Switch Mode

Chapter – 54.3

ပင်လယ် နတ်ဘုရား ခန်းမဆောင်က အစည်းအဝေးပွဲ

အပိုင်း ၅၄•၃

” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အစည်းအဝေးပွဲ ”
°°°
ထိုင်ခုံပေါ်မှာလှဲလှောင်နေတဲ့သူက ကျောင်းတော်တစ်ခုလုံးရဲ့ တကယ်အုပ်ချုပ်သူအစစ်အမှန်ဖြစ်တယ်ဆိုတာကို ရှိနေတဲ့သူတိုင်းသိကြမှာပါ။ တစ်ချိန်ထဲမှာပဲ သူက ရှန်လင်းအယ်နဲ့ ရန်ရှောင်ကျဲ့တို့ရဲ့ ဆရာသခင်လဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒီလူကတော့ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ဆရာသခင်ဖြစ်သလို သူ့ရဲ့ စကားတစ်ခွန်းဆီတိုင်းကလဲ ကျောင်းတော်ထဲမှာ အကြွင်းမဲ့အာဏာပါပဲ။ ဒါ့အပြင် တစ်ချက်လွှတ်အမိန့်တော်လဲ ဖြစ်နေခဲ့တယ်။ အကြီးအကဲလင်းနဲ့ အကြီးအကဲရွှမ်တို့လို အိုးမင်းနေတဲ့သူတွေတောင် သူ့ကို တလေးတစားနဲ့ ဦးညွတ်ရမှာပါ။ ဒါ့အပြင် သူ့ရဲ့ဆုံးဖြတ်ချက်ကို အတိတ်အချိန်မှာ ငြင်းပယ်ဝံ့တဲ့သူတစ်ယောက်မှ မရှိခဲ့ပါဘူး။

ရှန်လင်းအယ်က တောင့်မခံနိုင်တော့တဲ့အတွက် ဝင်ပြောလာခဲ့ပါတယ်။

” ဆရာကြီး ကျွန်မတို့ဌာနရော သိုင်းပညာဝိညာဥ်တည်ဆောက်ရေးဌာနရောက သင်ကြားစရာကိစ္စတစ်ခုထက်ပိုပြီးရှိနေခဲ့ပါတယ်…ဒါ့အပြင် အပေါ်ကိုရောက်လာနိုင်ဖို့အတွက် မြင့်မားတဲ့ စွမ်းအားကိုလိုအပ်တယ်..ဌာနနှစ်ခုစလုံးမှာ တစ်ချိန်ထဲသင်ကြားတာက ကျောင်းသားအတွက် ထိခိုက်စရာဖြစ်လာမှာပါ သူ့အနေနဲ့ အသိပညာမှာ ထုံထိုင်မှုလဲ ဖြစ်သွားနိုင်ပါတယ်…ဒါပေမယ့် ပိုပြီးဆိုးနိုင်တဲ့ကိစ္စကတော့ ဘယ်နေရာကိုမှ ပညာရှင်မဖြစ်ပဲ ပါရမီကို အလဟာသဖြစ်သွားစေတာမျိုး ပိုဖြစ်နိုင်တယ် ”

ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ဆရာသခင်ကတော့ ရယ်မောရင်း ပြောလာခဲ့ပါတယ်။

” သူ့အနေနဲ့ ပညာရပ်နှစ်ခုစလုံးကို သင့်တော်အောင်မသင်ကြားနိုင်ဘူးလို့ မင်းဘာကြောင့်များ သေချာနေရတာလဲ တကယ်တမ်းပြောရမယ်ဆိုရင် မင်းတို့အားလုံး အမှားတစ်ခုလုပ်ခဲ့တယ်လေ မင်းတို့အားလုံးတွေးထင်ထားခဲ့တဲ့အရာက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်နဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်နှစ်ခုရဲ့ အခြေခံတွေက တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေကြတယ်လို့ပေါ့ ဒါပေမယ့် မင်းတို့ကို ငါမေးပါရစေလား မင်းတို့ရဲ့ ဌာနတွေအားလုံးက ၀ိညာဥ်စွမ်းအားတွေ မရှိရင်သိုင်းပညာ၀ိညာဥ်တွေမရှိရင် တည်မြဲနေနိုင်မှာလား ဒီဌာနနှစ်ခုရဲ့ ကွာခြားချက်က တစ်စုံတစ်ယောက်ကို တိုက်ခိုက်ခုခံတဲ့ နည်းလမ်းတွေအပေါ်မှာသာ မူတည်နေတယ်…ဒါ့အပြင် မင်းတို့ဌာနနှစ်ခုရဲ့ ကွာခြားချက်က တစ်စုံတစ်ယောက်ကို တိုက်ခိုက်ခုခံတဲ့နည်းလမ်းတွေအပေါ်မှာသာ မူတည်နေတယ်..အခြေခံကတော့ အတူတူပဲလေ ဒါကြောင့် အများကြီးတွေတောဖို့မလိုဘူး ”

” လင်းအယ် အကယ်၍ မင်းသာဟို့ယွိဟောင်ကို ပထမတန်းစား ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာချင်တယ်ဆိုရင် သူ့အနေနဲ့ ပထမတန်းစားသိုင်းပညာ၀ိညာဥ်ပညာရှင်ဖြစ်လာဖို့လိုအပ်တာကိုလဲ နားလည်သင့်တယ်…သူ့မှာလုံလောက်တဲ့၀ိညာဥ်စွမ်းအားမရှိခဲ့ဘူးဆိုရင် သန်မာပြီအားကောင်းတဲ့ ၀ိညာဥ်လက်နက်တွေကို ဘယ်လိုများဖန်တီးနိုင်မှာလဲ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ ၀ိညာဥ်စွမ်းအားက အဆင့်သုံးဆယ်ဖြတ်ကျော်ပြီတဲ့အချိန်မှာ ကျဆင်းသွားနိုင်တယ်..ဒါကလဲ သူ့အနေနဲ့ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်တစ်ခုကို ပိုင်ဆိုင်ထားလို့လေ အကယ်၍ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ကသာ သူ့အတွက် သင့်တော်တဲ့နည်းလမ်းကို မဖန်တီးပေးနိုင်ဘူးဆိုရင် သူ့ရဲ့အောင်မြင်ကြီးထွားမှုက သက်ရောက်မှုရှိလာနိုင်မှာမဟုတ်လား ”

” ရှောင်ကျဲ့မင်းလဲ အတူတူပဲ မင်းမြင်တဲ့အတိုင်း ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်တွေကို ဖန်တီးတဲ့နေရာမှာ အတော်လေးကို ပါရမီရှိတယ်..သူ့အနေနဲ့ အားကောင်းတဲ့ ၀ိညာဥ်လက်နက်ကို ဖန်တီးပြီ ကိုယ့်ကိုကိုယ်လဲ ကာကွယ်နိုင်တယ်…၀ိညာဥ်ပညာရှင်တွေဆိုတာက တစ်နှစ်နှစ်နှစ်ထဲနဲ့ သန်မာလာတာမဟုတ်ဘူး…တစ်ချိန်ထဲမှာပဲ မင်းအနေနဲ့ သူ့ဘေးနားမှာ တစ်ချိန်လုံးရှိမနေနိုင်ဘူးလေ မင်းအန္တရာယ်ကြုံလာရတဲ့အချိန် ကိုယ့်ကိုကိုယ် အားကိုးပြီ အသက်ရှင်သန်ရတာက အ​ကောင်းဆုံးရွေးချယ်မှုပဲ ဒီလိုဖြစ်ပြီဆိုမှတော့ သူ့ကို ၀ိညာဥ်လက်နက်ပညာရှင်တစ်ယောက်ဘာကြောင့်ခွင့်မပြုပေးနိုင်ရမှာလဲ ဒါ့အပြင် ငါတို့ ကျောင်းတော်အနေနဲ့ လက်ရှိအချိန်မှာ လိုအပ်နေတာက ပထမတန်းစား၀ိညာဥ်လက်နက်ပညာရှင် မဟုတ်လား ”

” အခုတော့ ငါဆုံးဖြတ်ပြီးပြီ ဒီကလေးအနေနဲ့ ကျောင်းတော်နှစ်ခုစလုံးမှာ လေ့ကျင့်သင်ကြားရမယ်…ဒါ့အပြင် သူ့ကို အထူးဖြစ်တည်မှုတစ်ခုအဖြစ် ဆက်ဆံရမယ်…ဒီကလေးကို ရွေးချယ်စေဖို့အတွက် ဖိအားမပေးရဘူး…အဲ့ဒီအစား ကျောင်းတော်ထဲမှာ အေးအေးချမ်းချမ်းနဲ့ လေ့ကျင့်နိုင်ဖို့ သက်သောက်သက်သာဖြစ်တဲ့ ပတ်၀န်းကျင်တစ်ခုကို ဖန်တီးပေးရမယ်…မင်းတို့အားလုံးအနေနဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကို လျစ်လျုူရှုထားမိတယ်မဟုတ်လား ဟို့ယွိဟောင်ရဲ့အတွေးတွေက ဘယ်လိုလဲ သူ့ခံစားချက်တွေကကောဘယ်လိုလဲ နောက်ဆုံးတော့လဲ သူက ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ယောက်လေ အကယ်၍ မင်းတို့သာ သူ့ကိုအများကြီးဖိအားပေးမယ်ဆိုရင် သူ့ရဲ့အနာဂတ်တိုးတက်မှုမှာ ရိုက်ခတ်မှုကြီးမားသွားလိမ့်မယ်. ”

” အခုအချိန်မှာ အကောင်းဆုံးလုပ်သင့်တဲ့အရာက ကိစ္စတွေကို ရှိသင့်တဲ့အတိုင်းရှိကြပါစေတော့လား သူ့အနေနဲ့ အရင်အတိုင်းသာ သင်ကြားပါစေ ကျောင်းတော်နှစ်ခုအနေနဲ့လဲ သူ့ကိုတူညီတဲ့ ပြုစုပျိုထောင်မှုပေးရမယ်..အနာဂတ်အတွက်တော့ ငါတို့တွေအလောမကြီးပဲနေကြရတာပေါ့ အကယ်၍ သူသာ ကျောင်းတော်နှစ်ခုစလုံးရဲ့ စမ်းသပ်ချက်တွေကို ပြီးပြည့်စုံအောင် အောင်မြင်ပြီအမှတ်ကောင်းကောင်းရနိုင်မယ်ဆိုရင် ငါတို့အနေနဲ့ ချွင်းချက်မရှိအောင် မိစ္ဆာတစ်ကောင်ကို မွေးထုတ်လေ့ကျင့်ပြီးပြီဆိုရမှတော့ ဒါ့အပြင် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အတွက် ပြီးပြည့်စုံမှုရစေလိမ့်မယ် ”

ခန်းမဆောင်သခင်ရဲ့ ဆုံးဖြတ်ချက်က ရှိနေသူတွေအားလုံးကို ခေါင်းတစ်ညိတ်ညိတ်ဖြစ်လာစေခဲ့ပါတယ်။ သူတို့ရဲ့အခြေအနေတွေကလဲ ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။ ရှန်လင်းအယ်အနေနဲ့ ပြောလာခဲ့ပါတယ်။

” ဆရာ အကယ်၍ ဟို့ယွိဟောင်ရဲ့အဆင့်တွေသာ ကျလာခဲ့ရင်းဘယ်လိုလုပ်မလဲ ”

ခန်းမသခင်က ပြောလာခဲ့ပါတယ်။

” ဒါဆိုရင် ရှင်းရှင်းလေးပဲမဟုတ်ဘူးလား ဒီလိုဖြစ်လာပြီဆိုရင် သူနေချင်တဲ့နေရာ နေပါစေပေါ့ သူအနှစ်သက်ဆုံးဌာနကို သူ့ဘာသာသူ ရွေးချယ်လိမ့်မယ်လေ ဒီလိုဖြစ်လာမယ်ဆိုရင် ငါတို့လဲ ဘာမှလုပ်နေစရာမလိုဘူး..ဒါပေမယ့် အကြီးအကဲရွှမ် အဲ့ဒီကလေးရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်အကြောင်းကို သိပ်ပြီးအလောမကြီးနဲ့ ငါလဲ အတော်လေး သိချင်ပေမဲ့ ဒီကလေးအနေနဲ့ နူးညံ့ကြင်နာပြီ ဆုံးဖြတ်ချက်ခိုင်မာတဲ့နှလုံးသားရှိတယ်ဆိုတာ သေချာပြောနိုင်တယ်…ဒါကြောင့် သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က ဘယ်လိုပဲဖြစ်ပါစေ ငါတို့အနေနဲ့ ဒီလျှို့၀ှက်ချက်ကို တူးဖော်ဖို့မလိုဘူး ”

” ကျွန်တော်နားလည်ပါပြီ ခန်းမသခင် ”

အကြီးအကဲရွှမ်လဲ ခေါင်းညိတ်လိုက်ပါတယ်။ ရန်ရှောင်ကျဲ့နဲ့ ရှန်လင်းအယ်တို့လဲ တစ်ယောက်ကိုတစ်ယောက်သာ ကြည့်လိုက်ပါတော့တယ်။ သူတို့ရဲ့ တင်းမာနေတဲ့အမူအရာတွေကလဲ အတော်လေး လျော့ပါးသွားခဲ့ပါတယ်။ နှစ်ဖက်စလုံးက မတိုးသာမဆုတ်သာအခြေအနေမှာ ရှိနေခဲ့တဲ့အတွက် ဒီရလဒ်က အကောင်းဆုံးဖြစ်သွားစေပါတော့တယ်။

ခန်းမဆောင်သခင်က ပြောလာခဲ့တယ်။

” အကယ်၍ နောက်ထပ် ပြောစရာမရှိတော့ဘူးဆိုရင် ဒီအစည်းအဝေးပွဲကပြီးပြီ ရှောင်ကျဲ့ လင်းအယ် မင်းတို့နှစ်ယောက်အနေနဲ့ အဲ့ဒီကလေးနဲ့နောက်တစ်ကြိမ်ထပ်ပြီ သွားမတွေ့သင့်ဘူး…သူ့ရဲ့အသက်အရွယ်မှာ သူ့ရဲ့နှလုံးသားက ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့အတွက် ရှိနေတာပဲအကောင်းဆုံးဖြစ်ပါလိမ့်မယ်…အပြင်လောကကြီးရဲ့ အာရုံလွဲမှုတွေမရှိလေလေ ပိုကောင်းလေပဲ ”

” ဟုတ်ကဲ့ပါဆရာ ”

ကျောင်းတော်အနေနဲ့ အစည်းအဝေးပွဲကြီးက အားလုံးကို ဖြေရှင်းပြီသား ဖြစ်သွားခဲ့ပါတယ်…ဟို့ယွိဟောင်ရဲ့ကံတရားကလဲ ဆုံးဖြတ်ပြီခဲ့ပါပြီ။

ဟို့ယွိဟောင်အနေနဲ့ ဖန်းယွီဆီကနေ သတင်းကိုရရှိပါတော့တယ်။ ကျောင်းတော်ကတော့ ဟို့ယွိဟောင်အနေနဲ့ ဌာနနှစ်ခုစလုံးရဲ့ အဓိက တပည့်သားအဖြစ် ဆုံးဖြတ်လိုက်ပါပြီ။ ဒါ့အပြင် သူ့အနေနဲ့လဲ ဌာနနှစ်ခုစလုံးရဲ့ အတွင်းတပည့်သားဖြစ်လာတဲ့ ပထမဆုံးသူလဲ ဖြစ်နေခဲ့တယ်။

ရန်ရှောင်ကျဲ့ရဲ့ကတိစကားတွေကိုတော့ သူမပြောတော့ပါဘူး။ ဖန်းယွီအနေနဲ့ ဟို့ယွိဟောင်ကိုဆက်တိုက် လေ့ကျင့်ပြီ ကြိုးကြိုးစားစားလုပ်ဖို့သာ တွန်းအားပေးပါတော့တယ်။ နောက်ဆုံးတော့လဲ အခုအချိန်မှာ သူက အတန်းနှစ်ခုစလုံးကို တက်ရတော့မှာပါ။ ညနေပိုင်း၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေမှာ လေ့ကျင့်ပြီ မနက်ပိုင်းမှာလဲ စာမေးပွဲတွေကို လာဖြေရပါသေးတယ်။

ဟို့ယွိဟောင် ရရှိလာတဲ့ ရလဒ်ကတော့ အားလုံးအတွက် အံ့ဩစရာပါပဲ။ ဒါ့အပြင် သူ့အနေနဲ့ ဘာကိုမှမရွေးချယ်ရတာက အကောင်းဆုံးဖြစ်မှာပါ။

သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ ဒုတိယနှစ်စာမေးပွဲက မပြီးဆုံးသေးပါဘူး။ နှစ်ဖက်စလုံးရဲ့ ကျောင်းသားတွေအနေနဲ့ ကျောင်းသားတစ်ရာကျော်တဲ့အတွက် အချိန်ယူပြီ ဖြည်းဖြည်းချင်း ဖြေဆိုရမှာပါ။

ဟို့ယွိဟောင်ကတော့ ၀မ်သုန့်နဲ့အတူတူ ပျော်ပျော်ကြီးလေ့ကျင့်နေခဲ့ပါတော့တယ်။ တစ်မနက်လုံးလေ့ကျင့်ပြီ နေ့လည်ထမင်းစားချိန်မှသာ တခဏတာနားပါတယ်။ အဲ့ဒီနောက် နေ့လည်ထမင်းစားခေါင်းလောင်းမတိုင်ခင်အချိန်ထိ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေမှာ တည်ဆောက်ရေးကျောင်းတော်မှာသွားပြီ လေ့ကျင့်ကြတယ်။ ဟယ့်ချိုက်ထို့အနေနဲ့လဲ သူ့ကို စမ်းသပ်ရေးနယ်မြေရဲ့ ဂိတ်ပေါက်၀မှာစောင့်နေတာမြင်လိုက်ရပါတယ်။

” ဆရာတူအစ်ကိုကြီးဟယ့် ”

ဟို့ယွိဟောင်လဲ ဟယ့်ချိုက်ထို့ရပ်နေတဲ့ နေရာကို ခပ်မြန်မြန်ပြေးသွားရင်း နှုတ်ဆက်တော့တယ်။

ဟယ့်ချိုက်ထို့ကတော့ ရယ်မောရင်း ဟို့ယွိဟောင်ကိုဖက်ပြီနောက်တစ်ကြိမ် လေထဲမှာ ​လွှင့်နေပြန်ပါပြီ။

” ယွိဟောင် ကျောင်းတော်ရဲ့စာမေးပွဲမှာရော ကျောင်းတော်မှာရော အဓိကလူဖြစ်လာတယ်လို့ ငါကြားမိတယ်..ကျောင်းအုပ်တွေတောင် မင်းအတွက် တိုက်ခိုက်ကြတယ်ဆိုပဲ ကောင်းလိုက်တာမဆိုးဘူး ”

” ဆရာတူအစ်ကိုကြီး ဒါဘယ်လိုလုပ်သိရတာလဲ ”

” ဆရာက ငါ့ကိုပြောပြတယ်လေ ဒါပေမယ့်ငါဘယ်သူကိုမှ သွားပြောပြလို့မရဘူးပေါ့ ”

ဟို့ယွိဟောင်အနေနဲ့လဲ စိတ်အေးလက်အေးဖြစ်သွားပါတော့တယ်။ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို တခြားသူတွေဆီ မသိစေချင်ပါဘူး။ ဒီလိုသာသိသွားမယ်ဆိုရင် သူ့အနေနဲ့ အပြင်နယ်မြေမှာ အခြေအနေမကောင်းနိုင်တာအမှန်ပါ။ ဒါ့အပြင် သူလိုချင်တဲ့ အေးအေးဆေးဆေးလေ့ကျင့်မှုကလဲ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

” လာပါအထဲသွားရအောင် ဆရာပြောထားတဲ့ ငါတို့တွေ မင်းရဲ့၀ိညာဥ်လက်နက်ကျောင်းတော် စစ်ဆေးပွဲကို စတင်မယ်တဲ့…အဆင်သင့်ဖြစ်ပြီလား ”

ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ကို ပုခုံးကနေ ဆွဲသွားရင်းပြောလိုက်ပါတယ်။

” အစ်ကိုကြီး ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ အဆင့်တက်တဲ့စာမေးပွဲဆိုတာက ဘာကြီးလဲ ”

ဟယ့်ချိုက်ထို့က ပြန်ဖြေလာခဲ့တယ်။

” တိုက်ပွဲပဲပေါ့ ငါတို့အနေနဲ့ ဒါကိုတစ်ဖက်ကျောင်းတော်နဲ့ သဘောတူထားပြီသား တကယ်တိုက်ပွဲတွေကသာ ငါ့ရဲ့စွမ်းရည်တွေကို ဖော်ပြပေးနိုင်လိမ့်မယ်..ဒါ့အပြင် ဆရာတွေလဲ အားလုံးကို ပြင်ဆင်ထားပြီးပြီ အသေးစိတ်ကိုတော့ ငါလဲသေချာမသိဘူး ”

သူတို့ပြောပြီရင်းနဲ့ စမ်းသပ်ရေးနယ်မြေ ဆယ့်နှစ်ဆီကိုရောက်ရှိလာပါတော့တယ်။ ဒီနယ်မြေကတော့ အရင်လိုပဲ အေးအေးဆေးဆေးမရှိပါဘူး။ ကျောင်းသားအယောက်နှစ်ဆယ့်နီးပါးက စောင့်နေခဲ့ကြပါတယ်။ အားလုံးကလဲ ဟယ့်ချိုက်ထို့လို ပုံစံတွေကြီးပါပဲ။ အသက်ဆယ့်လေးနှစ်အရွယ်ရှိနေရုံတင်မက တချို့တွေကတော့ ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်တွေကြီး ပါနေခဲ့တယ်။

စမ်းသပ်ရေးနယ်မြေရဲ့အတွင်းထဲမှာကတော့ လက်ရှိအချိန် ကျောင်းသားနှစ်ယောက်က တိုက်ပွဲထဲမှာ ရှိနေခဲ့ပါတယ်။

သူတို့ရဲ့စာမေးပွဲက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်နဲ့ လုံး၀မတူညီပါဘူး။ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ အဓိကစာမေးပွဲစစ်တဲ့ပုံစံက ၀ိညာဥ်လက်နက်တွေကိုအသုံးချတဲ့အပေါ် မူတည်ပါတယ်။ ကျောင်းသားတွေရဲ့ ခန္ဓာကိုယ်အပေါ်မှာလဲ တောက်ပတဲ့အလင်းတန်းတွေ ဖုံးလွှမ်းလို့ထားခဲ့ပြီ ခုခံရေးပစ္စည်းတစ်ခုခုနဲ့ တူညီနေသလိုပါပဲ။ ဒါ့အပြင် တိုက်ခိုက်နေတဲ့ နှစ်ဖက်ကလဲ ဒီအလင်းတန်းတွေကို အသုံးပြုကြပါတယ်။ များပြားတဲ့အလင်းလုံးတွေ ဆက်တိုက်ဆိုသလို လင်းလက်နေတာက အောက်ဖက်မှာရှိတဲ့ ကျောင်းသားတွေကိုတောင် မျက်စိကျိန်စေခဲ့တယ်။

လက်ရှိအချိန် ဟို့ယွိဟောင်က မသိနားမလည်တဲ့ လူငယ်လေးတစ်ယောက်မဟုတ်တော့ပါဘူး။ ဒါ့အပြင် အလင်းလုံးတွေ အားလုံးက ၀ိညာဥ်လက်နက်တွေဆိုတာ သူသိနေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီလက်နက်တွေက ရွေ့လျားလို့ရတဲ့ ၀ိညာဥ်ဒိုင်းကာတွေပါ။ ခုခံရေးလက်နက်တွေဖြစ်သလို အဝေးကနေလဲ ထိန်းချုပ်လို့ရပါတယ်။ ဒါကိုထိန်းချုပ်နိုင်ဖို့အတွက် အနည်းဆုံးအဆင့်လေးရှိတဲ့ ၀ိညာဥ်ပညာရှင်ရှိနေခဲ့ရမှာပါ။ ဒါ့အပြင် ကျောင်းသားတွေအောင်မြင်နိုင်တဲ့ တစ်စုံတစ်ရာလဲမဟုတ်ပါဘူး။ ဒီ၀ိညာဥ်လက်နက်တွေ ပြုလုပ်တဲ့ပုံစံကလဲ အတော်လေးကို ထင်ရှားပါတယ်။ ကျောင်းသားတွေခုခံနေတဲ့ အချိန်မှာ ဒီလက်နက်တွေအနေနဲ့ ရောက်လာမဲ့တိုက်ခိုက်မှုတွေအားလုံးကို ကာကွယ်နိုင်ဖို့ ကူညီပေးထားတယ်။ ဒါ့အပြင် ကျောင်းသားတွေအားလုံး လုံလုံခြုံခြုံဖြစ်နေအောင်ကို သူတို့က အာမခံချက်ပေးတာပါ။

ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်တို့၀င်သွားချိန်မှာ ကျောင်းသားနှစ်ယောက်ရဲ့ ပြိုင်ပွဲကအရမ်းအရေးကြီးတဲ့ အခြေအနေကို ရောက်နေခဲ့ပါပြီ။ ကောင်းကင်ပေါ်မှာ အလင်းတန်းတွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုလိုက်ပေမဲ့ တိုက်ပွဲအဆုံးသတ်သွားတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး။

ဘယ်ဘက်မှာရှိတဲ့ ကျောင်းသားရဲ့ဒိုင်းကာကဖျက်ဆီးပြိုကွဲသွားပြီ အလင်းတန်းတွေက ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်သွားပါတော့တယ်။ ဒိုင်းကာကသူ့ရှေ့မှာ ချက်ချင်းပေါ်လာပြီ သူ့ကို တခြားကျောင်းသားတွေရဲ့ တိုက်ခိုက်မှုမရနိုင်အောင် တားဆီးလိုက်တယ်။

” စစ်ဖန်းက မော့ခက်ကို အနိုင်ယူသွားပြီ သူ့ရဲ့အမှတ်က တစ်မှတ်တိုးတယ် ”

ဘေးမှာရပ်နေတဲ့ဆရာက မှတ်ချက်ပြုလိုက်ပါတယ်။

” နောက်တစ်ဖွဲ့ ”

ဆရာက နောက်တစ်ဖွဲ့ကို တိုက်ခိုက်ဖို့အတွက် အမိန့်ပေးလိုက်ပါတယ်။

” ခဏလောက် စောင့်ဦး ”

ဖန်းယွီရဲ့အသံထွက်ပေါ်လို့လာတော့တယ်။ သူက တခြားနယ်မြေတစ်ခုကနေ ရောက်လာတာပါ။

” ယွိဟောင် ဒီကိုလာခဲ့ မင်းက နောက်တစ်ယောက်ပဲ ”

အစောပိုင်းတုန်းက ထိန်းချုပ်နေတဲ့လက်နက်ကို ကိုင်ဆောင်ထားသူကသူပါ။ ဒါပေမယ့် သူ့အနေနဲ့ အချိန်တိုအတွင်းမှာ တိကျခိုင်မာတဲ့ တွက်ချက်မှုတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ဆက်တိုက်ဆိုသလို ဒိုင်းကာတွေအများကြီးကိုလဲ ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါကြောင့်သာ ကျောင်းသားတွေအားလုံးကိုလဲ အဖက်ဖက်ကနေ ကြည့်နေနိုင်ခဲ့တာပါ။

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်း အမြန်ပြေးသွားပါတော့တယ်။ ဒီတစ်ကြိမ်မှာ စာမေးပွဲဖြေဖို့ လုပ်နေခဲ့တဲ့ ကျောင်းသားတွေအားလုံးလဲ ဟို့ယွိဟောင်ကို မြင်လိုက်ရပါတော့တယ်။ သူ့ကို မြင်ချိန်မှာတော့ အံ့ဩသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက ဖန်းယွီရဲ့အမြဲတမ်းလိုလိုသင်ကြားနေတဲ့ ကျောင်းသားဖြစ်နေခဲ့လို့ပါပဲ။ သူ့ကို ပထမဆုံးမြင်ရတာလဲ ဖြစ်နေခဲ့တယ်။ ဒီကလေးက ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်သာ ရှိသေးတာပါ။ ပြောရမယ်ဆိုရင် သူတို့အတန်းရဲ့ကျောင်းသားလဲ မဟုတ်ပါဘူး။ ဘာကြောင့် ဆရာက သူ့ကိုစာမေးပွဲဖြေခိုင်းနေတာလဲ။

ဖန်းယွီက ပြောလိုက်ပါတယ်။

” ဒီစာမေးပွဲက အရမ်းရိုးရှင်းတယ်..မင်းအနေနဲ့တိုက်ခိုက်ဖို့ပဲ ဒါ့အပြင် လူတိုင်းက သူတို့ရဲ့ ၀ိညာဥ်လက်နက်တွေကို ထုတ်သုံးပြီ ဆရာတွေကလဲ ဆက်တိုက်ဆိုသလို လေ့လာနေရတယ်…ပြောရမယ်ဆိုရင် ဒါတွေအားလုံးကို ငါကိုယ်တိုင်တပ်ဆင်ထားတာလေ မင်းအနေနဲ့ မင်းရဲ့ပြိုင်ဘက်ရဲ့ အတားအဆီးကို ဖျက်ဆီးနိုင်မယ်ဆိုရင် အနိုင်ရပြီ ငါကဒီရွေ့လျားတဲ့ဒိုင်းကာတွေကို အသုံးပြုရင်း လူတိုင်းကိုကာကွယ်နေတာ ”

ဟို့ယွိဟောင်အနေနဲ့ တခဏတာ စဥ်းစားရင်းမေးလိုက်ပါတယ်။

” ဆရာကျွန်တော်အနေနဲ့ ဒီအရာတွေရဲ့ကာကွယ်မှုမရှိပဲ တိုက်ခိုက်လို့ရနိုင်မလား ”

ဖန်းယွီလဲ အံ့ဩသွားပါတယ်။

” သေချာပေါက် တကယ်တိုက်ပွဲကြီးဖြစ်လာပြီဆိုမှတော့ ဒိုင်းကာတွေက ကျွန်တော်ရဲ့လှုပ်ရှားမှုတွေကို အတားအဆီးဖြစ်နိုင်ပါတယ်…ဒါ့အပြင် ကျွန်တော်အနေနဲ့ ပြိုင်ဘက်ကို ဒဏ်ရာမရစေရဘူးလို့လဲ သေချာပေါက် အာမခံနိုင်တယ်. ”

” မင်းရဲ့ကိုယ်ပိုင်လုံခြုံစိတ်ချမှုအတွက်ကော ”

ဟို့ယွိဟောင်က ဒါကိုကြားချိန်မှာ တွေတွေဝေဝေနဲ့ ပြန်မေးမိလိုက်ပါတယ်။

” ဆရာ ကျွန်တော်အစွမ်းအစကို ကျွန်တော်ယုံကြည်ချက်အပြည့်ရှိတယ်.”

ဖန်းယွီလဲ ပြုံးပြရင်း ပြောလိုက်ပါတယ်။

” ကောင်းပြီလေ ဒီလိုဖြစ်ပြီဆိုမှတော့ မင်းလုပ်ချင်တဲ့အတိုင်းလုပ်တာပေါ့ အကယ်၍ တိုက်ခိုက်မှုကို မကာကွယ်နိုင်တော့ဘူးဆိုရင် အကူအညီတောင်းဖို့ မမေ့ပါနဲ့ မင်းရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ဆိုရင် သေချာပေါက် လုပ်နိုင်မှာပါ ကောင်းပြီ အခုတော့ဆက်ပြီး စမ်းသပ်ရအောင် ”

” ဟုတ်ကဲ့ဆရာ ”

ဟို့ယွိဟောင်လဲ စမ်းသပ်ရေးနယ်မြေထဲကို ၀င်သွားခဲ့ပါပြီ။ သူလုပ်လိုက်တဲ့အချိန်မှာပဲ သူကိုယ်တိုင်တည်ဆောက်ထားတဲ့ ၀ိညာဥ်လက်နက်ကို စတင်ပြီ ထိန်းညှိလိုက်တော့တယ်။

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်ရဲ့ ရင်ဘတ်မှာရှိနေခဲ့တဲ့ ဒုတ်ိယအဆင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆိုတဲ့ အဆောင်အယောင်ကို တွေ့မြင်သွားပါတော့တယ်။ ဒါတကယ်ကြီးလား ဒီကလေးက တကယ်ပဲအဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်လား။

အပိုင်း ၅၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset