Switch Mode

Chapter – 59.3

မီးလျှံနတ်ဆိုး အရူး မာရှောင်ထောက်

အပိုင်း ၅၉•၃

” မီးလျှံနတ်ဆိုး မာရှောင်ထောင့်
°°°
အမျက်ဒေါသကျောင်းတော်ရဲ့ ဒေါသက ကျားဖြူမြို့စားမင်းအိမ်တော်တောင် လက်ခံနိုင်တဲ့အရာတစ်ခုမဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် ကြယ်တာရာလော့နိုင်ငံမှာ သူတို့တွေဘယ်လောက်ပဲ အင်အားကြီးနေပါစေ အမျက်ဒေါသကျောင်းတော်ကိုတော့ မယှဥ်နိုင်တာအမှန်ပါ။ ကျောင်းတော်အနေနဲ့ ဒီကိစ္စကို သက်သေမလုံလောက်တဲ့အစနဲ့သာ တခဏတာ လျစ်လျူရှုထားပေးခဲ့ပါတယ်။ ဒါပေမယ့် သူတွေက အချိန်အတိုင်းအတာတစ်ခုအထိသာ သူတို့ရဲ့ဒေါသတွေကို ဖိနှိမ့်ထားနိုင်ခဲ့တာပါ။

နောက်တစ်နေ့မနက်မှာ ထိုက်ဟွပင်းကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်အတန်းကို ရောက်လာပြီ အေးအေးဆေးဆေးထိုင်နေတာ တွေ့တဲ့အတွက် ထိုက်ဟွပင်းရဲ့ အမူအရာက အများကြီး ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဒါပေမယ့် သူက ကျားဖြူမြို့စားမင်းရဲ့သားတစ်ယောက်ဖြစ်နေဆဲပါ။ အရမ်းကို လန့်သွားခဲ့ပေမဲ့ အပြောင်းအလဲတွေကို ခပ်မြန်မြန်ပဲ မျက်နှာပေါ်က ပြန်ဖုံးကွယ်လိုက်ပါတယ်။

မနေ့ညတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူသတင်းမရရှိခဲ့ပါဘူး။ နောက်ဆုံးရလဒ်က အရမ်းမရှုပ်ထွေးသွားစေဘူးလို့သာ မျှော်လင့်နေခဲ့ပါတယ်။ သူ့ရဲ့လူတွေသာ ဒဏ်ရာမရဘူးဆိုရင် အဆင်ပြေမှာပါ မဟုတ်ရင် သူ့အဖေကို သူဘယ်လိုရှင်းပြရမလဲမှန်းတောင် သူမသိတော့ပါဘူး။

ထိုက်ဟွပင်းရဲ့အင်္ကျီတစ်ခုလုံးမှာ ချွေးတွေက စိုရွှဲနေခဲ့ပါပြီ။ ၀ိညာဥ်ဧကရာဇ်တစ်ယောက်နဲ့ ၀ိညာဥ်ဘုရင်ငါးယောက်က သူတို့နှစ်ယောက်ကိုသတ်ဖို့ မလုံလောက်ခဲ့ပါဘူး။ ချက်ချင်းဆိုသလို နှလုံးသားထဲမှာတောင် ၀မ်းနည်းနာကျင်မှုတွေက ဖြစ်ပေါ်လို့လာပါတော့တယ်။

” ထိုက်ဟွပင်း ”

ဟို့ယွိဟောင်ရဲ့အမူအရာက အရမ်းကို ကောင်းမွန်လှပါတယ်။ ဒါကြောင့် သူတို့ကို တအံ့တဩကြည့်နေတဲ့ ထိုက်ဟွပင်းကို သူချက်ချင်းမြင်လိုက်တယ်။ ၀မ်သုန့်ကိုပါ ဆွဲခေါ်လို့လာခဲ့ပြီ ထိုက်ဟွပင်းအရှေ့ကို ရောက်လာခဲ့ပါတယ်။

ထိုက်ဟွပင်းရဲ့မျက်နှာက ဖြူဖျော့လို့နေခဲ့တယ်။ အဆုံးသတ်မှာသူက ဆယ့်နှစ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ ခံစားချက်တွေကို ကောင်းကောင်းမွန်မွန်မဖုံးကွယ်နိုင်သေးပါဘူး။

၀မ်သုန့်ရဲ့ မျက်လုံးတွေကလဲ ထိုက်ဟွပင်းကို မြင်ချိန်မှာ အရမ်းကို အေးစက်နေပါတော့တယ်။ သူကတိုက်ရိုက်ပြေးပြီ တိုက်ခိုက်တော့မလိုဖြစ်နေခဲ့တာကြောင့် ဟို့ယွိဟောင်က ချက်ချင်းဆိုသလို တားဆီးထားခဲ့ရတယ်။

” မင်းတို့ ဘာလိုချင်လို့လဲ ”

ထိုက်ဟွပင်းက မေးလိုက်ပါတယ်။

အဲ့ဒီနောက် ဟို့ယွိဟောင်က ၀မ်သုန့်ကို ဒေါသမထွက်အောင် တင်းတင်းကြပ်ကြပ်ဆွဲထားရင်းနဲ့ ပြောလာခဲ့ပါတယ်။

” မင်းအရှေ့ရက်တုန်းက လောင်းကြေးထပ်တာမှာ ရှုံးနှိမ့်သွားတယ်မဟုတ်ဘူးလား လာစမ်းမင်းရဲ့ကတိကို ဖြည့်တော့ ”

အခုအချိန်က ကျောင်းသားတွေအားလုံး အတန်းတက်ဖို့အချိန် ရောက်နေခဲ့ပါပြီ။ ဒါကြောင့် မရေမတွက်နိုင်တဲ့ ကျောင်းသားတွေက အတန်းထဲကို ၀င်ရောက်နေခဲ့ကြပါတယ်။ သူတို့တွေအားလုံးက ဒုတိယနှစ်ကျောင်းသားတွေ ဖြစ်နေခဲ့တာကြောင့် ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ထိုက်ဟွပင်းကြားက ကိစ္စတွေကို သူတို့ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်။ ကျောင်းသားတော်တော်များများကတော့ ဘာတွေဖြစ်လာမလဲဆိုတာကို ရပ်ကြည့်နေခဲ့ကြပါတယ်။

ထိုက်ဟွပင်းကလဲ အံကြိတ်ရင်းနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။ သူနဖူးကသွေးကြောတွေတောင် ခုန်ထတော့မလို ဖြစ်နေခဲ့ပါပြီ။ ကျုးလုက အတန်းနံပါတ်နှစ်က လျှောက်လာရင်း ထိုက်ဟွင်းရဲ့အရှေ့မှာရပ်ပြီ အော်လိုက်ပါတော့တယ်။

” ဟို့ယွိဟောင်နဲ့ ၀မ်သုန့် အရမ်းကြီးလွန်မလာနဲ့ ”

၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။

” ငါတို့က လွန်နေတယ်ဟုတ်လား အဲ့ဒီကောင်ဘာလုပ်ခဲ့လဲဆိုတာ သူကိုယ်တိုင်သွားမေးလိုက်လေ သူ့မှာ အဲ့ဒီကိစ္စကို ပြောပြဖို့သတ္တိရှိမရှိ ငါတော့မသေချာပါဘူး ”

ထိုက်ဟွပင်းက အံကြိတ်ရင်း ပြန်ဖြေလိုက်ပါတယ်။

” မင်းတို့ဘာတွေပြောနေလဲ ငါမသိဘူး ”

၀မ်သုန့်က စိတ်ပျက်လက်ပျက်နဲ့ ပြောလာခဲ့တယ်။

” မင်းက ကြောက်တတ်တဲ့ကြောင်ပေါက်လေးဆိုတာ ငါသိသားပဲ မင်းလုပ်ခဲ့တဲ့ကိစ္စကို ၀န်ခံသည်ဖြစ်စေ မ၀န်ခံသည်ဖြစ်စေ ရှုံးနှိမ့်သွားတဲ့ လောင်းကြေးအတွက် ငါတို့နှစ်ယောက်ကို မင်းဦးညွတ်ပြီ ကန်တော့ရမယ်…လူတွေဆိုတာက ကတိသစ္စာကို စောင့်ထိန်းရမဲ့သူတွေ ရှုံးတာကို၀န်ခံလိုက်စမ်း ”

ကျုးလုက သူတို့ကို တိုက်ခိုက်တော့မလိုလုပ်ပေမဲ့ ဒေါသထွက်နေတဲ့ ထိုက်ဟွပင်းက သူကို ဆွဲဖယ်လိုက်ပါတယ်။ သူ့လူတွေ ထွက်ပေါ်သွားလား မထွက်ပေါ်သွားသလားဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စက အရမ်းကို အရေးကြီးလွန်နေခဲ့ပြီ သူတို့အိမ်တော်နဲ့တောင် ဆက်စပ်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ သူအပြစ်ရှိကြောင်းကို ထုတ်ဖော်ပြသလို့ မဖြစ်နိုင်ပါဘူး။ မဟုတ်လို့ကတော့ ကျောင်းတော်နဲ့ မြို့စားအိမ်တော်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်လို့သွားမှာပါ။ ဒါ့အပြင် မြို့စားမင်းရဲ့ ကြယ်တာရာလော့နိုင်ငံတော်ကြားမှာလဲ ထိခိုက်မှုဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် အသက်ပြင်းပြင်းရှုသွင်းရင်း နှလုံးသားထဲက ခံစားရတဲ့နာကျင်မှုတွေကို လျစ်လျူရှုလိုက်ပါတယ်။ အဲဒီနောက် သူဒူးထောက်ချပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို သုံးကြိမ်တိတိ ဦးချကန်တော့ရင်း သူအော်နေခဲ့တယ်။

” ငါမှားသွားပါတယ် ငါမှားသွားပါတယ်..ငါမှားသွားပါတယ် ”

အဲ့ဒီနောက် သူချက်ချင်းဆိုသလို ထရပ်ရင်း အတန်းထဲမှာ ဖြစ်သွားခဲ့ပါပြီ။

ကျုးလုရဲ့မျက်လုံးထဲမှာ ရှိနေခဲ့တဲ့ဒေါသတွေက ထိုက်ဟွပင်းထက် မနည်းပါးခဲ့ပါဘူး။ ဒီလိုမျိုး အရှက်ခွဲခံလိုက်ရတဲ့သူက သူ့ရဲ့အနာဂတ်ခင်ပွန်းသည်ဖြစ်လာမဲ့သူပါ။ ဒါကြောင့် တုန်ရီတဲ့လက်တွေနဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကို သူပြောနေခဲ့ပါတယ်။

” နင်တို့ စောင့်နေလိုက် စောင့်နေလိုက်ကြစမ်း “‘

ဟို့ယွိဟောင်ကတော့ ဘာကိုမှမကြားတဲ့အတိုင်း ၀မ်သုန့်နဲ့အတူတူ အတန်းနံပါတ်တစ်ကို ပြန်သွားပါတော့တယ်။ လက်ရှိအချိန်မှာ သူခံစားချက်တွေကမလှုပ်ရှားပဲ တည်ငြိမ်နေခဲ့တယ်။ ထိုက်ဟွပင်းကို ကျောင်းသားတွေအများကြီးအရှေ့မှာ ဦးချကန်တော့ရအောင်လုပ်ခဲ့ပေမဲ့ တစ်ဖက်လူက ဒေါသမထွက်လာသေးပါဘူး။ ဒီလိုရန်သူမျိုးက ပိုကြောက်စရာကောင်းပါတယ်။ အထူးသဖြင့် ထိုက်ဟွပင်းသာ ပိုပြီး တိုးတက်ခဲ့မယ်ဆိုရင် ပိုဆိုးလာမှာပါ။ ကံမကောင်းစွာနဲ့ပဲ သူစီစဥ်ထားသလိုမျိုး ဘယ်လိုအပြစ်ပေးမှုကမှ ဖြစ်ပေါ်မလာခဲ့ပါဘူး။

ဟို့ယွိဟောင်မသိတဲ့အရာကတော့ ထိုက်ဟွပင်းက သူအကွက်ဆင်ပြီ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းတော်အနေနဲ့ သူ့ကိုနာမည်ပျက်စာရင်းထဲ သွင်းလိုက်တာပါပဲ။ ခိုင်မာတဲ့ အထောက်အထားမရှိပေမဲ့ ကျောင်းတော်မှာရှိနေတာ ဘယ်သူတွေမလို့လဲ သူတို့ရရှိထားတဲ့ အလောင်းတွေနဲ့တင် ကိစ္စတွေအများကြီးကို တွက်ချက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရလဒ်ကနေ ဖြစ်လာမဲ့ကိစ္စတွေက စဥ်းစားစရာပါပဲ။ ဒါ့အပြင် ကြယ်တာရာလော့နိုင်ငံတော်ကို ကျောင်းသားနှစ်ယောက်အတွက်နဲ့ ရန်သူဖြစ်အောင် လုပ်ရမှာက အတော်လေးကို အဆင်မပြေတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါ့အပြင် ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကလဲ ဖြစ်ပြီးခဲ့ပါပြီ။ အရာအားလုံးကလဲ ထိုက်ဟွပင်းတစ်ယောက်ထဲ စီစဥ်ခဲ့တာတွေ ဖြစ်နေခဲ့တယ်။ ဒါကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုသတ်ဖို့ ကျရှုံးသွားခဲ့တဲ့အချိန်အခိုက်အတန့်မှာပဲ အရမ်းကိုထူးချွန်ထက်မြက်ပြီ ပါရမီရှိလွန်လှတဲ့ ထိုက်ဟွပင်းတစ်ယောက်အတွင်းနယ်မြေကို ၀င်ခွင့်မရဖို့အတွက် ကံကြမ္မာဖန်ပြီသား ဖြစ်သွားခဲ့ပါတော့တယ်။

အဆင့်တက်တဲ့စာမေးပွဲက ပြီးဆုံးလို့သွားခဲ့ပါပြီ။ ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းကလဲ အတန်းတွေကိုအောင်မြင်ခဲ့ပါတော့တယ်။ အတန်းစာမေးပွဲကို မအောင်မြင်ခဲ့တဲ့ ကျောင်းသားတွေကတော့ စာမေးပွဲကို သုံးရက်အတွင်း ပြန်ဖြေနိုင်တယ်။ အကယ်၍ အဲ့ဒီတစ်ခေါက်ကိုသာ ကျရှုံးသွားခဲ့မယ်ဆိုရင်လဲ ကျောင်းတော်ကနေ ကန်ထုတ်ခံရမှာပါ။

အတန်းနံပါတ်တစ်မှာ ၀မ်ယန်နဲ့ ကျိုးယိသင်ကြားခဲ့တဲ့ ကျောင်းသားတွေရဲ့ အောင်ချက်ရာခိုင်နှုန်းက ကြောက်စရာကောင်းလောက်အောင်ပဲ ကိုးဆယ်ရာခိုင်နှုန်းကို ကျော်လွန်လို့နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းသင်ကြားမှုက အရမ်းကို အကျိုးရှိမှန်း သက်သေပြနေခဲ့တယ်။

ကျိုးယိက ကျောင်းသားတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီ ၀မ်ယန်ကတော့ များပြားတဲ့ အသိပညာတွေကို ပိုင်ဆိုင်ထားကာနူးညံ့နွေးထွေးတဲ့ သင်ကြားရေးပုံစံရှိပါတယ်။ ဒီလိုမျိုး နှစ်ယောက်ပေါင်းစည်းလိုက်ချိန်မှာတော့ ထူးချွန်တဲ့ကျောင်းသားတွေကို မွေးမြူးပေးနိုင်ခဲ့ပါပြီ။ တချို့လူတွေကသာ စာမေးပွဲကို မအောင်မြင်နိုင်ခဲ့ပေမဲ့ သူတို့ကလဲ စာမေးပွဲကို နောက်တစ်ကြိမ် ပြန်ဖြေရဦးမှာပါ။ တခြားကျောင်းနဲ့ အတန်းတွေက ထုတ်ပယ်ခံရတဲ့ကျောင်းသားတွေထက်တော့ သူတို့က အများကြီး သာပါသေးတယ်။

” ယွိဟောင် ဘာဖြစ်လို့ အဲ့ဒီကောင်ကို ပြဿနာရှင်းခွင့်မပြုတာလဲ ”

၀မ်သုန့်က ဟို့ယွိဟောင်ကို ဒေါသတကြီးနဲ့ မေးလာခဲ့ပါတယ်။ ဟို့ယွိဟောင်က ပြောလိုက်တယ်။

” ကျောင်းတော်က ဘာမှမလှုပ်ရှားဘူးဆိုမှ ငါတို့တွေ ကိုယ့်ကိုကိုယ် ထုတ်ဖော်ပြီ ဘယ်လိုလုပ်လှုပ်ရှားလို့ရမှာလဲ ငါတို့က ကျောင်းတက်နေတုန်းပဲလေ ဒီတော့သူနဲ့ ပြဿနာရှင်းလိုက်မယ်ဆိုရင် သေချာပေါက် အဖြေရလာနိုင်မှာ မဟုတ်ဘူး…အခုတိတ်တိတ်ဆိတ်ဆိတ်ပဲနေပြီ သူ့ကိုစောင့်ကြည့်ရအောင် ငါတို့အနေနဲ့ အင်အားကိုအများကြီး တိုးပွားအောင်လုပ်ပြီ ကြိုးစားဖို့က ပိုပြီးအရေးကြီးတယ်..အစ်မကြီးမာရှောင်ထောင့်ရဲ့ အဆင့်ကိုရောက်ရှိလာပြီဆိုရင် ဘယ်သူငါတို့ကို ထောက်ချောက်ဆင်ပြီ အလစ်၀င်တိုက်တာမှ ကြောက်စရာလိုမနေတော့ဘူး ”

မနေ့ကတိုက်ပွဲကြောင့် သူလဲ အတော်လေးကို အသိအမြင်တိုးပွားလာခဲ့ပါတယ်။ ဒါပေမယ့် အချိန်တိုလေးအတွင်းမှာ ဒီလောက်အထိမြင့်မားတဲ့ ကျင့်ကြံဆင့်ကို ရောက်ရှိဖို့က မလွယ်ကူခဲ့ပါဘူး။ သူ့ရဲ့ ၀ိညာဥ်လက်နက်တွေကတော့ အသက်ရှင်နိုင်စွမ်းကို တိုးမြင့်ပေးနိုင်ပါတယ်။ ဒါကြောင့် နောက်ရက်တွေမှာ ၀ိညာဥ်လက်နက်တွေကို အစုံလိုက်ပြင်ဆင်ပေးထားဖို့အတွက် စိတ်ထဲမှာမြင်နေခဲ့တယ်။ အနည်းဆုံးတော့ အားလုံးကို အဆင့်နှစ်၀ိညာဥ်လက်နက်တွေ ဖြစ်လာအောင်လုပ်ရမှာပါ။ သူ့နဲ့၀မ်သုန့်တို့အနေနဲ့ကလဲ အဆင့်နှစ်ရှပ်ပြေးတွေကိုသာ ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် ဒီလောက်တောင် အခြေအနေဆိုးသွားခဲ့မှာမဟုတ်ပါဘူး။

” ငါတကယ်ပဲ ဒီကိစ္စအကြောင်းစဥ်းစားလိုက်တိုင်း စိတ်ကိုမထိန်းနိုင်ဘူး ”

၀မ်သုန့်က ကျောင်းတံခါးအပြင်ကို စိုက်ကြည့်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ဒီလိုလှမ်းကြည့်လိုက်ချိန်မှာတော့ အခန်းအပြင်မှာ သူ့ကို လက်ဝှေ့ရမ်းပြနေတဲ့ မာရှောင်ထောင့်ကို မြင်လိုက်ရပါတော့တယ်။ မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်အခြေအနေက သိပ်အဆင်ပြေနေပုံမပေါ်ပါဘူး။ သူမရဲ့ မျက်နှာတစ်ခုလုံးက နီရဲလို့နေခဲ့ပြီ အနီရောင်အလင်းတန်းတွေနဲ့ တောက်ပလို့နေခဲ့ပါသေးတယ်။ ဟို့ယွိဟောင်က သူ့ကိုယ်သူလက်ညိုးထိုးပြရင်း မေးခွန်းထုတ်လိုက်ချိန်မှာတော့ မာရှောင်ထောင့်က ချက်ချင်းခေါင်းညိတ်ပြီ လှည့်ထွက်သွားပါတော့တယ်။

ဟို့ယွိဟောင်အနေနဲ့လဲ အတန်းမစခင် အချိန်တချို့ရှိနေသေးတာကြောင့် ၀မ်သုန့်ဆီကို လှည့်ပြောရင်းနဲ့ အပြင်ကိုပြန်ထွက်သွားဖို့ လုပ်ပါတော့တယ်။

” ငါပြန်လာတာ နောက်ကျရင်း ကူညီပေးဦး အစ်မကြီးမာရှောင်ထောင့် ငါ့ကိုဘာ​ဖြစ်လို့ ငါ့ကိုရှာနေလဲ သွားကြည့်လိုက်ဦးမယ် ”

၀မ်သုန့်အနေနဲ့လဲ မာရှောင်ထောင့်မူမမှန်တာကို သတိထားမိပါတယ်။ မနေ့တုန်းကသာ ဖြစ်ခဲ့မယ်ဆိုရင် သေချာပေါက် ဟို့ယွိဟောင်ကို တစ်ယောက်ထဲသွားဖို့ ခွင့်ပြုပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် မာရှောင်ထောင့်က သူတို့ကို ကယ်တင်ခဲ့တာကြောင့် ဒီနေ့မှာတော့ မစိုးရိမ်ပဲရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ အတန်းကနေ ခပ်မြန်မြန်ထွက်ခွာသွားခဲ့ပါပြီ။ တံခါးအပြင်ကို ရောက်ပြီးပြီချိန်မှာပဲ အနီရောင်အပူလှိုင်းတွေပြေး၀င်လာတာကို ခံစားလိုက်မိပါတော့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းရေးက ဘယ်လောက်ပဲတိကျပါစေ ဒါတွေကို မခုန်ရှောင်နိုင်ခဲ့ပါဘူး။ အပူလှိုင်းတွေက သူတစ်ကိုယ်လုံးကို လွှမ်းခြုံလို့သွားပါတော့တယ်။ အပူတွေရဲ့ ဗဟိုချက်ကတော့ မာရှောင်ထောင့်ပါပဲ။

အသက်နှစ်ဆယ့်၀န်းကျင်မှာ မာရှောင်ထောင့်ရဲ့ အလှပဆုံးအသက်အရွယ်မှာရှိနေခဲ့တယ်။ နဂိုထဲက လှပပြီသားဖြစ်တာကြောင့် ဒီလိုမျိုး နီရဲနေတဲ့မျက်နှာတွေက သူ့ကို ပိုပြီး တောက်ပနေစေခဲ့ပါတယ်။

သူမက ဟို့ယွိဟောင်ကို ဖက်ထားရင်းနဲ့ ခပ်တိုးတိုးလေး ပြောနေခဲ့တယ်။

” ဟို့ယွိဟောင် ငါနောက်ထပ် တောင့်မခံထားနိုင်တော့ဘူး..မြန်မြန်သွားရအောင် ”

သူ့အသံက အတော်ကို မကျယ်ပေမဲ့ ဘေးမှာရှိသမျှ ကျောင်းသားတွေကတော့ အကုန်ကြားသွားခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ ကျောင်းရဲ့အရှေ့တံခါးမှာ ရှိနေခဲ့တာပါ။ ဒါ့အပြင် မာရှောင်ထောင့်က သူ့ကို ပွေ့ဖက်လို့ထားခဲ့တာကြောင့် သူလဲ လုံး၀မလွှတ်မြောက်အောင်ရှိနေခဲ့ပါတယ်။

ရုတ်တရက်ဆိုသလို မာရှောင်ထောင့်က ဟို့ယွိဟောင်ကို ဖက်ပြီဆွဲသွားပါတော့တယ်။ ၀မ်သုန့်အနေနဲ့လဲ တစ်ခုခုလွဲနေတာကို သတိထားမိတာကြောင့် အပြင်ကိုပြေးထွက်လို့သွားပါတယ်။ ဒါပေမယ့် သူထွက်သွားချိန်မှာ မာရှောင်ထောင့်ရဲ့ နောက်ကျောကိုသာ တွေ့မြင်လိုက်ရပါတော့တယ်။ တစ်ယောက်ကိုတစ်ယောက် ကြည့်နေဆဲဖြစ်တဲ့ ကျောင်းသားတချို့ကတော့ ကျောင်းခန်းအပြင်ဘက်မှာရှိနေဆဲပါ။ ၀မ်သုန့်ရဲ့ မျက်နှာက ဖြူဖျော့လို့နေခဲ့ပါပြီ။ သူတို့တွေကို လိုက်ဖမ်းလို့လုပ်ခဲ့ပေမဲ့ လူတစ်ယောက်က ရုတ်တရက်ထွက်လာပါတော့တယ်။

” ရှေ့ကဖယ်စမ်းပါ ”

၀မ်သုန့်က ဒေါသတကြီးနဲ့ ပြောလိုက်မိတယ်။ ဒါပေမယ့် သူလှည့်ကြည့်လိုက်ချိန်မှာတော့ သူကိုဆွဲထား​တဲ့သူက ကျိုးယိဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။

” ဘာဖြစ်လို့လဲ ဘာဖြစ်လို့အဲ့ဒီလောက် စိတ်မရှည်ဖြစ်နေရတာလဲ ”

ကျိုးယိက ခပ်တိုးတိုးမေးလိုက်တယ်။ သူမက ဒီကျောင်းသားနှစ်ယောက်ကို အတော်လေး အလေးထားခဲ့ပေမဲ့ သူမရဲ့ သင်ကြားရေးနည်းစနစ်တွေအရ ကျောင်းသားတွေသူတို့ကို လုံး၀အပြစ်ပြုခွင့်မပေးပါဘူး။

၀မ်သုန့်ကတော့ အလောတကြီးနဲ့ ပြောလိုက်ပါတယ်။

” ဆရာကျိုး ဟို့ယွိဟောင်ကို မာရှောင်ထောင့်ခေါ်သွားတယ်..ကျေးဇူးပြုပြီ သူ့ကို မြန်မြန်ကယ်ပေးပါ သူတစ်ခုခု ဖြစ်နေတယ်လို့ ကျွန်တော်ထင်မိတယ်..ဟို့ယွိဟောင်လဲ သူလက်ထဲမှာ ထိခိုက်နိုင်တယ်.”‘

ကျိုးယိက သူ့ကို အခန်းထဲ ပြန်ဆွဲသွင်းလိုက်ပါတယ်။

” မစိုးရိမ်နဲ့ ဘာမှမဖြစ်ဘူး…ကျောင်းအုပ်ရန်က ငါ့ကို ဒီအကြောင်းပြောပြီးပြီ မာရှောင်ထောင့်ရဲ့ သိုင်းပညာ၀ိညာဥ်က အတော်လေးထူးခြားတယ်..ဟို့ယွိဟောင်ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်က သူ့ကို လေ့ကျင့်ဖို့ကူညီပေးနိုင်တယ်..ဒါ့အပြင် သူ့အတွက်လဲ အသုံး၀င်နိုင်မဲ့ကိစ္စပဲ ကိုယ်နေရာကိုယ် ပြန်ထိုင်တော့ ငါတို့အတန်းစကြမယ် ”

ပြောပြီတဲ့နောက် ကျိုးယိက အတန်းတံခါးကို ပိတ်လိုက်ပါတော့တယ်။ ၀မ်သုန့်ရဲ့ စိုးရိမ်ပူပန်းမှုတွေက ကျိုးယိ ရှင်းပြချက်ကြောင့် လုံး၀မငြိမ်သက်သွားခဲ့ပါဘူး။ တစ်နည်းတစ်ဖုံပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ မာရှောင်ထောင့်လက်ထဲမှာဒဏ်ရာမရနိုင်တာကို သိပေမဲ့ မာရှောင်ထောင့်က ဟို့ယွိဟောင်ကိုဖက်ပြီ ခေါ်သွားတာကိုကြည့်ရင်း စိတ်ထဲမှာတော့ အတော်လေးကို စိုးရိမ်လာခဲ့မိတယ်။

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်ရဲ့ စိတ်ကဗလာဟင်လင်ဖြစ်နေခဲ့ပါပြီ။ မာရှောင်ထောင့် သူ့ကိုထိခိုက်အောင်မလုပ်မှန်း သိနေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ရူးသွပ်တဲ့ပုံစံကိုမြင်ပြီသားပါ။ ဒါ့အပြင် ရုတ်တရက်အလှပဂေးတစ်ယောက်က သူ့ကိုဖက်ပြီအတင်းဆွဲခေါ်နေတာကြောင့်လဲ ရှက်ရွံ့နေခဲ့မိပါတယ်။

မာရှောင်ထောင့်က ဘယ်လိုအမွှေးနံ့သာကိုမှ မသုံးထားပေမဲ့ သူမရဲ့ ပင်ကိုယ်ကိုယ်သင်းရနံ့ကအတော်လေးကို မွှေးပျံ့နေခဲ့ပါတယ်။ နေနဲ့ခြောက်အောင်လှမ်းထားတဲ့ အိပ်ယာခင်းတွေလိုမျိုး သန့်ရှင်းပြီးအေးဆေးတဲ့အနံ့မျိုး ရနေခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ သူမက အိပ်ရာခင်းလိုနွေးထွေးတာမဟုတ်ပဲ နေမင်းကြီးလိုပူပြင်းနေခဲ့တာပါ။

မာရှောင်ထောင်ရဲ့အတော်ကို ပိန်သွယ်တဲ့ခန္ဓာကိုယ်က ဟို့ယွိဟောင်ကို ဖက်ထားရင်းနဲ့ ဒီအတိုင်းဆက်ပြီ ပြေးနေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ သူအရှေ့မှာရှိရှိသမျှ မြင်ကွင်းတွေအားလုံးက လှုပ်နေတာကိုသာ မြင်လိုက်ရတယ်။ လက်ရှိအချိန် သူနှလုံးသားထဲမှာ မူးဝေမှုက ပိုပြီးတိုးတက်လာခဲ့ပါပြီ။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကျောင်းဆောင်တွေကိုဖြတ်ကျော်သွားခဲ့ပြီ မာရှောင်ထောင့်က ပင်လယ်နတ်ဘုရားရေကန်ဆီ ပြေးသွားပါတော့တယ်။ သူမရဲ့အသက်ရှုသံတွေကလဲ ပိုပြီးပြင်းထန်လို့လာခဲ့တယ်။

” ယွိဟောင် ငါ့ကို ကူညီဦး ငါနောက်ထပ်ဆက်ပြီ တောင့်မခံထားနိုင်တော့ဘူး..နင်ရဲ့ရေခဲအစွမ်းက ငါရဲ့မီးလျှံကိုအမြန်ဆုံးဖိနှိမ့်ပေးဖို့ လိုအပ်တယ် ”

သူခက်ခက်ခဲခဲနဲ့ ပြောနေခဲ့ရပါတယ်။

အပိုင်း ၅၉• ၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset