Switch Mode

Chapter – 0.1

နတ်ဘုရားနယ်မြေ ထန်းစန်းရဲ့မိသားစု

Chapter – 0.1 နတ်ဘုရားနယ်မြေ ထန်းစန်းရဲ့မိသားစု
••••

မှိန်ဖျော့ဖျော့အလင်းတန်းက မိခင်တစ်ယောက်ရဲ့ လက်နဲ့တူညီတဲ့အသွင်ကို ဆောင်ယူလို့ထားခဲ့ရင်း နူးညံ့တဲ့တိမ်တွေကို ထိတွေ့လို့နေခဲ့ပါတယ်။ ဒီလိုမှုန်ရီဝေ၀ါးတဲ့ လေဟာနယ်ပုံရိပ်က ဖော်ပြလို့မရနိုင်အောင် လှပတဲ့ခံစားချက်ကို ဖန်တီးလို့နေခဲ့တယ်။ ဒါ့အပြင် အဝေးတစ်နေရာမှာတော့ ခမ်းနားတဲ့နန်းတော်ကြီးက ရှိနေခဲ့ပြီး မပီ၀ိုးတ၀ါး မြင်နေခဲ့ရပါတယ်။ ဒါပေမယ့် အလင်းတန်းတွေရဲ့ ထိတွေ့မှုအောက်မှာတော့ ပုံရိပ်ယောင်တစ်ခုလိုပါပဲ။

တိမ်တိုက်တွေထဲမှာ လူတစ်ယောက်က အချိန်အတော်ကြာရပ်နေခဲ့ပြီး အဆုံးမဲ့တဲ့ အကွာအဝေးဆီကို စိုက်ကြည့်လို့နေခဲ့တယ်။

သူ့ရဲ့ အပြာရောင်ဆံပင်ရှည်ရှည်တွေက ရေတံခွန်လိုမျိုး ကျဆင်းလို့နေခဲ့ပါတယ်။ ခြိမ်းခြောက်မှုအပြည့်နဲ့ အရှိန်အ၀ါတွေကြောင့်သာ မဟုတ်ရင် သူ့ကို အမျိုးသမီးငယ်တစ်ယောက်လို့ ထင်မှတ်မှားကြမှာ အမှန်ပါပဲ။ အနောက်ကနေကြည့်မယ်ဆိုရင် ကျယ်ပြန့်တဲ့ပုခုံးကြီးသာ မရှိလို့ကတော့ ဘယ်သူမှခွဲခြားနိုင်မှာ မဟုတ်ပါဘူး။

တန်ဖိုးကြီးလှတဲ့ အပြာရောင်၀တ်ရုံက ရေလှိုင်းတွေလိုမျိုး လှိုင်းတစ်ချို့ ရှိနေခဲ့ပါတယ်။ အသေအချာကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ အပြာရင့်ရောင်၀တ်ရုံက ၀ိညာဥ်ကို ဆွဲယူပြီ အဆုံးမဲ့တဲ့ အပြာရောင်သမုဒ္ဒရာထဲ နှစ်ချလိုက်သလိုမျိုး အားကောင်းနေတာကို မြင်ရမှာပါ။

ဒါပေမယ့် ချောမောခန့်ညားတဲ့ မျက်နှာပေါ်မှာ ၀တ်ရုံလိုတူညီစွာနက်ရှိုင်းတဲ့ မျက်၀န်းတစ်စုံရှိနေခဲ့တယ်။ သူက ၂၀ ကျော် လူငယ်လေးတစ်ယောက်နဲ့တောင် မတူတော့အောင် အသူရာချောက်နက်လို နက်ရှိုင်းတဲ့မျက်၀န်းတွေက တစ်ချိန်ထဲမှာပဲ နွေးထွေးလို့နေခဲ့ပြန်တယ်။ တစ်ခါတစ်ရံမှာ ခရမ်းရောင်မီးလျှံတစ်ချိူ့က မျက်၀န်းထဲမှာ ဖြတ်ပြေးလို့သွားခဲ့ပြီး မြင်ရသူတိုင်းရဲ့ စိတ်၀ိညာဥ်ကို ခြောက်ခြားစေနိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ လှပလွန်းတဲ့ခံစားချက်က သေမလား ရှင်မလားဆိုတာကို မဆုံးဖြတ်စေနိုင်တဲ့အထိ ဖြစ်စေတယ်။

အဲ့ဒီလူက သက်ပြင်းချလိုက်ရင်း စိတ်ဖိစီးနေတဲ့ ပုံစံပေါ်လာခဲ့ပါတယ်။ မျက်မှောင်ကြုတ်ထားပြီ မိုးကောင်းကင်နဲ့ မြေပြင်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လျှို့၀ှက်ချက်တွေကို နားလည်သဘောပေါက်တဲ့အတိုင်း စိတ်ဖိစီးလို့နေခဲ့တယ်။

” တတိယအစ်ကို ”

ခပ်တိုးတိုးအသံက မှုန်ရီဝေ၀ိုးတ၀ါး ပုံရိပ်ယောင်လို ဖြစ်ပေါ်နေတဲ့ လေဟာနယ်ထဲကနေ ထွက်လာခဲ့ပါတယ်။ အသံရှင်က မိုးပြာရောင်၀တ်ရုံ၀တ်ထားတဲ့ လူငယ်ရဲ့ဘေးကို သူက ရောက်လာခဲ့တယ်။ အဲ့ဒီနောက် လူငယ်ရဲ့လက်မောင်းကို အသာအယာလာပြီး ထိပါတော့တယ်။ သူမရဲ့ ချောမွေ့တဲ့ လှုပ်ရှားမှုကြောင့် ဒီလိုအပြုအမူကို မရေမတွက်နိုင်အောင် အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးပြီဆိုတာ သိသာနေစေခဲ့တယ်။

ရှည်လျားတဲ့ ပန်းနုရောင်၀တ်ရုံကို ၀တ်ဆင်ထားတဲ့ သူမက ကျစ်ဆံမြီးကို ကျစ်ထားပြီ နောက်ကျောမှာ ချထားခဲ့ပါတယ်။ နူးညံ့ပြီ သေးသွယ်တဲ့ ခန္ဓာကိုယ်က ရှည်လျားတဲ့ ၀တ်ရုံနဲ့ လိုက်ဖက်ညီနေခဲ့ပြီး သေးသွယ်တဲ့ခါးကတော့ အထင်ရှားဆုံးပါပဲ။

သူမက ခပ်ယဲ့ယဲ့လေးပြုံးနေခဲ့ပြီးအပြာရောင်၀တ်ရုံ၀တ်ထားတဲ့ လူငယ်ရဲ့ လက်ကိုဆွဲထားခဲ့ပါတယ်။ အဲ့ဒီနောက် သူပုခုံးပေါ်မှာ ခေါင်းကိုမှီလိုက်တယ်။ သူတို့ ၂ ယောက်က ဒီလိုထိတွေ့လိုက်ချိန်မှာ သူမရဲ့ ကျစ်ဆံမြီးတွေက လူငယ်ရဲ့အပြာရောင်ဆံပင်ရှည်တွေကိုသွားပြီ ညှိတွယ်ပါတော့တယ်။ သူတို့ ၂ ယောက်ဒီအတိုင်းသာ အချိန်အတော်ကြာတဲ့အထိ ဆက်ပြီး ရပ်နေခဲ့တယ်။

ချောမောခန့်ညားတဲ့လူငယ်ရဲ့ မျက်နှာပေါ်မှာ ကူကယ်ရာမဲ့တဲ့ အပြုံးတစ်ခုနဲ့အတူ ချစ်ခင်မြတ်နိုးမှုကလဲ အထင်သားပေါ်လာခဲ့တယ်။

” မင်းကတော့လေ အမေဖြစ်နေပြီဥစ္စာကို အခုအချိန်ထိ ဆိုးချင်နေတုန်းပဲ ”

ပန်းနုရောင်၀တ်ရုံကို ၀တ်ထားတဲ့ အမျိုးသမီးကတော့ မကျေမနပ်နဲ့ ပြောလာပါတော့တယ်။

” အမေဖြစ်လာတာတော့ရော ဘာဖြစ်လဲ အခုဘာမှလုပ်လို့မရတော့ဘူးလို့ ပြောချင်နေတာလား။ အစ်ကိုက လက်ရှိအချိန် နတ်ဘုရားနယ်မြေရဲ့ အဓိက အင်အားဖြည့်ပေးနေတဲ့သူ ဖြစ်ပေမယ့် အခုအချိန်ထိ တတိယအစ်ကို ဖြစ်နေတုန်းပဲလေ။ ”

ရှောင်ဝူက ထန်စန်း သူတို့သမီးအကြောင်းထုတ်ပြောလာတာကို ကြားချိန်မှာတော့ ချက်ချင်းဆိုသလို ပြန်ပြီးပြောပါတော့တယ်။

” ရှောင်ချီက အရမ်းလူကို ကပ်လွန်းနေတယ် သူအိပ်မှပဲ ငါတို့တွေ ဒီလိုတွေ့ခွင့်ရတယ်…တတိယအစ်ကို အစောပိုင်းတုန်းက အစ်ကိုစိတ်မချမ်းမသာ ဖြစ်နေတာကို တွေ့လိုက်ရတယ်…အဲ့ဒါသော့်လော်တိုက်ရဲ့ ကိစ္စကြောင့်လား ”

ထန်စန်းက ခေါင်းညိတ်ရင်း သက်ပြင်းချလိုက်ပါတယ်။

” နတ်ဘုရားနယ်ပယ်မှာ တစ်ရက်အချိန်က ပြင်ပလောကရဲ့ ၁ နှစ်အချိန်နဲ့ ညီမျှတယ်…ဒါက နယ်မြေတစ်ခုချင်းဆီ မြေပြန့်တစ်ခုချင်းဆီအတွက် သတ်မှတ်ထားတဲ့ အမှန်တရားပဲ ငါ သော့်လော်တိုက်မှာ အချိန်အတိုင်းအတာတစ်ခုအထိ နေချင်ခဲ့ပေမဲ့ လက်ရှိအခြေအနေတွေအရ နတ်ဘုရားနယ်မြေကို ပြန်ဖို့ဖိအားပေးခံနေရပြီ။ အဲ့ဒီဖြစ်လာရတဲ့ အဓိက ကိစ္စကတော့ နတ်ဘုရားဘုရင်၊ ကြင်နာမှုနဲ့ ဆိုးယုတ်မှုတို့ကြားက လောင်းကြေးကြောင့်ပဲ။ ဒါပေမယ့် ထန်မျိုးနွယ်က နတ်ဘုရားနယ်မြေထဲမှာဆိုရင် နှစ် ၂၀ လောက်ထားရုံနဲ့တင် ပြည့်စုံသွားလိမ့်မယ်… ဒါ့အပြင် သော့်လော်တိုက်မှာဆိုရင် အဲ့ဒီအချိန်က နှစ်ပေါင်း ၁ သောင်းနဲ့ ညီမျှနေမှာ။”

ရှောင်ဝူက စိတ်မကြည်မလင်နဲ့ ပြန်ဖြေခဲ့ပါတယ်။

” ကြင်နာမှုနဲ့ ဆိုးယုတ်မှု ၂ ခုစလုံးက အရမ်းကို ကောက်ကျစ်ကြတာပဲ။ တာ၀န်လဲမယူတတ်ကြဘူး။ သူတို့ရဲ့ လောင်းကြေးဆိုတာက လူသားတွေရဲ့ လောကဆီကို ဆင်းသက်လာစေဖို့ လုံး၀ အကြောင်းပြချက်သက်သက်ပဲ အစောပိုင်းတုန်းက နတ်ဘုရားနေရာကို အစားထိုးဖို့အတွက် လက်ထပ်ပြီသား စုံတွဲတစ်တွဲကို သူတို့ရှာထားခဲ့သေးတယ်…ဒါပေမယ့် အဲ့ဒီစုံတွဲရဲ့ အတွေ့အကြုံက တော်တော်ကြီးကို အခြေအနေဆိုးသွားခဲ့တယ်လေ…ဒါကြောင့်သာမဟုတ်ရင် အဲ့ဒီအခြေအနေတွေကို ဂရုစိုက်နေစရာလိုမှာမဟုတ်ဘူး…ဒီနေရာမှာ အေးအေးဆေးဆေး နေလို့ရလောက်တယ် ”

ထန်စန်းက ပြန်ဖြေလာခဲ့ပါတယ်။

” အပြင်ပန်းကနေကြည့်မယ်ဆိုရင် နတ်ဘုရားဘုရင်နဲ့ အဓိက အားပေးထောက်ခံသူ ၂ နေရာက အတော်ကို မြင့်မားတဲ့နေရာတွေပဲ။ ဒါပေမယ့် လူတိုင်းမလိုချင်တဲ့ ကိစ္စတွေအတွက်လဲ တာ၀န်ယူနေရတာပဲလေ သော့်လော်တိုက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်းအတွင်း ဖြစ်တည်ခဲ့တဲ့ကိစ္စတွေကြောင့် အတော်လေးကို ဗရမ်းဗတာဖြစ်နေတာ အထူးသဖြင့် တိုက်ကြီးတွေကြားမှာ ဖြစ်နေတဲ့ ပွတ်တိုက်မှုတွေနဲ့ ပြဿနာတွေက မြေပြင်ရဲ့အက်ကွဲကြောင်းတွေကိုလဲ အပြောင်းအလဲဖြစ်စေတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ထောင်တုန်းက အဲ့ဒါတွေ စဖြစ်လာခဲ့တာပဲ။ လက်ရှိအချိန်မှာ တိုက်ကြီးက ၂ ဆပိုကြီးမားလာရုံတင်မကဘူး အပြောင်းအလဲတွေလဲ များလာပြီ ”

ရှောင်ဝူက ဆက်ပြောပြန်ပါတယ်။

” ထန်မျိုးနွယ်က အဲ့ဒီအချိန်မှာ အတော်ကြီးကို ကျဆင်းနေခဲ့တာလေ တတိယအစ်ကိုအများကြီး မတွေးပါနဲ့ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ထန်မျိုးနွယ် ဒီလိုကျဆင်းလာတာက အချိန်ရဲ့တိုက်စားမှုကြောင့်ပဲမဟုတ်လား ဒါ့အပြင် နယ်မြေကိုယ်တိုင်ကလဲ တိုက်စားခံနေရတယ် ”

ထန်စန်းလဲ ခေါင်းညိတ်လိုက်ပါတယ်။

” မင်းပြောတာမှန်တယ် ဒါပေမယ့် ထန်မျိုးနွယ်ကို ငါဖန်တီးခဲ့တာလေ ဒါကြောင့် ဖျက်ဆီးခံရတာမျိုးတွေကို ငါတကယ် သဘောမကျမိဘူး….စိတ်မကောင်းစွာနဲ့ပဲ ဒီနယ်မြေတစ်ခုရဲ့ အပြောင်းအလဲကို ငါလဲ၀င်ရောက်မစွက်ဖက်နိုင်ဘူးမဟုတ်လား။ နတ်ဘုရားနယ်မြေရဲ့ အဓိက အင်အားပြုသူဆိုမှတော့ ဒါတွေကို ငါ၀င်စွက်ဖက်ခွင့်လဲ မရှိဘူး။ ဒါပေမယ့် သော့်လော်တိုက်မှာ မကြာခင်လူငယ်ကြယ်ပွင့်တစ်ယောက် ပေါ်ထွက်လာတော့မယ်…သူက ငါတို့ထန်မျိုးနွယ်နဲ့ အရမ်းကို နီးနီးစပ်စပ် ချိတ်ဆက်လွန်းနေတယ်…သူ့ရဲ့ ကံတရားကို ကြည်ကြည်လင်လင်မြင်ရအောင် ကြိုးစားကြည့်ပေမဲ့ အရမ်းကို ဝေးကွာလွန်းလို့ တိမ်တွေမြူတွေ ဖုံးနေတဲ့အတိုင်း ငါလဲသေချာမမြင်ရဘူး…အရာအားလုံး အကောင်းဘက်ကို ရောက်သွားပါစေလို့ မျှော်လင့်ပါတယ် ”

ရှောင်ဝူကတော့ တောက်ပတဲ့မျက်၀န်းတွေနဲ့ ပြန်ဖြေလာခဲ့ပါတယ်။

” သူက သေချာပေါက် ယှဥ်ပြိုင်သူကောင်းတစ်ယောက် ဖြစ်လာမှာပါ ကြယ်ပွင့်အသစ်လို့အစ်ကိုပြောနေပြီဆိုမှတော့ သူက အနာဂတ်မှာ အစ်ကိုရဲ့ နတ်ဘုရားနေရာကိုတောင် ယူနိုင်လောက်တယ်မဟုတ်လား ဒါဆိုရင် ငါတို့တွေလဲ လျှောက်သွားဖို့ အချိန်ရှိလာမှာပေါ့ ”

ထန်စန်းက သူမရဲ့ နှာခေါင်းကို ချစ်စနိုးနဲ့ လိမ်ဆွဲလိုက်ပါတယ်။

” မင်းကတော့လေ လျှောက်သွားနေဖို့ပဲသိတယ် ”

သူတို့စကားပြောနေကြချိန်မှာ အနီးအနားတိမ်တိုက်တစ်ခုဆီကနေ ခေါင်းလေးတစ်ခေါင်း ထွက်လာခဲ့ပါတယ်။ ၁၁ နှစ် ၁၂ နှစ်အရွယ်လောက်ပဲ ရှိသေးတဲ့ ကောင်မလေးက လှပပြီတောက်ပတဲ့ မျက်၀န်းတွေကို တဖျတ်ဖျတ်ခတ်နေခဲ့တယ်။ သူ့ရုပ်သွင်က ထန်စန်းနဲ့ အတော်ကိုတူညီပေမဲ့ ခန္ဓာကိုယ်က အများကြီးကို နူးညံ့နေပြီး မျက်၀န်းတွေကတော့ ရှောင်ဝူနဲ့ တစ်ထပ်ထဲ ကျနေခဲ့ပါတယ်။

” အဖေနဲ့ အမေ ပြောနေတဲ့အကြောင်းတွေ ကြားပြီးပြီ တကယ်ပျော်စရာကောင်းမဲ့ပုံပဲ ”

မကြာခင်အချိန်မှာပဲ သူမရဲ့ ခန္ဓာကိုယ်က တိမ်တိုက်ထဲမှာ ပျောက်ကွယ်လို့သွားပါတော့တယ်။

နိဒါန်း ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset