အပိုင်း ၅၃•၂
” မငြင်းပယ်နိုင်တဲ့ အကျိုးအမြတ်တွေလား ”
°°°
ရန်ရှောင်ကျဲ့က ဆက်ပြောပြန်ပါတယ်။
” ၀ိညာဥ်လက်နက်တွေက ဒီနှစ်တွေမှာဆက်တိုက်ဖွံ့ဖြိုးတိုးတက်နေတယ်…ဒါပေမယ့် ၀ိညာဥ်ပညာရှင်တွေရဲ့ စွမ်းအားကတော့ ငါတို့ကိုယ်တွင်းထဲမှာရှိတယ်..အကယ်၍ မင်း၀ိညာဥ်လက်နက်တွေကို နှစ်သက်တယ်ဆိုရင်လဲ အနာဂတ်မှာသော့်လော့အဆင့်အထိရောက်ပြီ ဆက်ကြိုးစားကြည့်လို့ရတာပေါ့ ငါအနေနဲ့ မင်းကိုသေချာစဥ်းစားစေချင်တယ်…ဒီအခွင့်အရေးကို လုံး၀အလွှတ်မခံစေချင်ဘူး..အကယ်၍ မင်းသာ ငါတို့ရဲ့သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေထဲကို ၀င်ခဲ့မယ်ဆိုရင် အတွင်းနယ်မြေက များပြားတဲ့အရင်းအမြစ်တွေကို လက်ခံရရှိတယ်..တစ်ချိန်ထဲမှာပဲ ငါမင်းကို သုံးခုအာမခံနိုင်တယ်..ဒါ့အပြင် မင်းရဲ့အစောပိုင်းတုန်းက နစ်နာခဲ့ရတဲ့အရာတွေအားလုံးအတွက် ငါပြန်လျော်ကြေးပေမယ် ”
” ပထမကိစ္စကတော့ ၀မ်သုန့်နဲ့ ရှောင်းရှောင်းကိစ္စပဲ ၀မ်သုန့်အနေနဲ့ မင်းနဲ့ပေါင်းစည်းပြီ ပေါင်းစည်းစွမ်းရည်ကို အပြည့်အ၀ထုတ်လွှတ်နိုင်တယ်..ဒါကြောင့် သူက မင်းနဲ့ အတူတူအလုပ်လုပ်ရမယ်..ရှောင်းရှောင်းကလဲ မင်းနဲ့အတူတူ အလုပ်လုပ်ရမှာပဲ ဒါ့အပြင် သူ့ကိုယ်တိုင်ကလဲ အမွှာ၀ိညာဥ်ကိုပိုင်ဆိုင်ထားတဲ့သူ မင်းတို့တွေ အနာဂတ်မှာ သေချာပေါက် ငါတို့ကျောင်းတော်ရဲ့အတွင်းတပည့်သားတွေ ဖြစ်လာစေရမယ်…ဒါ့အပြင် အဓိကအတွင်းတပည့်သားတွေနဲ့ ငါတို့ရဲ့အတွင်းနယ်မြေတပည့်သားတွေလုံး၀မတူတာကို သိထားဖို့လိုမှာပါ အဓိက အတွင်းတပည့်သားတွေအားလုံးက ငါတို့အတွင်းနယ်မြေထဲကို ၀င်နိုင်တာမဟုတ်ဘူး..ဒါ့အပြင် အကယ်၍ မင်းသာ ငါတို့အတွင်းနယ်မြေရဲ့ တပည့်သားဖြစ်လာလို့ကတော့ ကျောင်းတော်ရဲ့များပြားတဲ့အရင်းအမြစ်တွေရဲ့အထောက်အပံ့တွေကို ရရှိလိမ့်မယ် ”
” ဒုတိယအနေနဲ့ ငါရဲ့ကျောင်းအုပ်နေရာကို တိုင်တည်ပြီပြော၀ံ့တယ်.မင်းသာကျောင်းတော်ထဲမှာဆက်ပြီနေမယ်ဆိုရင် မင်းကို၀ိညာဥ်အရိုးအပြည့်အစုံပေးနိုင်မယ်..ဒါ့အပြင် မင်းအတွက်အကောင်းဆုံးနဲ့ အရည်အသွေးအမြင့်ဆုံး၀ိညာဥ်အရိုးတွေကိုရအောင် လုပ်ပေးရုံတင်မက ခန္ဓာကိုယ်နဲ့ အလိုက်ဖက်ဆုံးအစွမ်းအစကို ဖြစ်တည်နိုင်အောင်ပါ ကူညီပေးမယ်..ဒါ့အပြင် အနည်းဆုံး၀ိညာဥ်အရိုးတစ်ခုက နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ကနေ ထွက်ပေါ်လာရမှာဖြစ်တာကို သိတယ်မလား ငါက အဲ့ဒါကိုအစုံလိုက်ရအောင် လုပ်ပေးမှာ ”
” တတိယတစ်ခုကတော့ ငါအနေနဲ့ မင်းကိုအနည်းဆုံးနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းရအောင် လုပ်ပေးမယ်လို့ အာမခံနိုင်တယ်..ဒါအနည်းဆုံးနော် ”
၀မ်ယန်ကတော့ ရန်ရှောင်ကျဲ့ပြောတဲ့စကားတွေကို ကြားချိန်မှာ သူကိုယ်တိုင်တောင် မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။ ကျောင်းအုပ်ရန်ရဲ့ကမ်းလှမ်းချက်တွေအတွက် သူပထမဆုံးတွေးမိလိုက်တာက ဒီကျောင်းအုပ်ရူးသွားပြီဆိုတာပါပဲ။
အမျက်ဒေါသကျောင်းတော်က ပုံမှန်မဟုတ်အောင် ချမ်းသာကြွယ်၀ပေမဲ့ ရန်ရှောင်ကျဲ့ဟို့ယွိဟောင်ကို ကမ်းလှမ်းနေတဲ့အရာအားလုံးက ပုံမှန်မဟုတ်တဲ့အထိကို ပိုကျော်လွန်နေခဲ့ပါပြီ။ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ နှစ်တစ်သိန်း၀ိညာဥ်အရိုးတွေဆိုတာက အမျက်ဒေါသကျောင်းတော်အနေနဲ့ ရှိရှိသမျှ အင်အားရှင်တွေအားလုံးကိုထုတ်ပြီ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေကို ဟို့ယွိဟောင်အတွက် သွားသတ်မှရမှာပါ။ ဒီရလဒ်ကလဲ သမိုင်းတစ်လျှောက်မှာတောင် ရရှိဖို့ခက်ခဲပါသေးတယ်။ ရန်ရှောင်ကျဲ့အနေနဲ့ ၀ိညာဥ်အရိုးတွေအားလုံးကို အပြည့်အ၀ကူညီပေးမယ်လို့တောင် အာမခံနေတဲ့အချက်က ပိုဆိုးနေခဲ့တာပါပဲ။
အရမ်းကိုကောက်ကျစ်တဲ့ရန်ရှောင်ကျဲ့ကတော့ ၀မ်သုန့်နဲ့ ရှောင်းရှောင်းကိုပါ ဟို့ယွိဟောင်နဲ့အတူ အတွင်းနယ်မြေရဲ့တပည့်သားတွေအဖြစ် ခွင့်ပြုပေးဖို့တောင် ထည့်သွင်းပြောဆိုနေခဲ့ပါတယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ဟို့ယွိဟောင်ရဲ့အကောင်းဆုံးသူငယ်ချင်းပါ။ ဒီအခြေအနေသာရှိနေမယ်ဆိုရင် ရန်ရှောင်ကျဲ့အနေနဲ့ ဟို့ယွိဟောင် သူ့ကိုဘယ်လိုမှမငြင်းနိုင်တော့ဘူးလို့ သေချာဖြစ်နေခဲ့တယ်။ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ ပြိုင်ပွဲကြောင့်သာမဟုတ်ခဲ့ရင် သူတို့အနေနဲ့ ဟို့ယွိဟောင်လိုပါရမီရှင်မျိုးက စောစောကထဲက ရှာတွေ့ခဲ့မှာပါ။ ရန်ရှောင်ကျဲ့အနေနဲ့လဲ ဒီလိုစကားတွေကို အတင်းသွားပြီ သတိပေးနေဖို့ မလိုပါဘူး။ သူအနေနဲ့ကတော့ အခုအချိန်မှာ အစွမ်းကုန်ကြိုးစားပြီ ဟို့ယွိဟောင်ကို လုမှရပါလိမ့်မယ်။ ကိစ္စတွေက ကွာခြားနေခဲ့ပါပြီ။ ဟို့ယွိဟောင်က တစ်ဖက်နယ်မြေရဲ့အတွင်းတပည့်သားဖြစ်သွားရုံတင်မက ဖန်းယွီလဲ ကိုယ်ပိုင်တပည့်သားဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ရန်ရှောင်ကျဲ့အနေနဲ့ အကယ်၍ ဟို့ယွိဟောင်ကို လုံး၀စိတ်ပြောင်းစေချင်တယ်ဆိုရင် တကယ်ကောင်းမွန်တဲ့အကျိုးအမြတ်တွေကို ထုတ်သုံးမှရမယ်လို့ သိနေခဲ့တယ်။ အရေးအကြီးဆုံးကတော့ ဟို့ယွိဟောင်ကို သူတို့ဖက်မှာချက်ချင်းဆွဲထားနိုင်ဖို့အတွက် ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကို ဂုဏ်ကျက်သရေရှိရှိ ယှဥ်ပြိုင်ရမှာဖြစ်ပြီ ဘာမှမပြောပြနိုင်လောက်အောင် ပါးစပ်ပိတ်သွားတဲ့အထိ တွန်းအားပေးရမှာလဲဖြစ်ပါတယ်။
၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်က ချမ်းသာကောင်းချမ်းသာမှာအမှန်ပါ။ ဒါပေမယ့် သူတို့မှာ ထိပ်တန်း၀ိညာဥ်အရိုးကိုရှာဖွေနိုင်ဖို့ အစွမ်းအစရှိမှာလား။ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ကို ဟို့ယွိဟောင်အတွက် အမဲလိုက်ပေးနိုင်ဖို့အစွမ်းအစရောရှိမှာလား ဒါကသူ့တို့အတွက် မဖြစ်နိုင်တဲ့ ကိစ္စတွေပါပဲ။
ရန်ရှောင်ကျဲ့အနေနဲ့ အမြန်ဆုံးနီးနဲ့အတွင်းနယ်မြေထဲကို ပြေးပြီ ဆရာတွေနဲ့ သူတို့ရဲ့အတွင်းတပည့်သားတွေနဲ့ပါ ဆွေးနွေးခဲ့တဲ့ကိစ္စကတော့ ဒီအကြောင်းရင်းပါပဲ။ အဆုံးသတ်မှာတော့ သူတို့အနေနဲ့ ဟို့ယွိဟောင်ကို ဘယ်လောက်ပဲကုန်ချစရိတ်ကြီးမားပါစေ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားဖြစ်လာစေဖို့အတွက် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
အကယ်၍ ဟို့ယွိဟောင်ဒီလောက်အထိ တန်ကြေးကြီးလားလို့တစ်စုံတစ်ယောက်ကမေးလာခဲ့မယ်ဆိုရင် ရန်ရှောင်ကျဲ့အဖြေကို သေချာပေါက်တန်ဖိုးကြီးတယ်လို့ ဖြေမှာပါပဲ။
အမှန်ပါ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်အနေနဲ့ ဟို့ယွိဟောင်ကို ရရှိဖို့အတွက် အများကြီးလုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင် အရွယ်ရောက်ပြီသားလူကြီးတစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင် ကျောင်းတော်ကလဲ နောက်နှစ်သုံးရာလောက်အထိ သူရှိနေသရွေ့ နံပါတ်တစ်အဖြစ် ရပ်တည်နိုင်မယ်ဆိုတာ ပိုပြီးတော့ကို သေချာနေခဲ့တယ်။ ဒါကလဲ တိုက်ကြီးတစ်လုံးမှာ နံပါတ်တစ်ဖြစ်မှာပါ။
သော့်လော့ဘွဲ့ကိုရအောင်ကျင့်ကြံနိုင်တဲ့ဘယ်သူမဆိုအနည်းဆုံးအနှစ်သုံးရာကနေ အနှစ်ငါးရာလောက်အထိ အသက်ရှင်သန်နိုင်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်အနေနဲ့ သူတို့ရဲ့ တည်ရှိမှုကို အသုံးချပြီ လွှမ်းမိုးမှုကိုလဲ ကြီးမားအောင်လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဒီလိုလွှမ်းမိုးမှုက နေလနိုင်ငံတော်အထိရောက်ရှိနိုင်ရုံတင်မက သော့်လော့တိုက်ရဲ့နိုင်ငံတော်ကြီးသုံးခုစလုံးပါ အသာလေးဖိထားနိုင်ပါတယ်။ နိုင်ငံတော်သုံးခုအနေနဲ့လဲ သူတို့ရဲ့တော်၀င်မိသားစုကကလေးတွေကို ကျောင်းတော်ဆီပို့ဆောင်ပြီ သင်ကြားမှုမလုပ်တော့တာမျိုးရှိတော့မှာမဟုတ်ပါဘူး။
ရန်ရှောင်ကျဲ့ကလဲ ဟို့ယွိဟောင်ရဲ့အလားအလာကို ရှင်းလင်းမြင်ထားပြီသားပါ။ အနာဂတ်မှာ ဟို့ယွိဟောင်အနေနဲ့ ကျောင်းတော်ရဲ့အင်အားကြီးခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ဖို့အလားအလာရှိနေပါတယ်။ ဟို့ယွိဟောင်အနေနဲ့ကလဲ ကျောင်းတော်မှာမရှိမဖြစ် တည်မြဲနေဖို့လိုအပ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကိုသာကောင်းကောင်းမွေးမြူးစောင့်ရှောက်ပြီ ကြောက်စရာအင်အားရှင်တစ်ယောက်အဖြစ် မွေးမြူးနိုင်ခဲ့မယ်ဆိုရင် ကျောင်းတော်အနေနဲ့ကတော့ ဘယ်လိုအလှည့်အပြောင်းပဲ ကြုံတွေ့ရပါစေ မားမားမတ်မတ်ရပ်တည်နေနိုင်မှာပါ။
အခုသူတို့ရင်းနှီးမြုပ်နှံထားတဲ့ ပမာဏက ကျောင်းတော်ရဲ့ နှစ်ပေါင်းရာချီရရှိလာမဲ့အကျိုးအမြတ်နဲ့ ယှဥ်လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ ဒါ့အပြင် ကျောင်းတော်အနေနဲ့လဲ ကျောင်းသားတွေအတွက် အသက်မွေး၀မ်းကြောင်းပညာတွေကို သင်ကြားပေးနိုင်တဲ့ ကျောင်းတော်ဖြစ်ရုံတင်မက ပါရမီရှင်တွေကိုလဲ မိုးကောင်းကင်အထိမြင့်မားအောင် မွေးထုတ်ပေးနိုင်တဲ့နေရာလဲအဖြစ်တည်မြဲသွားမှာပါ။ အဆုံးမဲ့အန္တိမသိုင်းပညာ၀ိညာဥ်တစ်ယောက်ကို ပိုင်ဆိုင်ဖို့က တကယ်လွယ်ကူတဲ့အရာလား။ ဒါက ၀မ်ယန်နဲ့ ရန်ရှောင်ကျဲ့တို့အနေနဲ့တောင် သူတို့ဘ၀မှာပထမဆုံးတွေ့ဖူးတဲ့အရာပဲဖြစ်ပါတယ်။
သူရဲ့သိုင်းပညာ၀ိညာဥ်က အသန်မာဆုံးဖြစ်နေရုံတင်မက အနည်းဆုံးတော့ အနာဂတ်မှာလဲဒီထက်ပိုပြီး သန်မာဖို့အလားအလာရှိနေပါသေးတယ်။ သူက အမွှာသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူပါ။
ဒီကိစ္စတွေနဲ့တင် ရန်ရှောင်ကျဲ့အနေနဲ့ လက်ရှိအချိန်ကို အသုံးချဖို့လိုနေခဲ့ပါပြီ။ ဒါကြောင့် ဟို့ယွိဟောင်ကို အမြန်ဆုံးလာရှာတာလဲ ဖြစ်ပါတယ်။
ရန်ရှောင်ကျဲ့ပြောတာကို ကြားပြီတဲ့နောက် ဟို့ယွိဟောင်လဲ ဘာဖြေရမလဲတောင် မသိတော့ပါဘူး။ သူစကားတွေရဲ့ ပမာဏက ခံယူနိုင်ဖို့အတွက်ခက်ခဲလွန်ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ဘယ်လောက်ပဲထက်မြက်ပါစေ ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်နေဆဲပါ။ တစ်ဖက်ကျောင်းအုပ်ရဲ့အရှိန်အ၀ါက ပြင်းထန်လွန်နေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ဘာပြောလို့ပြောရမှန်းတောင် မသိပဲဖြစ်နေခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာပဲ အလောတကြီးအော်သံက ထွက်ပေါ်လာပါတော့တယ်။ ဒီအော်သံက ဟို့ယွိဟောင်ရော ၀မ်ယန်တို့ကိုပါ တုန်လှုပ်ခြောက်ခြားသွားစေခဲ့တယ်။
” ရန်ရှောင်ကျဲ့ မင်းအရှက်မရှိဘူးလား ”
” ဗြန်း ”
လူတစ်ယောက်က တံခါးကိုကန်ပြီ ဖွင့်လာပါတယ်။ ချင်းသောသောကတော့ ဒေါသတကြီးနဲ့ပြေး၀င်လာခဲ့ပါပြီ။ ဖန်းယွီလဲသူ့နောက်မှာ လိုက်လာခဲ့တယ်။
ရန်ရှောင်ကျဲ့ကျောင်းသားတွေရဲ့အတန်းတက်စာမေးပွဲကိုသွားပြီ ကြည့်တယ်ဆိုကထဲက သူတို့သိနေခဲ့တာပါ။ ဒါ့အပြင် သူ့က ဟို့ယွိဟောင်ကို အမှတ်ပြည့်ပေးပြီတာနဲ့ ချက်ချင်းထွက်သွားပါတော့တယ်။ ကျိုးယိအနေနဲ့ တစ်ခုခုလွဲနေတာကို သတိထားမိတာကြောင့် စာမေးပွဲဖြေနေတဲ့အတွင်းမှာတင် ၀မ်သုန့်ကို ဖန်းယွီဆီသွားပြီ သတင်းပို့ခိုင်းလိုက်ရတာပဲဖြစ်ပါတယ်။
ဖန်းယွီလဲ သူမ ပေးလိုက်တဲ့စာကို မြင်ပြီတဲ့နောက် ဘာတွေဖြစ်နေလဲဆိုတာကို ချက်ချင်းသိသွားခဲ့တယ်။ ရန်ရှောင်ကျဲ့အနေနဲ့ အတန်းတင်စာမေးပွဲကို ကိုယ်တိုင်လာကြည့်တယ်ဆိုတာ ဖြစ်နိုင်တဲ့ကိစ္စလား။ ဒါကသေချာပေါက် ဟို့ယွိဟောင်အတွက်ပါပဲ။ ဒီအတွေးကိုတွေးပြီတဲ့နောက် နောက်ထပ် အချိန်တစ်စက္ကန့်တောင်မဖြုန်း၀ံ့တော့ပဲ လက်ထောက်ချင်းသောသောကို သွားရှာပါတော့တယ်။
တကယ်တော့ သူတို့တွေရောက်နေတာ လွန်ခဲ့တဲ့မိနစ်ပိုင်းအလိုထဲကပါ။ ရန်ရှောင်ကျဲ့အနေနဲ့လဲ အခန်းထဲမှာ မတ်တပ်ရပ်နေရင်း အပြင်မှာဘယ်သူတွေ ရောက်နေပြီလဲဆိုတာကို သူသိပါတယ်။ ဒါကြောင့် အစောပိုင်းက ရန်ရှောင်ကျဲ့ပြောသမျှကို သူတို့ကြားမိတာအမှန်ပါပဲ။ ချင်းသောသောကတော့ အရမ်းကို ဒေါသထွက်လွန်းလို့ ပါးစပ်အဟောင်းသားကြီးနဲ့ ဖြစ်နေခဲ့ရပါတယ်။
ရန်ရှောင်ကျဲ့က ပြုံးပြရင်း ပြန်ဖြေလိုက်တယ်။
” အဘိုးကြီးချင်း မင်းဒီလောက်တောင်အားအားယားယား ကျောင်းရဲ့အခန်းတွေကို လျှောက်သွားနိုင်နေတာလား ”
ချင်းသောသောက စိတ်ပျက်လက်ပျက်နဲ့ ပြောလာခဲ့ပါတယ်။
” ရန်ရှောင်ကျဲ့ မင်းမျက်နှာကောရှိသေးရဲ့လား ငါတို့တွေ ဘာသဘောတူခဲ့လဲ မင်းမသိတော့ဘူးလား….ဟို့ယွိဟောင်ကို ငါတို့တပည့်သားအဖြစ်ပေးမယ်လို့ မင်းကိုယ်တိုင်ပဲ သဘောတူခဲ့တာပဲလေ ဒါ့အပြင် အဲ့ဒီတုန်းကလောင်းကြေးအတွက် အနိုင်ရမှုအပေါ်မူတည်ပြီ သဘောတူခဲ့တာ မင်းမမှတ်မိတော့ဘူးလား ”
” ဒါပေါ့ ငါကတိပေးခဲ့တာပေါ့ ဒါပေမယ့် ငါကလူသားပဲလေ လူသားတွေဆိုတာက အမြဲတမ်းအမှားလုပ်နိုင်တာပေါ့ ဆိုးရိုးစကားရှိတယ်မဟုတ်လား မမှားသောရှေ့နေ မသေသောဆေးသမားမရှိဘူးတဲ့ ငါကအခုအမှားမယွင်းမရှိပဲ လာပြင်ဆင်နေတာ ”
ချင်းသောသောက ပိုပြီးဒေါသထွက်လာပါတော့တယ်။
” မင်းပြောချင်နေတာ မင်းပါပြီတဲ့အီးကို မင်းပြန်ထည့်လို့ရလို့လား မင်းအနေနဲ့ သူ့ကိုဒီအတိုင်းငါအရှေ့ကနေ ခိုးယူဖို့ကြိုးစား၀ံ့တယ်ပေါ့ ငါမင်းနဲ့ တိုက်ခိုက်ရလိမ့်မယ်”
ရန်ရှောင်ကျဲ့ရဲ့အမူအရာ အေးအေးဆေးဆေးရှိနေဆဲပါ။
“မင်းကတိုက်ခိုက်ချင်တယ်ဟုတ်လား ရတာပေါ့ သေချာတာပေါ့ ငါတို့ငယ်ငယ်တုန်းကဆို ခဏခဏတိုက်ခိုက်ကြတယ်မလား အခုတော့အိုပြီလေ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ရတာ ကြာလှရောပေါ့ သွားမယ်နေရာတစ်ခုလောက်ရှာပြီ ကောင်းကောင်းတိုက်ခိုက်ရအောင် အကယ်၍ ငါသာနိုင်မယ်ဆိုရင် ဟို့ယွိဟောင် ငါတို့ကျောင်းမှာနေရမယ်.သူနဲ့ပတ်သက်ပြီငါတို့ဘာမှလာပြောစရာမလိုတော့ဘူး ”
ချင်းသောသောကတော့ ဒေါသထွက်လွန်လို့ သတိလစ်မတတ်ဖြစ်နေခဲ့ပါပြီ။
” ရန်ရှောင်ကျဲ့ ငါတစ်ဘ၀လုံးမှာ အရှက်မရှိတဲ့လူတွေကို မရေမတွက်နိုင်အောင်မြင်ဖူးတယ်..ဒါပေမယ့် မင်းလောက်အရှက်မရှိတဲ့လူကို တကယ်မတွေးဖူးဘူး.မင်းက ဘယ်သူမှမယှဥ်နိုင်အောင် အရှက်မရှိဖြစ်နေတာပဲ ကတိလုံး၀မတည်တဲ့ အရှက်မရှိတဲ့သတ္တ၀ါ ”
ရန်ရှောင်ကျဲ့အနေနဲ့ မှားယွင်းစွပ်စွဲခံရတဲ့မျက်နှာနဲ့ ပြောလာခဲ့ပါတယ်။
” ငါကကတိမတည်ဘူးတဲ့လား ဘယ်လိုလုပ်ကတိမတည်ရမှာလဲ ငါမင်းကို ကတိတည်ခဲ့တာအမှန်ပဲလေ ဟို့ယွိဟောင်ကလဲ မင်းတို့ရဲ့အဓိကအတွင်းတပည့်သားဖြစ်နေပြီ ငါလဲ မတားခဲ့ပါဘူး.ငါက အခုသူ့အတွက် ကမ်းလှမ်းချက်ပေးနေတာ အကယ်၍ သူသာ မင်းတို့ဌာနကို လျစ်လျူရှုပြီ ငါတို့ဌာနကို ပြန်လာဖို့ရွေးချယ်လိုက်မယ်ဆိုရင် ငါအနေနဲ့ သူ့ကို သေချာပေါက် ကြိုဆိုရမှာပေါ့ ငါကကတိမတည်တာတော့မဟုတ်ဘူးလေ ယွိဟောင်မင်းအနေနဲ့ ဆုံးဖြတ်ချက်ချဖို့လိုလာပြီ ဒါ့အပြင် ငါမင်းကို ကတိပေးခဲ့တဲ့ကိစ္စတွေအားလုံး ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေက မင်းကိုမပေးနိုင်ဘူး..သူတို့က နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ကိုလဲသတ်နိုင်တယ်လို့ ပြောနိုင်ပေမဲ့ မင်းအနေနဲ့ သူတို့ဆီမှာနေမယ်ဆိုရင် အဆင့်ကိုးဆယ့်ငါးအထက် သော့်လော့ဖြစ်လာနိုင်မှာမဟုတ်ဘူး..ဒါ့အပြင် သူတို့လဲ မင်းအတွက်နှစ်တစ်သိန်းသားရဲကောင်ကိုသတ်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ ဒါပေမယ့် အကယ်၍ ငါသာအဆင့်ကိုးဆယ့်ငါးအထက်ကို ရောက်အောင်ကျင့်ကြံပြီးပြီဆိုရင်တော့ ငါကောင်းအောင်လုပ်ပေးနိုင်တယ်..ဒါ့အပြင် ဥပမာပေးတဲ့အချိန် ငါဘာကိုပြောချင်လဲ မင်းနားလည်မှာပါ အကယ်၍ ငါသာ ညွှန်ကြားပြသမှုကို ပြောင်းလဲလိုက်မယ်..ဒီချင်းသောသောက မင်းရဲ့အရှေ့မှာ ရပ်နေပေမဲ့ငါနဲ့သာ တိုက်ခိုက်မယ်ဆိုရင် ငါ့ကိုနိုင်ဖို့အခွင့်အရေးရှိနိုင်မှာမဟုတ်ဘူး..တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာယှဥ်ပြိုင်မယ်ဆိုရင်တော့ သူကငါ့ကိုရှုံးမှာပဲ သူလဲငါလိုသော့်လော့ပဲလေ ငါနဲ့သူမှာ ဘယ်သူကနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ကို သတ်နိုင်မလဲမေးကြည့်လိုက်ပါဦး ”
ချင်းသောသောကတော့ သူ့ရဲ့အဆုပ်တစ်ခုလုံးတောင် ကွဲထွက်တော့မလိုခံစားနေခဲ့ရပါတယ်။ ရန်ရှောင်ကျဲ့က အမြဲတမ်းငယ်ငယ်လေးကထဲက သူ့တို့ထက်သာနေခဲ့တာပါ။ အမှန်တကယ်တော့ ဒီတစ်ကြိမ်မှာလဲအတူတူပါပဲ အကယ်၍ သူတို့သာတိုက်ခိုက်ကြမယ်ဆိုရင် သူ့အနေနဲ့ ရန်ရှောင်ကျဲ့ရဲ့ပြိုင်ဘက်မဟုတ်နိုင်ပါဘူး။ ရန်ရှောင်ကျဲ့ရဲ့စကားတွေက ကြမ်းတမ်းပေမဲ့ အမှန်တွေကြီးသာဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ချင်းသောသောအနေနဲ့ အဲ့ဒါကြောင့်သာ ပိုပြီး ဒေါသထွက်နေခဲ့တာပါ။ ရန်ရှောင်ကျဲ့သာ ဟို့ယွိဟောင်ကို ကိုယ်တိုင်လာရှာပြီ ဒီလိုတောင်းပန်နေတာကြောင့်သာ မဟုတ်ရင် သူလဲဒီလောက်ဒေါသထွက်နေရမှာ မဟုတ်ပါဘူး။
သူလဲ ရန်ရှောင်ကျဲ့နဲ့ မငြင်းဆိုနိုင်တော့တဲ့အတွက် ဟို့ယွိဟောင်ဘက်ကို လှည့်သွားပါတော့တယ်။
” ဟို့ယွိဟောင် မင်းကငါတို့ဌာနရဲ့အတွင်းတပည့်သားဖြစ်ပြီးနေပြီ ဒါ့အပြင် ဖန်းယွီရဲ့တိုက်ရိုက်တပည့်သားပဲ အနာဂတ်မှာ ငါတို့ကျောင်းတော်ရဲ့ကျောင်းအုပ်ဖြစ်လာမယ်သူ ဒါ့အပြင် မင်းကလဲ ၀ိညာဥ်လက်နက်တွေကို လုပ်တဲ့နေရာမှာ ပါရမီရှိတယ်..ငါတို့ဌာနက မင်းကိုဘယ်လောက်ကောင်းကောင်းဆက်ဆံလဲဆိုတာ မင်းသိမှာပါ ဒါကြောင့် မင်းအနေနဲ့ဒီကိစ္စကို သေချာစဥ်းစားဖို့မျှော်လင့်ပါတယ် ”
စဥ်းစားရမယ် ဘာကိုစဥ်းစားရမှာလဲ ဟို့ယွိဟောင်ရဲ့စိတ်က စဥ်းစားနိုင်စွမ်းတွေအားလုံး ပျောက်ဆုံးနေတဲ့အထိ ဖြစ်ကုန်ပါပြီ။
တစ်ဖက်မှာသိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ ကျောင်းအုပ်ကရပ်နေခဲ့ပြီ တစ်ဖက်မှာတော့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းရဲ့ လက်ထောက်ကျောင်းအုပ်က ရပ်နေခဲ့ပါတယ်။ နှစ်ယောက်စလုံးကလဲ သော့်လော့တွေကြီးပါပဲ။ ကျောင်းအုပ်ရန်ရှောင်ကျဲ့ကတော့ ၀ိညာဥ်စွမ်းအားကိုးဆယ့်ငါးအထက်ကိုရောက်နေတဲ့ထူးကဲသာလွန်သော့်လော့ပါ။ ဟို့ယွိဟောင်ကတော့ ကျောင်းသားတစ်ယောက်သာ ရှိပါသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ သူဘယ်လိုပြောရမှာလဲ တစ်ဖက်လူကိုမော့ကြည့်ဖို့တောင် သူမလုပ်ချင်ပါဘူး။
ဖန်းယွီအနေနဲ့လဲ ဟို့ယွိဟောင် အတော်လေးစိတ်ထွေးပြားနေတာကို သိပါတယ်။ ဒါကြောင့် ချက်ချင်းဆိုသလို ဟို့ယွိဟောင်ဘက်ကိုသွားရင်း ပုခုံးကိုပုတ်ပြီ နှစ်သိမ့်နေခဲ့တယ်။
” ကျောင်းအုပ်တို့ယွိဟောင်ကို နောက်ထပ် ထပ်ပြီး စိတ်ဒုက္ခမပေးတာ ကောင်းပါလိမ့်မယ်..ကျောင်းအုပ်ရန် ဒီတစ်ခေါက်မှာ ကျောင်းအုပ်ရန်တကယ်မှားသွားပြီနော် ယွိဟောင်က ကျွန်တော်ရဲ့တပည့်သားဖြစ်နေပြီသား ဒါ့အပြင် ကျောင်းတော်နှစ်ခုစလုံးရဲ့ စည်းလုံးမှုကိုဆက်ပြီ ထိန်းသိမ်းနိုင်ဖို့အတွက် ဒီလိုအိပ်နေတဲ့ခွေးတွေကို အေးအေးဆေးဆေး အိပ်ပါစေတော့လား ”
အပိုင်း ၅၃•၂ ပြီး၏။