အပိုင်း ၅၂•၂
” ရေခဲဧကရီရဲ့သံချပ်ကာ ”
°°°
ထိုက်ဟွပင်းအနီးမှာရပ်နေခဲ့တဲ့ ၀ူဖုန်းကတော့ ဟို့ယွိဟောင်ကို စိုက်ကြည့်နေခဲ့ပါတယ်။ သူမရဲ့ မျက်လုံးထဲမှာတော့ ဒေါသတွေအပြည့်ပါပဲ။ သူတို့ရဲ့ပြိုင်ပွဲပြီးတဲ့နောက် ဘာကြောင့်များသူမရဲ့နှလုံးသားထဲမှာ ဟို့ယွိဟောင်ကို ကြောက်လန့်နေရလဲဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။ သူက သူမထက်အများကြီး ပိုပြီးအားနည်းတာ အရမ်းကိုသိသာလှပါတယ်။ ဒါပေမယ့် မျက်နှာချင်မဆိုင်ရင်တောင် တွေ့လိုက်ရင်ကြောက်နေဆဲပါပဲ။ အဲ့ဒီခံစားချက်ကြီးကြောင့်သာ သူမအနေနဲ့ ဟို့ယွိဟောင်ကို မျက်နှာချင်မဆိုင်နိုင်သလို နောက်ထပ်လဲ စိန်မခေါ်၀ံ့ခဲ့တာပါပဲ။
၀ူဖုန်းအနေနဲ့ ဘာကြောင့်ဒီလိုဖြစ်မှန်း မသိပေမဲ့ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကို မြင်လိုက်တိုင်းအဲ့ဒီအကြောက်တရားက စိတ်ထဲကိုဆက်တ်ိုက်၀င်ရောက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ မီးလျှံခြင်္သေ့ဘုရင်နဲ့ တိုက်ခိုက်ပါတော့မယ်။ ကြည့်ဖို့ကောင်းမဲ့ပွဲတစ်ပွဲပါပဲ။ ၀ူဖုန်းရဲ့စိတ်ထဲမှာလဲ ကြောက်စရာအတွေးတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီကောင်သာ ပြာဖြစ်သွားရင် ကောင်းမှာပဲ။
မီးလျှံခြင်္သေ့ဘုရင်ကတော့ သူ့ရဲ့လှောင်ချိုက်ကနေ အပြင်ကို ပြေးထွက်လာရင်း ကောင်းကင်ပေါ်ကို ခုန်တက်လာခဲ့ပါတယ်။ ဒီခြင်္သေ့ရဲ့ လက်တွေအောက်မှာတော့ မီးလျှံလိုအမွေးတွေကအပြည့် ရှိနေခဲ့ပြီ မီးပွားတွေကလဲ ဆက်တိုက်ထွက်နေခဲ့တယ်။
ထိုက်ယွပင်း ရင်ဆိုင်ခဲ့တဲ့ လေကျားထက်တောင် ပိုကြံ့ခိုင်သန်မာနေရုံတင်မက ခန္ဓာကိုယ်ကလဲ သုံးမီတာအပြည့်ရှည်လျားနေခဲ့ပြီ ပုခုံးတွေကတော့ တစ်မီတာခွဲကျယ်ပြန့်ပါတယ်။ ကြွက်သားတွေကလဲ သိသိသာသာကို ထွက်နေခဲ့ပြီ အညိုဖျော့ရောင်မျက်လုံးတွေကတော့ ကြောက်စရာကောင်းနေခဲ့တယ်။ တစ်ခေါက်ဟိန်းဟောက်ပြီတဲ့နောက် ဟို့ယွိဟောင်ဆီကို တန်းတန်းမတ်မတ် ပြေး၀င်လာခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမီးလျှံတွေအပြည့်နဲ့ ဟို့ယွိဟောင်အပေါ်ကို ခုန်ချလာပါတော့တယ်။ ဒီမီးတွေက အရမ်းကို ပူပြင်းလွန်လှပြီ လေဟာနယ်တွေကိုတောင် တစ်ဆစ်ဆစ်မြည်စေခဲ့ပါတယ်။
ဟို့ယွိဟောင်က နှစ်တစ်ထောင်မီးလျှံခြင်္သေ့ဘုရင်ကို တိုက်ခိုက်နိုင်မှာလား။ ဒါကအစောပိုင်း ၀မ်သုန့် ထိုက်ဟွပင်းတို့ရင်ဆိုင်ခဲ့ရတဲ့ သတ္တ၀ါတွေထက်တောင် ပိုသန်မာနေတာပါ။
ထိုက်ဟွပင်းအနေနဲ့လဲ ဒုတိယမြောက် အံ့ဖွယ်ရာဖြစ်လာမယ်လို့ မယုံကြည်ခဲ့ပါဘူး။ သူ့အမြင်မှာ ဟို့ယွိဟောင်အနေနဲ့ တစ်ခေါက်တောင်မတိုက်ခိုက်နိုင်ဘူးလို့ ထင်နေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ မျက်နှာချင်ဆိုင်လျက်သား ရှိနေဆဲပါ။ သူ့ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ခြင်္သေ့ခန္ဓာကိုယ်ပေါ် အပြည့်အ၀အသုံးချထားခဲ့ပါတယ်။ နှစ်တစ်ထောင်သားရဲကောင်တွေနဲ့ အရင်မှာရင်ဆိုင်ခဲ့ရပေမဲ့ ဒီနေ့စိတ်ပူတာမရှိဘူးလို့ ပြောမယ်ဆိုရင် အလိမ်အညာပဲ ဖြစ်နေမှာပါ။ တစ်ယောက်ထဲဒီလိုသတ္တ၀ါကို ရင်ဆိုင်ရတာ ပထမဆုံးအကြိမ်ပါပဲ။ ဒါပေမယ့် စိတ်ထဲမှာသာ သက်ပြင်းချနေခဲ့မိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ပြိုင်ဘက်ရဲ့အစွမ်းက မီးဖြစ်နေတာကို သတိထားမိသွားလို့ပါ။
ဒီတစ်ကြိမ်မှာ အဲ့ဒီသတ္တ၀ါက ဟို့ယွိဟောင်ရဲ့မီတာငါးဆယ့်အထိ နီးကပ်လို့လာခဲ့ပါပြီ။ ဒါ့အပြင် ကြည့်နေသူတွေအနေနဲ့လဲ အဲ့ဒီသတ္တ၀ါရဲ့ခန္ဓာကိုယ်ကိုသာ အာရုံစိုက်နေခဲ့ကြပါတော့တယ်။ သူတို့အနေနဲ့ ဟို့ယွိဟောင်ရဲ့၀ိညာဥ်စက်ကွင်းတွေ အပြောင်းအလဲဖြစ်သွားတာကို သတိမထားမိပါဘူး။ အဲ့ဒီအချိန်မှာ အပြောင်းအလဲက ၀ိညာဥ်စက်ကွင်းတွေရဲ့ အရောင်မဟုတ်ပဲ အရေအတွက်ပါ။ ၀ိညာဥ်စက်ကွင်းနှစ်ခုက ရုတ်တရက်ဆိုသလို တစ်ခုထဲဖြစ်သွားခဲ့ပါတယ်။ အဖြူရောင်ဖြစ်နေဆဲဖြစ်ပြီ မှိန်ဖျော့ဖျော့အားနည်းတဲ့အလင်းတန်းက ကြည်လင်တောက်ပတဲ့ကျောက်မျက်ရတနာလိုမျိုး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပါတော့တယ်။ ဒါ့အပြင် လက်ချောင်းအရွယ်အစားရှိတဲ့ ကျောက်မျက်ရတနာလေးတွေက စတင်ဖြစ်ပေါ်လို့လာခဲ့ပြီ သူ့ရဲ့လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းကို ဖုံးလွှမ်းလို့သွားပါတော့တယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် သူ့ခန္ဓာကိုယ်တစ်ခုလုံးအပေါ်မှာ ရေခဲသံချပ်ကာဖုံးအုပ်လိုက်တာပါပဲ။ ရေခဲသံချပ်ကာတွေက ရစ်ထောင့်စတုရန်းပုံသဏ္ဍာန်ရှိနေခဲ့ပြီ များပြားတဲ့မျက်နှာပြင်တွေလဲ ပါ၀င်နေခဲ့ပါတယ်။ ဒါကြောင့် တလက်လက်တောက်ပတဲ့အလင်းတန်းတွေကလဲ အထင်သားပေါ်နေခဲ့တယ်။ ဒီရေခဲသံချပ်ကာဖုံးလွှမ်းသွားပြီတဲ့နောက် မီးခြင်္သေ့ကြီးက ရုတ်တရက်ရပ်တန့်သွားပါတော့တယ်။ ခန္ဓာကိုယ်ပေါ်က မီးလျှံတွေအားလုံးကလဲ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲရင်း ဟို့ယွိဟောင်ဆီကို တန်းတန်းမတ်မတ် ပြေး၀င်သွားခဲ့ပါပြီ။ ဒါကတော့သူ့ရဲ့မူလမွေးရာပါစွမ်းရည်ဖြစ်တဲ့ မီးလျှံလှံတံတိုက်ခိုက်မှုပါပဲ။
မီးလျှံတွေက ခန္ဓာကိုယ်ပေါ်မှာပျောက်ကွယ်လို့သွားပြီတဲ့နောက် ပြိုင်ဘက်ဆီကို တိုက်ရိုက်ရောက်ရှိရင်းတိုက်ခိုက်ပါတယ်။ ဒါပေမယ့် အရှိန်အဟုန်ကတော့ တစ်စက်လေးတောင်မပြောင်းလဲခဲ့ပါဘူး။
ဒိုင်တွေအနေနဲ့လဲ ပြိုင်ပွဲတစ်ခုလုံးကို နီးနီးကပ်ကပ်ကြည့်နေခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရေခဲအလွှာရုတ်တရက်ပေါ်လာတာကို သူတို့ခံစားမိချိန်မှာတော့ အံ့အားသင့်သွားခဲ့ရပါတော့တယ်။ ဒါက သူ့ရဲ့သိုင်းပညာ၀ိညာဥ်လား ဒါ့အပြင် ကြည့်နေသူတွေအနေနဲ့လဲ သူ့ရဲ့၀ိညာဥ်စက်ကွင်းတစ်ခုထဲကျန်တော့တာကို အခုမှသတိထားမိကြပါတယ်။
ထူးဆန်းတဲ့မြင်ကွင်းကြောင့် ဒိုင်နှစ်ယောက်တွေဝေနေခဲ့ပါတယ်။ သူတို့တွေက အချိန်တချို့ကို ကုန်ဆုံးသွားခဲ့ပါပြီ။ သတိပြန်၀င်လာချိန်မှာတော့ ဟို့ယွိဟောင်အနေနဲ့ ခြင်္သေ့ဘုရင်တိုက်ခိုက်မှုကို ခုခံနိုင်မှာမဟုတ်မှန်း သူတို့သတိထားမိသွားပါတယ်။ မီးတွေက သူ့ဆီကိုရောက်နေခဲ့ပါပြီ။ သုဝေ့လွမ်ကလဲ ခြေတကြွကြွနဲ့ ညာဘက်လက်ကိုအသုံးပြုရင်း အောက်ဆင်းဖို့လုပ်နေခဲ့တာပါ။ ဒိုင်နှစ်ယောက်အနေနဲ့ ဟို့ယွိဟောင်ကို ကူညီဖို့အချိန်မီသတိမ၀င်နိုင်မှန်း သူသိနေခဲ့တယ်။
ရန်ရှောင်ကျဲ့ကတော့ ဟို့ယွိဟောင်ကိုကြည့်ရင်း သုဝေ့လွမ်ကို တားထားခဲ့ပါတယ်။
” မလိုဘူး ”
မီးလျှံတွေက ဟို့ယွိဟောင်ဆီကို တန်းတန်းမတ်မတ်ရောက််ရှိသွားပါတော့တယ်။ အထိတ်တလန့်အော်သံတွေက ထွက်ပေါ်လာခဲ့ပါပြီ။ ကျိုးယ်ိနဲ့ ၀မ်ယန်တို့တောင်မှ နယ်မြေထဲကို တစ်ပြိုင်နက်ထဲပြေး၀င်လာခဲ့ပါတယ်။ ဒါပေမယ့် ခြေလှမ်းသုံးလှမ်းသာ လှမ်းပြီတဲ့နောက် အံ့ဩစရာမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့အတွက် ရုတ်တရက်ရပ်တန့်လို့သွားခဲ့ပါတယ်။ အမှန်ပါပဲ ဟို့ယွိဟောင်ခန္ဓာကိုယ်ကို မီးလျှံတွေထိတွေ့ချိန်မှာတော့ သူ့ခန္ဓာကိုယ်အပေါ်မှာ အဖြူရောင်မြူခိုတွေက ရုတ်တရက်ပေါ်ထွက်လို့လာပါတော့တယ်။ အဲ့ဒီနောက် ဝေ၀ါးလွန်းလှတဲ့ အရိပ်တစ်ခုက သူ့ခန္ဓာကိုယ်အနောက်ဖက်မှာ ရုတ်တရက်ပေါ်ထွက်လာတယ်။ ဒီလိုအဖြစ်အပျက်ပြီးချိန်မှာပဲ ခြင်္သေ့ရဲ့မီးလျှံတွေက အမှုန်အ၀ါးလေးတွေတောင်မကျန်ရအောင် ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဘယ်တုန်းမှမရှိခဲ့တဲ့အတိုင်းပါပဲ။
အဖြူရောင်မြူခိုတွေ ပျောက်ကွယ်သွားပြီချိန်မှာတော့ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားပါတော့တယ်။ လက်နှစ်ဖက်ကို နောက်ပြစ်ထားရင်း ခြင်္သေ့ကို အေးစက်တဲ့အကြည့်နဲ့ စိုက်ကြည့်လို့နေခဲ့ပြီ တစ်ခွန်းသာအော်လိုက်တယ်။
” ထွက်သွားစမ်း ”
ကြီးမားတဲ့ခြင်္သေ့ကြီးကတော့ တစ်ကိုယ်လုံးတုန်ရီသွားခဲ့ပြီအမြီးကိုခြေထောက်နှစ်ချောင်းကြားညှပ်ကာ အမြီးလေးကုပ်ရင်း ထွက်ပြေးသွားပါတော့တယ်။
သူ့ရဲ့အရမ်းကို ကြောက်လန့်နေလွန်တဲ့ပုံစံက သရဲကြီးတစ်ကောင်ကို တွေ့လိုက်ရသလိုပါပဲ။ ဟို့ယွိဟောင်ကတော့ အဲ့ဒီနေရာမှာ အေးအေးဆေးဆေးရပ်နေဆဲပါ။
ဒိုင်နှစ်ယောက်ကလဲ ကြောင်အနေခဲ့ပါတယ်။ အရင်တစ်ခေါက်မှာဒီကျောင်းသားက နှစ်တစ်ရာ၀ိညာဥ်သားရဲကောင်ကို ပါးစပ်ကနေ အမြုပ်တစီးစီးထွက်ပြီ သတိလစ်သွားတဲ့အထိ ကြောက်လန့်စေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကို အမြီးကုပ်ပြီထွက်ပြေးသွားရအောင် လုပ်ဆောင်ခဲ့ပြန်တယ်။ ဒါ့အပြင် နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းကိုတောင် မထုတ်လွှတ်ပဲနဲ့ တိုက်ခိုက်မှုကို ခုခံထားခဲ့တာပါ။ ဒါတွေဘာကြောင့်များ ဖြစ်ရတာလဲ ရှိနေတဲ့ဆရာတွေအားလုံး တအံ့တဩဖြစ်ကုန်ပါတော့တယ်။ ရန်ရှောင်ကျဲ့ကလဲ အခုအချိန်မှာ ခြေကြွရင်း သုဝေ့လွမ်ကို ကြည့်နေခဲ့ပါပြီ။ အဲ့ဒီနောက် အနားကပ်ရင်း သူပြောလိုက်တယ်။
” ငါပြန်တော့မယ် ဟို့ယွိဟောင် ဒီတစ်ခေါက်စာမေးပွဲမှာ အမှတ်အပြည့်ရတယ်..ငါအဲ့ဒီကလေးကို လိုချင်တယ် ”
သူပြောပြီတာနဲ့ စင်ပေါ်ကနေ ထွက်ခွာသွားပါတော့တယ်။ ကောင်းကင်ပေါ်ကို ပျံတက်သွားခဲ့ရင်း ပျောက်ကွယ်သွားခဲ့ပါပြီ။
ကြည့်နေသူတွေအားလုံးထက် သူက ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်။ ခြင်္သေ့မီးလျှံတွေ ထွက်ပေါ်လာချိန်မှာ ဟို့ယွိဟောင်တစ်ကိုယ်လုံးကို အဖြူရောင်မြူခိုတွေက ဖုံးလွှမ်းသွားခဲ့တယ်။ တစ်ချိန်ထဲမှာပဲ သူ၀တ်ဆင်ထားတဲ့ ရေခဲသံချပ်ကာက ကျောက်စိမ်းရောင်အဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် သူ့အနောက်ဖက်မှာ မြူနှင်းတွေကြားထဲအရိပ်တစ်ခုက ထိုးတက်လို့လာပြီ ချက်ချင်းပျောက်ကွယ်လို့သွားပါတယ်။
အဲ့ဒီထွက်ပေါ်လာတဲ့အရိပ်ကတော့ ၁•၅မီတာရှည်လျားတဲ့ ကင်းမြီးကောက်တစ်ကောင်ပါ။ ရန်ရှောင်ကျဲ့အနေနဲ့လဲ အဲ့ဒီကင်းမြီးကောက်ရဲ့ အေးစက်တဲ့မျက်၀န်းတွေက ခြင်္သေ့ဘုရင်ကို ကြည်လင်တောက်ပတဲ့အ၀ါရောင်မျက်လုံးတွေနဲ့ စိုက်ကြည့်နေမှန်း သတိထားမိခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ခြင်္သေ့က ကြောက်လွန်လို့ အမြီးကုပ်သွားခဲ့ရတယ်။
ဒါက တုပတဲ့စွမ်းရည်ရဲ့ ဖန်တီးတဲ့အကြောက်တရားမဟုတ်ပါဘူး။ စစ်မှန်လွန်းလှတဲ့ သိုင်းပညာ၀ိညာဥ်ရဲ့ခြိမ်းခြောက်မှုတစ်ခုပါ ထိုက်ဟွပင်းရဲ့ကျားဖြူပုံစံနဲ့အတူတူပါပဲ။
ရန်ရှောင်ကျဲ့ရဲ့စိတ်ခံစားချက်တွေကတော့ အရမ်းကို အပြောင်းအလဲများနေခဲ့ပါပြီ။ သူ့အနေနဲ့ ကျောင်းတော်ထဲ၀င်ရောက်ခဲ့တာ နှစ်ပေါင်းခုနှစ်ဆယ့်ခြောက်နှစ်ရှိပြီ ပထမဆုံးအကြိမ်အနေနဲ့ အစွန်းရောက်နေတဲ့ အစွမ်းသတ္တိနဲ့သိုင်းပညာ၀ိညာဥ်ကို မြင်ဖူးခဲ့တာပါ။ အဆုံးစွန်း အန္တိမရေခဲဒါကလုံး၀ကို အန္တိမအစွမ်းရှိတဲ့ ရေခဲစွမ်းအင်ပါ။ မီးအမျိုးအစားခြင်္သေ့ဘုရင်ဒီလောက်အထိ ကြောက်လန့်ပြီ အံ့ဩသွားခဲ့တဲ့ကိစ္စကတော့ ဟို့ယွိဟောင်ရဲ့သိုင်းပညာ၀ိညာဥ်ကြောင့်ပါပဲ။ ပြိုင်ဘက်ကိုသူ့ရဲ့အစွမ်းအစနဲ့ အပြည့်အ၀ဖိနှိမ့်နိုင်လိုက်တယ်။
ရန်ရှောင်ကျဲ့က အရမ်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်ပြီတာကြောင့် သူဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဟို့ယွိဟောင် ထုတ်လွှတ်လိုက်တဲ့အစွမ်းက ရေခဲဧကရီရဲ့သံချပ်ကာပါ။ နောက်တစ်ခုကတော့ ရေခဲဧကရီရဲ့ နှစ်လေးသိန်း၀ိညာဥ်စက်ကွင်းပေးခဲ့တဲ့ အစွမ်းသတ္တိပါပဲ။ ရေခဲဧကရီအဆိပ်ဆူးနဲ့ သံချပ်ကာနှစ်ခုစလုံးက တကယ်ကို အားကောင်းတဲ့စွမ်းရည်တွေဖြစ်နေခဲ့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်အနေနဲ့ သူတို့ရဲ့ စွမ်းအားအပြည့်အ၀ကို မထုတ်ဖော်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီအင်အားတွေနဲ့တင် မီးအမျိုးအစားရန်သူကို ထွက်ပြေးသွားစေဖို့ လုံလောက်နေခဲ့ပါပြီ။
ရန်ရှောင်ကျဲ့က စောစောစီးစီးထွက်ခွာလာခဲ့တာ သူမြင်ချင်တဲ့အရာကို မြင်ပြီခဲ့လို့ပါ။ လက်ရှိအချိန်မှာ သူ့အနေနဲ့ ဟို့ယွိဟောင်က သူတို့ဌာနမှာ နေအောင်လို့နည်းလမ်းသွားရှာရပါတော့မယ်။
ရန်ရှောင်ကျဲ့ရဲ့မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့အပြုံးတစ်ခုက ဖြစ်ပေါ်လာခဲ့တော့တယ်။
” ချင်းသောသော ချင်းသောသော ဒီတစ်ခေါက်ငါမင်းရဲ့အကြံအစည်တွေအောက်မှာ ကျရောက်သွားခဲ့တယ်…ဒါပေမယ့် နောက်ဆုံးဘယ်သူရယ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ ငါတို့သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းကျောင်းတော်က တိုင်ကြီးတစ်ခုမှာ တကယ်နံပါတ်တစ်ကျောင်းတော်ပဲ မင်းတို့၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်မရှိတဲ့အရာတွေ အများကြီးရှိတယ်..အကယ်၍ ဒီကျောင်းအုပ်ကသာ လုံး၀၀င်ကြေးကို ဂရုစိုက်စရာမလိုဘူးဆိုရင် အဆုံးစွန်းအန္တိမပစ္စည်းတစ်ခုအတွက်နဲ့ အကုန်လုံးသုံးဖြုန်းပြစ်ဖို့ လုံလောက်တာပေါ့။
ရန်ရှောက်ကျဲ့ ထွက်ခွာသွားပြီတဲ့နောက် ကြည့်နေသူတွေလဲ သတိပြန်၀င်လာကြပါတော့တယ်။ ဒီလောကကြီးမှာဘာတွေဖြစ်ကုန်တာလဲ။ အစောပိုင်းတုန်းက ထိုက်ဟွပင်းအနေနဲ့ နှစ်တစ်ထောင်သားရဲကောင်ကို သတ်လိုက်နိုင်တာကတင် သူတို့အတွက် ထိတ်လန့်စရာကောင်းနေခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ လှုပ်တောင်မလှုပ်ရှားခဲ့ပါဘူး။ ဒါပေမယ့် ပြိုင်ဘက်ကို တစ်ချက်ထဲနဲ့တင် ထွက်ပြေးသွားအောင်လို့ လုပ်နိုင်ခဲ့ပါတယ်။ ဒါကတစ်ပြိုင်နက်ထဲ သတ်လိုက်တာထက်တောင် အံ့ဩစရာကောင်းတဲ့အရာပါ။ သူဘယ်လိုများ အောင်မြင်ခဲ့တာလဲ သူ့ကို တုပတာမျိုး ခွင့်ပြုထားဖို့မဟုတ်လား။
ထိုက်ဟွပင်းရဲ့ယုံကြည်ချက်ရှိတဲ့မျက်၀န်းတွေက ဝေ၀ါးလို့သွားခဲ့ပါတယ်။ သူဘာသာသူပြောနေခဲ့တယ်။
” ဒါဘယ်လိုလုပ်ဖြစ်နိုင်ရမှာလဲ ဘယ်လိုလုပ်ဖြစ်လာရတာလဲ ”
ဒီတစ်ကြိမ်မှာပဲ သုဝေ့လွမ်ရဲ့အသံက နယ်မြေတစ်ခုလုံးကို ဖြတ်ကျော်ရင်း ထွက်ပေါ်လာပါတော့တယ်။
” ဟို့ယွိဟောင်ရဲ့ စမ်းသပ်ချက်ပြီးဆုံးသွားပြီ ကျောင်းအုပ်ရဲ့တွက်ချက်မှုအရ ဟို့ယွိဟောင် အမှတ်တစ်ရာငါးဆယ်ကို ရရှိတယ်…သူ့အမှတ်ပြည့်ရတယ် ”
တအံ့တဩအော်သံတွေက ထွက်ပေါ်လာပါတော့တယ်။ ကျောင်းအုပ်အနေနဲ့ ဒီပြိုင်ပွဲကို ကြည့်ရှု့နေမှန်း သတိတောင်မရတော့ပါဘူး။ သုဝေ့လွမ်က ဒီလိုကြော်ငြာလိုက်တယ်ဆိုတာ ကျောင်းအုပ်ရဲ့နာမည်ကိုပါ အသုံးပြုပြီး ကြော်ငြာသွားတာပါ။
ဟို့ယွိဟောင်ကလဲ ဖြည်းဖြည်းချင်းလျှောက်ပြီ သူအတန်းကိုပြန်၀င်သွားခဲ့ပါပြီ။ အမှန်တကယ်မှာတော့ ဒီလိုအခြေအနေမျိုးတွေ့ရမယ်လို့ မထင်ထားခဲ့မိပါဘူး။ ဘာကြောင့်လဲဆိုတော့ ထွက်သွားဆိုတဲ့စကားအော်ပုံက သူ့ရဲ့ကိုယ်ပိုင်အကြံအစည်မဟုတ်ခဲ့လို့ပါ။ ရေခဲဧကရီက အဲ့ဒီအချိန်မှာ နိုးထလာလို့ပါပဲ။ ဒါ့အပြင် သူ့ကို အဲ့ဒီလိုအော်ဟစ်စေဖို့အတွက် အတင်းတွန်းအားပေးခဲ့ပါတယ်။ ဒါကြောင့်လဲ ရေခဲဧကရီရဲ့ အစွမ်းကိုမြင်ပြီတဲ့နောက် ခြင်္သေ့ဘုရင်က ထွက်ပြေးသွားရတာပါ။
ဟို့ယွိဟောင် ပြန်လာတာကိုမစောင့်ပဲ ၀မ်ယန်က သူ့ဆီပြေး၀င်လာခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးအမြင်အာရုံက ရန်ရှောင်ကျဲ့လောက်မကောင်းပေမဲ့ သိုင်းပညာ၀ိညာဥ်တွေအပေါ်လေ့လာဆန်းစစ်မှုက အများကြီးပိုပြီး ခိုင်မာလွန်ခဲ့တယ်။ ဟို့ယွိဟောင်ရဲ့စွမ်းရည်တွေကို မြင်မြင်ချင် ချက်ချင်းဆိုသလိုဖြစ်သွားတဲ့ကိစ္စတွေအတွက် သူစိတ်ထဲ အကြံအသစ်တွေ ၀င်ရောက်လာပါတော့တယ်။
” ယွိဟောင် မင်းအခုသုံးသွားခဲ့တဲ့ ၀ိညာဥ်စွမ်းရည်က ဘာကြီးလဲ ဘာတွေဖြစ်သွားတာလဲ မင်းရဲ့၀ိညာဥ်စက်ကွင်းနှစ်ခုကလဲ တစ်ခုထဲဖြစ်သွားတယ်…မင်းမှာသိုင်းပညာ၀ိညာဥ်နှစ်ခု ရှိနေတာလား ဒုတိယသိုင်းပညာ၀ိညာဥ်က ရေခဲအမျိုးအစားလား ”
၀မ်ယန်ရဲ့စကားတွေက အမြောက်ဆံတွေလိုပါပဲ။
ဟို့ယွိဟောင်အနေနဲ့ လူတွေရဲ့အမြင်ကနေ ဖုံးကွယ်နိုင်သလို အမှန်တရားကို ဖုံးကွယ်ကောင်းဖုံးကွယ်နိုင်ပေမဲ့ ၀မ်ယန်ကတော့ သူ့ကိုအမြဲတမ်းကောင်းကောင်းမွန်မွန်ဆက်ဆံတတ်တဲ့ သူပါ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ တိုးတက်မှုကိုလဲ အလွန်အမင်းဂရုစိုက်တတ်သူဖြစ်ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ဆရာ၀မ်ယန်ကို လေးစားမှုက ဆရာဖန်းယွီနဲ့ ကျိုးယိတို့ထက် လုံး၀ကိုမနည်းပါဘူး။ ဒါကြောင့် ၀မ်ယန်ရဲ့ခန့်မှန်းမှုတွေကို အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပါတော့တယ်။
အပိုင်း ၅၂•၂ ပြီး၏။