Switch Mode

Chapter – 55.3

ဝိညာဥ်လက်နက် ပညာရှင်တယောက်ဖြစ်တဲ့ ဟို့ယွိဟောင်ရဲ့ အစစ်အမှန် သန်မာမှု

အပိုင်း ၅၅•၃

” ၀ိညာဥ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဟို့ယွိဟောင်ရဲ့ စစ်မှန်တဲ့ သန်မာမှု ”

°°°
ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေရှိနေတဲ့အကြီးမားဆုံးပြဿနာကတော့ သူတို့ရဲ့စွမ်းအားမဟုတ်ခဲ့ပါဘူး။ သူတို့တွေက အင်အားကြီးတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်နိုင်တဲ့အရာပါ။ အဓိကအကြောင်းအရင်းကတော့ အနီးကပ်တိုက်ခိုက်မှုတွေကို အသုံးပြုရမဲ့အချိန်ပါပဲ။ ဒါပေမယ့် အကယ်၍ ၀ိညာဥ်လက်နက်တွေရဲ့ တိုက်ခိုက်မှုအရှိန်ပမာဏနဲ့ အကွာအဝေးကိုသာ လျှို့၀ှက်လက်နက်တွေကိုပေါင်းစပ်ပြီ အသုံးပြုနိုင်ခဲ့မယ်ဆိုရင် ၀ိညာဥ်လက်နက်အသစ်တစ်ခုကို ဖန်တီးနိုင်မှာလား။

ဟို့ယွိဟောင်အနေနဲ့ ရွေ့လျား၀ိညာဥ်အမြောက်တစ်ခုကို အသေးစားအဖြစ်ပြောင်းလဲရင်း တည်ဆောက်ပြီအကြံရခဲ့ပါတယ်။ ဒါက ၀ိညာဥ်စွမ်းအားတွေကိုလဲ အများကြီးမကုန်ဆုံးစေပါဘူး။ ဒါပေမယ့် အင်အားကြီးနေဆဲပါပဲ။ ၀ိညာဥ်အလင်းတန်းလိုမျိုး သူ့ရဲ့တိုက်ခိုက်မှုကို ရောက်ရှိနိုင်တဲ့ အကွာအဝေးကလဲ မီတာတစ်ရာနီးပါးရှိပါတယ်။ ဒါ့အပြင် အဆင့်နှစ်၀ိညာဥ်ဒိုင်းကာကိုတောင် ကောင်းကောင်းဖောက်ထွက်နိုင်ခဲ့တယ်။ ဒါက အဓိကအချက်မဟုတ်သေးပါဘူး။ ဒါ့အပြင် သူ့ရဲ့အကြီးမားဆုံးအားသာချက်ကတော့ လိုက်လျောညီထွေးဖြစ်နိုင်စမ်းပါပဲ။ တစ်ချိန်ထဲမှာပဲ ဒီလိုများပြားတဲ့ ၀ိညာဥ်လက်နက်တွေက ဒီလိုမျိုး သေးငယ်တဲ့အကူအညီမျိုး ရနိုင်မှာလဲ ဒါ့အပြင် သူတို့လိုကျောင်းတော်ရဲ့ ဌာနအတွက်တော့ ကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်စေနိုင်ခဲ့တဲ့ကိစ္စဖြစ်သွားခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီဘာသာရပ်နဲ့ ပတ်သတ်ပြီ ပိုလေ့လာစမ်းသပ်ကြည့်ဖို့ လိုအပ်နေခဲ့ပေမဲ့ အသစ်ဖြစ်ပေါ်လာမဲ့လက်နက်ကတင် ဘယ်လိုအခြေအနေအထိ ရောက်နိုင်မလဲဆိုတာ သူတို့သိနေခဲ့ပါပြီ။

ဖန်းယွီက သူ့ရှေ့ရောက်လာနေတဲ့ ဟို့ယွိဟောင်ကိုကြည့်ရင်း စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ ပြောလာခဲ့ပါတယ်။

” ကလေး မင်းကတကယ်ကို ငါတို့ဌာနတစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ ပြောရမယ်ဆိုရင် မင်းရဲ့၀ိညာဥ်လက်နက်နဲ့ သိုင်းပညာ၀ိညာဥ်ကြားမှာ ပေါင်းစည်းမှုက လုံး၀ကို ပြီးပြည့်စုံလွန်တယ်…စမ်းသပ်ချက် အောင်မြင်သွားပြီ ”

လင်းရွှယ်က ဖန်းယွီရဲ့လက်ထဲမှာရှိနေတုန်းဖြစ်တဲ့အတွက် သူဒါကိုပြောချိန်မှာ သူတစ်ချက်တုန်ရီသွားခဲ့ပါတယ်။ သူမက ရေခဲဧကရီရဲ့အဆိပ်ဆူးနဲ့ တခဏတာသာ ထိတွေ့လိုက်ရပေမဲ့ ပြင်းထန်လွန်လှတဲ့ အအေးဓာတ်က သူမကို ရေခဲတုံးကြီးဖြစ်သွားစေတော့မတတ်အေးခဲသွားစေခဲ့ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ပေါ်မှာ ရှိနေခဲ့တဲ့ ရေခဲတွေကလဲ သူမအနေနဲ့ အချိန်အတိုင်းအတာအဖြစ် ဖယ််ရှားပြစ်ဖို့မလွယ်ကူခဲ့ပါဘူး။ ဒါကြောင့် အကောင်းဆုံးကြိုးစားရင်း စွမ်းအားကို လှည့်ပတ်ဖို့ လုပ်နေခဲ့ပါတယ်။ ဖန်းယွီရဲ့အကူအညီနဲ့ မကြာခင်ပဲ သူ့ရဲ့အင်အားကို ပြန်လည်ရရှိခဲ့ပါပြီ။ ဟို့ယွိဟောင်ကို ကြည့်နေတဲ့ သူမရဲ့အကြည့်တွေထဲမှာ သိလိုစိတ်တွေအပြင် အကြောက်တရားတွေလဲ ပါ၀င်နေခဲ့ပါတယ်။ ဒီလောက်အထိ ချမ်းအေးတာမျိုးကို ဘ၀မှာပထမဆုံးကြုံဖူးချင်ပါပဲ။ ဒီအရာနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူမရဲ့နှင်းတွေကတောင် နွေးပါသေးတယ်။

ရေခဲဧကရီရဲ့ အဆိပ်ဆူးက အတော်ကိုအားကောင်းတဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုပါ။ ဒါ့အပြင် ဟို့ယွိဟောင်ကို ရေခဲဧကရီပေးအပ်ခဲ့တဲ့ စွမ်းအားတစ်ခုလဲ ဖြစ်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီအစွမ်းအစကိုအပြည့်အ၀မသုံးနိုင်သေးပေမဲ့ ဒီစွမ်းရည်ရဲ့ ထူးခြားချက်တွေကတော့ ရှိနေဆဲပါပဲ။

ရေခဲဧကရီရဲ့ အဆိပ်ဆူးမှာ အဓိက အကျိုးသက်ရောက်မှုတစ်ခုကတော့ သူ့ရဲ့လက်တွေနဲ့ လက်မောင်းတွေကို အားကောင်းစေပြီ နှစ်တစ်သောင်းရေခဲတုံးကြီးလိုမျိုး မာကျောစေပါတယ်။ ဒါ့အပြင် စိန်ပွင့်နဲ့တူနေတဲ့ ရေခဲတွေက ခန္ဓာကိုယ်တစ်ခုလုံးကိုလဲ အင်အားကောင်းကောင်းနဲ့ ကာကွယ်ပေးနိုင်ခဲ့တယ်။ ဒါ့အပြင် ရေခဲဧကရီရဲ့ အဆိပ်ဆူးကိုယ်တိုင်ကိုက အင်အားကောင်းတဲ့လက်နက်တစ်ခုပါပဲ။ ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးမှာ အသန်မာဆုံးအရာကတော့ သူမရဲ့အမြီးနဲ့ အဆိပ်ဆူးတွေပါ။ ဒါ့အပြင် ဟို့ယွိဟောင်ကို ၀ိညာဥ်အလင်းတန်းတွေ ထိခိုက်အောင်မလုပ်နိုင်တဲ့ အကြောင်းအရင်းကလဲ ဒီကိစ္စကြောင့်ပါပဲ။ သူတို့တွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ရေခဲအပိုင်းအစတွေကို တိုက်မိပြီ တန်ပြန်ကန်ထွက်သွားခဲ့လို့ပါ။

ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်က အရမ်းကို သန်မာနေခဲ့ရုံတင်မက စွမ်းအားကလဲ တိုးတက်လာပါသေးတယ်။ ဟို့ယွိဟောင်ရဲ့ လက်မောင်းစွမ်းအားတွေကို အဆင့်အများကြီးအထိ တိုးတက်စေခဲ့ပြီ ထိုက်ဟွပင်းလို သိုင်းပညာ၀ိညာဥ်ရှိသူနဲ့ ယှဥ်လို့ရနိုင်တဲ့အခြေအနေကို ရောက်သွားစေခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ ​ဒီစွမ်းအားနှစ်ခုက ထန်မျိုးနွယ်ရဲ့ ထူးဆန်းကျောက်စိမ်းလက်တွေနဲ့အတော်လေးကို တူညီနေခဲ့တယ်။ ဒါကြောင့် ပေါင်းစည်းပြီ အသုံးပြုလိုက်မယ်ဆိုရင် ဘယ်သူမှရေခဲဧကရီရဲ့ အဆိပ်ဆူးတွေကို သာမန်လက်သီးတွေနဲ့ ခွဲခြားနိုင်မှာမဟုတ်ပါဘူး။ လင်းရွှယ်နဲ့ ယဲ့ကန်ရင်တို့လဲ အတူတူပါပဲ။

ဒီလိုထူးခြားတဲ့ ၀ိသေနလက္ခာဏာနှစ်ခုအပြင် သူတို့တွေက အရမ်းကို အေးစက်လွန်ပါသေးတယ်။ ဒါ့အပြင် အဆုံးမဲ့အစွမ်းထက်တဲ့ ရေခဲသိုင်းပညာ၀ိညာဥ်ဖြစ်နေခဲ့တာကြောင့် အဆုံးမဲ့အေးစက်မှုဆိုတာက ဟို့ယွိဟောင် ပိုင်ဆိုင်တဲ့ စွမ်းရည်တစ်ခုပါပဲ။ ဒီလိုအအေးဓာတ်က ရေခဲကျောက်စိမ်းဧကရီရဲ့ ကြောက်စရာကောင်းလွန်လှတဲ့သွေးကနေ အမွေရရှိထားတာပါ။ ဒါ့အပြင် အဲ့ဒီစွမ်းအားတွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နဲ့ ကျင့်ကြံမှုအစွမ်းအစကိုလဲ တိုးတက်စေနိုင်ပါတယ်။

လင်းရွှယ်ကိုယ်တိုင်ကလဲ ရေခဲအမျိုးအစား သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်နေခဲ့တယ်။ ဒါပေမယ့် ရေခဲဧကရီရဲ့ သိုင်းပညာ၀ိညာဥ်နဲ့တော့ ဘယ်လိုမှယှဥ်လို့မရနိုင်ပါဘူး။ ထိတွေ့မိချိန်မှာ ချက်ချင်းဆိုသလို ဖိနှိမ့်ခံရပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ရေခဲဧကရီအဆိပ်ဆူးတွေက အရာအားလုံးကို အေးခဲစေနိုင်တဲ့ စွမ်းရည်ရှိပြီ သူ့အနေနဲ့ အမြောက်ပြစ်လွှတ်တာကိုကအစ ပြန်ပြီ ခုခံနိုင်စွမ်းရှိနေခဲ့တယ်။ အနာဂတ်မှာ ဒီစွမ်းအားက ဘယ်လောက်အထိ ကြီးမားလာနိုင်မလဲ အကယ်၍ သူသာ အခုလုပ်ချင်တယ်ဆိုရင် လင်းရွှယ်ရဲ့လည်ပင်းကိုတောင် အချိန်မရွေးချိုးပြစ်လို့ရပါတယ်။

ဒီတိုက်ပွဲကြီးပြီတဲ့နောက် ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ ကျောင်းသားတွေက ဟို့ယွိဟောင်အကြောင်းကို အတော်လေး သိချင်ကြပါတယ်။ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းသာရှိတဲ့ ကျောင်းသားတစ်ယောက်မှာ ဒီလိုစွမ်းအားမျိုး တကယ်ရှိနိုင်လား ဒါ့အပြင် အစကနေ အဆုံးအထိ သူ့ရဲ့၀ိညာဥ်လက်နက်တွေကိုလုပ်ပေးခဲ့တဲ့အရာက အရှိန်နှုန်းကို တိုးတက်စေတာကလွဲပြီ သိပ်ပြီမရှိခဲ့ပါဘူး။

ဖန်းယွီက ကျောင်းသားတွေကိုကြည့်ရင်း ပြောလိုက်တယ်။

” မင်းတို့အားလုံးအစောပိုင်းတိုက်ပွဲကိုမြင်ခဲ့မှာပါ ယဲ့ကန်ရင် ထန်စွေ့ဖုန်းနဲ့ လင်းရွှယ်သုံးယောက်စလုံးရှုံးသွားပြီ ဟို့ယွိဟောင်ရဲ့ အခြေအနေကတော့ အတော်လေးထူးခြားတယ်..ဒါကြောင့် မင်းတို့အနေနဲ့ နောက်တစ်ခေါက်စာမေးပွဲပြန်ဖြေဖို့အတွက် အခွင့်အရေးရမှာပါ မင်းတို့ရဲ့ အမှတ်တွေကိုလဲ ပြန်ပြီဆုံးဖြတ်လိုက်မယ်…အခုမင်းတို့ကို မိတ်ဆက်ပေးရပါစေ ”

ဖန်းယွီက ဟို့ယွိဟောင်ကိုသူရှေ့ဆွဲခေါ်လိုက်ရင်း ဆက်ပြောပါတယ်။

” သူ့နာမည်က ဟို့ယွိဟောင် ဟယ့်ချိုက်ထို့လို ငါရဲ့ကိုယ်ပိုင်တပည့်သားပဲ ဒါ့အပြင် သူက ၀ိညာဥ်လက်နက်ကောင်းတွေကို ဖန်တီးတဲ့နေရာမှာ အတော်လေးကို ပါရမီရှိတယ်..ဒီအကြောင်းအရင်းကြောင့် ငါတို့၀ိညာဥ်လက်နက်ကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားဖြစ်ပြီနေပြီ ဒါပေမယ့် ထူးခြားတဲ့ အခြေအနေတွေကြောင့် လက်ရှိအချိန် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေမှာ သင်ကြားနေတုန်းပဲ ယွိဟောင် ဒီကျောင်းသားတွေအားလုံးက မင်းနဲ့တူညီတဲ့ အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ ”

ဟို့ယွိဟောင်က အားလုံးကို ဦးညွတ်ရင်းနှုတ်ဆက်လိုက်ပါတယ်။

” အားလုံးပဲ ကျွန်တော်တွေ့ရတာ၀မ်းသာမိပါတယ် ”

ကျောင်းသားတွေကလဲ သူ့ကို တစ်ယောက်ပြီတစ်ယောက်မိတ်ဆက်ကြတယ်။ ဒီလိုမျိုး သူတို့လို သာလွန်တဲ့လူကိုမနာလိုဖြစ်ကြပေမဲ့ ငယ်ရွယ်တဲ့အသက်အရွယ်မှာ ထူးချွန်တဲ့ပုံစံကိုတော့ လေးစားကြပါတယ်။ တိုက်ပွဲက အစောပိုင်းချိန်မှာစတင်ခဲ့တာပါ။ ဒါပေမယ့် သူက လက်ရှိအဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြားထဲမှာ အသန်မာဆုံးဖြစ်နေပြီဆိုတာကို အားလုံးသိကြပါတယ်။ ၀ိညာဥ်အကြီးအကဲတစ်ယောက်တောင်မှ သူ့ရဲ့ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး။

ဒီတိုက်ပွဲက ဟို့ယွိဟောင်အတွက်လဲ အသိအမြင်အသစ်တွေ အများကြီးရသွားစေခဲ့ပါတယ်။ ၀ိညာဥ်လက်နက်တွေက သူ့ရဲ့ ကြုံတွေ့ရမဲ့အခက်အခဲတွေကို အများကြီးကူညီပေးနိုင်တယ်။ စိတ်ထဲမှာ သူတွေးနေခဲ့မိပါတယ်။ အကယ်၍ သူသာ အဆင့်နှစ်၀ိညာဥ်လက်နက်တွေကို ဆက်တိုက်ဖန်တီးထုတ်လွှတ်နိုင်မယ်ဆိုရင် ထိုက်ဟွပင်းလိုလူမျိုးနဲ့ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာ ရင်ဆိုင်ဖို့ကြောက်လန့်နေစရာအကြောင်းမရှိပါဘူး။

ဒီတစ်ကြိမ်မှာ သူ့အနေနဲ့လဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပေးထားတဲ့ ၀ိညာဥ်စွမ်းရည်လေးခုရဲ့ စွမ်းအားတွေကို စတင်နားလည်စပြုလာပါတော့တယ်။

ပထမဆုံးအနေနဲ့ စိတ်၀ိညာဥ်အမျိုးအစားစွမ်းရည်လေးခုက အရမ်းကို သန်မာဖြစ်လွန်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့လေ့ကျင့်မှုက မြင့်မားလာလေလေ ဒီစွမ်းရည်တွေက အစွမ်းပိုထက်လာလေပါပဲ။ အလွယ်ဆုံးနဲ့ အသုံး၀င်ဆုံးဖြစ်တဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက ပထမနေရာမှာရှိနေခဲ့တယ်။ နောက်တစ်ခုကတော့ စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုပါပဲ။ အစောပိုင်းအချိန်မှာ စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုကို အသုံးချရင်း ရန်သူတွေရဲ့ တိုက်ခိုက်မှုကို သူရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားတိုက်ခိုက်မှုနှစ်ခုက တစ်ဖက်နဲ့တစ်ဖက် လုံး၀ကို ညီမျှလို့နေခဲ့တယ်။ ဒါကတော့ သူရရှိနိုင်တဲ့ အကောင်းဆုံးအရာပါပဲ။ ဒါ့အပြင် ရွေ့လျား၀ိညာဥ်အမြောက်တစ်ခုကို သူ့ရဲ့လက်ရှိအဆင့်အတန်းနဲ့ သုံးပြီးသားပါ။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုသာ ရွေ့လျား၀ိညာဥ်လက်နက်နဲ့ သုံးမယ်ဆိုရင် ၀ိညာဥ်လက်နက် လေးကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေကိုတောင် တစ်ခါထဲတိုက်ခိုက်နိုင်မယ်လို့ သူကိုယ်သူယုံကြည်ချက်အပြည့် ရှိနေခဲ့ပါပြီ။ ဒါပေါ့ သူတို့ရဲ့ကြားမှာ ကြီးမားတဲ့ကွာခြားချက်ကတော့ ရှိနေပါသေးတယ်။

၀ိညာဥ်လက်နက်တွေအကြောင်း ပိုသင်ကြားပြီပိုလေ့လာလေလေ ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေ ဘယ်လောက်အထိတိုးတက်လာနိုင်လဲဆိုတာကို ပိုသိရှိလာလေပါပဲ။

နှိုင်းယှဥ်ကြည့်လိုက်မယ်ဆိုရင် တစ်ခုကတော့ လုံး၀စက်ပစ္စည်းဆိုင်ရာစွမ်းအားပါပဲ။ အတော်ကို တိကျပြီ အသေးစိတ်ပါတယ်။ ဒါ့အပြင် အနုပညာတစ်ခုနဲ့လဲ တူနေခဲ့တယ်။ တခြားတစ်ဖက်မှာတော့ ၀ိညာဥ်လက်နက်တွေက ၀ိညာဥ်စွမ်းအားနဲ့အသုံးပြုရပြီ အဆင့်တက်နေတဲ့စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ကို အသေးစိတ်ကြတဲ့ဗျူဟာတွေနဲ့ ပေါင်းစည်းရင်း တစ်စနဲ့တစ်စပိုအစွမ်းထက်အောင် လုပ်ဆောင်နိုင်တယ်။

ဘယ်လိုပစ္စည်းကိုပဲ အသုံးပြုပါစေ လူကိုယ်တိုင်အသုံးပြုရတဲ့ ပစ္စည်းတွေက အမြဲတမ်းအကန့်အသတ်ရှိနေခဲ့တာပါ။ ဒါပေမယ့် ၀ိညာဥ်လက်နက်ကတော့ မတူညီပါဘူး။ ၀ိညာဥ်စွမ်းအားက ၀ိညာဥ်ပညာရှင်တွေရဲ့လေ့ကျင့်မှုနဲ့အတူတူ တက်လာနိုင်ပါတယ်။ ဒါကြောင့် ၀ိညာဥ်လက်နက်တွေရဲ့အစွမ်းအစကလဲ ဆက်တိုက်မြင့်တက်နေခဲ့တယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ ၀ိညာဥ်စွမ်းအားသာ တိုးတက်လာခဲ့ပြီဆိုလို့ကတော့ ၀ိညာဥ်လက်နက်တွေကို ဖန်တီးတဲ့နေရာနဲ့ ထုတ်လုပ်တဲ့နေရာတွေမှာ ဆက်တိုက်ပြောင်းလဲလို့သွားပါတယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေရဲ့စွမ်းအားကလဲ ပိုပိုပြီး တိုးတက်နိုင်ပါတယ်။ ဒီလိုအကြောင်းကြောင့်သာ ပထမတန်းစား၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ကြောက်စရာကောင်းနေခဲ့တာပါ။

အကယ်၍ အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်သာ အဆင့်ကိုးသော့်လော့အဖြစ် ရပ်တည်နိုင်ခဲ့မယ်ဆိုရင် သူက အဝေးပြစ်တိုက်ပွဲမှာကော အနီးကပ်တိုက်ပွဲတွေမှာရော အဆင့်တူလူတွေထက်ကို ပိုပြီး သာလွန်နိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ အဆင့်ကိုးဆယ့်ငါးအထက်ကို ရောက်ရှိပြီတဲ့ အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆိုတာ မရှိဖူးပါဘူး။ ဒါကြောင့်သာ ၀ိညာဥ်ပညာရှင်တွေကို အသန်မာဆုံးသူတွေအဖြစ်သတ်မှတ်ထားခဲ့တာပါ။ ကျောင်းတော်အနေနဲ့လဲ ဒီလိုအမြင့်ဆုံးရာထူးရှိနေတာ အကြောင်းအရင်းတစ်ခုပါပဲ။

ဟို့ယွိဟောင်ကို မိတ်ဆက်ပြီတဲ့နောက် ဖန်းယွီကလဲ ပြန်ခိုင်းလိုက်ပါတော့တယ်။ သူ့ကို တစ်ရက်နားခွင့်လဲပေးလိုက်တယ်။ နောက်သဘက်ခါရဲ့ညနေမှာ ပြန်လည်တွေ့ဆုံကြမှာပါ။ ဒါ့အပြင် စမ်းသပ်ရေးနယ်မြေမှာလဲ ဆက်တိုက်ဆိုသလို လေ့လာရပါဦးမယ်။

ဖန်းယွီနဲ့ ဟယ့်ချိုက်ထို့ကို ခွဲခွာနှုတ်ဆက်စကားပြောပြီတဲ့နောက် ဟို့ယွိဟောင်လဲ သူ့အခန်းသူပြန်လာခဲ့ပါတော့တယ်။ တံခါးကိုဖွင့်လိုက်ချိန်မှာတော့ ၀မ်သုန့်က တစ်စုံတစ်ရာကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်နေမှန်း တွေ့လိုက်ရတယ်။

” ဘာကြောင့်လဲ ဘာလို့အဲ့ဒီလောက် ​ပျော်နေရတာလဲ ”

ဟို့ယွိဟောင်က အနီးကပ်သွားရင် မေးလိုက်ပါတယ်။

၀မ်သုန့်က ခေါင်းမော့ရင်း ပြောလာခဲ့တယ်။

” ၀ိညာဥ်လက်နက်ကျောင်းတော်ရဲ့ စာမေးပွဲကို အောင်ခဲ့လား ”

” သေချာပေါက် အောင်တာပေါ့ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေနဲ့ တိုက်ခိုက်တာက ဘာမှမပါပဲနဲ့တိုက်ခိုက်တာထက်တော့ ကောင်းပါသေးတယ်…၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ ၀ိညာဥ်စွမ်းရည်တွေကို အသုံးပြုတာထက် အများကြီးပိုနည်းတယ်..မင်းဘာတွေကြည့်နေတာလဲ ”

သူစကားပြောပြီတဲ့နောက်မှာပဲ အနီးကပ်ကြည့်လိုက်ပါတော့တယ်။ ၀မ်သုန့်ရဲ့လက်ထဲမှာက ကြေး၀ါလိုမျိုးအညိုရောင်တောက်ပနေတဲ့ စာအိတ်နဲ့အတူ အနီရောင်စာလွှာတစ်ခုရှိနေခဲ့တယ်။

” ရတနာဂုဏ်ပြုလေလံပွဲတဲ့လား အဲ့ဒါဘာကြီးလဲ ”

စာလွှာကိုကြည့်ရင်း ဟို့ယွိဟောင်က မေးလိုက်ပါတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့အဓိကအတွင်းတပည့်သားတွေအားလုံးကို ခင်းကျင်းပြသမဲ့ကုန်ပစ္စည်းတွေ ကြည့်ရှု့ဖို့အတွက် ဖိတ်ခေါ်လို့ထားခဲ့ပါတယ်။ ၀မ်သုန့်ကလဲ ပြုံးပြလိုက်ပြီတဲ့နောက် ဆက်တ်ိုက်ရှင်းပြပါတော့တယ်။

” ငါနည်းနည်းပါးပါးရှာဖွေထားတယ်..ဒီလေလံပွဲကြီးက ငါတို့ကျောင်းတော်အတွက် ဖန်တီးထားတဲ့အရာပဲ ဒါပေမယ့် မတူညီတဲ့အစိတ်အပိုင်းတွေ အများကြီးခွဲထားတယ်..ဥပမာအားဖြင့် ဒီအပိုင်းက ငါတို့ရဲ့အဓိကအတွင်းတပည့်သားတွေအတွက် ဦးတည်ပြီလုပ်ထားတာ ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

” မင်းရှင်းရှင်းလင်းလင်း​ပြောပြ မင်းပြောနေတာတွေ ငါဘာမှနားမလည်ဘူး ”

၀မ်သုန့်က သူ့ကို ကြည့်ရင်း ဆက်ပြီပြောပြပါတယ်။

” ဒါမင်းအရမ်းတုံးလွန်လို့လေ ဒီလေလံပွဲကြီးက မြို့တော်ရဲ့အကြီးဆုံးကုန်သည်အဖွဲ့ကနေ ကျင်းပတာ ငါတို့ကျောင်းတော်က စီးပွားရေးလုပ်ဖို့ကောင်းတဲ့ အချက်အခြာကြီးဖြစ်နေတာမဟုတ်ဘူးလား နိုင်ငံပေါင်းစုံကလာတဲ့ ကုန်သည်တွေအနေနဲ့ ငါတို့ဆီကိုလာပြီ ကုန်သွယ်ရေးလုပ်တယ်ဆိုတာ အမြဲတမ်းဖြစ်နေတဲ့ကိစ္စပဲလေ ဒါ့အပြင် မြို့တော်ထဲမှာ နေနေတဲ့အချိန်ကျောင်းတော်ဆီကနေ အမြင်ကောင်းကိုရဖို့အတွက် ကျောင်းတော်အတွက် လေလံပွဲလုပ်ပေးတယ်…ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် ငါတို့က အရင်ရွေးရတယ်….ကျန်တဲ့အရာတွေကိုမှ တခြားလေလံပွဲအတွက် ဆက်ပြီးရောင်းတာပေါ့ ”

ဟို့ယွိဟောင်လဲ အံ့ဩသွားပါတော့တယ်။

” တကယ်ကြီးလား အဲ့ဒီကုန်သည်တွေက အကျိုးအမြတ်ကောရကြလို့လား ငါတို့ကျောင်းထဲမှာရှိတဲ့လူတိုင်းက ချမ်းသာနေတာမဟုတ်ဘူးလေ ”

” ဒါပေါ့ သူတို့ရကြတာပေါ့ သူတို့က ကျောင်းတော်ရဲ့စိတ်ကောင်းစေတနာကို ရရှိကြတယ်လေ…ကျောင်းတော်ထဲမှာ ရှိတဲ့သူတွေက လူတိုင်းချမ်းသာနေတာမဟုတ်ဘူးဆိုပေမဲ့ ငါတို့မြို့တော်ကြီးဘယ်လိုဖြစ်ပေါ်လာတယ်များထင်နေလဲ ဒါက ငါတို့ကျောင်းတော်ကြောင့်ပဲလေ ကျောင်းတော်က တိုက်ကြီးတစ်ခုလုံးမှာ နံပါတ်တစ်ကျောင်းတော်မဟုတ်ဘူးလား ဒါ့အပြင် ကြောက်စရာကောင်းတဲ့စစ်တပ်အင်အားကိုလဲ ပိုင်ဆိုင်ထားသေးတယ်…ကျောင်းတော်သာဒီမှာရှိနေမယ်ဆိုရင် မြို့တော်က ဘယ်တော့မှမပျက်စီးနိုင်ဘူး….တိုက်ကြီးမှာရှိတဲ့ နိုင်ငံတွေအားလုံးကလဲ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေကြမယ်ဆိုရင်တောင် ဘယ်သူကမှဒီနေမှာလာပြီ စစ်မဖြစ်၀ံ့ကြဘူး။ ဒါကြောင့်သာ ​ကျောင်းတော်နဲ့ခိုင်မာကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်တာက ကုန်သည်တွေအတွက် အကောင်းဆုံးဖြစ်မှာပဲ ”

ဟို့ယွိဟောင်ကတော့ ဒါကိုကြားချိန်မှာ စိတ်၀င်စားလာပါတော့တယ်။

” ဒီတော့ အဲ့ဒီမှာဘယ်လိုပစ္စည်းကောင်းတွေကို လေလံတင်လဲ ”

” များသောအားဖြင့်တော့ အဓိက သုံးမျိုးသုံးစားခွဲခြားထားတယ်လေ…ပထမဆုံးတစ်ခုကတော့ ကျောင်းတော်ကိုတိုက်ရိုက်ပေးအပ်တဲ့ ပစ္စည်းတွေ ဥပမာအားဖြင့် မင်းတို့၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်က ရှားပါးတဲ့သတ္ထုကိုလိုအပ်တယ်မလား လေလံပွဲမှာ တိုက်ရိုက်၀ယ်လို့ရတယ်…တချို့အရာတွေကတော့ ဆရာတွေရဲ့ သင်ကြားတဲ့အထောက်အကူပစ္စည်းတွေပေါ့ ကျောင်းတော်အနေနဲ့လဲ တန်ဖိုးကြီးတဲ့ ပါ၀င်ပစ္စည်းတွေရောဘာတွေရော မှာလို့ရသေးတယ်..ဒါပေမယ့် အဲ့ဒါတွေကတော့ ဥပမာပဲလေ ကျောင်းတော်ရဲ့ဆရာတွေနဲ့ တချို့ရောင်းတဲ့အရာတွေကတော့ အများကြီးတန်ဖိုးကြီးတာ မပါပါဘူး ”

” ဒါ့အပြင် နောက်ထပ်နှစ်မျိုးက ငါတို့အတွက်ပဲ ကျောင်းသားတွေအဲ့ဒီမှာ ပစ္စည်းကောင်းတွေအများကြီးကို ရနိုင်တယ်တဲ့ အဲ့ဒီထဲမှာ အဓိကတစ်ခုက အတွင်းနယ်မြေရဲ့ကျောင်းသားတွေအတွက်ကို ရည်ရွယ်ပြီတော့ မြင့်မားတဲ့အရည်အသွေးနဲ့ ပစ္စည်းတွေရောင်းချနေတာ ကောလဟာလတွေအရဆိုရင် ၀ိညာဥ်အရိုးတွေတောင် အဲ့ဒီမှာအမြဲတမ်းရောင်းတယ်တဲ့ ဒါပေမယ့် အတွင်းနယ်မြေရဲ့ကျောင်းသားတွေပဲ အဲ့ဒီလေလံပွဲထဲကို၀င်ဖို့အတွက် အခွင့်အရေးရှိတယ်…ငါတို့ဘာမှလုပ်လို့မရဘူးလေ နောက်ဆုံးတော့လဲ အဲ့ဒီနေရာကို၀င်ဖို့အတွက် ဖိတ်ခေါ်တဲ့စာလွှာတစ်ခုက လိုအပ်နေတာပဲ ဒါ့အပြင် ငါတို့အပြင်နယ်မြေမှာ အပြင်နယ်မြေရဲ့အဓိကအတွင်းတပည့်သားတွေပဲ ၀င်ခွင့်ရှိတာ ”

အပိုင်း ၅၅•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset