Switch Mode

Chapter – 58.3

သေခြင်းတရားနှင့် ရှင်သန်ခြင်းတရားကြားက ကန့်လန့်ကာ

အပိုင်း ၅၈•၃

” သေခြင်းနဲ့ ရှင်ခြင်းကြားကကန့်လန်ကာ ”
°°°
အဆုံးစွန်းရောက်နေတဲ့ အေးစက်မှုက ၀ိညာဥ်ဘုရင်သုံးယောက်ဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒါ့အပြင် အဆုံးစွန်းရေခဲဓာတ်သဘောသဘာ၀ရဲ့ ကြောက်စရာစွမ်းအားကို သူတို့ခံစားလိုက်မိပါတော့တယ်။ တခဏတာ အချိန်အတွင်းမှာ သွေးကြောထဲစီးဆင်းနေသမျှ သွေးတွေအားလုံး ရပ်တန့်သွားတာကို ခံစားလိုက်မိပါတော့တယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေကို ထိန်းချုပ်နိုင်စွမ်းလုံး၀လွှတ်သွားခဲ့ပြီတဲ့နောက် လှုပ်ရှားဖို့ကြိုးစားနေရင်း လေထဲမှာဒရွတ်တိုက်နေခဲ့ပါတော့တယ်။

ဒါပေမယ့် သူတို့တွေက မြေပြင်နဲ့အထက် မီတာသုံးရာအကွာမှာ ရောက်ရှိနေတာဖြစ်တာကြောင့် ဒီလိုရပ်တန့်မှုဖြစ်ပေါ်လာချင်အပေါ်ကို မတက်နိုင်တော့ပဲ အောက်ကိုပြန်ပြုတ်ကျလာခဲ့ပါတော့တယ်။ ဒါကြောင့် ဒီလိုမျိုးတောင့်ခဲနေကြရင်းနဲ့ မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိလာခဲ့ပါပြီ။ ကောင်းကင်ပေါ်မှာ အစိမ်းရောင်အလင်းတန်းက တခဏတာသာ လင်းလက်သွားတာဖြစ်ပေမဲ့ အဲ့ဒီအလင်းတန်းပျောက်ကွယ်သွားပြီးပြီချင်မှာပဲ ၀ိညာဥ်ဘုရင်တွေက ပြုတ်ကျလို့လာပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးမျက်နှာတွေက ဖြူဖျော့လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ဟို့ယွိယောင်ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ထုတ်လွှတ်လိုက်တဲ့ အစိမ်းရောင်အလင်းတန်းက ၀မ်သုန့်ကို ပစ်မှတ်မထားခဲ့ပေမဲ့ ကြောက်စရာအအေးဓာတ်ကြောင့် သူ့တစ်ကိုယ်လုံးလဲ အရမ်းကို အေးစက်လို့သွားခဲ့ပါတယ်။ ဒါ့အပြင် အတောင်ပံတွေတောင်မှ ထုံကျင်လို့သွားခဲ့ပြီ ဆက်ပြီးဖြန့်ထားဖို့အတွက်တောင် ခက်နေခဲ့ပါတယ်။ ဒါတောင်မှ သူ့နဲ့တိုက်ရိုက်ထိတွေ့ခဲ့တာမဟုတ်ပါဘူး။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့အတောင်ပံတွေက အဆုံးစွန်းအထိ ဖြန့်ထားတာကြောင့်သာ ကြောက်စရာအအေးဓာတ်နဲ့ ထိမိချိန်မှာ ကွေးမသွားခဲ့တာပါ။ ဒါကြောင့် သူတို့တွေဆက်ပြီ ပျံသန်းနေခဲ့ကြပါတယ်။

တခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်နှာကလဲ များပြားလွန်လှတဲ့ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကြောင့် ဖြူဖျော့လို့သွားပါတော့တယ်။ တစ်ချိန်ထဲမှာ သူ့ခန္ဓာကိုယ်ကလဲ ၀ိညာဥ်စွမ်းအားတွေအားလုံးကို ခုခံထားခဲ့ရတဲ့အတွက် အတော်ကြီးကို မောပန်းလို့နေခဲ့ပါတယ်။ စိတ်လဲမလျှော့ချထားနိုင်သေးပါဘူး။ အခုအချိန်မှာ သူ့ရဲ့ တိုက်ခိုက်မှုက သန်မာပေမဲ့ ၀ိညာဥ်ဘုရင်တို့လို လူတွေကိုရင်ဆိုင်ဖို့မလွယ်ကူခဲ့သေးမှန်းသိနေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ကျတဲ့အမြင့်ကလဲ သူ့တို့ကိုသတ်ဖို့မလုံလောက်ခဲ့ပါဘူး။

ညာဘက်လက်မှာရှိတဲ့ ရှပ်ပြေးကလဲ ကျောက်စိမ်းရောင်ပြောင်းလဲလို့သွားပါတော့တယ်။ အဲ့ဒီနောက် တောက်ပတဲ့အနီရောင်အလင်းတန်းတွေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားလှည့်ပတ်မှုနဲ့အတူ အဖြူရောင်မီးလျှံတချို့က မြို့တော်ဆီကို ပြေး၀င်လို့သွားပါတော့တယ်။ ဒါ့အပြင် မီတာသုံးရာဆီကနေ ရောက်ရှိလို့သွားခဲ့တာပါ။

ဟို့ယွိဟောင်အနေနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် သူ့ကိုသတိပေးတဲ့အချိန်ကထဲကစလို့ ဘယ်လိုပြေးရမလဲဆိုတာကို စီစဥ်ထားခဲ့တာဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အချိန်ကြိုပြီသတိပေးတာကြောင့် သူ့လဲ စဥ်းစားချိန်ရသွားခဲ့တယ်။

အကယ်၍ ဒီလိုအင်အားကြီးပြိုင်ဘက်တွေနဲ့ တစ်ခေါက်ထဲတိုက်ခိုက်ရမယ်ဆိုရင် သေသွားနိုင်ချေများပါတယ်။ ဒါကြောင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ပြီ ထိပ်တိုက်တွေ့တာက ကောင်းမွန်တဲ့ ရွေးချယ်မှုမဟုတ်ခဲ့ပါဘူး။ သူတို့အနေနဲ့လဲ သန်မာမဟုတ်တဲ့ကိစ္စကိုသာ ရွေးချယ်ရပါတော့တယ်။

ဟို့ယွိဟောင်အနေနဲ့ စစချင်ကထဲက လှည့်ပြီးထွက်ပြေးဖို့လုပ်နေခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့ စွမ်းအားတွေလက်ရှိအခြေအနေအထိ ရောက်လာနိုင်ဖို့အတွက် အရာအားလုံးကို အသုံးပြုပြီး အားဖြည့်ပေးခဲ့ပါတယ်။ အခုအချိန်မှာ သူတို့တွေက မီတာသုံးရာအထိကို ပျံသန်းလာခဲ့ပြီးပြီဖြစ်တာကြောင့် ၀ိညာဥ်ဧကရာဇ်ဖြစ်နေမယ်လို့ဆိုရင်တောင် မပျံသန်းနိုင်သရွေ့ သူတို့ကို မြေပြင်ပေါ်ကနေ တိုက်ခိုက်ဖို့လွယ်ကူမှာမဟုတ်ပါဘူး။

အဆင့်မြင့်တဲ့ ၀ိညာဥ်ပညာရှင်တွေက မပျံသန်းနိုင်တာမဟုတ်ပေမဲ့ အဲ့ဒီလိုလုပ်ဖို့အတွက် အနည်းဆုံး၀ိညာဥ်သူတော်စင်အဆင့်ရောက်ရှိနေဖို့ လိုအပ်ပါတယ်။ ဒါ့မှသာ ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး အချိန်တိုအတွင်း ပျံသန်းနိုင်မှာပါ။ ဒါကြောင့် ၀ိညာဥ်ဧကရာဇ်အနေနဲ့လဲ ဒေါသထွက်နေရုံကလွဲပြီ ဘာမှမလုပ်နိုင်ပါဘူး။

သူတို့တွေက အတော်ကို မြင့်မြင့်မားမားမှာရှိနေခဲ့တဲ့အတွက် လုံလည်လုံခြုံနေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ၀ိညာဥ်ဧကရာဇ်သာပျံသန်းနိုင်ဖို့အတွက် အစွမ်းအစရှိပြီဆိုတာနဲ့ သူတို့တွေလဲ အခွင့်အရေးရှိတော့မှာမဟုတ်ပါဘူး။ အခုအချိန်ထိ ကံတော့ကံကောင်းနေပါသေးတယ်။ ဒီလိုအရေးကြီးအချိန်မျိုးမှာ ကံကြမ္မာနတ်သမီးက သူတို့ကိုမျက်နှာပေးလာခဲ့တယ်။

ဟို့ယွိဟောင် မျှော်လင့်ထားတဲ့အတိုင်း ၀ိညာဥ်ဘုရင်သုံးယောက်က မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီတဲ့နောက် သူ့ရဲ့ တောင့်ခဲနေတဲ့အခြေအနေကနေ ပြန်လည်သတိ၀င်လာခဲ့ဖို့အတွက် အချိန်တစ်ခုထိ လိုအပ်ခဲ့ပါတယ်။ သူတို့တွေ မြေပြင်နဲ့မထိခင် မီတာတစ်ရာရောက်ရှိပြီချိန်မှာသာ အတောင်ပံတွေကို ခက်ခက်ခဲခဲဖြန့်ရင်းနဲ့ အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျမှာကို တားဆီးထားနိုင်ခဲ့တယ်။ ထိတ်လန့်နေခဲ့ကြပေမဲ့ မြေပြင်နဲ့မထိခင်တော့ သတိပြန်၀င်လာခဲ့ကြပါပြီ။ ဒါပေမယ့် လက်ရှိအချိန် မိုးပေါ်အထိထိုးတက်သွားတဲ့ ပစ်မှတ်နှစ်ယောက်ကို လက်လှမ်းမမီတော့ပါဘူး။

အတော်လေး ဒေါသထွက်နေခဲ့တဲ့ ၀ိညာဥ်ဧကရာဇ်ကတော့ ရုတ်တရက်ဆိုသလို အရှိန်ကိုမြင့်လိုက်ပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ပြုတ်ကျလာမဲ့နေရာဆီကို ပြေးလာပါတော့တယ်။ ဒီတစ်ကြိမ်မှာ သူ့ရဲ့အောင်မြင်နိုင်ချေက အတော်လေး နှိမ့်ပါးနေပြီဆိုတာကို သူသိနေခဲ့တယ်။ ဒါ့အပြင် လုပ်ငန်းတာ၀န်ကလဲ မကြာခင်အချိန်အတွင်း အဆုံးသတ်နိုင်ပါတယ်။ ဒီကလေးနှစ်ယောက်သာ မြို့တော်ထဲကို၀င်သွားခဲ့ပြီ သူသာမသတ်နိုင်လို့ကတော့ အရာအားလုံးသဲထဲရေသွန်းဖြစ်သွားခဲ့မှာပါ။ ဒါပေမယ့် နောက်ဆုံးတစ်ချက်တော့ ကြိုးစားချင်ပါသေးတယ်။ ဒီလိုလုပ်ပြီမှမအောင်မြင်ဘူးဆိုရင်တောင် သေချာပေါက် ထွက်ပြေးရမှာပါ။

၀ိညာဥ်ဧကရာဇ်ရဲ့ အရှိန်နှုန်းက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ တွေးတောင်တွေးကြည့်လို့ရတဲ့အရာမဟုတ်ပါဘူး။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိနေတဲ့ ၀ိညာဥ်ဧကရာဇ်က နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းလဲ ရှိနေပါသေးတယ်။

မြို့တော်ရဲ့မြောက်ပိုင်းဂိတ်တံခါးကို မရောက်ခင်အချိန်အထိ ၀ိညာဥ်ဧကရာဇ်က အမြန်ဆုံးအရှိန်မြင့်လိုက်ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ မြို့နံရံတွေနဲ့ မီတာနှစ်ရာအကွာလောက်အထိ ဝေးကွာနေဆဲပါ။ ၀ိညာဥ်ဧကရာဇ်အနေနဲ့ မြို့ဂိတ်တံခါးကိုရောက်တာနဲ့ ချက်ချင်းဆိုသလို မြို့နံရံတွေကို ခြေဖျားနဲ့ထောက်လိုက်ပြီ ကြောက်စရာကောင်းလောက်တဲ့အရှိန်နှုန်းနဲ့ တွယ်တက်လို့လာပါတော့တယ်။ ချက်ချင်းသူထိပ်ကိုရောက်သွားခဲ့ပါပြီ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ ၀ိညာဥ်စွမ်းအားတွေအများကြီး ကုန်ဆုံးထားခဲ့ပြီသားဖြစ်ပါတယ်။ ဒါ့အပြင် ၀မ်သုန့်ရဲ့အတောင်ပံတွေက ဟို့ယွိဟောင် ထုတ်လွှတ်လိုက်တဲ့ အစိမ်းရောင်အလင်းတန်းကြောင့် အေးခဲနေစေပါပဲ။ သူ့အနေနဲ့ ၀ိညာဥ်ဘုရင်မဟုတ်တဲ့အတွက် ဒီအအေးဓာတ်ကိုအမြန်ဆုံးဖယ်ရှားနိုင်ဖို့ မလွယ်ကူခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့ချီစွမ်းအားတွေနဲ့ သွေးတွေကလဲ အေးခဲလို့နေခဲ့ပါသေးတယ်။ အထက်အပေါ်ကို ပျံသန်းနိုင်ဖို့အတွက်လဲ စွမ်းအားထပ်ပြီထည့်သုံးနိုင်ဖို့လဲ မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် အပေါ်တက်လာနေတဲ့ ၀ိညာဥ်ဧကရာဇ်ကိုကြည့်ရင်းနဲ့သာ ကူကယ်ရာမဲ့နေခဲ့ပါတော့တယ်။

၀ိညာဥ်ဧကရာဇ်က ညာဘက်လက်ကိုလေထဲမှာ ရုတ်တရက်မြောက်လိုက်ပြီမီးတွေတောက်ပနေတဲ့ ဓားတစ်လက်ကိုထုတ်ယူလိုက်ပါပြီ။ အနက်ရောင်ဖြစ်နေတဲ့ မီးလျှံတွေက သူ့ရဲ့၀ိညာဥ်စက်ကွင်းကနေ ထွက်ပေါ်လာခဲ့တာပါ။ ဒါက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လို ရှောင်ရှားနိုင်ဖို့လွယ်ကူမဲ့အရာမဟုတ်ပါဘူး။

ဒီတစ်ကြိမ်မှာပဲ မြို့နံရံပေါ်မှာ အရှိန်နှုန်းအမြင့်ဆုံးနဲ့ ပျံသန်းနေသူသုံးယောက် ထွက်ပေါ်လာပါတော့တယ်။ အရှေ့ဆုံးမှာရှိနေတဲ့သူကတော့ ပေ့ပေ့ဖြစ်ပြီ သူ့တစ်ကိုယ်လုံးက နဂါးအကြေးခွံတွေနဲ့ ပြည့်နေခဲ့ပါပြီ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ကလဲ အဆုံးစွန်းအထိ ထုတ်သုံးထားခဲ့တာဖြစ်ပါတယ်။ သူနောက်မှာလိုက်လာသူကတော့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့ပါ။

ပေ့ပေ့နဲ့ ရှုစန်းရှိီတို့ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့ ၀ိညာဥ်စက်ကွင်းတွေကတော့ သုံးခုမဟုတ်ပဲ လေးခုဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် အ၀ါရောင်နှစ်ခုနဲ့ ခရမ်းရောင်နှစ်ခုပါ။ သူတို့တွေက ၀ိညာဥ်အဆင့်ဘိုးဘေးကို ရောက်ရှိနေပြီးပြီလို့ ဆိုလိုတာပါပဲ။

ဒါပေမယ့် ၀မ်သုန့်တို့အနေနဲ့ ဒီလိုမျိုးသူတွေကို မြင်ရပေမဲ့ အချိန်မီရောက်လာနိုင်ပါ့မလားဆိုတာကိုတော့ မသေချာနိုင်ပါဘူး။ သူတို့တွေက အရမ်းကို နီးလွန်နေတယ်ထင်ရပေမဲ့ ဝေးလဲဝေးကွာလို့နေခဲ့ပါတယ်။

” ၀မ်သုန့် ”

ဟို့ယွိဟောင်က ရုတ်တရက်အော်လိုက်ပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တော့တယ်။ သူတို့တွေရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုက ရုတ်တရက်ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ၀မ်သုန့်လဲ မျက်လုံးအပြူးသားနဲ့ နိုးထလို့လာပါတော့တယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟောင်သုန့်စွမ်းအားက ဒီတစ်ကြိမ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှားလို့လာခဲ့ရင်း သူတို့ရဲ့ဘေးပတ်လည်ဆယ့်မီတာအကွာအဝေးက တောက်ပလို့လာခဲ့ပါတယ်။ သူတို့ခန္ဓာကိုယ်ထဲကနေ ထူးခြားတဲ့အလင်းတန်းတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီအလင်းတန်းတွေက အတော်ကို ထူးခြားလှပါတယ်။ အပြာရောင် ခရမ်းရောင် ရွှေရောင်အလင်းတန်းတွေက အမျိုးမျိုးပြောင်းလဲနေခဲ့ရင်း အထဲမှာ ညီညီမျှမျှ ပေါင်းစည်းလို့နေခဲ့တယ်။ ၀မ်သုန့်ရဲ့ကျောဖက်မှာကလဲ ပြီးပြည့်စုံတဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကလဲ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ အနောက်ဖက်မှာကတော့ ဒေါင်လ်ိုက်မျက်လုံးကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပါတယ်။ ရွှေရောင်ဖျော့ဖျော့တောက်ပနေခဲ့ပြီ မျက်လုံးတွေကလဲ ခရမ်းရောင်အလင်းတန်းတွေ လွှင့်ထုတ်လို့နေပါသေးတယ်။ ကြီးမားတဲ့ အသွင်သဏ္ဍာန်နှစ်ခုကြီးက လေထဲမှာချက်ချင်းဆိုသလို ပေါင်းစည်းလို့သွားတော့တယ်။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးကြီး ပုံပေါ်လာမှုက ပိုပိုပြီးတော့ ခိုင်မာလို့လာခဲ့ပါပြီ။ ဒါ့အပြင် ခရမ်းရောင်နဲ့ အပြာရောင်ရောနှောနေခဲ့တဲ့ အလင်းတန်းက ရွှေရောင်အလင်းတန်း ထွက်ပေါ်လာချိန်မှာ ပျောက်ကွယ်လို့သွားပါတော့တယ်။

တခြားတစ်ဖက်မှာတော့ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကလဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးနဲ့ ပေါင်းစည်းလို့သွားချိန်မှာ ရွှေပြာရောင်မီးလျှံတွေနဲ့ တောက်လောင်တော့တယ်။

ဒီလိုတောက်လောင်ပြီချိန်မှာပဲ ၀မ်သုန့်က သူ့ရဲ့အတောင်ပံတွေကိုဖွင့်ရင်း စိတ်၀ိညာဥ်မျက်လုံးကြီးကို လွှမ်းခြုံလို့လာပါတော့တယ်။ ကြီးမားတဲ့ စိတ်၀ိညာဥ်မျက်လုံးကြီးကတော့ အရမ်းကို ထူးဆန်းလို့နေခဲ့ပါပြီ။ ကြည့်လိုက်မယ်ဆိုရင် အဆုံးမဲ့တဲ့ လောကကြီးကို မြင်ရမှာပါ။ ၀ိညာဥ်ဧကရာဇ်အနေနဲ့ သူတို့နဲ့ မီတာသုံးဆယ့်အတွင်းရောက်ရှိချိန်မှာပဲ အလင်းတန်းတွေက သူ့ဆီကို ပြေး၀င်လို့သွားပါတော့တယ်။ ဒီအလင်းတန်းတွေက အရမ်းကို ဝေဝေ၀ါး၀ါးတောက်ပလို့နေခဲ့ပြီ အလင်းတန်းတွေ ဖြတ်သန်းတဲ့နေရာတိုင်းမှာကတော့ ရှေးခေတ်ရဲ့တောက်ပတဲ့ရောင်စဥ်တန်းတွေနဲ့ ဖုံးလွှမ်းလို့သွားခဲ့ပါတယ်။ ဒါ့အပြင် ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းတွေထဲမှာကလဲ တောက်ပတဲ့ရောင်စဥ်တွေက ရှိနေဆဲပါ။

ဒါကိုမြင်ချိန်မှာ ၀ိညာဥ်ဧကရာဇ်ကရော ၀ိညာဥ်ဘုရင်ပါ ထိတ်လန့်လို့သွားခဲ့ပါတော့တယ်။ ပထမဆုံးနီးကပ်လာနေတဲ့ ပေ့ပေ့တဲ့ ရှုစန်းရှီအပြင် ကျန်းနန်နန်ပါ ထိတ်လန့်လို့သွားခဲ့ရတယ်။ သူ့ရှေ့မှာရှိတဲ့မြင်ကွင်းက အရမ်းကို လှပထူးခြားလွန်တာပါပဲ။ ဝေ၀ါးနေတဲ့အလင်းတန်းက မိုးကောင်းကင်ပေါ်မှာ ရွှေရောင်အလင်းတန်းကြီးတစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုက သူတို့ရဲ့ နောက်ဆုံး၀ှက်ဖဲလဲဖြစ်နေဆဲပါ။

သူတို့တွေ နောက်ဆုံးတစ်ခေါက် ဒီအစွမ်းအစကို ထုတ်ပြလိုက်တဲ့အချိန်မှာ ဟို့ယွိဟောင်က ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိပါသေးတယ်။ ၀မ်သုန့်ကတော့ နှစ်ကွင်းပါ လက်ရှိအချိန်မှာ သူတို့ရဲ့ ၀ိညာဥ်စက်ကွင်းတွေက တိုးတက်လို့လာခဲ့ပါပြီ။ ကျင့်ကြံဆင့်တွေကလဲ အများကြီးမြင့်တက်လို့လာခဲ့သလို အင်အားကလဲ အရင်အချိန်တွေထက် ပိုမိုသန်မာလို့လာခဲ့ပါတယ်။ ဒီလိုသိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုကို ထုတ်သုံးချိန်မှာ စွမ်းအားတွေအားလုံးကလဲ ကုန်ဆုံးလို့သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးကျန်ရစ်တဲ့ စွမ်းအားကို အသုံးချပြီး ပြိုင်ဘက်ကိုအသန်မာဆုံးလှုပ်ရှားမှုနဲ့ တိုက်ခိုက်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန် ၀ိညာဥ်ဧကရာဇ် လက်ထဲမှာကိုင်ဆောင်ထားတဲ့ ဓားကလဲ မီးလျှံတွေမှိန်ဖျော့လို့သွားခဲ့ပါတယ်။ သူက အကန်းတစ်ယောက်မဟုတ်ပါဘူး။ သူတို့ရဲ့ ကျင့်ကြံဆင့်တွေကို မျက်လုံးကြည့်ရုံနဲ့ပြောနိုင်နေဆဲပါ။ ဒါပေမယ့် မျက်စိရှေ့မှာရှိနေတဲ့ မြင်ကွင်းကတော့ ထူးခြားလွန်လှပါတယ်။ သူ့ရဲ့စိတ်ထဲမှာလဲ ဒီတိုက်ခိုက်မှုကို ခံရပြီတဲ့နောက် ၀မ်သုန့်ရဲ့ဟို့ယွိဟောင်တို့ကို သူဓားမြောက်လိုက်ရုံနဲ့ အသေသတ်နိုင်မယ်လို့ သူထင်နေခဲ့တာပါ။

ဒါပေမယ့် ခပ်မြန်မြန်ပဲ အမှားကိုနားလည်သွားခဲ့ပါတယ်။ သူ့ရဲ့ ဓားကအလင်းတန်းတွေ ထိတွေ့ပြီချိန်မှာပဲ သူ့ရဲ့စိတ်တစ်ခုလုံးကဗလာဟင်လင်ဖြစ်သွားပါတော့တယ်။ ဒီလိုခံစားချက်က နာကျင်မှုကို မဖြစ်ပေါ်စေပါဘူး။ ညစ်ပတ်နေတဲ့ အိမ်သာထဲကို ခြေဗလာနဲ့နင်းပြီ လျှောက်သွားနေရင်းကနေ ရေကန်တစ်ကန်ထဲ ပြစ်ချခံလိုက်ရတဲ့လူလို ခံစားနေခဲ့ရတာပါ။ သူ့ဆီမှာရှိသမျှ အရာအားလုံးကလဲ ပျောက်ကွယ်လို့သွားသလိုပါပဲ အင်အားကြီးတဲ့၀ိညာဥ်စက်ကွင်းဓားတွေ ၀ိညာဥ်စွမ်းရည်တွေအားလုံးက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ကျန်ရစ်တဲ့အရာက သူ့ခန္ဓာကိုယ်ပါပဲ။ ရွှေရောင်ရုပ်ထုကြီးပုံစံပြောင်းသွားခဲ့တဲ့သူက ကောင်းကင်ကနေ ပြုတ်ကျလို့လာခဲ့ပြီ ​မြို့နံရံပေါ်ကိုရောက်ရှိလို့သွားခဲ့ပါပြီ။ ဘယ်လိုပဲဖြစ်ပါစေ သူလှုပ်ရှားနေနိုင်ဆဲပါပဲ။ ဒါပေမယ့် ပတ်၀န်းကျင်တစ်ခုလုံးက ရွှေရောင်အလင်းတန်းတွေနဲ့သာ ပြည့်နှက်လို့နေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားက ပုံမှန်ပဲဖြစ်ပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပူပြင်းလောင်မြိုက်နေခဲ့ပြီ အရည်ပျော်မတတ်ခံစားနေခဲ့ရတယ်။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်နဲ့လဲ အဆက်အသွယ်မရတော့ပါဘူး။

လက်ရှိအချိန်မှာ သူ့ကိုယ်သူကံကောင်းတယ်လို့ ပြောလိုက်ရမှာပါ။ ဒီလိုစွမ်းအားရဲ့ အပြည့်အ၀တိုက်ခိုက်မှုကို တောင့်ခံနိုင်တဲ့ ပထမဆုံးရန်သူတော်ဖြစ်နေခဲ့လို့ပါပဲ။ အဲ့ဒီစွမ်းအားက ၀ိညာဥ်ဧကရာဇ်တစ်ယောက်ကို သတ်နိုင်ဖို့အထိ အပြည့်အ၀မလုံလောက်ပေမဲ့ သူ့ရဲ့ရှိရှိသမျှ စွမ်းအားတွေအားလုံးကို ယာယီရပ်တန့်စေဖို့အတွက်တော့ လုံလောက်ပါတယ်။ ဒါ့အပြင် အဲ့ဒီလိုကန့်သတ်ထားနိုင်တဲ့စွမ်းရည်ကလဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ဖယ်ရှားလိုက်တာပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေက နောက်ဆုံးတိုက်ခိုက်မှုကြောင့် ကုန်ဆုံးလို့သွားခဲ့ပါတယ်။ ၀ိညာဥ်စက်ကွင်းတွေကို ထုတ်သုံးဖို့အထိတောင် စွမ်းအားမရှိတော့ပါဘူး။ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့ အထောက်အပံ့ကို ဆုံးရှုံးသွားတာကြောင့် သူတို့လဲ မြို့နံရံဆီကိုပြုတ်ကျလာပါတော့တယ်။

ဒါပေမယ့် နီရဲတောက်နေတဲ့လူတစ်ယောက်က အဝေးနေရာဆီကနေ သူတို့ဆီကိုပြေး၀င်လို့လာခဲ့တယ်။ အရှိန်နှုန်းက မြန်ဆန်လွန်လှတာကြောင့် ကောင်းကင်ပေါ်မှာတော့ အနီရောင်မီးတန်းကြီးက ကျန်ရစ်နေခဲ့တာပါ။ ဒါ့အပြင် အချိန်မီရောက်ရှိလာခဲ့ပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ မြေပြင်ပေါ်မရောက်ခင်အချိန်မှာရော ၀ိညာဥ်ဘုရင်တွေ သူတို့လိုက်မမီခင်အချိန်မှာရော သူတို့ဆီကို ရောက်ရှိလို့လာခဲ့ပြီ ဆွဲခေါ်လို့သွားပါတော့တယ်။ သူဒီလိုလုပ်ပြီတဲ့နောက် ကလေးနှစ်ယောက်ကို ပေ့ပေ့ ရှုစန်းရှိီနဲ့ ကျန်းနန်နန်တို့ဆီ ပြစ်ပေးလိုက်ရင်း မြို့နံရံအောက်ကိုခုန်ဆင်းလို့သွားပါတော့တယ်။

” ဘယ်ကောင်တွေကများ ဒီလောက်သတ္တိရှိလို့ ငါကျောင်းတော်ရဲ့ကျောင်းသားတွေကို တိုက်ခိုက်၀ံ့လဲဆိုတာ ကြည့်ကြသေးတာပေါ့ ”

အနီရောင်လူဆီကနေ ကြောက်စရာကောင်းတဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါတယ်။ တစ်ကိုယ်လုံးမီးလျှံတွေအပြည့်နဲ့ မာရှောင်ထောင့်က မီးလျှံနတ်မိမယ်တစ်ပါးလိုမျိုး တောက်ပလို့နေခဲ့တယ်။ သူမရဲ့အနောက်ဖက်မှာတော့ နတ်မိီးငှက်အတောင်ပံတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါ့အပြင် သူမအရှေ့မှာရှိနေတဲ့ ရန်သူအစုလိုက်ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေခဲ့ပါတယ်။

အပိုင်း ၅၈•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset