Switch Mode

Chapter – 60

ရေခဲနယ်မြေနှင့် ရွှေရောင် အလင်းတန်း

အပိုင်း ၆၀

” ရေခဲနယ်မြေနဲ့ ရွှေရောင်အလင်းတန်း ”
°°°
အဓိက အတွင်းတပည့်သားတွေက အတော်ကိုကောင်းတဲ့ မနက်စာကိုရရှိပါတယ်။ ဒါ့အပြင် လက်ရှိအချိန် ဟို့ယွိဟောင်က ဌာနနှစ်ခုရဲ့အဓိကအတွင်းတပည့်သားဖြစ်နေခဲ့ပါတယ်။ ပုံမှန်အနေအထားမှာ သူက ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကပေးတဲ့ အစားအသောက်တွေကိုသာစားသုံးပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေထက်ပိုတန်ဖိုးကြီးပြီ စားလို့ကောင်းတာကြောင့်ပါ။ လက်ရှိအချိန်မှာတော့ သူဒီနေ့အတော်လေးကို ဗိုက်ဆာနေခဲ့ပါတယ်။ ခန္ဓာကိုယ်က အစာအာဟာရတွေ အများကြီးကို လိုအပ်နေခဲ့တာကြောင့် ဌာနနှစ်ခုစလုံးရဲ့ ပေးသမျှ အစားအသောက်တွေကို ဒီနေ့စားနေခဲ့ရပါပြီ။

သူစားသောက်တာပြီးတော့မဲ့အချိန်မှာပဲ ၀မ်သုန့်က စိတ်ပျက်လက်ပျက်နဲ့ ၀င်လာပါတော့တယ်။ တံခါးတွေကို ဖြတ်လျှောက်လာပြီအချိန်မှာပဲ ဟို့ယွိဟောင်အနေနဲ့ အစာတွေကို ၀က်လိုစားနေတာ မြင်လိုက်ရတဲ့အတွက် ချက်ချင်းပြေးလာတော့တယ်။

” ယွိဟောင် မင်းအဆင်ပြေရဲ့လား မာရှောင်ထောင့် မင်းကိုတစ်ခုခု လုပ်သေးလား ”

၀မ်သုန့်က စိုးရိမ်တကြီးနဲ့ မေးပါတော့တယ်။ ဟို့ယွိဟောင်ကတော့ သူ့ရဲ့ မူလအမူအရာအတိုင်းသာ ရှိနေရင်း သူ့ပြန်ဖြေလိုက်တယ်။

” ငါအဆင်ပြေတယ်..အစ်မကြီးရှောင်ထောင့်ကိုကူညီပြီ လေ့ကျင့်ပေးတာပဲရှိတာ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က အရမ်းကို ထူးခြားတာပဲ ငါ့ရဲ့ အကူအညီနဲ့သူလဲ မီးလျှံတွေတော်တော်များများကို ဖိနှိမ့်နိုင်သွားပြီ ”

ပင်လယ်နတ်ဘုရားရေကန်ရဲ့ အပြင်ကို ထွက်ခွာလာပြီချိန်မှာ သူလုံး၀ကို စိတ်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဘယ်သူပဲ သူ့ကိုမေးခွန်းထုတ်ပါစေ ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကို ပြန်မပြောပြပါဘူး။ သူအသေအရိုက်ခံရမယ်ဆိုရင်တောင် ပြောပြဖို့အတွက် ရှက်စရာကောင်းလွန်လှပါတယ်။

၀မ်သုန့်ကတော့ နားလည်သွားပုံပါပဲ အဲ့ဒီနောက် နှာခေါင်းကို ပွတ်လိုက်ရင်း သူပြောလာခဲ့တယ်။

” အဲ့ဒါအနံ့ကြီးလဲ ”

လူတစ်ယောက်က ပုံမှန်အနေအထားမှာ သူ့ရဲ့စိတ်ကိုသူထိန်းနိုင်ပါတယ်။ ယွိဟောင်အနေနဲ့လဲ အရာအားလုံးကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့အတွက် လေ့ကျင့်ထားတဲ့သူပါ။ ဒါပေမယ့် အဲ့ဒီအခြေအနေကို ပြန်တိုက်ခိုက်နိုင်ဖို့အတွက် အတော်လေးခက်ခဲသွားခဲ့ပါတယ်။ ဒါကြောင့် တစ်ချက်လေးတောင် မတွေဝေပဲ သူသက်ပြင်းချရင်း ပြန်ဖြေလိုက်တယ်။

” အစ်မကြီးမာရှောင်ထောင့်နဲ့ လေ့ကျင့်တဲ့အချိန် အရမ်းကို ပင်ပန်းလွန်လှတယ်လေ သူ့ရဲ့နတ်မီးငှက်မီးလျှံတွေက အတော်ကို အားကောင်းလွန်တာကြောင့် ငါလဲဆက်တိုက်ဆိုသလို တစ်ကိုယ်လုံးချွေးတွေရွှဲနစ်လို့သွားတာပဲ ဒါကြောင့် ငါပြန်လာတဲ့အချိန် သူ့ဆီက အ၀တ်လျှော်ဆပ်ပြာကို ငှါးပြီငါအ၀တ်တွေကို လျှော်ဖွတ်ခဲ့ရသေးတယ်..ဒီလောက်မွှေးတဲ့အ၀တ်လျှော်ဆပ်ပြာကို သူ့ပုံစံနဲ့သုံးမယ်လို့ ထင်တောင်မထင်ထားခဲ့မိဘူး ”

၀မ်သုန့်အနေနဲ့လဲ ဟို့ယွိဟောင်ပြောသမျှအထဲမှာ ပြစ်ချက်တစ်ခုကိုတောင် ရှာမရပဲဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် စိတ်ထဲမှာစိတ်သက်သာရာရသွားခဲ့ပါပြီ။ ဒါပေမယ့် စိတ်ထဲမှာ စိတ်ပူနေသေးတာကြောင့် သူပြောလိုက်ပါတယ်။

” မင်းတကယ်ပဲ တစ်နေ့လုံးလုံးလေ့ကျင့်နေတာလား မာရှောင်ထောင့်က လွန်းလွန်တာပဲ အကယ်၍ မင်းရဲ့သင်ကြားလေ့ကျင့်မှုတွေ အနှောင့်အယှက်ဖြစ်သွားလို့ကတော့ ဘယ်လိုလုပ်မလဲ ဆရာကျိုးက ငါတို့ကို အတန်းမစခင် လာတွေ့ဖို့ပြောလိုက်တယ်..ကြည့်ရတာ လုပ်စရာတစ်ခုခု ရှိတဲ့ပုံပဲ ငါတို့တွေပဲ အခေါ်ခံရတာမဟုတ်ဘူး ရှိသမျှအတွင်းတပည့်သားတွေအားလုံးလဲ သူ့ကိုသွားတွေ့ရမယ်..ကြည့်ရတာ အားလုံးအာရုံစိုက်ဖို့ကိစ္စတစ်ခုခု ရှိနေပြီနဲ့တူတယ် ”

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။

” ကောင်းသားပဲ ထိုက်ဟွပင်းရဲ့ပုံစံရော ဘယ်လိုလဲ ”

၀မ်သုန့်က ခေါင်းခါလိုက်ပါတယ်။

” ဘာမှထွေးထွေးထူးထူးမရှိဘူး..အဲ့ဒီကောင်ကို မမြင်ရတာ မနက်ထဲကပဲ ဟို့ယွိဟောင် မင်း၀က်လား ဒီလောက်တောင် အများကြီးစားနေရသလား ”

ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ရဲ့ စားပွဲပေါ်မှာ ပန်ကန်အလွှတ်တွေအများကြီး ပြည့်နေတာကို သူသတိထားမိသွားပါတော့တယ်။

ဟို့ယွိဟောင်ကလဲ ရယ်မောရင်းနဲ့သာ ပြန်ဖြေလိုက်တယ်။

” လေ့ကျင့်ရတာ စွမ်းအားအများကြီးကုန်တယ်လေ ဒါပေမယ့် အစ်ကိုကြီးရှုစန်းရှီ ပြောခဲ့တာမှန်သားပဲ အစ်မကြီးနဲ့ လေ့ကျင့်ရတာ အတော်ကို နာကျင်ပေမဲ့ ကျင့်ကြံမှုအရှိန်နှုန်းမြင့်တက်လာက အတော်ကို မြန်လွန်တယ်..ဒါ့အပြင် သူ့ကို အကူအညီတောင်ပြီ ငါရဲ့ ဝေလငါးပူးစီဖောင်းကိုတောင် မီးမြိုက်ခိုင်းပြီးပြီ ဒါဆိုရင် ငါလဲစားလို့ရပြီလေ ဟုတ်သား မင်းရဲ့၀ိညာဥ်အရိုးကို ရောက်လာပြီလား “‘

၀မ်သုန့်လဲ ဒါကိုကြားချိန်မှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားပါတော့တယ်။

” ရောက်ပြီ ဒီနေ့ငါပေါင်းစည်းတဲ့အချိန်မှာ မင်းငါ့ကို ကာကွယ်ပေးနိုင်မလား ငါဆရာကျိုးကို ခွင့်တိုင်ပြီးပြီ ဒါကြောင့် ငါတို့အနေနဲ့ ၀ိညာဥ်အရိုးတစ်ခုနဲ့ ပေါင်းစည်းဖို့ တစ်ရက်မကကြာရင်လဲ ကိစ္စမရှိဘူး ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။

” ဒါဆိုငါလဲ ဆရာဖန်းယွီဆီသွားပြီ ပစ္စည်းတချို့ သွားတောင်းဦးမယ်..ဒါမှသာ ငါတို့အခန်းထဲမှာ ၀ိညာဥ်လက်နက်ကိုပြန်ပြီ တည်ဆောက်နိုင်မှာ ငါလဲမင်းကို အဲ့ဒီအချိန်မှာ စောင့်ကြည့်ပေးမယ်လေ “:

အစာစားပြီတာနဲ့ ဟို့ယွိဟောင်က သူ့အခန်းသူသွားပြီ သန့်ရှင်းရေးလုပ်ပါတော့တယ်။ အဲ့ဒီနောက် ကျောင်းယူနီဖောင်အသစ်ကိုလဲပြီ ကျိုးယိဆီကို ၀မ်သုန့်နဲ့အတူ လာတော့တယ်။

ဒီနေ့ရာသီဥတုက အတော်ကို နေသာပြီ တိမ်တွေရှင်းလင်းနေခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းထဲမှာ ကိစ္စအသစ်တွေက စနေခဲ့ပါပြီ။ ကျောင်းသားတွေက နှစ်စဥ်နှစ်တိုင်းမတူညီတဲ့ ဖိအားတွေကို ရင်ဆိုင်ရပါတယ်။ ကျောင်းသားသစ်တွေမှာတော့ လူသစ်တန်းတွေရဲ့စာမေးပွဲရှိသလို အတန်းမြင့်ကျောင်းသားတွေအတွက်ကလဲ အဆင့်တက်တဲ့စာမေးပွဲတွေနဲ့ သင်ကြားစရာစာတွေ အများကြီးရှိနေခဲ့တယ်။

ဟို့ယွိဟောင်ကတော့ ကျောင်းရုံးခန်းတံခါးကို သွားခေါက်နေခဲ့ပါပြီ။

” ၀င်လာခဲ့ ”

ကျိုးယိရဲ့ အစဥ်တမြဲရေခဲတမျှအေးစက်နေတဲ့ အသံကြီးကိုသာ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ တံခါးကိုတွန်းရင် ၀င်သွားခဲ့ပါပြီ။

အခန်းထဲမှာတော့ အတန်းနံပါတ်တစ်က အတွင်းတပည့်သားတွေအပြည့်ပါပဲ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အပြင် ရှောင်းရှောင်း လန်စုစု လန်လော့လော့ ချိုက်ကျင်းရွှမ် ဟွမ်ချုထျန်းတို့ပါ ရှိနေခဲ့တယ်။ လက်ရှိအချိန် ဟွမ်ချုထျန်းကလဲ အဓိကအတွင်းတပည့်သားအဖြစ် တရား၀င်သတ်မှတ်ခံလိုက်ရပါပြီ။ ဒါကြောင့် စုစုပေါင်းလူရှစ်ယောက်ရှိနေခဲ့ပါတယ်။

ကျိုးယိက ဟို့ယွိဟောင်ကို တစ်ချက်ကြည့်လိုက်တယ်။ သူ့ရဲ့အမူအရာက ပုံမှန်အတိုင်းဖြစ်တာကို တွေ့လိုက်တာကြောင့် နောက်ထပ် မေးခွန်းမထုတ်တော့ပါဘူး။ ချောင်းတစ်ချက်ဟန့်လိုက်ရင်း အားလုံးကို စိုက်ကြည့်လိုက်ပါတယ်။

” ဒီနေ့မင်းတို့အားလုံးကို ခေါ်လိုက်တာ မင်းတို့အားလုံးသိထားစရာအဓိက ထူးခြားတဲ့ကိစ္စတစ်ခု ရှိနေလို့ပဲ သုံးရက်အတွင်းမှာ အပြင်နယ်မြေရဲ့ အတွင်းတပည့်သားတွေအားလုံး အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရလိမ့်မယ်..ပုံမှန်ဒုတိယနှစ်တွေနဲ့ ဘာမှမဆိုင်ဘူး..ဒါပေမယ့် ရုတ်တရက်ဆိုသလို ဒုတိယနှစ်ရဲ့အတွင်းတပည့်သားတွေနဲ့လဲ ဒီပြိုင်ပွဲကို ယှဥ်ပြိုင်ရမယ်လို့ ကျောင်းတော်ကနေ ဆုံးဖြတ်လိုက်တယ်..ရလဒ်အနေနဲ့ မင်းတို့ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ထားကြတော့ ”

သိလိုစိတ်အပြည့်နဲ့ ကျိုးစီချန်က မေးလိုက်ပါတယ်။

” ဆရာကျိုး အဲ့ဒါက ဘာကြီးအတွက်လဲ ”

ကျိုးယိက ပြန်ဖြေလိုက်ပါတယ်။

” မင်းတို့အနေနဲ့ ဘာမှစိုးရိမ်စရာမလိုဘူး ဒီအရည်အချင်းစစ်စာမေးပွဲကို ရှုံးမယ်ဆိုရင်တောင် ဘာအပြစ်ဒဏ်မှရှိလာမှာမဟုတ်ဘူး…ဒါ့အပြင် ပါ၀င်ယှဥ်ပြိုင်မဲ့သူတွေအားလုံးကလဲ အသက်ဆယ့်ငါးနှစ်၀န်းကျင်နဲ့ အသက်ဆယ့်ငါးနှစ်အောက်အတွင်းတပည့်သားတွေကြီးပဲ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေရဲ့ ကျောင်းသားတွေလဲ ပါ၀င်လိမ့်မယ်…ငါရဲ့တွက်ချက်မှုအရဆိုရင် စုစုပေါင်း ယှဥ်ပြိုင်မဲ့ကသူက အယောက်သုံးဆယ်၀န်းကျင်ရှိမယ်..ဒါ့အပြင် အဲ့ဒီထဲက လူခုနှစ်ယောက်ကို ရွေးချယ်ပြီ ကိစ္စတစ်ခုကိုစေခိုင်းလိမ့်မယ်…ဘယ်လိုကိစ္စလဲဆိုတာကတော့ အနိုင်ယူရမဲ့ကျောင်းသားတွေကလွဲပြီ မသိနိုင်ဘူး..ဒါ့အပြင် အဲ့ဒီနေရာတွေထဲမှာ တတိယနှစ်နဲ့ စတုတ္ထနှစ် ပဥ္စမနှစ်ကျောင်းသားတွေလဲ ပါ၀င်ယှဥ်ပြိုင်ရလိမ့်မယ်..ဒါပေမယ့် မင်းတို့တွေအနေနဲ့ ဒီပြိုင်ပွဲမှာ ပါ၀င်ရမယ်ဆိုတာတကယ်ကို ကံကောင်းတဲ့ကိစ္စပဲ အကောင်းဆုံးကြိုးစားကြ ငါတို့ရဲ့အတန်းထဲမှာ အဓိကအတွင်းတပည့်သားရှစ်ယောက်ရှိတယ်..အကုန်လုံးဖယ်ရှားမခံရအောင်လို့ ကြိုးစားကြပေါ့ ”

ကျိုးယိက ဒီကိစ္စကို သိပ်ပြီအရေးကြီးတယ်လို့ တွေးထားပုံမပေါ်တာကြောင့် အားလုံးလဲသက်ပြင်းချလိုက်မိပါတယ်။ ကျောင်းတော်အနေနဲ့ စာမေးပွဲတွေ ဖြေခိုင်းတာများလွန်တဲ့အတွက် စိတ်ထဲမှာတောင် ကြိတ်ပြီးကျိန်ဆဲနေခဲ့မိကြတယ်။ အစောပိုင်းတုန်းက အတန်းတက်တဲ့စာမေးပွဲကပြီးလာခဲ့တာပါ။ အခုတော့ အဓိကအတွင်းတပည့်သားတွေကြီးဖြေရမဲ့ နောက်ထပ်စာမေးပွဲတစ်ခုထပ်ရှိလာပြန်ပြီတဲ့လား။

” မင်းတို့တွေ အတန်းကိုပြန်ကြတော့ ဟို့ယွိဟောင်ကတော့ ခဏနေခဲ့ဦး ကျန်တဲ့သူတွေသွားလို့ရပြီ ”

အားလုံးကတော့ တညီတညွတ်ထဲပြန်ဖြေလိုက်ကြရင်း ထွက်ခွာသွားပါတော့တယ်။ ကျိုးစီချန်ကတော့ ဟို့ယွိဟောင်ကို တစ်ချက်ကြည့်ပြီ သူဦးဆောင်ရင်းနဲ့ ထွက်သွားတော့တယ်။

၀မ်သုန့်ကတော့ တခဏတာပြောသွားခဲ့တယ်။

” ရှောင်းရှောင်းနဲ့ ငါအပြင်ဘက်မှာစောင့်နေမယ် ”

အားလုံးထွက်သွားပြီချိန်မှာပဲ ဟို့ယွိဟောင်လဲ လိမ်လိမ်မာမာနဲ့တံခါးကို ပိတ်လိုက်ပါတယ်။ အဲ့ဒီနောက် ကျိုးယိဘက်ကိုလှည့်ပြီ ပြောလိုက်ပါပြီ။

” ဆရာကျိုး ကျွန်တော်ကိုပြောစရာတစ်ခုခုရှိလို့လား ”

ကျိုးယိက ထူးမခြားနားလေသံနဲ့သာ ပြန်ဖြေလိုက်တယ်။

” ငါကကျောင်းအုပ်ရန်နဲ့ ကျောင်းအုပ်ရှန်ရဲ့ သတင်းစကားတစ်ခုကို ပြန်ပြီပြောပြရုံသက်သက်ပဲ ဒါ့အပြင် သူတို့က ပြောခိုင်းလိုက်တာ တစ်ခုပဲရှိတယ်…တခြားသူတွေအနေနဲ့ ထိပ်တန်းခုနှစ်ယောက်ထဲမပါရင်း အဆင်ပြေပေမဲ့ မင်းအနေနဲ့ကတော့ ထိပ်တန်းခုနှစ်ယောက်ထဲမပါဘူးဆိုရင် နောက်ဆက်တွဲရလဒ်တွေကို ခံစားရလိမ့်မယ် ”

ဒါကိုကြားပြီချိန်မှာ ဟို့ယွိဟောင်အနေနဲ့ ရုတ်တရက်သူကိုယ်ပေါ်ကိုတောင်ကြီးတစ်လုံးဖိနှိမ့်ထားခံရသလိုမျိုး ခံစားလိုက်မိပါတယ်။

” ဆရာကျိုး ဒါမဖြစ်နိုင်တာပဲလေ အပြင်နယ်မြေက အတွင်းတပည့်သားတွေထဲမှာ အင်အားတစ်ခုထဲနဲ့ ယှဥ်ပြိုင်လို့မရတဲ့သူတွေအများကြီးပဲ ဒါ့အပြင် ကျွန်တော်က အတန်းကြီးတွေနဲ့ တိုက်ခိုက်ရမှာမလား ”

ကျိုးယိရဲ့မျက်လုံးထဲမှာ အပြုံးတစ်ခုက ပေါ်လာပါတော့တယ်။ သူထရပ်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။

” ငါ့ကို ဒါတွေလာပြောနေလို့ အသုံးမ၀င်နိုင်ဘူး..ငါက ကျောင်းအုပ်တွေပြောခိုင်းတဲ့စကားတွေကို ပြန်ပြောရုံပဲ အကယ်၍ မင်းသတ္တိရှိမယ်ဆိုရင် ကျောင်းအုပ်ရန်နဲ့ ကျောင်းအုပ်ရှန်ကို သွားရှာပြီအကြောင်းအရင်းပြောပြလိုက်လေ အခုတော့ သွားတော့မင်းအတန်းတက်ရဦးမယ် ”

ဟို့ယွိဟောင်အနေနဲ့လဲ ချက်ချင်းဆိုသလို တောင်ကြီးတစ်လုံးဖိထားခံရသလိုဖြစ်တာကြောင့် ခေါင်းငိုက်စိုက်ကျသွားပါတော့တယ်။ သူ့ရဲ့စွမ်းရည်တွေကို ယုံကြည်ချက်အပြည့်ရှိနေပေမဲ့ ဒါတွေအားလုံးက အခြေအနေတွေအပေါ် မူတည်နေတာပါ။ များပြားလွန်လှတဲ့ အစ်ကိုကြီးတွေ အစ်မကြီးတွေနဲ့ ယှဥ်ပြိုင်ရမှာက ဘယ်လိုလုပ်လွယ်ကူနိုင်မှာလဲ တခြားကျောင်းသားတွေမပြောနဲ့ ပေ့ပေ့ ရှုစန်းရှီ ကျန်းနန်နန်တို့နဲ့တင် သူမမြင်ဖူးတဲ့ကျောင်းသားတွေက အများကြီးဖြစ်နေပါပြီ။ ဒါ့အပြင် အားလုံးကလဲ အဓိကအတွင်းတပည့်သားတွေကြီးပါပဲ။ ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့သုံးယောက်က ၀ိညာဥ်စက်ကွင်းလေးကွင်းရှိနေတဲ့သူတွေပါ။ အကယ်၍ သူ့မှာအဆုံးစွန်းရောက်တဲ့ သိုင်းပညာ၀ိညာဥ်ရှိနေပြီဆိုတာတောင် အဲ့ဒီလိုလူတွေနဲ့ ဆက်ပြီတိုက်ခိုက်နိုင်မလားဆိုတာ မတွေးတတ်တော့ပါဘူး။

အခန်းအပြင်ကို ထွက်ထွက်ချင်း ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ သူ့ကိုစောင့်နေမှန်း တွေ့လိုက်ရပါတယ်။

” ဆရာကျိုး ဘာပြောလို့နေခိုင်းခဲ့တာလဲ ”
၀မ်သုန့်က မေးလာခဲ့ပါတယ်။

သူဖုံးကွယ်ထားလို့ရမဲ့အရာမဟုတ်တာကြောင့် ၀မ်သုန့်နဲ့ ရှောင်းရှောင်းကို အမှန်အတိုင်းသာပြောပြလိုက်တယ်။ အရမ်းလဲ စိတ်ဖိစီးနေတဲ့ပုံစံနဲ့ သူရှင်းပြနေခဲ့တာပါ။ သူစကားပြောပြီချိန်မှာပဲ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တစ်ပြိုင်နက်ထဲ သူပုခုံးကို ပုတ်လာပြီပြောလိုက်တယ်။

” ကိုယ့်အားကိုယ်ကိုးတာအကောင်းဆုံးပဲ ငါတို့ကိုလာပြီ ခေါ်မနေနဲ့ ”

ဟို့ယွိဟောင်အနေနဲ့လဲ ချက်ချင်းဆိုသလို သနားစဖွယ်ဖြစ်သွားပါတော့တယ်။

” မင်းတို့တွေ လူမှဟုတ်သေးကြရဲ့လား ငါ့ကိုတစ်ချက်ကြည့်လေးတောင် နှစ်သိမ့်မပေးဘူး ”

၀မ်သုန့်ကရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။

” မင်းကိုဌာနနှစ်ခုစလုံးရဲ့ အဓိကအတွင်းတပည့်သားဖြစ်လာဖို့ ဘယ်သူခိုင်းလို့လဲ ကျောင်းတော်ရဲ့အဆင့်တက်စာမေးပွဲမှာ ဒီလောက်ကြီးထူးချွန်အောင်လုပ်ပြခိုင်းတာရော ဘယ်သူပြောလို့လဲ ဒါ့အပြင် အဆုံးစွန်းရောက်နေတဲ့ သိုင်းပညာ၀ိညာဥ်လဲ ရှိနေသေးတယ်..ငါတို့မင်းအတွက် ၀မ်းသာပါတယ်..ဟုတ်သား ငါမင်းကိုမေးဖို့မေ့နေတာ ဟိုတစ်ရက်က သုံးလိုက်တဲ့၀ိညာဥ်စွမ်းရည်ကို ဘာလို့ခေါ်လဲ အစိမ်းရင့်ရောင်အလင်းတန်းထွက်လာတဲ့တစ်ခုလေ ”

သူတို့နှစ်ယောက်အဲ့ဒီနေ့မှာ ထွက်ပြေးလွှတ်မြောက်လာနိုင်ခဲ့တာ​ ဟို့ယွိဟောင်သုံးလိုက်တဲ့လှုပ်ရှားမှုကြောင့်ပါပဲ။ ဒါကိုအချိန်ကိုက်သုံးလိုက်တာကြောင့်သာ ပျံသန်းနေတဲ့ ၀ိညာဥ်ဘုရင်သုံးယောက်စလုံး ပြုတ်ကျသွားခဲ့တာပါ။ သူတို့အနေနဲ့လဲ မြို့ဂိတ်တံခါးဆီကို လွှတ်မြောက်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့်သာ မာရှောင်ထောင့်နဲ့ ပေ့ပေ့တို့ လာကယ်တာကို လက်ခံလိုက်ရတာပါ။

ဟို့ယွိဟောင်က ပြန်ဖြေလိုက်တယ်။

” မင်းတို့တွေ ငါကံဆိုးတာကို ပျော်နေလိုက်ကြဦးပေါ့ ဒီအစ်ကိုကြီးက မင်းကိုလုံး၀ပြောမပြဘူး ”

သူပြောပြီတာနဲ့ လှည့်ထွက်လို့သွားပါတော့တယ်။

အကြီးအကဲလင်း ခန့်မှန်းထားခဲ့တာ အမှန်ပါပဲ။ သူအသုံးပြုတဲ့ ၀ိညာဥ်စွမ်းရည်က နယ်မြေကိုထိန်းချုပ်ဖို့အမျိုးအစားဖြစ်ပါတယ်။ အဲ့ဒါက သူ့ရဲ့သိုင်းပညာ၀ိညာဥ်နဲ့သိပ်ပြီ မဆိုင်တဲ့အမျိုးအစားတစ်ခုပါပဲ။ ဒါ့အပြင် ဒီအရာက အသုံးပြုသူရဲ့ ဘေးပတ်လည်မှာရှိတဲ့ နယ်မြေအနေအထားတစ်ခုကို သက်ရောက်ပြီထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် အဆင့်အမြင့်ဆုံးထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်စွမ်းရည်ပါပဲ။

ဟို့ယွိဟောင်ရဲ့ နယ်မြေထိန်းချုပ်ရေးစွမ်းရည်က ရေခဲကျောက်စိမ်းဧကရီရဲ့ ရင်ခေါင်ရိုးကနေလာတာပါ။ ဒါ့အပြင် သူ့ကိုပေးအပ်ထားတဲ့ စွမ်းအားတွေထဲက တစ်ခုပါပဲ။ ရေခဲရုပ်ထုတို့ရဲ့ နယ်မြေလို့ခေါ်ဆိုတာပါ။

ဟို့ယွိဟောင်ရဲ့လက်ရှိအခြေအနေမှာ ရေခဲရုပ်ထုနယ်မြေဖြစ်အောင်လုပ်ဖို့ ခက်ခဲလွန်လှပါသေးတယ်။ စွမ်းရည်လေးတစ်ခုအဖြစ်သာ သုံးနိုင်ရင်း ၀မ်သုန့်ရဲ့ စွမ်းအားကို ငှားရမ်းရင်းနဲ့သာ အသုံးပြုနိုင်တာလဲ ဖြစ်ပါတယ်။ အကယ်၍ ဒါကိုသူစွမ်းအားတစ်ခုထဲနဲ့သာ အသုံးပြုလိုက်မယ်ဆိုလို့ကတော့ ချက်ချင်းလှဲကျလို့သွားခဲ့မှာပါ။ ဒါ့အပြင် အဲ့ဒီစွမ်းအားကို အပြည့်အ၀အသုံးချနိုင်ဖို့အတွက် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ပညာရှင်ဖြစ်လာဖို့အနည်းဆုံးလိုအပ်ပါသေးတယ်။

ကျောက်စိမ်းဧကရီက မြောက်၀င်ရိုးစွန်းရဲ့ ဘုရင်တစ်ပါးအဖြစ် ကျော်ကြားခဲ့တာ သူမရဲ့ရေခဲရုပ်ထုနယ်မြေက မိုင်ပေါင်းတစ်ထောင်ကို ချက်ချင်းအေးခဲအောင်လုပ်နိုင်တာကြောင့်လဲ ဖြစ်ပါတယ်။ ဒါကြောင့်သာ အဆင့်အမြင့်ဆုံးမူလ၀ိညာဥ်စွမ်းရည်ထဲက တစ်ခုအဖြစ်သတ်မှတ်ချင်းခံထားရတယ်။ အကယ်၍ ဟို့ယွိဟောင်သာ အဲ့ဒီစွမ်းရည်ကို ရေခဲဧကရီသုံးတဲ့အတိုင်း သုံးချင်တယ်ဆိုရင် သူမ ရောက်ရှိခဲ့တဲ့ အနေအထားအထိကို လေ့ကျင့်ဖို့လိုပါတယ်။

ဟို့ယွိဟောင်အနေနဲ့လဲ တစ်နေကုန်တစ်နေခမ်းစာသင်နေခဲ့တဲ့အတွက် အတော်ကိုစိတ်ဖိစီးမှုများနေခဲ့ပါပြီ။ သူဘယ်လောက်ပဲ တွေးတောဖို့ကြိုးစားပါစေ အတွင်းတပည့်သားတွေရဲ့ အထက်ကို ရောက်နိုင်ဖို့နည်းလမ်းမတွေးမိနိုင်ခဲ့ပါဘူး။

ဒါပေမယ့် သူ့ရဲ့စိတ်ဖိစီးမှုကြောင့် ဘာကိုမှမရှင်းပြနိုင်ပဲ ရှိနေခဲ့တယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ကျောင်းတော်ရဲ့ ဆက်တိုက်ဖိအားပေးမှုကို ရရှိတာလဲ မဆန်းပါဘူး။ သူ့အနေနဲ့ ရတနာဂုဏ်ပြုလေလံပွဲကနေ တန်ဖိုးကြီးအရာကိုယူဆောင်လာခဲ့မိလို့ပါ။ ဒီလောက်ဖိအားများနေတာတောင် သူလဲ ဘာမှစောဒကတက်စရာအကြောင်းလဲ ရှိမနေခဲ့ပါဘူး။ အဆုံးသတ်မှာတော့ ဟို့ယွိဟောင်အနေနဲ့လဲ ဒီပြိုင်ပွဲကိုဖြတ်ကျော်မှရမယ်လို့ စိတ်ထဲမှာ မှတ်လိုက်ရပါတော့တယ်။

အပိုင်း ၆၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset