အပိုင်း ၅၁•၃
” လိပ်ပြာနတ်မိမယ်ဓားချက်နဲ့ ရူးသွပ်နေတဲ့ကျားဖြူ ”
°°°
၀မ်သုန့်က အတော်ကို မကျေမနပ်ဖြစ်နေခဲ့ပေမဲ့ သူလုပ်နိုင်တဲ့အရာဘာမှမရှိခဲ့ပါဘူး။ ရွေးချယ်စရာမရှိတော့ပဲ ခေါင်းငုံ့ရင်းစင်ပေါ်ကဆင်းလာခဲ့ရပါပြီ။ ဘယ်လောက်ပဲ စိတ်ပျက်နေခဲ့ပေမဲ့ စာမေးပွဲမှာ အမှတ်တစ်ရာရတာကတော့ အရမ်းမြင့်မားတဲ့ အမှတ်တစ်ခုပါပဲ။ ကျောင်းတော်သားများများက ဒီလိုအမှတ်မျိုးရဖို့မလွယ်ပါဘူး။ အရင်နှစ်တွေတောင်မှ ဒီလိုအမှတ်မျိုးက ရှားပါးခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကို အနိုင်ရခဲ့တာပါ။ ရန်ရှောင်ကျဲ့နဲ့ သုဝေ့လွမ်တို့က အပေါ်ယံမျက်နှာပြင်မှာတော့ ကြမ်းတမ်းတဲ့ပုံပေါ်ပေမဲ့ သူတို့တွေစိတ်ထဲမှာတော့ အတော်လေးကို ကျေနပ်နေခဲ့ကြပါတယ်။ ၀မ်သုန့်ရဲ့အမှတ်တွေကို နှုတ်ချပြစ်လိုက်တာ ၀မ်သုန့်ကို မာနမကြီးစေချင်လို့ပါ။
၀မ်သုန့်က ဟို့ယွိဟောင်ဘေးကို ပြန်လာရင်းနဲ့ ပြောပါတော့တယ်။
” တကယ်မတရားလွန်တာပဲ ငါအမှတ်တွေ ဒီလောက်အများကြီးနှုတ်ပြစ်တာကို ယုံတောင်မယုံနိုင်ဘူး ”
ဟို့ယွိဟောင်က ခပ်တိုးတိုးပြောလာခဲ့ပါတယ်။
” မေ့ထားလိုက်ပါ မင်းရဲ့အမှတ်က ငါတို့တွေနိုင်ဖို့ကို လုံလောက်တာထက် ပိုနေပြီး ကျန်တဲ့ကိစ္စတွေ ငါလက်ထဲသာအပ်လိုက် ဘာမှစိုးရိမ်မနေနဲ့ ဒါ့အပြင် မတရားတာတော့ မဟုတ်ဘူးလေ မင်းသိတဲ့အတိုင်း ငါ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုသာ မင်းကိုအထောက်အပံ့မပေးနေလို့ကတော့ နိုင်နိုင်ချေဘယ်လောက်ရှိမလဲလို့ ထင်လဲ ”
၀မ်သုန့်က လျှာထုတ်ပြရင်းနဲ့ ပြောလာခဲ့ပါတယ်။
” သေချာပေါက် သုံးဆယ့်ရာခိုင်နှုန်းတောင် မပြည့်ဘူးပေါ့ အဲ့ဒီအကောင်ကြီးကြီးက ရင်ဆိုင်ဖို့မခက်ပေမဲ့ အရမ်းကောက်ကျစ်လွန်တယ်..ဒီတစ်ခေါက်ပြိုင်ပွဲကို မင်းအောင်မြင်ဖို့အတွက် အမှတ်သုံးဆယ့်ပဲရဖို့လိုတာ နောက်တစ်နည်းပြောရမယ်ဆိုရင် ထိုက်ဟွပင်းက ငါတို့ကိုမီဖို့အတွက် အမှတ်တစ်ရာသုံးဆယ့်ရမှဖြစ်မယ် ..ဒီကောင် ငါထက်ပိုသာမယ်လို့ လုံး၀မယုံနိုင်ဘူး ”
ထိုက်ဟွပင်းအနေနဲ့ ဟို့ယွိဟောင်လိုမျိုး ဆက်တိုက်ကူညီပေးမဲ့သူမရှိတာအမှန်ပါ။ ၀မ်သုန့်လဲ ဒါကိုသိထားပါတယ်။ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာ သူကိုယ်တိုင်းက ထိုက်ဟွပင်းရဲ့ပြိုင်ဘက်မဟုတ်နိုင်ပါဘူး။ နောက်ရှု့ထောင့်တစ်ခုကနေကြည့်မယ်ဆိုရင် သူ့ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့ သိုင်းပညာ၀ိညာဥ်က တိုက်ခိုက်ရေးနဲ့ အမြန်နှုန်းကို အသုံးပြုတဲ့အမျိုးအစားပါ။ ထိုက်ဟွပင်းရဲ့ကျားဖြူသိုင်းပညာ၀ိညာဥ်ကတော့ လုံး၀ကို သန့်စင်ဆုံးနဲ့ အသန်မာဆုံးတိုက်ခိုက်မှု၀ိညာဥ်ဖြစ်နေခဲ့ပါတယ်။ တိုက်ရိုက်ပွဲမှာ ဟို့ယွိဟောင်လိုစိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုသာ သူ့ကိုကူညီမှုမရှိခဲ့ဘူးရင်း သူ့အနေနဲ့အခွင့်အရေးတောင်ရမှာမဟုတ်ပါဘူး။
လူသစ်တွေရဲ့ ပြိုင်ပွဲမှာ ဒီတစ်နှစ်တိုက်ပွဲစွမ်းရည် အမြင့်ဆုံးကတော့ သေချာပေါက် ကျားဖြူမြို့စားမင်းရဲ့သားထိုက်ဟွပင်းပါပဲ သူက ပါရမီအရှိဆုံးသူဖြစ်နေခဲ့တယ်။
” ဒုတိယနှစ်အတန်းနံပါတ်နှစ် ထိုက်ဟွပင်း ”
ထိုက်ဟွပင်းရဲ့အသံက ရုတ်တရက်ထွက်ပေါ်လာခဲ့ပါပြီ။ မကြာခင်မှာ သူ့ရဲ့စမ်းသပ်ချက်က စတင်ပါတော့မယ်။ ခန္ဓာကိုယ်ကတော့ အရမ်းကိုခိုင်မာပြီအားကောင်းတဲ့အရှိန်အ၀ါတွေကို ထုတ်လွှတ်လို့နေတယ်။ ဒါ့အပြင် ပေါက်ကွဲတော့မဲ့မီးတောက်ရှင်ကြီးတစ်ခုလိုပါပဲ။
ရန်ရှောင်ကျဲ့ကတော့ ဒါကိုမြင်မြင်ချင် မျက်လုံးတွေတောက်ပလာပါတော့တယ်။
” ဒါက ဒုတိယနှစ်ရဲ့ အသန်မာဆုံးကျောင်းသားလား ”
သုဝေ့လွမ်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်ပါတယ်။
” ကျားဖြူမြို့စားမင်းရဲ့ ဆက်ခံသူက တကယ်ထူးချွန်တာပဲ ဒါ့အပြင် သူ့ရဲ့သဘာ၀ပါရမီကလဲ သူ့အစ်ကိုကြီးထက်တောင် ပိုပြီး မြင့်မားသေးတယ်…ဒါ့အပြင် သူ့ရဲ့ကျင့်ကြံဆင့်ကလဲ အသက်အရွယ်တွေထဲမှာ အထူးချွန်ဆုံးကိုရောက်နေပြီ ကျွန်တော်ကြားသလောက်အရဆိုရင် သူက လေ့ကျင့်တဲ့အချိန်မှာ တခြားသက်တူရွယ်တူတွေထက် အများကြီးပိုပြီး ကြိုးစားအားထုတ်တယ်တဲ့…လက်ရှိကျင့်ကြံနှုန်းနဲ့ဆိုရင် လာမဲ့တစ်နှစ်ကနေ တစ်နှစ်ခွဲအချိန်မှာ ဘိုးဘေးအဆင့်ကို ဖြတ်ကျော်တိုးတက်လိမ့်မယ်..ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် သူကတော့ ကျောင်းတော်ရဲ့သမိုင်းထဲမှာ နံပါတ်တစ်ဖြစ်လာတော့မှာပဲ ”
” ၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်လာဖို့က အဲ့ဒီလောက်မလွယ်ကူဘူး ”
ရန်ရှောင်ကျဲ့ကပြုံးပြရင်း ပြောနေခဲ့ပါတယ်။
” ဒီကလေးက တကယ်ထူးချွန်တာပဲ တစ်ချက်လောက်ကြည့်လိုက်ရအောင် “‘
ထိုက်ဟွပင်းကတော့ ဒိုင်ကြော်ငြာတာကို မစောင့်တော့ပါဘူး။
” နှစ်တစ်ထောင်သားရဲကောင်ကို ကျွန်တော်ရွေးချယ်တယ် ”
၀မ်သုန့်ရဲ့ လုပ်ဆောင်ချက်မလို့ ဒီတစ်ခေါက်သူရွေးချယ်လိုက်တာကို ဒိုင်လဲမအံ့ဩတော့ပါဘူး။ ထိုက်ဟွပင်းကို အဆင်သင့်ဖြစ်မဖြစ် မေးပြီတဲ့နောက် ချက်ချင်းဆိုသလို ပြိုင်ဘက်ကိုပို့လွှတ်လိုက်ပါတော့တယ်။ တိုက်ဆိုင်စွာနဲ့ပဲ ထိုက်ဟွပင်းရဲ့ပြိုင်ဘက်ကလဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်နဲ့အတော်ကို တူညီနေခဲ့တယ်။ ခပ်တိုးတိုးအော်သံတစ်ခုနဲ့အတူ တစ်မီတာကျော်ရှည်လျားတဲ့ ကျားလို၀ိညာဥ်သားရဲကောင်တစ်ကောင်က လှောင်ချိုက်ကနေထွက်လာပါပြီ သံမဏိလှောင်ချိုက်ထဲကနေ အပြင်ကိုခုန်ထွက်ရင်းနဲ့ ထိုက်ဟွပင်းဆီ ရောက်မလာခင်သေသေချာချာအာရုံစိုက်နေခဲ့ပါတယ်။ သူတစ်ကိုယ်လုံးက ဖြူဖျော့ဖျော့အလင်းတန်းတွေ တောက်ပလို့နေခဲ့ပြီ မျက်လုံးက အစိမ်းရောင်ဖြစ်ကာ ကျောပေါ်မှာတော့ အစိမ်းရင့်ရောင်အစင်းကျားတွေက ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင် မြင်ခဲ့ဖူးတဲ့မီးလျှံနတ်ဆိုးကျားထက် အနည်းငယ်ပိုပြီး သေးငယ်ခဲ့တယ်။ ဒါပေမယ့် အမြန်နှုန်းကတော့ ပိုသာပါတယ်။ သူ့ရဲ့မျက်လုံးနှစ်လုံးက အစိမ်းရင့်ရောင်အလင်းတန်းတွေကို ဆက်တိုက်ဆိုသလို ဖြာထွက်နေရင်းထိုက်ဟွပင်းကို ကြည့်နေခဲ့တယ်။ ဒါကတော့ လေကိုအသုံးပြုတဲ့ကျားတစ်ကောင်ပါ။ လေအမျိုးအစား သတ္တ၀ါတွေထဲမှာ အမြန်ဆန်းဆုံးပါပဲ။ ဒီကျားက ထိုက်ဟွပင်းရဲ့ အန္တရာယ်များတဲ့အငွေ့အသက်ကို ချက်ချင်းသဘောပေါက်သွားတဲ့အတွက် အရှေ့ကို တိုးမလာခဲ့ပါဘူး။ အဲ့ဒီအစား ဘေးတိုက်သာသွားနေခဲ့ပါတယ်။ အရှိန်နှုန်းကို အသုံးချပြီ ရန်သူရဲ့စွမ်းအားကို အတည်ပြုဖို့သူလုပ်ချင်နေခဲ့တာပါ။ သူ့ရဲ့ခြေလက်လေးဖက်က မြေပြင်ပေါ်မှာ ခပ်ဖွဖွလေးသွားနေခဲ့ပါတယ်။ လုံး၀ အသံတစ်သံတောင်မထွက်ပဲနဲ့ ၀ါကွမ်းပေါ်မှာနင်းနေတဲ့အတိုင်းသူက နူးနူးညံ့ညံ့လေး လှုပ်ရှားနေခဲ့တယ်။
ထိုက်ဟွပင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အန္တရာယ်အငွေ့အသက်တွေက ရုတ်တရက်လျော့ကျသွားခဲ့ပါပြီ။ ဒါကကျားကို ပြေး၀င်လာစေခဲ့ပါတယ်။ ဒါပေမယ့် ထိုက်ဟွပင်းက သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုတောင် မထုတ်လွှတ်ခဲ့ပါဘူး။ ဒီအပြုအမူက ဒိုင်တွေအားလုံးကို အံ့အားသင့်သွားစေခဲ့တယ်။ ဒီကျောင်းသားဘာလုပ်ဖို့ကြံနေတာလဲ။
ချက်ချင်းဆိုသလို နှစ်တစ်ထောင်ကျားသားရဲကောင်က ထိုက်ဟွပင်းကို အန္တရာယ်မများတဲ့သူအဖြစ် သတ်မှတ်ပြီ ခုန်အုပ်လိုက်ပါတော့တယ်။ အစိမ်းရောင်အလင်းတန်းတွေ သူ့မျက်လုံးထဲမှာဆက်တိုက်ထွက်ပေါ်နေခဲ့ပြီ ခြေလက်လေးဖက်စလုံးကလဲ မြေပြင်မှာရုတ်တရက် အပြားလိုက်အတိုင်းဖြစ်သွားပါတော့တယ်။ သူ့ခန္ဓာကိုယ်က ထိုက်ဟွပင်းဆီကို မြားတစ်စင်းလိုမျိုး ပြေး၀င်သွားခဲ့ပါပြီ။ အစိမ်းရောင်အလင်းတန်းလျှပ်စီးတစ်ခုလိုမျိုး ခုန်အုပ်လိုက်တဲ့ပုံစံနဲ့ အရှိန်နှုန်းက လေနဲ့အတူလွှင့်မျောနေသလိုပါပဲ။ ဒီတိုက်ခိုက်ရေးစွမ်းအားကလဲ အတော်ကို သန်မာနေခဲ့ပါတယ်။ ၀ံပုလွေတွေနဲ့ ကျားတွေက လုံး၀မတူညီတဲ့ အဆင့်အတန်းဖြစ်ပေမဲ့ နှစ်တစ်ရာသားရဲကောင်တွေမပြောနဲ့ နှစ်တစ်ထောင်သားရဲကောင်တွေတောင်မှ အချင်းချင်းယှဥ်ပြိုင်တိုက်ခိုက်ချိန်မှာ မသဲကွဲကြပါဘူး။
နှစ်ဖက်စလုံးကြားမှာရှိနေတဲ့ အကွာအဝေးကတော့ ရုတ်တရက်လျော့ကြသွားခဲ့ပါပြီ။ လေကိုအသုံးပြုတဲ့ကျားက ရှေ့ခြေနှစ်ဖက်ကို လေထဲမှာ ဆန့်လိုက်ရင်းနဲ့ လက်သည်းချွန်ချွန်တွေကို ထွက်လာစေခဲ့ပါတယ်။ အဲ့ဒီနောက် ဆယ့်ပေလောက်ရှည်လျားတဲ့ လေဓားသွားတွေက ထိုက်ဟွပင်းဆီကို ပစ်လွှတ်တော့တယ်။ ဒါ့အပြင် ဓားသွားတွေရဲ့အနောက်မှာတော့ သူကိုယ်တိုင်ကလဲ ကပ်လိုက်လာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကိုယ်တိုင်က အင်အားအကောင်းဆုံးလက်နက်တစ်ခုပါပဲ။ ချွန်ထက်တဲ့လက်သည်းတွေက အစိမ်းရောင်အလင်းတန်းတွေ တောက်ပလာရင်း ထိုက်ဟွပင်းရဲ့အနားကို ရောက်လာပါတော့တယ်။ အဲ့ဒီနောက် လေတွေကိုတောင်သူက ဖြတ်ချပြစ်လိုက်ပါပြီ။ လက်သည်းတွေကိုအသုံးပြုရင်း ထိုးဖောက်နိုင်တဲ့အစွမ်းအစကိုလဲ ပိုပြီး တိုးပွားလာစေခဲ့ပါတယ်။
နှစ်တစ်ထောင်သားရဲကောင်နဲ့ ရင်ဆိုင်နေရတာတောင် ထိုက်ဟွပင်းက အေးအေးဆေးဆေးဖြစ်နေဆဲပါပဲ။ အဲ့ဒီနောက် ကျားတစ်ကောင်ရဲ့အော်သံက သူလည်ပင်းထဲကနေ ထွက်ပေါ်လာတော့တယ်။ နောက်ဆုံးမှာတော့ ကျားဖြူသိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ပါပြီ။ ထုတ်လွှတ်ပြီတာနဲ့ လေကျားကိုအကြောက်အလန့်ကင်းကင်းနဲ့ တိုက်ခိုက်ပါတော့တယ်။ သူ့ရဲ့ တိုက်ခိုက်တဲ့ပုံစံက ၀မ်သုန့်နဲ့လုံး၀မတူညီပါဘူး။ သူမှီခိုနေတာက အရည်အချင်းမဟုတ်ပဲ လုံး၀အပြည့်အ၀သာလွန်တဲ့ အင်အားပါ။ ပထမနဲ့ တတိယ၀ိညာဥ်စက်ကွင်းတွေကလဲ တောက်ပလို့နေခဲ့ပါတယ်။ ထိုက်ဟွပင်းရဲ့ခန္ဓာကိုယ်က ကျားဖြူတစ်ကောင်ရဲ့ အငွေ့အသက်တွေကို အပြည့်အ၀ထုတ်လွှတ်နေခဲ့ပါပြီ။ ဒါက နှစ်တစ်ထောင်ကျားကို ကြောက်လန့်သွားစေခဲ့ပါတယ်။ ကျားဖြူက ကျားအမျိုးအစား၀ိညာဥ်သားရဲကောင်တွေထဲမှာ ထိပ်ဆုံးရောက်နေတဲ့သူပါ။ ဒါကြောင့် သားရဲကောင်ဘုရင်အဖြစ်လဲ သတ်မှတ်လို့ရနိုင်ပါတယ်။ ဒီလေကျားကတော့ လေထဲမှာ ရပ်နေခဲ့ပေမဲ့ လက်ရှိအခြေအနေမှာ ခုန်ရှောင်ဖို့အတွက်တော့ မမြန်ဆန်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ တစ်ဖက်လူရဲ့ အရှိန်နှုန်းကို စောင့်ဆိုင်းမနေတော့ပဲ သူ့ရဲ့မြန်ဆန်မှုကို အသုံးချရင်းတိုက်ခိုက်ဖို့လုပ်ပါတော့တယ်။
ထိုက်ဟွပင်းရဲ့ နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်က သူ့ခန္ဓာကိုယ်ကို ရုတ်တရက်ကျယ်ပြန့်လာစေခဲ့ပါပြီ။ ချက်ချင်းဆိုသလို ခန္ဓာကိုယ်က ကြီးမားပြီ အထွဠ်အထိပ်အခြေအနေကိုရောက်သွားပါတော့တယ်။ ပုံမှန်အခြေအနေမျိုးမှာ တတိယ၀ိညာဥ်စွမ်းရည်ကို အသုံးပြုဖို့အတွက် အချိန်အတိုင်အတာတစ်ခုအထိ လိုအပ်ပါတယ်။ အဲ့ဒီလို အချိန်ယူပြီမှသာ ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်မှာပါ။ အခုအချိန်မှာတော့ ကြာချိန်ကို အနှိမ့်ဆုံးအထိ သူ့က လျှော့ချပြစ်လိုက်ပါပြီ။ ဘယ်လောက်အထိ ခန္ဓာကိုယ်ကျင့်သားရနေလဲဆိုတာ တွေးကြည့်လို့ရနေခဲ့ပါတယ်။ အပြင်ပိုင်အမူအရာကိုကြည့်မယ်ဆိုရင်တော့ ဘာလွဲနေတာကိုမှ သတိထားမိမဟုတ်ပါဘူး။ ထိုက်ဟွပင်းရဲ့ကျားဖြူဒိုင်ကာက အဖြူရောင်အလင်းတန်းတွေနဲ့အတူ ပုံစံပြောင်းမှုကို ပြုလုပ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့လက်သည်းတွေကလဲ ရွှေရောင်ပြောင်းသွားခဲ့ပါပြီ။ ကြည့်နေသူတွေအနေနဲ့ ထိုက်ဟွပင်းက ပထမဆုံးခုခံဖို့ကြိုးစားနေတယ်လို့ထင်သွားခဲ့မှာပါ။ သူက ဘာမှလုပ်ဖို့စီစဥ်ထားပုံမပေါ်ခဲ့ပါဘူး။ ဒါပေမယ့် သူစီစဥ်ထားတဲ့အရာကတော့ သာမန်လူတွေဘယ်တော့မှ မလုပ်မဲ့အရာမျိုး ဖြစ်နေခဲ့တယ်။
ထိုက်ဟွပင်းအနေနဲ့ လေဓားသွားတွေ နီးကပ်လာတာကို လုံး၀အာရုံစိုက်မနေခဲ့ပါဘူး။ ကျားလက်သည်းနှစ်ဖက်ရဲ့ ဖျက်ဆီးနိုင်စွမ်းကိုလဲ လျစ်လျူရှုလို့ထားခဲ့ပါတယ်။ အဲ့ဒီအစား ကျားရဲ့ခေါင်းကိုလက်သည်းနှစ်ဖက်စလုံးနဲ့ ချိန်ရွယ်လို့ထားလိုက်တယ်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဒါကိုမြင်မယ်ဆိုရင် ကိုယ့်ကိုကိုယ် သေတွင်းထဲပို့နေပြီလို့သာ ထင်ခဲ့မိမှာပါ။
အတွေ့အကြုံကြွယ်၀တဲ့ရန်ရှောင်ကျဲ့နဲ့ သုဝေ့လွမ်တို့တောင်မှ ဒီအပြုအမူကြောင့် အံ့အားသင့်သွားခဲ့ရပါတယ်။ ဒါက အသက်ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ တိုက်ခိုက်တဲ့ပုံစံလား သူ့က၀ိညာဥ်သားရဲကောင်တွေထက်တောင် ပိုကြောက်စရာကောင်းနေပါသေးတယ်။ ဒီတစ်ကြိမ်မှာတော့ လေကျားက ကျားဖြူရဲ့အရှိန်အ၀ါအပြည့် ဖုံးလွှမ်းတာကို ခံလိုက်ရတဲ့အတွက် တကယ်ကို ကြောက်လန့်နေခဲ့တယ်။
လေဓားသွားတွေက ထိုက်ဟွပင်းရဲ့ခန္ဓာကိုယ်ကို တစ်ခုပြီတစ်ခု တိုက်မိပါတော့တယ်။ ကျားဖြူဒိုင်ကာကြီးရှိတာတောင်မှ ဒီတိုက်ခိုက်မှု ဆယ့်ခုစလုံးကိုဖယ်ရှားနိုင်ဖို့ မလွယ်ကူခဲ့ပါဘူး။ ထိုက်ဟွပင်းရဲ့ ပုခုံးနဲ့ ရင်ဘတ်တွေမှာ သွေးတွေက ပေါ်ထွက်လာပါတော့တယ်။ ဒါပေမယ့် သူတစ်ချက်လေးတောင် တွန့်မသွားခဲ့ပါဘူး။ နာကျင်မှုကို မခံစားရတဲ့အတိုင်း တောင့်ခံနေခဲ့ပါတယ်။ သူ့ရဲ့ဒိုင်ကာက အားနည်းသွားပြီတဲ့နောက် ဓားသွားတွေက သူ့ခန္ဓာကိုယ်ပေါ်မှာ သိသာထင်ရှားတဲ့ဒဏ်ရာတွေ ဖြစ်လာစေပါတယ်။ ထိုက်ဟွပင်းနဲ့ လေကျားတို့ရဲ့ လက်သည်းတွေက တစ်ဖက်နဲ့တစ်ဖက် နီးကပ်လာချိန်မှာ လက်မောင်းကိုတစ်ဖက်ကျားက အားပြုပြီတိုက်ခိုက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့လက်သည်းတွေက ထိုက်ဟွပင်းရဲ့လက်သီးနဲ့ ထိမိတော့မှာပါ။ ဒီတိုက်ပွဲက လုံး၀အင်အားကြီးသက်သက်သုံးတာပါပဲ ဘယ်သူအနိုင်ရမှာလဲ ကျားနှစ်ကောင်တိုက်ခိုက်မိတဲ့အချိန်မှာ အကြမ်းတမ်းဆုံးအကောင်က အနိုင်ရရှိမှာပါ။ လေကျားကတော့ ကြောက်လန့်နေခဲ့ပါပြီ။ ဒါ့အပြင် ထိုက်ဟွပင်းနဲ့ တိုက်မိတော့မဲ့ပုံစံကို မြင်ချိန်မှာတော့ သူ့ရဲ့လက်မောင်းကို ဆွဲဆုတ်ပြစ်ဖို့လုပ်ပါတော့တယ်။ တစ်ဖက်ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို သူတားဆီးချင်တယ်။
ဒါပေမယ့် ထိုက်ဟွပင်းကတော့ အရူးတစ်ယောက်လိုတိုက်ခိုက်နေခဲ့တာပါ။ သူဘယ်လိုများ ကြောက်လန့်နိုင်မှာလဲ ရုတ်တရက်ဆိုသလို နားစည်ကန်းမတတ်အော်ဟစ်ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီဟိန်းဟောက်သံက ဘုရင်တစ်ပါးရဲ့ဂုဏ်ကျက်သရေနဲ့ပြည့်၀လို့နေခဲ့ပါပြီ။ ဒီအချိန်မှာ လေကျားရဲ့မျက်လုံးကို ကြည့်မယ်ဆိုရင် သူ့ရဲ့ မျက်လုံးသူငယ်အိမ်တွေ ပြူးကျယ်သွားတာကို မြင်ရမှာပါ။ ဒီလိုစိတ်ပိုင်ဆိုင်ရာတိုက်ခိုက်ခံမှုအောက်မှာ လက်သည်းတွေရဲ့အရှိန်နှုန်းကလဲ လျော့ကျလို့သွားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုက်ဟွပင်းက သူခြေထောက်ရဲ့အင်အားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို မြားတစ်စင်းလိုအပေါ် ပြေးတက်သွားစေခဲ့ပါတယ်။ ဒီလိုနည်းနဲ့ လေကျားရဲ့လက်သည်းတွေကို ပုခုံးပေါ်မှာထိခွင့်ပြုထားလိုက်တယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့လက်သည်းတွေက ပိုပြီးအရှိန်ပြင်းလာခဲ့ပါပြီ။
လေကျားရဲ့လက်သည်းတွေက ထိုက်ဟွပင်းရဲ့ပုခုံးကို ပြင်းပြင်းထန်ထန် ရိုက်မိပါတော့တယ်။ ထိုက်ဟွပင်းရဲ့ရွှေရောင်လက်သည်းတွေကတော့ လေကျားရဲ့ခေါင်းကို ဘေးနှစ်ဖက်စလုံးကနေ ထိုးကြိတ်ပြစ်လိုက်တယ်။
ကြောက်စရာကောင်းလွန်လှတဲ့တိုက်ပွဲက အဆုံးအထိကို ရောက်ရှိသွားခဲ့ပါပြီ။ လေကျားရဲ့သနားစရာအော်သံက ထွက်ပေါ်လာပါတော့တယ်။ သူထိခိုက်ခံရတော့မဲ့အချိန်မှာပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်ပြီ ထိုက်ဟွပင်းရဲ့လက်သီးကို နောက်ဆုံးအကြိမ်အနေနဲ့ ကိုက်ချပြစ်လိုက်ဖို့လုပ်တယ်။
ဒါပေမယ့် အနိုင်ရဖို့အပြည့်အ၀ဆုံးဖြတ်ပြီသားဖြစ်တဲ့ ထိုက်ဟွပင်းကို ဒါကတားဆီးနိုင်မှာလား။ သူကတော့ အရူးတစ်ယောက်လိုမျိုး လက်သည်းကိုပါးစပ်ထဲ ထိုးထည့်ပြီ ပါးစောင်ကြွက်သားတွေအားလုံးကို ဆွဲဖြဲပြစ်ပါတော့တယ်။ လေကျားရဲ့သွားတွေက သူ့လက်ကိုဆက်တိုက်ထိုးဖောက်နေခဲ့ပါပြီ။ ဒါတောင်မှ အဲ့ဒီသွားတွေကိုသူတောင့်ခံထားနိုင်တုန်းပါပဲ။ လုံး၀ ပါးစပ်မပိတ်နိုင်အောင်လုပ်ရင်း မေးရိုးကို ချိုးပြစ်လိုက်တယ်။
ဒုတိယ၀ိညာဥ်စက်ကွင်းတောက်ပလင်းလက်လာချိန်မှာ အဖြူရောင်အလင်းတန်းက ကျားရဲ့ပါးစပ်ထဲကို ရောက်ရှိရင်းပေါက်ကွဲသွားခဲ့ပါပြီ။ ဒါကတော့ ကျားဖြူရဲ့အလင်းလှိုင်းပါပဲ။
” ရပ်လိုက်စမ်း ”
သုဝေ့လွမ်ရဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါတယ်။ သူတို့နှစ်ယောက်က အချိန်ခဏတာသာ တိုက်ခိုက်ရပေမဲ့ အနိုင်အရှုံးက ရှင်းလင်းနေခဲ့ပါပြီ။ ဒါပေမယ့် ထိုက်ဟွပင်းကတော့ အရမ်းကို လူသတ်ချင်စိတ်တွေအပြည့်ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့စိတ်ထဲမှာက ကျားဖြူနဲ့တိုက်ခိုက်နေရတာမဟုတ်ပဲ ဟို့ယွိဟောင်နဲ့၀မ်သုန့်ကို တိုက်ခိုက်နေခဲ့ရတာပါ။ ဒါ့အပြင် လေကျားအနေနဲ့ တွေဝေနေတာကို အသုံးချရင်း သူ့ရဲ့၀မ်ဗိုက်ကို ထိုးချပြစ်လိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ လက်သည်းကို အသုံးပြုရင်း ကျားရဲ့အောက်ဖက်မေးရိုးကို ဆွဲဖြဲပြစ်လိုက်တယ်။ ဗိုက်လဲတစ်ချိန်ထဲမှာ ပွင့်သွားခဲ့သလို မေးရိုးကလဲ ဆွဲဖြဲခံလိုက်ရပါပြီ။ ထိုက်ဟွပင်းရဲ့အပေါ်မှာရှိနေခဲ့တဲ့ လေကျားကတော့ ချက်ချင်းဆိုသလို သွေးတွေအိုင်ထွန်းလာပါတော့တယ်။
အပိုင်း ၅၁•၃ ပြီး၏။