Switch Mode

Chapter – 53.1

မငြင်းဆန်နိုင်တဲ့ အကျိုးအမြတ်တွေလား

အပိုင်း ၅၃•၁

” မငြင်းဆန်နိုင်တဲ့ အကျိုးအမြတ်တွေလား ”
°°°
” ဒါကို တောင့်ခံနိုင်ဖို့ဆိုရင် မင်းရဲ့၀ိညာဥ်စွမ်းအားက အနည်းဆုံးအဆင့်နှစ်ဆယ့်ကို ရောက်ဖို့လိုအပ်တယ်..ဒါမှသာ အပြည့်အ၀နိုးထ​နိုင်လိမ့်မယ်..အခုတော့ မင်းရဲ့ ခန္ဓာကိုယ်က သူ့ရဲ့အစွမ်းအစကို တောင့်ခံနိုင်နေပြီ ငါပြောတဲ့ကိစ္စတွေအားလုံးက ယုံကြည်မှုခက်ခဲမယ်ဆိုတာကို သိပါတယ်..ဒါပေမယ့်လဲ လက်ရှိအချိန်မှာ မင်းရဲ့ကိစ္စကို ရှင်းပြနိုင်မဲ့အကောင်းဆုံးပဲ ဖြစ်နေမယ် ”

မယုံကြည်နိုင်စရာကောင်းတယ်လား။ ဟို့ယွိဟောင်အနေနဲ့ ကျောတစ်ခုလုံးတောင် ချွေးတွေထွက်နေခဲ့ပါပြီ။ ဆရာ၀မ်ယန်ရဲ့ ရှင်းပြချက်က အတော်ကို အံ့ဩစရာကောင်းလွန်လှပါတယ်။ ရေခဲဧကရီသိုင်းပညာ၀ိညာဥ်က စိတ်၀ိညာဥ်မျက်လုံးကြောင့် ဒီလိုနိုးထလာခဲ့တာမဟုတ်ပါဘူး။ ၀မ်ယန်ပြောတဲ့အထဲမှာ အမှားအယွင်းတစ်ခုမှမပါပဲ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က တကယ်တော့ အသစ်ထွက်ပေါ်လာခဲ့တာပါ။

၀မ်ယန်က အသက်ပြင်းပြင်းရှုသွင်းရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ယွိဟောင် ငါမင်းကိုအကြံပြုပါရစေ မင်းကလက်ရှိအချိန် ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားဖြစ်နေခဲ့ပေမဲ့ သိုင်းပညာ၀ိညာဥ်က အဆုံးစွန်းဓာတ်သဘာ၀တစ်ခုကို ပိုင်ဆိုင်ထားတယ်..ဒါကြောင့် မင်းလေ့လာသင်ကြားဖို့အတွက် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေက အကောင်းဆုံးပဲ ဒီနယ်မြေမှာ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကို သင့်တော်အောင် မွေးမြူးနိုင်လိမ့်မယ်..အမှန်အတိုင်းပြောရမယ်ဆိုရင် ငါမြင်ဖူးသမျှထဲမှာ အတွင်းပါရမီအမြင့်ဆုံးကမင်းပဲ ဒါမျ်ိုးကို ငါအိပ်မက်ထဲမှာတောင် မထည့်မက်ဖူးဘူး..အမွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်လို့မက ခန္ဓာကိုယ်၀ိညာဥ်ပိုင်ဆိုင်ထားပြီ အဆုံးမဲ့တဲ့ သိုင်းပညာ၀ိညာဥ်တစ်ခုပါ ဒီပူတွဲတည်ရှိနေသေးတယ်.. ဒါကလဲ လူတစ်ယောက်ထဲမှာပဲ ”

” မင်းက အခုအချိန်မှာ လုံလောက်အောက် မသန်မာသေးဘူး..ဒါပေမယ့် အချိန်သာလုံလုံလောက်လောက်ရှိပြီ မင်းသာသင့်တော်အောင် ဆက်တိုက်လေ့ကျင့်နေမယ်ဆိုရင် အင်အားက ကြောက်စရာကောင်းလောက်အောင် တိုးတက်လာလိမ့်မယ်..တစ်ချိန်ထဲမှာပဲ မင်းရဲ့စိတ်၀ိညာဥ်မျက်လုံးကလဲ နောက်တစ်ကြိမ် ထပ်ပြီး နိုးထလာနိုင်သေးတယ်…ကောင်းကင်ကြီးရေ ငါအနေနဲ့ အနာဂတ်မှာ မင်းဘယ်လောက်အထိ အမြင့်ကိုတက်သွားမလဲဆိုတာ မတွေးတောနိုင်လိုက်အောင် ဖြစ်နေပြီ ဒါပေမယ့် လေ့ကျင့်တဲ့အပိုင်းမှာ သေချာပေါက် သတိထားရမယ်..မင်းရဲ့အဆုံးမဲ့တဲ့ အန္တိမဓာတ်သဘောသဘာ၀ကို ပြင်းထန်လွန်တယ်…ဒါပေမယ့် အဲ့ဒီလိုသဘာ၀တွေမှာလဲ အားနည်းချက်တွေကရှိတာပဲ..ဒါက မင်းရဲ့ကျင့်ကြံမှုအရှိန်နှုန်းနဲ့ ဆက်စပ်နေလိမ့်မယ်…ကျောင်းတော်ရဲ့မှတ်တမ်းတွေအရဆိုရင် ဒီလိုအဆုံးစွန်းဓာတ်သဘာ၀ကို ပိုင်ဆိုင်ထားတဲ့ ဘိုးဘေးသုံးယောက်စလုံးက အဆင့်သုံးဆယ့်ကိုရောက်တာနဲ့ ကျင့်ကြံဆင့်တွေ ရုတ်တရက်အရှိန်လျော့သွားတာကို ခံစားကြရတယ်တဲ့ ”

” ရုတ်တရက် လျော့ကြသွားတယ်တဲ့လား ဘယ်လိုအခြေအနေမျိုးအထိလဲ ”

” မင်းစိုးရိမ်ဖို့မလိုပါဘူး ”

၀မ်ယန်က ပြုံးပြရင်းပြန်ဖြေလိုက်ပါတယ်။

” မင်းရဲ့ကျင့်ကြံမှုက အများကြီးလျော့ကြသွားတယ်ဆိုရင်တောင် ဒီလိုမျိုး အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူတွေက အဆင့်တူတွေထက် အများကြီးပိုသန်မာလိမ့်မယ်…ဒါ့အပြင် နှေးကွေးတဲ့ကျင့်ကြံမှုဆိုတာက ခန္ဓာကိုယ်ကရော သူ့ရဲ့ဓာတ်သဘာ၀ကိုပါ အားကောင်းစေဖို့အတွက် ဆက်တိုက်ကူညီထောက်ပံ့ပေးတဲ့ ကိစ္စတစ်ခုပဲလေ ဒါ့အပြင် ဖြည်းဖြည်းချင်းဆိုသလို ဆက်သွားတာက လုံး၀ရပ်တန့်သွားမှာမှမဟုတ်ပဲ တကယ်တော့ ဖြည်းဖြည်းချင်းဆက်ပြီသွားနေတဲ့ကိစ္စက မင်းအနေနဲ့ အခြေခံခိုင်ဖို့အတွက် ပိုပြီးကောင်းမွန်လိမ့်မယ် .ဒါ့အပြင် ဒီလိုမျိုးအဆုံးစွန်းဓာတ်သဘောသဘာ၀တစ်ခုကို ပိုင်ဆိုင်ထားပြီဆိုမှတော့ သူများတွေလို အဆင့်တစ်ဆင့်ထဲမှာ ညှပ်နေတဲ့ကိစ္စမျိုး အရှေ့ကိုမရောက်တာမျိုးကြုံတွေ့ရတော့မှာမဟုတ်ဘူး”

ဟို့ယွိဟောင်အနေနဲ့ ၀မ်ယန်ရဲ့ရှင်းပြချက်ကို ကြားပြီချိန်မှာ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ဘယ်လောက်အထိ အားသာချက်တွေ ဖြည့်တင်းပေးနိုင်လဲဆိုတာ နားလည်သွားပါတော့တယ်။ ဒါ့အပြင် ၀မ်ယန်အနေနဲ့လဲ သူ့မှာနှစ်တစ်သန်း၀ိညာဥ်စက်ကွင်းတစ်ကွင်းနဲ့ နှစ်လေးသိန်း၀ိညာဥ်စက်ကွင်းတစ်ကွင်းတို့ ရှိနေတာကို မသိသေးပါဘူး။

၀မ်ယန်ပြောလိုက်သလိုပဲ ဟို့ယွိဟောင်က အခုအချိန်မှာ အားနည်းနေပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့အနာဂတ်အလားအလာကတော့ လုံး၀ကို အကန့်အသတ်မဲ့နေခဲ့တယ်။

” ဒီတော့ မင်းဘယ်လိုတွေးလဲ လက်ရှိအချိန်မှာ ဌာနပြောင်းဖို့နဲ့ ကျောင်းပြောင်းဖို့ကိစ္စက အတော်လေးစဥ်းစားသင့်တယ်နော် အကယ်၍ မင်းသာ သဘောတူမယ်ဆိုရင် ငါကျောင်းအုပ်ကို ငါကိုယ်တိုင်သွားပြီ သတင်းပို့ပေးလို့ရတယ်…သူက မင်းကိုလုံး၀အဓိကအတွင်းတပည့်သားဖြစ်အောင် လုပ်ပေးမှာပဲ ဒါ့အပြင် ငါမင်းကို သေချာပေါက် အာမခံနိုင်တယ်..မင်းရဲ့ဒီလိုပါရမီမျိုးနဲ့ဆိုရင် အတွင်းနယ်မြေကို လုံး၀ရောက်မှာ ”

ဟို့ယွိဟောင်လဲ မျက်မှောင်ကြုတ်နေခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူခေါင်းခါလိုက်တယ်။

” ကျေးဇူးတင်ပါတယ်ဆရာ၀မ် ကျွန်တော်ဆရာရဲ့ စိတ်ကောင်းစေတနာကို တကယ်ပဲကျေးဇူးတင်မိပါတယ်..ဒါပေမယ့် ကျွန်တော်အနေနဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်က အတွင်းတပည့်သားဖြစ်ပြီနေပါပြီ ဒါကြောင့် ကျွန်တော်စကားတွေကို ပြန်ရုတ်သိမ်းလို့မရတော့ပါဘူး ”

၀မ်ယန်ကတော့ သက်ပြင်းချလိုက်ပါတယ်။

” ဒါက ငါတို့သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေအမြင်ကျဥ်သွားခဲ့တဲ့အမှားပဲလေ မင်းရဲ့၀မ်သုန့်တို့နှစ်ယောက်လူသစ်တွေရဲ့ပြိုင်ပွဲမှာ နံပါတ်တစ်ဖြစ်တဲ့အချိန်ကထဲကစပြီ ငါအကြီးအကဲရွှမ်ကိုသွားတိုင်းတွေ့ရင်း မင်းတို့နှစ်ယောက်ကို ကြည့်ဖို့ပြောခဲ့တယ်…ဒါပေမယ့် သူတို့က ”

၀မ်ယန်က သက်ပြင်းချရင်း ပြောလာခဲ့ပြန်ပါတယ်။

” ဒီလိုမျိုးအဆုံးစွန်းအစွမ်းထက်နေတဲ့ သိုင်းပညာ၀ိညာဥ်က လုံး၀အလဟာသဖြစ်ခံလို့မရဘူးလေ ယွိဟောင် မင်းအနာဂတ်မှာ ၀ိညာဥ်လက်နက်တွေကို အဓိကလေ့လာပြုမူဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တောင် မင်းရဲ့ကျင့်ကြံဆင့်ကို လုံး၀လျစ်လျူ့ရှု့ထားလို့မရဘူး…အနာဂတ်မှာမင်းနောက်ထပ်၀ိညာဥ်စက်ကွင်းတွေ ရလာနိုင်ဖို့ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းကျောင်းတော်ကို ငါကြိုးစားပြီ တောင်းဆိုပေးမှာပါ မင်းအနေနဲ့လဲ ဒီအဆုံးမဲ့တဲ့ ဓာတ်သဘောသဘာ၀ကို သေချာလေ့ကျင့်ဖို့လိုအပ်တယ် “.

ဟို့ယွိဟောင်ကတော့ ဒါကိုကြားချိန်မှာ အတော်လေး စိတ်ရှုပ်ထွေးလာပါတော့တယ်။

” ဆရာ၀မ် ကျွန်တော်က ဆရာတပည့်အဖြစ်ထာ၀ရရှိနေမှာပါ ကျွန်တော်အတွက် စိုးရိမ်ဖို့မလိုပါဘူး…ကျွန်တော်သေချာပေါက် ဆရာမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာစေရပါ့မယ်…ကျွန်တော်သေချာပေါက် လေ့ကျင့်ပါ့မယ် ”

၀မ်ယန်က သူ့ပုခုံးကိုပုတ်လိုက်ရင်း ပြေလိုက်တယ်။

” မင်းအခုတော့အခန်းကိုပြန်ပြီး အနားယူသင့်တယ်…နောက်နှစ်ရက်အထိ စာမေးပွဲကရှိနေမှာ အတန်းတွေလဲရှိမှာမဟုတ်ဘူး..ငါကျောင်းအုပ်ကိုသွားရှာလိုက်ဦးမယ်…သူလဲ မင်းရဲ့လုပ်ဆောင်ချက်တွေကို မြင်ခဲ့မှာပဲ ဒါ့အပြင် ငါလောင်းရဲတယ်..သူသေချာပေါက် မင်းကိုအာရုံစိုက်နေမှာ ဒါပေမယ့် အလောတကြီးရွေးချယ်ဖို့တော့ မလိုပါဘူး..ကျောင်းအုပ်ရန်က ထူးချွန်တဲ့သူတွေကို အမြဲတမ်းရှာဖွေနေတာပဲ အခုတော့မင်းလိုလူမျိုးတွေ့ပြီဆိုမှတော့ သူလဲ မင်းကိုလုံး၀လက်လျှော့မှာမဟုတ်တာ သေချာတယ် ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်း လှည့်ထွက်ဖို့ပြင်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာပဲ ရုတ်တရက်ဆိုသလို ဘက်ပေါင်းစုံကနေညင်းသာတဲ့ အသံတစ်သံကို သူကြားလိုက်ရပါတယ်။

” ဆရာ၀မ် မင်းက ငါတို့သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ အထူးချွန်ဆုံးဆရာတွေကတစ်ယောက်အဖြစ် ဂုဏ်သတင်းနဲ့ လိုက်ဖက်အောင်နေနိုင်တာပဲ ဒီကျောင်းတော်အတွက် မင်းလုပ်ပေးခဲ့သမျှ အရာအားလုံးကို ကျေးဇူးတင်ရတော့မှာပေါ့ ငါ့ကိုလာရှာဖို့မလိုဘူး ငါကိုယ်တိုင်းလာရှာဖို့ ဆုံးဖြတ်လိုက်ပြီ ကျေးဇူးပြုပြီး တံခါးကို ဖွင့်လိုက်ပါ ”

လေပြေလိုနူးညံ့တဲ့အသံက အရမ်းကို နား၀င်ချိုလွန်လှပါတယ်။ ဒါကိုကြားချိန်မှာ ဟို့ယွိဟောင်အနေနဲ့ စိတ်၀ိညာဥ်ပင်လယ်တစ်ခုလုံး လှုပ်ခတ်သွားတာကို ခံစားလိုက်မိတော့တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲကျောက်စိမ်းဧကရီ နှစ်ယောက်စလုံးလဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲကနေ ထပြီပြောတော့တယ်။

” ဒီလူက အရမ်းအစွမ်းထက်လိုက်တာ ”

၀မ်ယန်အနေနဲ့ ဒီစကားကိုကြားချိန်မှာ ချက်ချင်းဆိုသလို သူရုံးခန်းတံခါးကို ဖွင့်လိုက်ပါတော့တယ်။ အပြင်မှာစောင့်နေသူကတော့ ကျောင်းအုပ်ရန်ရှောင်ကျဲ့ပါပဲ။

ကျောင်းအုပ်ရန်က အတွင်းနယ်မြေရဲ့ ဆရာတွေနဲ့ အစည်းအဝေးကျင်းပပြီတဲ့နောက် ပြန်လာခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်းဆုံးဖြတ်ပြီတဲ့နောက် ခပ်မြန်မြန်ပဲ ဟို့ယွိဟောင်ကို ရှာဖွေဖို့ပြန်လာခဲ့ပါပြီ။ အဲ့ဒီနောက် လမ်းမှာဖြတ်သွားဖြတ်လာရင်းနဲ့ ၀မ်ယန်ကို သူတွေ့လိုက်ပါတယ်။ သူမှတ်မိသလောက်အရ ၀မ်ယန်သူ့ရုံးခန်းကို သွားမှာသေချာနေတဲ့အတွက် လိုက်လာခဲ့တယ်။ သူ့ရဲ့ကျင့်ကြံဆင့်က မြင့်မားလွန်တာကြောင့် အနားမှာခြင်တွေ ယင်ကောင်တွေ ဖြတ်ပျံနေတာကအစ ရှင်းရှင်းလင်းလင်းကြားနိုင်တာပါ။ ဒါ့အပြင်ကီလိုမီတာပေါင်းရာချီသောင်းချီအကွာကအစ အသံတွေရှင်းရှင်းလင်းလင်းကြားနိုင်တာကြောင့် ရုံးခန်းအပြင်မှာရပ်နေရင်း စကားကိုမကြားနိုင်စရာဘာအကြောင်းမှ မရှိပါဘူး။ ၀မ်ယန်ရဲ့ပြောခဲ့တဲ့စကားတွေအားလုံးကို နားထောင်ရတဲ့ကိစ္စက သူ့အတွက်တော့ ကိတ်မုန့်လှီးနေရသလိုပါပဲ။

” ကျောင်းအုပ် ”

၀မ်ယန်က ရန်ရှောင်ကျဲ့ကို တလေးတစားနဲ့ ဦးညွတ်လိုက်ပါတယ်။ သူက ကျောင်းအုပ်ရန်ကို နှလုံးသားထဲကနေ လေးလေးနက်နက် လေးစားတဲ့သူပါ။

ရန်ရှောင်ကျဲ့ကတော့ ပြုံးနေခဲ့တယ်။

” ဆရာ၀မ် မင်းပြောတဲ့ကိစ္စတွေကို ငါကြားပြီးပြီ ငါ့လိုကျောင်းအုပ်တစ်ယောက်အနေနဲ့ မင်းကိုကျောင်းအစားကျေးဇူးတင်ပါရစေ မင်းက ငါတို့ရဲ့ကျောင်းတော်အတွက် ပါရမီရှင်တစ်ယောက်ကို အတတ်န်ိုင်ဆုံးခေါ်ယူဖို့ ကြိုးစားပေးခဲ့တယ်…ဘယ်လိုပဲဖြစ်ပါစေ ယွိဟောင်နဲ့ တခြားသူတွေသူတို့အတန်းက အပြင်နယ်မြေရဲ့ လေ့ကျင့်မှုကို ကျော်ဖြတ်ပြီတာနဲ့ မင်းလဲအတွင်းနယ်မြေမှာစပြီ သင်ကြားရလိမ့်မယ်..အကယ်၍ ငါသာမမှားဘူးဆိုရင် လျှို့၀ှက်စာကြည့်တိုက်ထဲက စာတွေကို မင်းအမြဲတမ်းဖတ်ချင်နေခဲ့တာမဟုတ်လား အတွင်းနယ်မြေကို ၀င်ရတဲ့အချိန် မင်းငါ့ကိုလာရှာလိုက် ငါမင်းကို လျှို့၀ှက်စာကြည့်တိုက်ထဲ၀င်ခွင့်ပေးမယ် ”

၀မ်ယန်လဲ အရမ်းကို ပျော်ရွှင်သွားပါတော့တယ်။

” ကျေးဇူးပါကျောင်းအုပ် ဒါတကယ် မယုံနိုင်စရာပါပဲ တကယ်မယုံနိုင်စရာပါပဲ ”

အကယ်၍ ရန်ရှောင်ကျဲ့သာ ဒီနေရာမှာ မရှိခဲ့ဘူးဆိုရင် သူအနေနဲ့ ပျော်လွန်လို့ ထခုန်နေခဲ့မှာပါ။ အတွင်းနယ်မြေရဲ့ဆရာတစ်ယောက်ဖြစ်လာပြီ လျှို့၀ှက်စာကြည့်တိုက်ရဲ့ စာအုပ်တွေကိုဖတ်နိုင်မဲ့အရာက ၀မ်ယန်တစ်သက်လုံးမျှော်လင့်နေတဲ့ကိစ္စပါပဲ။ သူ့အနေနဲ့ သူတစ်ဘ၀တာရဲ့ မျှော်လင့်ချက်ပန်းတိုင်ကြီးကို ဒီလိုအောင်မြင်တော့မယ်လို့ မထင်မှတ်ထားခဲ့မိတာအမှန်ပါ။ သူမှမပျော်ရင် ဘယ်သူပျော်မှာလဲ။

ရန်ရှောင်ကျဲ့က ၀မ်ယန်ရဲ့အခန်းကို ၀င်ပြီသွားတာနဲ့ တံခါးတွေက အလိုအလျောက်ပိတ်သွားပါတော့တယ်။ ၀မ်ယန်ရဲ့အနားမှာရှိနေခဲ့တဲ့ ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို သူ့ကိုတလေးတစားနဲ့ လာနှုတ်ဆက်ရပါပြီ။

ရန်ရှောင်ကျဲ့က ဟို့ယွိဟောင်ရဲ့အရှေ့မှာရှိနေခဲ့ပြီ ပြုံးနေခဲ့ပါတယ်။

” ကျောင်းသားလေးဟို့ယွိဟောင် ငါဒီတစ်ခေါက် မင်းကိုအထူးတလည်လာရှာပြီ စကားလာပြောတာပါ ပထမဆုံးလုပ်ရမဲ့အရာက ပထမဆုံးလုပ်ရမဲ့အရာပါပဲ ငါအနေနဲ့ ငါတို့ကျောင်းတော်တစ်ခုလုံးရဲ့ကိုယ်စား မင်းကိုတောင်းပန်ပါတယ် ”

သူပြောပြီတာနဲ့ အမြဲတမ်းဆိုသလို ခမ်းနားကြီးကျယ်နေခဲ့တဲ့ ကျောင်းအုပ်က ဟို့ယွိဟောင်ကို အနည်းငယ်ဦးညွတ်လိုက်ပါတော့တယ်။

ဟို့ယွိဟောင်အနေနဲ့လဲ သူ့ကို မတားဆီးနိုင်ပါဘူး။ သူအနေနဲ့ ရန်ရှောင်ကျဲ့ အခန်းထဲ၀င်လာချိန်ကထဲက တအံ့တဩဖြစ်နေခဲ့တာပါ။ ရန်ရှောင်ကျဲ့ ဒီလိုမျိုး ပေါ်ထွက်လာပြီ ဒီလိုပြောမယ်မှန်း ထင်ထားခဲ့ပြီသား ဖြစ်ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့တောင်းဆိုချက်ကို ငြင်းပယ်ဖို့တွေးထားခဲ့ပေမဲ့ ရန်ရှောင်ကျဲ့အနေနဲ့ ဒီလိုလှည့်ကွက်မျိုးသုံးလာမယ်လို့ မထင်ထားခဲ့မိပါဘူး။ ဟို့ယွိဟောင်တောင်မပြောနဲ့ ၀မ်ယန်လိုလူတောင်မှ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။ သူတစ်ဘ၀တာလုံးမှာ ကျောင်းအုပ်အနေနဲ့ ဘယ်သူကိုမှ ဒီလိုအရိုအသေပြုတာ မမြင်ခဲ့ဖူးပါဘူး။

ကျောင်းတော်ကို ဘုရင်တစ်ပါးလာရောက်တဲ့အချိန်ကို သူမှတ်မိပါသေးတယ်။ အဲ့ဒီဘုရင်က ကျောင်းအုပ်ရန်ရှောင်ကျဲ့ကို ဦးညွတ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဒီကျောင်းတော်ထဲရောက်လာချိန်မှာ ဘုရင်သူ့ကို မေးခွန်းမေးခဲ့လို့ပါပဲ။ သူကိုယ်တိုင်က အပြင်နယ်မြေကနေ ပြီးဆုံးခဲ့တဲ့သူမဟုတ်ပဲ ကျောင်းကနေထုတ်ပယ်ခံရပေမဲ့ ကျောင်းကိုအရမ်းလေးစားရတဲ့ဘုရင်လဲ ဖြစ်နေခဲ့တယ်။ ဒီလိုအနေအထားကြည့်ရုံနဲ့တင် ကျောင်းတော်ရဲ့ကျောင်းအုပ်အနေနဲ့ ဘယ်လောက်မြင့်မားတဲ့ ဩဇာအရှိန်အ၀ါကို ပိုင်ဆိုင်ထားလဲဆိုတာ သိနိုင်ဖို့လုံလောက်နေပါပြီ။

ဒါတောင်မှ ရန်ရှောင်ကျဲ့က အသက်ဆယ့်နှစ်နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်ကို လာပြီဦးညွတ်နေခဲ့ပါတယ်။ ဒီကိစ္စကသာ လူသိထင်ရှားဖြစ်သွားခဲ့မယ်ဆိုရင် တိုက်ကြီးတစ်တိုက်လုံးမှာ ရှိနေတဲ့၀ိညာဥ်ပညာရှင်တွေအားလုံးလဲ ထိတ်လန့်ကုန်မှာပါ။

တစ်ချက်ဦးညွတ်လိုက်ပြီတဲ့နောက် ရန်ရှောင်ကျဲ့လဲ ခါးပြန်မတ်လိုက်ပါတော့တယ်။ သူကပြုံးနေဆဲပါပဲ တစ်ချက်လေးတောင် ရှက်တဲ့ပုံမပေါ်ပါဘူး။ သူနူးညံ့တဲ့အသံနဲ့ ပြောလာခဲ့ပါတယ်။

” ကျောင်းသားလေးဟို့ယွိဟောင် ငါတို့ရဲ့ဒီလိုမသိနားမလည်မှုကြောင့် ကျောင်းတော်အနေနဲ့ မင်းလိုပါရမီရှင်မျိုးကို ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့ရပါတယ်…အနူးအညွတ်တောင်းပန်ပါတယ်..ငါတို့ကို အပြစ်တင်ချင်သလို တင်လို့ရတယ်..ငါတို့အနေနဲ့ မင်းရဲ့အစွမ်းအစတွေကို တကယ်မသိမြင်ခဲ့ပါဘူး..ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ကို ဆုံးရှုံးရတော့မလို့ ”

ဟို့ယွိဟောင်လဲ အခုအချိန်မှာ သတိပြန်၀င်လာပါတော့တယ်။ သူ့ရဲ့မျက်နှာငယ်လေးက နီရဲနေခဲ့ပြီ တစ်ကြိမ်နဲ့တစ်ကြိမ် အမူအရာပျက်ယွင်းနေခဲ့ပါတယ်။ ဒါပေမယ့် သူအခုအထိ ဘာမှမပြောနိုင်သေးပါဘူး။

သူနဲ ရန်ရှောင်ကျဲ့ရဲ့ကြားအကွာအဝေးက မိုးကောင်းကင်နဲ့ မြေပြင်လိုကွားခြားနေခဲ့တာပါ။ ရန်ရှောင်ကျဲ့က သူ့ကိုမျှော်လင့်မထားပဲ အရိုအသေပြုလိုက်တာက သူ့စိတ်ကို အလွန်အမင်ထိခိုက်သွားစေခဲ့ပါတယ်။ ဘယ်လိုပြန်ဖြေရမလဲတောင် မသိတော့ပါဘူး။ အစောပိုင်းတုန်းက ဘယ်လိုပဲဖြစ်ဖြစ် ပြင်ဆင်ထားတဲ့ စကားတွေကလဲ မေ့လျော့လို့သွားခဲ့ပါပြီ။

ရန်ရှောင်ကျဲ့က ဆက်ပြောပါတော့တယ်။

” ဒီတစ်ကြိမ်မှာ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကို ငါမြင်လိုက်ရတယ်…မင်း၀ိညာဥ်စွမ်းရည်ကိုအသုံးပြုတဲ့အချိန်မှသာ သိုင်းပညာ၀ိညာဥ်ကလဲ အလိုအလောက်ဖြစ်ပေါ်လာတယ်…ငါထင်တာသာ မမှားဘူးဆိုရင် အဲ့ဒါက ရေခဲကျောက်စိမ်းကင်းမြီးကောက်မဟုတ်လား ဒါက ရေခဲအမျိုးအစားထဲမှာ အဆုံးစွန်းရောက်နေတဲ့ သိုင်းပညာ၀ိညာဥ်ပဲ မင်းက ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့အဓိကအတွင်းတပည့်သားဖြစ်သွားပြီဆိုတာကို ငါသိပါတယ်..ဒါပေမယ့် အဲဒါက ပြဿနာမဟုတ်ဘူး..ငါသူတို့ကျောင်းတော်နဲ့သွားပြီ စကားပြောလိုက်လို့ရတယ်…အကယ်၍ မင်းသာဒီလိုမျိုးအဆုံးစွန်း၀ိညာဥ်တစ်ခုကို ပိုင်ဆိုင်ထားပြီ ၀ိညာဥ်လက်နက်တွေကိုပဲ အဓိကသင်ကြားနေမယ်ဆိုရင် ငါပြောနိုင်တာတစ်ခုကတော့ လုံး၀ဖြုန်းတီးမှုကြီးဖြစ်နေမှာပဲ ဒါ့အပြင် ငါပြော၀ံ့တယ်…သော့်လော့တိုက်တစ်ခုလုံးမှာတောင် အဲ့ဒီလိုမျိုးအဆုံးစွန်းသိုင်းပညာ၀ိညာဥ်တစ်ခုကို သင့်တော်တဲ့ညွှန်ကြားမှုတစ်ခုပေးနိုင်တဲ့သူက ငါတို့ကျောင်းတော်ပဲ အကယ်၍ မင်းသာဆန္ဒရှိမယ်ဆိုရင် ဒီနေ့ကနေစပြီ မင်းအနေနဲ့ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ အတွင်းတပည့်သားဖြစ်လာနိုင်ပါပြီ..ငါမင်းကို ကိုယ်တိုင်သင်ကြားပေးမယ်..ဒါ့အပြင် မင်းရဲ့ ကျောင်းတက်စဥ်ကာလတစ်လျှောက် အကြံပေးပြုလုပ်ပေးမယ်..ဒီလိုမျိုးအတွင်းပါရမီနဲ့ဆိုရင် မင်းရဲ့ကျင့်ကြံဆင့်က အဆုံးမဲ့အန္တိမသိုင်းပညာအမျိုးအစား၀ိညာဥ်ကြောင့်ပြိုကွဲသွားတယ်ဆိုရင်တောင် ငါ့ရဲ့လေ့ကျင့်မှုအောက်မှာ အနှစ်လေးဆယ့်အပြည့်ခင်ကာလအတွင်းမှာ သော့်လော့ဖြစ်လာစေရမယ်လို့ ယုံကြည်ချက်အပြည့်ရှိတယ်…ဒါ့အပြင် အဆုံးမဲ့အန္တိမသိုင်းပညာ၀ိညာဥ်နဲ့ သော့်လော့ဆိုတဲ့ကိစ္စက ဘာကိုဆိုလိုလဲမင်းသိလား “‘

ဟို့ယွိဟောင်အနေနဲ့ ခေါင်းခါလိုက်ပါတော့တယ်။

ရန်ရှောင်ကျဲ့ကပြုံးပြရင်း ခိုင်မာလေးနက်တဲ့အသံနဲ့ ဆက်ပြီးအတည်ပြုပါတော့တယ်။

” ပြောချင်တာကတော့ မင်းအနေနဲ့ ဒီလောကမှာ ပြိုင်ဘက်ကင်းပြီ တုနှိုင်းမဲ့ပြီပဲ မင်းကို ဘယ်သူမှရန်မပြုနိုင်တော့ဘူး ”

သူဒီလိုရန်ရှောင်ကျဲ့ရဲ့စကားတွေက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ယိမ်းယိုင်သွားစေခဲ့ပါတယ်။ သူ့အနေနဲ့ ခြေလှမ်းတစ်လှမ်းတောင် နောက်ဆုတ်သွားခဲ့ရပါပြီ။ ကံကောင်းစွာနဲ့ပဲ သာမန်လူတွေထက် သူ့ရဲ့စိတ်ကအများကြီးသန်မာနေတာကြောင့်သာ နောက်ကိုလှဲကျမသွားခဲ့တာပါ။ မဟုတ်လို့ကတော့ အတော်လေး မျက်နှာပျက်ရလောက်ပါပြီ။

အပိုင်း ၅၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset