အပိုင်း ၅၆•၂
” ရတနာဂုဏ်ပြုလေလံပွဲ ”
°°°
မျက်စိနဲ့မြင်မြင်သမျှ အရာအားလုံးကတော့ များပြားလွန်လှတဲ့ လူအုပ်ကြီးပါပဲ။ လူတွေက မြို့ထဲကို၀င်လိုက်ထွက်လိုက်လုပ်နေခဲ့ကြပါတယ်။ ဒါ့အပြင် ကုန်စည်းတွေရဲ့ အရောင်တောက်ပမှုနဲ့ ရောင်း၀ယ်နေတဲ့အသံက ပိုပြီးတော့တောင် ဆူညံနေခဲ့ပါပြီ။
” ဒီမှာလူတွေတကယ်အများကြီးပါလား ”
ဟို့ယွိဟောင်အထိတ်တလန့်နဲ့ ပြောလိုက်မိပါတယ်။
” ဒါအမှန်ပဲပေါ့ တိုက်ကြီးရဲ့ကုန်သွယ်ရေးအချက်အခြာဗဟိုမြို့တော်ဖြစ်နေပြီဆိုမှတော့ အမျက်ဒေါသမြို့တော်က အရမ်းလူများတာပေါ့ ဒါ့အပြင် မြို့မှာလူဦးရေးက ငါးသန်းနီးပါးလောက်ရှိတယ်…တချို့နိုင်ငံတော်ကြီးတစ်ခုတောင် ကျယ်ပြန့်နေတာလေ မင်းဒီမြို့တော်ကိုတစ်ခါမှမရောက်ဖူးတာတော့ မဟုတ်ဘူးမလား ”
” အမ် ငါမြင်ဖူးတဲ့အထဲ ဒီမြို့တော်ကအကြီးဆုံးပဲ ”
ဘေးကိုလှည့်ပတ်ကြည့်ရှု့နေကြရင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က မြို့ဂိတ်တံခါးတွေကို ဖြတ်လျှောက်နေခဲ့ကြပါတယ်။ မြို့ကြီးရဲ့အဓိကလမ်းတွေက အရမ်းကို ကျယ်ပြန့်လွန်လှပြီ မြင်းလှည်းရှစ်စီးဘေးချင်ယှဥ်လျက် သွားလို့ရနိုင်လောက်တဲ့အထိ ကျယ်၀န်းလှတယ်…ဒါ့အပြင် ဆူညံတက်ကြွနေခဲ့တဲ့ ပတ်၀န်းကျင်အခြေအနေက ဟို့ယွိဟောင်ကို တအံ့တဩဖြစ်သွားစေခဲ့သလို သူ့ရဲ့လောကကြီးအပေါ် အမြင်ကလဲ ကျယ်ပြန့်လာတယ်လို့တောင် ထင်မိပါတော့တယ်။
” ဘယ်လိုလဲ ငါတို့ဒီတစ်ခေါက်အပြင်ထွက်လာတာ အလဟာသတော့မဖြစ်ဘူးမဟုတ်လား ”
၀မ်သုန့်က ပြောလိုက်ပါတယ်။ သူလဲတူညီစွာစပ်စုလိုတဲ့ပုံစံလိုမျိုး ရှိနေခဲ့တယ်။ အမျက်ဒေါသမြို့တော်ထဲကို သူရောက်ဖူးတာ ပထမဆုံးအကြိမ်ပါ။
မြို့တော်ရဲ့အခြေအနေအရပ်ရပ်အကြောင်းကို မြေပုံပေါ်မှာဖော်ပြထားတာက အရမ်းကို တိကျလွန်လှပါတယ်။ လမ်းတွေအားလုံးကလဲ အစီအစဥ်တကျရှိနေခဲ့တယ်။ ရလဒ်အနေနဲ့ မြို့တစ်လျှောက်ကို လှည့်ပတ်သွားဖို့ကမခက်ခဲပါဘူး။ ဆယ့်ငါးမိနစ်ကျော်ကြာအောင် လမ်းလျှောက်ပြီတဲ့နောက် သူတို့တွေလဲ ရတနာစုဝေးခန်းမဆောင်ကို ရောက်ရှိခဲ့ပါပြီ။ ဒီခန်းမဆောင်ကြီးက၀ိညာဥ်ပညာရှင်တွေရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ပတ်သက်တဲ့အရာတွေကို ရောင်းချတဲ့ ကုန်စုံဆိုင်ကြီးတစ်ခုပါ။ အပေါ်ကိုမော့ကြည့်လိုက်မယ်ဆိုရင်တော့ ကြီးမားတဲ့လေးထပ်အဆောက်အအုံကြီးကို မြင်တွေ့ရပါလိမ့်မယ်။ ဒီအဆောက်အအုံကြီးက မီတာနှစ်ဆယ်ကျော်အထိမြင့်မားနေခဲ့ပါပြီ။ ဒါ့အပြင် အဆောက်အအုံကြီးကိုယ်တိုင်ကိုယ်က အတော်ကိုကျယ်၀န်းလှပါတယ်။ ဒါ့အပြင် တောက်ပတဲ့ မြင်ကွင်းကလဲ အပြင်ကကြည့်မယ်ဆိုရင် အံ့ဖွယ်ရာကြီးတစ်ခုလိုပါပဲ။
ဒီလိုခမ်းနားတဲ့ အဆောက်အအုံကြီးက ဟို့ယွိဟောင်နားလည်နိုင်တဲ့ အနေအထားထက်ကို အများကြီးကျော်လွန်နေပါပြီ။ ဒါကြောင့် လှပတဲ့တရုတ်ရိုးရာ၀တ်စုံ၀တ်အမျိုးသမီးလေးတွေကို မြင်ချိန်မှာ သူ့မျက်လုံးအပြူးသားဖြစ်သွားရပါတော့တယ်။
ဧည့်သည်တွေကိုထွက်လာပြီကြိုနေတဲ့ အမျိုးသမီးလေးတွေက အသက်ဆယ့်ခုနှစ်နှစ် အသက်ဆယ့်ရှစ်လေးတွေသာရှိသေးတာပါ။ သူတို့တွေက ချိုမြိန်တဲ့အသွင်သဏ္ဍာန်နဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဖြူဖွေးတဲ့အသားအရေက ခန်းမဆောင်ရဲ့အလင်းရောင်တွေအောက်မှာ အသားတွေကတော့ ပိုပြီး ဆွဲဆောင်မှုရှိနေခဲ့တယ်။ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို မျက်နှာတွေနီရဲလို့သွားခဲ့ပါပြီ။
” ၀မ်သုန့် မင်းငါ့ကို ဘာဖြစ်လို့လိမ်ဆွဲနေရတာလဲ ”
နာကျင်မှုကြောင့် ဟို့ယွိဟောင်လဲပြန်ပြီး သတိ၀င်လာရပါတော့တယ်။ သူ့ကိုမျက်စောင်းထိုးပြီကြည့်နေတဲ့ ၀မ်သုန့်ကို သတိ၀င်၀င်လာချင် မြင်လိုက်ရပါတယ်။
” ဘာတွေကြည့်နေတာလဲ ဒီနေရာမှာ ဒါမျိုးကြည့်ဖို့လာတာ မဟုတ်ဘူး ”
၀မ်သုန့်ကတော့ ဒေါသတကြီးနဲ့ ပြောလိုက်ပါတော့တယ်။
ဟို့ယွိဟောင်ကတော့ အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့သာ ၀မ်သုန့်ရဲ့မျက်လုံးကြီးတွေကို ပြန်ကြည့်ရင်း ပြောလာလိုက်တယ်။
” မိန်းမချောတွေရဲ့ ဆွဲဆောင်မှုအောက်မှာကျရှုံးတယ်ဆိုတာ လူသားတွေဖြစ်သင့်တဲ့ကိစ္စပဲလေ ငါက တစ်ချက်လေးကြည့်မိရုံပါပဲ အဲ့ဒီအစ်မကြီးတွေက အရမ်းလှလွန်တယ် ”
” လှတယ်ဟုတ်လား ”
၀မ်သုန့်က စိတ်ပျက်လက်ပျက်နဲ့ ဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် သူနောက်ထပ် ဘာမှမပြောတော့ပါဘူး။ ဟို့ယွိဟောင်ကတော့ နာနေတဲ့ခါးကိုပွတ်ရင်း ပြောလာခဲ့တယ်။
” ဆက်မကြည့်တော့ဘူး မင်းကမိန်းမချောတွေကို ကြည့်ရတာမကြိုက်ဘူးမလားတကယ်ကလေးပဲ ရှိသေးတာပေါ့ ”
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ပြောနေသမျှအားလုံးကို လျစ်လျူရှုထားရင်း ခန်းမဆောင်ထဲကိုသာ ၀င်သွားပါတော့တယ်။ ဟို့ယွိဟောင်ကလဲ သူ့နောက်ကို လိုက်လာခဲ့တယ်။
တံခါးကိုမရောက်ခင်အချိန်မှာပဲ အမျိုးသမီးရှစ်ယောက်ထဲမှာရှိနေတဲ့တစ်ယောက်က သူတို့ကိုပြုံးပြရင်း သူတို့ဆီကို လျှောက်လာတော့တယ်။
” ရတနာဂုဏ်ပြုလေလံပွဲကိုလာတဲ့ ၀ိညာဥ်ပညာရှင်တွေများလား ”
ဟို့ယွိဟောင်ရဲ့၀မ်သုန့်နှစ်ယောက်စလုံးက ကျောင်းတော်၀တ်စုံတွေကို ၀တ်ဆင်ထားခဲ့တာပါ။ ဒါကြောင့် လူတွေထဲမှာထင်ရှားနေခဲ့ပါတယ်။ ရလဒ်အနေနဲ့ လမ်းမှာလဲ လူတွေအများကြီးက သူတို့ကို ကြည့်နေခဲ့ကြတယ်။
ဖိတ်ခေါ်တဲ့စာလွှာတွေကို ထုတ်ယူပြီတဲ့နောက် သူမကို ကမ်းပေးလိုက်ပါတယ်။ ဒီဖိတ်ခေါ်စာတွေကို မြင်ပြီချိန်မှာတော့ အမျိုးသမီးရဲ့အပြုံးက ပိုမိုနူးညံ့လာခဲ့ပါပြီ။
” ၀ိညာဥ်ပညာရှင်တို့ ကျွန်မနောက်ကို လိုက်ခဲ့ပါ ”
သူမပြောပြီတဲ့နောက် ဦးဆောင်သွားပါတော့တယ်။
အဓိကတပည့်သားတွေထဲမှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လို အသက်အရွယ်တွေနဲ့ ဒီလေလံပွဲကိုလာရောက်နိုင်တဲ့ ကျောင်းသားက အတော်ကိုရှားပါးပါတယ်။ ဒါကြောင့် ဖြတ်သန်းသွားလာချိန်မှာ လူတော်တော်များများက သူတို့ကို အာရုံစိုက်နေခဲ့ကြတယ်။ ၀မ်သုန့်က အဆင်ပြေနေပေမဲ့ ဟို့ယွိဟောင်ကတော့ ရှက်လို့မျက်နှာတွေတောင် နီရဲနေခဲ့ပါပြီ။
ခန်းမထဲကို၀င်ပြီတဲ့နောက် ခမ်းနားတဲ့အရှိန်အ၀ါတွေက သူတို့ရဲ့အမြင်အာရုံထဲကို ရောက်ရှိလာပါတော့တယ်။ ရွှေရောင်တောက်ပနေတဲ့ ခန်းမကြီးက အရမ်းကိုကျယ်၀န်းလွန်လှပြီ မျက်နှာချက်မှာချိတ်ဆွဲထားတဲ့ အလင်းတန်းတွေဆီကနေ အရောင်ပြန်ဟပ်မှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ခန်းမကြီးရဲ့နှစ်ဖက်မှာလဲ အမျိုးသမီးတွေက တန်စီးလျက်ရှိနေခဲ့ကြပါတယ်။
အပြင်မှာစောင့်နေတဲ့အမျိုးသမီးတွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် အထဲမှာရှိနေခဲ့တဲ့ အမျိုးသမီးငယ်တွေရဲ့ ရွှေရောင်စကပ်တိုတွေက ပိုပြီးတော့တောင် မျက်စိအာရုံကို ဖမ်းစားလို့နေခဲ့ပါတယ်။ ဒါ့အပြင် ဒီအမျိုးသမီးတွေက အနည်းငယ်ပိုငယ်ရွယ်ပြီ သူတို့ရဲ့ ၀တ်စုံတွေကလဲအတော်ကို ပါးလွှာလွန်တာကြောင့် ဖြူဖွေးသွယ်လျတဲ့ခြေတံတွေကို အပြည့်အ၀ဖော်ပြလို့နေခဲ့ပါတယ်။ ရုပ်သွင်တွေကလဲ မျက်စိကျိန်လောက်အောင်လှရုံတင်မက ခန္ဓာကိုယ်တွေကလဲ အတော်ကို ကြည့်ကောင်းပါတယ်။ ရွှေတံခါးကြီးဖြတ်ပြီ၀င်လာတာနဲ့ မိုးကောင်းကင်ကိုရောက်သွားသလိုခံစားမိမှာပါ။
” ဧည့်သည်တော်တွေကို ကြိုဆိုပါတယ် ”
ခန်းမထဲမှာရှိတဲ့အမျိုးသမီးငယ်တွေက ချက်ချင်းဆိုသလို ဟို့ယွိဟောင်ရဲ့ ၀မ်သုန့်ကို နှုတ်ဆက်တော့တယ်။ သူတို့အနေနဲ့ အမျိုးသမီးတွေအားလုံးဦးညွတ်နှုတ်ဆက်နေတာကိုကြည့်ရင်း စိတ်ထဲအံ့ဩနေခဲ့မိပါပြီ။ ဟို့ယွိဟောင်က ငယ်ရွယ်သေးတာကြောင့် ချမ်းသာကြွယ်၀မှုနဲ့ အဆင့်အတန်းတွေအကြောင်းကို သူသိပ်ပြီနားမလည်ခဲ့ပါဘူး။ ဒါပေမယ့် ဖြည်းဖြည်းချင်းဆိုသလိုနားလည်ပြီ ကျင့်သားရလာပါတော့တယ်။ သာမန်လူတွေအနေနဲ့ ဒီလိုတန်ဖိုးကြီးတဲ့ နေရာမျိုးကို ၀င်ခွင့်ရဖို့တောင်လွယ်ကူနိုင်ပါ့မလား။
ဒီတစ်ကြိမ်မှာပဲ ဟို့ယွိဟောင်ရဲ့ မျက်လုံးတစ်ခုလုံး မည်းမှောင်သွားတာကို ခံစားလိုက်မိပါတယ်။ သူ့မျက်လုံးတွေကို တစ်စုံတစ်ယောက်ကလာပြီဖုံးအုပ်လိုက်တာပါ။ ၀မ်သုန့်ရဲ့အသံကိုလဲ ကြားလိုက်ရပါတော့တယ်။
” မင်းဒါမျိုးတွေ မကြည့်ရဘူး အကယ်၍ မင်းဒါမျိုးတွေကိုကြည့်ပြီ ဒီလိုဖြစ်လာမှန်းသိရင်း ခေါ်တောင်ခေါ်မလာခဲ့ပါဘူး…ဆိုးရွားတဲ့အရာတွေ မင်းကိုတိုက်စားတာအဖြစ်မခံနိုင်ဘူး ”
ဟို့ယွိဟောင်ကတော့ ကူကယ်ရာမဲ့နေခဲ့ပါတယ်။
” တစ်ချက်လေးကြည့်လိုက်ရုံနဲ့ ဘာများတိုက်စားခံရမှာလဲ မင်းလဲသူတို့ကို မြင်နေရတာမဟုတ်ဘူးလား မင်းလဲအဲ့ဒီလိုမျိုး တိုက်စားခံရပြီပဲမလား ”
၀မ်သုန့်က ချက်ချင်းဆိုသလို ပြန်အော်ပါတော့တယ်။
” ငါကမတူဘူး ငါက ”
ရုတ်တရက်ဆိုသလို သူ့ကိုယ်သူရပ်တန့်ရင်းနဲ့ ဆက်ပြောပါတော့တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ဘာကိုမှမကြည့်လေနဲ့ ”
အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေပေါ်က လက်တွေကိုဖယ်လိုက်ပါတော့တယ်။
သူတို့တွေစကားပြောရင်နဲ့ အမျိုးသမီးတွေအပြည့်ရှိနေတဲ့နေရာကို ဖြတ်ကျော်သွားခဲ့ပါပြီ။ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ အမျိုးသမီးက သူတို့ကို ရွှေရောင်လှေကားထစ်တွေဆီ လမ်းညွှန်ပြရင်း အပေါ်ထပ်ကို ခေါ်ဆောင်သွားပါတော့တယ်။
ဒုတိယထပ်ကတော့ ပထမအထပ်ထက် ပိုပြီးတိတ်ဆိတ်နေခဲ့ပါတယ်။ အထဲမှာရှုပ်ထွေးပုံပေါ်ပေမဲ့ အားလုံးကလဲ အစီအစဥ်တကျဖြစ်ပေါ်နေခဲ့တယ်။ ဒါ့အပြင် အခန်းတွေထဲမှာ မျက်စိအာရုံကို အဖမ်းစားနိုင်ဆုံးအရာကတော့ တစ်ခန်းချင်းဆီတိုင်းကို ကြီးမားတဲ့ဖန်သားလိုအရာကြီးတွေနဲ့ ဖုံးလွှမ်းထားတာကြောင့်ပါပဲ။ ဒါ့အပြင် များပြားပြီ စုံလင်လွန်လှတဲ့ အဲ့ဒီဖန်လုံးကြီးတွေထဲမှာ ထည့်ထားပါသေးတယ်။
၀တ်ရုံဖြူ၀တ်ထားတဲ့ အမျိုးသမီးက ရပ်တန့်လိုက်တယ်။
” ဧည့်သည်တော် နှစ်ယောက်ကို နှုတ်ခွန်းဆက်သပါတယ်…ကျေးဇူးပြုပြီး အနောက်နယ်မြေကိုဦးတည်ရင်း စာရင်းသွင်ကြပါ ဒါ့အပြင် အမှတ်နဲ့၀ယ်ယူမယ်ဆိုရင်တော့ အမှတ်တွက်တဲ့နေရာကို ရောက်ရှိနိုင်ပါလိမ့်မယ်…ဒါ့အပြင် ဒီတွက်ချက်မှုရဲ့ရလဒ်က ကန့်သတ်ချက်အပေါ်မူတည်ပြီ လျှော့စျေးတွေကို ရရှိမှာပါ ”
အပိုင်း ၅၆•၂ ပြီး၏။