Switch Mode

Chapter – 59.2

မီးလျှံနတ်ဆိုး အရူး မာရှောင်ထောက်

အပိုင်း ၅၉•၂

” မီးလျှံနတ်ဆိုး မာရှောင်ထောင့် ”
°°°
၀ိညာဥ်ဘုရင်တွေကတော့ မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုကို ခုခံဖို့အတွက်တောင် ၀ိညာဥ်စွမ်းရည်ကို ထုတ်သုံးနိုင်စွမ်းမရှိကြတော့ပါဘူး။ သူမရဲ့မီးလျှံလို အတောင်ပံတွေက ရုတ်တရက်ပျောက်ကွယ်လို့သွားခဲ့ပြီ ကောင်းကင်တစ်ခွင်လုံးလဲ အနီရောင်အလင်းတန်းတွေ ဖုံးလွှမ်းလို့သွားပါတော့တယ်။ ရုတ်တရက်ဆိုသလို ၀ိညာဥ်ဘုရင်ရဲ့ခန္ဓာကိုယ်နဲ့ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေအားလုံးက လေထဲမှာအေးခဲလို့သွားခဲ့ရပါပြီ။

မာရှောင်ထောင့်က သူ့ကိုတစ်ချက်တောင်မကြည့်ခဲ့ပါဘူး။ သူမရဲ့သေးသွယ်ပိန်ပါးတဲ့ခန္ဓာကိုယ်က လေထဲမှာ လွှင့်မျောနေခဲ့ပြီ။ ချိုသာနူးညံ့တဲ့ နတ်မီးငှက်အော်သံတွေ ထွက်ပေါ်လို့နေခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ငှက်မွှေးတွေက သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လို့လာခဲ့ရင်း အနီရောင်အလင်းတန်းတစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားပါတယ်။ အဲ့ဒီနောက် မယှဥ်သာနိုင်လောက်အောင် လှပတဲ့အမြီးတစ်ခုကလဲ ၀ိညာဥ်ဧကရာဇ်ဆီကို ပြေး၀င်လို့သွားခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာ သူမရဲ့ နောက်ဆုံးအနက်ရောင်၀ိညာဥ်စက်ကွင်းက တောက်ပတဲ့အလင်းတန်းတွေ လင်းလက်လို့လာပါတော့တယ်။ အနီရောင်အလင်းတန်းတွေက အရာအားလုံးကို ၀ါးမြိုခဲ့ပြီ ၀ိညာဥ်ဧကရာဇ်နဲ့ သူ့ရဲ့အပေါင်းအဖော်တွေအားလုံးလဲ ၀ါးမြိုခံလိုက်ရတော့တယ်။ မာရှောင်ထောင့်ကို ၀ိညာဥ်ဧကရာဇ်ချင်တူနေတာတောင် သူတန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိခဲ့ပါဘူး။ တခြားတစ်ဖက်မှာတော့ ပေ့ပေ့နဲ့ ကျန်းနန်နန်တို့ကလဲ သူမကိုစိတ်မပျက်စေပဲရှိနေခဲ့တယ်။

၀ိညာဥ်ဘိုးဘေးတစ်ယောက်က ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ တိုက်ခိုက်ချိန်မှာ သေချာပေါက် ဖိနှိမ့်ခံရမှာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးက အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားဖြစ်နေခဲ့ပါတယ်။ အကယ်၍ တစ်ဖက်လူတွေကသာ အဆုံးစွန်းအခြေအနေမှာ ရှိနေမယ်ဆိုရင် အနိုင်ရမဲ့သူကို ခန့်မှန်းဖို့ခက်ပေမဲ့ မာရှောင်ထောင့်လက်ထဲမှာ ဒဏ်ရာရထားတဲ့၀ိညာဥ်ဘုရင်နှစ်ယောက်ကတော့ ပေ့ပေ့နဲ့ ကျန်းနန်နန်တို့ရောက်ရှိလာချိန်မှာ အင်အားတွေ အပြည့်အ၀မရရှိသေးပါဘူး။

ပေ့ပေ့က ပေါက်ကွဲအားပြင်းထန်တဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပြီ ကျန်းနန်နန်ကတော့ ပေါက်ကွဲအားပြင်းထန်တဲ့ အမြန်နှုန်းသုံး၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူတို့အသီးသီးရဲ့ တိုက်ပွဲရလဒ်ကလဲ အမြန်အဆန်ပဲ အဆုံးသတ်သွားခဲ့ပါပြီ။ မာရှောင်ထောင့် သူမရဲ့တိုက်ပွဲကို အဆုံးသတ်ပြီချိန်မှာပဲ ၀ိညာဥ်ဘုရင်နှစ်ယောက်ထဲမှာ တစ်ယောက်ကတော့ တစ်ကိုယ်လုံးမီးသွေးတုံးလို ဖြစ်သွားခဲ့ရင်း လွှင့်ထွက်လို့သွားပါတော့တယ်။ နောက်တစ်ယောက်ကတော့ ကျန်းနန်နန်ရဲ့ တိုက်ခိုက်မှုကြောင့် လေထဲကို လွှင့်မျောသွားခဲ့ပါပြီ။

မာရှောင်ထောင့်က တစ်မိနစ်ကျော်ကြာပြီချိန်မှာသာ သတ်ဖြတ်တာတွေအားလုံးကို အဆုံးသတ်လိုက်ပါတော့တယ်။ သူမရဲ့ရန်သူခြောက်ယောက်စလုံးက ဒီလိုတစ်မိနစ်တာအချိန်တိုလေးအတွင်းမှာ အကုန်သေဆုံးလို့သွားခဲ့တာပါ။ အားလုံးအသတ်ခံလိုက်ရပြီးပြီဆိုတာ သူမ နားလည်သွားပြီးပြီချင်မှာ မာရှောင်ထောင့်က သူခေါင်းသူပြန်ကုတ်ရင်း ပြောလိုက်မိပါတယ်။

” ငါတစ်ယောက်ယောက်ကို အသက်ရှင်လျက်ချန်ထားဖို့ မေ့သွားတယ် ”

ပေ့ပေ့နဲ့ ကျန်းနန်နန် နှစ်ယောက်စလုံးက သူ့ကို စိုက်ကြည့်ရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။ သူမ ဘယ်လောက်အထိ ကြမ်းတမ်းလဲဆိုတာကို အားလုံးသိနေခဲ့ပါတယ်။ ပေ့ပေ့နဲ့ ကျန်းနန်နန်တို့လဲ သူပြောခဲ့တဲ့တစ်ယောက်မှအလွတ်မပေးနဲ့ဆိုတဲ့ စကားကိုကြားပြီကထဲက အစွမ်းကုန်တိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် သူတို့ရဲ့ပြိုင်ဘက်တွေက ၀ိညာဥ်ဘုရင်တွေ ဖြစ်နေခဲ့တဲ့အတွက် သူတို့လဲရက်စက်ဖို့လိုပါတယ်။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်လေ ကျောင်းတော်ရဲ့အဆောက်အအုံအဖွဲ့ကို ဒီအလောင်းတွေ စစ်ဆေးခိုင်းလိမ့်မယ်။ သက်သေသက်ကာယတစ်ချို့တော့ ကျန်ရစ်မှာပါ။

မာရှောင်ထောင့်က လက်ကိုဝှေ့ရမ်းရင်းနဲ့ သူ့အမှားကိုဖုံးကွယ်ဖို့ ကြိုးစားနေခဲ့တယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးကတော့ မာရှောင်ထောင့်ကို လေးစားမှုတွေနဲ့ ကြည့်နေခဲ့ပါပြီ။ သူမရဲ့အစောပိုင်းလုပ်ဆောင်ချက်တွေအားလုံးက လေလိုမြန်ဆန်ပြီ မီးလိုကြမ်းတမ်းလွန်လှပါတယ်။

၀ိညာဥ်ပညာရှင်ချင်အတူတူတောင်မှ မာရှောင်ထောင့်ရဲ့ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းက အရမ်းကို သက်၀င်လှုပ်ရှားနေလို့ပါပဲ။ တစ်ခုပြီတစ်ခု တောက်ပလို့လာခဲ့ရင်း သူမက ကောင်းကောင်းထိန်းချုပ်လို့ထားနိုင်ခဲ့တယ်။ ဒါ့အပြင် ဘယ်၀ိညာဥ်စွမ်းရည်ကို ဘယ်လိုအချိန်မှာ သုံးရမှန်းလဲ လုံး၀အပြည့်အ၀ထိန်းချုပ်နိုင်ပါသေးတယ်။ ဟို့ယွိဟောင်နဲ့ ကျန်တဲ့သူတွေအားလုံးက ၀ိညာဥ်စက်ကွင်းတစ်ကွင်းရဲ့စွမ်းအားတွေကို မြန်မြန်ဆန်ဆန် သုံးနိုင်တာတောင် သူလောက်အလွယ်လေး လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင်သူမကတော့ ၀ိညာဥ်စက်ကွင်းတွေ ဘယ်လောက်ပဲရှိပါစေ ကန့်သတ်မခံထားရတဲ့အတိုင်း အေးအေးဆေးဆေးသာ ဖြစ်နေခဲ့တယ်။ ၀ိညာဥ်ဧကရာဇ်ချင်းအတူတူတောင်မှ ပြိုင်ဘက်ကလဲ သူ့ကိုလုံး၀မထိပါးနိုင်ခဲ့ပါဘူး။

ဒါပေါ့ မာရှောင်ထောင့်က သူမတူအောင်ပါရမီရှိတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်ပြီ သူက နတ်မီးငှက်ရဲ့သွေးကို ပိုင်ဆိုင်ထားတဲ့သူပါ။ သူမရဲ့အားကောင်းတဲ့ သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်အရိုးတွေကလဲ ၀ိညာဥ်ဧကရာဇ်တွေထဲမှာတောင် ပိုပြီး သန်မာလာစေပါတယ်။

ဒီတစ်ကြိမ်မှာတော့ လူခုနှစ်ယောက် ရှစ်ယောက်က မြို့နံရံတွေပေါ်မှာ ပေါ်ထွက်လို့လာပါတော့တယ်။ များပြားတဲ့စစ်သည်တော်တွေလဲ သူတို့အနောက်မှာ တလေးတစားနဲ့ရပ်နေခဲ့တယ်။ အကြီးအကဲလင်းနဲ့ ရန်ရှောင်ကျဲ့တို့က အရှေ့မှာဦးဆောင်လာတဲ့ လူတွေအုပ်စုထဲမှာ ပါနေခဲ့ပါတယ်။ အတွင်းတပည့်သားတစ်ယောက်ရဲ့ အန္တရာယ်အချက်ပြမီးက ကျောင်းတော်အတွက် အရမ်းကိုအရေးကြီးတဲ့ကိစ္စပါ။ အမှန်တကယ်တော့ သူတို့တွေရောက်နေတာ ကြာပါပြီ။ သူတို့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် မာရှောင်ထောင့်ထက်တောင် ပိုစောစောရောက်နေခဲ့ကြပါတယ်။ ဒါပေမယ့် ဆရာတွေအနေနဲ့ သူတို့က ချက်ချင်းမလှုပ်ရှားခဲ့ပါဘူး။ သူတို့ကျောင်းသားတွေ ဘယ်လောက်အထိ စွမ်းဆောင်ရည်ရှိမရှိကို သိချင်နေခဲ့တယ်။ သူတို့ကျောင်းသားတွေကလဲ သူတို့ကို စိတ်မပျက်စေခဲ့ပါဘူး။

အသိအမှတ်ပြုနိုင်ဖွယ်ဆိုတဲ့စကားလုံးက ဖြစ်ပျက်သမျှအရာအားလုံးကိုဖော်ပြဖို့လုံလောက်နေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လွှတ်မြောက်မှုပဲ ဖြစ်ပါစေ မာရှောင်ထောင့် ပေ့ပေ့ ကျန်းနန်နန်နဲ့ ရှုစန်းရှီတို့ရဲ့ အချိန်မီလာရောက်ခဲ့သည်ဖြစ်စေ အားလုံးက သူတို့အတွက်တော့ အရည်အချင်းကို ထုတ်ဖော်ပြသဖို့ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ကျူးကျော်သူတွေအားလုံးကလဲ ကျရှုံးလို့သွားခဲ့ပါပြီ။ ဒါ့အပြင် သူတို့လုပ်ခဲ့မိတဲ့ တစ်ခုတည်သောအမှားကတော့ အသက်ရှင်လျက်မထားခဲ့မိတာပါပဲ။

ရန်ရှောင်ကျဲ့ကလဲ တစ်နည်းတစ်ဖုံဘာပြောရမှန်းမသိ ဖြစ်နေခဲ့တယ်။

” ဒီကလေးမကတော့လေ အရမ်းဒေါသကြီးလိုက်တာ တိုက်ပွဲထဲ၀င်သွားပြီဆိုတာနဲ့ လုံး၀တခြားသူတစ်ယောက်လို ဖြစ်သွားတော့တာပဲ ”

အကြီးအကဲလင်းကတော့ ပြုံးနေခဲ့ပါတယ်။

” ဒါက သူ့ရဲ့မူလပင်ကိုယ်စရိုက်ကြောင့်ပဲလေ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်လွှမ်းမိုမှုလဲ ရှိနေသေးတာပေါ့ ဒီကလေးရဲ့ကျင့်ကြံဆင့်က အများကြီးတိုးတက်လာပြီးပြီ တကယ်တော့ ငါအာမခံ၀ံ့တယ် ..လာမဲ့သုံးနှစ်အတွင်းမှာ သူက သေချာပေါက် ၀ိညာဥ်ခုနှစ်ကွင်းအဆင့်ကို ဖြတ်ကျော်တိုးတက်လိမ့်မယ် ”

ရန်ရှောင်ကျဲ့က ရယ်မောနေခဲ့ပါတယ်။

” အကြီးအကဲလင်း ကျွန်တော်ရဲ့အစီအစဥ်အတွက် အဲ့ဒီတုန်းက အာမခံချက်ကမရှိခဲ့ဘူးလေ…ဒါ​ပေမယ့် အခုအချိန်မှာ ဟို့ယွိဟောင်ပေါ်လာတာကြောင့် အကြီးအကဲရဲ့မေးခွန်းကို အဖြေတစ်ခုကိုတော့ တိတိကျကျပေးနိုင်ပြီထင်တာပဲ အဲ့ဒီကလေးတွေ လွှတ်မြောက်သွားတဲ့အချိန်မှာ ကြောက်စရာအကောင်းဆုံးအပိုင်းကို အာရုံခံမိလိုက်လား ”

ရန်ရှောင်ကျဲ့ကတော့ ဘာတွေဖြစ်သွားခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်းမမြင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီတိုက်ပွဲနဲ့အနီးဆုံးရောက်ရှိနေတဲ့သူကတော့ အကြီးအကဲလင်းဖြစ်နေခဲ့ပါတယ်။ သူမက ဟို့ယွိဟောင် ပြစ်လွှတ်လိုက်တဲ့အလင်းတန်းကို မြင်မြင်ချင်ပဲ မြို့နံရံပေါ်ရောက်လာခဲ့တာပါ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ ​ကျောက်စိမ်းရောင်အလင်းတန်းက ၀ိညာဥ်ဘုရင်သုံးယောက်စလုံးကို လှုပ်ရှားနိုင်စွမ်းပျောက်ဆုံးလို့သွားစေခဲ့ပါတယ်။

ရန်ရှောင်ကျဲ့ကလဲ နောက်ကျလို့သွားခဲ့ပြီ မြို့တော်ကို မရောက်လာခဲ့ပေမဲ့ သူ့ရဲ့ အမြင်အာရုံကိုတော့ ဘယ်အရာကမှ မတားဆီးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီမြင်ကွင်းကို ဝေဝေ၀ါး၀ါးမြင်လိုက်ရပါတယ်။

ဒါ့အပြင် သူတို့ရဲ့ထိပ်ဆုံးအဆင့်ရောက်နေတဲ့ အရှိန်နှုန်းတွေက သာမန်၀ိညာဥ်ပညာရှင်တွေ လုံး၀ယှဥ်လို့မရနိုင်တဲ့အရာပါပဲ။

ဒါ့အပြင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ပေါင်းစည်းပြီတိုက်ခိုက်တဲ့ ရွှေရောင်လမ်းကလဲ သူတို့နှစ်ယောက်တင်မက ကျောင်းတော်ရဲ့အတွင်းအကြီးအကဲတွေနဲ့ ပညာရှင်တွေကိုပါ အတော်လေး အထင်ကြီးသွားစေခဲ့ပါတယ်။

မာရှောင်ထောင့်ရဲ့ လုပ်ဆောင်ချက်တွေက ထူးချွန်တာမှန်ပေမဲ့ သူမက အတွင်းနယ်မြေရဲ့တပည့်သားဖြစ်နေပြီသားပါ။ သူမအနေနဲ့ ပြိုင်ဘက်တွေကို အလွယ်လေးအနိုင်ရတယ်ဆိုတာ သိပ်ပြီး မခန့်မှန်းနိုင်စရာမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ကွာခြားချက်ဖြစ်နေခဲ့တယ်။ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်နဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက်က ၀ိညာဥ်ဘုရင်ငါးယောက်နဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်အဖွဲ့ဆီကနေ လွှတ်မြောက်နိုင်ခဲ့တယ်ဆိုတာ မလွယ်ကူတဲ့ကိစ္စပါပဲ။ သူတို့ရဲ့ သံသယတွေအားလုံးကို ဖယ်ရှားပြစ်ဖို့ လုံလောက်နေခဲ့ပါပြီ။

အကယ်၍ မာရှောင်ထောင့် မရောက်လာခဲ့ရင်းတောင် သူတို့အနေနဲ့ ပြုတ်ကျပြီ ဒဏ်ရာရတာကလွဲလို့ သေနိုင်လောက်တဲ့အထိတော့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီအချိန်မှာပဲ ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့ကလဲ ရောက်ရှိနေလောက်ပါပြီ။ တခဏတာကြာအောင် အသက်ရှင်လျက်နေဖို့ဆိုတာ သူတို့အတွက် ပြဿနာမဟုတ်နိုင်ပါဘူး။ ပြောရမယ်ဆိုရင် သူတို့ရဲ့ လွှတ်မြောက်မှုက ဘယ်လိုနေနေ အောင်မြင်နိုင်တယ်ဆိုတာ ဆိုလို့ရနိုင်ခဲ့တာပါ။

ရန်ရှောင်ကျဲ့နဲ့ အကြီးအကဲလင်း နှစ်ယောက်စလုံးက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အဖွဲ့၀င်တွေဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်မှာ ဘယ်လိုအမှားအယွင်းကိုမှ ရှာမတွေ့ခဲ့ပါဘူး။

” ရှောင်ကျဲ့ လေထဲမှာအလိုက်ခံနေရတဲ့အချိန် ဟို့ယွိဟောင်ဘယ်လိုစွမ်းရည်ကိုသုံးလိုက်လဲ မင်းမြင်လိုက်ရလား ”

အကြီးအကဲလင်းက ပြုံးပြရင်းမေးလာခဲ့ပါတယ်။

ရန်ရှောင်ကျဲ့ကတော့ သူမြင်လိုက်ရတဲ့အရာကို ပြန်စဥ်းစားနေခဲ့တယ်။ နောက်တော့ သူက ခေါင်းခါလိုက်တယ်။

” ကျွန်တော်အရမ်းဝေးလွန်နေတာကြောင့် ရှင်းရှင်းလင်းလင်းမမြင်လိုက်ပါဘူး..အကြီးအကဲလင်းကတော့ သေချာပေါက် မြင်လိုက်မှာပါ သူအသုံးပြုလိုက်တာ ဘယ်လို၀ိညာဥ်စွမ်းရည်မျိုးလဲ ၀ိညာဥ်ဘုရင်သုံးယောက်ကို ပျံသန်းနိုင်စွမ်းပျောက်ဆုံးသွားစေခဲ့တယ်လား “‘

အကြီးအကဲလင်းက ပြုံးလိုက်ပါတယ်။

” အဲ့ဒီကလေးနှစ်ကောင် ငါ့ခန်းမဆောင်ကနေ တန်ဖိုးကြီးတဲ့ ၀ိညာဥ်အရိုးတစ်ခုကိုယူသွားတဲ့အချိန်မှာ နှလုံးသားတစ်ခုလုံး အရမ်းကိုနာကျင်သွားတာပဲ ဒါပေမယ့် အဲ့ဒီအစွမ်းကို ငါမြင်ပြီတဲ့နောက် တန်တယ်လို့ခံစားမိတယ်…အကယ်၍ ငါထင်တာသာ မမှားဘူးဆိုရင် အဲ့ဒါက နယ်မြေအမျိုးအစား၀ိညာဥ်စွမ်းရည်ပဲ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်အရိုးဆီကနေ ရလာတာပဲ ဖြစ်လိမ့်မယ် ..သူအသုံးပြုထားတဲ့ ၀ိညာဥ်အရိုးကလဲ သူ့ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်နိုးထလာမှုနဲ့ သေချာပေါက် ဆက်စပ်နေလိမ့်မယ် ”

ရန်ရှောင်ကျဲ့က တအံ့တဩမေးလာခဲ့မိပါတယ်။

” အကြီးအကဲလင်း အဲ့ဒါက နယ်မြေတွေကို ထိန်းချုပ်တဲ့အမျိုးအစားဆိုတာ သေချာရဲ့လား ”

အကြီးအကဲလင်းက သူ့ကိုကြည့်နေခဲ့ရင်း ပြန်မဖြေခဲ့ပါဘူး။ သူမက မြို့ထဲကိုပြန်လျှောက်သွားခဲ့ရင်း ဖြည်းဖြည်းချင်း ပြောလာခဲ့ပါတယ်။

” တစ်စုံတစ်ယောက်ကတော့ အတော်ကို သတ္တိကောင်းနေပြီ ငါတို့ကျောင်းသားတွေ ကျောင်းတော်ကို ပြန်တဲ့လမ်းမှာသူတို့ကို အနိုင်ကျင့်နိုင်မယ်လို့ ထင်နေတယ်ပေါ့ ထင်တိုင်းကြဲနေလိုက်ကြတာ ”

ရန်ရှောင်ကျဲ့အနေနဲ့ သူ့စကားမှားသွားပြီဆိုတာ သိနေခဲ့ပါတယ်။ အဲ့ဒီနောက် အကြီးအကဲလင်းကို ဦးညွတ်လိုက်ရင်းပြန်ရပ်နေခဲ့တယ်။ သူမျက်လုံးတွေကတော့ လူသတ်ငွေ့တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။ ဘေးမှာရှိနေတဲ့ တစ်စုံတစ်ယောက်ကို သူလှမ်းကြည့်ရင်းပြောလိုက်ပါတယ်။

” အလောင်းတွေအကုန်လုံး ကျောင်းတော်ကိုပြန်လာယူခဲ့ ဘာတစ်ခုတစ်လေကိုမှ ချန်မထားနဲ့ ငါတို့ကျောင်းတော်ရဲ့ ကျောင်းသားတွေကို ဘယ်သူတိုက်ခိုက်၀ံ့လဲဆိုတာ ကြည့်ကြသေးတာပေါ့ ”

” ကောင်းပါပြီဆရာ ”

°°°
” ကျေးဇူးတင်ပါတယ်အစ်မကြီး ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက ၀ိညာဥ်စွမ်းအားတွေ အများကြီးကုန်ဆုံးလို့သွားခဲ့ပေမဲ့ ခန္ဓာကိုယ်ကတော့ အဆင်ပြေနေဆဲပါ။ သူတို့တွေက မာရှောင်ထောင့်ကို တလေးတစားနဲ့ ဦးညွတ်နေခဲ့ကြပါတယ်။

” ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး ..ဒီကောင်စုတ်တွေအသက်ရှင်နေရတာ စိတ်ကုန်နေလို့ပဲ ဖြစ်ရမယ် ..ငါတို့တွေကျောင်းတော်ရဲ့ နယ်မြေမှာလာပြီ ဒီလိုကိစ္စတွေလုပ်၀ံ့တယ်ပေါ့ မင်းတို့တွေ အစောပိုင်းမှာ တစ်ယောက်ယောက်ကို အပြစ်ပြုမိသေးလား ”

” မလုပ်မိပါဘူး ”

ဟို့ယွိဟောင် ဒီလိုပြောပေမဲ့ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကိုတွေးမိတာကြောင့် ၀မ်သုန့်ကိုလှည့်ကြည့်လိုက်မိပါတယ်။ ၀မ်သုန့်လဲ သူ့ကိုပြန်ကြည့်နေခဲ့ပါတယ်။

သူတို့နှစ်ယောက်စလုံးရဲ့အကြည့်တွေ ဆုံသွားချိန်မှာတော့ နှလုံးသားထဲမှာ အေးစက်မှုတွေက ဖြစ်ပေါ်လာခဲ့ပါပြီ။ သူတို့တွေ လက်ရှိအချိန်မှာ ရန်သွားစမိတာက လူတစ်ယောက်သာရှိပါတယ်။ ထိုက်ဟွပင်းပါပဲ။

ထိုက်ဟွပင်းက သူတို့ကို နှစ်ကြိမ်တိတိ ရှုံးနှိမ့်ခဲ့ပြီ သူတို့ကို ဦးချခဲ့ရပါတယ်။ ဒါ့အပြင် ကျားဖြူမြို့စားမင်းရဲ့ အိမ်တော်က ဖြစ်နေခဲ့တာကြောင့်လူတွေအများကြီးက သူတို့ကို နောက်ကွယ်မှာကာကွယ်ရေးတာ၀န်ထမ်းဆောင်နေကြပါတယ်။ ၀ိညာဥ်ဧကရာဇ်တစ်ယောက်နဲ့ ၀ိညာဥ်ဘုရင်ငါးယောက်ဆိုတာက သာမန်အင်အားတွေ ပိုင်ဆိုင်နိုင်တဲ့သူမျိုး မဟုတ်ပါဘူး။

ဟို့ယွိဟောင် စကားမပြောနိုင်ခင်အချိန်မှာပဲ ပေ့ပေ့က သူ့ဆီကို လျှောက်လာပါတော့တယ်။

” ညီငယ်လေး နှစ်ယောက် ဒီနေရာက မလုံခြုံဘူး ကျောင်းတော်ကိုအမြန်ပြန်ပြီး ဆက်ပြောရအောင် ”

အမှန်တကယ်တော့ သူတို့တွေ ဘယ်လိုမှအန္တရာယ်ထဲမရောက်နိုင်တော့ပါဘူး။ ဟို့ယွိဟောင်ရဲ့ အချက်ပြမီးက ကျောင်းတော်ရဲ့ရှိရှိသမျှ ထိပ်တန်းအင်အားရှင်တွေကို ရောက်ရှိလာစေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ဖန်းယွီတောင် ရောက်လာခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ အဲ့ဒီအချက်ပြမီးက ဖန်းယွီကိုယ်တိုင်ပေးထားခဲ့တာပါ။ ဒါ့အပြင် ဒီအရာထုတ်လွှတ်လိုက်လို့ကတော့ သူလဲသိသိချင်ရောက်လာမယ်လို့ ပြောထားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက် လေလံပွဲကနေပြန်လာချိန်မှာ သူတို့ကို ကာကွယ်တဲ့အုပ်စုကြီးက ပိုများလာပါတော့တယ်။ အနောက်မှာကျန်ခဲ့တဲ့အလောင်းတွေကိုတော့ ရန်ရှောင်ကျဲ့ရဲ့လူတွေက ယူသွားခဲ့ပါပြီ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ညမှာကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ပါဘူး။ သူတို့တွေအခန်းကိုပြန်ပြီး မနက်စောစောအထိ ဒီအတိုင်းနေနေခဲ့ရပါတယ်။ ကျောင်းတော်က သူတို့ကို တိကျတဲ့အဖြေမပေးခဲ့ပေမဲ့ သူတို့တွေကတော့ အဖြေရပြီသားပါ။

ဟို့ယွိဟောင်အနေနဲ့လဲ ကျောင်းတော်က ဒီကိစ္စဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်မပူခဲ့ပါဘူး။ သူနဲ့ ၀မ်သုန့်တို့နှစ်ယောက်က သတိလက်လွှတ်ဖြစ်သွားခဲ့မိလို့ပါ။ ထိုက်ဟွပင်းအနေနဲ့ ကျောင်းတော်အနားမှာ ဒီလိုပြဿနာလာရှာနိုင်တယ်ဆိုတာ သူတို့မတွေးမိခဲ့ပါဘူး။

အလောင်းတွေက ဘယ်လိုသက်သေအထောက်အထားမှမပေးပဲရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက ထိုက်ဟွပင်းလွှတ်လိုက်တာဖြစ်ပေမဲ့ သူတို့ရဲ့ဇစ်မြစ်တွေအားလုံးကို ဖယ်ရှားလို့ထားခဲ့ပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ထိုက်ဟွပင်းကို ပြဿနာဖြစ်စေမဲ့ကိစ္စမျိုး ဘာမှသူတို့မလုပ်ခဲ့ပါဘူး။ ဒါ့အပြင် သူတို့ရဲ့ ကျားဖြူမြို့စားမင်းအိမ်တော်နဲ့ ပတ်သက်ဆက်နွယ်နေမဲ့ကိစ္စတွေအားလုံးကိုလဲ ရှောင်ရှားလို့ထားခဲ့ပါတယ်။

အပိုင်း ၅၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset