Switch Mode

Chapter – 59.1

မီးလျှံနတ်ဆိုး အရူးမ မာရှောင်ထောက်

အပိုင်း ၅၉•၁

” မီးလျှံနတ်ဆိုးအရူးမ မာရှောင်ထောင့် ”
°°°
မာရှောင်ထောင့်က ရောက်ရှိလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင် ပြစ်လွှတ်လိုက်တဲ့အတွင်းတပည့်သားအန္တရာယ်အချက်ပြမီးကို မြင်မြင်ချင် မြို့တော်ရဲ့​ကျောင်းတော်ဂိတ်တံခါးကနေ ထွက်ခွာလို့လာခဲ့တာပါ။ သူမလာခဲ့တဲ့အရှိန်နှုန်းနဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို အချိန်မီအတွင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ရန်သူတွေက ခြောက်ယောက်ဖြစ်နေခဲ့ပေမဲ့ မာရှောင်ထောင့်ကတော့ တစ်စက်လေးမှမကြောက်ပါဘူး။ ကောင်မလေးတစ်ယောက် ဖြစ်နေခဲ့ပေမဲ့ သူမက အဲ့ဒီလိုရပ်နေချိန်မှာ စစ်သူကြီးတစ်ယောက်လိုမျိုး အရှိန်အ၀ါတွေကို ထုတ်လွှတ်နေခဲ့ပါတယ်။

ပေ့ပေ့ကတော့ ဟို့ယွိဟောင်ကို ဖမ်းလိုက်ပြီ အရှိန်ပိုမြန်တဲ့ကျန်းနန်နန်ကတော့ ၀မ်သုန့်ကိုဖမ်းလိုက်ပါတယ်။ ကျန်းနန်နန်ကလဲ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ပါပဲ။ ဒါ့အပြင် သူမရဲ့ ကျင့်ကြံဆင့်ကလဲ ပေ့ပေ့ ရှုစန်းရှိီတို့နဲ့ ယှဥ်လို့ရနေခဲ့တယ်။ ဒါ့က ဟို့ယွိဟောင်ကို အံ့အားသင့်သွားစေခဲ့ပါတယ်။ သူမအနေနဲ့ အပြင်နယ်မြေရဲ့ အဓိကအတွင်းတပည့်သားဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူး။

” ညီလေး အဆင်ပြေရဲ့လား ”

ပေ့ပေ့က မေးလာခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ သူ့ဆရာတူအစ်ကိုကြီးရဲ့ မျက်လုံးထဲမှာ ဒီလောက်ပြင်းထန်နေတဲ့ လူသတ်ငွေ့တွေကို ဟို့ယွိဟောင်မြင်ဖူးခဲ့တာပါ။ ဒါ့အပြင် စစ်မှန်တဲ့မီးလျှံတွေက တောက်လောင်လို့နေခဲ့ပါတယ်။ အကယ်၍ မာရှောင်ထောင့်သာ အချိန်မီမရောက်လာခဲ့လို့ကတော့ သူတို့အနေနဲ့ ကောင်းကင်ပေါ်ကနေ ပြုတ်ကျပြီသားဖြစ်နေခဲ့ပြီ ဒဏ်ရာလဲပြင်းပြင်းထန်ထန် ရသွားနိုင်ပါတယ်။ မသေရင်တောင်မှ ဒဏ်ရာတွေကအတော်ကို ပြင်းထန်မှာပါ။

” ကျွန်တော်တို့အဆင်ပြေတယ်..အစ်ကိုကြီး ကျွန်တော်တို့အားစိုက်ထုတ်တာ အတော်လေး များသွားလို့ပါ ‘”

ဟို့ယွိဟောင်က ခပ်တိုးတိုးသာ အသံထွက်နိုင်ပါတယ်။

ပေ့ပေ့ကတော့ ခေါင်းညိတ်ရင်းနဲ့ သူ့ကို မြေပြင်ပေါ်ပြန်ချလိုက်ပါတယ်။ တခြားတစ်ဖက်မှာတော့ ကျန်းနန်နန်လဲ ၀မ်သုန့်ကို ပြန်ချလိုက်ပါပြီ။ သူတို့ရဲ့ ပြိုင်ဘက်ခြောက်ယောက်က အတူတူစုပေါင်းသွားပြီဖြစ်ပါတယ်။ ၀ိညာဥ်ဧကရာဇ်က ရွှေရောင်အလင်းတန်းတွေရဲ့ လွှမ်းမိုးမှုကနေ လုံး၀ပြန်သတိလည်သွားပြီဖြစ်သလို သူ့ရဲ့အ၀တ်အစားတွေကလဲ အတော်လေးကို မီးကျွမ်းလို့နေခဲ့ပါတယ်။ မျက်နှာအမူအရာကလဲ မခံချိမခံသာဖြစ်နေခဲ့တယ်။

မျက်တောင်တစ်ခတ်အချိန်အတွင်းမှာပဲ သူ့ရဲ့၀ိညာဥ်စွမ်းအားသုံးဆယ်ရာခိုင်နှုန်းအထိကို အလာဟသဖြစ်သွားခဲ့ပါပြီ။ ဒါ့အပြင် ဒီလိုရွှေရောင်လွှမ်းမိုးမှု ဖယ်ရှားဖို့အတွက်သက်သက်သာ အဲ့ဒီလိုလုပ်ခဲ့ရတာပါ။ ဒါ့အပြင် သူက ၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်နေဆဲပါပဲ။ ဒီလိုမျိုးရှက်စရာကောင်းတဲ့ အခြေအနေမျိုးကို ၀ိညာဥ်အကြီးအကဲနဲ့ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်ရဲ့ ပေါင်းစည်းမှုကြောင့် ကြုံတွေ့ခဲ့ရတာပါ။ သူဘယ်လိုလုပ် ဒေါသမထွက်ပဲနေနိုင်မှာလဲ။

ဒါပေမယ့် ဒေါသတွေထဲမှာ အကြောက်တရားက ရှင်းရှင်းလင်းလင်းရှိနေခဲ့ပါတယ်။ အရမ်းကို များပြားတဲ့ အကြောက်တရားပါပဲ။

တကယ်ကို သေချာလွန်ပါတယ်။ ဒီကလေးတွေက အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားတွေအဖြစ် လုံး၀ထိုက်တန်တဲ့သူတွေပါ။ ၀ိညာဥ်ဧကရာဇ်တစ်ယောက်နဲ့ ၀ိညာဥ်ဘုရင်ငါးယောက် ၀န်ရံထားတာတောင် အဲ့ဒီကလေးနှစ်ယောက်က သူတို့အသက်ဘေးကလွှတ်အောင် ပြေးနိုင်ခဲ့ပါတယ်။ အကယ်၍ ဒီသတင်းသာ အပြင်ကိုပြန့်နှံ့သွားမယ်ဆိုရင် ဘယ်သူက ယုံကြည်နိုင်မှာလဲ အဲ့ဒီရွှေရောင်အလင်းတန်းကတင် သေချာပေါက် ထူးဆန်းတဲ့ပေါင်းစည်းမှုစွမ်းရည် ဖြစ်ပါလိမ့်မယ်။

စိတ်ထဲမှာ ဒေါသထွက်နေခဲ့ပေမဲ့ ၀ိညာဥ်ဧကရာဇ်အနေနဲ့ ဆုတ်ခွာဖို့ကို တွေးမိနေပါပြီ။ မာရှောင်ထောင့်နဲ့ တခြားကျောင်းသားတွေကလဲ သေချာပေါက် သူတို့ကို အနိုင်မယူနိုင်ဘူးလို့ ထင်ခဲ့ပေမဲ့ သူတို့တွေကလဲ နောက်ဆုံးအချိန်ထိ ကျောင်းတော်ရဲ့ကျောင်းသားတွေ ဖြစ်နေဆဲပါ။ အချိန်တိုအတွင်းမှာ အားလုံးကို အနိုင်ယူဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် ကျောင်းတော်အနေနဲ့လဲ သူတို့နဲ့အတော်ကို နီးကပ်နေခဲ့ပါသေးတယ်။ ပညာရှင်တွေရောက်လာခဲ့ရင်း အကုန်ပြီးသွားခဲ့မှာပါ။

ဒါကြောင့် သူလဲချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ညာဘက်လက်ကိုမြောက်ရင်းလက်အောက်ငယ်သားတွေနဲ့အတူတူ ထွက်ပြေးဖို့လုပ်တော့တယ်။

” မင်းကပြေးချင်တယ်လား အကယ်၍ တစ်ယောက်တစ်လေလွှတ်သွားခဲ့ရင်တောင် ဒီမေမေကြီးက မီးလျှံနတ်ဆိုးမမာရှောင်ထောင့်လို့ခေါ်မနေတော့ဘူး ”

ထွက်ပြေးတော့မှာကို သတိထားမိပြီးပြီချင် မာရှောင်ထောင့်က ဒေါသထွက်သွားပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်ရာချီအတွင်းမှာ ကျောင်းတော်နဲ့ဒီလောက်နီးကပ်တဲ့အကွာအဝေးအတွင်း ကျောင်းတော်ရဲ့တပည့်သားတစ်ယောက်ကို သတ်ဖို့အထိသတ္တိရှိတဲ့ လုပ်ကြံရေးသမားဆိုတာက ပေါ်မလာခဲ့ပါဘူး။ ကျောင်းတော်ရဲ့အတွင်းတပည့်သားဖြစ်နေခဲ့တဲ့သူမက သူ့ကျောင်းနဲ့ပတ်သက်ပြီ မာနစိတ်အရမ်းကို မြင့်မားနေလွန်လှပါတယ်။ ဒါ့အပြင် သူမအနေနဲ့ ဟို့ယွိဟောင်ကို ရှာဖွေပြီ သူ့ရဲ့မီးလျှံတွေကို ငြိမ်သက်စေချင်နေတာပါ။ ဒါကြောင့် ဒီလိုမျိုး လူတွေကိုလုံး၀အလွှတ်ပေးမှာမဟုတ်ပါဘူး။

မာရှောင်ထောင့်က အော်လိုက်ပါတယ်။

” ရှုစန်းရှီ ကလေးနှစ်ယောက်ကို ကာကွယ်ထားလိုက် ပေ့ပေ့နဲ့ ကျန်းနန်နန် မင်းတို့နှစ်ယောက်က ငါနဲ့ ချက်ချင်းလိုက်ပြီတိုက်ခိုက် အကယ်၍ ဒီအထဲက တစ်ကောင်ကောင်လွှတ်သွားမယ်ဆိုရင်တောင် ငါနင်တို့ကို သေချာပေါက် ဒီအကြွေးမှတ်ထားမယ် “‘

မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းက တောက်ပလို့လာခဲ့ပါပြီ။ ဒါ့အပြင် သူမရဲ့ ဒုတိယနဲ့ တတိယ​၀ိညာဥ်စက်ကွင်းတွေကလဲ အရောင်တွေတောက်ပလာပါတော့တယ်။ အရမ်းကိုတောက်ပလွန်တဲ့ ရွှေရောင်မီးလျှံတွေက သူမရဲ့ ခန္ဓာကိုယ်အပြင်ဘက်ဆီကို ပြန့်လွှင့်လို့လာပါတော့တယ်။ အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်လိုက်ရင်း အရှေ့က လူခြောက်ယောက်ဆီကို ဥက္ကာပျံကြီးတစ်ခုလိုမျ်ိုး ပြေး၀င်လို့သွားပါတော့တယ်။ သူမက ရန်သူခြောက်ယောက်ကို တစ်ယောက်ထဲနဲ့တိုက်ခိုက်တော့မလို့ပါ။ သူမက အရမ်းကို ကြမ်းတမ်းတယ်မဟုတ်လား။ ဟုတ်ပါတယ် ဒါ့အပြင် အင်အားတစ်ခုရဲ့ သင်္ကေတပါပဲ။

သူတို့တွေက ၀ိညာဥ်ဧကရာဇ်အဆင့် ပညာရှင်တွေဖြစ်ပေမဲ့ မာရှောင်ထောင့်ရဲ့၀ိညာဥ်စက်ကွင်းခြောက်ကွင်းက သာမန်မဟုတ်ခဲ့ပါဘူး။ အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်နှစ်ခုပါ။ ဒါ့အပြင် အကောင်းဆုံးပေါင်းစည်းမှုတွေကြီးပါပဲ။ တခြားတစ်ဖက်မှာသူ့ရဲ့ ပြိုင်ဘက်က အ၀ါရောင်၀ိညာဥ်စက်ကွင်းသုံးကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်တစ်ကွင်းသာရှိပါတယ်။ ပေါင်းစည်းမှုအရအဓိကအတွင်းတပည့်သားဖြစ်ရုံတင်မက အတွင်းနယ်မြေရဲ့တပည့်သားဖြစ်နေတဲ့ မာရှောင်ထောင့်နဲ့တော့ လုံး၀မယှဥ်နိုင်တဲ့အဆင့် ဖြစ်နေခဲ့ပါတယ်။

သူ့ပြိုင်ဘက်က မြန်ဆန်ပေမဲ့ မာရှောင်ထောင့်က အားလုံးထက်ပိုပြီး မြန်ပါတယ်။ သူမရဲ့ ဒုတိယစွမ်းရည်ဖြစ်တဲ့ မီးလျှံငှက်သန့်စင်မှုနဲ့ တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ကောင်းကင်တပ်မီးလျှံနှစ်ခုစလုံးကို အသုံးပြုလိုက်တယ်။ ဒါ့အပြင် နောက်ထပ်၀ိညာဥ်စွမ်းရည်တစ်ခုကို အသက်သွင်းလိုက်ချိန်မှာ ပြိုင်ဘက်တွေအားလုံးကို လွှင့်ထွက်သွားစေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် သူမအနေနဲ့ ၀ိညာဥ်စွမ်းရည်နှစ်ခုကို အသုံးချတာမဟုတ်ပဲ ၀ိညာဥ်စက်ကွင်းတစ်ကွင်းထဲက ထွက်ပေါ်လာတဲ့ ၀ိညာဥ်စွမ်းရည်တွေကို အသုံးချနေခဲ့တာပါ။

မာရှောင်ထောင့်ရဲ့ခြေထောက်က တောက်ပလို့လာခဲ့ပြီ အနီရောင်နဲ့ ရွှေရောင်တောက်ပနေတဲ့ သင်္ကေတတွေက ချက်ချင်းလှည့်ပတ်လို့လာပါတော့တယ်။ ဒါ့အပြင် ခြေထောက်တွေကလဲ မီးလျှံတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူမရဲ့ မြန်မြန်ဆန်ဆန်ရောက်ရှိလာခဲ့မှုကြောင့် ပေါက်ကွဲမှုတွေက လှုပ်ရှားလိုက်တိုင်းမှာ ဖြစ်ပေါ်လာပါတော့တယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ပင်ပန်းနေပေမဲ့ ခေါင်းတွေကြည်လင်ရှင်းလင်းနေဆဲဖြစ်တာကြောင့် မျက်စိရှေ့မှာရှိနေတဲ့ မြင်ကွင်းကိုကြည့်ရင်း မျက်လုံးအပြူးသားဖြစ်သွားပါတော့တယ်။

အတွင်းနယ်မြေရဲ့ တပည့်သားတွေကသန်မာမှန်းသိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့တွေဘယ်လောက်အထိ သန်မာလဲဆိုတာကို ဒီတိုက်ပွဲကြည့်ရုံနဲ့ သိနေခဲ့ပါပြီ။ သူမက ပြိုင်ဘက်တွေကိုလိုက်ရင်း ၀ိညာဥ်စွမ်းရည်လေးခုကို အသုံးပြုနေခဲ့တာပါ။ ဒါ့အပြင် သူမရဲ့အရှိန်နှုန်းကလဲ သူတို့တွေးတောင်မတွေး၀ံ့တော့တဲ့အထိ အမြန်နှုန်းကိုရောက်နေခဲ့ပါပြီ။ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ ပညာရှင်တွေတောင်မှ သူမရဲ့လက်ရှိအရှိန်နှုန်းကို ယှဥ်နိုင်ဖို့မလွယ်ပါဘူး။ ဒါ့အပြင် နောက်ဆုံးအသုံးပြုလိုက်တဲ့ ၀ိညာဥ်စွမ်းရည်နှစ်ခုကလဲ ၀ိညာဥ်အရိုးတွေဆီကနေ ထွက်ပေါ်လာခဲ့တာပါ။ နောက်တစ်နည်းအရပြောရမယ်ဆိုရင် သူမရဲ့ခြေထောက်တွေက ၀ိညာဥ်အရိုးတွေနဲ့ ပေါင်းစည်းလို့ထားခဲ့တာပါပဲ။ အတိအကျပြောရမယ်ဆိုရင် ၀ိညာဥ်အရိုးတွေကိုအစုံလိုက် တစ်ပုံစံထဲတူညီတဲ့ပုံစံနဲ့ ပေါင်းစည်းထားခဲ့တာပါ။ တစ်၀ှီး၀ှီးမြည်နေခဲ့တဲ့ မာရှောင်ထောင့်က သူ့ရဲ့ လူတွေဆီကို မီးလျှံလိုဘောလုံးကြီးတစ်လုံးအသွင်နဲ့ ပြေး၀င်ရင်း ၀င်တိုက်ခိုက်လို့နေခဲ့ပါတယ်။ နှစ်စက္ကန့် သုံးစက္ကန့်အတွင်းမှာပဲ သူမအသုံးပြုထားတဲ့ ၀ိညာဥ်စွမ်းရည်တွေအားလုံးကပြင်းပြင်းထန်ထန် ပေါက်ကွဲရင်းနဲ့ လှုပ်ရှားလို့နေခဲ့ပါပြီ။ ဒါ့အပြင် သူမအနေနဲ့လဲ တစ်ဖက်လူတွေကို တုန့်ပြန်ချိန်တောင် မပေးခဲ့ပါဘူး။ အားလုံးအနေနဲ့ လုံး၀အငိုက်မိသွားခဲ့တယ်။

မာရှောင်ထောင့်ရဲ့ပစ်မှတ်ကတော့ ဓားကြီးကိုင်ဆောင်ထားတဲ့ ၀ိညာဥ်ဧကရာဇ်ပါ။ သူ့ဆီကို တန်းတန်းမတ်မတ် ပြေး၀င်လို့သွားခဲ့ပါတယ်။ ၀ိညာဥ်ဧကရာဇ်ရဲ့ အစွမ်းအစက ၀ိညာဥ်ဘုရင်တွေထက် အများကြီးကိုသာလွန်ခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ မာရှောင်ထောင့်အနေနဲ့ သူ့ရှေ့ကို ရောက်လာနေပြီဖြစ်တာကြောင့် တစ်ခုခုလွဲမှားနေမှန်း သတိထားမိလိုက်ပါပြီ။

ဒီလိုသေရေးရှင်ရေးအခြေအနေမျိုးမှာ သူ့အနေနဲ့ ပထမဆုံးတုန့်ပြန်မှုကတော့ အတူတူပါပဲ။ လူအများစုတုန့်ပြန်သလိုမျိုး ပြေး၀င်လာတဲ့မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုကို ရှောင်ရှားဖို့လုပ်ပါတော့တယ်။

သူမရဲ့တိုက်ခိုက်မှုကနေ ထွက်ပေါ်နေတဲ့အရှိန်အ၀ါတွေက သူရင်ဆိုင်မဲ့အရာမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အကယ်၍ သူခုန်ရှောင်နိုင်ခဲ့မယ်ဆိုရင်တောင် မာရှောင်ထောင့်က သူတို့ရဲ့ တိုက်ခိုက်ရေးအလယ်ဗဟိုချက်အထိကို ရောက်ရှိလို့နေခဲ့ပါပြီ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ မာရှောင်ထောင့်အနေနဲ့ ရန်သူတွေရဲ့ကြားထဲကို ကြောက်စရာကောင်းတဲ့ပုံစံနဲ့ ပြေး၀င်သွားတာသာ မြင်လိုက်ရပါတယ်။ သူမရဲ့မီးလျှံတွေက ကြီးမားတဲ့တိုင်လုံးကြီးတစ်လုံးလိုမျိုး ဆယ့်မီတာအထိမြင့်တက်လို့သွားခဲ့ရင်း မီးလျှံငှက်ရဲ့အော်သံလဲ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါ့အပြင် မီးလျှံတိိုင်ကြီးလုံးထဲမှာ တောက်ပတဲ့နတ်မီးငှက်တစ်ကောင်ကလဲ လှည့်ပတ်လို့နေပါသေးတယ်။

လေးယောက်က နေရာလေးခုဆီကို လွှင့်ထွက်လို့သွားခဲ့ပြီ မီးလျှံတွေလဲ ပြန်ငြိမ်သက်လို့သွားပါတော့တယ်။ လက်ရှိအချိန်မှာ ပြိုင်ဘက်အနည်းငယ်သာ ကျန်ရှိတော့တယ်။

ဟို့ယွိဟောင်အနေနဲ့လဲ ပါးစပ်အပြည့်တံတွေးကိုမြိုချရင်း ပြောမိပါတော့တယ်။

” ၀မ်သုန့် ငါတို့တွေအဲ့ဒီအချိန်တုန်းက အစ်မကြီးလက်ထဲကနေ ဘယ်လိုလွှတ်လာလဲဆိုတာတောင် ငါပြန်ပြီး စဥ်းစားလို့မရဖြစ်နေပြီ ”

၀မ်သုန့်က ပြန်မဖြေခဲ့ပါဘူး။ ဒါပေမယ့် ဘေးမှာရှိတဲ့ ရှုစန်းရှီကတော့ သူတို့ကို စောင့်ရှောက်နေရင်းကနေ ပြန်ဖြေလိုက်ပါတယ်။

” ဘာကြောင့်လဲဆိုတော့ ငါတို့အစ်မကြီးက သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးမီးလျှံကို ငြိမ်သက်နေရလို့လေ အဲ့ဒီတော့ သူ့စွမ်းအားတွေကို ပုံမှန်အနေအထားမှာ အပြည့်အ၀မသုံးနိုင်ဘူး..ဒီနေ့တော့ သူတကယ် ဒေါသထွက်နေပုံရတယ်..ဒါကြောင့်သာ စွမ်းအားတွေအကုန်ထုတ်သုံးနေတာ အစ်မကြီးက မိန်းကလေးဖြစ်နေခဲ့ပေမဲ့ သူ့ရဲ့အဲ့ဒီမီးလျှံနတ်ဆိုးအရူးမဆိုတဲ့ဘွဲ့ကို အလွယ်လေးရလာတယ်လို့များ ထင်နေတာလား ”

အချိန်တိုလေးအတွင်းမှာပဲ မာရှောင်ထောင့်က ပြန်ပေါ်လာခဲ့ပါပြီ။ သူမရဲ့ ၀ိညာဥ်စွမ်းရည်လေးခုက ရန်သူတွေကို လိုက်နိုင်ရုံတင်မက သူမရဲ့စွမ်းအားကိုလဲ အဆုံးစွန်းအထိ မြင့်တက်သွားစေခဲ့ပါတယ်။ အစောပိုင်းတိုက်ခိုက်မှုတွေက ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်နဲ့တောင်ယှဥ်လို့ရနေခဲ့ပါပြီ။

အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းတော်အနေနဲ့ သူမက မြင့်မားတဲ့အင်အားကို ပိုင်ဆိုင်ထားရုံတင်မက ၀ိညာဥ်စွမ်းရည်တွေကိုလဲ ကြောက်စရာကောင်းလောက်အောင် ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းရည်တွေကို အသုံးချတဲ့နည်းလမ်းအမျိုးမျိုးနဲ့ ပတ်သက်ပြီ ကျောင်းတော်ထဲမှာလဲ လျှို့၀ှက်ချက်ကရှိနေခဲ့တယ်။ ဒါ့အပြင် အဆုံးစွန်းအထိ သဘောတူပြီကျောင်းအတွက် နစ်မြုပ်အပ်နှံထားတဲ့ သူတွေသာ ဒီအရာတွေကိုသင်ကြားခွင့်ရှိတာပါ။

ရန်သူတော်လေးယောက်ကတော့ လုံး၀ကို လွှင့်ထွက်လို့သွားပါတယ်။ ဒါ့အပြင် အဲ့ဒီလွှင့်ထွက်သွားတဲ့သူတွေထဲမှာ ၀ိညာဥ်ဧကရာဇ်လဲ ပါနေခဲ့တယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေက တုန်လှုပ်နေခဲ့ပြီ မြေပြင်ပေါ်မှာ လှဲကျရင်း သူမရဲ့တိုက်ခိုက်မှုကြောင့် တူညီတဲ့ရလဒ်ကို ခံစားနေခဲ့ရပါတယ်။

မာရှောင်ထောင့်အနေနဲ့လဲ အစောပိုင်းတိုက်ခိုက်မှုက သူမရဲ့ စွမ်းအားတွေကို အတော်လေးကုန်သွားစေခဲ့တာကြောင့် သူမပြန်ပြီ မတိုက်ခိုက်ခဲ့ပါဘူး။ သူမက ကောင်းကင်ကိုမော့ကြည့်ရင်း လက်နှစ်ဖက်နဲ့ အတောင်ပံတွေကို ဖြန့်လိုက်ပါတော့တယ်။

အဲ့ဒီနောက် အသင်ပြင်းပြင်းရှုသွင်းရင်း သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ သိသာတဲ့အနီရောင်အလင်းတန်းတွေက စုဝေးလို့လာခဲ့ပါပြီ။ သူမကတိုက်ပွဲအတွင်းမှာ ၀ိညာဥ်စွမ်းရည်တွေကို အမြန်ဆုံးဖြည့်တင်းနေတာပါပဲ။ ဒီတစ်ကြိမ်မှာ ပေ့ပေ့နဲ့ ကျန်းနန်နန်တို့လဲ သူ့မဆီကိုအမီလိုက်မီပါတော့တယ်။ သူတို့နှစ်ယောက်စလုံးကလဲ တစ်ပြိုင်နက်ထဲလှုပ်ရှားလိုက်ပြီ ကျန်ရစ်တဲ့၀ိညာဥ်ဘုရင်တွေကို တိုက်ခိုက်တော့တယ်။

ကျင့်ကြံဆင့်က ပိုပြီးမြင့်လေလေ သူတို့ရဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းက ပိုမြန်ဆန်လာလေပါပဲ။ ရန်သူကလဲ ၀ိညာဥ်ဧကရာဇ် ဖြစ်နေခဲ့ပြီ အရမ်းကိုထိတ်လန့်နေခဲ့ပါတယ်။ ဒီကောင်မလေး လူတောင်ဟုတ်ရဲ့လား ၀ိညာဥ်ဧကရာဇ်ချင်အတူတူတောင် သူကတစ်ယောက်ထဲနဲ့ ပြိုင်ဘက်ခြောက်ယောက်ကို အနိုင်ယူသွားခဲ့တာပါ။ ဒါ့အပြင် ကြောက်စရာကောင်းလောက်တဲ့ မီးလျှံတွေကို ပြန်ပြီခုခံဖို့အတွက်တောင် သူမလုပ်၀ံ့တော့ပါဘူး။

နောက်ထပ် အချိန်မဖြုန်း၀ံ့တော့ပဲ သူလှည့်ပြီထွက်ပြေးပါတော့တယ်။ ဒီတစ်ကြိမ်မှာ သူ့အဖွဲ့သားတွေကိုလဲ ဂရုမစိုက်နိုင်​တော့ပါဘူး။ ကျောင်းတော်ရဲ့ ကျောင်းသားတွေအားလုံးက အရမ်းအင်အားကြီးမှန်းသူကိုယ်တိုင်ကြားဖူးထားခဲ့ပေမဲ့ ဒီလောက်ကြီးသန်မာနေမယ်လို့တော့ မမျှော်လင့်ထားခဲ့မိတာအမှန်ပါ။ ဒါ့အပြင် သူတွေအားလုံးပေါင်းရင်းတောင်မှ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ကို ရင်ဆိုင်နိုင်ဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

မာရှောင်ထောင့်မျက်လုံးတွေကတော့ မီးလိုနီရဲနေခဲ့ပါပြီ။ စိတ်ပျက်မှုတချို့ကလဲ သူ့မျက်လုံးထဲမှာ ထွက်ပေါ်လို့လာပါတော့တယ်။ အဲ့ဒီနောက် ပြေးလွှားနေတဲ့၀ိညာဥ်ဧကရာဇ်ကိုကြည့်ရင်း အတောင်ပံတွေကို နောက်တစ်ကြိမ် ခတ်လိုက်တယ်။ သူမရဲ့ခန္ဓာကိုယ်က လေပေါ်ကိုထိုးတက်လို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ သူ့ပစ်မှတ်က ၀ိညာဥ်ဧကရာဇ်မဟုတ်ခဲ့ပဲ တခြားအသက်ရှင်နေတဲ့ ပေ့ပေ့နဲ့ ကျန်းနန်နန်တို့တိုက်ခိုက်နေတဲ့သူ ၀ိညာဥ်ဘုရင်တွေဆီကို ရောက်ရှိလို့သွားပါတော့တယ်။

အပိုင်း ၅၉•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset