Switch Mode

Chapter – 55.2

ဝိညာဥ်လက်နက် ပညာရှင်တယောက်ဖြစ်တဲ့ ဟို့ယွိဟောင်ရဲ့ အစစ်အမှန် သန်မာမှု

အပိုင်း ၅၅•၂

” ၀ိညာဥ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ဟို့ယွိဟောင်ရဲ့ စစ်မှန်တဲ့သန်မာမှု ”

°°°°
ဒါပေမယ့် ရွေ့လျား၀ိညာဥ်အမြောက်က ကြီးမားတဲ့ပေါက်ကွဲမှုကို ဖန်တီးနိုင်ပေမဲ့ ဒီအရာတွေကတော့ ပေါက်ကွဲမှုမကြီးမားခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့၀ိညာဥ်လက်နက်က ဘယ်လိုအလင်းတန်းတွေကိုမှ မဖြစ်ပေါ်လာစေခဲ့ပဲ နားစည်ကွဲအက်မတတ်စူးရှတဲ့အသံတွေကိုသာ ထုတ်လွှတ်ပါတယ်။

ဒါ့အပြင် အလင်းတန်းခြောက်ခုက လျှပ်စီးတန်းတွေလိုမျိုး ယဲ့ကန်ရင်နဲ့ လင်းရွှယ်ဆီကို ပြေး၀င်သွားခဲ့ပါပြီ။ သူတို့ရဲ့အနောက်ဖက်မှာလဲ တောက်ပတဲ့အလင်းတန်းတွေ ပါ၀င်မနေခဲ့ပါဘူး။ အဖြူရောင်လျှပ်စီးလိုအရာခြောက်ခုက ဒိုင်းကာတွေထဲကို ဖောက်ထွက်သွားပါတယ်။ ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။ အဖြူရောင်လှိုင်းတွေက သူတို့ရဲ့ဒိုင်းကာတွေပေါ်မှာ စတင်ပေါ်ထွက်လာပြီတဲ့နောက် တကယ်ပဲဖောက်ထွက်လို့သွားခဲ့ရင်း လက်တွေအားလုံးကို တုန်ခါလို့သွားစေခဲ့ပါတယ်။ လက်မောင်းတွေကလဲ တုန်ရီလို့လာခဲ့ပြီ အငိုက်မိသွားသလိုမျိုးမီးခိုရောင်မြူခိုတွေက မြင်ကွင်းတစ်ခုကိုလဲ ဖုံးလွှမ်းသွားစေပါတော့တယ်။

ဒါကဘယ်လို၀ိညာဥ်လက်နက်မျိုးလဲ ယဲ့ကန်ရင်နဲ့ လင်းရွှယ်နှစ်ယောက်စလုံးလန့်သွားခဲ့ရပါတယ်။ ဒါပေမယ့် ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သူတို့တွေက ၀ိညာဥ်လက်နက်တွေကို ပိုင်ဆိုင်ရုံတင်မကဘူး ကိုယ်ပိုင်၀ိညာဥ်စွမ်းရည်တွေလဲ ရှိနေခဲ့ပါတယ်။ လင်းရွှယ်အနေနဲ့ ခပ်မြန်မြန်ဆုတ်ခွာနေခဲ့ရင်း သူ့ရဲ့ခြေထောက်အောက်မှာတော့ အဖြူရောင်နှင်းတွေက အများကြီးပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ မြင်ကွင်းကိုလဲ ပိတ်ဆို့သွားပါတော့တယ်။

သူမရဲ့သိုင်းပညာ၀ိညာဥ်က နှင်းထုကြီးပါ။ ဒါ့အပြင် နှင်းတွေက ရေခဲနဲ့မတူညီပါဘူး။ ရေခဲက မာကျောမှုရှိပြီ ပိုင်ဆိုင်တဲ့ ၀ိညာဥ်ပညာရှင်ကို တိုက်ခိုက်တဲ့၀ိညာဥ်ပညာရှင်ဖြစ်လာစေပါတယ်။ နှင်းတွေကတော့ အထောက်အပံ့အဖြစ်ပဲသုံးလို့ရတာပါ။ လင်းရွှယ်အနေနဲ့ အထောက်အပံ့ပြုရင်း ပညာရှင်အဖြစ်သတ်မှတ်ခံလိုက်ရပါတယ်။ ဒါ့အပြင် နှင်းတွေကိုအသုံးပြုပြီး ပတ်၀န်းကျင်ကို ပြောင်းလဲရင်း ကိုယ့်ကိုတိုင်ကိုယ်လဲ ပုန်းကွယ်နိုင်ပါတယ်။ အဲ့ဒီနောက် သိုင်းပညာ၀ိညာဥ်တွေကို အသုံးပြုရင်း သူ့မ တိုက်ခိုက်နိုင်တယ်။ သိုင်းပညာ၀ိညာဥ်ကတော့ သူမအတွက် ၀ိညာဥ်လက်နက်ကျောင်းတော်ကို ၀င်ရောက်ဖို့တွက် ပိုပြီးသင့်တော်စေပါတယ်။

ယဲ့ကန်ရင်ရဲ့ တုန့်ပြန်မှုကလဲ မနှေးကွေးပါဘူး။ ဒုတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပြီ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသွားခဲ့ရင်း အရိပ်နဲ့အတူကိုယ်ပွားသုံးခုက ပေါ်လာပါတော့တယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က သူ့ရဲ့အရိပ်တွေပါ။

သူတို့တွေရဲ့လက်မောင်းတွေက အရမ်းကိုနာကျင်နေပြီဖြစ်တာကြောင့် နောက်တစ်ကြိမ် လက်နက်တွေကိုထပ်ပြီ မပြစ်လွှတ်နိုင်တော့ပါဘူး။ ဒါ့အပြင် ဒိုင်းကာတွေကလဲ ပျက်စီးလို့သွားခဲ့ပါပြီ။ ဒါကြောင့်သာ ပြိုင်ဘက်ကိုစိတ်ရှုပ်ထွေးအောင်လုပ်ရင်း ထွက်ပြေးဖို့နဲ့ ခုခံဖို့လုပ်ကြပါတော့တယ်။

တခဏတာ တိုက်ခိုက်မှုအတွင်းမှာ ဟို့ယွိဟောင်အနေနဲ့ နယ်မြေတစ်ခုလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ သုံးယောက်တစ်ယောက်တိုက်ပွဲဖြစ်နေခဲ့ပေမဲ့ ဒီလိုဖြစ်လာခဲ့မယ်လို့ စာမေးပွဲစချိန်မှာ ဘယ်သူမှမတွေးခဲ့မိပါဘူး။

ဟို့ယွိဟောင်ရဲ့ခြေထောက်အောက်မှာ အလင်းတန်းတွေက နောက်တစ်ကြိမ် တောက်ပလို့လာခဲ့ပြန်ပါပြီ။ သူကိုယ်တိုင်ကလဲ အရှေ့ကို ပြေးထွက်လို့သွားပါတော့တယ်။

တစ်ချိန်မှာပဲ သူ့ရဲ့ နောက်ကျောဖက်မှာ အလင်းလုံးကြီးတစ်လုံးက ထွက်ပေါ်လို့လာရင်း ခြေထောက်အောက်ဖက်ကို ပိုပြီးတောက်ပလာစေခဲ့တယ်။

အဆင့်နှစ်ရေလွှာလျှောပြေးက ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့အရှိန်နှုန်းကို တစ်နေရာထဲဆီ ဦးတည်ရင်း အရှိန်အမြင့်ဆုံးအထိ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ခြေထောက်အောက်မှာရှိနေတဲ့အရာကတော့ အရှိန်နှုန်းကို ပြောင်းလဲစေနိုင်တဲ့ ရှပ်ပြေးတစ်ခုပါပဲ။

သူ၀ိညာဥ်လက်နက်ပညာရှင်ဖြစ်လာတာ တစ်နှစ်တောင်မပြည့်သေးပေမဲ့ သူ့အနေနဲ့ သူ့အရှိန်နှုန်းကို တိုးမြင့်စေနိုင်တဲ့ လက်နက်တွေအများကြီးကို ဖန်တီးခဲ့ပါပြီ။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးနဲ့လဲ ပေါင်းစည်းလို့ထားပါသေးတယ်။ ဒါကြောင့်သာ သူ့ရဲ့လက်ကောက်၀တ်မှာရှိနေခဲ့တဲ့ ၀ိညာဥ်လက်နက်က မြင့်မားတဲ့တိုက်ခိုက်နိုင်စွမ်းမရှိခဲ့တာပါ။

ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က ပြိုင်ဘက်နှစ်ယောက်အနေနဲ့ ခုခံဖို့အစွမ်းကုန်ကြိုးစားနေပြီ သူ့ရဲ့တိုက်ခိုက်မှုတွေ ရှောင်ရှားမှာကို သိနေခဲ့တဲ့အတွက် အမြန်ဆုံးပြေးထွက်လာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ သူခြေထောက်အောက်ဖက်မှာရှိနေခဲ့တဲ့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းက ပေါင်းစည်းသွားခဲ့ရင်း တစ်ခုထဲဖြစ်သွားခဲ့ပါပြီ။

အရှိန်နှုန်းကို ပြောင်းလဲစေနိုင်တဲ့ ရှပ်ပြေးက အတော်လေးကို ပွတ်တိုက်တဲ့စွမ်းအားလျော့ကြပါတယ်။ ဒါကြောင့် အရှိန်ကိုမြင့်ဖို့အတွက် သူ့ရဲ့၀ိညာဥ်စွမ်းအားကို အသုံးပြုနိုင်တယ်။ ဒါပေမယ့် အရှိန်မြင့်တဲ့ပမာဏကလဲ သိပ်ပြီမများပြားပါဘူး။ နောက်ထပ် အားသာချက်တစ်ခုကတော့ သူဦးတည်နေတဲ့နေရာကို အမြန်ပြောင်းလဲနိုင်တာပါ။ ဒီလိုအဆင့်နှစ်ရှပ်ပြေးက တခြားတစ်ဖက်မှာ တစ်နေရာထဲကိုဦးတည်ပြေးခဲ့မယ်ဆိုရင် အရှိန်နှုန်းကို အများကြီးတိုးတက်အောင် ကူညီပေးနိုင်ပါတယ်။ လက်ရှိအချိန်မှာ အနည်းငယ်နေရာပြောင်းလိုက်ပြီ အနီးကပ်ပေါက်ကွဲမှုစွမ်းအားတချို့ကို သူဖန်တီးလိုက်တယ်။ အဲ့ဒီနောက် ၀ိညာဥ်သုံးကွင်းရှိတဲ့ အမြန်နှုန်းကို အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်ကို သူလိုက်ဖမ်းဖို့ လုပ်ပါတော့တယ်။

နှစ်ဖက်စလုံးက အစပိုင်းမှာအတော်လေး ဝေးကွာနေခဲ့ပါတယ်။ စုစုပေါင်းမီတာသုံးဆယ်ကျော်အထိ ဝေးကွာနေခဲ့ပေမဲ့ ဟို့ယွိဟောင်က သူတို့ရှေ့မှာမျက်တောင်တစ်ခတ်အတွင်းပေါ်လာခဲ့ပါပြီ။

ယဲ့ကန်ရင်နဲ့ လင်းရွှယ်နှစ်ယောက်စလုံးကလဲ ဟို့ယွိဟောင်ရဲ့ မီးခိုရောင်မြူခိုတွေကြောင့် အနည်းငယ်ထိခိုက်သွားခဲ့ရပါတယ်။ လင်းရွှယ်ရဲ့ နှင်းတွေအပြည့်အ၀အလုပ်မလုပ်ခင်အချိန်မှာပဲ ဟို့ယွိဟောင်က သူ့ဆီကို ရောက်လာခဲ့တယ်။

သူတို့နှစ်ယောက်လဲ ဟို့ယွိဟောင် ရောက်လာတာကိုကြည့်ရင်း အတော်ကို လန့်နေခဲ့ကြပါပြီ။ ဒါပေမယ့် အားနည်းချက်ကို ဖော်ပြတာက မဖြစ်သင့်တဲ့ကိစ္စပါပဲ။ ယဲ့ကန်ရင်က အမြန်ဆုံးဘယ်ဘက်ကို ထွက်ပြေးသွားပါတော့တယ်။ လင်းရွှယ်ကတော့ အနောက်တည့်တည့်ကို ဆုတ်လာခဲ့တယ်။ သူတို့တွေ ဒီအတိုင်း လမ်းခွဲသွားကြပါပြီ။

လင်းရွှယ်ရဲ့ နှင်းထုတွေက မြေပြင်ပေါ်ကိုဆက်တိုက်ကျဆင်းလို့လာပါတော့တယ်။ ဒါက သူ့မကိုတောင်ထိတ်လန့်သွားစေခဲ့တယ်။ ရလဒ်အနေနဲ့ သူမနဲ့ ဟို့ယွိဟောင်ကြားမှာရှိနေတဲ့ အတားအဆီးက လုံး၀ပျောက်ကွယ်သွားခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ အရှိန်အပြည့်နဲ့ ဟို့ယွိဟောင်က သူ့ရှေ့မှာပေါ်လာရင်း သူမရဲ့လက်ကို ကြည်လင်တောက်ပနေတဲ့စိန်ပွင့်လိုလက်တွေနဲ့ ဖမ်းဆွဲလိုက်ပါတော့တယ်။

လင်းရွှယ်အနေနဲ့ သူမ ရုတ်တရက်လက်ကို မြောက်ပြီးအလင်းတန်းကို ထုတ်လွှတ်ပြစ်ဖို့လုပ်နေခဲ့တယ်။ ချက်ချင်းဆိုသလို အလင်းတန်းခြောက်ခုကတော့ ဟို့ယွိဟောင်ဆီကို ပြေး၀င်သွားခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာပဲ ထူးဆန်းတဲ့မြင်ကွင်းက ဖြစ်ပေါ်လာပါတော့တယ်။ လင်းရွှယ်ရဲ့ အလင်းတန်းတွေက မတူညီတဲ့နေရာတွေဆီကို ရုတ်တရက်ပြေးထွက်သွားလို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်ရဲ့ လက်တွေက ၀ိညာဥ်အလင်းတန်းတွေကို အချိန်မီနေရာတကျဖမ်းဆီးပြီ တန်ပြန်တိုက်ခိုက်ပြစ်လိုက်လို့ပါ။

အဲ့ဒီနောက် ဟို့ယွိဟောင်အနေနဲ့လဲ လင်းရွှယ်ရဲ့လက်တွေကို အသာလေးဖမ်းဆွဲနိုင်ပါတော့တယ်။ လင်းရွှယ်နဲ့ ဟို့ယွိဟောင်တို့ရဲ့ကြားမှာအဖြူရောင်အရိပ်တွေက ဆက်တိုက်ပေါ်ထွက်လာခဲ့ပါပြီ။ အဲ့ဒီနောက် ဟို့ယွိဟောင်က အော်လိုက်ပါတော့တယ်။

” ဆရာဖမ်းလိုက် ”

သူပြောပြီတာနဲ့ လင်းရွှယ်ကို လေထဲပစ်လွှတ်လိုက်ပါတော့တယ်။ အံ့ဩစရာကောင်းလောက်အောင် သူမရဲ့တစ်ကိုယ်လုံးက မြူခိုတွေရိုက်ပြီ ရေခဲကျောက်ရုပ်ဖြစ်နေခဲ့ပါပြီ။ ဖန်းယွီ သူမကို ဖမ်းလိုက်ချိန်မှာတော့ သူကိုယ်တိုင်လဲ အေးစက်မှုကြောင့် တုန်ရီသွားခဲ့ရပါတယ်။

ဟို့ယွိဟောင်က လင်းရွှယ်ကို လေထဲပြစ်ပြီတဲ့နောက် ယဲ့ကန်ရင်ရဲ့ ရင်ဘတ်မှာအဖြူရောင်အလင်းတန်းတစ်ခုပေါ်လာတာကို မြင်လိုက်ရပါတယ်။ အရိပ်သုံးခုအဖြစ် ကွဲထွက်သွားခဲ့တဲ့ ယဲ့ကန်ရင်းက လက်ရှိအချိန်မှာ လက်သီးအရွယ်ရှိတဲ့ အဖြူရောင်အလင်းလုံးလေးတစ်ခုကို သူ့ရဲ့ရင်ဘတ်နေရာသုံးခုကနေ ဆက်တ်ိုက်ဆိုသလို ပြစ်လွှတ်လိုက်ပါတော့တယ်။ ဒါ့အပြင် အဲ့ဒီအရာက တစ်နေရာထဲကိုအားစိုက်ထုတ်နိုင်တဲ့ ၀ိညာဥ်လက်နက်တစ်ခုပါ ၀ိညာဥ်အမြောက်လို့လဲ ခေါ်ပါတယ်။

လက်ရှိအချိန် အဆင့်နှိမ့်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ ပိုင်ဆိုင်နိုင်တဲ့ အသန်မာဆုံး၀ိညာဥ်လက်နက်ပါပဲ။ ၀ိညာဥ်စွမ်းအားကို အချိန်တိုလေးအတွင်းအပြည့်အ၀တစ်နေရာထဲမှာ ထည့်သွင်းလိုက်ပြီ အင်အားကောင်းတဲ့တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်နိုင်ပါတယ်။ အစောပိုင်းတုန်းက သူတို့လက်ကနေ ပစ်လွှတ်လိုက်တဲ့အလင်းတန်းနဲ့ မတူညီပဲ ဒီ၀ိညာဥ်အမြောက်ကတော့ ပိုအားကောင်းတဲ့အစွမ်းအစရှိနေခဲ့တယ်။ နောက်တစ်နည်းအရ ပြောရမယ်ဆိုရင် ၀ိညာဥ်ပညာရှင်ရဲ့ ၀ိညာဥ်စွမ်းအားကို စုပ်ယူနိုင်စွမ်းလဲ ရှိပါတယ်။ ဒါကြောင့် သူက အင်အားကြီးပေမဲ့ စွမ်းအားကုန်ဆုံးမှုကလဲ အတော်ကို များပြားလွန်လှတယ်။ ပုံမှန်အနေအထားအရ ဒီလိုတစ်ခေါက်ပြစ်လွှတ်ဖို့အတွက်အနည်းဆုံး၀ိညာဥ်စွမ်းအားသုံးပုံတစ်ပုံအထိကို ကုန်ဆုံးမှာပါ။

ဒါ့အပြင် သူ့မှာအားသာချက်တစ်ခုလဲ ရှိနေပါသေးတယ်။ ဒါကတော့ အနီးကပ်တိုက်ပွဲတွေမှာ အသုံးပြုတာပါပဲ။ ပြိုင်ဘက်ကိုချိန်ရွယ်ပြီ တစ်မီတာအတွင်းကနေ တိုက်ခိုက်နိုင်မယ်ဆိုရင် သူ့ရဲ့တိကျမှုက လုံး၀ကို မလွဲချော်နိုင်ပါဘူး။

ယဲ့ကန်ရင်ရဲ့ သိုင်းပညာ၀ိညာဥ်က သူ့အရိပ်တွေဖြစ်တာကြောင့် အတော်လေးကို ထူးဆန်းလွန်းလှပါတယ်။ ဒီလိုမျိုးသိုင်းပညာ၀ိညာဥ်ကြောင့်သာ သူက ထောက်ပံ့ရေး၀ိညာဥ်လက်နက်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ သူ့ပြိုင်ဘက်က ပြီးပြည့်စုံတဲ့ သိုင်းပညာ၀ိညာဥ်ပိုင်ရှင် ဟို့ယွိဟောင် ဖြစ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးတွေက ထောက်လှမ်းမှုရှိနေခဲ့တဲ့အတွက် ဘယ်လိုပုံရိပ်ယောင်ကမှ သူ့ကို တားဆီးလို့မရနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ဘယ်ဘက်နဲ့ အရှေ့ဘက်ကလာတဲ့ အမြောက်လေးတွေကို တစ်စက်လေးတောင် ဂရုစိုက်မနေပဲ ယဲ့ကန်ရင်ဆီကို ပြေး၀င်လာရင် ညာဘက်လက်ကို မြောက်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ညာဘက်လက်နဲ့ အဲ့ဒီ၀ိညာဥ်အမြောက်ကိုသွားပြီ ဆွဲလိုက်တယ်။

ယဲ့ကန်ရင်အနေနဲ့တော့ သူ့ရဲ့အမြောက်ကို ထိန်းချုပ်နိုင်စွမ်းလွှတ်သွားခဲ့ပါပြီ။ မပေါက်ကွဲပေမဲ့ ဟို့ယွိဟောင်က သူ့ကိုအမြန်လေးထိန်းချုပ်နိုင်လိုက်ပါတယ်။ ဒါ့အပြင် သူက ထန်မျိုးနွယ်ရဲ့ မြားပစ်တဲ့နည်းကို သုံးနေခဲ့တာပါ။

အံ့ဩသွားခဲ့တဲ့ ယဲ့ကန်ရင်အနေနဲ့ကတော့ ဒိုင်းကာကိုအမြန်သုံးရင်း တားဆီးဖို့လုပ်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ တတိယ၀ိညာဥ်စွမ်းရည်ကို အသုံးပြုရင်း အနက်ရောင်အရိပ်တစ်ခုကို သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာစေပြီ အမြောက်ကိုနောက်တစ်ကြိမ် ပြစ်နိုင်ဖို့အတွက်ကူညီစေလိုက်တယ်။

ဒါပေမယ့် ယဲ့ကန်ရင်ရဲ့ ခန္ဓာကိုယ်ကတော့ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် လွှင့်ထွက်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် လေထဲမှာ ကြီးကြပ်ရေးမှုးဖမ်းဆီးတာကို ခံလိုက်ရပါတာ့တယ်။ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကတော့ ဟို့ယွိဟောင်ကိုတောင် နောက်ခြေလှမ်းအနည်းငယ်ဆုတ်သွားစေခဲ့တယ်။ အဲ့ဒီနောက် သူလဲ ပြန်လည်မတ်မတ်ရပ်သွားနိုင်ခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ စိတ်ထဲမှာလန့်နေခဲ့ပါတယ်။ အဲ့ဒီစွမ်းအား၀ိညာဥ်အမြောက်က အတော်ကို အားကောင်းတာပါပဲ။ သူကိုယ်တိုင်အတွက်လဲ တစ်ခုလုပ်သင့်ပါတယ်။

ယဲ့ကန်ရင်ကတော့ သူ့ရဲ့အရိပ်ကိုအသုံးပြုရင်း ဒိုင်းကာကိုကောင်းကောင်းကာကွယ်လိုက်ပြီ အနောက်ကိုလွှင့်ထွက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ကြီးကြပ်ရေးမှုး ဖမ်းဆီးလိုက်ချိန်မှာ သူသတိလစ်သွားပါတော့တယ်။ ဒီတိုက်ခိုက်မှုရဲ့အစွမ်းက တိုက်ခိုက်ရေး၀ိညာဥ်အကြီးအကဲတစ်ယောက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုနဲ့ ယှဥ်လို့ရနိုင်နေခဲ့တယ်။

ဟို့ယွိဟောင်အနေနဲ့ ဒီတိုက်ခိုက်ရေးစွမ်းအားတွေကြောင့် အံ့အားသင့်နေဆဲပါ။ ဒါပေမယ့် သူ့ကိုကြည့်နေတဲ့ ကျောင်းသားတွေအားလုံးက ပိုပြီးလန့်နေတာကိုတော့ သူသတိမထားမိပါဘူး။

အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်ရှိတဲ့ ကျောင်းသားလေးတစ်ယောက်က ဘယ်လိုများ အားလုံးကို အနိိုင်ယူသွားနိုင်တာလဲ။ သူက ၀ိညာဥ်မဟာပညာရှင်တစ်ယောက်သာ ဖြစ်ပေမဲ့ သူကအဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့ပါပြီ။ ပြိုင်ဘက်တွေထက်လဲ အများကြီးပိုပြီးသန်မာတဲ့ပုံမပေါ်ပါဘူး။ ဒါပေမယ့် သုံးယောက်စလုံးကို တစ်ယောက်ထဲနဲ့ အနိုင်ယူသွားခဲ့ပါတယ်။ အခုတော့ သူနိုင်သွားခဲ့ပါပြီ။

ဒါ့အပြင် အတော်လေးကို လှလှပပလေး အနိုင်ယူသွားခဲ့တာပါ။ တိုက်ပွဲကလဲ ချောချောမွေ့မွေ့နဲ့ ပြီးမြောက်လို့သွားခဲ့ပြီ သူအမှားလေးတစ်ချက်တောင်မလုပ်ခဲ့ပါဘူး။ လုံး၀ကို ပြစ်ချက်ကင်းတဲ့အနိုင်ယူမှုတစ်ခုပါပဲ။

ဖန်းယွီတောင် ဟို့ယွိဟောင်အနေနဲ့ ဒီလောက်အထိ ကောင်းမွန်အောင်ကြိုးစားနိုင်မယ်လို့ မထင်ထားခဲ့မိတာအမှန်ပါ။ အမှန်တကယ်တော့ အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ အဆင့်တက်တဲ့ပြိုင်ပွဲက ယေဘူယျသဘောတရားအရပါပဲ။ ဒါ့အပြင် သူတို့ရဲ့ပုံမှန်စမ်းသပ်ချက်က နောက်တစ်နည်းအရပြောရမယ်ဆိုရင် ၀ိညာဥ်လက်နက်တွေကို ဖန်တီးတဲ့အချိန်မှာ ဖြစ်ပေါ်နိုင်တာပါ။ ဒါ့အပြင် အဲ့ဒီလို၀ိညာဥ်ဖန်တီးမှုကသာ အရေးကြီးဆုံးပါပဲ။ အထူးသဖြင့်သူတို့ရဲ့အောင်မြင်မှုက ၀ိညာဥ်လက်နက်တွေကို အသေးစိတ်ထွင်းထုပြီ ပြုလုပ်တဲ့နေရာမှာ အဓိကအ​ရေးကြီးပါတယ်။

သုံးယောက်တစ်ယောက်တိုက်ပွဲဖြစ်ပေမဲ့ သူကတော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်သွားခဲ့ပါပြီ။ ဒါ့အပြင် ပထမဆုံးအနေနဲ့ ပုံစံတူတုပမှုကို အသုံးချရင်း ရွေ့လျား၀ိညာဥ်လက်နက်တစ်ခုကို အသုံးပြုတဲ့ပုံစံလဲ လုပ်ပြခဲ့ပါတယ်။ အဲ့ဒီနောက် လင်းရွှယ်ရဲ့နှင်းတွေကို ဖြိုခွဲပြစ်ရင်း ရေခဲဧကရီရဲ့ အဆိပ်ဆူးကိုအသုံးပြုပြီး အလင်းတန်းတွေကို ဖယ်ရှားပြစ်ခဲ့တယ်။ နောက်ဆုံးမှာတော့ အလင်းတန်းတွေအားလုံးကို အေးခဲစေရင်း လင်းရွှယ်ကို အနိုင်ယူလိုက်ပါတယ်။ ယဲ့ကန်ရင်ရဲ့ စွမ်းအားစု၀ိညာဥ်အမြောက်ကိုလဲ သူ့ဆီတန်ပြန်ပြီ ထိခိုက်စေခဲ့တယ်။ ဘယ်လိုပဲဖြစ်ပါစေ တိုက်ခိုက်မှုမှာရော ဆုံးဖြတ်ချက်ချနိုင်တဲ့အပေါ်မှာရော သိုင်းပညာ၀ိညာဥ်လက်နက်တွေကို အသုံးပြုနိုင်တဲ့ အနေအထားမှာရော ဟို့ယွိဟောင်က တကယ်ကို ပြစ်ချက်ရှာလို့မရနိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူ့လက်မောင်းကနေ ပြစ်လွှတ်လိုက်တဲ့၀ိညာဥ်အမြောက်ကလဲ ဖန်းယွီကို ပြုံးသွားစေခဲ့ပါတယ်။ ဟို့ယွိဟောင် ဒါကိုပထမဆုံးပြုလုပ်တဲ့အချိန်တုန်းက ဖန်းယွီအနေနဲ့လဲ ၀ိညာဥ်လက်နက်တွေရဲ့ဖန်တီးမှုအပေါ် လုံး၀ အသိအမြင်အသစ်ရသွားစေခဲ့ပါတယ်။ ဒီလိုလက်မောင်းမှာအသုံးပြုတဲ့ ၀ိညာဥ်လက်နက်က တကယ်တမ်းပြောရမယ်ဆိုရင် ရွေ့လျား၀ိညာဥ်လက်နက်တွေရဲ့ ပုံစံအသေးစားလေးပါပဲ။ ဒိုင်းကာကိုအမြန်လေး ပြိုကွဲစေနိုင်တဲ့အချက်ကတော့ အရမ်းကိုရိုးရှင်းပါတယ်။ သူ့အနေနဲ့ ခန္ဓာကိုယ်ရဲ့ ၀ိညာဥ်စွမ်းအားတစ်၀က်ကို သူတို့ဆီ အသုံးချထားလို့ပါ။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး ပြစ်လွှတ်လိုက်ချိန်မှာ ဖျက်ဆီးနိုင်စွမ်းကလဲ ပိုတိုးသွားပါတော့တယ်။ ၀ိညာဥ်အမြောက်တွေကို အသုံးပြုတဲ့အချိန်မှာ အသုံးပြုရတဲ့အမြောက်ဆံကိုလဲ သူက အစားထိုးလိုက်တယ်။ ဒါ့အပြင် သေးငယ်တဲ့အမြောက်ဆံအသေးလေးက ယဲ့ကန်ရင်နဲ့ လင်းရွှယ်တို့ရဲ့လက်မောင်းကို ထိခိုက်သွားတာကြောင့် သူတို့လဲ လက်တွေလှုပ်မရဖြစ်သွားခဲ့ရတာပါပဲ။ ဒါ့အပြင် ပေါက်ကွဲတဲ့ယမ်းမှုန့်တွေက မျက်စိရှေ့မှာ မြူခိုရောင်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီလိုလှုပ်ရှားမှုမျိုးက အပြည့်အ၀အတိအကျ တိုက်ခိုက်မှုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ ဒီအရာကိုဖန်တီးမှုအကြောင်းအရင်းက အရမ်းကိုရိုးရှင်းနေခဲ့ပါတယ်။ ရွေ့လျား၀ိညာဥ်လက်နက်တွေက အင်အားကြီးတဲ့ အမြောက်ခွံကနေပဲ ထုတ်လွှတ်နိုင်တာလား။ အားကောင်းတဲ့တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်ပေမဲ့ သူတို့ရဲ့ ထုတ်လုပ်တဲ့ စရိတ်ကအရမ်းကိုများပြားလွန်လှပါတယ်။ ဒါကိုသာ ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်ပုန်းတွေကို တည်ဆောက်တဲ့နည်းလမ်းနဲ့သာပေါင်းပြီ အသုံးပြုလိုက်မယ်ဆိုရင် ပေါက်ကွဲအားရော တိကျမှုမှာပါ အဆင်ပြေသွားခဲ့မှာပါ။ သူ့အနေနဲ့လဲ စွမ်းအားတိုက်ခိုက်မှုနဲ့ ခန္ဓာကိုယ်တိုက်ခိုက်မှုကိုအတူတူပေါင်းစည်းနိုင်ရင်း မတူညီတဲ့အမြောက်ဆံတွေကို အခြေအနေတစ်ခုထဲမှာအသုံးပြုနိုင်ဖို့ ကူညီပါလိမ့်မယ်။ ဒါကတိုက်ခိုက်မှုတွေအားလုံးကိုပိုပြီး လွယ်ကူစေမှာမဟုတ်လား။

ဒါ့အပြင် ဒီလိုအကျိုးအကြောင်းရှင်းပြချက်က ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်အတွက် အတော်ကို အကျိုးရှိသွားခဲ့ပါတယ်။ ဖန်းယွီအနေနဲ့လဲ ဒီအကြောင်းအရင်းကို အနှစ်သက်ဆုံးဖြစ်ခဲ့သလို ဟို့ယွိဟောင်ကို အဓိကအတွင်းတပည့်သားအဖြစ် ရွေးချယ်စေရတဲ့အကြောင်းရင်းလဲ ဖြစ်စေခဲ့ပါတယ်။ သူက ၀ိညာဥ်လက်နက်တွေ ဖန်တီးတဲ့နေရာမှာ အတော်ကြီးကိုပါရမီရှိလွန်လို့ပါ။

အပိုင်း ၅၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset