အပိုင်း ၅၄•၁
” ပင်လယ်နတ်ဘုရားခန်းမဆောင်က အစည်းအဝေးပွဲ ”
°°°
ဒါပေါ့ ဒီနေရာကြီးထဲမှာ ရတနာတွေများလွန်တာကြောင့် သူခိုးတွေကိုလဲ ဆွဲဆောင်နိုင်ပါတယ်။ သူတို့ကိုယ်သူတို့ အရမ်းမြင့်မြင့်မားမားတွေးပြီ အထင်ကြီးနေတဲ့ပညာရှင်တွေက ရေကန်ထဲကနေတစ်ဆင့် ကျွန်းဆီကို ကျူးကျော်ဝင်ရောက်လာရင်း ရတနာတွေကို ခိုးယူဖို့အတွက် မျှော်လင့်ခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျွန်းပေါ်ကိုရောက်ပြီတာနဲ့ ပြန်ထွက်လို့ရနိုင်တာမျိုးမရှိခဲ့ပါဘူး။
ကျွန်းပေါ်မှာတော့ အရေးကြီးအချိန်တိုင်း အစည်းအဝေးပွဲကြီးတွေကို ကျင်းပပါတယ်။ ဒါ့အပြင် အဲ့ဒီအစည်းအဝေးပွဲကြီးတွေက ကျောင်းတော်ရဲ့အရေးကြီးဆုံးကိစ္စတွေကြီးပါပဲ။ ကျောင်းအုပ်တွေ လက်ထောက်ကျောင်းအုပ်တွေနဲ့ ဒီဘိုးဘေးခန်းမရဲ့ နယ်မြေခံအကြီးအကဲတွေသာ အစည်းအဝေးပွဲမှာ ပါဝင်ဖို့အတွက် ခွင့်ပြုချက်ရှိပါတယ်။ ဒါ့အပြင် အရေးကြီးကိစ္စတွေကိုလဲ တစ်ပြိုင်နက်ထဲဖြေရှင်းတာပါ။
ကျောင်းအုပ်နဲ့ လက်ထောက်ကျောင်းအုပ်တွေကလဲဒီအစည်းအဝေးပွဲတွေမှာ တစ်ယောက်ကိုတစ်မဲပြောခွင့်ရှိပါတယ်။ လက်ရှိအချိန် ကြီးမားတဲ့ခန်းမကြီးဆောင်ကြီးက လုံး၀ကို တိတ်ဆိတ်နေခဲ့ပါပြီ။ ခန်းမဆောင်ကြီးထဲမှာ လူဆယ့်ယောက်က ဘဲဥပုံစားပွဲကြီးတစ်လျှောက်ထိုင်နေခဲ့ပါတယ်။ အတွင်းအကျဆုံးနေရာမှာကတော့ ထိုင်ခုံတွေရဲ့အားလုံးခေါင်းဆောင်ရှိနေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီနေရာမှာ အလင်းက အရမ်းကို မှိန်ဖျော့လွန်လှပြီ လှဲလှောင်နေပုံရတဲ့လူတစ်ယောက်ကိုသာ မြင်ရမှာပါ။ ထိုင်နေတဲ့လူဆယ့်ယောက်နဲ့ယှဥ်လိုက်မယ်ဆိုရင် သူ့ပုံစံက ပုံမှန်မဟုတ်ခဲ့ပါဘူး။
ရှန်လင်းအယ်နဲ့ ချင်းသောသောတို့ကတော့ ရှည်လျားတဲ့စားပွဲကြီးရဲ့ညာဘက်မှာထိုင်နေခဲ့ပြီ အဆုံးသတ်မှာတော့ ရန်ရှောင်ကျဲ့နဲ့ အသက်ငါးဆယ်အရွယ်အမျိုးသမီးတစ်ယောက် ရှိနေခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးက ငယ်ရွယ်စဥ်အချိန်မှာ အရမ်းကိုလှပပုံပါပဲ။ သူတို့နှစ်ယောက်စလုံးက အမျိုးသမီးတွေဖြစ်နေခဲ့ပေမဲ့ သူက ရှန်လင်းအယ်ကိုတစ်ချက်တောင် လှည့်မကြည့်ပါဘူး။ အဲ့ဒီအစား ရန်ရှောင်ကျဲ့ရဲ့ဘေးမှာသာထိုင်ရင်း အရမ်းကိုတည်တည်ကြည်ကြည်နဲ့ ရှိနေခဲ့ပါတယ်။ ချင်းသောသောနဲ့ သူတို့က မျက်နှာချင်ဆိုင်မှာ ထိုင်နေခဲ့တာပါ။
သူတို့လေးယောက်အပြင် စားပွဲရဲ့အရှေ့နားမှာထိုင်နေတဲ့ လူခြောက်ယောက်ထပ်ရှိပါသေးတယ်။ အားလုံးကလဲ အကြီးအကဲတွေပါပဲ တစ်ယောက်ချင်းဆီတိုင်းက အတော်ကို အိုမင်းကြပြီ ဆံပင်တွေလဲဖြူနေခဲ့ပါပြီ။ ပုံစံတွေကတော့ မတူညီခဲ့ပါဘူး။ သူတို့တွေကတော့ တစ်ယောက်ကိုတစ်ယောက် ထွင်းဖောက်မြင်နေရတဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။
ရှန်လင်းအယ် ချင်းသောသော ရန်ရှောင်ကျဲ့နဲ့ အသက်ငါးဆယ်အမျိုးသမီးတို့ကတော့ ပြိုင်ဆိုင်တဲ့ပုံစံလဲရှိနေခဲ့ပါတယ်။ အကြီးအကဲတွေအားလုံးကတော့ သက်သောက်သက်သာအေးဆေးပါပဲ။ လက်ရှိအချိန် ရှိနေခဲ့တဲ့သူတွေထဲမှာ ဝမ်ယန် ဖိတ်ခေါ်ခဲ့တဲ့အကြီးအကဲရွှမ်လဲ ရှိနေခဲ့တယ်။ သူက လှဲလှောင်နေသူရဲ့ညာဘက်မှာ အဓိကထိုင်နေခဲ့တာပါ။ သူ့အနေနဲ့ ရန်ရှောင်ကျဲ့နေရာရဲ့ပထမဆုံးနေရာမှာထိုင်နေခဲ့တာပါပဲ။
ဒီတစ်ကြိမ်မှာ အကြီးအကဲရွှမ်ကလဲ သူပုံမှန်အတိုင်း အစားအသောက်နဲ့ ဝိုင်ကို မပြတ်ယူလာခဲ့ပါတယ်။ သူကြည့်ရတာ စားလိုက်သောက်လိုက် အေးအေးဆေးဆေးပါပဲ။
” အားလုံးရောက်နေကြပြီဆိုတော့ အစည်းအဝေးကိုစလိုက်ကြရအောင် ရှောင်ကျဲ့ စတင်ပါ ”
ညင်းသာတဲ့အသံက ထွက်ပေါ်လာပါပြီ။ ဒီအသံက လူတိုင်းရဲ့ဝိညာဥ်တွေနဲ့ စိတ်တွေကို ကြည်လင်သန့်ရှင်းသွားစေပါတယ်။ ပြောလိုက်သူရဲ့အသက်အရွယ်ကိုလဲ ခန့်မှန်းလို့မရနိုင်ခဲ့ပါဘူး။ ဒီအသံကတော့ လှဲလှောင်နေတဲ့သူဆီကနေ ရောက်လာတာပါ အဲ့ဒီလူကတော့ အမှောင်ထဲမှာရှိနေခဲ့ပါတယ်။
” ဟုတ်ကဲ့ပါဆရာ ”
ရန်ရှောင်ကျဲ့က မတ်တပ်ရပ်ပြီ ဦးညွတ်လိုက်ပါတယ်။
အပြင်ကလူသာ ဒီလိုခေါ်ဝေါ်တဲ့အသံကို ကြားမယ်ဆိုရင် ထခုန်မိမတတ်လန့်သွားကြရမှာ အမှန်ပါပဲ။ ရန်ရှောင်ကျဲ့က အသက်ခြောက်ဆယ့်အရွယ်လောက်သာရှိသေးတယ်လို့ထင်ရပေမဲ့ တကယ်တော့ အသက်ကိုးဆယ်ကျော်နေပါပြီ။ ဒါ့အပြင် သူ့ဆရာကလဲ အသက်ရှင်လျက်အကောင်းမွန်ကတိကြီးအတိုင်းပါပဲ။ ဒီသတင်းက ကြောက်စရာကောင်းလွန်တာအမှန်ပါ။
ကြည်လင်နူးညံ့တဲ့အသံကိုကြားချိန်မှာ အကြီးအကဲရွှမ်လဲ သူစားနေသောက်နေတာတွေကို ရပ်လိုက်ပါတော့တယ်။ သူရဲ့ဆီပေနေတဲ့လက်တွေကို အင်္ကျီမှာ ခပ်မြန်မြန်သုတ်လိုက်ရင်း ခါးကိုမတ်မတ်ထိုင်လိုက်တယ်။
တခြားအကြီးအကဲတွေအားလုံးကလဲ သင့်တော်အောင်ပြင်ဆင်ပြီ ထိုင်လိုက်ကြပါပြီ။ အားလုံးကအဆင်သင့်ပြင်လိုက်ကြပေမဲ့ လှဲလှောင်နေတဲ့သူကတော့ လှဲလှောင်နေဆဲပါပဲ။
ရန်ရှောင်ကျဲ့က အရှေ့မှာရှိနေတဲ့အကြီးအကဲကို ကြည့်ရင်းပြောလာခဲ့ပါတယ်။
” ဆရာနဲ့ ခန်းမဆောင်အကြီးအကဲတို့ လင်းအယ်နဲ့ ကျွန်တော်တင်အားလုံးကို စုဝေးလိုက်ရပြီ အစည်းအဝေးပွဲလုပ်ခဲ့ရတဲ့ ကိစ္စကတော့ ကျွန်တော်တို့ကျောင်းတော်တစ်ခုလုံး နောက်နှစ်ပေါင်းရာနဲ့ချီတဲ့အထိ ဆက်ပြီးစည်ပင်တိုးတက်စေမလား မတိုးတက်စေနိုင်ဘူးလားဆိုတာကို ဆုံးဖြတ်ရမဲ့ကိစ္စပါ ”
” ဗန်း ”
ရှန်လင်းအယ်ရဲ့ စားပွဲခုံကိုရိုက်တဲ့အသံက ထွက်ပေါ်လာပါတော့တယ်။
” သွယ်ဝိုက်ပြီပြောမနေနဲ့ ရန်ရှောင်ကျဲ့လူတွေကို ခြောက်လန့်ဖို့လဲ လုပ်မနေနဲ့ ရှင်းရှင်းလင်းလင်းပြော ”
အကြီးအကဲတွေအနေနဲ့ သူမဒီလိုစားပွဲအရိုက်ချခံလိုက်ရတာကို မြင်ချိန်မှာချက်ချင်းဆိုသလို လန့်သွားပါတော့တယ်။ သူတို့ရဲ့အကြည့်ကလဲ ထူးဆန်းလို့သွားခဲ့တယ်။ ညာဘက်မှာရှိနေတဲ့အမျိုးသမီးကလဲ ပြောလာခဲ့ပါပြီ။
” လင်းအယ် ဒါကအစည်းအဝေးပွဲနော် မင်းဒီလိုဆူဆူပူပူလုပ်မယ်ဆိုရင် ထွက်သွားလိုက် ”
ရှန်လင်းအယ်လဲ ဒါကိုကြားချိန်မှာ အမူအရာပြောင်းသွားခဲ့ပါတယ်။ သူမ ဘာမှထပ်မပြောတော့ပါဘူး။
အမျိုးသမီးကြီးရဲ့ ဆံပင်တွေက နှင်းလိုဖြူဖွေးနေခဲ့ပေမဲ့ သူ့မျက်နှာပေါ်မှာအရေကြောင်းတွေက အများကြီးမရှိခဲ့ပါဘူး။ နူးညံ့တဲ့အလင်းတန်းတွက သူ့မျက်လုံးထဲမှာ ဖြတ်ပြေးနေခဲ့ပါတော့တယ်။ သူမက အရမ်းကို ကျက်သရေရှိတဲ့အဘွားတစ်ယောက်လိုပါပဲ။ အဲ့ဒီနောက် ရန်ရှောင်ကျဲ့ဘက်ကို လှည့်ပြီ ပြုံးပြလိုက်ရင်း ဆက်ပြောခိုင်းတယ်။
” ရှောင်ကျဲ့ဆက်ပြောပါ ”
“ဟုတ်ကဲ့ပါ အကြီးအကဲလင်း ”
ရန်ရှောင်ကျဲ့အနေနဲ့ ရှန်လင်းအယ်ဘက်ကိုလှည့်ကြည့်ရင်း တစ်နည်းတစ်ဖုံတောင်းပန်လိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ဆုံးဖြတ်ချက်ခိုင်မာတဲ့အကြည့်က ပိုလို့တောက်ပလာခဲ့ပါပြီ။ သိုင်းပညာဝိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ ကျောင်းအုပ်အနေနဲ့ ခံစားချက်တွေကို လုံး၀အဆုံးအဖြတ်ဆီ မသက်ရောက်စေနိုင်ပါဘူး။
ရှန်လင်းအယ်အနေနဲ့လဲ သူ့ကိုမကြည့်ဖို့မျက်နှာလွဲထားပါတယ်။ ရန်ရှောင်ကျဲ့က အသံကိုနှိမ့်လိုက်ရင်း ဆက်ပြောတယ်။
” ခန်းမဆောင်အကြီးအကဲတို့ ဒီကိစ္စကတော့ အဲ့ဒီလိုပါ ”
အမှန်တရားကို မဖုံးကွယ်ထားပဲ သူပြောလိုက်ပါတယ်။ ပထမဆုံးအနေနဲ့ ချင်းသောသော လောင်းကြေးထပ်ခဲ့တာကစပြီ ဟို့ယွိဟောင်ရဲ့ လှုပ်ရှားမှုတွေအားလုံးကို အသေးစိတ်ကအစ သူပြောပါတယ်။
” အဲ့ဒီကျောင်းတော်သားအနေနဲ့ အားလပ်ရက်ကနေ ပြန်လာပြီတဲ့နောက် သူ့မှာဒုတိယသိုင်းပညာဝိညာဥ်ရှိလာရုံတင်မက အဲ့ဒီသိုင်းပညာဝိညာဥ်ကလဲ အဆုံးမဲ့အားကောင်းတဲ့သိုင်းပညာဝိညာဥ်ဖြစ်နေခဲ့ပါတယ်။ ပထမဝိညာဥ်က အဲ့ဒီလောက်မကောင်းပေမဲ့ အဆုံးမဲ့အားကောင်းတဲ့ သိုင်းပညာဝိညာဥ်အမျိုးအစား ဖြစ်နေခဲ့တဲ့အတွက် သူ့ကအနာဂတ်မှာ ကျောင်းတော်အတွက် အဓိကထောက်တိုင်ကြီးဖြစ်လာနိုင်တယ်…ဒါ့အပြင် အဲ့ဒီကလေးက မိဘမဲ့တစ်ယောက်ပါ သူ့အနေနဲ့ ကျောင်းတော်ထဲမှာနေဖို့ကဖြစ်သင့်တဲ့ကိစ္စပဲ ဒါ့အပြင် ကျွန်တော်တို့လဲ သူ့အတွက် တိုက်ခိုက်ပေးရပါလိမ့်မယ် ”
” ကျွန်တော်ကျောင်းအုပ်ချင်းနဲ့ လောင်းကြေးမှာရှုံးခဲ့ပေမဲ့ ဒီကိစ္စက ကျွန်တော်တို့ကျောင်းတော်တစ်ခုလုံးအတွက် အဆုံးမဲ့တဲ့ ဓာတ်သဘောသဘာ၀ကို ပိုင်ဆိုင်ထားသူကလေးတစ်ယောက်ကို ညွှန်ကြားပြသပေးပြီ သင့်တော်အောင် မွေးမြူးပေးရမဲ့ကိစ္စပါ ဒါ့အပြင် သူ့အနေနဲ့ အမြင့်မားဆုံးရောက်ရှိလာအောင် ကူညီးပေးရမဲ့ကိစ္စလေးဖြစ်နေခဲ့ပါတယ် ”
ရန်ရှောင်ကျဲ့ရဲ့စကားတွေက ရိုးရှင်းပါတယ်။ ဒါ့အပြင် ချင်းသောသောက သူ့ကိုဘယ်လိုထောင်ချောက်ဆင်ပြီ ဟို့ယွိဟောင်ကို လုယူသွားခဲ့လဲဆိုတဲ့ကိစ္စကို သဘာ၀ကျကျပြောပြနေခဲ့တာပါ။ ဒါ့အပြင် ဟို့ယွိဟောင်ကို အတွင်းတပည့်သားအဖြစ် အမြန်ဆုံးဖြစ်အောင်လုပ်လိုက်တဲ့ အကြောင်းအရင်းလဲ သွယ်ဝိုက်ပြီပြောပြနေခဲ့ပါသေးတယ်။
သူပြောတဲ့စကားတွေကို ကြားပြီချိန်မှာတော့ အကြီးအကဲတွေက တအံ့တဩဖြစ်နေခဲ့ပါတော့တယ်။ ဒီအဓိကအားဖြင့် အကြီးအကဲရွှမ်က မျက်မှောင်ကြုတ်နေခဲ့တယ်။ သူ့အနေနဲ့ အရှေ့မှာရှိနေတဲ့ အစားအသောက်တွေကိုတောင် အာရုံမစိုက်နိုင်တော့ပါဘူး။
နေရာမှာအစည်းအဝေးပွဲစတာက ကတိကိစ္စကနှစ်ခုရှိပါတယ်။ တစ်ခုကတော့ နှစ်စဥ်နှစ်တိုင်းကျင်းပတဲ့အစည်းအဝေးပွဲပါပဲ။ နောက်တစ်ခုကတော့ အရေးတကြီးအလျင်တလိုကျင်းပရတဲ့ အစည်းအဝေးပွဲပါ။ နှစ်စဥ်နှစ်တိုင်းကျင်းပတဲ့အစည်းအဝေးပွဲကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် အခုလိုအရေးပေါ်အစည်းအဝေးလုပ်ချိန်မှာတော့ ကြီးမားတဲ့ကိစ္စတစ်ခုခုက ဖြစ်လာပါပြီ။ ဒါ့အပြင် အဲ့ဒီလိုအစည်းအဝေးလုပ်ချိန်တိုင်းကလဲ တိုက်ကြီးတစ်ခုလုံးကို လှုပ်ခါစေမဲ့ကိစ္စတွေကြီးပါပဲ။
ဒီတစ်ကြိမ်မှာလဲ အဆုံးစွန်းစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ပညာရှင်နဲ့ပတ်သက်တဲ့ ကိစ္စဖြစ်နေပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သိုင်းပညာဝိညာဥ်အသက်မွေးဝမ်းကြောင်းနဲ့ သိုင်းပညာဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်အနေနဲ့ ကျောင်းသားတစ်ယောက်အတွက် ယှဥ်ပြိုင်နေခဲ့ကြတာပါ။ သူတို့အတွက်ကတော့ အေးအေးဆေးဆေးပါပဲ။ ဒါကအတွင်းပြဿနာဖြစ်တာကြောင့်မလို့ တခြားပြဿနာတွေထက်ရင်ဆိုင်ဖို့ လွယ်ကူမှာဖြစ်ပါတယ်။ ရန်ရှောင်ကျဲ့ပြောပြီတာနဲ့ ချင်းသောသောက ထရယ်ပါတော့တယ်။
” လေးစားရပါသော အကြီးအကဲတို့ ကျောင်းအုပ်ရန် ပြောခဲ့တဲ့ကိစ္စတွေကို ကျွန်တော်အပြည့်အ၀သဘောမတူနိုင်ပါဘူး…ကျွန်တော်တို့လောင်းကြေးထပ်ခဲ့ကြတာအမှန်ပါ ဒါပေမယ့် အဲ့ဒီလိုလုပ်ခဲ့တဲ့အချိန်မှာ ဟို့ယွိဟောင်အနေနဲ့ ဒုတိယဝိညာဥ်ကိုရရှိလာမယ်မှန်း ကျွန်တော်တို့မသိခဲ့ပါဘူး..ဒါ့အပြင် ဒါကထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုလဲ ဖြစ်နေခဲ့ပါတယ်…ကျွန်တော်တို့ မြင်ခဲ့တဲ့အရာကတော့ သူ့ရဲ့ဝိညာဥ်လက်နက်တွေအပေါ် ထားရှိတဲ့စိတ်ဆန္ဒနဲ့ ပါရမီပါပဲ ”
” ဟို့ယွိဟောင်က ဖန်းယွီရဲ့ တိုက်ရိုက်တပည့်သားဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် တိုတောင်လှတဲ့ ရှစ်လတာအချိန်အတွင်းမှာ သူက ဝိညာဥ်လက်နက်တွေကို တစ်ဘ၀တာလုံး မထိတွေ့ခဲ့ဖူးတဲ့ သာမန်ဝိညာဥ်လက်နက်အတတ်ပညာရှင်ကနေ အဆင့်နှစ်ဝိညာဥ်လက်နက်ပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုတိုးတက်မှုက သမိုင်းတစ်လျှောက်တစ်သန်းထဲမှာကို မှတ်တမ်းသစ်တစ်ခုပါပဲ။ ဒီကလေးရဲ့အလုပ်ကြိုးစားမှုအခက်အခဲတောင့်ခံနိုင်မှုတွေအားလုံးက ဖန်းယွီချီးမွှမ်းတာထက်ကို ပိုသာလွန်နေခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့သိခဲ့ရတဲ့ အရာတွေကြောင့် သူ့ကိုအဓိကအတွင်းတပည့်သားအဖြစ် ရယူဖို့ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်တို့အနေနဲ့ ဒီလိုပါရမီရှင်မျိုးကို ဘယ်လိုလုပ်အလွှတ်ပေးဝံ့လို့ဖြစ်မှာလဲ ဒါ့အပြင် သိုင်းပညာဝိညာဥ်အသက်မွေးဝမ်းကြောင်းအနေနဲ့ သူ့ကို လူသစ်တွေရဲ့ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာတောင် အဓိကအတွင်းတပည့်သားအဖြစ် လက်မခံဖို့ရွေးချယ်ခဲ့ပါတယ်။ ဒီလိုမျိုးကံတရားကျွန်တော်တို့မှာ ဘယ်လိုတွေ့ကြုံနိုင်ရမှာလဲ ကျောင်းအုပ်ရန်အနေနဲ့ လက်ရှိအချိန်မှာ ဒုတိယသိုင်းပညာဝိညာဥ်ကို ရှာဖွေတွေ့ရှိသွားတာကြောင့် ကျွန်တော်တို့ကိုလာပြီ တိုက်ခိုက်နေခဲ့တာပါ ကျောင်းတော်ရဲ့စည်းမျဥ်းတွေက ဘယ်လိုများဖြစ်ကုန်တာလဲ ကျွန်တော်က ကျွန်တော်တို့ရဲ့ကျောင်းတော်ကိုယ်စားပြုအဖြစ် ဒီနေရာမှာရပ်တည်နေပါတယ်…ဘယ်လိုပဲဖြစ်လာပါစေ ကျွန်တော်တို့ကျောင်းတော်အနေနဲ့ အဲ့ဒီလိုပါရမီရှင်မျိုးကို လုံး၀လက်လွှတ်မပေးနိုင်ပါဘူး..ဒါ့အပြင် ကျွန်တော်တို့ကျောင်းတော်အနေနဲ့လဲ အစွမ်းကုန်အရင်းအမြစ်တွေအသုံးချပြီ ဒီကလေးကို မွေးမြူးဖို့အတွက် ဆုံးဖြတ်ပြီးပါပြီ ဒါ့အပြင် လာမဲ့အနှစ်သုံးဆယ်အတွင်းမှာ သူ့ကိုကျောင်းတော်ရဲ့ပထမဆုံးအဆင့်ကိုးဝိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာစေဖို့အတွက် မွေးမြူးဆောင်ရွက်ပါ့မယ် ”
” ဟို့ယွိဟောင်ကို မွေးမြူးဖို့အတွက် ကျောင်းအုပ်ရှန် ဖန်းယွီနဲ့ ကျွန်တော်တို့ အားလုံးပြောပြီ ဆွေးနွေးခဲ့ပြီးသားပါ…ဒါ့အပြင် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကို သူ့မှာအကောင်းအထည်ဖော်ဖို့အတွက် ကျွန်တော်တို့ဆုံးဖြတ်လိုက်ပါတယ်…ဒါကြောင့် အစောပိုင်းတုန်းက ကျွန်တော်တို့ရဲ့အစီအစဥ်ကို စတင်ပြီ အကောင်းအထည်ဖော်ဖို့အတွက် ရွေးချယ်ခဲ့တဲ့ ဟယ့်ချိုက်ထို့အနေနဲ့ကတော့ အထောက်အပံ့ပြုဝိညာဥ်ပညာရှင်တစ်ယောက်အနေနဲ့ သူ့ကိုကူညီပြီ သင်ကြားပေးမှာလဲ ဖြစ်ပါတယ် ”
” လေးစားရပါသော အကြီးအကဲတို့ ကျောင်းအုပ်ရန်ရဲ့ အဆုံးစွန်း သိုင်းပညာဝိညာဥ်အပေါ် ထားရှိတဲ့ခံစားချက်ကို ကျွန်တော်နားလည်နိုင်ပါတယ်…သူတို့အတွက်လဲ ဒီလိုပါရမီရှင်မျိုးက အရေးကြီးတယ်..ဒါပေမယ့် ကျွန်တော်တို့အတွက်ကော အရေးမကြီးဘူးလား ကျွန်တော်တို့ ကျောင်းတော်အနေနဲ့ တိုက်ကြီးမှာနံပါတ်တစ်သိုင်းပညာဝိညာဥ်ကျောင်းတော်အဖြစ် ရပ်တည်နေနိုင်ပေမဲ့ ဝိညာဥ်လက်နက်တည်ဆောက်ရေးမှာတော့ နံပါတ်တစ်မဖြစ်ခဲ့သေးပါဘူး..ဒါ့အပြင် တိုးတက်နိုင်ဖို့အတွက် အမြဲတမ်းကြိုးစားနေခဲ့ရတာပါ ကျွန်တော်တို့မှာမရှိတာက ဘာပါလဲ ပါရမီရှင်ပါပဲ လေးစားရပါသောအကြီးအကဲတို့ ကျေးဇူးပြုပြီး ဒါကိုစဥ်းစားပေးပါ ကျွန်တော်တို့ရဲ့ ကျောင်းတော်သာ ဒီလိုမျိုးဆက်သွားမယ်ဆိုရင် သိုင်းပညာဝိညာဥ်ကျောင်းတော်ငြင်းပယ်တာကို ဆက်တိုက်ခံနေရဦးမှာလား ကျွန်တော်တို့အနေနဲ့ ဒီလိုအခြေအနေမျိုးမှာ နေလနိုင်ငံတော်ကို ဘယ်လိုလုပ်ဆက်ပြီ ယှဥ်ပြိုင်ရမှာလဲ ကျွန်တော်တို့မှာပိုက်ဆံလဲ မရှားဘူးအရင်းအမြစ်တွေလဲ မရှားပါးဘူး တကယ်ရှားပါးနေတာကတော့ ပါရမီရှင်ပါပဲ ဟို့ယွိဟောင်က ဝိညာဥ်လက်နက်အတတ်ပညာရှင်နယ်ပယ်မှာ သူမတူအောင်ထူးခြားတဲ့ပါရမီကို ထုတ်ဖော်နိုင်ခဲ့ပါတယ်…ဒါ့အပြင် သူက အခုအချိန်မှာ အမွှာဝိညာဥ်သိုင်းပညာလူလဲဖြစ်နေခဲ့ပါပြီ..ဒါ့အပြင် ဝိညာဥ်တစ်ခုကလဲ အဆုံးစွန်းအစွမ်းထက်တဲ့ ရေခဲပါပဲ ကျွန်တော်အနေနဲ့ သူ့ကို အင်အားကြီးဝိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ် မွေးမြူးနိုင်ဖို့အတွက် အပြည့်အ၀ယုံကြည်ချက်ရှိပါတယ်…ဒါကြောင့် ဒီကျောင်းတော်သားကိုလုံး၀လုံး၀ လက်လွှတ်မပေးနိုင်တော့ပါဘူး ”
ချင်းသောသောကတော့ သွယ်ဝိုက်မနေတော့ပဲ ပြောခဲ့ပါတယ်။ သူ့ရဲ့စကားတွေက ရန်ရှောင်ကျဲ့ထက်ပိုပြီး တိုက်ရိုက်ဆန်နေခဲ့တယ်။ အမှန်တကယ်တော့ သူတို့ရဲ့ ဌာနက အမြဲတမ်းကျိုးကြောင်းသင့်လျော်နေခဲ့တာပါ။
ရှန်လင်းအယ်က ပြောလာခဲ့ပါတယ်။
” ကျောင်းအုပ်ချင်းရဲ့ စိတ်သဘောထားက ကျွန်မရဲ့စိတ်သဘောထားပါပဲ ကျွန်မတို့ဌာနအနေနဲ့ ဒီကလေးအပေါ်မှာ အရာအားလုံးကို ပုံအောပြီမွေးမြူးချင်ပါတယ်..အကယ်၍ သူသာ ဒီပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကို ပြည့်၀အောင်မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်မကျောင်းအုပ်နေရာကနေ နှုတ်ထွက်ဖို့ ဆန္ဒရှိပါတယ် ”
သူမရဲ့စကားကိုကြားချိန်မှာတော့ ရန်ရှောင်ကျဲ့နဲ့ဘေးမှာရှိတဲ့ အမျိုးသမီးနှစ်ယောက်စလုံးက ထိတ်လန့်လို့သွားပါတော့တယ်။ တကယ်ကို ရက်စက်တာပါပဲ။ ရှန်လင်းအယ်က တစ်ခေါက်လှုပ်ရှားတဲ့အချိန်တိုင်းမှာ အမြဲတမ်းအညှာအတာကင်းမဲ့ပြီ ရက်စက်ပါတယ်။
ကျောင်းတော်စတင်ပြီ တည်ထောင်ချိန်ကထဲကစလို့ သိုင်းပညာဝိညာဥ်တည်ဆောက်ရေး အသက်မွေးဝမ်းကြောင်းကျောင်းအနေနဲ့ လုံး၀လွှမ်းမိုးနိုင်ခဲ့တာ အမှန်ပါ။ ဒါပေမယ့် နှစ်ဖက်စလုံးက ယှဥ်တွဲတည်ရှိနေကြတာလဲ ဖြစ်ပါတယ်။ ရှန်လင်းအယ်နဲ့ ချင်းသောသောတို့က ဝိညာဥ်အဆင့်မှာ တစ်ယောက်ချင်းယှဥ်လို့ရနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေရာမှာရှိနေတဲ့ အကြီးအကဲတော်တော်များများကတော့ သူတို့သိုင်းပညာဝိညာဥ်တည်ဆောက်ရေးနယ်မြေအကြီးအကဲတွေပါပဲ။ ဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ ကျောင်းအုပ်နှစ်ယောက်စလုံးရဲ့အမြင်ကို သူတို့တွေအနေနဲ့ ဖယ်ရှားပြစ်ဖို့မလွယ်ကူခဲ့ပါဘူး။ ဒါ့အပြင် ပိုပြီး မှန်ကန်တဲ့အရာကတော့ ဝိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်က ဒီကိစ္စနဲ့ ပတ်သက်ပြီအတော်ကို အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ ပြောဆိုနေခဲ့ပါသေးတယ်။
ပထမဆုံးအနေနဲ့ ရန်ရှောင်ကျဲ့ဘ၀မှာ ကိစ္စတွေကခက်ခဲလာတာကို ခံစားမိခဲ့ပါတယ်။ အကယ်၍ သူတို့သာ ဒီအတိုင်းဆက်တိုက်ခိုက်နေကြမယ်ဆိုရင် နှစ်ဖက်ရဲ့ပဠိပက္ခကတော့ ပေါက်ကွဲထွက်မလိုဖြစ်နေတော့မှာပါ။ ဒါမျိုးက သူ့တွေ့ချင်တဲ့အရာမဟုတ်ပါဘူး။
အပိုင်း ၅၄•၁ ပြီး၏။