အပိုင်း ၅၈•၁
” သေခြင်းတရားနဲ့ ရှင်ခြင်းတရားကြားက ကန့်လန်ကာ ”
°°°
” အဲ့ဒါကြီးကို မင်းတကယ်၀ယ်ချင်တာလား ”
၀မ်သုန့်က ဟို့ယွိဟောင်ကို တအံ့တဩမေးလိုက်ပါတယ်။
ဟို့ယွိဟောင်က သူ့ရဲ့နားနားကိုကပ်ပြီး ပြောလာခဲ့တယ်။
” မြန်မြန်လေး ငါတို့နောက်ထပ် အခွင့်အရေးရနိုင်မှာမဟုတ်ဘူး…ဒါက နှစ်တစ်ထောင်ဝေလငါးပူစီးဖောင်းမဟုတ်ပဲ နှစ်တစ်သောင်းဖြစ်နေတာ ဒါကြောင့် အနက်ရောင်ပြောင်းနေတာ မြန်မြန်လေး၀ယ်ချင်ပြီ အကယ်၍ ဒါကိုတစ်ယောက်ယောက်ကသာ သတိထားမိသွားမယ်ဆိုရင် ငါတို့၀ယ်နိုင်တော့မှာမဟုတ်ဘူး ”
၀မ်သုန့်လဲ မျက်လုံးပြူးသွားပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကို အများကြီးယုံကြည်တဲ့သူဖြစ်တာကြောင့် နောက်ထပ် မေးခွန်းထုတ်မနေခဲ့ပါဘူး။ ချက်ချင်းဆိုသလို လှည့်ထွက်သွားရင် ငွေချေပါတော့တယ်။
အမှန်ပါပဲ ဟို့ယွိဟောင်ပြောလိုက်တဲ့အတိုင်း ဒီအရာက ဒီနှစ်တစ်သောင်းဝေလငါးပူစီးဖောင်းပါ။ သူ့အတွက်တော့ ကိုယ်ပိုင်အသိပညာအရည်အချင်းတွေနဲ့တောင်ကို ခွဲခြားနိုင်ဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ သူ့ကို အဖြေပြောပြလိုက်တဲ့သူကတော့ ရေခဲဧကရီပါပဲ။
လူသားတွေရဲ့ သမိုင်းတစ်လျှောက်မှာ နှစ်တစ်သောင်းဝေလငါးပူစီးဖောင်းဆိုတာက တွေ့ရှိမှုအရမ်းကိုရှားပါးပါတယ်။ ဒါကြောင့် သူဘယ်သူမှမမှတ်မိတာ အံ့ဩစရာမရှိပါဘူး။
ပင်လယ်က၀ိညာဥ်သားရဲကောင်တွေအားလုံးအတွက် သုခဘုံကြီးတစ်ခုလိုပါပဲ။ ကောလဟာလတွေအရတော့ ပင်လယ်ထဲမှာရှိတဲ့ ၀ိညာဥ်သားရဲကောင်တွေက မြေပြင်ပေါ်မှာထက် အဆတစ်ရာမက များပြားပါတယ်တဲ့ ဒါ့အပြင် အဆင့်အတန်းရော အရည်အသွေးကရော အများကြီးပိုသာလွန်ပါတယ်။
လူသားတွေအနေနဲ့ ပင်လယ်ထဲကို ၀င်ရောက်လိုက်ပြီးပြီဆိုရင် သေချာပေါက် စဥ်းနှီးတုံးပေါ်ရောက်သွားတဲ့ အသားတုံးတစ်တုံးလိုဖြစ်သွားမှာပါ။ ဘယ်လူသားကမှ ပင်လယ်အနက်ထဲကို မဆင်းရဲပါဘူး။ ရလဒ်အနေနဲ့ အင်အားကြီးတဲ့၀ိညာဥ်ပညာရှင်တွေတောင် နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကို ရေထဲမှာသတ်ဖို့ခက်ခဲပါတယ်။ ဒါ့အပြင် နှစ်တစ်ထောင်နတ်ဆိုးဝေလငါးတွေအနေနဲ့ကတော့ ပင်လယ်အနက်ပိုင်းမှာနေတာဖြစ်တာကြောင့် ၀ိညာဥ်သားရဲကောင်တွေထဲမှာ သူတို့က အရမ်းအင်အားကြီးတဲ့သူတွေပါ။ သူတို့ရဲ့ အဆိပ်ရှိတဲ့ ခေါင်းကတင် ထိတွေ့လိုက်တာနဲ့ သေသွားမှာဖြစ်ပါတယ်။
ဒါပေမယ့် သူတို့အနေနဲ့ ဒီလိုအရာမျိုးကို လေလံပွဲမှာ တွေ့ရတာဘယ်လောက်တောင် ကံကောင်းလိုက်လဲ နှစ်တစ်သောင်းဝေလငါးပူစီးဖောင်းတွေက အ၀ါရင့်ရောင်ရှိပါတယ်။ ဒီတစ်ခုကတော့ အနက်ရောင်ဖြစ်နေခဲ့တယ်။ ဒါကတော့ ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။ ဘယ်သူမှလဲ သူ့ကိုသတိမထားမိခဲ့ပါဘူး။
ဟို့ယွိဟောင်အတွက်တော့ ဒီအရာက သူတွေ့သမျှအရာတွေအားလုံးထဲက အကောင်းဆုံးပါပဲ။ လက်ရှိအချိန် သူ့ရဲ့ အဓိကပြဿနာကတော့ ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တွေရဲ့အင်အားကို တောင့်ခံနိုင်ဖို့အတွက် ခန္ဓာကိုယ်က ခက်ခဲနေခဲ့တာပါ။
ရေခဲဧကရီအနေနဲ့ သူမရဲ့ နှစ်တစ်သိန်းစွမ်းအားတွေကို ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲအပြည့်အ၀ပြောင်းရွေ့မပေးနိုင်ပေမဲ့ ချိတ်ပိတ်စည်းတွေကို ဖန်တီးရင်း စွမ်းအားတွေကိုဖိနှိမ့်ထားခဲ့ရတာပါ။ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ကသာ လုံလောက်တဲ့အထိ သန်မာပြီတောင့်ခံနိုင်ခဲ့ပြီဆိုရင် သူ့ရဲ့ကျင့်ကြံမှုတွေ တိုးတက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။
ရေခဲဧကရီအနေနဲ့ ဟို့ယွိဟောင် အင်အားကြီးလာမဲ့နေ့ကို စိုးရိမ်တကြီးနဲ့သာ စောင့်နေခဲ့ရပါတယ်။ ဒါကြောင့် ဒီလိုပစ္စည်းကောင်းမျိုးကိုတွေ့ချိန်မှာ လုံး၀ကို အလွှတ်မပေးနိုင်ပါဘူး။
၀မ်သုန့်က ပေးချေပြီတာနဲ့ မြန်မြန်ပြေးလာပါတော့တယ်။ ဒီတစ်ကြိမ်မှသာ ဟို့ယွိဟောင်လဲ စိတ်အေးလက်အေးလို့သွားခဲ့တယ်။ ဒီအရာက ၀ိညာဥ်အရိုးလို လူတွေရဲ့အာရုံကို မဖမ်းစားနိုင်ခဲ့ပါဘူး။ ဒါကြောင့် ၀ယ်၀ယ်ပြီချင်မှာပဲ ပစ္စည်းကို၀မ်သုန့်လက်ထဲ အရောင်းစာရေးကပေးလိုက်ပါတော့တယ်။ သူရလာပြီးပြီချင် ၀မ်သုန့်က ဟို့ယွိဟောင်လက်ထဲကို ထည့်ပေးလိုက်တော့တယ်။
” ငါတို့တွေ မမှားဘူးလို့ မျှော်လင့်ပါတယ် ”
၀မ်သုန့်အနေနဲ့လဲ အနက်ရောင်ပစ္စည်းကိုကြည့်ရင်း အတော်လေးကိုလမ်းပျောက်နေခဲ့တယ်။ ဒီအရာက အနံ့လဲမမွှေးပါဘူး။ နှစ်တစ်သောင်းနတ်ဆိုးဝေလငါးရဲ့ ဦးနှောက်ထဲက ထွက်လာတဲ့အရာဆိုတာ တွေးကြည့်နိုင်ဖို့ခက်လွန်ပါသေးတယ်။
” သွားကြရအောင် ဒီပစ္စည်းကို ရပြီးပြီဆိုတော့ လိုချင်တာလဲရပြီ ဆရာကျိုးဆီသွားပြီ မီးစွမ်းအားရှိတဲ့ ဆရာတစ်ယောက်ကိုရှာဖို့ပြောရအောင် ငါတို့တွေ စားပြီတာနဲ့ ဘယ်လောက်တန်ကြေးရှိမရှိ သိရမှာပေါ့ ”
၀မ်သုန့်က ခေါင်းခါလိုက်ပါတယ်။
” မင်းစားချင်ရင်မင်းဘာသာမင်းစား ငါတော့အဲ့ဒီလိုမျိုး နံစော်နေပြီစီးကပ်နေတဲ့အရာတွေကို မစားဘူး….ငါငယ်ငယ်တုန်းက မိသားစုဖိအားပေးလို့ အဲ့ဒါမျိုး အများကြီးစားပြီးပြီ နှစ်တစ်ထောင််ညာဥ်သားရဲကောင်ရဲ့ ၀ိညာဥ်စက်ကွင်းနဲ့ ပေါင်းစည်းပြီတဲ့နောက် ဒီလိုအရာမျိုးတွေကို တစ်သက်လုံးသေတဲ့အထိမစားဘူးလို့ ငါကျိန်ဆိုခဲ့တယ် ”
ဟို့ယွိဟောင်အနေနဲ့ ဒါကိုကြားချိန်မှာ သူလဲ ချက်ချင်းဆိုသလို ဉာဏ်အလင်းပွင့်သွားပါတော့တယ်။
” မင်းရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းက နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းဖြစ်နေတာ အံ့ဩစရာမရှိဘူးပဲ…မင်းမိသားစုက တကယ်ချမ်းသာတာပဲပေါ့ ”
သူတို့စကားပြောရင်း အပြင်ကိုထွက်လာခဲ့ပါတယ်။ ပေ့ပေ့နဲ့တွေ့ချိန်မှာ သူတို့တွေ နှုတ်ဆက်လိုက်ကြတယ်။ ပေ့ပေ့အနေနဲ့ကတော့ ပြန်ဖို့အတွက် ရှုစန်းရှီကို စောင့်နေခဲ့တာပါ။ ရှုစန်းရှီကတော့ ကျန်းနန်နန်နောက်ကိုလိုက်ပြီ ပူညံပူညံလုပ်နေပါတယ်။ သူ့အနေနဲ့ တတ်နိုင်သလောက် ကြိုးစားကြည့်နေခဲ့တယ်။
°°°
ပင်လယ်နတ်ဘုရားရေကန် အမျက်ဒေါသကျောင်း
” ဘာဖြစ်တယ် အဲ့ဒီကလေးလေး ဟို့ယွိဟောင်လား ”
မာရှောင်ထောင့်ကတော့ သူ့ရှေ့မှာရှိနေတဲ့ ရန်ရှောင်ကျဲ့ကိုကြည့်ရင်း မယုံနိုင်ဖြစ်နေခဲ့ပါတယ်။
ရန်ရှောင်ကျဲ့လဲ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်တယ်။
” အမှန်ပဲ မင်းဆီကရရှိတဲ့ ၀ိညာဥ်စွမ်းအားတွေဆိုတာ ဟို့ယွိဟောင် ဖန်တီးပေးတာပဲဖြစ်လိမ့်မယ်…ဒါပေမယ့် သူ့အနေနဲ့ သတိလစ်ပြီလုပ်မိလိုက်တာလဲ ဖြစ်နိုင်တယ်..သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က အဲ့ဒီအချိန်မှာ ပုန်းအောင်နေတယ်လေ..ဒါ့အပြင် မင်းရဲ့မီးလျှံတိုက်ခိုက်မှုကို ခံစားမိတာကြောင့်သာ သူ့သခင်ကိုကာကွယ်ဖို့အတွက် ထွက်လာတာလဲ ဖြစ်လိမ့်မယ် ”
မာရှောင်ထောင့်ကတော့ အရမ်းကိုပျော်ရွှင်နေခဲ့ပါပြီ။
” ကောင်းလိုက်တာ အရမ်းကောင်းလိုက်တာ ဆရာရန် ကျွန်မရဲ့ခန္ဓာကိုယ်ထဲမှာ တောက်လောင်နေတဲ့ မိစ္ဆာမီးလျှံက ကျွန်မကို ရူးတော့မတတ်ဒုက္ခပေးနေတယ်..ရှုစန်းရှီရဲ့ လိပ်ကလဲ ရေစွမ်းအားဖြစ်နေပြီ ရေခဲစွမ်းအားမဟုတ်တော့ စွမ်းအားတွေရဲ့ သက်ရောက်မှုကပိုပိုဆိုးလာတယ်…ဟို့ယွိဟောင်လို ရေခဲစွမ်းအားသာရှိမယ်ဆိုရင် လက်ရှိအခြေအနေကတင် ကျော်ဖြတ်နိုင်မှာမဟုတ်လား..ဒီလိုဖြစ်လို့ကတော့ ကျွန်မအနေနဲ့ ကျောင်းတော်ကိုကိုယ်စားပြုပြီး တိုက်ကြီးတစ်ခုလုံးရဲ့ ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲကို သွားလို့ရပြီဟုတ် ”
ရန်ရှောင်ကျဲ့လဲ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်ပါတယ်။
” မင်းအနေနဲ့ ဒါမျိုးကိုဖြစ်လာတာ အသက်နှစ်ဆယ်တောင် မပြည့်သေးဘူးလေ…သိုင်းပညာ၀ိညာဥ်ကို ဒီနေရာမှာ တည်မြဲအောင်လုပ်နိုင်မယ်ဆိုရင် သေချာပေါက် အဲ့ဒီနေ့ရဲ့ တိုက်ပွဲမှာအနိုင်ရသူဖြစ်လာမှာပဲ ငါလုံး၀သံသယမရှိဘူး ”
” ကောင်းလိုက်တာ နောက်ဆုံးတော့ ပါ၀င်ယှဥ်ပြိုင်ရတော့မယ်..ဟို့ယွိဟောင်ကိုသွားရှာပြီ နတ်ဆိုးမီးလျှံကို ဖိနှိမ့်မှရမယ် ”
သူပြောပြီတာနဲ့ မာရှောင်ထောင့်က လှည့်ထွက်သွားပါတော့တယ်။
ရန်ရှောင်ကျဲ့ကတော့ ရယ်မောနေခဲ့တယ်။
” ကောင်မစုတ်လေးရေ အရှိန်လျှော့ဦး ဟို့ယွိဟောင်က မြို့ထဲသွားပြီ ရတနာဂုဏ်ပြုလေလံပွဲမှာသွားပြီပစ္စည်းကြည့်နေတယ် ”
” ကျွန်မသိပါပြီ ”
အသံပဲကြားလိုက်ရပြီ မာရှောင်ထောင့်ကတော့ အပြင်ကိုရောက်သွားခဲ့ပါပြီ။
ရန်ရှောင်ကျဲ့အနေနဲ့လဲ ခေါင်းသာခါနေခဲ့ပါတယ်။
” မင်းရဲ့ဒီလိုစိတ်လောတတ်တဲ့ပုံစံကို ပြင်လို့ကိုမရပါလား အနာဂတ်မှာ ဒီကလေးမကို ဘယ်သူများ လိုက်၀ံ့မှာလဲ အတွင်းနယ်မြေထဲမှာ ထူးချွန်းတဲ့တပည့်သားတွေအများကြီးရှိနေပေမဲ့ ဘယ်သူမှ သူ့အနားမကပ်၀ံ့ဘူး..လဲ့ရွှမ်ကလွဲပြီ ရှောင်ထောင့်က အမျိုးသမီးကျောင်းတော်သူတပည့်သားတွေထဲမှာ ပါရမီအရှိဆုံးပဲ ယွိဟောင်ရဲ့အဆုံးစွန်းရေခဲစွမ်းအားက သူ့ရဲ့ နတ်ဆိုးမီးလျှံကို တခဏတာငြိမ်သက်ပေးဖို့ မျှော်လင့်ပါတယ်..သူ့အနေနဲ့လဲ ဘိုးဘေးတွေလိုမျိုးစစ်မှန်တဲ့ မီးလျှံနတ်မီးငှက်ဖြစ်လာစေဖို့ မျှော်လင့်တယ် ”
°°°
ဟို့ယွိဟောင်ရဲ့ ၀မ်သုန့်တို့က မြို့ပြင်ကိုခပ်မြန်မြန် ပြန်ထွက်လာနေခဲ့ပါတယ်။ ၀မ်သုန့်အနေနဲ့ ဒီအရိုးကနေ ဘယ်လို၀ိညာဥ်စွမ်းအားမျိုး ရရှိနိုင်မလဲဆိုတာမသိပေမဲ့ သူတို့အနေနဲ့ တန်ကြေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေခဲ့ပါပြီ။
၉•၅သန်းအထိကို ကုန်ကျစေနိုင်တဲ့အရာက ဟို့ယွိဟောင်သာ ပိုက်ဆံရှာပြီ ပေးရမယ်ဆိုရင် တကယ်ကို ခေါင်းကိုက်စေမဲ့အရာပါ။ ဒီတစ်ခေါက် သူတင်လိုက်တဲ့အကြွေးက ကြီးလွန်ပါတယ်။ ၀မ်သုန့်ကိုယ်တိုင်မှ လက်ရှိအချိန်ကျောင်းတော်ကို အကြွေးတင်နေခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့လဲ ဒီအကြွေးတွေကို ရှင်းရှင်းလင်းလင်းမှတ်သားထားသလို သူရရှိခဲ့တဲ့ နာကျင်မှုတွေကိုလဲ အပြည့်အ၀မှတ်သားထားပါတယ်။ ကျောင်းတော်ကို တင်နေတဲ့အကြွေးတွေလဲ လုံး၀မေ့ပြစ်မှာမဟုတ်ပါဘူး။
” ပြန်ရောက်ရောက်ချင် အဲ့ဒီဝေလငါးပူစီးဖောင်းနဲ့ပေါင်းစည်းလိုက် မနက်ဖြန်မှာ အရိုးရရင် ငါမင်းကိုကာကွယ်ပေးမယ်..အဲ့ဒီအရိုးနဲ့ဆိုရင် ငါထိုက်ဟွပင်းကို တစ်ယောက်ထဲယှဥ်ပြိုင်နိုင်ဖို့ယုံကြည်ချက်ရှိတယ်. ”
၀မ်သုန့်က လက်သီးကိုဆုပ်နေရင်း ပြောလာခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ၀မ်သုန့် ဒီလောက်ပျော်နေတာကိုကြည့်ရင်း ပြုံးနေခဲ့မိတယ်။
ဟို့ယွိဟောင် ၀မ်သုန့် ရှောင်းရှောင်းတို့အားလုံးက အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်နေခဲ့တာပါ။ ၀မ်သုန့်သာ ၀ိညာဥ်အရိုးနဲ့ပေါင်းစည်းမိခဲ့ရင် သူတို့ရဲ့ပူးပေါင်းတဲ့စွမ်းအားက အများကြီးတိုးတက်သွားပါလိမ့်မယ်။ ဒုတိယနေ့ရဲ့အသန်မာဆုံးအုပ်စုဆိုတဲ့နာမည်နဲ့လဲ သေချာပေါက် ထိုက်တန်သွားမှာပါ။
ထိုက်ဟွပင်းနဲ့ ပတ်သက်ရင်တော့ ဟို့ယွိဟောင်အနေနဲ့အမုန်းတရားတွေကို ဖြည်းဖြည်းချင်း မြုပ်နှံလိုက်ပါတယ်။ ထိုက်ဟွပင်းအနေနဲ့လဲ နှစ်ခေါက်တောင်အနိုင်ယူခံလိုက်ရပြီ ဦးညွတ်ခဲ့ရတာကြောင့် သူ့ရဲ့အမှားတွေကိုလဲ ဆက်တိုက်၀န်ခံခဲ့ရပါတယ်။ ဒါ့အပြင် သူ့နှလုံးသားထဲမှာ တစ်ဆစ်ဆစ်ပူလောင်နေတဲ့ ခံစားချက်ကြီးကလဲ အတော်လေးကို လျော့ပါးသက်သာသွားခဲ့ပါပြီ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဟို့ယွိဟောင်ရဲ့ စိတ်ထဲကို တိုက်ရိုက်ရောက်ရှိလာရင်း ပြောလိုက်ပါတော့တယ်။ သူက အန္တရာယ်ကို သတိပေးတာပါ။
” ယွိဟောင် မင်းဆီကို တိုက်ရိုက်လာနေတဲ့ လူသတ်ငွေ့တွေရှိနေတယ် ”
ဟို့ယွိဟောင်က ငယ်ရွယ်နေသေးပေမဲ့ တိုက်ခိုက်ရေး အတွေ့အကြုံကြွယ်၀နေပါပြီ။ ဒါကြောင့် ဒီသတိပေးသံကို ကြားကြားချင် သိသိသာသာ မတုန့်ပြန်ခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အတည်ငြိမ်ဆုံးနေသင့်တယ်ဆိုတာ သူသိပါတယ်။
လမ်းလျှောက်နေတဲ့ အရှိန်နှုန်းကိုတောင် မပြောင်းလဲပဲ ပြုံးသာပြုံးနေခဲ့ပါတယ်။ သူ့ရဲ့ကွာခြားချက်ကတော့ ချက်ချင်းဆိုသလို စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကို ၀မ်သုန့် ဆီ မျှဝေလိုက်တာပါပဲ။
၀မ်သုန့်က စစချင်တော့ မျက်လုံးပြူးသွားခဲ့ပေမဲ့ သူ့ရဲ့ ဟို့ယွိဟောင်တို့နားလည်မှုကြောင့် တစ်စုံတစ်ရာလွဲမှားနေတာကို ချက်ချင်းသဘောပေါက်လို့သွားပါတော့တယ်။ စကားပြောနေတာကို ခဏရပ်လိုက်ပြီ ဟို့ယွိဟောင်ကို ကြည့်နေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အဆုံးစွန်းအထိ အသုံးပြုလိုက်တာပါ။ မနီးမဝေးနေရာကနေ ပုန်းအောင်နေတဲ့ လူသတ်ငွေ့တွေကို ခံစားလိုက်မိပါတယ်။ ဒါပေမယ့် စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက အဲ့ဒီလောက် မကြီးမားတာကြောင့်သာ သူ့ရဲ့ ရန်သူတော်ကို ရှင်းရှင်းလင်းလင်းမမြင်ရတာပါ။
ဒါကြောင့် ၀မ်သုန့်ရဲ့လက်ကို သူအရင်ဆုံးဆွဲလိုက်ပါတယ်။ ၀မ်သုန့်လက်ကို တင်းတင်းကြပ်ကြပ်ဆွဲလိုက်ချိန်မှာတော့ အမျိုးသမီးတွေထက်ကို ပိုနူးညံ့နေတာကို ခံစားမိလိုက်ရတယ်။ ဟောင်သုန့်စွမ်းအားကလဲ သူတို့ခန္ဓာကိုယ်ထဲကို စီး၀င်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့ အမူအရာက မပြောင်းလဲသွားခဲ့ပဲ သူအသက်ရှုနေရင်း ဖြည်းဖြည်းချင်း ပြောလာခဲ့ပါတယ်။
” အရှေ့မှာငါတို့ကို အလစ်၀င်တိုက်ဖို့စောင့်နေတဲ့သူတွေရှိတယ်…ငါတို့တွေ လက်ရှိအချိန်မှာ မြို့တော်နဲ့ရော ကျောင်းတော်နဲ့ရော အတော်ဝေးနေပြီ ဒါကြောင့် သုံးအထိရေးမယ် ..ငါတို့လှည့်ပြီ မြို့ထဲကိုမြန်နိုင်သလောက်မြန်အောင်ပြေးရအောင် နားလည်လား ”
၀မ်သုန့်က ခပ်တိုးတိုးမေးလာခဲ့ပါတယ်။
” သူတို့တွေ ဘယ်သူလဲဆိုတာ မင်းတွေးမိလား ”
” မသိဘူး ဒါပေမယ့် လူသတ်ငွေ့တွေက အရမ်းပြင်းလွန်တယ်….မြို့ထဲမှာအရင်ပုန်းရအောင် ပြီးမှပြောကြတာပေါ့ သွားရအောင် ”
လူသတ်ငွေ့တွေက ရှေ့လျှောက်လာရင်း ပိုပြီးအားကောင်းလာခဲ့ပါတယ်။ ဟို့ယွိဟောင်က စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကို အသုံးပြုရင်း လူသတ်ငွေ့တွေရဲ့အမြင်ကို ရှာဖွေပြီ ထောက်လှမ်းတဲ့နယ်မြေကိုလဲ မြင့်တင်လိုက်ပါတယ်။ သူတို့နဲ့ မီတာနှစ်ရာအကွာမှာ လူခြောက်ယောက်အုပ်စုက တိတ်တဆိတ်စောင့်ဆိုင်းလို့နေခဲ့ကြတယ်။ ၀ိညာဥ်စွမ်းအားအငွေ့အသက်တွေက အရမ်းကိုထူးထပ်လွန်တာကြောင့် သူတို့နှစ်ယောက် တိုက်ခိုက်နိုင်မဲ့သူတွေ မဟုတ်မှန်းသူသိနေခဲ့ပါပြီ။
” တစ် ”
ဟို့ယွိဟောင်က ခပ်တိုးတိုးပြောခဲ့ပေမဲ့ အရှိန်မလျှော့ခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာ ရန်သူတွေအနေနဲ့ သူတို့လှုပ်ရှားမှုရဲ့ အပြောင်းအလဲတွေကို မတွေ့စေချင်သလို တွေ့လို့မဖြစ်တာလဲသူသိနေခဲ့တယ်။
” နှစ် ”
” သုံး ပြေးတော့ ”
ဟို့ယွိဟောင်အနေနဲ့ အော်လိုက်ပြီ ၀မ်သုန့်ကိုခေါ်ရင်း ပြေးပါတော့တယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ ကျောပေါ်မှာသတ္ထုပြားတစ်ခုကို တင်လိုက်ပါပြီ။ တောက်ပတဲ့အလင်းတန်းတွေက ဖြစ်ပေါ်လာခဲ့ပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ချက်ချင်းဆိုသလို အရှေ့ကိုလျော့ကနဲထွက်သွားပါတော့တယ်။ ကြွေဆင်းလာတဲ့ ကြယ်တွေလိုမျိုးမြို့တော်ရဲ့ မြောက်ဖက်ဂိတ်တံခါးဆီကို ဦးတည်နေခဲ့ကြပါပြီ။
လူခြောက်ယောက်အုပ်စုကတော့ ထောင်ချောက်ဆင်ဖို့အတွက် အပြည့်အ၀ပြင်ဆင်ထားခဲ့တာပါ။ ဒီကလေးနှစ်ယောက် လှည့်ပြေးသွားမယ်လို့ မထင်ထားခဲ့မိပါဘူး။ သူတို့ရဲ့ သားရဲကောင်တွေ ထွက်ပြေးသွားတာကိုကြည့်ရင်း ခြောက်ယောက်စလုံးလန့်သွားပါတော့တယ်။ အချိန်တိုလေးအတွင်းမှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က အစွမ်းကုန်ပြေးနေခဲ့ကြတာပါ။ အဖြူရောင်နဲ့ ရွှေရောင်တောက်ပနေတဲ့ လိပ်ပြာတောင်ပံတွေကလဲ ချက်ချင်းထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ခြေထောက်တွေကို ဖက်ထားခဲ့ရင်း သူတို့တွေ ထပ်ပြီပျံသန်းမှုနဲ့ ပြေးမှုကိုအသုံးပြုနေခဲ့ကြပါတယ်။
အပိုင်း ၅၈•၁ ပြီး၏။