Switch Mode

Chapter – 54.2

ပင်လယ် နတ်ဘုရား ခန်းမဆောင်က အစည်းအဝေးပွဲ

အပိုင်း ၅၄•၂

” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အစည်းအဝေးပွဲ ”
•••

အကြီးအကဲရွှမ်က နောက်ဆုံးမှာပြောလာခဲ့ပါတော့တယ်။ သူစကားမပြောခင် အရင်ဆုံးလည်ချောင်းရှင်းလိုက်တယ်။

” မင်းတို့နှစ်ယောက်စလုံးရဲ့ စိတ်သဘောတွေကို ငါနားလည်ပါတယ်…ဟို့ယွိဟောင်ဆိုတဲ့ကျောင်းသားကို ငါအရင်တုန်းက လေ့လာကြည့်ခဲ့ဖူးတယ်..အဲ့ဒီအချိန်မှာ သူ့ရဲ့ဆယ့်နှစ်ဝိညာဥ်စက်ကွင်းကြောင့် သိုင်းပညာဝိညာဥ်အသက်မွေးဝမ်းကြောင်းအနေနဲ့ အဓိက တပည့်သားဖြစ်မလာချင်သလို သူ့ကိုလဲ မလိုချင်ခဲ့ဘူး..ဒါ့အပြင် အနာဂတ်မှာ သူ့ရဲ့သိုင်းပညာဝိညာဥ်က မျက်လုံးဖြစ်နေခဲ့တဲ့အတွက် ထပ်ပြီးတိုးတက်ဖို့လဲ ခက်ခဲလိမ့်မယ်…ဒါကြောင့် အဆုံးစွန်းအထိ အလားအလာကောင်းဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပဲ ခန္ဓာကိုယ်ဝိညာဥ်တစ်ခု ဖြစ်နေခဲ့ပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က ငါလေ့လာကြည့်ပြီးပြီ သူ့ရဲ့ခန္ဓာကိုယ်အခြေအနေမှာ ခန္ဓာကိုယ်၀ိညာဥ်ဒုတိယနိုးထမှုက အရမ်းကိုအခွင့်အရေးနည်းပါးတယ် ”

” ဒါ့အပြင် ခန္ဓာကိုယ်ဝိညာဥ်တွေရဲ့ တည်ရှိမှုနေရာက ပိုအရေးကြီးလေလေ ပိုပြီး အားကောင်းလေပဲ ဒါမျိုးက ဒုတိယနိုးထမှုဖြစ်ပြီတဲ့ အချိန်မှသာ အသုံးဝင်နိုင်မှာ ခန္ဓာကိုယ်ဝိညာဥ်တွေရဲ့ တည်ရှိမှုနေရာက ဒုတိယနိုးထမှုဖြစ်ဖို့အတွက်လဲ အခွင့်အရေးကို ဖန်တီးပေးနိုင်တယ်…မျက်လုံးတွေဆိုတာက စိတ်ဝိညာဥ်တွေရဲ့ပြတင်းပေါက်တွေပဲ အသန်မာဆုံးစိတ်ဝိညာဥ်အမျိုးအစား သိုင်းပညာဝိညာဥ်တွေထဲကတစ်ခုဖြစ်တယ်..ဒါကြောင့် ဒုတိယအကြိမ် နိုးထဖို့က ခက်ခဲမယ်…အဲ့ဒီလိုမျိုး အခြေအနေမျိုးကို ခန္ဓာကိုယ်မျိုးနွယ်စုထဲမှာတောင် ငါမကြားဖူးဘူး ဒါကြောင့် ငါအနေနဲ့ သူ့ရဲ့ဒုတိယသိုင်းပညာဝိညာဥ်က ခန္ဓာကိုယ်ဝိညာဥ်နဲ့လုံး၀မသက်ဆိုင်ဘူးလို့ အာမခံနိုင်တယ် ”

” ဒါကတကယ်ထူးဆန်းတာပဲ သူ့ရဲ့ဒုတိယသိုင်းပညာဝိညာဥ်က ဘယ်ကနေလာတာလဲ ငါတို့အနေနဲ့ နည်းနည်းလောက် တူးဖော်ကြည့်ရင်းမကောင်းဘူးလား ”

ဘေးမှာထိုင်နေခဲ့တဲ့ အကြီးအကဲလင်းက ပြောလာခဲ့ပါတယ်။

” အကြီးအကဲရွှမ် မင်းက စကားလမ်းကြောင်းလွဲဖို့ ကြိုးစားနေသလိုဖြစ်နေပြီ ငါတို့အနေနဲ့ ဒီကလေးရဲ့ကိစ္စကို နောက်မှစဥ်းစားကြည့်လို့ရတယ်..လက်ရှိအခြေအနေက ကလေးရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ပဲ ”

အကြီးအကဲရွှမ်က ရယ်မောလိုက်ပါတယ်။

” သူ့အတွက်က သေချာပေါက် သိုင်းပညာဝိညာဥ်တည်ဆောက်ရေးနယ်မြေမှာ နေရင်းကောင်းမှာပေါ့ ဒါပေမယ့် သူ့ရဲ့ဒုတိယသိုင်းပညာဝိညာဥ်ဘယ်ကနေလာသည်ဖြစ်စေ အဆုံးစွန်းဓာတ်သဘောသဘာ၀တစ်ခုဖြစ်နေတယ်…ဒါကြောင့် သိုင်းပညာဝိညာဥ်တည်ဆောက်ရေးနယ်မြေမှာနေတာက သူ့အတွက်အကောင်းဆုံးပဲ ငါတို့အနေနဲ့ ဒီလိုဝိညာဥ်ပညာရှင်မျိုးကို လေ့ကျင့်ပေးတာက အကောင်းဆုံးဖြစ်လိမ့်မယ်…လူတချို့လဲ လိုအပ်နေသေးတယ်လေ ”

အကြီးအကဲလင်းက ခေါင်းခါလိုက်ပါတယ်။

” ဒါက မသင့်တော်ဘူး ချင်းသောသောပြောတာတွေအားလုံးက အဓိပ္ပါယ်ရှိတယ်…ဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်အနေနဲ့ တကယ်လိုအပ်နေတာပါရမီရှင်ပဲ အဲ့ဒီကလေးက သူတို့ရဲ့အဓိကအတွင်းတပည့်သားဖြစ်ပြီးနေပြီ ဒီလိုမျိုး အပြောင်းအလဲလုပ်တာက ကျောင်းတော်ရဲ့နည်းလမ်းတွေနဲ့ မကိုက်ညီသလို စည်းမျဥ်းတွေကိုလဲ ချိူးဖောက်ရာရောက်တယ် ”

အကြီးအကဲရွှမ်က ​ပြောလာခဲ့ပါတယ်။

” စည်းကမ်းတွေကို မလိုက်တာကရော ဘာဖြစ်လဲ ငါမင်းကို မေးပါရစေလား ဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်က သူတို့ကျောင်းသားတွေကို ဘယ်ကနေသွားပြီတော့ ခေါ်ရတာလဲ အနည်းဆုံးတော့ သိုင်းပညာဝိညာဥ်အသက်မွေးဝမ်းကြောင်းက တတိယနှစ်ကျောင်းသားတွေကိုပဲ စပြီခေါ်ရတာပဲလေ ဟို့ယွိဟောင်က ဘယ်လိုလဲ သူက ဒုတိယနှစ်ကိုအခုမှစရောက်တာလေ စည်းမျဥ်းဖောက်တာက တစ်ဖက်လူတွေအရင်မဟုတ်ဘူးလား ”

ရန်ရှောင်ကျဲ့က ပျော်သွားပါတယ်။ သူ့ဘာသာသူ တွေးနေခဲ့မိတယ်။ လူအိုကြီးတွေက လူငယ်တွေထက်ပိုပြီး အတွေ့အကြုံကြွယ်၀တယ်။ အကယ်၍ အကြီးအကဲရွှမ်သာ ပုံမှန်အနေအထားမှာ သောက်စားနေမယ်ဆိုရင် ဒီလိုအရေးကြီးကိစ္စမျိုးမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ပါဘူး။

အကြီးအကဲလင်းရဲ့ ဘေးမှာထိုင်နေတဲ့အကြီးအကဲက ခေါင်းခါလိုက်ပါတယ်။

” အကြီးအကဲရွှမ် မင်းပြောနေတဲ့ကိစ္စတွေက ဘာအဓိပ္ပါယ်မှမရှိဘူး..ငါကဝိညာဥ်လက်နက်အတတ်ပညာရှင်တွေကို မင်းထက်ပိုနားလည်တယ်…ရှစ်လတာအတွင်း အဆင့်နှစ်ဝိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာနိုင်တဲ့သူဆိုတာ ငါ့ဘ၀မှာကြားဖူးတာ ပထမဆုံးအကြိမ်ပဲ နေလနိုင်ငံတော်မှာတောင် ဒီလောက်ပါရမီရှိတဲ့ကျောင်းသားမျိုးမရှိမှာကို ငါစိုးရိမ်မိတယ်…ဒါ့အပြင် ငါတို့အားလုံးက ပြိုင်ဘင်ကင်းစစ်သည်တော်အစီအစဥ်ကို အစည်းအဝေးပွဲမှာ အတည်ပြုထားပြီးသား ရှန်လင်းအယ်နဲ့ ချင်းသောသောတို့နှစ်ယောက်စလုံးကလဲ ဒီအစီအစဥ်ကို ကြိုးစားပြီအကောင်အထည်ဖော်ဖို့လုပ်နေခဲ့တာကြောင့် ငါတို့တွေလဲ သူတို့ကို ကူညီပေးသင့်တယ်..ဒါ့အပြင် အဲ့ဒီကျောင်းသားက ငါတို့ကျောင်းတော်ထဲမှာ ဆက်ပြီနေဦးမှာပဲ ဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်အနေနဲ့ သူ့ကို အဆုံးစွန်းအထိ တိုးတက်အောင်လုပ်ပေးနိုင်တယ် ”

” အဲ့ဒီလိုတူညီတဲ့အကျိုးရလဒ်ရနိုင်မှာလား ဘယ်လိုလုပ်တူညီနိုင်မှာလဲ သူ့ကို ဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်မှာထားတာက သူ့ရဲ့ပါရမီကို လုံး၀အလဟာသဖြစ်စေမိမယ် ”

ရှန်လင်းအယ်က ဒေါသတကြီးနဲ့ ထရပ်ပြီပြောပါတော့တယ်။

” အကြီးအကဲရွှမ် သူ့ကိုငါတို့ကျောင်းမှာထားတာက အလဟာသဖြစ်စေမယ်ဟုတ်လား သိုင်းပညာဝိညာဥ်တည်ဆောက်ရေးနယ်ပယ်က ဒါကိုပဲ ထပ်ခါထပ်ခါထပ်ခါ လာပြောနေတယ်..သူတို့တွေက အဆုံးစွန်းအစွမ်းထက်တဲ့ သိုင်းပညာဝိညာဥ်ရှိတဲ့ ပညာရှင်တွေကို လေ့ကျင့်ပေးတဲ့နေရာမှာ အရမ်းအတွေ့အကြုံရှိနေတယ်ပေါ့ ဒါပေမယ့် ငါမှတ်မိသလောက်အရဆိုရင် ဟို့ယွိဟောင်က ရေခဲအမျိုးအစားအဆုံးစွန်းရောက် သိုင်းပညာဝိညာဥ်ဒါမျိုးကို ကိုင်တွယ်မွေးမြူးတဲ့နေရာမှာ ရှင်တို့အတွေ့အကြုံရှိကြလား ဒါ့အပြင် ရှင်က အကြီးအကဲတစ်ယောက်ပါ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးကျောင်းတော်ကို ဘာဖြစ်လို့အဲ့ဒီလောက် မျက်နှာသာပေးနေတာလဲ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးကျောင်းတော်ကိုသာ အဲ့ဒီလောက် အလေးပေးချင်တယ်ဆိုရင် ငါတို့ဝိညာဥ်ကျောင်းတော်တည်ရှိနေတာက ဘာများအဓိပ္ပါယ်ရှိနေဦးမှာလဲ ”

အကြီးအကဲရွှမ်လဲ ဒေါသထွက်လာပါတော့တယ်။

” ကောင်မလေး ငါက ဝိညာဥ်ပညာရှင်တွေအတွက် အဓိကအရေးပါတဲ့ သိုင်းပညာဝိညာဥ်အကြောင်းတွေကို ​ပြောနေတာ ဒါ့အပြင် ငါတို့ကျောင်းတော်ရဲ့ အဓိက အရင်းအမြစ်လဲဒါပဲလေ ဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကလဲ တကယ်အရေးကြီးတာမှန်တယ်…ငါအနေနဲ့ ဒီကိစ္စမှာ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးကျောင်းတော်ကိုဆက်ပြီ မကူညီစေချင်ဘူး…ဒါ့ကြောင့် ငါတို့ဘာလို့လုပ်ရမှာလဲသိလား ရှောင်ကျဲ့ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးကျောင်းတော်က အဓိကအတွင်းတပည့်သားဆယ့်ယောက်ကို ရွေးချယ်ပြီ လင်းအယ်ကို အပြောင်းအလဲအနေနဲ့ သုံးယောက်ရွေးချယ်ခိုင်းလိုက် ဒါဆိုရင် အဆင်ပြေသွားလိမ့်မယ် ”

ရန်ရှောင်ကျဲ့မျက်လုံးတွေကလဲ တောက်ပသွားပါတယ်။ ဟုတ်ပါတယ် ဒါက ကောင်းမွန်တဲ့အစီအစဥ်ပါပဲ မင်းတို့ဆီမှာ ပါရမီရှင်တွေ နည်းနေတာမဟုတ်ဘူးလား ငါ့ဆီမှာရှိတဲ့ပါရမီရှင်တွေနဲ့ မင်းကိုဖွတ်သတ်ပြစ်လို့ရတယ်။

ဒါပေမယ့် သူချက်ချင်းဆိုသလို ဝင်ပြောပါတော့တယ်။

” ဒါက ပြဿနာမဟုတ်ဘူး ကျွန်တော်တို့အနေနဲ့ အဓိအတွင်းတပည့်သားငါးယောက်ကို ဟို့ယွိဟောင်တစ်ယောက်ထဲနဲ့ လဲမယ်ဆိုရင်ကော ဘယ်လိုလဲ ဒါဆိုရင် အရမ်းကိုကောင်းသွားမယ်လေ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးကျောင်းတော်အနေနဲ့လဲ ဒီနှစ်တွေမှာ ဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကို အထောက်အပံ့မပေးတာ အတော်နည်းနေပြီမဟုတ်လား ကျောင်းအုပ်ရှန်နဲ့ ကျောင်းအုပ်ချင်း ငါတို့တွေက ဌာနတွေမတူဘူးပေမဲ့ တူညီတဲ့ရည်မှန်းချက်တွေရှိတယ်…ဒါကြောင့် ကျောင်းတော်ရဲ့အင်အားကို တိုးတက်စေဖို့အတွက် မင်းတို့နှစ်ယောက်ကို ငါအခုအချိန်ကစပြီ ကတိပေးပါတယ်..ငါတို့ကျောင်းတော်အနေနဲ့ တတိယနှစ်မရောက်မချင် အဓိကတပည့်သားတွေကို မရွေးချယ်တော့ဘူး..တတိယနှစ်ရောက်ပြီချိန်မှသာ မင်းတို့နဲ့အတူတူ ရွေးချယ်မယ်..ကျောင်းသားတွေအားလုံး သူတို့လေ့ကျင့်ချင်တဲ့အနာဂတ်လမ်းကို ရွေးချယ်ခွင့်ပြုမယ်..ဒီလိုနည်းနဲ့ သိုင်းပညာဝိညာဥ်ကျောင်းတော်ရော ဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရော ဆယ့်နှစ်အတွင်းမှာတင် အများကြီးဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်မဟုတ်လား ”

ရန်ရှောင်ကျဲ့ရဲ့စကားတွေကို ကြားပြီချိန်မှာပဲ ရှန်လင်းအယ်နဲ့ ချင်းသောသောတို့ရဲ့ အမူအရာတွေက ပြန်နူးညံ့သွားပါတော့တယ်။ ကောက်ကျစ်တဲ့သူက အကျိုးအမြတ်ရှိတဲ့ ဆုံးဖြတ်ချက်တွေကို အမှန်တကယ်ပြုလုပ်နိုင်မှန်း သူတို့တွေ လက်ခံရပါပြီ။ ဒါ့အပြင် အနာဂတ်အထိပါ အကျိုးအမြတ်ရှိနိုင်မဲ့ ကိစ္စကိုသူ့ကတိပေးနေခဲ့တာပါ။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်အပေါ် သူ့ရဲ့စိတ်ဆုံးဖြတ်ချက်ကိုလဲ ဖော်ပြနေခဲ့ပါတယ်။ ချင်းသောသောက ပိုက်ဆံမှာသာ အဓိကကပ်စီးနည်းတာပါ ဒါပေမယ့် ရန်ရှောင်ကျဲ့ကတော့ ပါရမီရှင်တွေကို အရမ်းကပ်စီးနည်းပါတယ်။ သူ့အနေနဲ့ ပါရမီရှင်တွေကို သူ့အသက်တမျှ မွေးမြူးပြီပြုစုပျိုးထောင်တာပါ။

ပထမထိုင်ခုံမှာထိုင်နေခဲ့တဲ့ အကြီးအကဲလင်းက ရှန်လင်းအယ်ဘက်ကို လှည့်သွားပါတော့တယ်။

” လင်းအယ် မင်းဘယ်လိုထင်လဲ ”

ရှန်လင်းအယ်က စဥ်းစားနေခဲ့ပါတယ်။ ဒါပေမယ့် ချင်းသောသောက ချက်ချင်းထရပ်လိုက်တယ်။

” ကျောင်းအုပ်ရန် ကျောင်းအုပ်ချိုက် အကြီးအကဲတို့ ကျွန်တော်အနေနဲ့ ကျွန်တော်ရဲ့လက်ထောက်ကျောင်းအုပ်နေရာကို ကိုယ်စားပြုပြီး ပြောဆိုဝံ့ပါတယ်..ကျွန်တော်တစ်ယောက်ထဲနဲ့ဆိုရင် ဒီကမ်းလှမ်းချက်ကို လက်မခံနိုင်ပါဘူး..မြင်းကောင်းတွေ ဘယ်လိုပဲများပါစေ မိုင်တစ်ထောင်ပြေးနိုင်တဲ့မြင်းကို မယှဥ်နိုင်တာအမှန်ပါ ဒါ့အပြင် ပါရမီရှင်တွေအများကြီး ကျွန်တော်တို့ဌာနကို ပေးရင်တောင် ဟို့ယွိဟောင်လိုမျိုး ကျွန်တော်တို့ကို တိုးတက်စည်ပင်အောင်လုပ်ပေးနိုင်မဲ့သူမျိုးက မရှိပါဘူး…တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့မှာရော ပါရမီရှင်တွေရှားနေလို့လား ကျွန်တော်ရဲ့လက်ရှိဆုံးဖြတ်ချက်က လူတစ်ယောက်ထဲအပေါ်မှာ ရှိရှိသမျှ အရင်းအမြစ်တွေအားလုံးကို ထည့်သွင်းပြီ မြေတောင်မြောက်ပေးဖို့ပါ ကျောင်းအုပ်ရန်ရဲ့ စိတ်ကောင်းစေတနာကို ကျွန်တော်တကယ်ကျေးဇူးတင်မိပါတယ်…ဒါပေမယ့် ကျွန်တော်အနေနဲ့ကတော့ ဟို့ယွိဟောင်ကိုဆက်ပြီ ထိန်းသိမ်းထားနိုင်ဖို့အတွက် ဆန္ဒရှိပါတယ်”

ရှန်လင်းအယ်ကလဲ ဒီစကားကိုကြားပြီချိန်မှာ ထရပ်လိုက်ပါတယ်။

” ကျောင်းအုပ်ချင်းရဲ့စကားတွေကို ကျွန်မလဲသဘောတူပါတယ်..ကျွန်မတို့အနေနဲ့ ဒီလိုအလှယ်အလယ်ကို လက်မခံနိုင်ပါဘူး..ကျွန်မတို့ရဲ့ အဓိကအတွင်းတပည့်သားဖြစ်နေခဲ့ပါပြီ ဒါကြောင့် လုံး၀လက်မလျှော့နိုင်ပါဘူး ”

ရန်ရှောင်ကျဲ့ရဲ့ အမူအရာက ပိုလို့မည်းမှောင်သွားပါတော့တယ်။ သူအများကြီး လက်လျှော့ပြီနေတာတောင် ရှန်လင်းအယ်နဲ့ ချင်းသောသောတို့က လုံး၀မပေးချင်ပါဘူး။ သူ့နှလုံးသားကတော့ ဒေါသမီးတွေနဲ့ တောက်လောင်နေခဲ့ပါတယ်။

” သိုင်းပညာဝိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ကျောင်းအုပ်အနေနဲ့ ငါရဲ့ရပ်တည်ချက်ကိုလဲ အခိုင်အမာပြောကြားပါ့မယ်..နှစ်ပေါင်းတစ်ထောင်မှာတောင် တစ်ခေါက်မပေါ်ထွန်းတဲ့ အဆုံးမဲ့ရေခဲစွမ်းအင်နဲ့ ဝိညာဥ်ပညာရှင်တစ်ယောက်ကို လုံး၀လက်မလျှော့နိုင်ပါဘူး…ဟို့ယွိဟောင်ကို ရဖို့အတွက်လုံး၀စိတ်ဆုံးဖြတ်ချက်ထားပါတယ်..အကယ်၍ ဒီကိစ္စကို ဒီမှာအဆုံးသတ်ပြီဆိုရင် နောက်ဆုံးဆုံးဖြတ်ချက်အတွက် မဲခွဲရအောင် ”

အခုအချိန်ထိ စကားမပြောသေးတဲ့ အမျိုးသမီးက ဖြည်းဖြည်းချင်းချင်း လက်မြောက်ရင်းပြောလာခဲ့ပါတယ်။

” ကျောင်းအုပ်ရန်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်..အဆုံးစွန်းရေခဲစွမ်းအင်ပိုင်ဆိုင်ထားသူက ကျွန်မတို့ကျောင်းတော်မှာ နေသင့်တယ် ”

ဒါကတော့ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်ဖြစ်သူ ချိုက်မိန်အယ်ပါပဲ။ သူကပုံမှန်အားဖြင့် အတွင်းနယ်မြေထဲမှာသာ အေးအေးဆေးဆေးနေတဲ့သူတစ်ယောက်ပါ။ နှစ်ဖက်စလုံးက လုံး၀လက်မလျှော့ချင်ကြတဲ့အတွက် အကြီးအကဲတွေကလဲ အတော်လေးကို ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေခဲ့ပါတယ်။ ဒီကိစ္စဘယ်လိုပဲဆုံးဖြတ်ပါစေ တစ်ဖက်ကတော့ မကျေမနပ်ဖြစ်မှာပါ။ ဒါ့အပြင် ကြီးမားတဲ့ပဠိပက္ခလဲ ဖြစ်လာနိုင်ပါတယ်။ သူတို့ရဲ့ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးဌာနမှာက အပြည့်အ၀အားသားချက်ရှိနေပြီ ဖြစ်ပေမယ့် ဝိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကလဲ ကျောင်းတော်မှာအစားထိုးလို့မရတဲ့နေရာပါ။ အကယ်၍ တစ်ဖက်ဖက်ကသာအဆိုးဆုံးကြုံရမယ်ဆိုရင် တိုးတက်မှုမှာလဲ ပြဿနာတက်နိုင်ပါတယ်။ ဒါ့အပြင် ပါရမီရှင်အနေနဲ့ကလဲ ပြဿနာတက်လာမှာပါ။ ဒါကြောင့် အကြီးအကဲတွေကလဲ သူ့ရဲ့အပြုအမူကို အတော်လေးဂရုစိုက်နေခဲ့ပါတယ်။ ဘယ်သူကမှ သူတို့ရဲ့ရပ်တည်ချက်ကို ထုတ်မပြော၀ံ့ပါဘူး။

” မင်းတို့အားလုံးထိုင်လိုက်ကြတော့ ”

နွေးထွေးနူးညံ့တဲ့အသံက ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ဒီအသံကိုကြားပြီချိန်မှာ ရန်စောင်းနေကြတဲ့နှစ်ဖက်စလုံးကလဲ တည်ငြိမ်လို့သွားပါတော့တယ်။ သူတို့တွေ တလေးတစားနဲ့ပြန်ထိုင်လိုက်ကြတယ်။

နူးညံ့နွေးထွေးတဲ့အသံက ထူးမခြားနားလေသံနဲ့သာ ပြောလာခဲ့ပါတယ်။

” မင်းတို့ရဲ့အကျိုးအကြောင်းတွေကို ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီ ဒါပေမယ့် မင်းတို့အားလုံး ဖြစ်နိုင်ချေတစ်ခုတွေးပြီးပြီလား ငါမင်းတို့ကို မေးပါရစေ ငါတို့ကျောင်းတော်စတင်တည်ထောင်အချိန်မှာ ငါတို့ရဲ့အဓိက ရည်ရွယ်ချက်ကဘာလဲ ”

” ပါရမီရှိတဲ့ ဝိညာဥ်ပညာရှင်တွေ မိစ္ဆာတွေကို မွေးမြူးရမယ်…ကျောင်းတော်အနေနဲ့ မိစ္ဆာတွေကိုသာ လေ့ကျင့်ပေးတယ်..သာမန်လူတွေကို လေ့ကျင့်မပေးဘူး ”

ရန်ရှောင်ကျဲ့က တလေးတစားနဲ့ ပြန်ဖြေလိုက်ပါတယ်။ တစ်ဖက်အသံကလဲ ပြန်ဖြေလာခဲ့တယ်။

” အမှန်ပဲ ငါတို့အနေနဲ့ မိစ္ဆာတွေကို လေ့ကျင့်ပေးတယ်..သာမန်လူတွေကို လေ့ကျင့်မပေးဘူး…ဒီလိုဖြစ်ပြီဆိုမှတော့ ငါတို့အနေနဲ့ ဘာကြောင့်များ ပိုရဲရင့်လိုက်ပြီ တကယ်မိစ္ဆာတစ်ကောင်ကို လေ့ကျင့်ပေးဖို့ ဘာလို့မဖြစ်နိုင်ရမှာလဲ ဒီဟို့ယွိဟောင်ဆိုတဲ့ကလေးက ပါရမီရှင်ရှိတဲ့ ကလေးတစ်ယောက်အဖြစ် လိုအပ်ချက်တွေအကုန်လုံးကို ပြည့်မီနေတယ်..သူက မိဘမဲ့တစ်ယောက် ဒီလိုကြောင့် သူ့အနေနဲ့အနာဂတ်မှာ ဘယ်နိုင်ငံတော်နဲ့မှ ချိတ်ဆက်နေမှာမဟုတ်ဘူး….တစ်ချိန်ထဲမှာပဲ သူက ကျောင်းတော်ထဲမှာပဲဆက်ပြီ ရှိနေလိမ့်မယ်…ချင်းသောသော ”

” ကျွန်တော်ရှိပါတယ် ”

ချင်းသောသောက ခပ်မြန်မြန်ထရပ်လိုက်ရင်း ​ပြောလာခဲ့တယ်။

” ကျွန်တော်ရှိပါတယ် အကြီးအကဲမု ”

တစ်ဖက်အသံက ဆက်ပြီးပြောတယ်။

” ငါမင်းကို ဒါမေးမယ်..လွန်ခဲ့တဲ့ရှစ်လတာအချိန်မှာ ဟို့ယွိဟောင်အနေနဲ့ ဝိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့ လေ့ကျင့်ရင်းသိုင်းပညာဝိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ လေ့ကျင့်မှုတွေကို အနှောင့်အယှက်ဖြစ်ခဲ့တဲ့အချိန်ရှိလား ”

” တစ်ခါဆိုတစ်ခါမှ မရှိခဲ့ဖူးပါဘူး ”

ချင်းသောသောက ပြန်ဖြေလိုက်တယ်။

” ဟို့ယွိဟောင်က ဖန်းယွီနဲ့ညတိုင်း လေးနာရီတိတိ လေ့ကျင့်ပါတယ်…ဒါကြောင့်သာ ကျွန်တော်သူ့ကို ပါရမီရှင်လို့ ခေါ်ဆိုရတာပါ သူ့အနေနဲ့ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးကျောင်းတော်မှာ ဆက်တိုက်လေ့ကျင့်သင်ကြားနေတာတောင် ရှစ်လတာအချိန်အတွင်းနဲ့ အဆင့်နှစ်ဝိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာခဲ့ပါတယ် ”

” ကောင်းပြီ ဒါဆိုရင် မင်းတို့အားလုံးကို ငါမေးစရာရှိတယ်…ဟို့ယွိဟောင်အနေနဲ့ အဆင့်နှစ်ဝိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာတဲ့ကာလတစ်လျှောက်မှာ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးကျောင်းတော်အတွင်း သူ့ရဲ့ သင်ကြားမှုတွေက အနှောင့်အယှက်ဖြစ်သွားခဲ့လား သူ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက လျော့ကျသွားလား ”

ရန်ရှောင်ကျဲ့က ပြန်ဖြေလာခဲ့ပါတယ်။

” မဖြစ်ခဲ့ပါဘူး သူ့ရဲ့ဒုတိယသိုင်းပညာဝိညာဥ်နိုးထလာပြီတဲ့အချိန်မှာ ကျွန်တော်အနေနဲ့ လှုပ်ရှားမှုတစ်ခုလုပ်ခဲ့ပါတယ်..သူ့ရဲ့သိုင်းပညာဝိညာဥ်က အဆင့်နှစ်ဆယ့်ငါးဝန်းကျင်မှာ ရှိတယ်..ဒါကိုလဲ ကျွန်တော်လေ့လာစုံစမ်းပြီသားပါ ဒီကလေးအနေနဲ့ ပထမဆုံးကျောင်းတော်ကို ဝင်ရောက်ချိန်မှာ အဆင့်ဆယ့်သုံးသာရှိခဲ့ပါတယ်..ဒါပေမယ့် တစ်နှစ်တာအချိန်အတွင်းမှာ အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်ပြီ တိုးတက်နိုင်ခဲ့ပါပြီ သူ့အနေနဲ့ အတွင်းပါရမီရော ကံကောင်းမှုရော နှစ်ခုစလုံးက ကျွန်တော်တို့ထက် အများကြီးသာလွန်နေပါတယ်…ဒါကြောင့် ဆရာရဲ့တပည့်ကျွန်တော်တွေးမိတာက သူ့အနေနဲ့ ကျွန်တော်တို့ဌာနမှာ နေဖို့ဆိုတာ ပိုသင့်တော်မယ်ဆိုတာပါပဲ ဒါ့အပြင် အကယ်၍ သူ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက အဆင့်သုံးဆယ်ရောက်ပြီ နှေးကွေးသွားမယ်ဆိုရင်တော့ ဒီလိုပါရမီမျိုးနဲ့ သိပ်ပြီ သက်ရောက်မှုရှိမှာမဟုတ်ပါဘူး ”

နွေးထွေးနူးညံ့တဲ့အသံက ရုတ်တရက်ရယ်မောလိုက်ပါတယ်။ သူ့ရဲ့ရယ်သံက ခြောက်ကပ်အက်ကွဲသွားခဲ့ပါပြီ။

” မင်းတို့က မျက်စိရှေ့လေးမှာတင် စိတ်ရှုပ်ထွေးနေကြတာပဲ ဒီကလေးအနေနဲ့ သင်ကြားမှုမှာ တစ်ချက်လေးတောင် မပျက်ကွက်စေပဲ ဌာနနှစ်ခုမှာတစ်ပြိုင်နက်ထဲ သင်ကြားနိုင်ပြီဆိုမှတော့ သူ့အနေနဲ့ ပါရမီရှိတာထက်ကို ပိုနေပြီမဟုတ်လား မင်းတို့တွေ ဘာလို့တိုက်ခိုက်နေမှာလဲ သူ့ကိုနှစ်ခုစလုံးမှာ တစ်ပြိုင်နက်ထဲ သင်ကြားခိုင်းလိုက်လေ ဒါဆိုရင် အဆင်ပြေသွားမှာမဟုတ်လား ”

ရန်ရှောင်ကျဲ့ ချိုက်မိန်အယ် ရှန်လင်းအယ် ချင်းသောသောတို့အားလုံးလဲ မျက်လုံးအပြူးသားဖြစ်ကုန်ပါတော့တယ်။

အပိုင်း ၅၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset