်းထိပ်တွေမှာ လှည့်ပတ်နေရင်း စူးရှတဲ့အသံတွေလဲ ထုတ်လွှတ်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ နောက်ဖက်ကိုရောက်လာပြီ သူ့လက်ကို၀မ်သုန့်ရဲ့ကျောပေါ်တင်လိုက်ပါတယ်။ အဲ့ဒီနောက် စွမ်းအားတွေကို စတင်ထည့်သွင်းပေးပြီ ဟောင်သုန့်အင်အားကို အသုံးပြုပါတော့တယ်။ ၀မ်သုန့်ရဲ့တစ်ကိုယ်လုံးက တုန်ခါလို့သွားခဲ့ပြီ နောက်ဆုံးမှာ သတိပြန်၀င်လာခဲ့ပါပြီ။

” ငါဒီကိုရောက်လာပြီး မင်းစလိုက်လို့ရပြီ ”

ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။ ၀မ်သုန့်လဲ အချိန်မဖြုန်းခဲ့ပါဘူး။ ဘယ်ဘက်လက်ကိုမြောက်ရင်းနဲ့ ဟောက်သုန့်စွမ်းအားကို စတင်အသုံးပြုပါတော့တယ်။

ဒီအရိုးကို နှစ်နာရီနီးပါးကြာအောင် သူလေ့လာဆန်းစစ်ထားခဲ့တာပါ။ သူပိုပြီးကြည့်လေလေ ပိုပြီးမယုံနိုင်ဖြစ်လာလေပါပဲ။ ဒီအရိုးက သူ့အကြည့်ကိုခံစားမိတဲ့အတိုင်း ၀မ်သုန့်ရဲ့အသက်ရှုသံနဲ့အတူ စနစ်ကျကျသွေးကြောတွေကို လှည့်ပတ်စေခဲ့ပါတယ်။ ဒါကြောင့် ၀မ်သုန့်အနေနဲ့လဲ ထူးဆန်းတဲ့တရားထိုင်မှုအခြေအနေကို ရောက်ရှိလို့သွားခဲ့တာပါ။

အကယ်၍ သူနဲ့ ဒီ၀ိညာဥ်အရိုးနဲ့ကြားက ဆက်ဆံရေးကို ပြောရမယ်ဆိုရင် မျိုးနွယ်တူချင်းစွဲငင်နေသလိုပါပဲ။ သူ့ရဲ့ဘယ်ဘက်လက်က အရိုးနဲ့ထိတွေ့လိုက်ချိန်မှာပဲ ရွှေနီရောင်အလင်းတန်းတွေက သူ့လက်မောင်းတစ်ခုလုံးကို ဖုံးလွှမ်းလို့သွားပါတော့တယ်။ ချက်ချင်းဆိုသလို ၀မ်သုန့်တစ်ကိုယ်လုံးက ရွှေနီရောင်အလင်းတန်းတွေနဲ့ တောက်ပလို့လာခဲ့ပြီ နွေးထွေးနူးညံ့မှုကလဲ သူ့ကိုအသက်ပြင်းပြင်းရှုသွင်းသွားစေခဲ့ပါတယ်။ အဲ့ဒီနောက် မျက်လုံးတွေကို မှိတ်လိုက်ရင်း အေးအေးဆေးဆေး ရပ်နေခဲ့ပြီ ပေါင်းစည်းမှုကိုစတင် စီးမျောတော့တယ်။

ပေါင်းစည်းတဲ့စွမ်းရည် စတင်ချိန်မှာပဲ ဟောင်သုန့်စွမ်းအားက အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ သူရှေ့မှာရှိနေတဲ့ ၀မ်သုန့်ကိုကြည့်ရင်း ဘေးကိုဆင်းလာခဲ့ပါတယ်။ အဲ့ဒီနောက် စိတ်ထဲမှာ တစ်နည်းတစ်ဖုံမတရားသလို ခံစားနေခဲ့မိတယ်။ သူတို့နှစ်ယောက်စလုံး ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းခဲ့တာမှန်ပေမဲ့ ဘာကြောင့်ကွာခြားချက်က အဲ့ဒီလောက် ကွာခြားနေရတာလဲ။

” ငတုံးလေ အဲ့ဒါက လိုက်ဖက်တဲ့ပေါင်းစည်းနိုင်စွမ်းလို့ခေါ်တယ်လေ ဒါ့အပြင် သူ့ရှေ့မှာရှိနေတဲ့ အရိုးကသူ့ခန္ဓာကိုယ်နဲ့ အရမ်းကို အဆင်ပြေနေတယ်…ဒါကြောင့် ပေါင်းစည်းမှုက ရိုးရှင်းလွယ်ကူတာပေါ့ တခြားတစ်ဖက်မှာ မင်းရဲ့ကျင့်ကြံမှုကလဲ မင်းငါနဲ့ပေါင်းစပ်တဲ့အချိန် ဘယ်လိုဖြစ်နေလဲ ဒါ့အပြင် ငါကပေါင်းစပ်တဲ့အချိန် ငါတို့အသက်ရှင်နေတယ်လေ မင်းအောင်မြင်တယ်ဆိုတာကို ယုံဖို့တောင်မလွယ်ဘူး..အားလုံးက အံ့ဖွယ်ရာကြီးတစ်ခုလိုပဲ ”

ရေခဲဧကရီက မကျေမနပ်နဲ့ ၀င်ပြောလာပါတယ်။ ဟို့ယွိဟောင်ကလဲ တအံ့တဩဖြစ်သွားခဲ့တယ်။

” ရေခဲဧကရီနဲ့ အစ်ကိုကြီး ဘယ်တွေရောက်နေကြတာလဲ ကျွန်တော်အစောပိုင်းတုန်းက ခေါ်တာကိုမကြားဘူးလား ဘာလို့ကျွန်တော်ခေါ်တာကို ပြန်မဖြေကြတာလဲ ”

၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့နှစ်ယောက်အန္တရာယ်ကြားမှာ ကျရောက်နေချိန်မှာ သူက ဆက်တိုက်ခေါ်နေပေမဲ့ ဒီအသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းနှစ်ခုကမတည်ရှိသလို တိတ်ဆိတ်လို့နေခဲ့တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပျင်းပျင်းရိရိနဲ့ ပြောလာခဲ့ပါတယ်။

” အကယ်၍ အားလုံးကိုငါတို့ဆီမှာပဲ မှီခိုနေမယ်ဆိုရင် မင်းဘယ်လိုလုပ်သန်မာလာမှာလဲ ငါတို့က မင်းရဲ့စွမ်းအားကို မြင့်တင်နိုင်ပေမဲ့ အဆုံးသတ်မှာ မင်းကသာ တိုးတက်အောင်လုပ်ရမဲ့သူလေ ဒါ့အပြင် မင်းပိုပြီး ကျင့်ကြံဆင့်မြင့်လာလေလေ ကိုယ့်ကိုကိုယ်အားကိုးရလေပဲ အခြေအနေတွေကို မင်းကိုယ်တိုင်ဖြေရှင်းနိုင်တယ်ဆိုရင် ငါတို့ကမစွက်ဖက်ဘူးလေ ငါတို့က ၀ိညာဥ်စက်ကွင်းတွေသက်သက်ပဲ မင်းရဲ့ သက်တော်စောင့်မဟုတ်ဘူး.. ငါတို့ရဲ့စွမ်းအားကလဲ မင်းခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းပြီသားဖြစ်နေပြီ အကယ်၍ မင်းသာ အန္တရာယ်များတဲ့ အခြေအနေကို ကြုံတွေ့ရမယ်ဆိုလို့ကတော့ မင်းဘယ်လိုရင်ဆိုင်ရမယ်ဆိုတဲ့အပေါ် မူတည်ပြီ ငါတို့ရဲ့အစွမ်းအစကလဲ ထွက်ပေါ်လာလိမ့်မယ်..အဆိုးဆုံးအခြေအနေမှာ ငါတို့လဲမင်းနဲ့အတူတူ သေရုံပေါ့ ဒါကြောင့်သာ မင်းရဲ့ကိုယ်ပိုင်စွမ်းအားကိုပဲ မှီခိုရမယ်..ငါတို့ကို မမှီခိုနဲ့ ”

ဟို့ယွိဟောင်က သူတို့ကို အများကြီးစိတ်ကျေနပ်စေခဲ့ပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့ကတော့ သူသာပိုပြီး သန်မာလာခဲ့မယ်ဆိုရင် သူတို့ကို အံ့ဩတဲ့အထိဖြစ်လာအောင် လုပ်နိုင်မှန်းသိနေခဲ့တာကြောင့် တွန်းအားပေးနေခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ သူတို့ရဲ့ အပြုအမူကို အပြစ်မတင်ခဲ့ပါဘူး။ ဒါကြောင့် ချက်ချင်းဆိုသလို ပြောလာခဲ့ပါတော့တယ်။

” ကျွန်တော်တောင်းပန်ပါတယ်…တစ်စုံတစ်ယောက်က ကျွန်တော်ကိုဒီလိုမျိုးထောင်ချောက်ဆင်မယ်လို့ မထင်ထားခဲ့မိဘူးလေ အခုကစပြီ နောက်ထပ်ပိုဂရုစိုက်ပါ့မယ် ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလိုက်ပါတယ်။

” ငါတို့မင်းအတွက် သတင်းကောင်းရှိတယ်..မင်းမနေ့တုန်းက ခံစားလိုက်ရတာ လုံး၀ကို အလဟာသမဖြစ်ခဲ့ဘူး .ဒါ့အပြင် မင်းနှစ်တစ်သောင်းဝေလငါးပူစီးဖောင်းကနေရလာတဲ့အကျိုးအမြတ်တွေက ငါတို့တွေးထားတာထက်တောင် ပိုကောင်းနေသေးတယ်…ဒါကြောင့် ငါတို့စွမ်းအားတချို့ကို ချိတ်ပိတ်ရာကနေ ဖြေလိုက်ပြီ ငါတို့ရဲ့၀ိညာဥ်စက်ကွင်းတွေ ၀ိညာဥ်အရိုးတွေနဲ့ပေါင်းစည်းပေးလိုက်တယ်…မင်းရဲ့၀ိညာဥ်စွမ်းအားကလဲ ရေခဲဧကရီကြောင့် အတော်လေးကို တိုးတက်လာနေပြီ သူ့ကိုအများကြီးကျေးဇူးတင်ရမှာပဲ ငါတို့တွက်ချက်မှုအရဆိုရင် လက်ရှိအချိန် မင်းရဲ့၀ိညာဥ်စက်ကွင်းတွေအားလုံးက နှစ်ပေါင်းလေးထောင်နှစ်ရာစွမ်းအားကို ရရှိပြီသားဖြစ်နေခဲ့ပြီ။ ဒါ့အပြင် ၀ိညာဥ်စွမ်းရည်တွေကလဲ နည်းနည်းချင်းတိုးတက်လာလိမ့်မယ်..အခုထက်တော့ပိုပြီး ကြိုးစားဖို့လိုသေးတာပေါ့ မင်းရဲ့၀ိညာဥ်စွမ်းရည်က ပိုပြီး သန်မာလာလေလေ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက များလေပဲ အကယ်၍ မင်းမှာသာ လုံလောက်တဲ့၀ိညာဥ်စွမ်းအားမရှိဘူးဆိုရင် ကြိုးစားရတာတွေက အလဟာသဖြစ်သွားမှာမလား ”

တကယ်ကို သတင်းကောင်းကြီးတစ်ခုပါပဲ။ ဟို့ယွိဟောင်လဲ အတော်ကို ပျော်သွားခဲ့ပါတယ်။ သူ့ဆီရောက်လာခဲ့တဲ့ သက်ရှိ၀ိညာဥ်စက်ကွင်းနှစ်ခုကနေ ရရှိနိုင်တဲ့အကြီးမားဆုံးအကျိုးအမြတ်က ဒါပါပဲ။ အကယ်၍ သူသာ ဆက်တိုက်ကျင့်ကြံနေခဲ့မယ်ဆိုရင် တစ်နေ့မှာ အနီရောင်၀ိညာဥ်စက်ကွင်းတွေရဲ့ တုပမှုကိုတောင် အသုံးပြုစရာမလိုတော့ပါဘူး။ ဘယ်သူကမှ သူ့ရဲ့ ၀ိညာဥ်စက်ကွင်းတွေကို အင်အားမမြင့်တင်ပေးနိုင်ခဲ့ပေမဲ့ သူကတော့လုပ်နိုင်ပါတယ်။

” ကောင်းလိုက်တာ ကျေးဇူးအများကြီးတင်ပါတယ်..ဒါပေမယ့် ကျွန်တော်ဒီနေ့ည ၀မ်သုန့်အတွက် ကူညီပေးရမှာကြောင့် ဒီနေ့တော့ မလေ့ကျင့်နိုင်ဘူး ”

၀မ်သုန့်နဲ့ အရိုးတွေရဲ့ ပေါင်းစည်းမှုက သူထင်ထားတာထက် ချောချောမွေ့မွေ့ ရှိနေခဲ့ပါတယ်။ အစကနေ အဆုံးအထိ ခြောက်နာရီတောင် မကြာမြင့်ခဲ့ပါဘူး။ အဆုံးသတ်လို့သွားချိန်မှာပဲ အနီရောင်အလင်းတန်းက ၀မ်သုန့်ရဲ့လက်ထဲကို အပြည့်အ၀ ၀င်ရောက်လို့သွားပါတော့တယ်။

ဟို့ယွိဟောင်က တစ်ညလုံးမအိပ်ခဲ့ပါဘူး။ ၀မ်သုန့်အတွက် ကာကွယ်ပေးနေရင်း သူ့လက်နက်ကိုလဲ တပ်ဆင်လို့နေခဲ့တယ်။ ဒါ့အပြင် ကာကွယ်သူအဖြစ်အလုပ်လုပ်တာက အာရုံကိုပြန့်လွှင့်စေခဲ့တဲ့အရာပါ။ သူအနေနဲ့ လက်ရှိအချိန်မှာ ဗျူဟာတွေကို လက်နက်မထွင်းနိုင်ပေမဲ့ သေးငယ်တဲ့ပြင်ဆင်မှုတွေကိုတော့ လုပ်နိုင်ခဲ့ပါတယ်။

အသက်ပြင်းပြင်းရှုထုတ်ပြီတဲ့နောက် ၀မ်သုန့်လဲ မျက်လုံးတွေကို ဖွင့်လာခဲ့ပါပြီ။ ရွှေနီရောင်အလင်းတန်းကလဲ သူ့မျက်လုံးတွေထဲမှာဆက်ပြီမတောက်ပနိုင်တော့ပါဘူး။ ဟို့ယွိဟောင်လဲ ၀မ်သုန့်ပြောင်းလဲသွားတာကို ခံစားမိခဲ့ပါတယ်။ အစောပိုင်း အခြေအနေတုန်းက သူ့ဆီကနေနူးညံ့ပြီ သန့်စင်တဲ့အငွေ့အသက်တွေ ထွက်ပေါ်နေခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ ကြမ်းတမ်းမှုကို ခံစားရပါတယ်။ မာရှောင်ထောင့်နဲ့တောင် တူညီနေခဲ့သေးတယ်။

” အခြေအနေဘယ်လိုလဲ ”

ဟို့ယွိဟောင်က မေးလိုက်တယ်။

” ငါအောင်မြင်သွားပြီ ”

” မင်း၀ိညာဥ်စွမ်းရည်ကို ထုတ်သုံးကြည့်ပါလား ”

” ပထမဆုံးမင်းရဲ့၀ိညာဥ်စွမ်းရည်ကြောင့် အရင်ပြောလေ ပြီးမှငါရဲ့၀ိညာဥ်စွမ်းရည်ကို ထုတ်သုံးရတာပေါ့ ”

” မင်းမှတ်မိနေသေးသားပဲ ”

ဟို့ယွိဟောင်က ပြုံးပြရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ကောင်းပြီ ငါပြောပြမယ်…ဒီစွမ်းရည်ရဲ့နာမည်က ရေခဲရုပ်ထုနယ်မြေတဲ့ အပူရှိန်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချပြစ်နိုင်တယ်..အဲ့ဒီနေ့မှာ လေပေါ်ပျံနိုင်တဲ့ကောင်တွေအကုန်လုံး ခဲပြီပြုတ်ကျသွားတာ ဒီစွမ်းရည်ရဲ့နောက်ဆက်တွဲရလဒ်ကြောင့်ပဲ မင်းရဲ့စွမ်းရည်ကရော ဘာလဲ ”

” မင်းဘာမင်းကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်.”

၀မ်သုန့်ကပြောရင်း သူဘယ်ဘက်လက်ကို မြောက်လိုက်ပါတော့တယ်။ အနောက်ဖက်မှာရှိတဲ့ အတောင်ပံတွေက အင်္ကျီအပြင်ကို ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့ ဘယ်ဘက်လက်ကလဲ ရွှေနီရောင်အလင်းတန်းတွေနဲ့ ဖုံးလွှမ်းလို့သွားပါတော့တယ်။ ဒီအလင်းတန်းတွေက နဂါးရဲ့အော်သံတွေနဲ့အတူ အရှေ့ကိုထိုးထွက်လာခဲ့တယ်။ ချက်ချင်းဆိုသလို ရွှေနီရောင်မီးလျှံတွေက သူ့အတောင်ပံတွေကို ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ အခုအချိန် လှပတဲ့အတောင်ပံတွေက ပိုပြီး ကြီးမားလာသယောင်ထင်နေခဲ့ရပါတယ်။

” ဒါကိုရွှေရောင်အလင်းတန်းလို့ခေါ်တယ်..အထောက်အကူပြုပေးတဲ့ စွမ်းရည်တစ်ခုပဲ ငါရဲ့ဘယ်၀ိညာဥ်စွမ်းရည်နဲ့မဆို အသုံးပြုလို့ရတယ်…သူ့ရဲ့စွမ်းရည်က အတော်ကြီးကို ခိုင်မာတာကြောင့် ငါလဲစမ်းသပ်ဖို့လိုနေသေးတယ်..လက်ရှိအချိန်မှာတော့ ငါ့ရဲ့ စွမ်းအားတွေအားလုံးကိုထုတ်လွှတ်နိုင်တယ်..ဖျက်ဆီးနိုင်စွမ်းတွေအားလုံးကို မြင့်တင်ပေးနိုင်တာတော့ အမှန်ပဲ ”

ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကလဲ တောက်ပလို့သွားခဲ့ပါတယ်။

” ဒီ၀ိညာဥ်အရိုးရဲ့ စွမ်းရည်က မင်းရဲ့စွမ်းအားအကုန်လုံးကို မြင့်တင်ပေးနိုင်တာပဲ ဆရာ၀မ် ပြောတာကိုမှတ်မိသလောက်အရဆိုရင် ဒီလိုအစွမ်းအစမျိုးက အတော်ကို ရှားပါးတယ်တဲ့ ”

၀မ်သုန့်ကတော့ ပိုပြီး အံ့အားသင့်နေခဲ့ပါတယ်။

” ငါရဲ့၀ိညာဥ်စွမ်းအားကို ပြန်လည်ကောင်းမွန်နိုင်စွမ်းကလဲ အတော်လေး မြင့်မားလာတယ်..အစောပိုင်းတုန်းက မင်းရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်တဲ့အချိန်မှာ ၀ိညာဥ်စွမ်းအားဖြည်းဖြည်းချင်း လျော့သွားတာကို ငါခံစားမိလိုက်သလိုပဲ အခုလက်ရှိအချိန်မှာ ငါရဲ့၀ိညာဥ်စွမ်းအားကလဲ ဖြည်းဖြည်းချင်း တိုးတက်လာနေတယ်..သိပ်ပြီမရှင်းလင်းပေမဲ့ ခံစားလို့တော့ရတယ် ”

ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့လက်ကို ဆွဲလိုက်ပါတယ်။ သူတို့ရဲ့ ၀ိညာဥ်စွမ်းအားတွေက ရောနှောနေပြီတဲ့နောက် ဟောင်သုန့်စွမ်းအားအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့လဲ ၀မ်သုန့်ခန္ဓာကိုယ်ထဲက သိပ့်သည်းလွန်လှတဲ့ အလင်းတန်းအရှိန်အ၀ါတွေကို ခံစားလိုက်မိရပါတော့တယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကလဲ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေက ပြည့်၀လို့နေပါတော့တယ်။ ဒါကြောင့် ဘယ်လောက်အထိ ရှင်းရှင်းလင်းလင်းပြန်လည်ကောင်းမွန်နိုင်လဲဆိုတာကို တွက်ချက်လို့မရနိုင်ပါဘူး။

ဟို့ယွိဟောင်က သူ့ရဲ့ ၀ိညာဥ်စွမ်းအားတွေကို ထိန်းချုပ်ရင်း များပြားစွမ်းရည်တွေကို ထုတ်လွှတ်လို့နေပါတော့တယ်။ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှု မျှဝေမှု ထိတ်လန့်မှုနဲ့ နှောင့်ယှက်မှုတွေအားလုံးကို အသုံးချရင်း ဟောင်သုန့်စွမ်းအားကို ဘယ်လောက်ကုန်ဆုံးနိုင်စေမလဲဆိုတာ စမ်းသပ်ကြည့်ချင်နေခဲ့တယ်။

ဒီအခြေအနေမျိုးမှာ ခံစားချက်က ပိုမိုရှင်းလင်းလို့လာခဲ့ပါပြီ။ သိပ့်သည်းတဲ့အလင်းတန်းက ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲကို ဆက်တိုက်ပြေး၀င်လို့နေခဲ့ပါတယ်။ သူတို့ပိုပြီး လန့်စရာကောင်းတဲ့ အရာကတော့ သူတို့ဘယ်လိုစွမ်းအားကိုပဲအသုံးပြုပါစေ ရှိသမျှစွမ်းအားတွေအားလုံးက အရည်အသွေးတိုးတက်လာတာပါပဲ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ထူးဆန်းကောင်းကင်နည်းလမ်းကနေ ထွက်ပေါ်တဲ့၀ိညာဥ်စွမ်းအားက အတော်ကို တည်ငြိမ်နေခဲ့တာကြောင့် ပြဿနာလဲ မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ စွမ်းအားပေါင်းစည်းပြီ ဟောင်သုန့်စွမ်းအားကို အသုံးပြုလိုက်ချိန်မှာ ၀မ်သုန့်အနေနဲ့လဲ ဒီစွမ်းအားကို အပြည့်အ၀တိုက်ရိုက်အသုံးချနိုင်ပြီသားဖြစ်နေခဲ့တယ်။ လက်ရှိအချိန်မှာ ရွှေရောင်အလင်းတန်းရဲ့ လွှမ်းမိုးမှုကြောင့် သူတို့လဲ ဟောင်သုန့်စွမ်းအားကိုတောင် အမြန်ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါပြီ။

အပိုင်း ၆၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset