Switch Mode

Chapter – 57.3

ရွှေရောင် ဘယ်ဘက် လက်မောင်း အရိုး

အပိုင်း ၅၇•၃

” ရွှေရောင်ဘယ်ဘက်လက်မောင်းအရိုး ”
°°°
ဒါပေမယ့် ကျန်းနန်နန်ကတော့ သူ့ကိုတစ်ချက်တောင်မကြည့်ပါဘူး။ ဟို့ယွိဟောင်တို့သုံးယောက်ရှိတဲ့ဘက်ကိုသာ လျှောက်လာနေရင်း ပြုံးပြလိုက်ပါတယ်။ ရှုစန်းရှီက သူ့မျက်လုံးထဲမှာ ရှိတောင်မရှိသလိုပါပဲ။

ရှုစန်းရှီကတော့ ခပ်မြန်မြန်ပဲ ပြေးလာခဲ့တယ်။ ရုတ်တရက် ကျန်းနန်နန်က သူ့ဘက်ကိုလှည့်လာပြီ လူသတ်ချင်နေတဲ့အကြည့်နဲ့ ပြောပါတော့တယ်။

” အကယ်၍ နင်ငါ့နောက်ကို ဆက်လိုက်နေမယ်ဆိုရင် ငါကျောင်းထွက်တော့မယ် ”

ရှုစန်းရှီ ချက်ချင်းဆိုသလို ရပ်တန့်လိုက်ပါတော့တယ်။ သူအနေနဲ့ လုံး၀ကို အခွင့်အရေးမရှိပုံပါပဲ။

ကျန်းနန်နန်ထွက်သွားတာကိုကြည့်ရင်း ပေ့ပေ့က ပြောတော့တယ်။

” ညီလေးရေ မင်းအနေနဲ့ သွားဖို့လမ်းခရီးကတော့ အဝေးကြီးလိုသေးတယ် ”

ရှုစန်းရှီကတော့ အကျည်တန်းနေတဲ့မျက်နှာနဲ့သာ ပြောလာခဲ့ပါတယ်။

” ပေ့ပေ့ မင်းကငါ့ရဲ့ အစ်ကိုကြီးဖြစ်နေပြီပဲ ဒီညီငယ်လေးကို လှည့်ကွက်လေးနည်းနည်းပါးပါးလောက် မသင်ပေးနိုင်ဘူးလား ငါတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ သူက ငါ့ကိုအခွင့်အရေးတစ်ခုမှ ပေးမနေဘူး ”

ပေ့ပေ့လဲ အံ့အားသင့်နေခဲ့ပါတယ်။

” ငါလဲ အံ့ဩမိတယ်..အကယ်၍ ငါတို့ရုပ်ရည် အရည်အချင်းအင်အားတွေအားလုံးကို ဆုံးဖြတ်ကြည့်မယ်ဆိုရင်တောင် မင်းက ကျောင်းသားတွေထဲမှာ အတော်ထူးချွန်နေတာပဲ မဟုတ်လား အကယ်၍ ကျန်းနန်နန်သာ မင်းထက်ပိုပြီး သန်မာတဲ့သူ ထူးချွန်တဲ့သူကို မင်းတို့အတန်းထဲမှာ ရှာမယ်ဆိုရင်တောင် တွေ့ဖို့လွယ်မှာမဟုတ်ဘူး…ဒါပေါ့ ငါကတော့ ချွင်းချက်ပဲလေ ဒါပေမယ့် ငါက စာရင်းပေးထားပြီးသားဖြစ်နေပြီ ပိုင်တဲ့သူလဲရှိနေပြီးပြီ စကားမစပ် သူကဘာဖြစ်လို့ မင်းကိုဒီလောက်တောင် စကားမပြောချင် ဖြစ်နေရတာလဲ မင်းတို့နှစ်ယောက်ကို ကြည့်မယ်ဆိုရင် ကျောင်းတော်မလာခင်အချိန်ကထဲက တစ်ယောက်ကိုတစ်ယောက် သိခဲ့ကြသလိုပဲ ဒီနှစ်တွေမှာ မင်းကအမြဲတမ်းအဲ့ဒီလိုပဲ မင်းတို့နှစ်ယောက်ကျောင်းမလာခင် ဘာတွေများဖြစ်ခဲ့တာလဲ ”

ရှုစန်းရှီလဲ ချက်ချင်းဆိုသလို မျက်နှာတစ်ခုလုံးနီရဲလို့လာပါတော့တယ်။

” ငါဒါကိုပြောလို့မရဘူး လုံး၀ ပြောလို့မရဘူး ငါသွားတော့မယ် ”

သူပြောပြီတဲ့နောက် ထွက်ပြေးသွားပါတော့တယ်။ ပေ့ပေ့လဲ ခေါင်းသာခါနေခဲ့တယ်။ ဒီနှစ်ယောက်ကြားဘာတွေဖြစ်ခဲ့လဲဆိုတာ သူသိချင်နေတာပါပဲ။

” ဆရာတူညီလေးတို့ မင်းတို့တွေ ဘာ၀ယ်ကြမလို့လဲ ဒီနေရာမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်…မင်းတို့နှစ်ယောက်လိုက်ပြီ ပတ်ကြည့်လိုက်ဦး ငါလဲ လျှောက်သွားလိုက်ဦးမယ် ”

သူပြောပြီတဲ့နောက် ထွက်ခွာသွားပါတော့တယ်။

၀မ်သုန့်ကတော့ လှိုက်လှိုက်လှဲလှဲပြောလာခဲ့တယ်။

” ငါမြင်သလောက်အရဆိုရင် အစ်ကိုကြီးရှုစန်းရှီက အတော်လေးကောင်းတဲ့သူပါ သူ့ခံစားချက်တွေကိုလိုက်တဲ့နေရာမှာအတော်လေး ပြတ်ပြတ်သားသားရှိတယ်…အစ်မကြီးကျန်းက သူ့ကိုဘာဖြစ်လို့ ဒီလောက်တောင် သဘောမကျဖြစ်နေရတာလဲ မင်းသူတ်ို့ဆီက သင်ယူသင့်တယ် ”

ဟို့ယွိဟောင်က တအံ့တဩဖြစ်လာပါတော့တယ်။

” ဘာကိုသင်ယူရမှာလဲ သူတို့ကြားဘာတွေဖြစ်နေလဲဆိုတာတောင် ငါမသိဘူး ”

” လေ့ကျင့်ပြီ ကြိုးစားနေတာကလွဲလို့ တခြားဘာတွေစရာရှိသေးလဲ မင်းက ကျောက်တုံးခေါင်းနဲ့ကောင် ”

ဟို့ယွိဟောင်လဲ သူ့ခေါင်းသူသာ ပြန်ကုတ်နေခဲ့ပါတယ်။

” ငါတို့က ကျောင်းသားတွေလေ လေ့လာသင်ကြားတာကလွဲပြီ ကျန်တာဘာတွေးစရာရှိသေးလို့လဲ ဒါနဲ့ မင်းအဲ့ဒီ၀ိညာဥ်အရိုးကိုသွားကြည့်တော့မယ်မလား ဒါမင်းအတွက် သင့်တော်မသင့်တော်ကြည့်ပြီ ပြောရအောင် ”

ပြောပြီတဲ့နောက် သူတို့တွေ ရွှေနီရောင်တောက်ပနေတဲ့ လက်မောင်းအရိုးဆီ ရောက်ရှိလို့သွားရင်း ဆက်တိုက်ဆိုသလို လေ့လာပါတော့တယ်။ ၀မ်သုန့်ကတော့ သူထွက်သွားတဲ့အချိန်မှာ ဆက်တိုက်လေထဲကို ကန်ကြောက်နေရင်း ဒေါသတကြီးနဲ့ ပွစိပွစိပြောနေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ လိုက်လာခဲ့ပါပြီ။

ဒီလက်မောင်းအရိုးက အောက်ဖက်မှာအသေးစိတ်ကျတဲ့ ဖော်ပြချက်တွေကို ရေထားခဲ့ပါတယ်။

” ရွှေရောင်ဘယ်ဘက်လက်မောင်းအရိုး နှစ်တစ်သောင်းရွှေရောင်မြေနဂါး​ဘုရင်ဆီကနေရရှိ လျှပ်စီးဓာတ်သဘောသဘာ၀ရှိပြီ လျှပ်စီးတိုက်ခိုက်မှုကို အဓိကသုံးနိုင် လျှပ်စီးစွမ်းအင်၀ိညာဥ်ပညာရှင်တွေအတွက် အထူးသင့်တော် တိုက်ခိုက်ရေးအမျိုးအစား ”

အတော်လေးကို အတိုချုပ်ပေမဲ့ ရွှေရောင်မြေနဂါးဘုရင်က လျှပ်စီးနဂါးမျိုးနွယ်တွေထဲမှာ အသန့်စင်ဆုံးသွေးကို ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် ဒီလို၀ိညာဥ်အရိုးကို ဖြစ်တည်နိုင်ဖို့အတွက်လဲ သူ့အနေနဲ့ အတော်လေးကို လေ့လာစုဆောင်းခဲ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ပေါင်းတစ်သောင်းထဲနဲ့တင် ဒီလိုသန့်စင်တဲ့အရာမျိုးကို ရရှိနိုင်ဖို့ဆိုတာက မလွယ်ကူပါဘူး။ သူ့အနေနဲ့ သွေးရောမဟုတ်ပဲ သန့်စင်တဲ့သွေးကိုသာ လက်ရှိပိုင်ဆိုင်ထားတာကြောင့် နှစ်တစ်သောင်းထဲနဲ့ ၀ိညာဥ်အရိုးထွက်လာနိုင်တာလဲ ဖြစ်ပါတယ်။

နှစ်ပေါင်းတစ်သောင်းအသက်အရွယ်မှာ အသတ်ခံလိုက်ရတာကတော့ နှမြောစရာပါပဲ။ အကယ်၍ သူသာ နှစ်တစ်သိန်းအသက်အရွယ်ကို ရောက်သွားခဲ့မယ်ဆိုရင် သေချာပေါက် သားရဲကောင်တွေရဲ့ဘုရင်ဖြစ်လာနိုင်ပါတယ်။ ဒီရိုးရာတန်ကြေးကတော့ ၀ိညာဥ်ရွှေပြား ၉•၅သန်းပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ဒီစျေးကိုမြင်ပြီချိန်မှာ သူတို့မျက်လုံးတွေ မျက်ဖြူစိုက်မတတ် ဖြစ်ကုန်ကြပါတော့တယ်။ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ဒီတန်ကြေးက ပိုပြီး မြင့်တက်နေဆဲပါပဲ။ ဥပမာအားဖြင့် မိသားစု၀င်သုံးယောက်ရှိတဲ့ မိသားစုတစ်စုက ၀ိညာဥ်ရွှေပြားဒါဇင်ချီကို တစ်နှစ်စာအတွက် လိုအပ်တယ်ဆိုရင် ၀ိညာဥ်ရွှေပြား ၉•၅သန်းက ဘယ်လောက်အထိ လုပ်ဆောင်ချက်ရှိနိုင်မလဲ ပြောရမယ်ဆိုရင် မြင်းတွေနဲ့လူတွေသောင်းချီရှိတဲ့ စစ်တပ်တစ်တပ်ကိုတောင် မွေးမြူးနိုင်မှာဖြစ်ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်း ၀ိညာဥ်အရိုးတွေက တိုက်ကြီးတွေထဲမှာ တန်ဖိုးအကြီးဆုံးအရာပါ။ ဒါ့အပြင် ဒါကနှစ်တစ်သိန်း၀ိညာဥ်အရိုးတော့ မဟုတ်သေးပါဘူး။ နှစ်တစ်သိန်း၀ိညာဥ်အရိုးသာဖြစ်မယ်ဆိုရင် တန်ဖိုးကနှိုင်းယှဥ်လို့မရအောင် ကြီးမားနေမဲ့ ရတနာဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ၀ိညာဥ်အရိုးတွေထဲမှာ အဲ့ဒီလိုနှစ်တစ်သိန်းအဆင့်မျိုးက သော့်လော့တွေကိုတောင် ဖမ်းစားနိုင်မှာ အသေအချာပါပဲ။ ဒီလိုနေရာမျိုးမှာတော့ ဘယ်သူကများ အဲ့ဒါကို လာရောင်း၀ံ့မှာလဲ နှစ်ပေါင်းတစ်သောင်း၀ိညာဥ်အရိုးကို လာရောင်းချနိုင်ဖို့တင် အတော်လေး အရေအတွက် နည်းနေခဲ့ပါပြီ။ ဒီလိုလူတွေအနေနဲ့ကလဲ ကုန်ပစ္စည်းတွေကို ကာကွယ်ထားနိုင်ဖို့ ယုံကြည်ချက်အပြည့်ရှိမှ ဖြစ်မှာပါ။ ဟို့ယွိဟောင်အနေနဲ့ ၀မ်သုန့်ကိုလှမ်းကြည့်ရင်း ပြောလိုက်ပါတယ်။

” မင်းဒါကို၀ယ်နိုင်သေးရဲ့လား ”

” ဘာဖြစ်လို့အဲ့ဒီလောက် စျေးကြီးနေရတာလဲ ”

၀မ်သုန့်က ပြောလာခဲ့ပါတယ်။

” ငါမှတ်မိသလောက်အရဆိုရင် ၀ိညာဥ်အရိုးတွေက ၀ိညာဥ်ရွှေပြားသုံးသန်းထက်ကိုကျော်တာ ရှားပါးသလားလို့ ”

ဟို့ယွိဟောင်က ပြောလာလိုက်ပါတယ်။

” သူက အဲ့ဒီနောက် စျေးကြီးနေတယ်ဆိုတာ သန့်စင်တယ်ဆိုတဲ့စကားကြောင့်ပဲလေ ၀ိညာဥ်အရိုးတွေထဲမှာ သန့်စင်တဲ့နဂါးသွေးပိုင်ဆိုင်ထားတာတွေက သေချာပေါက် စျေးမပေါနိုင်ဘူးမဟုတ်လား ဒီမှာရှိတဲ့ပစ္စည်းတွေက ကောင်းပေမဲ့ စျေးတွေအရမ်းကြီးလွန်နေတယ်…အကယ်၍ ငါ့ရဲ့ကဒ်ကိုသုံးမယ်ဆိုရင်တောင် ဒီအရိုးက ၀ယ်ဖို့ခက်ဦးမှာပဲ ဘယ်သူမှမ၀ယ်ပဲကျန်ခဲ့တာက ဘယ်အံ့ဩစရာရှိမလဲ စျေးကမြင့်လွန်တာကို ”

၀မ်သုန့်လဲ ခေါင်းခါလိုက်ပါတယ်။

” ယွိဟောင် စျေးအရမ်းကြီးလွန်တယ်..ကျောင်းတော်လိုချင်တဲ့ကိစ္စကို ငါနားလည်ပြီထင်တယ်…ကျောင်းတော်က မင်းကိုဒီလိုမျိုးအခွင့်ထူးခံပေးထားတာ ပါရမီနဲ့ အဆုံးစွန်းရောက်နေတဲ့ သိုင်းပညာ၀ိညာဥ်ကြောင့်ပဲ ဒါ့အပြင် တန်ဖိုးကြီးတဲ့အရာတွေ ပိုပြီးယူလေလေ ကျောင်းတော်ကိုပိုအကြွေးတင်လေပဲ အနာဂတ်မှာ မင်းအနေနဲ့ ဒီလိုပစ္စည်းတွေ အများကြီးလိုလာလိမ့်မယ်..ဒါဆိုရင် နောက်ဆုံးမှာတော့ ကျောင်းတော်ထဲမှာ ခြေချုပ်မိသွားလိမ့်မယ်..ယွိဟောင် အကယ်၍ အလကားလိုချင်တယ်ဆိုရင်တောင် ဘယ်အရာကိုမှ လက်လွှတ်စပယ်ယူလို့မရဘူး ”

ဟို့ယွိဟောင်အနေနဲ့လဲ ခေါင်းခါနေခဲ့ပါတယ်။

” ငါအဲ့ဒီအသံကို ကြားပြီကထဲက အချိန်ကို ရှင်းရှင်းလင်းလင်း သိပြီးပြီ ဒါပေမယ့် ငါ့မှာရွေးချယ်စရာမရှိဘူးလေ ဆရာကျိုးပြောသလောက်အရဆိုရင် အကယ်၍ ငါ၀ိညာဥ်ပညာရှင်ပဲဖြစ်လာသည်ဖြစ်စေ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ပဲ ဖြစ်လာသည်ဖြစ်စေ သန်မာလာဖို့အတွက် များပြားတဲ့အရင်းအမြစ်တွေကို လိုအပ်လိမ့်မယ်..ပိုက်ဆံလုံလုံလောက်လောက်မရှိပဲနဲ့ ငါဘယ်မှာသွားပြီ ၀ိညာဥ်အရိုးတွေ၀ယ်ရမှာလဲ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေကို တည်ဆောက်ဖို့ တန်ဖိုးကြီးပစ္စည်းတွေကို ဘယ်လို၀ယ်ရမှာလဲ ၀ိညာဥ်ပညာရှင်တွေက ကိုယ့်ကိုကိုယ်တိုင် ကျင့်ကြံပြီ သန်မာနိုင်ပေမဲ့ လျှောက်လမ်းရမဲ့လမ်းခရီးက ပိုခက်ခဲလာလိမ့်မယ်….ဒါ့အပြင် အခက်အခဲတွေကို တွေ့ကြုံတိုင်း သန်မာလိုတဲ့စိတ်ဆန္ဒကလဲ ပျက်စီးနိုင်တယ်လေ အကယ်၍ ငါသာ အခက်အခဲတွေကို တောင့်မခံနိုင်ဘူးဆိုရင် ဒီလမ်းကို ရွေးချယ်မိမှာတော့ မဟုတ်ဘူး..ဒါပေမယ့် လက်ရှိအချိန်မှာ ငါအနေနဲ့က ကျောင်းတော်ကိုပဲမှီခိုလို့ရမယ်..ဘယ်လိုပဲဖြစ်ဖြစ် အင်အားကြီးတဲ့မိသားစုတွေ နိုင်ငံတော်တွေကို မှီခိုနေတာထက်တော့ ကောင်းပါသေးတယ်…ဒါ့အပြင် ငါကျောင်းကိုလဲ ငါသဘောကျတယ်လေ..ငါ့အမေသေပြီတဲ့နောက် အဲ့ဒီကျောင်းတော်ကို ရောက်လာလို့သာ အိမ်တစ်ခုရဲ့ နွေးထွေးမှုကို ခံစားရတာပဲ ဒီနေ့ငါ့အနေနဲ့ကနေ ကျောင်းတော်က တစ်စုံတစ်ရာကိုရပြီးပြီ သေချာပေါက် အနာဂတ်မှာ ပြန်ပေးရမှာပေါ့ ”

၀မ်သုန့်လဲ ဟို့ယွိဟောင်ကို သေချာစိုက်ကြည့်နေခဲ့ပါတယ်။ ဒီကောင်က သက်တူရွယ်တူတွေထက် ပိုရင့်ကျက်နေပြီ အတော်လေးတုံးတာကိုတော့ သူသိပါတယ်။ အဲ့ဒီနူးညံ့တဲ့မျက်နှာအောက်မှာတော့ တောက်လောင်နေတဲ့ နှလုံးသားတစ်စုံရှိနေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့လဲ နောက်ဆုံးမှာ လက်လျှော့ရင်းပြန်ဖြေလိုက်ပါတယ်။

” ကောင်းပြီ ငါအဲ့ဒီ၀ိညာဥ်အရိုးကို ယူလိုက်မယ်…မင်းသွားပြီတော့ လှဲလိုက် ငါနောက်ထပ် ထပ်ကြည့်ချင်သေးတယ် ”

ဟို့ယွိဟောင်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ချက်ချင်းပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် သူပုခုံးကိုပုတ်လိုက်ရင်း သူအနောက်ဖက်ရဲ့ နယ်မြေဆီကို သွားလိုက်ပါတော့တယ်။ ၀မ်သုန့်ကတော့ သူ့နောက်ကျောကိုကြည့်ရင်း အမူအရာက နူးညံ့လို့သွားခဲ့တယ်။

” မင်းပြောတာမှန်တယ်…ဒီနေ့ ငါမင်းဆီက တစ်စုံတစ်ခုကို လက်ခံရရှိလိုက်တယ်..အနာဂတ်မှာသေချာပေါက် မင်းကို ပြန်ပေးရမှာပေါ့ ”

ဒီအပေးအယူက ထင်ထားတာထက်တောင် ပိုပြီး မြန်မြန်ဆန်ဆန် ပြီးဆုံးလို့သွားခဲ့ပါတယ်။ တခဏတာကြာပြီချိန်မှာပဲ ၀မ်သုန့်ဘေးဟို့ယွိဟောင်က ပြန်ရောက်လာခဲ့တယ်။ အဲ့ဒီနောက် သူအနားနားကပ်ရင်း ပြောလိုက်ပါတယ်။

” သွားကြစို့ ငါတို့၀ယ်သူရဲ့လျှို့၀ှက်ချက်ကို ခန်းမကထိန်းသိမ်းပေးထားတယ်….ဒီ၀ိညာဥ်အရိုးက မကြာခင်အချိန်အတွင်း ကျောင်းတော်ကို တိုက်ရိုက်ပို့ဆောင်ပေးလိမ့်မယ်…ဒီလိုတန်ဖိုးကြီးတဲ့အရာမျိုးကို ငါတို့ကိုယ်တိုင်ယူသွားဖို့က မလုံခြုံဘူး ”

၀မ်သုန့်က ပြောလိုက်ပါတယ်။

” မင်းတစ်ခုခု ၀ယ်ချင်သေးလား ငါ့ရဲ့လျှော့စျေးနဲ့ မင်း၀ယ်လို့ရတယ်…အကယ်၍ လိုချင်တာရှိရင် ငါ၀ယ်ပေးမယ် ”

ဟို့ယွိဟောင်က ခေါင်းခါလိုက်ချိန်မှာပဲ ရုတ်တရက်ဆိုသလို ရေခဲဧကရီရဲ့ အေးစက်တဲ့အသံကို ကြားလိုက်ရပါတော့တယ်။

” ဘယ်ဘက်တတိမြောက်မှာရှိနေတဲ့ ပစ္စည်းကို လုံး၀လက်လွှတ်မခံလေနဲ့ ”

ဟို့ယွိဟောင် အံ့ဩသွားခဲ့ပြီ ၀မ်သုန့်ကို ပြောလိုက်ပါတယ်။

” ခဏလောက် ကြည့်ရအောင် ”

အဲ့ဒီနောက် တတိယပစ္စည်းဆီကို မျက်စိရောက်သွားပါတော့တယ်။ အဲ့ဒါက ဘယ်သူရဲ့အာရုံကိုမှ မဖမ်းစားနိုင်ခဲ့ပါဘူး။ အနက်ရောင်အလုံးလေးတစ်လုံးပါပဲ။ ဒါ့အပြင် မျက်နှာပြင်က မညီမညာဖြစ်နေခဲ့ပြီ အရောင်ကလဲ မှိန်ဖျော့လို့နေခဲ့တယ်။ အရမ်းကိုတောက်ပနေနဲ့ ရွှေရောင်ဘယ်ဘက်လက်မောင်းရိုးနဲ့ ယှဥ်လိုက်မယ်ဆိုရင် ကွာခြားမှုက မိုးနဲ့မြေလိုပါပဲ။

အပေါ်မှာတော့ ဖော်ပြချက်တစ်ချို့ကိုရေးထားခဲ့တယ်။

” နှစ်တစ်ထောင် ဝေလငါးပူစီးဖောင်း ဝေလငါးအမျိုးအစား သိုင်းပညာ၀ိညာဥ်ကောင်ရဲ့ ဦးနှောက်တွေကနေ ထွက်ရှိနိုင်တဲ့ အထူးပစ္စည်း ၀ိညာဥ်ပညာရှင်တွေအတွက် အင်မတန်အဆိပ်ပြင်းထန်တိုင်း ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီ ကြွက်သားအရိုးတွေကို သန်မာနိုင်ရုံတင်မက စွမ်းအင်အရင်းအမြစ်တွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို တိုးမြင့်ပေးနိုင် အပိုင်းအစတွေကို ခန်းမဆီယူဆောင်သွားပြီ ရောင်းချသူ့ရဲ့ သဘောအရ နှစ်တစ်ထောင်နတ်ဆိုးဝေလငါးဆီကနေရရှိသည်ဟု သိရှိရ။

အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီနတ်ဆိုးဝေလငါးရဲ့ ဝေလငါးပူစီးဖောင်းက ရွှေရောင်ဖြစ်နေရပြီ အတော်တန်ကြေးရှိမှာပါ။ ဒါပေမယ့် ဒီလိုအရာမျိုးကို ၀ိညာဥ်ပညာရှင်ရဲ့ခန္ဓာကိုယ်မှာ တောင့်ခံနိုင်ဖို့အတွက် အတော်လေးဖြတ်ကျော်ရပါလိမ့်မယ်။ ဒီအတိုင်းလက်ရှိကြုံတွေ့ရတဲ့ အပိုင်းအစကတော့ အနက်ရောင်ဖြစ်နေခဲ့ပြီ အချိန်နဲ့အမျှ ညစ်ထေးသွားပြီလို့ဖြစ်တာကြောင့် ပျက်စီးနေပြီလို့ပြောလို့ရနိုင်ပါတယ်။ သူ့ရဲ့အစွမ်းသတ္တိကလဲ အားနည်းသွားမှာပါ။

ဒါ့အပြင် တန်ကြေးကလဲ သိပ်ပြီမမြင့်မားပါဘူး။ ၀ိညာဥ်ရွှေပြားခြောက်ထောင်သာရှိပါတယ်။

၀မ်သုန့်ကတော့ တအံ့တဩဖြစ်နေခဲ့တယ်။

“ယွိဟောင် မင်းဒါကိုတကယ်ကြီး စိတ်၀င်စားတာလား ငါဒါမျိုးကို အရင်ကတွေ့ဖူးတယ်…အရင်တုန်းက ငါတွေ့ဖူးတာတွေက အမြဲတမ်းရွှေရောင်တောက်ပနေတာ ရွှေတုံးလေးတွေလိုပဲ ဒါ့အပြင်အတော်လေးလဲအရည်အသွေးမြင့်ပါတယ်…ဒီလိုအပိုင်းကြီးကြီးတွေက အနည်းဆုံး၀ိညာဥ်ရွှေပြားငါးသောင်းလောက် တန်မှာပဲ ဒါကိုခြောက်ထောင်နဲ့ပဲရောင်းနေတယ်…သေချာပေါက် တန်ကြေးမမြင့်လောက်ဘူး ”

” မင်းလဲဝေလငါးပူစီးဖောင်းကို သိတယ်လား ”

ဟို့ယွိဟောင်က မေးလိုက်တယ်။

” အဲ့ဒါအရမ်းတန်ဖိုးရှိတယ်လေ ဒါပေမယ့် မြင့်မားလွန်တဲ့ အပူရှိန်နဲ့ အရည်ပျော်အောင်လုပ်ပြီမှသာ သုံးစွဲလို့ရတယ်..အဲ့ဒါကို စားသုံးတာက ၀ိညာဥ်ပညာရှင်တွေရဲ့ ခန္ဓာကိုယ်အတွက် ကောင်းစေတယ်…ဥပမာအားဖြင့် အခုမင်းအနေနဲ့ နှစ်တစ်ထောင် ၀ိညာဥ်သားရဲကောင်ရဲ့၀ိညာဥ်စက်ကွင်းကို စုပ်ယူလိုက်သလိုပဲပေါ့ အကယ်၍ ဒီဝေလငါးပူစီးဖောင်းအပိုင်းကြီးကြီးကိုသာ စားလိုက်ပြီဆိုရင် ခန္ဓာကိုယ်ရဲ့၀ိညာဥ်စက်ကွင်းတွေကို တောင့်ခံနိုင်တဲ့ အရည်အသွေးကလဲ အများကြီးမြင့်သွားလိမ့်မယ်..အနည်းဆုံးနှစ်ငါးရာလောက်အထိကို တက်သွားမှာပဲ ဒါက အနည်းဆုံးအလုပ်လုပ်တာနော် ငါတို့လို၀ိညာဥ်ပညာရှင်တွေအတွက် တကယ်အကျိုးရှိတာမှန်တယ်…ဒါပေမယ့် ပြဿနာတချို့တော့ရှိနေတယ်..၀ိညာဥ်သားရဲကောင်တွေရဲ့ ကျင့်ကြံမှုကိုကြည့်ပြီ တန်ဖိုးကိုတွက်လို့မရဘူးလေ..ဒါ့အပြင် သူတို့တွေထုတ်လုပ်တဲ့ပစ္စည်းတွေဆိုတာကလဲ စုပ်ယူနိုင်ဖို့အတွက် မသင့်တော်တာတွေရှိတယ်…မင်းအနေနဲ့ မင်းအတွက်သင့်တော်တဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင်ကို တွေ့ပြီးပြီဆိုရင် သူ့ရဲ့သက်တမ်းကို တွက်ချက်ဖို့အတွက်ခက်တယ်မလား ဒါကြောင့် ကောင်းပေမဲ့ ဒီပစ္စည်းက တန်ဖိုးနဲ့သိပ်မလိုက် ဖြစ်နေတယ်…အရည်အသွေးနှိမ့်တာကိုတော့ မပြောတော့ပါဘူး…အကယ်၍ ဒါကိုစားလိုက်မယ်ဆိုရင် ၀မ်းမလျှောရင်းကံကောင်းပေါ့ ”

ဟို့ယွိဟောင်လဲ လမ်းပျောက်လို့နေခဲ့ပါတယ်။ ဒါပေမယ့် သူခပ်မြန်မြန်ပဲ ပြောလိုက်တယ်။

” ၀မ်သုန့် ငါ့ကိုဒါလေး၀ယ်ပေးပါဦး မြန်မြန်လေး ”

အပိုင်း ၅၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset