Switch Mode

Chapter – 52.1

ရေခဲ ဧကရီရဲ့ သံချပ်ကာ

အပိုင်း ၅၂•၁

” ရေခဲဧကရီရဲ့သံချပ်ကာ ”
°°°
ဒိုင်တွေကနယ်မြေထဲကို ၀င်ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် သူတို့တွေ ဘာမှလုပ်နိုင်စွမ်းမရှိတော့ပါဘူး။ တိုက်ပွဲက အဆုံးသတ်သွားပြီဖြစ်တာကြောင့် သူတို့ကို လှောင်ရယ်နေသလိုပါပဲ။ ဒါ့အပြင် ကျားရဲ့ခန္ဓာကိုယ်ကလဲ ခရမ်းရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။ ဒါက သတ်ဖြတ်လိုက်တာပါ။ ထိုက်ဟွပင်းနဲ့ ကျားတို့က တစ်ခေါက်သာတိုက်ခိုက်ခဲ့ကြပေမဲ့ ထိုက်ဟွပင်းကတော့ ရူးရူးသွပ်သွပ်နဲ့ နှစ်တစ်ထောင်သားရဲကောင်ကို သူ့ခန္ဓာကိုယ်အစွမ်းသက်သက်နဲ့သာ သတ်ပြစ်လိုက်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကိုလဲ နှစ်ပိုင်းဆွဲဖြဲလိုက်တယ်။ ထိုက်ဟွပင်းရဲ့ခန္ဓာကိုယ်ကလဲ ကျားရဲ့သွေးတွေနဲ့ စိုရွှဲနေခဲ့ပါပြီ။ အတန်းနံပါတ်တစ်နဲ့ နှစ်ရဲ့ကျောင်းသားတွေအားလုံးရဲ့မျက်နှာက ဖြူဖျော့လို့နေပါတော့တယ်။ အမျိုးသမီးကျောင်းတော်သားတွေကတော့ ဆက်ပြီတော့တောင် မကြည့်နိုင်တော့ပါဘူး။ ကျုးလုတစ်ယောက်သာ ပုံမှန်မဟုတ်လောက်အောင် တောက်ပတဲ့မျက်၀န်းတွေနဲ့ စောင့်ကြည့်နေခဲ့ပါတယ်။ ဒါက သူ့အနှစ်သက်ရဆုံးအမျိုးသားပါပဲ။ ထိုက်ဟွပင်းရဲ့ ကြမ်းတမ်းတဲ့ပုံစံကို မြင်ရတာ သူအရမ်းနှစ်သက်ပါတယ်။

” ထိုက်ဟွပင်း မင်းကိုရပ်ခိုင်းတာ မင်းမကြားဘူးလား ”

သုဝေ့လွမ်ရဲ့ဒေါသတကြီးအသံက ထွက်ပေါ်လာပါတော့တယ်။ နှစ်တစ်ထောင်သားရဲကောင်တစ်ယောက်ရဲ့ သေဆုံးမှုဆိုတာက ကျောင်းတော်အတွက် သေးငယ်တဲ့ဆုံးရှုံးမှုမဟုတ်ခဲ့ပါဘူး။ နှစ်တစ်ထောင်သားရဲကောင်တစ်ကောင်ကို ဖမ်းဆီးဖို့နဲ့ ယဥ်ပါးအောင်လေ့ကျင့်ပေးဖို့ဆိုတာ မလွယ်ကူတဲ့အရာဖြစ်နေခဲ့တယ်။ ဒါ့အပြင် ကုန်ချန်းလုံကို နှစ်သိမ့်ပေးဖို့ဆိုတာ ပိုလို့တောင်ခက်ခဲတဲ့ကိစ္စပါပဲ။

ထိုက်ဟွပင်းကတော့ ထူးမခြားနားလေသံနဲ့သာ ပြန်ဖြေလာခဲ့ပါပြီ။

“၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်သားရဲကောင်တွေရဲ့ တိုက်ပွဲကြားမှာ သေခြင်တရားနဲ့ ရှင်ခြင်တရားပဲရှိတယ်။ သူက ကျွန်တော်ကို သတ်ချင်ပြီဆိုမှတော့ ကျွန်တော်က ဘာကြောင့်သူ့ကိုပြန်သတ်လို့မရနိုင်ရမှာလဲ ဒါ့အပြင် ကျွန်တော်အနေနဲ့ ရပ်တန့်လို့မရနိုင်တော့ဘူးလေ အကယ်၍ ကျွန်တော်သာရပ်တန့်လိုက်မယ်ဆိုရင် သူ့ရဲ့တန်ပြန်တိုက်ခိုက်မှုက ကျွန်တော်လက်ကို ပြတ်သွားစေမှာပဲ ဒါကြောင့် အမှတ်ပြည့်ရနိုင်စေဖို့နဲ့ ၀မ်သုန့်လုပ်ခဲ့တဲ့အမှားကို ရှောင်ရှားနိုင်ဖို့အတွက် ကျွန်တော်သူ့လိုမျိုး သုံးဆယ့်ရာခိုင်နှုန်းတောင် ရှုံးနှိမ့်မှုမရှိအောင်လုပ်ရမယ်…ကျောင်းတော်ရဲ့အဆုံးအရှုံးအတွက်ကတော့ ကျွန်တော်ပြန်ပြီး လျော်ကြေးပေးမှာပါ ”

သုဝေ့လွမ်က မျက်မှောင်ကြုတ်နေခဲ့ပါတယ်။ ထိုက်ဟွပင်းက အင်အားကြီးပေမဲ့ သူကအရမ်းကို ကြမ်းတမ်းလို့နေခဲ့တယ်။ ဒါ့အပြင် ဒီလိုပုန်ကန်လိုစိတ်အပြည့်နဲ့ကျောင်းသားတစ်ယောက်က ပိုပိုပြီးအင်အားကြီးလာလေလေ ထိန်းချုပ်ဖို့ပိုခက်လေပါပဲ။

သုဝေ့လွမ်က ရန်ရှောင်ကျဲ့ကို ကြည့်လိုက်ပါတယ်။ ရန်ရှောင်ကျဲ့ကတော့ ခေါင်းညိတ်ရင်း သူ့ကိုစကားတချို့ပြောလိုက်တယ်။

သုဝေ့လွမ်လဲ ပြန်ထိုင်လိုက်ရင်း ပြောလာခဲ့ပါတယ်။

” ထိုက်ဟွပင်း မင်းအနေနဲ့ နှစ်တစ်ထောင်သားရဲကောင်ကိုရွေးချယ်ပြီ ဖြေဆိုခဲ့တဲ့အတွက် အမှတ်တစ်ရာအပြည့်ရတယ်…မင်းအင်အားကို အင်အားနဲ့တိုက်ပြီ အသုံးပြုရင်းတိုက်ခိုက်ရေးပညာရှင်တစ်ယောက်ရဲ့သန်မာတဲ့အချက်ကို ပြသခဲ့တယ် ..ဒါပေမယ့် မင်းရဲ့နည်းလမ်းတွေက လိုအပ်ချက်တွေရှိတယ်…ဒါကြောင့် တိုက်ပွဲအတွက် လေးဆယ့်ငါးမှတ်သာရနိုင်မယ်…ကျောင်းတော်ရဲ့ဆုံးရှုံးမှုကိုလဲ ဆယ့်ရက်အတွင်းမှာပြန်ပြီး လျော်ကြေးပေးရမယ်…မလုပ်ခဲ့ဘူးဆိုရင် ကျောင်းတော်အနေနဲ့ မင်းရဲ့အတွင်းတပည့်သားနေရာကို ပြန်ရုတ်သိမ်းမယ် ”

” ကောင်းပါပြီ ”

ထိုက်ဟွပင်းအနေနဲ့ အမူအရာမပျက်ပဲရှိနေခဲ့တယ်။ သူက သုဝေ့လွမ်ရဲ့စကားတွေကို ပြန်ငြင်းပယ်မှာမဟုတ်ပါဘူး။ တစ်ချက်ဦးညွတ်ပြီ အရိုးအသေပြုလိုက်ရင်းနဲ့ ထွက်ခွာသွားပါတော့တယ်။

သူက တစ်ယောက်ထဲနဲ့ အမှတ်တစ်ရာလေးဆယ်ငါးမှတ်ကို ရရှိတာပါ။ ဒါက ပြီးပြည့်စုံလုနီးပါးပါပဲ ဒုတိယနှစ်ရဲ့စာမေးပွဲထဲမှာ ဘယ်တော့မှမပေါ်ထွက်လာခဲ့ဖူးတဲ့အမှတ်ဖြစ်နေခဲ့ပါတယ်။ ၀မ်ယန် ကျိုးယိနဲ့ မုကျင်းတို့ရဲ့ မှတ်ဉာဏ်ထဲမှာတောင် ဒါမျိုးမရှိခဲ့ဖူးပါဘူး။

အမှန်တကယ်တော့ ထိုက်ဟွပင်းရဲ့ လုပ်ဆောင်ချက်က ပြီးပြည့်စုံလုနီးပါးဖြစ်ခဲ့ပါတယ်။ သူ့လက်လဲဒဏ်ရာရပြီ ခန္ဓာကိုယ်လဲ ထိခိုက်သွားခဲ့ပေမဲ့ နှစ်တစ်ထောင်သားရဲကောင်ကို အသက်ဆယ့်နှစ်နှစ်အရွယ်နဲ့တင် အေးအေးဆေးဆေးသတ်ပြနိုင်ခဲ့တာပါ။ ဒီလိုအခြေအနေမျိုးက သက်တူရွယ်တူတွေထဲမှာတောင် အရမ်းရှားပါးပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့သမိုင်းတစ်လျှောက်မှာတောင် ဒီလိုအရာမျိုးက ရှားပါးလွန်တယ်။ ဒါ့အပြင် အဓိက ဒီလိုမျိုးအမှတ်ရခဲ့တာက ကျောင်းအုပ်ရန်ရှောင်ကျဲ့ကိုယ်တိုင် သူ့ကိုပေးခဲ့လို့ပါပဲ။

ရန်ရှောင်ကျဲ့အနေနဲ့ ထိုက်ဟွပင်းလိုကျောင်းသားက ၀မ်သုန့်တို့လူနဲ့မတူဘူးဆိုတာကို ကောင်းကောင်းသိနေခဲ့တယ်။ ဒါ့အပြင် သူက တည်ငြိမ်တဲ့သူတစ်ယောက်ပါ။ ထိုက်ဟွပင်းအနေနဲ့ကတော့ အလွယ်လေးဖျက်ဆီးနိုင်ပါတယ်။ သူ့အနေနဲ့ ၀မ်သုန့်လိုမျိုး ထိန်းချုပ်လို့လဲမရနိုင်ပါဘူး။ ဒါကြောင့် ဖြည်းဖြည်းချင်း ညွှန်ကြားပြသမှသာရမှာပါ။ သူကို အမှတ်အမြင့်ကြီးပေးလိုက်တာက ကိုယ့်ကိုကိုယ်ရဲ့ယုံကြည်မှုကို တည်ဆောက်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ ရန်ရှောင်ကျဲ့အနေနဲ့ သူ့ရဲ့ပုန်ကန်လိုစိတ်ကို ထိန်းချုပ်နိုင်မယ်လို့လဲ အပြည့်အ၀ယုံကြည်ချက်ရှိနေခဲ့တယ်။ နောက်ဆုံးတော့လဲ ဒီထက်ပိုပြီးတော့တောင် ပုန်ကန်လိုစိတ်များတဲ့ကျောင်းသားတွေအများကြီးကို သူသင်ကြားခဲ့တာပါ။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်အနေနဲ့ကလဲ မိစ္ဆာတွေကို လေ့ကျင့်ပေးတဲ့အတွက် သူတို့ရဲ့အစွမ်းအစကို ယုံကြည်ချက်အပြည့်ရှိပြီ ဂုဏ်ယူ၀ံ့ကြွားနေခဲ့ရတယ်။ လူတွေရဲ့မကောင်းတဲ့အကျင့်စရိုက်ကိုစိုးရိမ်ဖို့မလိုပါဘူး။ သူတို့အနေနဲ့ အဲ့ဒီအကျင့်စရိုက်နဲ့ လိုက်ဖက်အောင်အစွမ်းအစမရှိမှသာ စိုးရိမ်စရာရှိမှာပါ။

မုကျင်းကတော့ သွေးတွေစိုရွှဲနေတဲ့ ထိုက်ဟွပင်းကိုမြင်ချိန်မှာ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။

” ထိုက်ဟွပင်း မင်းအရင်ပြန်ပြီး ကိုယ့်ကိုကိုယ် သန့်ရှင်းရေးလုပ်လိုက် မင်းအောင်မြင်သွားပြီ ”

ထိုက်ဟွပင်းက ခေါင်းခါလိုက်ပါတယ်။ အဲ့ဒီနောက် အတန်းနံပါတ်တစ်ကိုကြည့်ရင်း ညာလက်ကိုမြောက်ပြီ ဟို့ယွိဟောင်ကို လက်ညိုးထိုးပြလိုက်တယ်။

ဟို့ယွိဟောင်ကလဲ သူ့ကိုကြည့်နေခဲ့တာပါ။ ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်ရဲ့အကြည့်တွေ အရမ်းတည်ငြိမ်နေတာကို ထိုက်ဟွပင်းလဲ သတိထားမိသွားပါတယ်။ အေးဆေးလွန်လို့ ရေခဲတုံးကြီးတွေလိုပါပဲ။ သူအနေနဲ့ ဒီလိုရူးသွပ်နေတဲ့ပုံစံကိုကော သွေးအလိမ့်လိမ့်ဖြစ်နေတာကိုပါ စိတ်ထဲထားတဲ့ပုံမပေါ်ပါဘူး။ တခြားတစ်ဖက်မှာတော့ သူတို့ရဲ့အကြည့်တွေဆုံချိန်မှာတောင် အေးအေးဆေးဆေး ဖြစ်နေခဲ့ပါသေးတယ်။

ဟို့ယွိဟောင်အနေနဲ့ ထိုက်ဟွပင်းသူ့ကိုပြောချင်တာ ဘာမှန်သိပါတယ်။ အခုတော့ မင်းအလှည့်ရောက်ပြီ။

” တကယ်ငါအလှည့်ပဲ ”

ဟို့ယွိဟောင်အနေနဲ့ လက်သီးကိုဆုပ်လိုက်ပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်ကို ခေါင်းညိတ်ပြရင်း နယ်မြေထဲကို ၀င်ရောက်သွားခဲ့ပါပြီ။ နယ်မြေရှင်းလင်းပြီတဲ့နောက် ဒိုင်တွေက ဟို့ယွိဟောင်ကို စင်မြင့်ဆီတက်ခိုင်းပါတော့တယ်။

” အတန်းနံပါတ်တစ် ဟို့ယွိဟောင် ”

ဟို့ယွိဟောင်က နာမည်ကို အေးအေးဆေးဆေးပြောလိုက်ပြီတဲ့နောက် တန်းတန်းမတ်မတ်အပေါ်ကို တက်သွားပါတော့တယ်။ သူက လွန်ခဲ့တဲ့တစ်လအချိန်တုန်းကထက် ပိုပြီး သန်မာကြံ့ခိုင်လာရုံတင်မက အရပ်လဲအတော်ရှည်နေခဲ့ပါပြီ။ ရုတ်တရက်ဆိုသလို ဒိုင်အနေနဲ့ ထိုက်ဟွပင်းနဲ့တူနေတဲ့ တစ်စုံတစ်ရာကိုသွားပြီ သတိထားမိလိုက်ပါတော့တယ်။ ဒီနှစ်ယောက်က ရုပ်ဆင်နေကြတာလား ဒါမှမဟုတ် ရုပ်ကနည်းနည်းဆင်နေကြတာလား။ သူ့အနေနဲ့ ဒီနှစ်ယောက်ရဲ့ယုံကြည်ချက်အပြည့်ပုံစံကို ဆွဲယူပြီသတိထားမိနေလားဆိုတာကို သိပ်ပြီမသိခဲ့ပါဘူး။ ဒါပေမယ့် ဒီနှစ်ယောက်ရဲ့ ငါနိုင်မယ်ဆိုတဲ့ယုံကြည်ချက်ကတော့ အပြည့်အ၀ရှိနေခဲ့တာအမှန်ပါ။

” နှစ်တစ်ရာသားရဲကောင်ကိုပဲ ရွေးချယ်မှာလား ”

ဒိုင်အနေနဲ့ကတော့ သူ့အကြောင်းစိတ်ထဲမှာ ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပါ။ ဒီကျောင်းတော်သားက လွန်ခဲ့တဲ့နှစ်ရက်မှာ သားရဲကောင်ဘုရင်ကိုတောင်ထွက်လာစေတဲ့သူဖြစ်ပါတယ်။

ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” နှစ်တစ်ထောင်သားရဲကောင်ကို ကျွန်တော်ရွေးချယ်မယ် ”

” နှစ်တစ်ထောင်သားရဲကောင်လား ”

ဒိုင်ကမျက်လုံးပြူးသွားပါတယ်။

” ဟို့ယွိဟောင် မင်းသေချာစဥ်းစားဦး မင်းက ၀ိညာဥ်စက်ကွင်းနှစ်ကွင်းပဲရှိသေးတဲ့ ၀ိညာဥ်မဟာပညာရှင် နှစ်တစ်ထောင်သားရဲကောင်က မင်းအတွက်ဖိအားများလွန်နေလိမ့်မယ်…ဘာဖြစ်သွားလဲဆိုတာ မင်းသိသားပဲ အကယ်၍ ငါတို့မင်းကို ကူညီချင်တယ်ဆိုရင်တောင် အနီးကပ်တိုက်ပွဲမျိုးမှာ မင်းဆီရောက်ဖို့အချိန်လိုလိမ့်မယ် ”

သူသတိပေးပေမဲ့ ဟို့ယွိဟောင်က သူ့ရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုပါတယ်။

” ဆရာကျွန်တော်အနေနဲ့ ဒီတိုက်ပွဲရဲ့အမှတ်အမြင့်ဆုံးပြိုင်ဘက်ကို ရွေးချယ်ဖို့အတွက်ဆုံးဖြတ်ပြီးပြီ နှစ်တစ်ထောင်သားရဲကောင်ကိုကျွန်တော်ရွေးချယ်မယ် ”

သူ့ရဲ့အသံက ကျယ်လွန်လှတဲ့အတွက် တခြားကျောင်းတော်သားတွေအားလုံးလဲ ရှင်းရှင်းလင်းလင်းကြားနေခဲ့ရပါတယ်။

ထိုင်ဟွပင်းအနေနဲ့လဲ အထိတ်တလန့်ဖြစ်သွားခဲ့ရပါပြီ။ သူနှစ်တစ်ထောင်သားရဲကောင်ကို ရွေးချယ်တယ်လား ဘာကိုများ ယုံကြည်နေရတာလဲ သူ့ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ကိုလား ဒါမှမဟုတ်ရင် စိတ်၀ိညာဥ်ထိတ်လန့်မှုကို ယုံကြည်နေတာလား။ အဲ့ဒီစွမ်းရည်ကမဆိုးပေမဲ့ နှစ်တစ်ထောင်သားရဲကောင်နဲ့ယှဥ်မယ်ဆိုရင် ဘာများအသုံး၀င်နိုင်မှာလဲ ဒီအတိုင်းလှဲချပြီ တိုက်ခိုက်စေမှာလား။

ဒီကောင်တော့ သေချင်နေပြီ ၀မ်သုန့်နဲ့ ငါက သူတို့တွေကို အနိုင်ယူလိုက်တာနဲ့တင် ဒီကောင်ရော သူကိုယ်သူ ယုံကြည်ချက်ပြည့်သွားတာလား။

ထိုက်ဟွပင်းအနေနဲ့ တစ်ရာ့လေးဆယ့်ငါးမှတ်ရခဲ့ပါတယ်။ ၀မ်သုန့်က အမှတ်တစ်ရာပါ အနိုင်ရဖို့အတွက် ဟို့ယွိဟောင်က လေးဆယ့်ငါးမှတ်သာလိုပါတော့တယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျောင်းတော်အနေနဲ့လဲ သူ့ကို ဒုတိယ၀ိညာဥ်စက်ကွင်းကို အသုံးမပြုဖို့အတွက် တောင်းဆိုထားခဲ့တယ်။ ဒါကြောင့် သူ့အနေနဲ့ ဒီစာမေးပွဲကိုဖြတ်ကျော်ဖို့ အမှတ်သုံးဆယ်ရဖို့ပဲ လိုအပ်မှာပါ။

သုဝေ့လွမ်က ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့သူပါပဲ။ ဒါ့အပြင် စွမ်းဆောင်ရေးရှိမရှိကို သိချင်ခဲ့လို့ပါ။ အကယ်၍ သူသာ မလုပ်ခဲ့ဘူးဆိုရင် ဟို့ယွိဟောင်အနေနဲ့ တုပမှုကိုအသုံးပြုရင်း စာမေးပွဲကို အေးအေးဆေးဆေးအောင်သွားလောက်ပါပြီ။ အစောပိုင်းနေ့တွေကအတိုင်းပါပဲ။

” သူ့ကို ခွင့်ပြုပေးလိုက်ပါ ”

သုဝေ့လွမ်ရဲ့အသံက ထွက်ပေါ်လာပါတော့တယ်။

“ကောင်းပါပြီ ”

ဒိုင်ကပြန်ဖြေလိုက်တယ်။ နယ်မြေတစ်ခွင်လုံးက အခုအချိန်မှာ ရှင်းရှင်းလင်းလင်းပြန်ဖြစ်သွားခဲ့ပါပြီ။

” ဟို့ယွိဟောင်အဆင်သင့်ဖြစ်ပြီလား ”

ဒိုင်ကမေးလိုက်ပါတယ်။ ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်တယ်။ ဒိုင်နှစ်ယောက်က အချက်ပြလိုက်ပြီ သတိပေးပါတယ်။

” ကိုယ်ရဲ့လုံခြုံစိတ်ချမှုကို အရင်ဆုံးဂရုစိုက်ပါ အကယ်၍ မင်းပြိုင်ဘက်ကို အနိုင်မရနိုင်ဘူးလို့ထင်မယ်ဆိုရင် ကိုယ့်ကိုကိုယ် အကောင်းဆုံးကာကွယ်ပါ ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမယ့် မျက်နှာပေါ်မှာ ဘာအမူအရာမှရှိမနေခဲ့ပါဘူး။ လာတော့မဲ့တိုက်ပွဲအတွက် အပြည့်အ၀အာရုံစိုက်နေသလိုပါပဲ။ ကျေးဇူးတင်စကားဆိုဖို့တောင် တစ်ချက်လေးမှအားမထုတ်ချင်တဲ့အတိုင်း ရှိနေခဲ့တယ်။

သူက ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်ပါ။ ဒါ့အပြင် ဒုတိယ၀ိညာဥ်စွမ်းရည်ကို အသုံးပြုခွင့်မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကို အနိုင်ယူဖို့ကိစ္စက ထင်ထားတာထက်တောင် ပိုခက်ပါလိမ့်မယ်။ ဒါပေါ့ သူ့အနေနဲ့ ၀မ်သုန့်နဲ့ထိုက်ဟွပင်းတို့ထက် တိုက်ရိုက်တိုက်ပွဲမှာ အများကြီးပိုပြီး အားနည်းနေမှန်းသိပါတယ်။ ဒီလိုမျိုး နှစ်တစ်ထောင်သားရဲကောင်ကို စိန်ခေါ်၀ံ့တဲ့အကြောင်းအရင်းကတော့ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ ရေခဲဧကရီရဲ့၀ိညာဥ်စွမ်းရည်နှစ်ခုအပေါ်မှာ ယုံကြည်ချက်အပြည့်ရှိနေခဲ့လို့ပါပဲ။

ဖြူဖျော့ဖျော့ရွှေရောင်အလင်းတန်းက သူခြေထောက်အောက်မှာ ၀ိညာဥ်စက်ကွင်းနှစ်ခုတောက်ပလာမှုနဲ့အတူ ပေါ်လာခဲ့ပါပြီ။

၀မ်သုန့်နဲ့ ထိုက်ဟွပင်းတို့ရဲ့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းက ဘယ်သူကိုမှမအံ့ဩစေခဲ့ပါဘူး။ ဒါပေမယ့် အတန်းနံပါတ်နှစ်ရဲ့ကျောင်းသားတွေကတော့ သူရဲ့၀ိညာဥ်စက်ကွင်းတွေပေါ်လာချိန်မှာ တအံ့တဩဖြစ်သွားပါတော့တယ်။

နှစ်ခုစလုံးက အဖြူရောင်တွေ ဖြစ်နေခဲ့လို့ပါပဲ။ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းနှစ်ခုပါ ဒါပေမယ့် ဘယ်သူကများ အဲ့ဒီဆယ့်နှစ်၀ိညာဥ်စက်ကွင်းတွေကို သွားပြီအထင်သေး၀ံ့မှာလဲ။ လွန်ခဲ့တဲ့နှစ်ရက်မှာ နှစ်ခုစလုံးက အနီရောင်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ဘယ်သူကမှသူ့ရဲ့ ၀ိညာဥ်စက်ကွင်းတွေ ဘယ်လိုအရောင်အစစ်အမှန်လဲဆိုတာ မပြောပြနိုင်ခဲ့ပါဘူး။

ရန်ရှောင်ကျဲ့ကတော့ ဟို့ယွိဟောင်ကို သေချာအာရုံစိုက်နေခဲ့ရင်း သူ့ရဲ့မျက်လုံးတွေကလဲ အလင်းတွေ ဆက်တိုက်တောက်ပနေခဲ့ပါတယ်။ သူ့မှာသိုင်းပညာ၀ိညာဥ်အဖြစ် စိတ်၀ိညာဥ်မျက်လုံးမရှိပေမဲ့ အမြင်အာရုံကိုအများကြီးတိုးတက်စေလောက်တဲ့ စိတ်၀ိညာဥ်စွမ်းအားတွေရှိပါတယ်။ ဒါကြောင့် သူ့ရဲ့အမြင်အာရုံက ဟို့ယွိဟောင် စိတ်၀ိညာဥ်ထောက်လှမ်းမှုသုံးထားတာထက်ကို ပိုတိကျနေခဲ့တယ်။

” ထူးဆန်းလိုက်တဲ့စွမ်းရည်ပါလား သူဒါကိုအသုံးပြုတဲ့အချိန်မှာ ကျွန်တော်တောင် သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေ ဘယ်လောက်တောင် အားကောင်းလဲဆိုတာ ငါခံစားမိတယ်…ဒုတိယ၀ိညာဥ်စက်ကွင်းက တကယ်ပဲဆယ့်နှစ်၀ိညာဥ်စက်ကွင်းပဲလား ”

သုဝေ့လွမ်က မျက်မှောင်ကြုတ်နေခဲ့ပါတယ်။

ရန်ရှောင်ကျဲ့က ခေါင်းခါရင်း ပြန်ဖြေလိုက်တယ်။

” သေချာပေါက်လုံး၀ဆယ့်နှစ်၀ိညာဥ်စက်ကွင်းမဖြစ်နိုင်ဘူး..ငါတို့တွေ နှစ်တစ်ထောင်အထက်၀ိညာဥ်စက်ကွင်းတွေကို မြင်ဖူးပြီးသားပဲ ဘယ်လို၀ိညာဥ်စက်ကွင်းကများ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းကို တုပနိုင်မှာလဲ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပဲဖြစ်မယ်ဆိုရင်တောင်မှ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းပုံစံပြောင်းနိုင်ချေရှိမှာလား သူ့မှာတကယ်ပဲ အဲ့ဒီကြောက်စရာကောင်းတဲ့ နှစ်တစ်သိန်းနဲ့အထက် ၀ိညာဥ်သားရဲကောင်ရဲ့ စွမ်းရည်ရှိနေတာလား ငါကတော့ဆက်ပြီ ခန့်မှန်းရဦးမယ်…ကြည့်ရတာကတော့ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေက နှစ်တစ်ထောင်တွေနဲ့တူပါတယ်.,,၀မ်သုန့်လိုပဲ ”

သုဝေ့လွမ်က မျက်လုံးပြူးသွားခဲ့ပါတယ်။

” မဖြစ်နိုင်လောက်ပါဘူး..,သူ့ရဲ့ပထမ၀ိညာဥ်စက်ကွင်းက ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပါ ဘယ်လိုလုပ်ဒုတိယ၀ိညာဥ်စက်ကွင်းက နှစ်တစ်ထောင်ဖြစ်ရမှာလဲ ခန္ဓာကိုယ်က အဲ့ဒီလောက်ကို စုပ်ယူပြီတောင့်ခံနိုင်မှာလား ”

“‘သူ့မှာ အမွှာ၀ိညာဥ်ရှိတယ်ဆိုတာ မမေ့နဲ့ဦးလေ ဒါ့အပြင် ဒုတိယသိုင်းပညာ၀ိညာဥ်က အနှောင်းပိုင်းနိုးထမှုတစ်ခု ကြုံရတာလဲ ဖြစ်လိမ့်မယ်…ဒါမျိုးကြုံရတာကတော့ အရမ်းရှားတာပေါ့ သူ့ခန္ဓာကိုယ်ကလဲ ပြောင်းလဲမှုတွေအများကြီးကြုံနိုင်တယ်…ဒါပေမယ့် မင်းပြောပြခဲ့တယ်မလား သူက ကျောင်းတော်ကနေ သူ့ဘာသာသူ ထွက်ခွာသွားခဲ့တယ်လို့ ဒါ့အပြင် မိဘမဲ့တစ်ယောက်လေ သူအနေနဲ့ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကို တစ်ယောက်ထဲလက်ဗလာနဲ့ သွားသတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ ကျောင်းတော်အပြင်မှာသူ့ကို ကူညီနေတဲ့တစ်စုံတစ်ယောက်ရှိနေတာလား ”

ဟို့ယွိဟောင်ရဲ့ပြိုင်ဘက်ပေါ်လာပြီဖြစ်တာကြောင့် ဒီနေရာမှာတင် သူတို့စကားက ရပ်တန့်လို့သွားပါတော့တယ်။ ရုတ်တရက်ဆိုသလို ပတ်၀န်းကျင်ကတော့ ပူပြင်းလောင်မြိုက်လာခဲ့ပါတယ်။ မီးလျှံတွေအပြည့်နဲ့ ခြင်္သေ့တစ်ကောင်က လှောင်အိမ်အပြင်ဘက်ကို ပြေးထွက်လာပါတော့တယ်။ အဆင့်မြင့်ပြိုင်ဘက်တွေအဖြစ် သတ်မှတ်ထားတာ အံ့ဩစရာမရှိတော့ပါဘူး။ ၀မ်သုန့် ထိုက်ဟွပင်းနဲ့ ဟို့ယွိဟောင်တို့ရင်ဆိုင်ရတဲ့၀ိညာဥ်သားရဲကောင်တွေအားလုံးက ကြောက်စရာကောင်းလွန်လှတဲ့ သတ္တ၀ါတွေကြီးဖြစ်နေခဲ့တယ်။ ခြင်္သေ့ ကျားသစ်နဲ့ ၀က်၀ံတို့တွေပါ။

ဟို့ယွိဟောင်အနေနဲ့လဲ ဒီမီးလျှံခြင်္သေ့ကို မြင်ချိန်မှာ တစ်စုံတစ်ရာထူးဆန်းနေခဲ့မိပါတယ်။ ၀ူဖုန်းနဲ့ ပြိုင်ပွဲကိုတောင် ပြန်တွေးလိုက်မိတယ်။ အဲ့ဒီပြိုင်ပွဲကြောင့် သူ့အနေနဲ့ ၀ူဖုန်းကို အတန်းနံပါတ်နှစ်ဆီ ပို့လိုက်ပြီ အတန်းခေါင်းဆောင်ဖြစ်လာစေခဲ့တာပါ။

အပိုင်း ၅၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset