Switch Mode

Chapter – 52.3

ရေခဲ ဧကရီနဲ့ သံချပ်ကာ

အပိုင်း ၅၂•၃

” ရေခဲဧကရီရဲ့သံချပ်ကာ ”
°°°
၀မ်ယန်ရဲ့မျက်လုံးတွေက တောက်ပလာပါတော့တယ်။

” ဒါက မင်းနောက်ကျနေတာ ဒုတိယသိုင်းပညာ၀ိညာဥ်ကြောင့်လား အဲ့ဒါက နိုးထလာတာကြောင့်ပေါ့ ငါ့နောက်ကိုလိုက်ခဲ့ မေးဖို့မေးခွန်းလေးတချို့ရှိတယ် ”

ဟို့ယွိဟောင်ရဲ့လက်ကို ဆက်တိုက်ဆိုသလို ဆွဲယူသွားရင်း ၀မ်ယန်က အပြင်ကိုပြေးထွက်သွားပါတော့တယ်။ ကျိုးယိကတော့ သူတို့ထွက်သွားတာကို မြင်ချိန်မှာ ထူးထူးဆန်းဆန်သာ ကြည့်နေခဲ့ပေမဲ့ သူမအနေနဲ့လဲ စာမေးပွဲစောင့်ရဦးမှာကြောင့် ထွက်သွားလို့မရနိုင်ခဲ့ပါဘူး။ သူ့ရဲ့ကျောင်းသားတွေ စာမေးပွဲအောင်စေဖို့အတွက် အတန်းပိုင်တွေက အချိန်တိုင်းရှိနေဖို့လိုပါတယ်။

ဟို့ယွိဟောင်ကတော့ ဆွဲခေါ်သွားခံရပါပြီ။ ဒါပေမယ့် ၀မ်သုန့်ကတော့ ကျန်ရစ်နေတုန်းပါပဲ။ ဟို့ယွိဟောင်ရဲ့လုပ်ဆောင်ချက်တွေကြောင့် အံ့ဩနေခဲ့ပေမဲ့ ဟို့ယွိဟောင်နဲ့ သူ့က သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုရှိနေဆဲပါ။ ဟို့ယွိဟောင်ပိုပြီး သန်မာလာလေလေ သူတို့ရဲ့ ပေါင်းစည်းစွမ်းရည်က ပိုအားကောင်းလာနေပါပဲ။ သူတို့တအံ့တဩဖြစ်နေခဲ့ပေမဲ့ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။ ထိုက်ဟွပင်းကို စိတ်ပျက်တဲ့အကြည့်နဲ့ ကြည့်ပြီးပြောလိုက်ပါတယ်။

“‘သခင်ကြီးထိုက်ရေ ဘယ်လိုလဲ ဒီတစ်ခေါက်မှာရော မင်းဘာပြောဦးမလဲ ငါတို့နှစ်ယောက်စလုံးကို မင်းတစ်ယောက်ထဲနဲ့ အနိုင်ယူမယ်ဆို ဟို့ယွိဟောင် တစ်ယောက်ထဲရတဲ့အမှတ်နဲ့တင် မင်းအမှတ်ကိုအသာလေးနိုင်နေပြီ ကိုယ့်ကတိကိုကိုယ်တည်ဖို့တော့ ဂရုစိုက်ဦးပေါ့ ဒါနဲ့မင်းကိုအပေါ်စီးကနေ ကြည့်ပြီ အထင်သေးရတာအရမ်းကောင်းတာပဲ ”

မျက်နှာတစ်ခုလုံး ဖြူတစ်လှည့် စိမ်းတစ်လှည့်ဖြစ်နေခဲ့တဲ့ ထိုက်ဟွပင်းကို ၀မ်သုန့်က လှောင်ရယ်ပါတော့တယ်။

” မင်းဘာပြောတယ် ”

ဒါကိုကြားချိန်မှာ ထိုက်ဟွပင်းက ဒေါသထွက်လွန်လို့ တစ်ကိုယ်လုံးတုန်ရီနေခဲ့ပါတယ်။ သူ့ရဲ့သွေးတွေ စိုနေခဲ့တဲ့ခန္ဓာကိုယ်က ပိုပြီးကြောက်စရာကောင်းနေခဲ့ပါပြီ။ ကျုးလုက ၀မ်သုန့်ဆီကို ပြေး၀င်သွားမတတ်ဖြစ်နေခဲ့ပေမဲ့ ရှဲ့ဟွမ်ယွဲ့ကတော့ ထိတ်လန့်တဲ့အကြည့်နဲ့သာ ကြည့်နေဆဲပါ။

ထိုက်ဟွပင်းက ကျုးလုကို တားထားခဲ့ပါတယ်။ အချိန်အတိုအတွင်းမှာပဲ အံ့ဩစရာကောင်းလောက်အောင် သူကိုယ်သူ တည်ငြိမ်အောင်ထိန်းထားနိုင်လိုက်တယ်။ အဲ့ဒီနောက် ၀မ်သုန့်ကိုကြည့်ရင်း ထူးမခြားနားလေသံနဲ့သာ ပြန်ဖြေလိုက်ပါပြီ။

” ငါက မင်းနဲ့လောင်းကြေးထပ်၀ံ့ပြီဆိုမှတော့ အရှုံးကိုလဲ ၀န်ခံရတာပေါ့ ဟို့ယွိဟောင်ကို တွေ့တဲ့အချိန်ကြရင်း ငါရဲ့ကတိကို ဖြည့်စည်းပါ့မယ် ”

သူပြောပြီတဲ့နောက် မုကျင်းဘက်ကို လှည့်ပြောပါတော့တယ်။

” ဆရာမု ကျွန်တော်အရင်ဆုံးပြန်ပြီး ကိုယ့်ကိုကိုယ် သန့်ရှင်းရေးလုပ်လိုက်ပါဦးမယ် ”

ပြောပြီတဲ့နောက် ကျုးလုကို လက်ကနေလွှတ်လိုက်ရင်း စူးစူးစိုက်စိုက် ကြည့်သွားခဲ့တယ်။

ထိုက်ဟွပင်းရဲ့မျက်လုံးထဲမှာ စီးကျလာနေတဲ့ သတ်ဖြတ်လိုစိတ်တွေအားလုံးက အရမ်းကို အားကောင်းလွန်နေခဲ့ပါတယ်။

၀မ်သုန့်အနေနဲ့လဲ ထိုက်ဟွပင်းထွက်သွားကိုကြည့်ရင်း နှုတ်ခမ်းတွေတွန့်ပြီ ပြုံးနေခဲ့ပါတယ်။

” ဒီကောင်က ယောကျ်ားပီသသားပဲ အနည်းဆုံးတော့ ရှုံးတဲ့အချိန်ပြန်ပြီး​ပေးဆပ်ရမဲ့တန်ဖိုးကို သိသေးတာပေါ့ ”

ဒါပေမယ့် ထိုက်ဟွပင်းရဲ့ ဒီနေ့အရှုံးကသူ့ကိုအရူးတစ်ယောက်လို ဖြစ်သွားစေပြီ သူ့လုပ်ဆောင်ချက်တွေရဲ့ အကျိုးအပြစ်ကိုမသိစေတော့တဲ့အထိ ဆိုးရွားသွားမိမယ်လို့ ထင်မှတ်မထားခဲ့မိပါဘူး။

၀မ်ယန်ကတော့ ဟို့ယွိဟောင်ကို ရုံးခန်းထဲအထိ ဆွဲခေါ်သွားရင် ရုံးခန်းတံခါးကို ပိတ်လိုက်ပါတော့တယ်။ တံခါးပိတ်ပြီတဲ့နောက် သူစိတ်မရှည်လက်မရှည်နဲ့ ဆက်တိုက်ပြောတော့တယ်။

” ယွိဟောင် မင်းဒုတိယသိုင်းပညာ၀ိညာဥ်ကို အသက်သွင်းပြီးပြီလား ”

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။ အဲ့ဒီနောက် ကျိုးယိနဲ့ ဖန်းယွီတို့ကို ပြောပြတဲ့အတိုင်း တစ်ပုံစံထဲပြန်ပြောပြလိုက်တယ်။

၀မ်ယန်အနေနဲ့ကတော့ ဒီပုံပြင်တစ်ပုဒ်လုံးကို နားထောင်ပြီချိန်မှာ တအံ့တဩနဲ့ မေးလာခဲ့ပါတယ်။

” ဘာကြောင့်များ ဒီလိုဖြစ်ရတာလဲ လောကကြီးမှာဒါမျိုးဖြစ်နိုင်တာလား မဟုတ်သေးဘူး….မင်းရဲ့ ခန္ဓာကိုယ်၀ိညာဥ်မှာ ဒုတိယနိုးထမှုရှိတယ်ဆိုရင်တောင် ဒုတိယသိုင်းပညာ၀ိညာဥ်အသစ်က ဒီလောက်အထိ စိမ်းသက်သက်မဖြစ်နေသင့်ဘူး.အမွှာသိုင်းပညာ၀ိညာဥ်တွေက တစ်ချိန်ထဲမှာ မွေးဖွားကြတယ်…ဘာလို့တစ်ခုပြီမှတစ်ခု ပေါ်လာရတာလဲ မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က အစကထဲက ပုန်းအောင်နေတာလား ဒီလိုအခြေအနေမျိုးက သမိုင်းတစ်လျှောက်မှာတောင် တစ်ခါမှမတွေ့ဖူးဘူး ”

လက်ရှိဆရာ၀မ်ယန်က ရူးသွပ်နေတဲ့ကျောင်းသားတစ်ယောက်လိုပါပဲ။ သူ့အနေနဲ့ သူ့ဘာသာသူ ဆက်တိုက်စကားပြောရင်း ဆွေးနွေးနေခဲ့တယ်။

” ယွိဟောင် မင်းရဲ့သိုင်းပညာ၀ိညာဥ်က ဘာကြီးလဲ ”

၀မ်ယန်က အရေးတကြီးမေးလာခဲ့ပါတယ်။

” ဆရာကျိုးပြောတာကတော့ ရေခဲကျောက်စိမ်းကင်းမြီးကောက်တဲ့ ”

၀မ်ယန် ဒါကိုကြားချိန်မှာ အသက်ပြင်းပြင်းရှုသွင်းပြီ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ရပါတယ်။ တခြားဆရာတွေအနေနဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်ကို မမှတ်မိပေမဲ့ သူကတော့ သိနေခဲ့တယ်။ သိုင်းပညာ၀ိညာဥ်တွေကို လေ့လာတဲ့အချိန်မှာ အရမ်းကို အားစိုက်ထုတ်ပြီ ကြိုးစားရင်းနဲ့ နစ်မြုပ်ထားခဲ့တဲ့သူဖြစ်တာကြောင့် ၀ိညာဥ်သားရဲကောင်တွေနဲ့ ပတ်သက်ပြီတော့လဲ အရမ်းကို လေးလေးနက်နက် လေ့လာထားပါတယ်။ ဒါကြောင့် အဲ့ဒီနေရာမှာ ဘယ်လိုကြောက်စရာကောင်းတဲ့ သတ္တ၀ါတွေနေထိုင်မှန်း သူသိနေခဲ့တယ်။

” ငါနားလည်ပြီ ငါနားလည်ပြီ ”

၀မ်ယန်ရဲ့မျက်လုံးတွေက တောက်ပလာပါတော့တယ်။ မီးလျှံခြင်္သေ့ဘုရင် ဒီလောက်အထိ အမြီးကုပ်ပြီကြောက်သွားရတာ ဘယ်အံ့ဩစရာရှိမလဲ မင်းရဲ့ သိုင်းပညာ၀ိညာဥ်က အရမ်းရှားပါးတဲ့ အဆုံးမဲ့အန္တိမရေခဲသိုင်းပညာ၀ိညာဥ်ဖြစ်နေခဲ့တာကို မိုးနတ်မင်းကြီးရေ တကယ်အန္တိမရေခဲသိုင်းပညာ၀ိညာဥ်ပဲ။

” ဆရာ၀မ် ကျွန်တော်အထင်တော့ ဆရာဖန်းယွီလဲ ဒါကိုပြောဖူးတယ်နဲ့တူတယ်…အဲ့ဒါက ဘာကိုဆိုလိုချင်တာလဲ ”

လက်ရှိအချိန်မှာ ၀မ်ယန်က ဟို့ယွိဟောင်ကို သူ့ရဲ့အိပ်မက်ထဲက ချစ်ရသူပုံစံအတိုင်း ကြည့်နေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ ဒါကိုမြင်ချိန်မှာ စိတ်ထဲအပြစ်မကင်းဖြစ်လာခဲ့မိတယ်။

” ဒါဘယ်လိုရှင်းပြရမလဲ ဒီလိုပြောရကြအောင် မင်းသိတဲ့အတိုင်း လောကကြီးရဲ့၀ိညာဥ်ပညာရှင်တွေထဲမှာ အဆင့်တွေ အတန်းတွေက အမျိုးမျိုးခွဲခြားထားတယ်မဟုတ်လား ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။ ၀မ်ယန်ကလဲ ဆက်ပြောတယ်။

” ဒီအဆင့်တွေထဲမှာ အမွှာ၀ိညာဥ်ပညာရှင်တွေက ရှားပါးတဲ့တည်ရှိမှုတွေ ဖြစ်နေပြီ ပရမိတ်ရဲ့ထိပ်ဆုံးမှာရပ်နေတဲ့ သူတွေလို့ပြောလို့ရနိုင်တယ်..သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ဘယ်လိုပဲဖြစ်ပါစေ သာမန်၀ိညာဥ်ပညာရှင်တွေထက် သေချာပေါက် သန်မာမှာအမှန်ပဲ ဒါ့အပြင် ဒုတိယသိုင်းပညာ၀ိညာဥ်ထဲမှာလဲ ၀ိညာဥ်စက်ကွင်းတွေကို ဆက်တိုက်ထည့်သွင်းနိုင်တာကြောင့် အမွှာ၀ိညာဥ်သိုင်းပညာတွေက အရမ်းကို ရှားပါးပေမဲ့ ထိပ်ဆုံးကို ရောက်ရှိနိုင်တယ်…မင်းနဲ့ ရှောင်းရှောင်းကအတူတူပဲ ပထမဆုံးအနေနဲ့ ဒီလိုအပြင်နယ်မြေထဲမှာ သမိုင်းတစ်လျှောက်အမွှာ၀ိညာဥ်ပညာရှင်နှစ်ယောက်ပေါ်လာတာ ဒီတစ်ကြိမ်ပဲရှိပါသေးတယ် ”

” ဒါ့အပြင် အရမ်းကိုလဲ ပြိုင်ဘက်ကင်းတယ်လေ သိုင်းပညာ၀ိညာဥ်တွေကြားမှာ ကွာခြားချက်တွေက အများကြီးပဲ သားရဲကောင်၀ိညာဥ်တွေအပြင် လက်နက်၀ိညာဥ်ပစ္စည်းတွေလဲ ရှိသေးတယ်…ဒီလိုသိုင်းပညာ၀ိညာဥ်တွေအားလုံးရဲ့ အခြေအနေကတစ်ခုထဲကပဲ ပိုင်ဆိုင်တယ်..ဒါ့အပြင် သူတို့ရဲ့တည်ရှိမှုကလဲ ၀ိညာဥ်စွမ်းအားနိုးထလာပြီဆိုတာနဲ့ တစ်စုံတစ်ရာအဖြစ်ကို ပြောင်းလဲသွားကြတာပဲ အဲ့ဒီလိုနည်းနဲ့ ဘယ်အရာကသန်မာလဲ ဘယ်အရာက အားနည်းလဲဆိုတာ ခွဲခြားဖို့က အရမ်းကို ခက်ခဲပါလိမ့်မယ်…တူညီတဲ့အခြေအနေမျိုးတွေမှာလို့ပြောရမလား မတူညီတဲ့နယ်မြေတွေလို့ ငါသုံးနှုန်းရမလားမသိဘူး…အသန်မာဆုံး၀ိညာဥ်စွမ်းရည်ဆိုတာ ရှိမှာမဟုတ်ဘူး..ဒါပေမယ့် အဲ့ဒါတွေက သာမန်အချိန်တွေမှာသာ ဖြစ်တတ်တဲ့ကိစ္စပဲ တချို့ တချို့သောသိုင်းပညာ၀ိညာဥ်တွေကို အရမ်းအင်အားကြီးတဲ့ သိုင်းပညာ၀ိညာဥ်တွေအဖြစ် သတ်မှတ်ထားကြတယ်.”

“ပထမဆုံးအနေနဲ့ ခန္ဓာကိုယ်၀ိညာဥ်တွေက သာမန်သိုင်းပညာ၀ိညာဥ်တွေထက် ပိုပြီး အင်အားကြီးလွန်တာကြောင့် သူတို့ကို ၀ိညာဥ်ပညာရှင်တွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထားရှိကြတယ်..၀ိညာဥ်ပညာရှင်တွေက သူတို့ကို ဆက်တိုက်လေ့ကျင့်ပြီ သိုင်းပညာ၀ိညာဥ်တွေရဲ့ နိုးထမှုကို ဖန်တီးနိုင်တယ်….ဒါ့အပြင် ဒုတိယနိုးထမှုကလဲ ခန္ဓာကိုယ်၀ိညာဥ်တွေမှာ ဖြစ်ပါတယ်..အဲ့ဒီဒုတိယနိုးထမှုက ခန္ဓာကိုယ်၀ိညာဥ်ရဲ့ အစောပိုင်းနိုးထမှုမှာလဲ ဖြစ်နိုင်သလို အမြင့်ပိုင်းအဆင့်တွေမှာလဲ ဖြစ်လာနိုင်တယ်…ဒါကြောင့်သာ ငါမင်းရဲ့စိတ်၀ိညာဥ်မျက်လုံးတွေကို အဓိကအာရုံစိုက်ထားတာပဲ ဒုတိယနိုးထမှုရှိမလားလို့​မျှော်လင့်နေခဲ့တာ ခန္ဓာကိုယ်၀ိညာဥ်တွေက အရည်အသွေးပြောင်းလဲမှုကို ဒုတိယနိုးထမှုအပြီးမှာ ကြုံတွေ့နိုင်တယ်..ဒါ့အပြင် သိုင်းပညာ၀ိညာဥ်တွေအားလုံးထက် သာလွန်တဲ့အရှင်သခင်တွေလဲ ဖြစ်လာမှာပဲ…နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တစ်ကောင်သူ့ရဲ့ သက်တမ်းကို ဖြတ်ကျော်တိုးတက်သွားပြီချိန်မှာ ထူးကဲသာလွန်တဲ့ ၀ိညာဥ်သားရဲကောင်ဖြစ်သွားသလိုမျိုးပေါ့ ”

” သိုင်းပညာ၀ိညာဥ်တွေအနေနဲ့လဲ ဒီလိုထူးကဲသာလွန်တယ်လို့ သတ်မှတ်လို့ရနိုင်တယ်..ဒါ့အပြင် သာမန်သိုင်းပညာ၀ိညာဥ်တွေထက်လဲ ပိုပြီး အားကောင်းလာတယ်လေ ခန္ဓာကိုယ်၀ိညာဥ်တွေအပြင် နောက်ထပ် သိုင်းပညာ၀ိညာဥ်တစ်မျိုးက ထူးကဲသာလွန်တဲ့ သိုင်းပညာ၀ိညာဥ်တွေအဖြစ် သတ်မှတ်နိုင်သေးတယ်…အဲ့ဒါကတော့ အဆုံးမဲ့တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သိုင်းပညာ၀ိညာဥ်တွေပဲ ဥပမာအားဖြင့်ဆိုရင် မင်းရဲ့ဒုတိယအမျိုးအစားပေါ့ ”

ဟို့ယွိဟောင်အနေနဲ့ ၀မ်ယန်ရဲ့ ရှင်းပြချက်ကို ဆက်တိုက်ဆိုသလို အာရုံစိုက်ပြီ နားထောင်နေခဲ့မိပါတယ်။ သူ့အနေနဲ့ ဒီလိုအဆုံးစွန်းအန္တိမသိုင်းပညာ၀ိညာဥ်တွေက ဒီလောက်တန်ဖိုးထားခံရမယ်လို့ မထင်ထားခဲ့မိပါဘူး။

၀မ်ယန်ပိုပြီး ပြောပြလေလေ သူက ပိုစိတ်လှုပ်ရှားလာလေပါပဲ။ အရမ်းကို ပျော်လွန်လို့ မျက်နှာတွေတောင် နီရဲနေခဲ့ပါပြီ။

” သူတို့တွေက နာမည်နဲ့လိုက်ဖက်အောင်ပဲ အဆုံးစွန်းစွမ်းရည်တွေကို ပိုင်ဆိုင်ကြတယ်…အမျိုးသားတွေကတော့ အများကြီးပေါ့ ဘယ်လိုဓာတ်သဘော သဘာ၀နဲ့မဆို ပြောင်းလဲနိုင်တယ်…ဒါပေမယ့် အဲ့ဒီလိုမျိုး အမျိုးအစားတစ်ခုရဲ့ အထွဠ်အထိပ်ကိုရောက်သွားဖို့က အပြောလွယ်ပေမဲ့ အလုပ်ခက်တယ်..ဒါ့အပြင် သူများတွေထက် ထူးခြားသာလွန်နေရုံလောက်နဲ့ ထိပ်တန်းရောက်နေတယ်လို့လဲ ပြောလို့မရဘူး..၀ူဖုန်းရဲ့ နဂါးနီကို မြင်မှာပါ ထိတ်တန်းအဆင့်ဖြစ်နေပေမဲ့ သူမရဲ့မီးလျှံက အဆုံးမဲ့မီးလျှံမဟုတ်ဘူး….အဆုံးမဲ့အန္တိမမီးလျှံနဲ့ ယှဥ်လိုက်မယ်ဆိုရင် ကွာခြားချက်က အကြီးကြီးရှိနေသေးတယ်…သူ့ရဲ့ပြိုင်ပညာ၀ိညာဥ်က နဂါးနီဖြစ်နေပေမဲ့ တကယ်နဂါးအစစ်တော့ မဟုတ်ဘူးလေ တကယ်နဂါးအစစ်ပေါ်လာချိန်မှာ သူ့ရဲ့မီးလျှံတွေက မိုင်ပေါင်းထောင်ချီကို ဖုံးလွှမ်းနိုင်တယ်..ဒါပေမယ့် မင်းရဲ့ရေခဲကျောက်စိမ်းကင်းမြီးကောက်ကတော့ စစ်မှန်တဲ့ အဆုံးမဲ့အန္တိမရေခဲသိုင်းပညာ၀ိညာဥ်ပဲ ဒါ့အပြင် မြောက်၀င်ရိုးစွန်းမှာနေထိုင်တဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေက ငါတို့လူသားတွေ မ၀င်နိုင်တဲ့နေရာမှာ အဓိကနေထိုင်ကြီးပြင်းကြရင်း သူတို့နေရာကိုအုပ်ချုပ်ကြတယ် ”

” ဒဏ္ဍာရီတွေအရဆိုရင် အဲ့ဒီလိုအေးခဲနေတဲ့ လောကကြီးမှာ နေထိုင်တဲ့ အင်အားအကြီးဆုံးမျိုးနွယ်စုသုံးခုရှိတယ်..အဲ့ဒါက ဧရာမရေခဲနတ်ဆိုးတွေ နောက်တစ်ခုရေခဲကျောက်စိမ်းကင်းမြီးကောက်တွေနဲ့ နှင်းဘုရင်မ နှင်းအမျိုးသမီးတွေပေါ့ သူတို့မျိုးနွယ်တစ်ခုချင်းဆီတိုင်းမှာလဲ ဘုရင်တွေရှိတယ်..အဲ့ဒါကို မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါးလို့ ခေါ်ကြတယ်..အဲ့ဒီဧကရာဇ်သုံးပါးစလုံးကလဲ ထူးကဲသာလွန်တဲ့၀ိညာဥ်သားရဲကောင်ကြီးပဲ ”

၀မ်ယန်ရဲ့ ရှင်းပြချက်ကို ကြားချိန်မှာ ဟို့ယွိဟောင်ရဲ့စိတ်ထဲလေးစားမှုက ပိုတိုးပွားလာခဲ့ပါတယ်။ မြောက်၀င်ရိုးစွန်းအကြောင်း သူရှင်းပြတဲ့ကိစ္စက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပြောတာနဲ့အတူတူပါပဲ။ အမြဲတမ်းဒီလိုနေရာမျိုးမှာ သတင်းအချက်အလက်ကို စုဆောင်းဖို့ဆိုတာ လုံး၀မဖြစ်နိုင်သလောက်ဖြစ်ပေမဲ့ ဆရာ၀မ်ယန်ကတော့ အများကြီးသိနေခဲ့ပါတယ်။ ဒါ့အပြင် သူသိထားတာတွေအားလုံးကလဲ ၀ိညာဥ်သားရဲကောင်တွေအပေါ် ရှာဖွေမှုကြောင့်ပါပဲ။ ဒါ့အပြင် အခုအချိန်မှာ နိုးထလာပြီဖြစ်တဲ့ ရေခဲဧကရီအနေနဲ့တောင်မှ ၀မ်ယန်ရဲ့အသိပညာကျယ်ပြန့်မှုကို ချီးကျူးလို့နေခဲ့တယ်။

၀မ်ယန်ကတော့ ဟို့ယွိဟောင်တွေဝေနေတာကို မသိပါဘူး။ သူစိတ်လှုပ်ရှားမှုအပြည့်နဲ့သာ ဆက်တိုက်ပြောနေခဲ့ပါတယ်။

” သေချာပေါက် နှင်းဘုရင်မတွေ နှင်းအမျိုးသမီးတွေဆိုတာက မြောက်၀င်ရိုးစွန်းရဲ့ အသန်မာဆုံးမျိုးနွယ်တွေပေါ့ သူတို့ရဲ့မူလဇစ်မြစ်အကြောင်းကို ဘယ်သူမှမရှင်းလင်းပေမဲ့ ငါသံသယရှိတာကတော့ သူတို့မှာ လူသားသွေးပိုင်ဆိုင်လိမ့်မယ်…ဒါ့အပြင် သူတို့ရဲ့ရုပ်သွင်းကလဲ လူသားတွေနဲ့အတော်ကို တူလိမ့်မယ်…သေချာပေါက် အဆုံးစွန်းအန္တိမသိုင်းပညာ၀ိညာဥ်တွေ ဖြစ်နေပေမဲ့ နှင်းဘုရင်မတွေအပြင် ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေကလဲ ရေခဲဓာတ်သဘောသဘာ၀ရဲ့အထွဠ်အထိပ်ကို ရောက်နိုင်ကြတယ်..ဒါပေမယ့် ဧရာမနတ်ဆိုးတွေက အသန်မာဆုံးမျိုးနွယ်တွေပဲ သူတို့တွေကတော့ သူတို့ရဲ့အစွမ်းအစမှာ ထူးကဲသာလွန်တယ်လို့ ပြောလို့မရနိုင်ဘူး..ငါပြောသလောက်အရဆိုရင် လူသားတစ်ယောက်ရဲ့သိုင်းပညာ၀ိညာဥ်အဖြစ် နှင်းဘုရင်မတွေရော ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေကော ပေါ်မလာခဲ့ဖူးဘူး…ငါ့ဘ၀မှာလဲ တွေ့ရမယ်လို့ မထင်ထားခဲ့တာအမှန်ပါပဲ ဒါ့အပြင် ငါ့ရဲ့ကျောင်းသားတစ်ယောက်မှာတောင် ဖြစ်လာရတယ်.”

ဟို့ယွိဟောင်ကလဲ ပြန်ပြောလာခဲ့ပါတယ်။

” ဆရာ၀မ် ကျွန်တော်လဲ ကျွန်တော်ကိုယ်ကျွန်တော်ဘာတွေဖြစ်နေလဲတောင် မသိပါဘူး ”

၀မ်ယန်က ပြန်ဖြေလိုက်ပါတယ်။

” ဒီလိုမျိုးအဆုံးစွန်းရောက်နေတဲ့ သိုင်းပညာ၀ိညာဥ်တွေက ရှားပါးတယ်လေ ကျောင်းတော်ရဲ့၀င်ပေါက်မှာရှိတဲ့ ရုပ်ထုခုနှစ်ခုကိုမင်းတွေ့တယ်မလား သူတို့တွေက အရမ်းကို အင်အားကြီးကြတယ်…မင်းတို့ ထန်မျိုးနွယ်ရဲ့ တည်ထောင်သူဘိုးဘေးကြီးထန်စန်းက သူတို့ထဲက တစ်ယောက်ပဲ ဒါပေမယ့် သူတို့ထဲမှာ ဘယ်သူကမှ အဲ့ဒီလိုအဆုံးမဲ့တဲ့ ဓာတ်သဘော သဘာ၀တစ်ခုကို မပိုင်ဆိုင်ကြဘူး…ဒါကြောင့် ငါတို့ကျောင်းတော်ရဲ့ နှစ်ပေါင်းတစ်သောင်းထဲမှာ ဒီလိုမျိုးအဆုံးစွန်းအားကောင်းတဲ့ သိုင်းပညာ၀ိညာဥ်သုံးခုတိတိ ပေါ်ထွက်လာခဲ့ဖူးတယ်…သူတို့တွေကတော့ အဆုံးစွန်းအန္တိမလေထု အဆုံးစွန်းအန္တိမမီးလျှံ အဆုံးစွန်းအန္တိမသစ်သားပဲ ရေခဲပေါ်လာတာ ပထမဆုံးလို့ပြောလို့ရနိုင်တယ်…အဲ့ဒီအချိန်မှာ သူတို့သုံးယောက်စလုံးက သူတို့မျိုးဆက်တွေအလိုက် မြင့်မားလွန်လှတဲ့ကျော်ကြားမှုကို ပိုင်ဆိုင်ခဲ့ဖူးတယ်..အဲ့ဒီအထဲမှာ အကျော်ကြားဆုံးကတော့ အဆုံးမဲ့အန္တိမမီးလျှံကို ပိုင်ဆိုင်ထားတဲ့သူပဲ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ငါတို့သော့်လော့တိုက်ရဲ့ နိုင်ငံတော်ကြီးသုံးခုက နေလနိုင်ငံတော်ကို အနိုင်ယူနိုင်ခဲ့တယ်..သူ့ရဲ့နောက်ပိုင်းဘ၀သက်တမ်းတစ်လျှောက်မှာလဲ အရမ်းကို အင်အားကြီးတဲ့မျိုးနွယ်စုကြီးတစ်ခုကို ဖန်တီးခဲ့တယ်..ဒါပေမယ့် သူ့ရဲ့ မျိုးဆက်တွေကတော့ သူ့ရဲ့တူညီတဲ့သိုင်းပညာ၀ိညာဥ်ကို အမွေမရတော့ဘူး ”

” ဒါတွေက ဘာလို့အရမ်းရှားပါးနေလဲမင်းသိလား ”

ဟို့ယွိဟောင် ခေါင်းခါလိုက်ပါတယ်။

” ဘာကြောင့်လဲဆိုတော့ ငါတို့ခန္ဓာကိုယ်တွေအနေနဲ့ ဒီသိုင်းပညာ၀ိညာဥ်တွေရဲ့ မာကျောမှုကို ခံနိုင်စွမ်းအားရှိဖို့ အရမ်းခက်ခဲလို့လေ တွေးကြည့်လိုက်ပါ မင်းရဲ့ရေခဲပဲဖြစ်ပါစေ အဲ့ဒီဘိုးဘေးကြီးတွေနဲ့ မီးလျှံပဲဖြစ်နေပါစေ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက်ပေါ်ထွက်လာခဲ့မယ်ဆိုရင် ၀ိညာဥ်ပညာရှင်ရဲ့ခန္ဓာကိုယ်ကလဲ ပေါက်ကွဲထွက်သွားနိုင်တယ်လေ အရမ်းကို ပုံမှန်မဟုတ်တဲ့ မူလပါရမီမရှိရုံနဲ့ဘယ်လူမှ ဒါကိုလက်ခံနိုင်ကြမှာမဟုတ်ဘူး…ဒါကြောင့်သာ အဆုံးမဲ့အန္တိမဓာတ်သဘောသဘာ၀တွေက ဒီတိုက်ကြီးတစ်ခုလုံးမှာ ပေါ်ထွက်လာနိုင်ချေအရမ်းကို နည်းပါးလွန်တယ်..ခန္ဓာကိုယ်၀ိညာဥ်တွေထက်တောင် ပိုရှားပါးတာပေါ့ မင်းပြောသလောက်အရဆိုရင် ငါအနေနဲ့ တွေတောလို့ရနိုင်တယ်…မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က ပထမသိုင်းပညာ၀ိညာဥ် ထွက်ပေါ်လာချိန်ကထဲက ရှိပြီသားပဲ ဒါပေမယ့် သူ့အနေနဲ့ အသိဉာဏ်တချို့ရပြီ ပြောင်းလဲမှုတွေကိုလဲ ရသွားလိမ့်မယ်..ဒါ့အပြင် သူ့ရဲ့ အစွမ်းသတ္တိက ကြောက်စရာကောင်းလွန်တာကြောင့် သူကိုယ်သူထွက်ပေါ်လာအောင် ထိန်းချုပ်ထားတာလဲ ဖြစ်ရမယ် ”

အပိုင်း ၅၂•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset