အပိုင်း ၅၅•၁
” ၀ိညာဥ်လက်နက်အတတ်ပညာရှင် ဟို့ယွိဟောင်ရဲ့စစ်မှန်တဲ့သန်မာမှု ”
°°°
ဖန်းယွီက ဟို့ယွိဟောင် စစ်မြေပြင်ထဲ၀င်သွားတာကို ကြည့်ရင်း သူ့ရဲ့မျက်လုံးအကြည့်တွေက နူးညံ့လို့နေခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ထူးချွန်တဲ့ တပည့်သားတွေအပေါ် ဆရာတွေရဲ့ မျှော်လင့်ချက်က အမြဲတမ်းကြီးမားနေခဲ့တယ်။ ဆရာကောင်းတစ်ယောက်ရှာဖို့က ခက်ခဲပေမဲ့ ပါရမီရှင်ကျောင်းသားတစ်ယောက်ကို ရှာတွေ့ဖို့ကလဲ မလွယ်ကူလှပါဘူး။ ပါရမီရှိသည်ပဲဖြစ်စေ လုံလောက်၀ီရိယမြင့်မားသည်ပဲဖြစ်စေ တင်းကြပ်တဲ့ဖန်းယွီကတော့ ဒီတပည့်သားကို အတော်လေး စိတ်ကျေနပ်နေခဲ့ပါတယ်။ ဒါ့အပြင် ဟယ့်ချိုက်ထို့ကို သင်ကြားပေးတာ အချိန်အတော်ကြာပြီဖြစ်ပေမဲ့ ဖန်းယွီရဲ့နှလုံးသားထဲမှာ ဟို့ယွိဟောင်ရဲ့အဆင့်က ဟယ့်ချိုက်ထို့ထက်ကို ကျော်လွန်နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့အနာဂတ်အောင်မြင်မှုတွေက ဟယ့်ချိုက်ထို့ထက် အများကြီးသာလွန်နေမှာကို သူသိနေခဲ့ပါတယ်။
” ယဲ့ကန်ရင် ထန်စွေ့ဖုန်း လင်းရွှယ် ”
ဖန်းယွီကနောက်ထပ်ဖြေဆိုရမဲ့ ကျောင်းသားအုပ်စုကို ခေါ်ဆိုလိုက်ပါတော့တယ်…အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးကျောင်းသားတစ်ယောက်က ခပ်မြန်မြန်ထွက်လာရင်း ဖန်းယွီကို ဂါရ၀ပြုပါလိုက်ပါပြီ။
ဖန်းယွီက ပြောလိုက်ပါတယ်။
” မင်းတို့သုံးယောက် အတူတူသွားကြ လက်ရှိအချိန် မင်းတို့လုပ်ဆောင်ရမဲ့ကိစ္စက သူကို အနိုင်ယူဖို့ပဲ အကယ်၍ သူ့ကို အနိုင်ယူနိုင်ပြီဆိုရင် မင်းတို့ရဲ့အဆင့်တက်စာမေးပွဲလဲအောင်ပြီ ဒီတစ်နှစ်စာမေးပွဲအောင်သွားပြီ ”
အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ် ကျောင်းသားသုံးယောက်ကတော့ ဒါပိုကြားချိန်မှာ စိတ်ရှုပ်ထွေးသွားကြပါတော့တယ်။ ယဲ့ကန်ရင်က အရင်ဆုံးပြောလာခဲ့ပါတယ်။
” ဆရာဖန်းယွီ သေချာလို့လား ဒီအတန်းဖော်ကလေးက ”
ဖန်းယွီက မျက်မှောင်ကြုတ်သွားရင်းနဲ့ ပြန်ပြောလိုက်ပါတယ်။
” မင်းငါပြောတာ မကြားဘူးလား ”
ဖန်းယွီက ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ အထူးဆရာတစ်ယောက်ပါ။ ကျောင်းအုပ်နှစ်ယောက်ပြီရင် သူက ဒီဌာနထဲမှာဩဇာအရှိဆုံးပါပဲ။ ကျောင်းသားသုံးယောက်က မျက်လုံးအပြူးသားဖြစ်သွားပေမဲ့ နောက်ထပ် ဘာမှမပြော၀ံ့ကြတော့ပါဘူး။ ချက်ချင်းဆိုသလို စမ်းသပ်ရေးနယ်မြေဆီကို ၀င်ရောက်လို့သွားပါတော့တယ်။ ဒါ့အပြင် သူ့တို့ရဲ့ ၀ိညာဥ်လက်နက်တွေကိုလဲ အပြည့်အ၀တပ်ဆင်ထားလိုက်တယ်။
စောင့်ကြပ်ကြည့်ရှု့ပေးသူကလဲ သံသယမျက်၀န်းတွေနဲ့ ဖန်းယွီကို ကြည့်လာခဲ့ပါတယ်။ ဖန်းယွိီက သူ့အနားကို လျှောက်လာရင်း ခပ်တိုးတိုးပြောပြလိုက်တယ်။
” အဲ့ဒါ ငါ့ရဲ့အမွေခံတပည့်သား သူ့ရဲ့လက်ရှိအစွမ်းအစကို ငါစမ်းသပ်ချင်တယ်..မစိုးရိမ်နဲ့ ဒီလိုလုပ်တာက သင့်တော်တယ်…စလိုက်ကြစို့ ”
” ကောင်းပါပြီ ”
ကြီးကြပ်ရေးမှုကတော့ ဖန်းယွီရဲ့ ဆုံးဖြတ်ချက်ကို ငြင်းခုန်မနေခဲ့ပါဘူး။
” နှစ်ဖက်စလုံး ကိုယ့်ကိုကိုယ် ပြင်ဆင်လိုက်ကြ ”
ဟို့ယွိဟောင်ကတော့ ဖန်းယွီ ကျောင်းသားသုံးယောက်ပို့လွှတ်လာတာကို မြင်ချိန်မှာ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒီအသက်အရွယ်တွေအရ ကျောင်းသားတွေက အနည်းဆုံးတတိယနှစ်ကျောင်းသားတွေ ဖြစ်နေလောက်ပြီ စတုတ္ထနှစ်တောင်ပါနိုင်မှာ သူသိပါတယ်။ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေရဲ့ ကျောင်းသားအစိတ်အပိုင်းတချို့က သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့သူတွေပါပဲ။ ဒါ့အပြင် သူတို့တွေက အဓိကအားဖြင့် အထောက်အပံ့ပေး၀ိညာဥ်ပညာရှင်တွေလို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါကအမျက်ဒေါသကျောင်းတော်ပါ စတုတ္ထ တတိယနှစ်အထိ ကျန်ရစ်နေတဲ့ ကျောင်းသားတွေထဲမှာ အားနည်းတဲ့သူဆိုတာရှိတောင်မရှိပါဘူး။ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ ဆရာက သူ့ကို အတော်လေး ယုံကြည်ချက်မြင့်မားရုံတင်မက ပိုပိုသာသာကြီးကို ယုံကြည်နေလွန်တယ်လို့ တွေးမိသွားခဲ့ပါတယ်။
စိတ်ထဲမှာထိတ်လန့်နေခဲ့ပေမဲ့ နောက်ဆုတ်ဖို့ပုံစံတော့ လုံး၀မရှိခဲ့ပါဘူး။ ကျောင်းသားသုံးယောက်ကို လေ့လာနေရင်းစတင်ပြီ အစီအစဥ်ဆွဲပါတော့တယ်။ ကျောင်းသားသုံးယောက်စလုံးက ၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆင့်အတန်းမှာ သူ့နဲ့အတူတူပါပဲ။
” စတင်ကြမယ် ”
ဆရာရဲ့အော်သံနဲ့အတူ ကျောင်းသားသုံးယောက်စလုံးက တစ်ပြိုင်နက်ထဲ လှုပ်ရှားကြပါတယ်။ သူတို့ရဲ့ခြေထောက်အောက်မှာလဲ ၀ိညာဥ်၀ိညာဥ်စက်ကွင်းတွေက ထွက်ပေါ်လာခဲ့ပါပြီ။ သူတို့ထဲမှာ အကြီးဆုံးဖြစ်တဲ့ ယဲ့ကန်ရင်က အ၀ါရောင်၀ိညာဥ်စက်ကွင်းသုံးကွင်းရှိနေခဲ့ပါတယ်။ ကျန်တဲ့နှစ်ယောက်မှာကတော့ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းဆီ ရှိနေခဲ့တယ်။ သူတို့တွေက လက်တွေကိုချက်ချင်းမြောက်လိုက်ရင်း သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်ပြီ ၀ိညာဥ်လက်နက်တွေကို အသုံးချဖို့ ပြင်ပါတော့တယ်။
လက်ရှိအခြေအနေအရ ဟို့ယွိဟောင်အနေနဲ့ လူသုံးယောက်အဖွဲ့ကို တိုက်ခိုက်ကြမှာပါ။ ဒါ့အပြင် ၀ိညာဥ်အကြီးအကဲတစ်ယောက်ကလဲ ပါ၀င်နေပါသေးတယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ရချိန်မှာ အခွင့်အရေးရှိမလားလို့ သူကိုယ်တိုင်လဲ အံ့ဩနေဆဲပါ။ ဒါ့အပြင် အခုလိုအခြေအနေမျိုးမှာ သူသာအနိုင်ရသွားခဲ့မယ်ဆိုရင်တော့ အတော်ကို အံ့ဩစရာဖြစ်သွားပါလိမ့်မယ်။
လက်ရှိအခြေအနေမှာ အဖြူရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းက သူ့ခြေထောက်အောက်ကနေ ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့ပါပြီ ဒုတိယ၀ိညာဥ်စက်ကွင်းကလဲ စတင်ပြီအလင်းရောင်တွေ ထွက်လာပါတော့တယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က အသံတိတ်လှည့်ပတ်နေရင်း ဝေဝေ၀ါး၀ါးဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူ့ကို ရင်ဆိုင်နေတဲ့ ကျောင်းသားတွေကတော့ ဒါကိုသတိထားမိပုံမရခဲ့ပါဘူး။ ချက်ချင်းဆိုသလို ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ ၁•၅မီတာကျော်ရှည်လျားတဲ့ သတ္ထုပြွန်တစ်ခုက ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်မှာ ပေါ်လာခဲ့ပါပြီ။ ဒီအနက်ရောင်သတ္ထုပြွန်က ကြီးမားတဲ့အဖြူရောင်အလင်းတန်းကို ချက်ချင်းဆိုသလို ပစ်လွှတ်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ရင်ဆိုင်နေရတဲ့ ကျောင်းသားတွေမပြောနဲ့ ကြီးကြပ်ရေးမှုးကိုယ်တိုင်တောင် သူ့ရှေ့မှာရှိနေတဲ့ မြင်ကွင်းကြောင့် တအံ့တဩဖြစ်သွားခဲ့ရပါပြီ။ သူရပ်တန့်ဖို့ပြောတော့မဲ့အချိန်မှာပဲ ဖန်းယွီက သူ့ပုခုံးပေါ်ကို လက်လာတင်ရင်း တားဆီးလိုက်ပါတော့တယ်။
ဒီသတ္ထုပြွန်ကြောင်းကြီးက ဘာကိုပြောချင်တာလဲ ဌာနထဲမှာရှိရှိသမျှ ကျောင်းသားတွေအားလုံး ဒါကိုမြင်ဖူးပါတယ်။ ဒါပေမယ့် ဟယ့်ချိုက်ထို့ကလွဲပြီ ဘယ်သူကမှအဲ့ဒါကို အသုံးမပြုဖူးပါဘူး။ ဒီအရာကရွေ့လျား၀ိညာဥ်အမြောက်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ရွေ့လျားနိုင်တဲ့ ၀ိညာဥ်လက်နက်တွေက သူတို့ရဲ့ကြီးမားပြင်းထန်တဲ့ အစွမ်းကြောင့် ကျော်ကြားခဲ့တာပါ။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားအများကြီးထည့်သွင်းပြီ အသုံးပြုစရာလဲ မလိုအပ်ပါဘူး။ သူ့ကို ထိန်းချုပ်ရတာကတော့ အတော်ကို ခက်ခဲပါတယ်။ ဒါကြောင့်သာ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိနေခဲ့ပြီ ၀ိညာဥ်မဟာပညာရှင်တွေက သူတို့ကို အသုံးပြုနိုင်ဖို့တောင်အတော်ခက်ခဲနေခဲ့တာပါ။ ဒါ့အပြင် ပိုပြီးအရေးကြီးတဲ့ အရာကတော့ ၀ိညာဥ်လက်နက်အမြောက်တွေကို အသုံးပြုတဲ့အခွံက အရမ်းကိုစျေးကြီးလွန်လှပါတယ်။ ဒါ့အပြင် တစ်ချက်ပစ်ဖို့အတွက် ၀ိညာဥ်ရွှေပြားတစ်ရာနီးပါးကုန်ကြပါတယ်။ ကျောင်းတော်အနေနဲ့လဲ ဒီလိုအရာမျိုးကို စာမေးပွဲထဲမှာအသုံးပြုဖို့လောက်အထိ ထောက်ပံ့နိုင်တာမရှိပါဘူး။
ဒါပေမယ့် လူတစ်ယောက်က ၀က်သားကိုဘယ်တုန်းကမှ မစားဖူးရင်တောင် ဘ၀မှာ၀က်ကိုမမြင်ဖူးဘူးဆိုတာကတော့ ဖြစ်နိုင်ချေရှားပါလိမ့်မယ်။ ဒါပေမယ့် ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်မှာရှိနေတဲ့ ကျောင်းသားတွေအားလုံးအနေနဲ့ သူတို့ရဲ့ပထမဆုံးသင်ခန်းစာတွေမှာ ဒီလက်နက်တွေရဲ့အစွမ်းအစကို သင်ကြားကြရပါတယ်။
ဟို့ယွိဟောင် ခန္ဓာကိုယ်မှာပေါ်လာခဲ့တဲ့ ရွေ့လျား၀ိညာဥ်အမြောက်က သူတို့မြင်ဖူးတဲ့၀ိညာဥ်အမြောက်နဲ့ တစ်ပုံစံထဲကို တူညီနေခဲ့ပါတယ်။ ဒါ့အပြင် ဆယ့်မီတာရှည်လျားပြီ သုံးမီတာနက်ရှိုင်းတဲ့ အပေါက်တစ်ပေါက်ဖြစ်ပေါ်လာနိုင်မှန်းလဲ သူတို့ကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။အမြောက်တစ်ခေါက် ပစ်လွှတ်လိုက်တိုင်းမှာ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေတောင်မှ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ခက်ခဲပါလိမ့်မယ်။
ဒါကြောင့် သူတို့သုံးယောက်က အဖြူရောင်အလင်းတန်းပြစ်လွှတ်လာတာကို မြင်ချိန်မှာ ဘယ်လိုလုပ်မျက်လုံးမပြူးပဲနေနိုင်မှာလဲ။ အဖြူရောင်အလင်းတန်းက လုံး၀ခုခံနိုင်မဲ့အရာမဟုတ်ပါဘူး။ ဒါ့အပြင် သူတို့ရဲ့ ရွေ့လျား၀ိညာဥ်ဒိုင်းကာတွေအနေနဲ့လဲ အဲ့ဒါကို ထိတွေ့လိုက်မယ်ဆိုရင် ပျက်စီးသွားနိုင်ပါတယ်။ လက်ရှိအချိန်မှာ ရွေ့လျား၀ိညာဥ်ဒိုင်းကာတွေပေါ်လာတာကို မြင်တောင်မမြင်ရသေးပါဘူး။
လက်ရှိအချိန်မှာ သူတို့လုပ်နိုင်တဲ့တစ်ခုတည်သောအရာက တိုက်ခိုက်မှုတွေအားလုံးကို လက်လျှော့ရင်း ထွက်ပြေးရတော့မှာပါပဲ။ ဒါ့အပြင် အဲ့ဒီလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ပြဿနာကို သူတို့ကောင်းကောင်းသိနေခဲ့ပါတယ်။ လူတစ်ယောက် ချိန်ရွယ်ပြီပစ်ခတ်မှသာ ရရှိနိုင်ပေမဲ့ ရန်သူကို တစ်နေရာထဲမှာ ဖမ်းချုပ်မထားနိုင်တော့ပါဘူး။
သုံးယောက်စလုံးက သုံးနေရာကိုခွဲပြီ ထွက်ပြေးပါတော့တယ်။ ဒီတစ်ကြိမ်မှာ သူတို့ရဲ့စာမေးပွဲအကြောင်းကို အာရုံမစိုက်နိုင်တော့ပါဘူး။ အသက်ကသာပိုပြီးအရေးကြီးနေခဲ့ပါတယ်။
အမြန်ဆုံးကတော့ ထန်စွေ့ဖုန်းက သူ့ရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းတောက်ပလာချိန်မှာ သူ့ရဲ့နောက်ဖက်ကမှာအရိပ်တစ်ရိပ်ကပေါ်လာပါတော့တယ်။ အဲ့ဒီနောက် တစ်ခေါက်ထဲခုန်လိုက်ရုံနဲ့ ဆယ့်မီတာအကွာအဝေးကို ရောက်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ ဒါကိုမြင်ချိန်မှာပြုံးနေခဲ့တယ်။ အထိတ်တလန့်နဲ့ ကြည့်ရှု့နေကြတဲ့ ကျောင်းသားတွေကတော့ ၀ိညာဥ်လက်နက်ရဲ့ အရှိန်အဟုန်က ရုတ်တရက်လေထဲပျောက်ကွယ်သွားတာကို မြင်လိုက်ရပါတော့တယ်။ သူက အေးအေးဆေးဆေးနဲ့ပဲ ထန်စွေ့ဖုန်းနောက်ကို ပြေးလိုက်လာပါတော့တယ်။ အပြာရောင်အလင်းတန်းနှစ်ခုက ဟို့ယွိဟောင်ရဲ့ ခြေချင်း၀တ်မှာပေါ်လာခဲ့ပြီ ထန်စွေ့ဖုန်းရဲ့ အနားကိုအမြန်ဆုံးနည်းနဲ့ ရောက်သွားပါတော့တယ်။
ရုတ်တရက်ဆိုသလို ထန်စွေ့ဖုန်းနဲ့မြေပြင်ပေါ်မှာ ဘောလုံးတစ်လုံးလို ကွေးချလိုက်ပါပြီ။ ၀ိညာဥ်စွမ်းအားကို အဆုံးစွန်းအထိ အသုံးချရင်း အပြာရောင်အလင်းတန်းတွေနဲ့ အလွှာတစ်လွှာကို ခန္ဓာကိုယ်ပေါ်မှာ ဖုံးလွှမ်းလိုက်ပါတယ်။ ဒါကတော့ သူ့ဘာသာသူ ဖန်တီးထားခဲ့တဲ့ ၀ိညာဥ်ဒိုင်းကာတစ်ခုပါ။ ဒါပေမယ့် သူမျှော်လင့်ထားတဲ့ ပေါက်ကွဲမှုက မရောက်ရှိခဲ့ပဲ တအံ့တဩသာ ဖြစ်နေခဲ့ရပါပြီ။ ဒါ့အပြင် အနောက်ဖက်မှာရှိနေခဲ့တဲ့ အရာအားလုံးကလဲ တိတ်ဆိတ်နေခဲ့ပါတယ်။
ထန်စွေ့ဖုန်းက မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။ ဒါတွေဘာကြောင့် ဖြစ်သွားခဲ့ရတာလဲ ဒီတစ်ကြိမ်မှာတော့ သူလဲ ခေါင်းမော့ရင်း ဖြစ်လာမဲ့ကိစ္စတွေကို ကြည့်ဖို့အတွက်လုပ်လိုက်မိပါတော့တယ်။ ဒီလိုလုပ်လိုက်ပြီချိန်မှာပဲ သူ့မျက်စိရှေ့မှာနွေးထွေးတဲ့အပြုံးပိုင်ရှင်ပေါ်လာတာကို ရှာဖွေတွေ့ရှိသွားခဲ့ရပါပြီ။ သူဖန်တီးထားတဲ့ ဒိုင်းကာရဲ့ ခုခံနိုင်စွမ်းက မဆိုးပေမဲ့ ဒီအရာက အဝေးပစ်တိုက်ခိုက်မှုတွေကို ခုခံတဲ့အချိန်မှာ အဓိကသင့်တော်တာပါ။ နောက်တစ်နည်းအရ ပြောရမယ်ဆိုရင် ၀ိညာဥ်စွမ်းအားတစ်ခုထဲကိုသာ ခုခံဖို့အတွက် အဓိကကောင်းမွန်ပါတယ်။ ခန္ဓာကိုယ်ချင်တိုက်ခိုက်မှုတွေအတွက် ခုခံတဲ့နေရာမှာ မကောင်းမွန်ခဲ့ပါဘူး။
ဓားမြောင်တစ်ချောင်းက တိတ်တဆိတ်ရောက်ရှိလို့လာခဲ့ပြီ ထန်စွေ့ဖုန်းရဲ့ ဒိုင်းကာကို ပျက်စီးလို့သွားခဲ့ပါပြီ။ ထန်စွေ့ဖုန်း ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ ဓားသွားက သူ့ရဲ့မျက်လုံးနားရောက်လုမတတ်ဖြစ်နေခဲ့သလို ခေါင်းကိုလဲခပ်ဖွဖွလေး ထိသွားခဲ့ပါတယ်။ အဲ့ဒီနောက် ပြုံးနေတဲ့မျက်နှာက ပျောက်ကွယ်သွားတော့တယ်။
” ထန်စွေ့ဖုန်း ဖယ်ရှားခံရပါပြီ ”
ကြီးကြပ်ရေးမှုးရဲ့အသံက ထွက်ပေါ်လာပါတယ်။ ဟို့ယွိဟောင်ကတော့ သူ့ကိုလုံး၀အပြတ်အသတ် အသာစီးရသွားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆက်တိုက်တိုက်ခိုက်မယ်ဆိုရင် ကျားဖြူဓားအောက်မှာ ထန်စွေ့ဖုန်းအသက်ပျောက်သွားနိုင်ပါတယ်။
ထန်စွေ့ဖုန်း ထုတ်ပယ်ခံရပြီဆိုတဲ့စကားကို ကြားချိန်မှာတော့ သူတို့တွေလဲ လှည့်စားခံရပြီဆိုတာကို တခြားနှစ်ယောက်လဲ သိသွားပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေက ကျောင်းတော်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ခဲ့တဲ့သူတွေပါ။ သူတို့ရဲ့ တိုက်ပွဲတွေ့အကြုံတွေက အတော်ကို ကြွယ်၀ကြပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်အနေနဲ့ သူတို့ကို ဘယ်လိုလှည့်စားသွားလဲဆိုတာ တွေးဖို့အချိန်မရှိကြပါဘူး။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် သူ့က်ို ပြန်တိုက်ခိုက်ဖို့လုပ်လိုက်ကြပါပြီ။
ဟို့ယွိဟောင်ကို တိုက်ခိုက်ဖို့ပြင်ဆင်လိုက်တဲ့၀ိညာဥ်လက်နက်တွေက သူတို့ရဲ့လက်မောင်းတွေပေါ်မှာ ဖြစ်ပေါ်လာပါတော့တယ်။ ပုံစံတွေကလဲ အတူတူပါပဲ။ သူတို့ရဲ့လက်မောင်းတွေပေါ်မှာ ရွှေရောင်သေတ္တာလေးတွေ ရှိနေခဲ့ပြီ အသင်၀င်လာချိန်မှာတော့ သေးငယ်တဲ့ရွှေရောင်ပြွန်တွေကနေ အဖြူရောင်အလင်းတန်းတွေ ထွက်ပေါ်လာပါတော့တယ်။
ဒါကတော့ ၀ိညာဥ်လက်နက်အလင်းရောင်စဥ်လို့ခေါ်တယ်။ အဆင့်နှစ်၀ိညာဥ်လက်နက်တစ်ခုပါ။ ဒါ့အပြင် သူ့ရဲ့ နောက်ကွယ်သဘောတရားကတော့ အသုံးပြုသူရဲ့၀ိညာဥ်စွမ်းအားတွေကို ဖိနှိမ့်လို့ထားခဲ့ပြီ အဓိကဗဟိုချက်ဆီကနေ ချက်ချင်းအပြင်ကိုပစ်လွှတ်ပါတယ်။ ဒါ့အပြင် ဖျက်ဆီးနိုင်စွမ်းကလဲ မြင့်မားတယ်။
ဒီ၀ိညာဥ်လက်နက်တွေအစွမ်းအစကို ရှာဖွေလေ့လာဖို့အတွက် နည်းလမ်းတွေကအများကြီးရှိပါတယ်။ အရေးကြီးဆုံးအချက်ကတော့သူ့ရဲ့တိုက်ခိုက်နိုင်တဲ့အကွာအဝေးနဲ့ ပမာဏအပြင် ဖျက်ဆီးနိုင်တဲ့အစွမ်းအစမြင့်မားတာတွေပါပဲ။ သူ့ရဲ့တိုက်ခိုက်မှုက မီတာတစ်ရာကို ရောက်ရှိလို့နိုင်ပြီ ဖျက်ဆီးနိုင်တဲ့စွမ်းအားကလဲ ၀ိညာဥ်မဟာပညာရှင်တွေနဲ့ ပျဥ်မျှအားဖြင့် ညီမျှပါတယ်။
ယဲ့ကန်ရင်နဲ့ လင်းရွှယ်နှစ်ယောက်စလုံး တစ်ပြိုင်နက်ထဲ လှုပ်ရှားလိုက်ရင်း အလင်းတန်းခြောက်ခုကို ပစ်လွှတ်လိုက်ပါတယ်။ သူတို့တွေက ကောင်းကောင်းမွန်မွန် ပူးပေါင်းနိုင်ပေမဲ့ တိုက်ခိုက်တဲ့ပုံစံတွေကို အတော်လေးရင်းနှီးနေကြတယ်။ မကြာခင်အချိန်အတွင်းမှာပဲ အလင်းတန်းဆယ့်နှစ်ခုက ဟို့ယွိဟောင်ကို တားဆီးလိုက်ပါပြီ။
ဒါပေမယ့် ဒီလိုပြစ်လွှတ်လိုက်ချိန်မှာပဲ တခဏတာ စိတ်ကဗဟာဟင်လင်ဖြစ်သွားတာကို ခံစားမိလိုက်တော့တယ်။ ဒါကြောင့် သူတို့ရဲ့တိုက်ခိုက်မှုတွေက ရည်ရွယ်ထားတဲ့ပစ်မှတ်ကို အနည်းငယ်လွဲချော်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့မီတာသုံးဆယ်အကွာနီးပါးလောက်မှာ သူတို့ရဲ့ တိုက်ခိုက်မှုတွေက ပယ်ပျက်လို့သွားခဲ့ရတယ်။
ဟို့ယွိဟောင်ကလဲ သရဲအရိပ်ခြေရာကို ခပ်မြန်မြန်အသုံးပြုရင်းအလင်းတန်းတွေ မရောက်ရှိနိုင်တဲ့နေရာဆီကို ရောက်သွားခဲ့ပါပြီ။ ဒါကြောင့် သူ့အနေနဲ့လဲ အထိခိုက်မရှိပဲ ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်က သူ့လက်ကိုပြန်မြောက်လိုက်ပါတယ်။ သူလက်ထဲမှာရှိနေခဲ့တဲ့ ၀ိညာဥ်လက်နက်ကလဲ ယဲ့ကန်ရင် လင်းရွှယ်တို့သုံးတာနဲ့ အတူတူပါပဲ။ အနက်ရောင်တွေဖြစ်ပြီ လက်ကောက်၀တ်မှာ သတ္ထုအပိုင်းအစလိုမျိုးအရာတွေ ရှိနေခဲ့တယ်။ ဒီသတ္ထုသေတ္တာတွေက သူ့ကြွက်သားလှုပ်ရှားမှုနဲ့အတူ ပွင့်လာခဲ့တာပါ။ ဒါ့အပြင် သေးငယ်တဲ့ပြွန်လေးတွေကလည် လက်ကောက်၀တ်ကြိုးတွေဆီမှာ ဖြစ်ပေါ်လာပါတော့တယ်။
ယဲ့ကန်ရင်နဲ့ လင်းရွှယ်တို့ကလဲ သူတို့ရဲ့အကာအကွယ်ဒိုင်းကာတွေကို ချက်ချင်းထုတ်လွှတ်လိုက်ပြီ ကိုယ့်ကိိုကိုယ်ခုခံကာကွယ်ဖို့ လုပ်ပါတော့တယ်။ ၀ိညာဥ်လက်နက်တွေက ၀ိညာဥ်အလင်းတန်းပြစ်လွှတ်လိုက်ချိန်မှာ လက်နက်ရဲ့အပူရှိန်ကို ခဏတာထိန်းသိမ်းဖို့အတွက် ကြားထဲမှာကြာချိန်တစ်ခုလိုအပ်ပါတယ်။ ဒါ့အပြင် ဆက်တိုက်လဲ ပစ်ခတ်လို့ မရနိုင်ပါဘူး။
အပိုင်း ၅၅•၁ ပြီး၏။