Switch Mode

Chapter – 57.2

ရွှေရောင် ဘယ်ဘက် လက်မောင်း အရိုး

အပိုင်း ၅၇•၂

” ရွှေရောင်ဘယ်ဘက်လက်မောင်းအရိုး ”
°°°
ဒါ့အပြင် ကပ်ရပ်ပေါ်မှာရတနာစုဝေးခန်းမဆောင်ဆိုတဲ့ စကားလုံးတွေကို ရေထိုးလို့ထားခဲ့ပါတယ်။ ရှောင်ဟုန်ကတော့ ဟို့ယွိဟောင်လက်ထဲမှာရှိနေတဲ့ အနီရောင်ကဒ်ကိုမနာလိုစိတ်အပြည့်နဲ့ ကြည့်နေရင်း ပြောလာခဲ့တယ်။

” ဆရာဟို့ဒီအခွင့်ထူးခံလူကြီးမင်းကဒ်က ခန်းမထဲမှာရှိတဲ့ ဘယ်အရာကိုမဆို လေးဆယ့်ရာခိုင်နှုန်းလျှော့စျေးနဲ့ ၀ယ်ယူလို့ရပါတယ်..ဒါက အမြင့်မားဆုံးလျှော့စျေးပါပဲ ဒါ့အပြင် တစ်နှစ်တစ်ခါကျင်းပတဲ့ လေလံပွဲမှာ ဆန္ဒရှိတဲ့ ဘယ်ပစ္စည်းကိုမဆို တစ်နှစ်ကိုတစ်မျိုး အလကားလဲလှယ်လို့ရပါတယ် ”

၀မ်သုန့်က သိလိုစိတ်အပြည့်နဲ့ မေးလိုက်တယ်။

” မင်းတို့ရဲ့ခန်းမဆောင်မှာ ဒီလိုကဒ်မျိုးဘယ်နှစ်ခုလောက်ရှိလဲ ”

ရှောင်ဟုန်က ခေါင်းခါလိုက်ပါတယ်။

” တောင်းပန်ပါတယ်..ကျွန်မအနေနဲ့လဲ ဒီကိစ္စနဲ့ပတ်သက်ပြီ ရှင်းရှင်းလင်းလင်း မသိပါဘူး…ဒါပေမယ့် ထိပ်တန်းအဆင့်အခွင့်ထူးခံကဒ်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ချင်းဆီတိုင်းက ကျွန်မတို့ခန်းမဆောင်ရဲ့ အလွန်အမင်ကို အလေးထားခံရတဲ့ သူတွေပါ ဒါ့အပြင် အားလုံးမှာလဲ ကွာခြားချက်ရှိပါတယ် ..ဥပမာအားဖြင့် ကျွန်မအနေနဲ့ ဒီလိုမျိုးအခွင့်ထူးခံကို ပထမဆုံးကြားဖူးတာပါပဲ နှစ်စဥ်နှစ်တိုင်းရတနာတစ်ခုကို အလကားရွေးချယ်နိုင်ခွင့်ရှိတယ်ဆိုတာမျိုးကို ကျွန်မအလုပ်လုပ်တဲ့တစ်လျှောက် တစ်ခါမှမတွေ့ဖူးပါဘူး ”

ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ နားထဲကိုနွေးထွေးတဲ့အသံတစ်သံက ၀င်ရောက်လာပါတော့တယ်။

” မင်းတို့တွေ ဘာမှလန့်နေစရာမလိုဘူး…လိုတာသာသွားရွေးလိုက် ရတနာစုဝေးခန်းမဆောင်က ကျောင်းတော်ရဲ့အစိတ်အပိုင်းတစ်ခုပဲ ဒါကြောင့် မင်းတို့ရဲ့ အခြေအနေကိုကောင်းကောင်းသိတယ်…ကျောင်းတော်က ဟို့ယွိဟောင်ကို ထိပ်တန်းအဆင့်အခွင့်ထူးခံကဒ်ပေးဖို့ ရွေးချယ်ထားတာ မင်းတို့နှစ်ယောက်အနေနဲ့ ဒါကိုလျှို့၀ှက်ချက်အဖြစ် ထားထားရမယ်…ကျောင်းတော်နဲ့ ခန်းမဆောင်ရဲ့ ဆက်ဆံရေးကို ဘယ်သူမှသိအောင်ပြောလို့မရဘူး…မင်းတို့ရဲ့ကဒ်တွေကိုလဲ ထုတ်ဖော်ပြသခွင့်မရှိဘူး ..အကယ်၍ ထုတ်ဖော်လိုက်မယ်ဆိုရင် ဒီနေရာကို ၀င်ရောက်ခွင့်ပိတ်ပင်လိုက်မယ် ”

ပထမဆုံးအနေနဲ့ ဒီအသံကို သူတို့ကြားဖူးတာပါ။ ကြားကြားချင်ကြီးမားတဲ့ဖိအားကိုခံစားလိုက်ရပါတော့တယ်။ ဒီလူကြီးရဲ့ အသံက သူတို့အတွက်တောင် မခံမရပ်နိုင်လိုက်အောင် ပြင်းထန်လို့နေခဲ့တယ်။ ဒါကြောင့် ဘာမေးခွန်းကိုမှထပ်မမေး၀ံ့တော့ပဲ ခပ်မြန်မြန်ပဲ ပြန်သွားလိုက်ပါပြီ။

အဲ့ဒီနောက် လူတစ်ယောက်က ကဒ်ထုတ်ပေးတဲ့စားပွဲနားကို ဖြည်းဖြည်းချင်းရောက်လာပါတော့တယ်။ သူ့ကိုမြင်ချိန်မှာတော့ ရှိရှိသမျှအလုပ်သမားတွေအားလုံးက ဦးညွတ်လိုက်ကြပါပြီ။

ရောက်လာတဲ့သူကတော့ တစ်ခေါင်းလုံးဆံပင်တွေ ဖွေးဖွေးဖြူနေတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ သူက မကြာခင်မှာ ကျင်းပခဲ့တဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်စုဝေးပွဲမှာရှိခဲ့တဲ့အကြီးအကဲလင်းပါပဲ။ ရှန်လင်းအယ်ရဲ့ဘေးမှာ ထိုင်နေခဲ့တဲ့သူပါ။ ဒါ့အပြင် သူမက ဒီရတနာစုဝေးခန်းမဆောင်တစ်ခုလုံးရဲ့ ခန်းမသခင်လဲ ဖြစ်နေခဲ့ပါသေးတယ်။

ခန်းမက ကျောင်းတော်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ မလိမ်ညာပါဘူး။ ဒါ့အပြင် ဒီခန်းမကြီးတစ်ခုလုံးရဲ့ စီးပွားရေးတွေအားလုံးက ကျောင်းတော်ပိုင်ဆိုင်တဲ့အရာတွေပါပဲ။ ဒါပေမယ့် သူမအနေနဲ့ တစ်စုံတစ်ရာကို မပြောပြပဲ ချန်ထားခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီခန်းမဆောင်ကြီးက ကျောင်းတော်ပိုင်ဆိုင်တဲ့အရာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီခန်းမဆောင်မှာ ပြုလုပ်တဲ့ကိစ္စတွေရဲ့ အမှတ်သတ်မှတ်ချက်တွေအားလုံးကိုလဲ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ ကျင်းပတဲ့အစည်းအဝေးပွဲတိုင်း ဆက်တိုက်ဆိုသလို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် သူမကလဲ ဒီခန်းမဆောင်ထဲမှာရှိရှိသမျှ အရာအားလုံးကို ထိန်းချုပ်နေသူပါပဲ။ ဟို့ယွိဟောင်လို ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ စုဝေးပွဲလုပ်ဆောင်နိုင်တဲ့အထိ တွန်းအားပေးနိုင်တဲ့လူတစ်ယောက်က ထိပ်တန်းအခွင့်ထူးခံကို ရရှိတာကပုံမှန်ကိစ္စပါပဲ။ ဒါ့အပြင် အကြီးအကဲတွေအားလုံး စုစည်းပြီဆုံးဖြတ်လိုက်တဲ့ကိစ္စလဲ ဖြစ်နေခဲ့တယ်။ ကျောင်းတော်အနေနဲ့လဲ အပေါ်ယံမှာ ဘာမှမပြောခဲ့ပေမဲ့ ဟို့ယွိဟောင်ကို မြေတောင်မြောက်ပေးပြီ ကျောင်းတော်ရဲ့အနာဂတ်အတွက် အသုံးချနိုင်ဖို့မျှော်လင့်ထားခဲ့တာပါ။ ဒါ့အပြင် ဒီလိုမျိုး ပါရမီရှင်ကျောင်းသားမျိုးကို လုံး၀ လက်လွှတ်ခံမှာမဟုတ်ပါဘူး။ ကျောင်းတော်အနေနဲ့ ထူးချွန်တဲ့သူတွေတင် လိုအပ်တင်မက အင်အားကြီးတဲ့ အကြီးအကဲဆရာတွေကိုလဲ လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင် အားလုံးကလဲ ဟို့ယွိဟောင်လက်ရှိကြုံတွေ့နေရတဲ့ကိစ္စတွေကို ဖြတ်သန်းခဲ့ရတဲ့သူတွေကြီးပါပဲ။ ဒါပေမယ့် သူ့တို့အသက်အရွယ်မှာ ရရှိခဲ့တဲ့ အခွင့်ထူးခံက ဒီလောက်အထိ မမြင့်မားတာတစ်ခုသာရှိပါတယ်။

ပင်လယ်နတ်ဘုရားရေကန်ခန်းမဆောင်ရဲ့ အကူအညီကို ရရှိမှုက ကျောင်းတော်ထဲမှာ ရှိရှိသမျှ အရာအားလုံးကို ဖုံးကွယ်ထားဖို့လုံလောက်စေပါတယ်။ နောက်ဆုံးတော့လဲ ထိပ်တန်းအဆင့်သူတွေအားလုံးက ကျောင်းတော်ရဲ့အဆက်အသွယ်နဲ့ ခန်းမဆောင်ရဲ့ဆက်နွယ်မှုကို ကောင်းကောင်းသိကြပါတယ်။ ဒီလိုနည်းနဲ့ ကျောင်းတော်က ဟို့ယွိဟောင်ကိုကူညီဖို့ ကြိုးစားခဲ့မယ်ဆိုရင် အပြင်နယ်မြေရဲ့ အဓိကတပည့်သားတွေအတွက်လဲ မကျေမနပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အတွင်းနယ်မြေတပည့်သားတွေတောင်မှ တော်လှန်းပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် သူတို့အနေနဲ့ သိုသို၀ှက်၀ှက်လုပ်ရပါပြီ။

ကျောင်းတော်အနေနဲ့ သူတို့ရဲ့ အရင်းအမြစ်တွေအားလုံး ကျောင်းသားတစ်ယောက်ထဲဆီမှာ ပုံအောမထားပါဘူး။ အဲ့ဒီကျောင်းသားက ဘယ်လောက်ပဲထူးချွန်နေပါစေ။ အကယ်၍ သူသာ ရည်မှန်းချက်နဲ့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားလို့ကတော့ အမှိုက်သရိုက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်သာ ဟို့ယွိဟောင်အနေနဲ့ တစ်နှစ်မှာအလကားရတာတစ်ခုသာရှိပါတယ်။ ဒါပေမယ့် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးဌာနနှစ်ခုစလုံးမှာ တစ်ပြိုင်နက်ထဲ ကျင့်ကြံနေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူ့အနေနဲ့ လိုအပ်မဲ့ရတနာတွေက များလွန်နေခဲ့တယ်။ ဒါ့အပြင် ပစ္စည်းတွေကို ရွေးချယ်ရမဲ့ရွေးချယ်ခွင့်က သူ့အပေါ်သာ မူတည်တာပါ။ အကယ်၍ နောက်ထပ်ပစ္စည်းများများ ၀ယ်ချင်တယ်ဆိုရင်တော့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုလိုအပ်ပါလိမ့်မယ်။

” သွားပြီ အဲ့ဒီ၀ိညာဥ်အရိုးကို ကြည့်ရအောင် ”

ချက်ချင်းဆိုသလို ၀မ်သုန့်က ၀ိညာဥ်အရိုးဆီကို ဦးတည်ပါတော့တယ်။

၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့အင်္ကျီလက်ကိုပါ ဆွဲခေါ်သွားခဲ့ပါတယ်။

” ယွိဟောင် ငါဘာသာငါ၀ယ်မယ် ”

ဟို့ယွိဟောင်က သူ့ရဲ့ကဒ်ကိုသုံးစေချင်မှန်းသူသိပါတယ်။ ဒါ့အပြင် သူရရှိတဲ့ လျှော့စျေးနဲ့၀မ်သုန့်ကို ၀ိညာဥ်အရိုး၀ယ်စေချင်ခဲ့တယ်။ ဟို့ယွိဟောင်က ၀မ်သုန့်ကိုအရမ်းအလေးအနက်ကြည့်နေခဲ့တာကြောင့် ၀မ်သုန့်အနေနဲ့ စိတ်မသက်မသာဖြစ်လာခဲ့ရပါပြီ။

” မင်းဘာဖြစ်လို့ ငါ့ကိုအဲ့ဒီလောက် ကြည့်နေတာလဲ ”

ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

” ၀မ်သုန့် ဆရာကျိုးငါ့ကို၀ိညာဥ်အရိုးပေးတုန်းက ကိစ္စအကြောင်း မင်းမှတ်မိသေးလား ငါအသုံးပြုလိုက်တယ်..ဒါပေမယ့် ငါအဲ့ဒါနဲ့ မပေါင်းစည်းခဲ့ဘူး..အဲ့ဒီအစား နောက်ထပ်အဆင့်မြင့်၀ိညာဥ်အရိုးတစ်ခုနဲ့ ပေါင်းစည်းဖို့ကြားခံအဖြစ် အသုံးပြုလိုက်တယ်…ငါအဲ့ဒီ၀ိညာဥ်အရိုးကို ဘယ်လိုရလာလဲဆိုတာ မပြောနိုင်ပေမဲ့ လျှို့၀ှက်ဥပဒေသောက်အရိုးမရှိပဲ အဲ့ဒါနဲ့ ပေါင်းစပ်နိုင်မှာမဟုတ်ဘူးလို့ သေချာပေါက် အာမခံနိုင်တယ်…ဒါ့အပြင် ရှောင်းရှောင်းနဲ့ ငါနှစ်ယောက်စလုံးမှာ ၀ိညာဥ်အရိုးတွေရှိနေပြီ ဒါပေမယ့် ငါတို့အဖွဲ့ရဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဖြစ်တဲ့ မင်းမှာတော့ တစ်ခုမှမရှိသေးဘူး…ငါတို့အဖွဲ့အနေနဲ့ မင်းကို၀ိညာဥ်အရိုးတစ်ခုရအောင် လုပ်ပေးတာက အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မယ် ”

သူက တခဏတာရပ်တန့်ရင်း ဆက်ပြောပါတယ်။

” ဒါ့အပြင် ငါတို့ကြားမှာရှိတဲ့ ခင်မင်ရင်းနှီးမှုက ပိုက်ဆံတွေအကျိုးအမြတ်တွေနဲ့ တိုင်တာလို့မရနိုင်ဘူး…ငါတို့က ပေါင်းစည်းစွမ်းရည်ကို အသုံးပြုရတဲ့အပေါင်းအဖော်တွေပဲ နောက်တစ်နည်းပြောရမယ်ဆိုရင် ငါတို့နှစ်ယောက်က တစ်သားထဲလို့ ပြောလို့ရနိုင်တယ်..မင်းသာသန်မာလာမယ်ဆိုရင် ငါတို့ရဲ့အင်အားကလဲ အတူတူတိုးတက်လာမှာပဲ ငါ့ကိုညီနောင်တစ်ယောက်အဖြစ် သဘောထားတယ်ဆိုရင် နောက်ထပ် ဘာမှပြောမနေနဲ့ ယူသွားလိုက် ”

သူပြောပြီတဲ့နောက် ၀မ်သုန့်လက်ကိုဆွဲရင်း ၀ိညာဥ်အရိုးဆီ လျှောက်လာခဲ့ပါတယ်။

ရွှေနီရောင်တောက်ပနေတဲ့ အရိုးက လူတိုင်းရဲ့အာရုံကိုဖမ်းစားလို့ထားနိုင်ခဲ့တယ်။ ဒီလေလံပွဲမှာ ပါ၀င်ယှဥ်ပြိုင်သူတွေအားလုံးက အဓိကအတွင်းတပည့်သားတွေကြီးပါပဲ။ ဒါကြောင့် လူအများကြီးက သူတို့ကို သတိထားမိကြတယ်။

” ဆရာတူအစ်ကိုကြီး ”

ဟို့ယွိဟောင်က ရုတ်တရက်ဆိုသလို ပေ့ပေ့ကိုမြင်ချိန်မှာ လှမ်းခေါ်လိုက်ပါတော့တယ်။ ဒါပေမယ့် ထန်ယာ့ကိုတော့ မတွေ့ခဲ့ပါဘူး။ ထန်ယာ့က ကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားမဟုတ်တာအသေအချာပါ။ ဒါပေမယ့် ပေ့ပေ့ရဲ့ဘေးမှာရပ်နေတဲ့သူက လူတိုင်းသတိထားမိနိုင်တဲ့သူပါပဲ။ အဲ့ဒါကတော့ ရွှမ်ဟိုလိပ်ကိုပိုင်ဆိုင်ထားတဲ့ ရှုစန်းရှီပါ။ လက်ရှိအချိန် သူက ပေ့ပေ့ပုခုံးကိုဖက်ရင်း စကားပြောနေခဲ့ပါတယ်။ သူတို့နှစ်ယောက်က ဟို့ယွိဟောင်ရဲ့အသံကို ကြားချိန်မှာ ချက်ချင်းဆိုသလို လှမ်းကြည့်မိလိုက်ပါတယ်။ သူတို့က အရိုးကိုကြည့်နေတာမဟုတ်ဘူး။ တခြားအရာကိုကြည့်နေခဲ့တာပါ။

” ညီလေးတို့လဲ လာကြတာလား ”

ပေ့ပေ့က သူတို့အနားကိုလျှောက်လာရင်း ပြောလိုက်တယ်။

ရှုစန်းရှီကတော့ ဟို့ယွိဟောင်ကိုမြင်ချိန်မှာ သူ့ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပါပြီ။ အဲ့ဒီနောက် ဒေါသတကြီးနဲ့ပုံစံနဲ့ ပြောပါတော့တယ်။

” ယွိဟောင် ငါမင်းရဲ့ ငါးကင်ကိုမစားရတာ ကြာကြာလှနေပြီ မင်းအခုတလော အရမ်းကို ထူးချွန်နေတယ်လို့ ငါကြားတာပဲ ကျောင်းအုပ်ရန်တောင်မှ မင်းကို လိုချင်နေတယ်တဲ့ ဒါပေမယ့် မင်းဘာဖြစ်လို့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကို ပြေးသွားရတာလဲ ”

ဟို့ယွိဟောင်က ရယ်မောရင်းသာ ပြန်ဖြေပါတယ်။

” အစ်ကိုကြီးရှု မေးတာမေးခွန်းတွေများနေပြီ ကျွန်တော်လဲ အားလုံးကို ဘယ်လိုပြန်ဖြေရမလဲ မသိဘူး…ဒါပေမယ့် ဘာမှတော့ မပြောင်းလဲပါဘူးလေ ကျွန်တော်က ဌာနနှစ်ခုစလုံးမှာ လေ့ကျင့်နေတယ်.”

ရှုစန်းရှီက ပြောလိုက်ပါတယ်။

” မင်းတို့နှစ်ယောက်လာတာ ကောင်းတဲ့ကိစ္စပဲ ဒီကောင်ကို အကြံလေးဘာလေးပေးပါဦး ကျန်းနန်နန်သာ ငါတောင်းဆိုသလို မင်းတို့ထန်မျိုးနွယ်ကို ၀င်မယ်ဆိုရင် ငါလဲလိုက်၀င်မယ်လို့ ပြောထားတယ်..ဒါဆိုဘယ်လိုလဲ ”

သူတို့နှစ်ယောက်စလုံးက ဒါကိုကြားချိန်မှာ မျက်လုံးပြူးသွားပါတော့တယ်။ ပေ့ပေ့လိုပဲ ရှုစန်းရှီက အဓိကအတွင်းတပည့်သားတစ်ယောက်ပါ။ ဒါ့အပြင် ရှုစန်းရှီက လက်ရှိအချိန် ပေ့ပေ့နဲ့ ကျင့်ကြံဆင့်မှာ သိပ်မဝေးတော့တဲ့ဆဋ္ဌမနှစ်ကျောင်းသားဖြစ်နေခဲ့ပါပြီ။ တကယ်တော့ သူက ပေ့ပေ့ထက်တောင် အနည်းငယ်ပိုငယ်ရွယ်ပြီ ကျောင်းတော်ထဲကို စောစော၀င်ခဲ့တာကြောင့် အဆင့်မြင့်မြင့်ကို အမြန်ရောက်နေခဲ့တာပါ။

ဒါ့အပြင် သူပိုင်ဆိုင်ထားတဲ့ သိုင်းပညာ၀ိညာဥ်ကလဲ ထိပ်တန်းအဆင့်ခုခံရေးသိုင်းပညာ၀ိညာဥ်ပါပဲ။ အဆုံးမဲ့စွမ်းရည်တွေလောက်တော့ အားမကောင်းပေမဲ့ ထိပ်တန်းခုခံရေးအမျိုးအစားလို့ သတ်မှတ်လို့ရနိုင်တယ်။ ဒါ့အပြင် ရှုစန်းရှီအနေနဲ့ကလဲ ဒီလိုသိုင်းပညာ၀ိညာဥ်မျိုးကို အမွေခံနိုင်ပြီဆိုမှတော့ အားကောင်းတဲ့နောက်ခံအင်အားတစ်ခုကို ပိုင်ဆိုင်ထားမှာအမှန်ပါ။ သူသာ ထန်မျိုးနွယ်ထဲဆီ၀င်လာခဲ့မယ်ဆိုရင် အများကြီး အကျိုးအမြတ်ရပါလိမ့်မယ်။

ပေ့ပေ့ကတော့ မျက်ကန်းတစ်ယောက်လိုမျိုး ပုံစံနဲ့ ပြန်ဖြေပါတော့တယ်။

” ငါတို့ထန်မျိုးနွယ်ကို မင်းဘာများထင်နေတာလဲ မင်းငါ့တို့ကို ကောင်မလေးနောက်လိုက်ဖို့ လက်နက်ကိရိယာလိုသုံးချင်နေတာလား ထွက်သွားလိုက်စမ်း ”

ရှုစန်းရှီကတော့ အထင်လွဲခံလိုက်ရတဲ့အတိုင်း သနားစရာပုံစံနဲ့ ပြောလာခဲ့ပါတယ်။

” မင်းရဲ့ရှောင်ယာ့နဲ့ ငါရဲ့နန်နန်က အဲ့ဒီလောက် ခင်မင်နေဖို့ဘယ်သူက ပြောထားလို့လဲ မင်းရဲ့ရှောင်ယာ့ကိုသွားပြီတော့မေးလိုက် ဒါ့အပြင် နန်နန်လိုလူမျိုးနဲ့ ဒီလိုအကျင့်စရိုက်ရှိတဲ့သူက ထန်မျိုးနွယ်ထဲ၀င်ပြီးပြီဆိုရင် သေချာပေါက် အလွယ်လေးထွက်ခွာမှာမဟုတ်ဘူး….အချိန်ကြလာရင်း ငါလည်လိုက်လာခဲ့မှာပေါ့ ငါ့ရဲ့အခွင့်အရေးတွေက အဲ့ဒီလိုဆိုပိုကောင်းလာမှာမဟုတ်လား ”

ပေ့ပေ့က သက်ပြင်းချလိုက်ပါတယ်။

” မင်းက တကယ်မကောင်းတဲ့ သတ္တ၀ါပဲ အတော်လေး အရည်အချင်းရှိတာ မှန်ပေမဲ့ မင်းကကျန်းနန်နန်အတွက် ပဥ္စမနှစ်မှာပဲ ဆဋ္ဌမနှစ်ကို၀င်ဖို့လုံး၀ငြင်းဆိုနေတယ်…မင်းအနေနဲ့ အဓိကတပည့်သားဖြစ်နေတာကြောင့်သာ မဟုတ်ဘူးဆိုရင် ကျောင်းတော်ထဲကနေ ထုတ်ခံနေရပြီ ”

ရှုစန်းရှီကလဲ သနားစရာမျက်နှာအိုလေးဖြစ်သွားပြန်ပါတယ်။

” ငါလဲ ရွေးချယ်စရာမရှိဘူးလေ သူ့ကို ငါ့ရဲ့အချစ်ဦးဖြစ်လာစေဖို့ ငါလဲ ရည်မှမရည်ရွယ်ခဲ့တာ ငါသူ့အတွက် ဘာမဆိုလုပ်နိုင်တယ် ”

ရှုစန်းရှီအနေနဲ့ ကျန်းနန်နန်ကြောင့် ဒီလိုအတန်းဆင်းဖို့အတွက် ကြိုးစားခဲ့တာလား ကျောင်းတော်အနေနဲ့ ဒီလောက်အထိ ထူးဆန်းတဲ့လူမျိုးရှိနေသေးတယ်လား။

” ဒါက ဖြစ်ကောဖြစ်နိုင်လို့လား ”

ဟို့ယွိဟောင်က ရုတ်တရက်၀င်မေးပါတော့တယ်။

ရှုစန်းရှီက ကောက်ကျစ်မှူအပြည့်နဲ့ ပြုံးနေခဲ့တယ်။

” ဘာလို့မဖြစ်နိုင်ရမှာလဲ ပေ့ပေ့တောင်မှ ငါလုပ်တာကိုကြည့်ပြီ သူအကြံရသွားတယ်လေ ဒီကောင်ဘာဖြစ်လို့ ငါထက်တစ်နှစ်နောက်ကျနေရတယ်ထင်လဲ ဒီကောင်ငါထက်လဲ အသက်ကြီးနေရဲ့သားနဲ့ အဲ့ဒါအကုန် ရှောင်ယာ့အတွက်လေ ဒီကောင်ငါ့ကို ပြောဆိုနေတာက သူ့ကိုယ်သူပြောဆိုနေတာနဲ့ အတူတူပဲ ရှောင်ယာ့ ပေ့ပေ့နဲ့ နန်နန် ငါတို့အားလုံးက အတန်းတစ်တန်းထဲမှာ ရှိနေတယ်ဆိုရင်တော့ ကောင်းမှာပေါ့ ဒါပေမယ့် ပေ့ပေ့ မင်းရဲ့ရှောင်ယာ့က အခြေအနေမကောင်းဘူးနော် သူ့ရဲ့ ကျင့်ကြံဆင့်ကို ကြည့်လိုက်ဦး အပြင်နယ်မြေကနေ ပြီးမြောက်ဖို့တောင် ခက်ခဲလိမ့်မယ်…အတွင်းနယ်မြေကို၀င်ဖို့ဆိုတာပိုလို့တောင် မလွယ်ကူနိုင်ဘူး ”

” သူဒီနှစ်အတွင်းမှာ အများကြီးကြိုးစားပါတယ်….ဒါပေမယ့် မင်းသိတဲ့အတိုင်း အပြာရောင်ငွေမြက်ပင်ကို လေ့ကျင့်ဖို့ဆိုတာက ခက်ခဲတယ်မလား သူ့မှာလဲ အပြာရောင်ငွေဧကရာဇ်မှမရှိတာ ဒါကြောင့် အကောင်းဆုံးကြိုးစားရုံပဲ တတ်နိုင်တယ်လေ..ငါလဲဒီအကြောင်းကို တွေးပြီးပြီ ရှောင်ယာ့သာအတွင်းနယ်မြေထဲကို မ၀င်နိုင်ဘူးဆိုရင် ငါလဲ မ၀င်ဘူး…သူနဲ့အတူတူပဲ ဒီတိုက်ကြီးထဲမှာ လိုက်လှည့်လှယ်တော့မယ် ”

ရှုစန်းရှီကတော့ ချက်ချင်းဆိုသလို တလေတစားဖြစ်သွားပါတော့တယ်။

” ကောင်းလိုက်တာ တကယ်ယောကျ်ားပီသတာပဲ ငါရှုစန်းရှီ ဒီလိုလူမျိုးကိုမြင်ဖူးပြီ မင်းအတော်ကြီးကို မှန်ကန်နေလိုက်တာ ”

” မင်းထွက်သွားလိုက်စမ်း ”

ပေ့ပေ့ကတော့ ဒေါသတကြီးနဲ့ အော်လိုက်ပါတော့တယ်။

ပေ့ပေ့က အားအများကြီးမသုံးခဲ့ပေမဲ့ ရှုစန်းရှီကတော့ သနားစရာပုံစံလေးနဲ့ လွှင့်ထွက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့အံ့ဩနေကြချိန်မှာပဲ ရှုစန်းရှီလွှင့်ထွက်သွားတဲ့နေရာမှာ ကျန်းနန်နန်ပေါ်လာတာကို မြင်လိုက်ရပါတော့တယ်။

ပဥ္စမနှစ်တပည့်သားတွေလို ၀တ်ဆင်တဲ့အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားခဲ့တဲ့ ကျန်းနန်နန်က အရင်ကထက်တောင် ပိုလှပနေပါသေးတယ်။ ရုတ်တရက် သူဆီပြန်ထွက်လာနေတဲ့ ရှုစန်းရှီကိုကြည့်ရင်း အေးအေးဆေးဆေးရှိနေခဲ့တယ်။ အေးစက်နေတဲ့မျက်နှာနဲ့အတူ ညာဘက်ခြေထောက်ကို မြောက်လိုက်ရင်း သူ့ကိုတစ်ချက်​ပြန်ပြီကန်ချပြစ်လိုက်ပါတော့တယ်။

ရှုစန်းရှီကတော့ ဒီတစ်ကြိမ်မှာ အရှေ့ကိုပြန်ပြီ လွှင့်ထွက်လာခဲ့ပြန်ပါပြီ။ သူ့ခန္ဓာကိုယ်ကတော့ အရှေ့ဖက်ငါးမီတာအထိကို ပြန်လွှင့်ထွက်လာခဲ့ရင်း သူ့ကိုယ်သူလေထဲမှာ တည်ငြိမ်အောင်ထိန်းကာ လက်နှစ်ဖက်နဲ့ မြေပြင်ကို ပြန်ထောက်လိုက်ပါတော့တယ်။

” နန်နန် မင်းကတော့ တကယ်နှလုံးသားမရှိတာပဲ ပေ့ပေ့ငါ့ကိုကန်ထုတ်တာ မမြင်ဖူးလား မင်းငါ့ကို မကူညီရင်တောင် ကိစ္စမရှိပေမဲ့ ငါကိုတောင် ပြန်ကန်ထုတ်လိုက်သေးတယ် ”

ရှုစန်းရှီကတော့ သနားစဖွယ်မျက်နှာနဲ့ ပြောနေခဲ့ပြန်ပါတယ်။

အပိုင်း ၅၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset