Switch Mode

Chapter – 58.2

သေခြင်းတရားနှင့် ရှင်သန်ခြင်းတရားကြားက ကန့်လန့်ကာ

အပိုင်း ၅၈•၂

” သေခြင်းတရားနဲ့ ရှင်ခြင်းတရားကြားကကန့်လန်ကာ ”
°°°
ဒါပေမယ့် သူအသုံးပြုထားခဲ့တဲ့ ရှပ်ပြေးကိရိယာက အဆင့်တစ်၀ိညာဥ်လက်နက်တစ်ခုသာ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဟောင်သုန့်စွမ်းအားနဲ့ ပေါင်းစည်းပြီ အသုံးပြုချိန်မှာတော့ ချက်ချင်းဆိုသလို အပူလွန်ကဲမှု ဖြစ်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့အတတ်နိုင်ဆုံးအမြန်နှုန်းနဲ့အရှိန်နှုန်းကို ရောက်ရှိသွားတာတောင်မှ အကယ်၍ အသုံးပြုရင်း ပေါက်ကွဲသွားခဲ့မယ်ဆိုလို့ကတော့ ရှက်စရာကောင်းတဲ့အခြေအနေမှာ ပိတ်မိသွားတော့မှာပါ။

ဟို့ယွိဟောင်လဲ ရွေးချယ်စရာမရှိပဲ ရပ်တန့်လိုက်ရပါတယ်။ တစ်ဖက်မှာရှိနေခဲ့တဲ့ ၀မ်သုန့်ကတော့ သူ့ရဲ့ အတောင်ပံတွေကို အသုံးပြုရင်း လေထဲကို ပြန်လာခဲ့ပါပြီ။

လုပ်ကြံသူခြောက်ယောက်ကတော့ ချက်ချင်းဆိုသလို အပြင်ကိုထွက်လာပါတော့တယ်။ သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေက ခန္ဓာကိုယ်အပြင်ဖက်ဆီကိုရောက်ရှိပြီ ထွက်ပေါ်လာခဲ့ပါပြီ။ ခြောက်ယောက်ထဲမှာ ငါးယောက်က ၀ိညာဥ်စက်ကွင်းငါးကွင်းရှိပါတယ်။ ခြောက်ယောက်မြောက်ကတော့ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့ ၀ိညာဥ်ဧကရာဇ်ပါပဲ။ သူတို့သုံးယောက် လေပေါ်ကို ပျံတက်လာတဲ့အချိန် သက်ဆိုင်ရာပျံသန်းရေးနည်းစနစ်အမျိုးမျိုးကို အသုံးပြုပြီး ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နောက်ကို လိုက်ကြပါတော့တယ်။

အင်အားကွာခြားချက်ကတော့ အရမ်းကိုကြီးမားလို့နေခဲ့တယ်။ ဟို့ယွိဟောင်တို့နှစ်ယောက်က သူတို့တွေရဲ့ သတိလက်လွှတ်ဖြစ်သွားခဲ့တဲ့အရာကို အခွင့်အရေးယူနိုင်ခဲ့ပေမဲ့ လုပ်ကြံသတ်ဖြတ်သူတွေ အရှိန်မြင့်လိုက်တာနဲ့ သူတို့ကြားမှာ အကွာအဝေးက နည်းပါးသွားပါတော့တယ်။

ဟောင်သုန့်စွမ်းအားက အရမ်းကိုအင်အားကြီးလွန်လှပါတယ်။ သူတို့ရဲ့ပေါင်းစည်းစွမ်းအားက ၀ိညာဥ်စက်ကွင်း​သုံးကွင်းရှိတဲ့ အနေအထားလောက်သာ အများဆုံးရောက်တာပါ။ ဒီလိုမျိုး လုပ်ကြံသတ်ဖြတ်သူတွေကို တိုက်ရိုက်တိုက်ခိုက်နိုင်ဖို့အတွက် အခွင့်အရေးလဲ မရှိခဲ့ပါဘူး။

သူတို့ရဲ့ရန်သူသုံးယောက်ကတော့ ပျံသန်းရင်းနဲ့ အပေါ်ကို မြင့်တက်လာနေပါပြီ။ ဒါ့အပြင် အဲ့ဒီသုံးယောက်စလုံးကလဲ ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်တွေကြီးပါပဲ။ ဒါပေမယ့် ၀မ်သုန့်ကတော့ လေထဲအထက်အမြင့်ပိုင်း မီတာငါးဆယ့်အထိကို ရောက်ရှိလို့သွားတာကြောင့် ရန်သူတွေတိုက်ခိုက်မယ်ဆိုရင်လဲ လွယ်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ၀မ်သုန့်ရဲ့လက်ရှိအရှိန်နှုန်းက သူတို့ကို မြေပြင်မှာလိုက်နေတဲ့ သူတွေနဲ့သိပ်ပြီ မကွာခြားပဲရှိနေခဲ့တယ်။

လက်ရှိအချိန် မြို့တော်ရော ကျောင်းတော်နဲ့ရော မီတာထောင်နဲ့ချီပြီ ဝေးနေခဲ့ပါသေးတယ်။

ဟို့ယွိဟောင်က ခေါင်းမော့ရင်း ကောင်းကင်ပေါ်ကို အနီရောင်မီးလုံးတစ်လုံးပြစ်လွှတ်လိုက်ပါတယ်။ အနီရောင်မီးလုံးကတော့ ချက်ချင်းဆိုသလို ရွှေနီရောင်အလင်းတန်းတွေနဲ့ ပေါက်ကွဲလို့သွားခဲ့ပြီ ကောင်းကင်ပေါ်ကိုရောက်ရှိလို့သွားပါတော့တယ်။

၀ိညာဥ်စက်ကွင်းခြောက်ကွင်းပါတဲ့ ၀ိညာဥ်ဧကရာဇ်လဲ အမူအရာ ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူတို့တွေအားလုံးက အနက်ရောင်အ၀တ်တွေ ၀တ်ဆင်လို့ထားခဲ့ပြီ မျက်နှာတွေကိုလဲ ဖုံးလွှမ်းလို့ထားခဲ့ပါတယ်။ ရွှေနီရောင်အလင်းတန်းကို မြင်ပြီတဲ့နောက် သူချက်ချင်းဆိုသလို ဟိန်းဟောက်လိုက်တော့တယ်။

” ဒီကောင်တွေက အဓိကအတွင်းတပည့်သားကြီးတွေသက်သက်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား..ဒါက သေချာပေါက် အတွင်းနယ်မြေရဲ့ အချက်ပြတဲ့အန္တရာယ်အလင်းတန်းပဲမြန်မြန် သူတို့ကို သတ်ကြမယ်..ပြီရင်း တစ်ခါထဲထွက်သွားကြမယ် ”

နောက်ဆုံးအော်သံက စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး အော်လိုက်တာပါ။

ဒီနေရာက မြို့တော်ရဲ့အပြင်နယ်မြေဖြစ်နေခဲ့ပေမဲ့ မြို့တော်ဆိုတာက ကျောင်းတော်နဲ့နီးနီးကပ်ကပ် ဆက်နွယ်နေခဲ့တာပါ။

ကျောင်းတော်ထဲမှာ ဘယ်သူတွေရှိနေကြလဲ ထိပ်တန်းရောက်နေတဲ့ လူတစ်ယောက်ယောက်ကသာ ထွက်လာခဲ့မယ်ဆိုရင် အားလုံးက တစ်ခါထဲသေကုန်ကြတော့မှာပါ။ ဒါကြောင့် အချိန်ဖြုန်းစရာအကြောင်းမရှိပါဘူး။

သူတို့ထဲမှာ သုံးယောက်က လေထဲရောက်နေပြီဖြစ်တာကြောင့် အားကောင်းတဲ့၀ိညာဥ်စွမ်းအားတွေကို ချက်ချင်းဆိုသလို အသုံးပြုကြပါတော့တယ်။ သူ့ရဲ့၀ိညာဥ်စက်ကွင်းငါးကွင်းထဲမှာ အဖြူရောင်ကတစ်ခု အ၀ါရောင်ကနှစ်ခုရဲ့ ခရမ်းရောင်နှစ်ခုတို့ပါ လေးခုမြောက်၀ိညာဥ်စက်ကွင်းကို စတင်ပြီအသုံးပြုလိုက်ပါတယ်။ အဲ့ဒါကတော့ နှစ်တစ်ထောင်ခရမ်းရောင်၀ိညာဥ်စက်ကွင်းပါပဲ။

သိပ်သည်းတဲ့ခရမ်းရောင်အလင်းတန်းတွေက အတောင်ပံတွေဆီကို ရောက်ရှိလို့သွားခဲ့ပြီ ရုတ်တရက်အတောင်ခတ်ရင်း အရှိန်မြင့်လိုက်ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ဆီကို ဥက္ကာပျံတစ်စင်းလို တက်သွားခဲ့ပါပြီ။

သူ့ရဲ့အစွမ်းအစနဲ့ ကလေးနှစ်ယောက်ကို တစ်ချက်ထဲအပြတ်ရှင်းလိုက်မယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်ရှိနေခဲ့ပါတယ်။ အရင်ဆုံးကလေးတွေကို အမီလိုက်ဖို့လိုတာပါ။

ဒါပေမယ့် သူက သူကိုယ်သူယုံကြည်ချက်လွန်ကဲနေတာပါပဲ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်က ငယ်ပေမဲ့ သူတို့တွေက အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားတွေ ဖြစ်ပါသေးတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ဆိုတာက ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ အစည်းအဝေးပွဲကို ဖြစ်စေခဲ့တဲ့ မြင်ရခဲတဲ့ ကျောင်းသားတစ်ယောက်ပါ။

ရန်သူက သူတို့အနားကို ခပ်မြန်မြန်နီးကပ်လာနေခဲ့ပေမဲ့ သူကတစ်ယောက်ထဲဖြစ်နေခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကတော့ အတူတူပူးပေါင်းပြီ အလုပ်လုပ်နေခဲ့ပါပြီ။ ၀မ်သုန့်က အမြန်ဆုံးနှုန်းနဲ့ ပျံသန်းလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ သူ့ရဲ့ခြေထောက်ဆီကို တွယ်ကပ်ထားခဲ့တယ်။ အဲ့ဒီနောက် ဘယ်ဘက်လက်ကို အသုံးပြုရင်း သူ၀မ်သုန့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့ပြီ ညာဘက်လက်ကိုတော့ သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်တဲ့သူတွေဆီ ညွှန်ပြလို့ထားခဲ့ပါတယ်။

ဒါက အတော်ကို အလောတကြီးလုပ်ဆောင်နေခဲ့ရတာပါပဲ။ ဟို့ယွိဟောင်အနေနဲ့ လက်ရှိအချိန် သူ့ရဲ့ လက်မောင်းပေါ်မှာရှိတဲ့ ၀ိညာဥ်လက်နက်ကို အမြန်ဆုံးတပ်ဆင်လိုက်ရပါတယ်။ အဲ့ဒီနောက် ညာဘက်လက်ကို မြောက်လိုက်ချိန်မှာတော့ ချက်ချင်းဆိုသလို ပြွန်သုံးချောင်းက ထွက်ပေါ်လာခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားကို ထည့်သွင်းလိုက်ရင်း လျှပ်စီးတန်းသုံးခုကို ထွက်ပေါ်စေလိုက်ပါတယ်။ ဒီလက်နက်တွေက မှောင်မိုက်နေခဲ့ပြီ အမှောင်ထုထဲမှာလဲ လုံး၀အလင်းမပြန်ခဲ့ပါဘူး။ ဒါ့အပြင် ဖန်းယွီအနေနဲ့ ဒီလိုအသံတိတ်လက်နက်ကို ဘယ်လိုတပ်ဆင်ပြီ ပစ်ရမလဲဆိုတာ ဖန်းယွီကိုယ်တိုင် သူ့ကိုသင်ပေးခဲ့တာပါ။ ဒါကြောင့်သာ အမှောင်ထုထဲမှာ ပျံသန်းရင်း အသုံးပြုနေချိန်မှာ အသံမထွက်ခဲ့တာလဲ ဖြစ်ပါတယ်။

ဒါက ရွေ့လျား၀ိညာဥ်လက်နက်တွေရဲ့ နောက်ထပ် အားသာချက်တစ်ခုပါပဲ။ သာမန်၀ိညာဥ်လက်နက်တွေက ၀ိညာဥ်စွမ်းအားနဲ့ အသုံးပြုချိန်မှာ အမှောင်ထုထဲ မီးအိမ်ကြီးထွန်းသလို ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမျိုး လက်နက်တွေကသာ ဘယ်လိုမှခြေရာခံလို့မရနိုင်တဲ့ တိုက်ခိုက်မှုကို ပြုလုပ်နိုင်တယ်။

ဒါပေမယ့် ဘယ်သူကမှ ဒီလိုအခြေအနေမျိုးမှာ ရွေ့လျားလက်နက်တစ်ခုကို အသုံးပြုပြီး အလွယ်လေးချိန်ရွယ်ပစ်ခတ်လို့ရနိုင်မယ်ဆိုတာကို သေသေချာချာ မသိနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်တစ်ယောက်ကသာ စိတ်၀ိညာဥ်ထောက်လှမ်းရေးက်ို အသုံးပြုပြီး ချိန်ရွယ်ပစ်ခတ်နိုင်ပါတယ်။

၀မ်သုန့်ကတော့ လေထဲမှာရှိနေရင်း တခဏတာ ရပ်တန့်လိုက်တယ်။ လက်ရှိအချိန် သူတို့နှစ်ယောက်ကြားစိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို ဟို့ယွိဟောင်ဆီ လွဲပြောင်းပေးလိုက်ပါပြီ။

မျက်လုံးထဲကနေ ခရမ်းရွှေရောင်အလင်းတန်းက တောက်ပလို့လာခဲ့ပြီ။ အသက်ရှင်ရေးအတွက် ဒီတိုက်ခိုက်မှုမှာ စွမ်းအားအပြည့်အ၀ကို သုံးထားခဲ့ပါတယ်။ တိုက်ခိုက်မှုကို ထုတ်လွှတ်ပြီတဲ့နောက် သူ့ရဲ့ ၀ိညာဥ်စွမ်းအားတွေကို ပျံသန်းနေတဲ့၀မ်သုန့်ဆီ ပြန်လွဲပေးလိုက်တယ်။

သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်သူကလဲ ဒီနှစ်ယောက်တိုက်ခိုက်မှာကို လုံး၀မခန့်မှန်းထားခဲ့မိတာအမှန်ပါ။ သူက ၀ိညာဥ်ဘုရင်အဆင့်ကို ရောက်နေခဲ့ပေမဲ့ အမျက်ဒေါသကျောင်းတော်က ထုတ်လုပ်တဲ့ ပညာရှင်တွေလိုမျိုး စွမ်းအင်အထွဠ်အထိပ်ရောက်သူမဟုတ်ခဲ့ပါဘူး။ သူ့ရဲ့အသန်မာဆုံး၀ိညာဥ်စက်ကွင်းကတော့ နှစ်တစ်ထောင်သာရှိပါသေးတယ်။ စိတ်၀ိညာဥ်စွမ်းအားတွေရဲ့နယ်ပယ်မှာသန်မာတဲ့အချက်လဲ တစ်ချက်မှရှိမနေခဲ့ပါဘူး။

ဟို့ယွိဟောင်ကတော့ ၀ိညာဥ်စက်ကွင်းတစ်ကွင်း၀ိညာဥ်ပညာရှင် ဖြစ်ခဲ့စဥ်အချိန်ကထဲကစပြီ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတိုက်ခိုက်မှုက ၀မ်သုန့်နဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် မာရှောင်ထောင့်လိုလူမျိုးကိုတောင် အချိန်တခဏတာ တွေဝေသွားစေနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန် သူတို့ရဲ့ အရည်အသွေးကတော့ အများကြီးတိုးတက်လို့သွားခဲ့ပါပြီ။ ဒါကြောင့် ၀ိညာဥ်ဘုရင်အနေနဲ့ သူခေါင်းကိုအုတ်တံတိုင်ကြီးနဲ့ ၀င်စောင့်သလိုခံစားလိုက်ရပါတယ်။ ချက်ချင်းဆိုသလို နာနာကျင်ကျင်နဲ့အော်ဟစ်ရင်း နှာခေါင်းနဲ့ပါးစပ်တွေကနေပါ သွေးတွေထွက်လာခဲ့တယ်။ ရလဒ်အနေနဲ့ ဆက်ပြီးမပျံသန်းနိုင်တော့ပါဘူး။ ဒါ့အပြင် သူအသုံးပြုနေခဲ့တဲ့ ၀ိညာဥ်စွမ်းရည်ကလဲ နှောင့်ယှက်ခံလိုက်ရပါပြီ။

တစ်ချိန်ထဲမှာပဲ အနက်ရောင်အသံလှိုင်းသုံးခုက သူ့ဆီကို ရောက်ရှိလို့လာပါတော့တယ်။ အဲ့ဒီနောက် တစ်ပြိုင်နက်ထဲမှာ ပေါက်ကွဲထွက်ခဲ့တယ်။ ချက်ချင်းဆိုသလို အနက်ရောင်မြူခိုတွေက သူ့တစ်ကိုယ်လုံးဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ မြင်ကွင်းကိုလဲ ပိတ်ဆို့ခံလိုက်ရပါတော့တယ်။

ဟို့ယွိဟောင်အနေနဲ့ ဒီ၀ိညာဥ်ဘုရင်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မယ်ဆိုရင် သူ့ရဲ့လက်နက်လောက်နဲ့ ပျက်စီးမှုမဖြစ်စေနိုင်မှန်း သူသိနေခဲ့ပါတယ်။ ဒါကြောင့်သာ စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုကိုလဲ အသုံးပြုခဲ့တာပါ။

၀ိညာဥ်ဘုရင်က တခဏတာ ရပ်တန့်လို့သွားခဲ့တာကြောင့် နှစ်ဖက်ကြားအကွာအဝေးကလဲ တိုးတက်လာခဲ့ပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်က ၀မ်သုန့်ကို ညွှန်ကြားထားပါတယ်။ အရှေ့ကို မပျံသန်းပဲ အပေါ်ကိုသာ ပျံသန်းဖို့ပါ။ နောက်ဆုံးတော့လဲ မြေပြင်မှာသူတို့ကို အမိန့်ပေးနေတဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ရှိနေခဲ့ပါသေးတယ်။

လေပေါ်မှာ ပျံသန်းနေခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူတွေအားလုံးကလဲ ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်တွေကြီးပါပဲ။ သူတို့ရဲ့၀ိညာဥ်စက်ကွင်းပေါင်းစည်းမှုက အတော်ကို အရည်အသွေးနှိမ့်ပါးပေမဲ့ အနည်းဆုံးသူတို့အဆင့်ကတော့ အများကြီးမြင့်နေဆဲပါ။ ဒါ့အပြင် အနောက်မှာကျန်ရှိခဲ့တဲ့ ၀ိညာဥ်ဘုရင်နှစ်ယောက်ကလဲ ခပ်မြန်မြန်ပဲ ကြောင်အနေခဲ့တဲ့ ၀ိညာဥ်ဘုရင်တွေဆီကို ရောက်ရှိလာခဲ့ပါပြီ။ သူတို့သုံးယောက် ပေါင်းစည်းနေကြချိန်မှာ ဟို့ယွိဟောင်နဲ့ အကွာအဝေးက သူတို့နဲ့ မီတာငါးဆယ်လောက်ရှိသွားပြီဖြစ်ပါတယ်။

” ၀မ်သုန့် အပေါ်ကို မျဥ်းဖြောင့်အတိုင်းပျံလိုက် ”

ဟို့ယွိဟောင် အော်လိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့၀ိညာဥ်စက်ကွင်းနှစ်ကွင်းက တစ်ခုထဲဖြစ်သွားခဲ့ပါပြီ။ ကြီးမားတဲ့ ကျောက်မျက်ရတနာလို အဆိပ်ရောင်ဆေးမင်ကြောင်ကြီးကလဲ ကြောက်စရာကောင်းလောက်အောင် ဖြည်းဖြည်းချင်း အရောင်တောက်ပလာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းရေးကို လက်ခံရရှိထားတဲ့၀မ်သုန့်အနေနဲ့လဲ သူတို့ရဲ့နောက်မှာလိုက်လာနေသူက အရှိန်မြင့်တက်လာတာကို ခံစားမိပါတယ်။ ဒါ့အပြင် သူလဲစိတ်တော့ပျက်နေခဲ့ပါပြီ။

နောက်ဆုံးတော့လဲ ကွာခြားချက်က ကြီးလွန်နေခဲ့တယ်။ သူတို့က ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့သူတစ်ယောက်နဲ့ ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိတဲ့သူတစ်ယောက်ပါ။ အကယ်၍ သူတို့တွေသာ အခုထက်ပိုပြီး ပါရမီရှိနေမယ်ဆိုရင်တောင် ဒီ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ပညာရှင်သုံးယောက်ကို ရင်ဆိုင်တိုက်ခိုက်ဖို့က မလွယ်ကူခဲ့ပါဘူး။ ဒါ့အပြင် မြေပြင်ကိုပြုတ်ကျသွားတာနဲ့ ရန်သူတွေက ပိုများတော့မှာပါ။ ကျောင်းတော်အနေနဲ့ သူတို့ရဲ့အချက်ပြမီးကို မြင်ချိန်မှာ လူတစ်ချို့စေလွှတ်ကောင်းစေလွှတ်နိုင်ပေမဲ့ ဒီလောက်အချိန်တိုလေးအတွင်း ရောက်လာဖို့ကတော့ မလွယ်ကူခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာ သူတို့အနေနဲ့လဲ မြို့တော်နဲ့မီတာတစ်ထောင်လောက်ကွာနေပါသေးတယ်။

ဒါပေမယ့် ဒီလိုတွေဖြစ်နေတာတောင်မှ ဟို့ယွိဟောင် ခိုင်းတဲ့အတိုင်းလုပ်နေခဲ့တာ ဟို့ယွိဟောင်ကို ယုံကြည်နေလို့ပါ။ ဒါကြောင့် ဟို့ယွိဟောင်စကားအတိုင်း အတောင်ပံကိုခတ်လိုက်ရင်း လေပေါ်ကိုတန်းတန်းမတ်မတ် ပျံသန်းလို့သွားပါတော့တယ်။ အပေါ်ကိုမြင့်မြင့်ပျံသန်းနိုင်ဖို့အတွက် သူ့ရဲ့အတောင်ပံတွေကို အောက်စိုက်လို့ထားခဲ့ရင်း လေဟုန်ကို ခွင်နေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်ရဲ့ ရှပ်​ပြေးကလဲ အဆုံးသတ်လို့သွားခဲ့ပါပြီ။ ဒါကြောင့် အဲ့ဒီရှပ်ပြေးကိုချွတ်ရင်း အောက်ဖက်ကိုပြစ်လွှတ်လိုက်ပါတော့တယ်။ သူတို့နှစ်ယောက် တစ်ပြိုင်နက်ထဲလှုပ်ရှားနေခဲ့ကြရင်း သူတို့ရဲ့အရှိန်နှုန်းက အတော်ကိုမြန်ဆန်းလာပါတော့တယ် အပေါ်ကို အမြန်ဆုံးထိုးတက်သွားခဲ့တဲ့အတွက် ရလဒ်အနေနဲ့ လေပေါ်မီတာတစ်ရာအထိကို မြင့်တက်လို့သွားခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ လေပေါ်ရဲ့မီတာသုံးရာအထိကို သူတို့ရောက်ရှိနေပြီသားဖြစ်ပါတယ်။ လက်ရှိအခြေအနေနဲ့ မြို့တော်ဆီကနေ အလင်းရောင်တွေကိုတောင် ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရတယ်။ ဒါပေမယ့် ၀မ်သုန့်အနေနဲ့ကတော့ မီတာသုံးရာအထိ ပျံသန်းပြီချိန်မှာ အတော်ကိုမောပန်းသွားပုံပါ။ ဟို့ယွိဟောင်ရဲ့ အမြန်နှုန်းအပူပေးကိရိယာတွေကလဲ အပူလွန်လာတာကြောင့် သူတို့ရဲ့အရှိန်နှုန်းက သိသိသာသာကို လျော့ကြသွားခဲ့တယ်။

” ၀မ်သုန့် အတောင်ပံတွေကို သုံးပြီမြေပြင်နဲ့အညီ၀ပ်လျား​မောက်လိုက် ”

ဟို့ယွိဟောင်က အမိန့်ပေးလိုက်ပြန်ပါတယ်။

၀မ်သုန့်လဲ မျက်လုံးပြူးသွားခဲ့တယ်။ ဒီလိုမျိုး လုပ်လိုက်တာက အရှိန်နှုန်းကိုပိုပြီး လျော့ကြသွားစေမှာမဟုတ်ဘူးလား။ လေထဲမှာမြောနေရုံကလွဲပြီ ဘာမှမရှိပါဘူး။

သူတို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ အကြွင်းမဲ့ယုံကြည်မှုက နောက်ဆုံးမှာ ဒီတစ်ကြိမ်တော့ မြင်သာလာခဲ့ပြီဖြစ်ပါတယ်။ ၀မ်သုန့်က စိတ်ထဲမှာသံသယရှိနေခဲ့ပေမဲ့ ဟို့ယွိဟောင်ရဲ့စကားတွေကို အကြွင်းမဲ့ယုံကြည်နေခဲ့တယ်။ ဒါကြောင့် အတောင်ပံတွေကို ချက်ချင်းဆိုသလို အပေါ်ထောင်လိုက်ရင်း အရှိန်နှုန်းလျော့ကြသွားစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ၀ိညာဥ်ဘုရင်သုံးယောက်ကလဲ သူတို့အနားကို နီးကပ်လာခဲ့ပါပြီ။

” ငါး လေး သုံး နှစ် တစ် ”

ဟို့ယွိဟောင်က စိတ်ထဲမှာသူ့ဘာသာသူ ရေတွက်လို့နေခဲ့တယ်။ ၀မ်သုန့်အနေနဲ့လဲ သူတို့ရဲ့ ပေါင်းစည်းစွမ်းအားတွေက ဟို့ယွိဟောင်ဆီကို အမြင့်ဆုံးနှုန်းနဲ့ ရောက်ရှိလို့သွားနေမှန်း ရှာဖွေတွေ့ရှိလိုက်ရတော့တယ်။

အပေါ်ယံမှာ ဘာမှမထူးဆန်းပေမဲ့ ၀မ်သုန့်အနေနဲ့ လက်ရှိအချိန်မှာ ဟို့ယွိဟောင်က လေပြည့်နေတဲ့ ပူစီးဖောင်းကြီးတစ်လုံးလိုမျိုး အပြည့်အ၀ဖိနှိမ့်ခံနေရတာကို ခံစားမိလိုက်တယ်။ သူဘာတွေလုပ်နေတာလဲ။

ရန်သူသုံးယောက်က သူတို့နဲ့ မီတာနှစ်ဆယ့်အကွာကို ရောက်နေခဲ့ပါပြီ။ သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေကလဲ အလင်းတန်းတွေတောက်ပလာပါတော့တယ်။ ဆယ့်ငါးမီတာရောက်ချိန်မှာတော့ ၀ိညာဥ်စွမ်းရည်တွေကို ထုတ်လွှတ်လို့နေခဲ့ကြပါပြီ။ သူတို့တွေရဲ့ တိုက်ခိုက်မှုအားလုံးက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းရေးနယ်မြေတွေမှာ ရှိနေခဲ့ပါတယ်။

သူတို့တွေ ထုတ်လွှတ်တိုက်ခိုက်တော့မဲ့အချိန်မှာပဲ ရုတ်တရက်တစ်စုံတစ်ရာကို သူခံစားလိုက်ရတော့တယ်။ ကောင်းကင်မှာရှိတဲ့ပစ်မှတ်တွေက ချက်ချင်းဆိုသလို တောက်ပလာခဲ့တာပါ။ ကျောက်စိမ်းရောင်အလင်းတန်းက မှောင်မိုက်နေတဲ့ကောင်းကင်ပေါ်မှာ ပေါ်ထွက်လာခဲ့ပါပြီ။ ဒါ့အပြင် ဒီအလင်းတန်းက မျဥ်းဖြောင့်တစ်ကြောင်းလိုပုံစံနဲ့ လုပ်ကြံသတ်ဖြတ်သူတွေဆီကို ရောက်ရှိလို့လာပါတော့တယ်။ ဒါ့အပြင် အဲ့ဒီအလင်းတန်းတွေအားလုံးက သူ့ရဲ့ရှိရှိသမျှ အရိုးတွေက တောက်ပမှုကို စုစည်းလို့ထားခဲ့တာပါ။ ကျောရိုး ရင်ခေါင်းရိုး နံရိုး ရှိရှိသမျှအရိုးတွေက စွမ်းအားတွေအားလုံးကို သိပ့်သည်းအောင်လုပ်ပြီ ထုတ်လွှတ်လိုက်လဲ ဖြစ်ပါတယ်။

မြစိမ်းရောင်နဲ့ ကျောက်စိမ်းရောင်တောက်ပနေခဲ့တဲ့ အလင်းတန်းက အရမ်းကိုလှပလွန်ပါတယ်။ ဒီလိုမျိုး တောက်ပတဲ့မြင်ကွင်းက တခဏတာသာကြမြင့်တာပါ။ မကြာခင်အချိန်အတွင်းမှာပဲ မျက်စိကိုကျိန်စေမတတ်တောက်ပနေတဲ့ ကျောက်စိမ်းရောင်အလင်းတန်းက အောက်ဖက်မှာရှိနေတဲ့လူတွေအကုန်လုံးကို လွှမ်းခြုံလို့သွားခဲ့ပါတော့တယ်။

အပိုင်း ၅၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset