အပိုင်း ၅၃•၃
” မငြင်းပယ်နိုင်တဲ့ အကျိုးအမြတ်တွေလာ ”
°°°
ရန်ရှောင်ကျဲ့ကတော့ ဖန်းယွီနဲ့ရင်ဆိုင်ရချိန်မှာ အမူအရာရော အကျင့်စရိုက်ပါ ပြောင်းလဲသွားပါတော့တယ်။ သူက ထူးမခြားနားပုံစံနဲ့သာ ပြန်ဖြေလိုက်တယ်။
” ဖန်းယွီ ဟို့ယွိဟောင်မှာ အဆုံးစွန်းအန္တိမဓာတ်သဘောသဘာ၀ရှိနေတာကို မင်းသိမှာပါ မင်းတို့၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေက ဒီလိုမျိုး အဆုံးမဲ့တဲ့ ရေခဲဓာတ်ကို ငါတို့ကျောင်းတော်ထက် ပိုကောင်းကောင်းမွေးမြူးပေးနိုင်မယ်လို့ထင်လား ငါတို့ကျောင်းတော်အတွက် ဒီလိုမျိုး အဆုံးမဲ့ရေခဲဓာတ်ဆိုတာ ဘာကိုဆိုလိုလဲ မင်းသိလား လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ငါတို့ကျောင်းတော်အနေနဲ့ တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ဖြစ်လာဖို့ ခြေလှမ်းတစ်လှမ်းချင်းဆီတက်လာခဲ့ရတယ်..ဒါ့အပြင် ဘိုးဘေးကြီးထန်စန်းနဲ့ မူလအမျက်ဒေါသကျောင်းတော်ရဲ့မိစ္ဆာခုနှစ်ဖော် ညွှန်ကြားမှုအောက်မှာ ငါတို့ကျောင်းတော်ကတိုးတက်စေခဲ့တာအမှန်ဖြစ်ပေမဲ့ နောက်ထပ် ကြီးမားပြီ အောင်မြင်လွန်တဲ့အခြေအနေသုံးခုလဲ ကြုံတွေ့ခဲ့ရတယ်..ဒါ့အပြင် အခြေအနေသုံးခုစလုံးက အဆုံးစွန်းဓာတ်သဘောသဘာ၀ကိုပိုင်ဆိုင်ထားတဲ့ သော့်လော့တွေရဲ့ခေါင်းဆောင်မှုအောက်မှာ ဖန်တီးခဲ့တာကြောင့်ပဲ ဒီလိုနဲ့သာငါတို့ရဲ့ အဆင့်အတန်းက ခိုင်မာလာခဲ့တာ ဟို့ယွိဟောင်လိုမျိုး အဆုံးမဲ့ရေခဲသဘာ၀ကိုပိုင်ဆိုင်ထားတဲ့သူက ငါတို့အတွက် အရမ်းကိုအရေးကြီးလွန်တယ်..ပုံမှန်အခြေအနေမျိုးမှာ သူ့ကိုငါတို့ကျောင်းတော်ဆီ ပြန်လာဖို့အတွက် တောင်းဆိုမှုတွေ အသုံးပြုနေမှာမဟုတ်ဘူး.ဒါပေမယ့်ဒီကိစ္စက လုံး၀ညှိနိုင်လို့မရနိုင်တော့ဘူး.ငါအနေနဲ့ ကျောင်းတော်တစ်ခုလုံးအတွက် တိုးတက်အောင်မြင်မှုအတွက် သူ့ကိုငါကျောင်းတော်ထဲမှာဆက်နေစေဖို့ မျက်နှာပြောင်မတိုက်ပဲ ဘယ်လိုနေရမှာလဲ ”
ဖန်းယွီက မျက်မှောင်ကြုတ်သွားပါတော့တယ်။ ရန်ရှောင်ကျဲ့အနေနဲ့ ဒီလောက်တောင် ခေါင်းမာပြီပြဿနာများလွန်နေမယ်လို့ မထင်ထားခဲ့ပါဘူး။
” ရန်ရှောင်ကျဲ့ ငါဆီကကျောင်းသားကို မလုယူခင် ငါ့ကိုအရင်မေးသင့်တယ်လို့မထင်ဘူးလား ”
ကြည်လက်ပြတ်သားပြီ ချိုသာတဲ့အသံတစ်သံက ထွက်ပေါ်လာခဲ့ပါတော့တယ်။ နောက်ထပ် လူတစ်ယောက်ကလဲ အခန်းတစ်ခန်းထဲကို ၀င်ရောက်လာခဲ့ပါပြီ။ ၀မ်ယန်ရဲ့ရုံးခန်းကတော့ ပိုလို့တောင်ဖိအားများလာပါတော့တယ်။
ချင်းသောသောရဲ့ ဒေါသမျက်နှာကလဲ အဲ့ဒီလူကိုမြင်တာနဲ့ ပျောက်ကွယ်သွားပါတော့တယ်။
” လင်းအယ် မင်းနောက်ဆုံးတော့ရောက်လာပြီပေါ့ မဟုတ်ရင် ဒီခွေးမသားကြီးကြောင့် ငါဒေါသထွက်လွန်လို့ သေတော့မလိုပဲ ”
ရောက်လာသူကတော့ အရပ် ၁•၇မီတာလောက် မြင့်မားတဲ့အမျိုးသမီးတစ်ယောက်ပါ။ သူမက အသက်ငါးဆယ့်အရွယ်နီးပါးလောက် ရှိပါပြီ။ အသားအရေးက ဖြူဖွေးနေပြီ အနက်ရောင်ဆံပင်တွေကို သပ်သပ်ရပ်ရပ် ချည်နှောင်ရင်း ထုံဖွဲ့ထားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့၀တ်စားဆင်ယင်ပုံအရ အရမ်းကို အတွေ့အကြုံကြွယ်၀တဲ့သူတစ်ယောက်ပါပဲ။ သူမက အသက်အရွယ်ကြီးရင့်ပြီဖြစ်ပေမဲ့ ငယ်ရွယ်စဥ်အချိန်မှာ တုနှိုင်းမဲ့အောင်လှပမယ်ဆိုတာ သိသာလို့နေခဲ့ပါတယ်။
ဖန်းယွီက ဟို့ယွိဟောင်နားနားကိုကပ်ရင်း ခပ်တိုးတိုးပြောလိုက်တယ်။
” ဒါကငါတို့ရဲ့ကျောင်းအုပ်လေ ရှန်လင်းအယ်တဲ့ ”
ဟို့ယွိဟောင်အနေနဲ့ကတော့ ဖန်းယွီသူ့ဘေးမှာရှိနေတဲ့အချိန် အရင်ကထက်ပိုပြီး တည်ငြိမ်ပါတယ်။ ပါးစပ်ပိတ်ပြီနေတာက အကောင်းဆုံးဖြစ်နေမှာကို သူသိနေခဲ့တယ်။ နတ်ဘုရားတွေ တိုက်ခိုက်တဲ့အချိန်မှာ နှိမ့်ပါးတဲ့ကျောင်းသားလေးတစ်ယောက်အနေနဲ့ ဘေးကနေရပ်ကြည့်နေတာ အကောင်းဆုံးမဟုတ်လား။
ရန်ရှောင်ကျဲ့ကတော့ ရှန်လင်းအယ်ကိုမြင်ချိန်မှာ မျက်မှောင်ကြုတ်သွားပါတော့တယ်။
” လင်းအယ်မင်းက ”
ရှန်လင်းအယ်က အေးစက်စက်ပြောလာခဲ့တယ်။
” ငါတို့ငယ်ငယ်လေးကထဲကစပြီ နင်ဘယ်တော့မှကိုယ်စကားကို ကိုယ်မတည်ဘူး အခုငါတို့တွေအသက်ရှစ်ဆယ့်တောင်ကျော်နေကြပြီ နင်အမြဲတမ်းအတူတူပဲ ငါ့ရဲ့လူတွေကို မခံမရပ်နိုင်တော့တဲ့အထိ နင်အမြဲတမ်းအနိုင်ကျင့်တယ်..နင်ကိုယ်နင် တိုက်ခိုက်တဲ့နေရာမှာ အရမ်းတော်နေပြီလို့ ပြောခဲ့တယ်မလား လာစမ်းပါ ငါနဲ့တစ်ပွဲလောက် နွဲရအောင် သွားမယ် ၀ိညာဥ်လက်ရည်ယှဥ်တဲ့နယ်မြေကိုသွားမယ် ”
အစောပိုင်းတုန်းက ချင်းသောသောနဲ့ ဖန်းယွီကို သိသိသာသာဖိနှိမ့်နေခဲ့တဲ့ ရန်ရှောင်ကျဲ့ကတော့ လက်ရှိအချိန်မှာ သွားအဖြီးသားလေ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီနောက် သူပြောလာတော့တယ်။
” လင်းအယ် ဘာလို့ဒီလိုတွေလုပ်နေရတာလဲ ငါဒီကိစ္စနဲ့ပတ်သက်ပြီတော့ အရင်ကလုပ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီတော့ရော အတော်လေးနောင်တရနေပါပြီ ဒါပေမယ့် ငါတို့ကျောင်းတော်ရဲ့အနာဂတ်အတွက် ဒီလိုမျိုးအဆုံးစွန်းရေခဲစွမ်းအားပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်ကို လက်လွှတ်ခံလို့မဖြစ်ဘူးလေ ဒီလိုရိုးရှင်းတဲ့ လောင်းကြေးလေးတစ်ခုထဲက အရာအားလုံးကို ပြောင်းသွားစေလို့မှမရတာပဲ အတွင်းနယ်မြေရဲ့ ကျောင်းသားတွေအားလုံးနဲ့လဲ ငါပြောပြီးပြီ ဟို့ယွိဟောင်က ငါတို့ကျောင်းတော်မှာနေရမယ် ”
ရှန်လင်းအယ်က အေးစက်စက်နဲ့သာ ပြန်ပြောလာခဲ့ပါတယ်။
” ပြီတော့ နင်က ဒါကိုဘယ်လိုအရာမျိုးအားကိုးပြီ အတင်းဆွဲထုတ်ဖို့လုပ်နေတာလဲ နင်တို့ရဲ့ကျောင်းတော်တစ်ခုထဲကပဲ တိုက်ကြီးတစ်ခုလုံးမှာ ထိပ်တန်းနံပါတ်တစ်ဖြစ်နေတာလား ငါတို့ဌာနကရော နင်တို့ကို ငါတို့ရဲ့အတွင်းတပည့်သားထုတ်ပေးရဦးမှာလား ဒီကလေးအနေနဲ့ ငါတို့ကျောင်းတော်ထဲမှာနေပြီ မထူးချွန်လာနိုင်ဖူးဖို့ နင်ဘယ်လိုလုပ်သိလဲ နင်ပြောတာမမှားဘူးဆိုတာတော့ အမှန်ပါ အကယ်၍ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေကသာ သူ့ကိုကောင်းကောင်းမွေးမြူးပေးလို့ကတော့ သူ့အနေနဲ့ အနာဂတ်မှာ သေချာပေါက် ကြီးမားတဲ့မဏ္ဍိုင်ကြီးတစ်ခုဖြစ်လာမှာ ဒါ့အပြင် နင်တို့အားလုံးကို ဒီတိုက်ကြီးတစ်ခုလုံးမှာ နံပါတ်တစ်သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်အဖြစ် ရပ်တည်နိုင်ဖို့ ကူညီပေးနိုင်တယ်..ဒါပေမယ့် ငါတို့ကျောင်းတော်အနေနဲ့ သူ့ကို ကောင်းကောင်းမွေးမြူးပေးရင်း ဘာတွေဖြစ်လာမလဲ နင်မတွေးဖူးဘူးလား သူက ငါတို့ကျောင်းတော်ကိုလဲ ဒီတိုက်ကြီးတစ်ခုလုံးမှာ နံပါတ်တစ်ဖြစ်အောင် လုပ်ပေးနိုင်ရုံတင်မက နေလတိုက်ရဲ့ဖိနှိမ့်မှုကနေ လွှတ်မြောက်အောင်လဲ ကူညီပေးနိုင်တယ်..နင့်အနေနဲ့ ငါတို့ကျောင်းတော်က ကျောင်းသားကိုလုယူသွားလို့မရဘူးဆိုတာ အကျိုးအကြောင်းမရှိပဲ ပြောနေတာမဟုတ်ဘူး..နင်ဒီကလေးကို ဘာမှလာပြီ ဖိအားပေးစရာမလိုဘူး သူက ငါတို့ကျောင်းတော်ရဲ့လူ ဒါ့အပြင် နင်နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်အကြောင်းကို နင်ပြော၀ံ့တယ်ဟုတ်လား အချိန်သာကြလာရင်း ငါကိုယ်တိုင်သူ့အတွက်အမဲလိုက်ပေးမယ်..အဆိုးဆုံးဖြစ်လာတော့လဲ ဘာဖြစ်လဲ ငါ့အသက်ကို မဟာကြယ်တာရာသစ်တောထဲမှာ ထားခဲ့ရုံပေါ့ ဒါဆိုရင် ငါသေတာနင်ကြောင့်ဖြစ်သွားပြီ ”
ချင်းသောသောရဲ့ အမူအရာကတော့ တစ်နည်းတစ်ဖုံထူးဆန်းနေခဲ့ပါတယ်။ သူ့အနေနဲ့ အခုအချိန်မှာ မျက်နှာတောင် နီရဲနေခဲ့ပြီ ဒေါသကတော့ လုံး၀ကိုပျောက်သွားခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ရန်ရှောင်ကျဲ့ရဲ့မျက်နှာကလဲ အစိမ်းနဲ့အပြာတွေ ဆက်တိုက်ဆိုသလို တစ်လှည့်ဆီဖြစ်ပေါ်နေခဲ့ပါတော့တယ်။ သူ့မှာမြောက်များလှစွာသော မျက်နှာပြောင်တိုက်မှုတွေရှိပေမဲ့ ရှန်လင်းအယ်နဲ့ပတ်သက်လာရင်တော့ ဒါတွေကိုတစ်ခုမှထုတ်သုံးလို့မရနိုင်ခဲ့ပါဘူး။ ငယ်ငယ်တုန်းက လုပ်ခဲ့သမျှကိစ္စကြောင့် ရှန်လင်းအယ်နဲ့ရင်ဆိုင်တဲ့အချိန်မှာအမြဲတမ်း အပြစ်မကင်းဖြစ်နေရဆဲပါ။ ဒါပေမယ့် အဆုံးမဲ့ရေခဲသဘာ၀ကို ပိုင်ဆိုင်ထားတဲ့ အမွှာ၀ိညာဥ်ပညာရှင်နဲ့ပတ်သက်လာမယ်ဆိုရင်တော့ ဒီလိုကိစ္စမျိုးက သူတို့အတွက် လူတစ်သန်းမှာတစ်ယောက်တောင်မတွေ့ရတဲ့ကိစ္စပါပဲ။ ဒါကြောင့် ကျောင်းအုပ်အနေနဲ့ ကိုယ်ပိုင်ခံစားချက်တွေကြောင့် ဒီအရာကို လွယ်လွယ်လက်မလွှတ်နိုင်တာ အမှန်ပါ။
ရန်ရှောင်ကျဲ့အသက်ပြင်းပြင်းရှုသွင်းရင်း ပြောလိုက်ပါတော့တယ်။
” လင်းအယ် ဒီကိစ္စမှာတော့ ငါဒီလိုမြင်တာပဲ ကိစ္စကငါတို့တွေ ရိုးရိုးရှင်းရှင်းလေး မဆုံးဖြတ်နိုင်တဲ့အခြေအနေကို ရောက်နေပြီ ငါတို့အနေနဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ အစည်းအဝေးလုပ်ပြီ ဆုံးဖြတ်ကြရင်ဘယ်လိုလဲ ..ဒါဆိုပိုကောင်းမသွားဘူးလား ”
ရှန်လင်းအယ်က လုံး၀မတွေဝေနေခဲ့ပါဘူး။
” ကောင်းပြီ ပင်လယ်နတ်ဘုရားခန်းမမှာ အစည်းအဝေးလုပ်မယ်..နင်မရောက်လာမှာကိုပဲ ငါစိုးရိမ်မိတယ်..ဘယ်လိုပဲ နင်ပြောပါစေ ငါတို့ဘက်က အများကြီးပိုပြီး အကျိုးအကြောင်းဆီလျော်နေတယ်..လာစမ်းပါ ငါတို့အကြီးအကဲတွေအားလုံးကိုခေါ်ပြီ အစည်းအဝေးထိုင်မယ်..နင်ငါ့ရဲ့ကျောင်းသားကို ဘာကြောင့်လုယူနိုင်မယ်ထင်နေတာလဲ ကြည့်ကြသေးတာပေါ့ ”
ရန်ရှောင်ကျဲ့ကတော့ မျက်မှောင်ကြုတ်သွားရင်း ဟို့ယွိဟောင်ဘက်ကို လှည့်လာချိန်မှာတော့ ပြုံးနေခဲ့တော့ပါတယ်။
” ဟို့ယွိဟောင် ဒီကိစ္စက မင်းရဲ့ကိုယ်ပိုင်အကျိုးအမြတ်နဲ့လဲ မူတည်နေတယ်…ဒါကြောင့် သေချာလေးစဥ်းစားပါ ငါတို့အတွက်ကတော့ ဒီကိစ္စကို အရင်ဆုံးဆွေးနွေးလိုက်ဦးမယ်”
ပြောပြီတာနဲ့ သူလှည့်ထွက်သွားပါတော့တယ်။
ရှန်လင်းအယ်ကတော့ မျက်နှာအမူအရာမကောင်းခဲ့ပါဘူး။ သူ ဟို့ယွိဟောင်ဘက်ကိုလှည့်ရင်း ပြောပါတယ်။
” ကလေး အဲ့ဒီကောင်ကို လျစ်လျူရှုထားလိုက် ဒီကိစ္စကို ဘာမှအာရုံစိုက်မနေနဲ့ ဆက်တိုက်ကြိုးကြိုးစားစားသာလေ့ကျင့် ကျောင်းတော်က ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးမှာ ”
သူပြောပြီတာနဲ့ သူလဲထွက်သွားပါတော့တယ်။ ချင်းသောသောကလဲ သူ့နောက်ကိုပြေးလိုက်သွားခဲ့တယ်။ ရုံးခန်းထဲမှာတော့ ဖန်းယွီနဲ့ ၀မ်ယန်သာ ကျန်ရစ်ခဲ့ပါပြီ။
၀မ်ယန်အနေနဲ့လဲ ဘာပြောလို့ပြောရမှန်းတောင်မသိသေးပါဘူး။
” ကြည့်ရတာ ကိစ္စကတော့ အတော်လေး ဆူဆူပူပူဖြစ်လာတော့မဲ့ပုံပဲ ”
ဖန်းယွီက ဟို့ယွိဟောင်ရဲ့ပုခုံးကိုပုတ်လိုက်ရင်း ပြောပါတယ်။
” ယွိဟောင် အရင်ဆုံးပြန်ပြီ နားလိုက်ဦး ကျောင်းအုပ်ရှန်က အမြဲတမ်းမှန်ကန်တယ်…မင်းအနေနဲ့ ဒီကိစ္စကို စိုးရိမ်ဖို့မလိုဘူး..စိတ်ထဲမှာလဲ ဘာမှဖိအားများမနေနဲ့ ကျောင်းတော်ကဘယ်လိုပဲဆုံးဖြတ်ပါစေ အဆုံးသတ်မှာမင်းအတွက် ဆိုးရွားတဲ့ကိစ္စဖြစ်မှာမဟုတ်တာအမှန်ပဲ မင်းကြိုးကြိုးစားစားလေ့ကျင့် မင်းလေ့ကျင့်မှုကိုမြင့်တင်တာက မင်းအတွက်အကောင်းဆုံးပဲ ”
ကျောင်းအုပ်တွေထွက်သွားတာနဲ့ ဟို့ယွိဟောင်နှလုံးသားထဲမှာ ခံစားနေရတဲ့ဖိအားကလဲ အများကြီးလျော့ကျသွားခဲ့ပါပြီ။ ဒါကြောင့် သူခေါင်းညိတ်ရင်း ပြန်ဖြေလိုက်ပါတယ်။
” ကောင်းပါပြီဆရာ ”
လက်ရှိအချိန်မှာ သူ့အနေနဲ့ အမှန်ကန်ဆုံးလုပ်ခဲ့တဲ့ အရာကတော့ ဘယ်ဘက်မှာမှ ရပ်တည်ချက်ကိုထုတ်မပြခဲ့တာပါပဲ။ နှလုံးသားထဲမှာကတော့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေမှာ နေချင်စိတ်များပေမဲ့ ရန်ရှောင်ကျဲ့နဲ့ ၀မ်ယန်တို့ရဲ့စကားကြောင့် စိတ်လှုပ်ရှားမိတာတော့အမှန်ပါ။
ဒါ့အပြင် သူ့ကို ပိုပြီးအလှုပ်ခတ်ဆုံးဖြစ်တာကတော့ ရန်ရှောင်ကျဲ့ရဲ့ကတိစကားတွေပါပဲ။ သူ့မှာကလဲ အားကောင်းတဲ့အသိဉာဏ်၀ိညာဥ်စက်ကွင်းတစ်ခုရှိနေပြီသားပါ။ အနာဂတ်မှာ ပိုအားကောင်းတဲ့ ၀ိညာဥ်စက်ကွင်းတွေနဲ့ ၀ိညာဥ်အရိုးတွေရှိလာဖို့အတွက် စိုးရိမ်စရာမလိုတော့ပါဘူး။ ၀မ်ယန် ပြောခဲ့သလိုပဲ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းကျောင်းတော်အနေနဲ့ အကောင်းဆုံးဆရာတွေကို စေလွှတ်ပြီ သင်ကြားပေးနိုင်သလို သူ့အတွက်လမ်းညွှန်ချက်ပေးနိုင်တာကလဲ စိတ်လှုပ်ရှားစေတဲ့ကိစ္စပါ။ ဒါ့အပြင် ရန်ရှောင်ကျဲ့က ကျောင်းအုပ်ဖြစ်တာနဲ့တောင် သူ့ကိုတောင်းပန်ခဲ့ပြီ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကိုပါ အတွင်းနယ်မြေဆီ၀င်နိုင်ဖို့အတွက် ကတိပေးသွားခဲ့ပါတယ်။ သူကိုယ်တိုင်အတွက်သိပ်ပြီ မတွေးခဲ့ပေမဲ့ သူ့ရဲ့အပေါင်းအဖော်တွေကိုတော့ ဂရုမစိုက်ပဲမနေနိုင်ပါဘူး။ ဒီလိုဆုံးဖြတ်ချက်မျိုးကို ချက်ချင်းချမှတ်ရတာက ခက်ခဲတဲ့ကိစ္စဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ပါးစပ်ပိတ်ပြီ နေဖို့သာဆုံးဖြတ်လိုက်တယ်။ သူ့အနေနဲ့ ကျောင်းတော်ရဲ့ဆုံးဖြတ်ချက်က်ိုသာ အပြည့်အ၀လိုက်နာမယ်လို့ တွေးပြီသားပါ။ ဒါပေမယ့် နှလုံးသားထဲမှာကတော့ ဘယ်ဘက်ကိုမှ မရွေးချယ်ချင်ပါဘူး။ ရွေးချယ်ဖို့လဲ မတတ်နိုင်ခဲ့ပါဘူး။
အဆောက်အအုံထဲက ပြန်ထွက်လာပြီချိန်မှာ ၀မ်သုန့်နဲ့ရှောင်းရှောင်းတို့ စောင့်နေတာကို မြင်လိုက်ရပါတော့တယ်။ သူ့ကိုမြင်ချိန်မှာ ချက်ချင်းဆိုသလို ပြေးလာရင်းမေးတော့တယ်။
” ဘယ်လိုအခြေအနေလဲ ဆရာ၀မ်ခေါ်ပြီ ဘာပြောတာလဲ ”
ဟို့ယွိဟောင်ကတော့ ဘာကိုမှမဖုံးကွယ်ထားတော့ပါဘူး။ သူရုံးခန်းထဲမှာ ကြုံလာခဲ့သမျှအရာအားလုံးကိုပြန်ပြီး ပြောပြပါတော့တယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းနှစ်ယောက်စလုံး ကျောင်းအုပ်သုံးယောက် သူ့အတွက် တိုက်ခိုက်နေခဲ့တာကိုကြားရင်း မျက်လုံးအပြူးသားဖြစ်နေခဲ့ပါပြီ။
၀မ်သုန့်ကတော့ အထိတ်တလန့်နဲ့ ပြောလာခဲ့ပါတယ်။
” တကယ်အစွမ်းထက်တာပဲ မင်းအရမ်းကျော်ကြားလာတယ်ပေါ့ ကျောင်းအုပ်ရန်တောင်မှ အတော်လေး အနူးအညွတ်တောင်ပန်းခဲ့တယ်….ဒါပေမယ့် တစ်ဖက်ကျောင်းတော်ကလဲ မင်းကို ကောင်းကောင်းဆက်ဆံတယ်မဟုတ်လား ဘယ်လိုထင်လဲ ”
ဟို့ယွိဟောင်ကတော့ ပြုံးနေခဲ့ပါတယ်။
” ဘာများတွေးဖို့လိုမှာလဲ ငါအနေနဲ့ပြောင်းလဲနိုင်တာ ဘာမှမရှိဘူးလေ ငါက ကျောင်းသားလေးတစ်ယောက်ပဲကို ငါတကယ်ပဲ အားလုံးကို ဆုံးဖြတ်နိုင်မယ်လို့ မင်းထင်နေတာလား ကျောင်းတော်ဆုံးဖြတ်ချက်အတိုင်း လိုက်နာရုံပေါ့ ကျောင်းအုပ်ရန် ကျောင်းအုပ်ရှန် ကျောင်းအုပ်ချင်း သုံးယောက်စလုံးက အစည်းအဝေးလုပ်ဖို့ထွက်သွားပြီ မကြာခင်ရလဒ်ရမယ်လို့ ထင်ပါတယ်……ဒါပေမယ့် ငါတော့ဘယ်ဘက်ကိုမှ လက်မလွှတ်ချင်ဘူး ”
ရှောင်းရှောင်းကတော့ စိုးရိမ်နေခဲ့ပါတယ်။
” နှစ်ဖက်စလုံးဆီက ဘာမှကိုမရတော့ရင်ကော ယွိဟောင် ငါတို့ကို ဘာမှစိုးရိမ်မနေနဲ့ ငါတို့ကိုယ်ဘာသာကိုယ်ကြိုးစားရင်း အတွင်းနယ်မြေကို ၀င်နိုင်မယ်လို့ယုံကြည်ချက်ရှိတယ်..ဒီတော့ကိုယ့်အတွက်ကိုယ်သာရွေးချယ် ”
ဟို့ယွိဟောာင်အနေနဲ့ သူမရဲ့စကားကို ကြားချိန်မှာ အတော်လေးကို စိတ်လှုပ်ရှားသွားပါတော့တယ်။ လှပသေးငယ်တဲ့မျက်နှာလေးကိုကြည့်ရင်း သူအလေးအနက်ပြောလိုက်ပါတယ်။
” ကျေးဇူးပါ ရှောင်းရှောင်း ”
၀မ်သုန့်ကတော့ ခဏတာအမူအရာတင်းသွားခဲ့ပေမဲ့ သူခပ်မြန်မြန်ပဲ မျက်နှာပြန်ပျော့သွားပါတော့တယ်။
” မြန်မြန်ပြန်ရအောင် မင်းပြောတာမှန်တယ်…..ကျောင်းအုပ်သူ့ဘာသာသူ ဆုံးဖြတ်တာအကောင်းဆုံးပဲ ”
ဟို့ယွိဟောင်က ရုတ်တရက်မေးလာခဲ့ပါတယ်။
” ရှောင်းရှောင်း ဒါနဲ့မင်းရဲ့ရလဒ်ကတော့ ဘယ်လိုလဲ ”
ရှောင်းရှောင်းကတော့ ပြုံးပြရင်း ပြောလိုက်ပါတယ်။
” တစ်ရာတစ်ဆယ့်လေ ငါကထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ပဲ အဲ့ဒီတော့ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကိုပဲ ရွေးချယ်လိုက်တယ်….အဲ့ဒီသားရဲကောင်နဲ့ ခဏလောက်တိုက်ပြီတဲ့နောက် ငါ၀ိညာဥ်စွမ်းအားတွေ ကုန်သွားလို့ဘာမှမလုပ်နိုင်တော့ဘူး….ဒိုင်တွေကလဲ ဒါကိုမြင်တာနဲ့ အမှတ်မြင့်မြင့်ပေးလိုက်တယ် ”
၀မ်သုန့်က ဆက်ပြောလာခဲ့ပါတယ်။
“‘ ဟုတ်သား အဲ့ဒီထိုက်ဟွပင်းငါတို့ကို ရှုံးသွားတယ်နော် ငါတို့ဘယ်တော့ကိစ္စသွားရှင်းမလဲ ”
၀မ်သုန့်အနေနဲ့ကတော့ ထိုက်ဟွပင်းကိုရင်ဆိုင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဒါ့အပြင် အနည်းငယ်နောင်တရနေခဲ့ပါတယ်။ သူတို့ရဲ့လောင်းကြေးကြောင့်သာ မဟုတ်ရင် သူ့ရဲ့စွမ်းရည်တွေကို စာမေးပွဲမှာ ထုတ်ပြမှာမဟုတ်ပါဘူး။ ဒါ့အပြင် သူ့အနေနဲ့လဲ အရင်ဆုံးစဥ်းစဥ်းစားစား ပြန်တိုက်ခိုက်မိမှာပါ။
” သူ့ကိုခဏလောက် လျစ်လျူရှုထားလိုက်ရအောင် ”
ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
” ငါတို့အခန်းကိုပြန်ပြီး ကျောင်းတော်ရဲ့ဆုံးဖြတ်ချက်ကို စောင့်ကြတာပေါ့ အချိန်အတိုင်းအတာတစ်ခုအထိတော့ လိမ်လိမ်မာမာလေး နေတာကကောင်းလိမ့်မယ်.”
၀မ်သုန့်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” ဒါဆိုရင်လဲ အဲ့အတိုင်းထားလိုက်ကြရအောင် ပြန်ပြီးလေ့ကျင့်ကြမယ်..”
” မင်းဒီလောက်ကြိုးစားတာ ရှားပါးသားပဲ “‘
ဟို့ယွိဟောင်က စနောက်ပါတော့တယ်။
” မင်းဒီလောက်တောင် ကျော်ကြားလာမှတော့ ငါလဲအန္တရာယ်များပြီလေ ပြောရမယ်ဆိုရင် မင်းရဲ့ အဆုံးစွန်းအားကောင်းနေတဲ့ သိုင်းပညာ၀ိညာဥ်က အံ့ဩစရာကောင်းလွန်တယ်…နှစ်တစ်ထောင်သားရဲကောင်တောင်မှ အဲ့ဒီလောက်ကြောက်ပြီ ထွက်ပြေးသွားရတယ်လို့ ”
” တကယ်တော့ ဓာတ်သဘောသဘာ၀မှာ ငါအားသာသွားရတာလေ မင်းနဲ့ထိုက်ဟွပင်းတို့က တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာ အများကြီးပိုသန်မာတာပေါ့ ငါက မင်းတို့နဲ့ ပြိုင်ဘက်ဘယ်ဟုတ်မလဲ ဒါနဲ့ရှောင်းရှောင်း မင်းရဲ့၀ိညာဥ်အဆင့်က အခုဘယ်လောက်လဲ ”
” ငါအခု နှစ်ဆယ့်ရှစ်လေ ဒီနှစ်အဆုံးမှာ အဆင့်သုံးဆယ့်ရောက်မယ်လို့သေချာတယ် ”
သူကျောင်းတော်ကို စ၀င်လာချိန်မှာ သူ့ရဲ့၀ိညာဥ်အဆင့်က ၀မ်သုန့်ရဲ့ အဆင့်နဲ့အတူတူလောက်ပါပဲ။ ဒါပေမယ့် သူ့မမှာဟောင်သုန့်စွမ်းအားမရှိခဲ့တဲ့အတွက် ကျင့်ကြံမှုကွာခြားချက်က များနေခဲ့တယ်။
” ဒါဆိုပြန်ကြရအောင် ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” လက်ရှိအချိန် ငါတို့အလုပ်သင့်ဆုံးအရာကတော့ ကြိုးစားပြီးစွမ်းအင်ကိုမြင့်တင်ဖို့ပဲ ဒါဆိုရင် အနာဂတ်မှာ အတွင်းတပည့်သားတွေ ဖြစ်လာတာနဲ့ အစွမ်းအစတွေကိုလဲ အကုန်ထုတ်ပြနိုင်လိမ့်မယ် ”
°°°
ပင်လယ်နတ်ဘုရားကျွန်းကြီး
ပင်လယ်နတ်ဘုရားကျွန်းထဲမှာ များပြားတဲ့အဆောက်အအုံတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုကတော့ အမြင့်မားဆုံးနဲ့ အခမ်းနားဆုံးပါပဲ။ ဒီအဆောက်အအုံက အလယ်ဗဟိုတည့်တည့်မှာရှိနေခဲ့ပါတယ်။ ဒါ့အပြင် ခန်းမဆောင်ကြီးရဲ့ အဲ့ဒီအဆောက်အအုံမှာ အလွှာခြောက်လွှာရှိနေခဲ့ပြီ တစ်လွှာချင်းဆီတ်ိုင်းကလဲ ဆယ့်မီတာကျော်မြင့်မားပါတယ်။ ဒါ့အပြင် ခမ်းခမ်းနားနားတည်ရှိနေရုံတင်မက ကျွန်းတစ်ခုလုံးကိုဖုံးကွယ်ထားတဲ့မြူနှင်းတွေကြောင့် အပြင်ကနေ ဒီအဆောင်ကြီးကိုလှမ်းမမြင်နိုင်ပါဘူး။
ဒီခန်းမကြီးကတော့ ကျောင်းတော်တစ်ခုလုံးမှာ အရေးကြီးဆုံး နေရာဖြစ်ပါတယ်။ ဒါ့အပြင်အစည်းအဝေးလုပ်တဲ့ ဘိုးဘေးခန်းမဆောင်ကြီးလဲ တည်ရှိနေခဲ့တယ်။ ရန်ရှောင်ကျဲ့ပြောခဲ့တဲ့ လျှို့၀ှက်စာကြည့်တိုက်ကလဲ အဲ့ဒီမှာပဲ ရှိနေခဲ့တာပါ။ ဒါ့အပြင် ဘယ်သူမှမသိတဲ့လျှို့၀ှက်ချက်တွေလဲ အများကြီးပါပဲ။ တန်ဖိုးကြီးရတနာတွေဆိုတာလဲ မနည်းပါဘူး။
အပိုင်း ၅၃ • ၃ ပြီး၏။