အပိုင်း ၅၇•၁
” ရွှေရောင်ဘယ်ဘက်လက်မောင်းအရိုး ”
°°°
ဟို့ယွိဟောင်ရဲ့၀မ်သုန့်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းနဲ့ ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
” မတူညီတဲ့ အမှတ်ကန့်သတ်ချက်တည်ရှိတာ ရှိတယ်ဆိုရင် ဘယ်လိုများပါလဲ ”
အဖြူရောင်အမျိုးသမီးက ပြုံးပြရင်း ပြန်ဖြေပါတယ်။
” ကျွန်မသာ မမှားဘူးဆိုရင် ဒီနေရာကိုရောက်လာတာ ပထမဆုံးအကြိမ် မဟုတ်လား ဒီလိုပါ ကျွန်မတို့ရဲ့ရတနာစုဝေးခန်းမဆောင်မှာ ဧည့်သည်တော်ရဲ့ကိုယ်ပိုင်အခြေအနေတွေအပေါ်မူတည်ပြီ အမှတ်ကန့်သတ်ချက်တွေ ရှိပါတယ်…အဓိကအားဖြင့်လက်ရှိကျင့်ကြံဆင့် အသက်အရွယ်၀ိညာဥ်အဆင့်အတန်းနဲ့ တခြားနားလည်နိုင်တဲ့ အချက်တွေကို အဓိကအကဲဖြတ်တာပါ မစိုးရိမ်ပါနဲ့ ဒီသတင်းအချက်အလက်တွေအားလုံးကို ခန်းမဆောင်က သေသေချာချာစောင့်ကြပ်ပြီ လျှို့၀ှက်ထားပါတယ်…ဘယ်လိုလျှို့၀ှက်ချက်မျိုးကိုမှ အပြင်ကိုဖော်ထုတ်မှာမဟုတ်ပါဘူး..တစ်ချိန်ထဲမှာပဲ ဘယ်လိုနောက်ခံအင်အားမျိုးရှိခဲ့လဲဆိုတာကိုလဲ မေးမြန်မှာမဟုတ်ဘူးဖြစ်ပါတယ်… အမှတ်ကန့်သတ်ချက်က အဓိကအားဖြင့် ကိုယ်ရဲ့အစွမ်းအစပေါ်မှာ မူတည်တာပါ ဒါကြောင့် အသေးစိတ်တိုင်းတာချက်တွေကို ပြုလုပ်ရပါ့မယ် ..လေလံပွဲကို ပထမဆုံးလာပြီဆိုမှတော့ အမှတ်တွက်ချက်မှုဆီကို အရင်ဆုံးသွားရောက်ဖို့ အကြုံပြုချင်ပါတယ်..ဒါဆိုရင် အမှတ်ကိုအတည်ပြုပြီတာနဲ့ ဘယ်ပစ္စည်းတွေကို ၀ယ်လို့ရနိုင်မလဲဆိုတာ တွက်ချက်မှုအတွက် စဥ်းစားလို့ရနိုင်မှာပါ ဆန္ဒရှိတယ်ဆိုရင် ခေါ်သွားပေးလို့ရပါတယ် ”
ဟို့ယွိဟောင်က ၀မ်သုန့်ကို လှမ်းကြည့်လိုက်ပါတယ်။ ၀မ်သုန့်ကလဲ ခေါင်းညိတ်လိုက်တယ်။
” ကောင်းပါပြီ ဒါဆိုရင် ငါတို့ရဲ့အမှတ်တွေကို တွက်ချက်ပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ် ”
အမျိုးသမီးက သူတို့ကို အရှေ့နယ်မြေဆီ ဦးဆောင်ပြီ ခေါ်သွားပါတော့တယ်။ သူတို့ကတော့ လေလံပွဲရဲ့ပစ္စည်းတွေကိုကြည့်ရင်း အတော်လေးစိတ်၀င်စားနေခဲ့မိတယ်။
၀မ်သုန့်က ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ရဲ့အင်္ကျီလက်ကို လာဆွဲရင်း ပစ္စည်းတစ်ခုကို လက်ညိုးထိုးပြလိုက်ပါတယ်။ အဲ့ဒါက၀ိညာဥ်အရိုးတစ်ခုပါ ရွှေနီရောင်တောက်ပနေနဲ့ ၀ိညာဥ်အရိုးက လေထဲမှာ လွှင့်မျောနေခဲ့ပါတယ်။ ကြည့်ရတာ လက်မောင်းအရိုးတစ်ခုလိုပါပဲ။ ဒါ့အပြင် သေးငယ်ပြီ လှပတဲ့ဂဏန်းငါးလုံးကတော့ အပေါ်ကို ညွှန်ပြလို့နေခဲ့တယ်။ သူ့ရဲ့လက်ချောင်းတစ်ခုချင်းဆီထိပ်မှာတော့ ရွှေနီရောင်အလင်းတန်းတွေက မှိန်ဖျော့တောက်ပနေပါသေးတယ်။ ဒါတင်မက ဖြတ်သန်းသွားလာတဲ့လူတွေကပါ အဲ့ဒီအရာကို စိတ်၀င်စားနေခဲ့တာပါ။ ဒါ့အပြင် ၀ိညာဥ်အရိုးကိုထားရှိတဲ့ ဖန်လုံးက တခြားဖန်လုံးတွေထက်ကို နှစ်ဆမကပိုပြီး ကြီးမားလို့နေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီကြီးမားလွန်တဲ့ ဖန်လုံးကြီးရဲ့အစွပ်ကလဲ ရွှေရောင်အလင်းတန်းတွေ တောက်ပနေရင်း အခန်းတစ်ခန်းလုံးကို လင်းထိန်နေစေပါတယ်။
သူရဲ့အောက်ဖက်မှာလဲ စကားတချို့ကိုရေးထားခဲ့တယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပါဘူး။
ဟို့ယွိဟောင်က ၀မ်သုန့်ကိုလှည့်ကြည့်နေခဲ့ပြီ ၀မ်သုန့်ရဲ့မျက်လုံးတွေက ဘယ်လောက်အထိ တောက်ပနေလဲသူသတိထားမိသွားပါတော့တယ်။ ၀မ်သုန့်က ပြောလာခဲ့တယ်။
” ဒီပစ္စည်းက ငါနဲ့အတော်သင့်တော်တယ်လို့ ခံစားမိတယ် ”
” ဒါပေမယ့် တန်ကြေးက ”
၀မ်သုန့်ရဲ့ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ခိုင်မာတဲ့အလင်းတန်းတွေက ထွက်ပေါ်လာခဲ့ပါပြီ။
” အဲ့ဒါနောက်မှပြောကြတာပေါ့ ”
လေလံပွဲထဲမှာ တချို့ကိစ္စတွေက သတိထားရပါလိမ့်မယ်။ ၀မ်သုန့် ၀ိညာဥ်အရိုးကိုမြင်သလိုပဲ တခြားရတနာတွေ တော်တော်များများကိုလဲ မြင်တွေ့ခဲ့ရတယ်။
၀မ်သုန့်ကတော့ သူ့ရဲ့ ကျင့်ကြံမှုနဲ့ သက်ဆိုင်တဲ့အရာတွေကိုသာ အာရုံစိုက်နေခဲ့ရတာပါ။ ဟို့ယွိဟောင်ကတော့ တန်ဖိုးကြီးတဲ့သတ္ထုတွေနဲ့ ၀ိညာဥ်လက်နက်ပိုင်ဆိုင်ရာပစ္စည်းတွေကို အာရုံစိုက်နေခဲ့တယ်။ ဥပမာအားဖြင့် အဆင့်ခုနှစ်လက်နက်အတတ်ပညာရှင်ဖန်တီးခဲ့တဲ့ ပစ္စည်းအစုံလိုက်ကို မြင်တွေ့ခဲ့ပါတယ်။ ဘယ်လို၀ိညာဥ်လက်နက်မျိုးအတွက် အသုံးပြုရမှန်းမသိပေမဲ့ အဆင့်ခုနှစ်ဆိုတာကတင် သိသာထင်ရှားလို့နေခဲ့ပါပြီ။
သူ့ဆရာကိုယ်တိုင်က အင်အားကြီးတဲ့ အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့ပြီ သူက တကယ်ကို ရှားပါးလွန်လှတဲ့ ပညာရှင်တစ်ယောက်ပါ။ ဒါ့အပြင် ဒီလိုအဆင့်အတန်းခွဲခြားမှုကလဲ သူတို့ရဲ့ လေ့လာဆန်းစစ်မှုတွေအပေါ်မှာ မူတည်နေတယ်လို့ ပြောပြခဲ့ပါတယ်။ အဆင့်ခြောက်ကိုရောက်ရှိသွားတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တိုင်းက ကိုယ်ပိုင်ထူးခြားချက်တွေ ရှိနေခဲ့တယ်။ အဆင့်နှိမ့်တဲ့ ၀ိညာဥ်လက်နက်ပညာရှင်တွေအတွက် အဆင့်မြင့်တဲ့ သူတွေရဲ့လက်ရာကို မြင်တွေ့ခဲ့ရတာက အရမ်းကိုအကျိုးရှိမဲ့အရာပါ။ ဒါ့အပြင် မတူညီတဲ့လက်ရာအမျိုးမျိုးတွေကြားမှာ တူညီမှုကလဲ သိပ်ပြီမရှိနိုင်ပါဘူး။ လက်ရာတွေနဲ့ သူ့ရဲ့ဖန်တီးခဲ့တဲ့ပစ္စည်းတွေ ဖန်တီးတဲ့အချိန် အသုံးပြုတဲ့အရာတွေကို အလွယ်လေးရယူနိုင်ဖို့နဲ့ မြင်တွေ့နိုင်ဖို့ဆိုတာက အဆင့်မြင့်တဲ့ ၀ိညာဥ်ပညာရှင်တွေအတွက် ပိုပြီးခက်ခဲပါတယ်။ အကယ်၍ အဲ့ဒီလိုလုပ်မယ်ဆိုရင်တောင်မှ သူတို့ရဲ့လက်ရာတွေအပြင်ကို မရောက်ရှိသွားအောင်အမျိုးမျိုးထိန်းသိမ်းကြတာပါ။ နှစ်ပေါင်းများစွာကြာလာအောင် လေ့လာထားရှိခဲ့တဲ့ လေ့လာမှုတွေကို သူများဆီဘယ်သူမှအလွယ်လေးမပေးနိုင်ပါဘူး။
အဆင့်အမြင့်ဆုံး ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက်ကတော့ သူတို့ရဲ့လက်ရာတွေကို အမွေခံတပည့်သားမဟုတ်ပဲ ထုတ်ပေးတယ်ဆိုတာမျိုးက ရှားပါးပါတယ်။
ဟို့ယွိဟောင်အနေနဲ့ ဒီပစ္စည်းရဲ့တန်ဖိုးက ၀ိညာဥ်အရိုးရဲ့တန်ဖိုးနဲ့ ယှဥ်လို့ရနိုင်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ ဒီပစ္စည်းတွေ အစုံလိုက်ကအဆင့်ခုနှစ်၀ိညာဥ်လက်နက်ပညာရှင်ရဲ့ နေ့စဥ်ဓူ၀အသုံးပြုတဲ့ပစ္စည်းတွေတင်မဟုတ်ပါဘူး။ အသေးစိတ်ရေးထားပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ အဆင့်ခုနှစ်၀ိညာဥ်လက်နက်တစ်ခုပါ။
အဆင့်ခုနှစ်၀ိညာဥ်ပညာရှင်တွေအနေနဲ့ အဆင့်ခုနှစ်၀ိညာဥ်လက်နက်ကို ဖန်တီးနိုင်ဖို့ဆိုတာ အမြဲတမ်းဖြစ်သင့်တဲ့အရာတော့ မဟုတ်ပါဘူး။ အဆင့်ခုနှစ်ကို ရောက်ပြီတဲ့နောက် ကန့်သတ်ချက်တွေကလဲ အများကြီးမြင့်တက်လို့လာပါတယ်။ အဆင့်ခုနှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအနေနဲ့ တစ်ဘ၀တာလုံးမှာတောင် အဆင့်ခုနှစ်၀ိညာဥ်လက်နက်တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုတာက တချို့လူတွေအတွက် မဖြစ်နိုင်တဲ့ကိစ္စပါပဲ။
အရမ်းကိုအဆင့်မြင့်တဲ့ ၀ိညာဥ်လက်နက်တွေကတော့ ဖန်တီးသူကိုအများကြီးအထောက်အကူပြုနိုင်ရုံတင်မက သူ့အတွက်လဲ နာမည်ကောင်းတစ်ခုကျန်ရရှိသွားစေချင်ပါတယ်။
အဲ့ဒီလိုအရာမျိုးကို ဖန်တီးဖို့က အတော်ကို ခက်ခဲလွန်လှတယ်။ ဥပမာအားဖြင့်အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင် ဖန်တီးလိုက်တဲ့ ၀ိညာဥ်လက်နက်က ဘယ်နိုင်ငံအတွက်မဆို တန်ဖိုးထားရတဲ့လက်နက်တစ်ခုဖြစ်လာခဲ့မှာပါ။ ဒါ့အပြင် ဖန်တီးသူအနေနဲ့တောင် သူဖန်တီးတဲ့လက်နက်ကိုမသုံးနိုင်မဲ့ကိစ္စရှိလာနိုင်ပါသေးတယ်။ ဒါကြောင့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ အဓိကအကြောင်းအရင်းနဲ့ အသုံးချနိုင်စွမ်းတွေက ၀ိညာဥ်ပညာရှင်တွေထက်ကို နောက်ကျနေခဲ့တာပါ။ အဆင့်ခုနှစ်ဆိုတာကတော့ အဆင့်မြင့်ဖို့အတွက် အခြေခံလိုအပ်ချက်တစ်ခုပါပဲ။
သူတို့နှစ်ယောက်က ဒီနေရာမှာ တန်ဖိုးကြီးပစ္စည်းတွေကို တွေ့ရမယ်လို့ မရောက်ခင်ကထဲက ခန့်မှန်းထားခဲ့ပေမဲ့ ဒီနေရာကြီးရဲ့အစွမ်းအစကို လျော့တွက်မိလိုက်ပုံပါပဲ။
အမှန်တကယ်မှာတော့ ဒီလိုလေလံပွဲတစ်ခုအတွက် တန်ဖိုးကြီးပစ္စည်းတွေ စုဝေးဖို့ဆိုတာ မလွယ်ကူတဲ့အရာပါ။ ဒါပေမယ့် သူတို့မသိခဲ့တဲ့အရာကတော့ အတွင်းနယ်မြေတပည့်သားတွေအတွက် သီးသန့်ပြုလုပ်ပေးတဲ့ပွဲက ဒီထက်တောင်ပိုပြီးခမ်းနားပါသေးတယ်။ ဒါ့အပြင် သူတို့တွေနဲ့လဲ အဲ့ဒီနေရာနဲ့မဝေးပါဘူး။ အစောပိုင်းသူတို့မြင်လိုက်တဲ့အရာတွေက အတွင်းနယ်မြေရဲ့ လေလံပွဲထဲမှာလဲ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် စျေးနှုန်းက မြင့်မားလွန်တဲ့အတွက် ဘယ်သူမှ မ၀ယ်နိုင်တာကြောင့်သာ အခုအနေအထားကို ပြန်ရောက်လာခဲ့တာပါ။
မီတာတစ်ရာနီးပါးလျှောက်လာပြီတဲ့နောက် သူတို့လဲ နယ်မြေရဲ့အဆုံးဆီကို ရောက်သွားပါတော့တယ်။ အဲ့ဒီနေရာမှာ စားပွဲရှည်ကြီးတွေ ရှိနေခဲ့တယ်။ အ၀ါရောင်အလင်းတန်းတွေကလဲ မှိန်ဖျော့ဖျော့လင်းလက်နေခဲ့ပြီ အတော်လေးကို ငြိမ်ငြိမ်သက်သက် ရှိနေခဲ့ပါတယ်။
၀တ်ရုံဖြူကောင်မလေးကတော့ သူတို့နှစ်ယောက်ကို အရှေ့စားပွဲရဲ့ဘယ်ဘက်ဆီ ခေါ်ဆောင်လို့သွားပါတယ်။ အနောက်ဖက်မှာရှိနေခဲ့တဲ့ ကောင်မလေးကတော့ ချက်ချင်းပြောလာတော့တယ်။
” ၀ိညာဥ်ပညာရှင်နှစ်ယောက်ကို နှုတ်ခွန်းဆက်ပါတယ်..ဒီအဆင့်တွက်ချက်မှုစာလွှာကို ဖြည့်ပေးဖို့အတွက် ဒုက္ခပေးရတော့မှာပါပဲ မိနစ်အနည်းငယ်အတွင်းမှာ အမှတ်ကိုတွက်ချက်နိုင်မှာပါ ”
စုတ်တံတွေနဲ့အတူ တွက်ချက်တဲ့စာလွှာတွေကို ပေးလာခဲ့ပါတယ်။ အထဲမှာရှိနေခဲ့တဲ့ အရာတွေကတော့ သိပ်ပြီးမရှုပ်ထွေးခဲ့ပါဘူး။ သူတို့ရဲ့နာမည် အသက် ၀ိညာဥ်အဆင့် သိုင်းပညာ၀ိညာဥ်နဲ့ အရင်တုန်းက အောင်မြင်မှုတွေပါပဲ။ ဒီရိုးရှင်းတဲ့အချက်အလက်တွေကိုသာ ပြောဖို့လိုအပ်ပြီ ၀ိညာဥ်စက်ကွင်းတွေရဲ့သက်တမ်းကိုပြောဖို့တောင် မလိုအပ်ခဲ့ပါဘူး။ ဒါကြောင့် သူတို့အနေနဲ့ အလွယ်လေးဖြည့်နိုင်ခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ သိုင်းပညာ၀ိညာဥ်နေရာမှာစိတ်၀ိညာဥ်မျက်လုံးကိုသာဖြည့်သွင်ခဲ့တယ်။ သူ့ရဲ့ရေခဲကျောက်စိမ်းဧကရီကို မထည့်သွင်ခဲ့ပါဘူး။ သူ့ရဲ့ကျောင်းတော်ထဲမှာတောင် ဒါကိုသိတဲ့လူအတော်ကို ရှားပါးပါတယ်။
သက်ဆိုင်ရာ စာလွှာတွေကိုဖြည့်ပေးပြီတဲ့နောက် သူတို့ရဲ့အဆင့်တွက်ချက်မှုက ခပ်မြန်မြန်ပဲ ရရှိလာပါတော့တယ်။ သူတို့က ဒီတွက်ချက်မှုကိုလုပ်ပြီချိန်မှာ အရမ်းကိုမျက်လုံးပြူးသွားခဲ့တယ်။ ဒါကြောင့် အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ အမျိုးသမီးက အနောက်မှာရှိနေခဲ့ကောင်မလေးကိုကြည့်ရင်း ပြောလိုက်ပါတယ်။
” ရှောင်ဟုန် မြန်မြန်လုပ်လေ ”
အနောက်ဖက်မှာရှိနေခဲ့တဲ့ မိန်းမချောလေးကတော့ ချောမောတာထက်ကို ချစ်စရာကောင်းတဲ့ဖက်ကိုပိုသွားပြီ သေးငယ်တဲ့မျက်လုံးလေးတွေနဲ့ ဆယ့်ခုနှစ် ဆယ့်ရှစ်နှစ်သာ ရှိသေးတာပါ။ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ ကောင်မလေးသူ့ကို ပြောလိုက်ပြီးပြီချင်မှာပဲ သူ့ရဲ့အကြည့်က လုံး၀ပြောင်းလဲသွားပါတော့တယ်။ တောက်ပတဲ့အလင်းတန်းတွေကတော့ သူ့မျက်လုံးထဲမှာ ပေါ်လာခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့လဲ ဒီလိုအကြည့်မျိုးကို မြင်ခဲ့ဖူးပါတယ်။ ဒါမျိုးက ၀မ်သုန့်ကို ကျောင်းတော်ထဲမှာ ကျောင်းသူတော်တော်များများကြည့်တဲ့အကြည့်ပါ။ ဒါ့အပြင် ချောမောပြီနူးညံ့တဲ့ကောင်မလေးတွေက ၀မ်သုန့်ကို အတော်လေးသဘောကြပါတယ်။ ဒီရှောင်ဟုန်လို့ခေါ်တဲ့ ကောင်မလေးကတော့ ဒီတစ်ခေါက်၀မ်သုန့်ကိုကြည့်နေတာမဟုတ်ပဲ ဟို့ယွိဟောင်ကို ကြည့်နေခဲ့တာပါ။
သူမက အရမ်းကို လေးစားတဲ့အသံနဲ့ ပြောလာပါတော့တယ်။
” လေးစားရပါတယ် ဆရာဟို့ ကျွန်မတို့ရဲ့ ရတနာစုစည်းခန်းမဆောင်ကို လာရောက်မှုအတွက် ကြိုဆိုရတာအင်မတန်မှ၀မ်းမြောက်မိပါတယ်…အခုလေ့လာဆန်းစစ်မှုလုပ်ပြီတဲ့နောက် ဒီလေလံပွဲထဲမှာ အမှတ်ကန့်သတ်ချက်မရှိပါဘူး ”
ဟို့ယွိဟောင်က မျက်လုံးပြူးသွားပါတော့တယ်။
” ဘာကြောင့်များလဲ ”
သူ့မှာပိုက်ဆံတစ်ပြားမှ ပါမလာခဲ့ပါဘူး။ သူ၀ယ်ဖို့အတွက် အမှတ်ကိုမသုံးနိုင်ဘူးဆိုရင် လက်ဗလာနဲ့ ပြန်သွားရမှာပါ။
ရှောင်ဟုန်လို့ခေါ်တဲ့ ကောင်မလေးကတော့ သူအထင်လွဲသွားပြီဆိုတာကို သိတာကြောင့် ခပ်မြန်မြန်ပဲ ပြောလိုက်ပါတော့တယ်။
” ဆရာဟို့ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့ ကျွန်မတို့ခန်းမဆောင်ရဲ့ ထိပ်တန်းအဆင့်အခွင့်ထူးခံလူကြီးမင်းအဖြစ် အဆင့်မြင့်တင်ခံလိုက်ရတာပါ ဒါကြောင့်မလိုအပ်ပါဘူး လက်ရှိအခြေအနေအရဆိုရင် ဒီလေလံပွဲထဲက ပစ္စည်းတစ်ခုကို ငွေပေးချေစရာမလိုပဲ ယူသွားလို့ရပါတယ် ”
” ဒါကြီးက ”
ဟို့ယွိဟောင်အနေနဲ့ မျက်လုံးပြူးသွားပြီ ၀မ်သုန့်ဖက်ကို လှည့်ကြည့်လိုက်မိပါတော့တယ်။ ၀တ်ရုံဖြူကောင်မလေးကလဲ တအံ့တဩဖြစ်နေဆဲပါ။ ရှောင်ဟုန်ကတော့ သူမကို လျစ်လျူရှုထားခဲ့ရင်း ဘေးမှာရှိတဲ့ကောင်မလေးကိုသာ ခပ်တိုးတိုးပြောလိုက်ပါတယ်။ အဲ့ဒီကောင်မလေးကလဲ နောက်ကိုပြန်လျှောက်သွားခဲ့ပါပြီ။ ရှောင်ဟုန်က စားပွဲပေါ်ကို ကဒ်နှစ်ကဒ်ထုတ်ပေးလာပါတော့တယ်။ တစ်ကဒ်ကတော့ အနီရောင်ဖြစ်ပြီ တစ်ကဒ်ကတော့ ခရမ်းရောင်ပါ။
ခရမ်းရောင်ကဒ်ကို ၀မ်သုန့်လက်ထဲ ထည့်ပေးလိုက်ပါတယ်။။
” ဆရာ၀မ်အနေနဲ့ ၀ိညာဥ်ရွှေပြားတစ်သိန်းနဲ့ ညီမျှတဲ့အမှတ်ကိုရရှိပါတယ်..ဒီနှစ်မှာပဲ တစ်ခေါက်ထဲအပြီး အသုံးရမှာပါ နောက်တစ်နှစ်အတွက်တော့ နောက်တစ်ကြိမ် ထပ်ပြီတွက်ချက်ရပါလိမ့်မယ်…လက်ရှိအသက်အရွယ်နဲ့ ခရမ်းရောင်အမှတ်တွက်ချက်မှုက ရရှိနိုင်တဲ့ အရာတွေထဲမှာ အမြင့်ဆုံးပါပဲ ဒါ့အပြင် ၀ယ်ယူတဲ့ဘယ်အရာမဆို ဆယ့်ရာခိုင်နှုန်းလျှော့စျေးလဲ ရရှိဦးမှာပါ အပြင်လောကမှာတွေ့နိုင်သမျှ ပစ္စည်းတွေအားလုံးထက်လဲ စျေးပေါပါဦးမယ် ”
၀မ်သုန့်က တစ်ဖက်ကိုကြည့်ရင်း ခေါင်းညိတ်လိုက်ပါတော့တယ်။ သူလဲ ဟို့ယွိဟောင်အခြေအနေကို အံ့ဩနေဆဲပါ။ ပုံမှန်အနေအထားအရဆိုရင် ဟို့ယွိဟောင်က ပြန်လာပြီတဲ့နောက် သူမတူအောင်ထူးခြားတဲ့ကိစ္စတွေကို လုပ်ဆောင်ပြီးပြီ ဖြစ်ပေမဲ့ ၀မ်သုန့်ထက်တော့ အဆင့်မြင့်နေတာမဖြစ်သင့်ပါဘူး။ နောက်ဆုံးတော့လဲ သူက ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်ပါ။ ဒါပေမယ့် အမျိုးသမီးရဲ့ တုန့်ပြန်မှုကနေ အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်သာနေခဲ့ပါတယ်။
အနီရောင်ကဒ်ပေါ်မှာတော့ ရွှေရောင်အလင်းတန်းတွေက ဖြာထွက်လို့နေခဲ့တယ်။ ဟို့ယွိဟောင်လဲ ဒီကဒ်ကိုကိုင်လိုက်ပြီးပြီချင်နွေးထွေးတဲ့အငွေ့အသက်တွေ ထွက်ပေါ်လာတာကိုခံစားလိုက်မိပါပြီ။ ဒီအရာကကိုင်ရတာ အရမ်းကိုနူးညံ့လွန်နေခဲ့တယ်။
ဒါကအနီရောင်စိတ်၀ိညာဥ်နွေးထွေးမှုကျောက်စိမ်းလား ဒါကအရမ်းကိုတန်ဖိုးရှိတာပဲ။
ဟို့ယွိဟောင်အနေနဲ့ သူ့လက်ထဲကကဒ်ကိုကြည့်ရင်း အတော်ကိုလန့်နေခဲ့ပါတယ်။ ဒီကျောက်စိမ်းရဲ့အပိုင်းအစတချို့လေးရှိနေရင်တောင် လူတွေအနေနဲ့ ဆောင်းတွင်းရဲ့အအေးဒဏ်ကို တောင့်ခံပြီနေဖို့အတွက် လုံလောက်ပါတယ်။ ဒါက သာမန်ဆောင်းတွင်းကိုပြောတာပါ မြောက်၀င်ရိုးစွန်းမှာရှိနေတဲ့ အအေးဓာတ်ကိုတော့ ဘယ်အရာကမှ တောင့်ခံနိုင်မှာမဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ ဒီအရာက ကျောက်မျက်ရတနာတစ်ခုဖြစ်နေတာပါပဲ။ ဒီအရာကို ထွင်းထုပြစ်ဖို့အတွက် အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်လိုအပ်ပါတယ်။ ဒါ့အပြင် ပုံမှန်အခင်းအကျင်းတွေကို အသုံးပြုလို့လဲ မရပါဘူး။ ဒီကဒ်ကမကြီးမားပေမဲ့ အနည်းဆုံး၀ိညာဥ်ရွှေပြားတစ်ရာတော့ တန်ကြေးရှိမှာပါ။ ဒါ့အပြင် အဲ့ဒါကအရမ်းကို သေးငယ်တဲ့ပမာဏကိုပဲ ပြောတာပါ။ ဒီကဒ်ရဲ့ပမာဏလောက်မဟုတ်သေးပါဘူး။
အပိုင်း ၅၇•၁ ပြီး၏။