Switch Mode

Chapter – 51.2

လိပ်ပြာ နတ်မိမယ် ဓားချက်နှင့် ရူးသွပ်နေသော ကျားဖြူ

အပိုင်း ၅၁•၂

” လိပ်ပြာနတ်မိမယ်ဓားချက်နဲ့ ရူးသွပ်နေတဲ့ကျားဖြူ ”
°°°
၀က်၀ံကတော့ နာကျင်မှုနဲ့ ဒေါသတွေကြောင့် အော်ဟစ်ရင်းရှေ့ခြေတွေကို မြောက်လိုက်ပါတယ်။ သူ့ရဲ့ဖြူဖျော့ဖျော့မျက်လုံးတွေက စွမ်းအားအပြည့်နဲ့တောက်ပနေခဲ့ပြီ ရူးသွပ်တော့မဲ့အခြေအနေ ရှိနေခဲ့တယ်။ ဒါက သားရဲကောင်တစ်ကောင်ရဲ့ အတွင်းစွမ်းရည်ဖြစ်တဲ့ သွေးဆာမှုပါပဲ။

သွေးဆာနေတဲ့ နတ်ဆိုး၀က်၀ံလို့ခေါ်ရတာက သူ့ရဲ့ဒီမူလမွေးရာပါစွမ်းရည်ကြောင့်ပါ။ ဒါ့အပြင် မြေကမ္ဘာအမျိုးအစားနဲ့ သွေးသားအရစွမ်းရည်ကို ပိုင်ဆိုင်ထားတာကြောင့် အင်အားကလဲ ပိုတက်လာခဲ့ပါတယ်။

အနီရောင်တောက်ပနေတဲ့ ခန္ဓာကိုယ်အမွေးတွေက သူ့ရဲ့သွေးဆာမှုထွက်ပေါ်လာတာနဲ့ အသက်၀င်လာခဲ့ပါပြီ။ ဒါ့အပြင် သူတစ်ကိုယ်လုံးလဲ နီရဲနေတဲ့ အရောင်တွေနဲ့ ၀မ်သုန့်ကို ခုန်အုပ်ပါတော့တယ်။ အရှေ့ခြေထောက်ကနေလဲ အ၀ါရောင်အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့တယ်။

၀မ်သုန့်အနေနဲ့ အတောင်ပံတွေကို ထုတ်လိုက်ပြီအရှေ့ကို ခါရမ်းလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ခန္ဓာကိုယ်ကို အနောက်ဖက်ဆီတစ်စောင်းရွေ့လျားသွားခဲ့တယ်။ သူ့ရဲ့၀က်၀ံကြားအကွားအဝေးကို ပိုခွာနေသလိုပါပဲ။ ဒါပေမယ့် ၀က်၀ံရဲ့အရှိန်နှုန်းကတော့ ကြောက်စရာကောင်းလောက်အောင် မြင့်မားလာခဲ့ပါတယ်။ ဒါ့အပြင် ၀မ်သုန့်ရဲ့ လှုပ်ရှားမှုကလဲ စက္ကန့်၀က်လောက်နှေးကွေးသွားခဲ့တယ်။ အရှေ့ခြေက သူ့ကိုထိခိုက်မိပေမဲ့ မြေပြင်ကတော့ အတော်လေးကို ပျက်စီးသွားခဲ့ပါပြီ။ ချက်ချင်းဆိုသလို အ၀ါရောင်အလင်းတန်းကလဲ ထွက်ပေါ်လာပါတော့တယ်။ ဒါကတော့သူ့ရဲ့ မြေငလျင်လှိုင်းတွေပါ။

သိသာထင်ရှားတဲ့စွမ်းရည်က နှစ်တစ်ထောင်သားရဲကောင်ကြားမှာပိုမိုထွက်ပေါ်လာခဲ့ပါတယ်။ နှစ်တစ်ရာ၀ိညာဥ်သားရဲကောင်တွေအနေနဲ့ အဝေးပစ်တိုက်ခိုက်မှုမျိုးကိုသာ လုပ်ဆောင်နိုင်ပေမဲ့ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်တွေကတော့ ပိုပြီးအားကောင်းတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်တယ်။

မြေငလျင်လှိုင်းတွေကတော့ ဒီ၀က်၀ံရဲ့ ထူးခြားချက်တစ်ခုပါ။ ဒီစွမ်းရည်ကပြိုင်ဘက်ကို ဟန်ချက်ပျက်သွားစေနိုင်ပါတယ်။ ဒါ့အပြင် တခဏတာအထိလဲ မူးဝေသွားစေခဲ့တယ်။ ဒီငလျင်လှိုင်းတွေရဲ့ ရလဒ်ထွက်ပေါ်လာတာနဲ့ ၀က်၀ံအနေနဲ့ ပြိုင်ဘက်ကိုရူးရူးသွပ်သွပ် ဆွဲဖြဲတော့မှာပါ။

ဒါကြောင့်သာ ဒိုင်နှစ်ယောက်က ၀မ်သုန့်ကို ကာကွယ်နိုင်ဖို့အတွက် ခပ်မြန်မြန်နီးကပ်လာပါတော့တယ်။ သူတို့တွေ၀မ်သုန့်သာ ထောင်ချောက်ထဲရောက်သွားလို့ကတော့ သူတို့ချက်ချင်းသွားဆွဲခေါ်ကြမှာဖြစ်ပါတယ်။

တစ်ခါတရံမှာ ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်သားရဲကောင်တွေရဲ့ ပြိုင်ပွဲရလဒ်က ၀ိညာဥ်စွမ်းရည်တစ်ခုထဲနဲ့ ဆုံးဖြတ်နိုင်တာမဟုတ်ပါဘူး။ ဒါ့အပြင် ၀ိညာဥ်စွမ်းရည်တစ်ခုထဲကလဲ အခြေအနေတွေအားလုံးကို လုံး၀ပြောင်းလဲသွားစေနိုင်ပါတယ်။

၀မ်သုန့်ရဲ့အနောက်ဖက်အတောင်ပံတွေကို ချက်ချင်းဆိုသလို မြင့်တက်လို့လာခဲ့ပြီ ၀က်၀ံရဲ့လက်သည်းတွေဆီကို ရိုက်ခတ်ပါတော့တယ်။ ဒါ့အပြင် ငလျင်လှိုင်းတွေထုတ်လွှတ်နေတဲ့ သူကိုတိုက်ခိုက်တာပါ။ အရှေ့အတောင်ပံတွေကိုလဲ စောင်းလိုက်ရင်း ဒုတိယ၀ိညာဥ်စက်ကွင်းက တောက်ပလာပါတော့တယ်။ အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ပြီတဲ့နောက် အနောက်ဖက်ကိုနောက်တစ်ကြိမ် ပြန်ပျံသွားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဆံချည်မျှင်တစ်မျှင်စာလောက်သာ သူ့ရဲ့အပြောင်းအလဲက ဖြစ်ပေါ်နေခဲ့တာပါ။ ဒါ့အပြင် ခန္ဓာကိုယ်လေစီးကြောင်းရဲ့ အရှိန်အဟုန်ကိုအသုံးပြုရင်း သူ့ကိုလေထဲအထက် သုံးမီတာဆီမြင့်တက်သွားစေခဲ့ပါတယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ကလဲ မြေပြင်နဲ့ အပြိုင်ဖြစ်နေခဲ့ပြီ ဒီလှိုင်းတွေအားလုံးကို အချိန်မီရှောင်ရှားနိုင်လိုက်တယ်။ ဒါပေမယ့် မလုံလောက်သေးတဲ့အတိုင်း ၀က်၀ံကတော့ မြေပြင်ကို နောက်တစ်ကြိမ်ထပ်ပြီ ရိုက်ချပြစ်လိုက်ပါပြီ။

ရွှေရောင်သင်္ကေတတွေကတော့ ၀မ်သုန့်ရဲ့အတောင်ပံပေါ်မှာ ထွက်ပေါ်လို့လာရင်း တောက်ပလာပါတော့တယ်။ ကြောက်စရာကောင်းတဲ့ပေါက်ကွဲမှုတွေကတော့ ရွှေရောင်အလင်းတန်းတွေတဖျတ်ဖျတ်လက်နေတဲ့ကြားမှာထွက်ပေါ်လို့ခဲ့ပြန်ပါတယ်။

ဒါကတော့ ၀မ်သုန့်ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ လိပ်ပြာနတ်မိမယ်ရဲ့အလင်းတန်းတွေပါပဲ။

ကြောက်စရာအလင်းတန်းတွေကတော့ ၀က်၀ံရဲ့နောက်​ကျောဘက်ဆီကို အညှာအတာမရှိ ပြုတ်ကျလာပါတော့တယ်။ ဒါ့အပြင် ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ထွက်ပေါ်နေတဲ့အသံတွေက နာကျင်စရာကောင်းနေခဲ့တယ်။ ၀က်၀ံအနေနဲ့ အခုမှတိုက်ခိုက်ခါစဖြစ်ပေမဲ့ အချိန်အနည်းငယ်အတွင်းမှာပဲ သူခန္ဓာကိုယ်က ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကို မရှောင်ရှားနိုင်ပဲ ဖြစ်သွားခဲ့ရပါတယ်။ ပထမအလင်းလုံးနဲ့ ထိတွေ့ခံရပြီတဲ့နောက် သူ့ကိုယ်သူ ကွေးညွတ်ရင်းနဲ့ ကာကွယ်ဖို့ကြိုးစားနေခဲ့တယ်။

ပြင်းထန်တဲ့ပေါက်ကွဲမှုက သုံးစက္ကန့်သာကြာမြင့်ပြီတဲ့နောက် ပြီးဆုံးသွားခဲ့ပါပြီ။ ၀မ်သုန့်အနေနဲ့လဲ အတောင်ပံတွေကိုအသုံးပြုရင်း ဆက်တိုက်ဆိုသလို လွှင့်မျောနေခဲ့ပါတယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကိုရင်ဘတ်နားမှာ ရွေ့ပြောင်းထားခဲ့ပြီ လက်၀ါးတွေကရင်ဘတ်နှစ်ခုကို ကြက်ခြေခတ်ပုံသဏ္ဍာန်ထိထားခဲ့တယ်။ အဲ့ဒီနောက် တတိယ၀ိညာဥ်စက်ကွင်းကနေ တောက်ပတဲ့အလင်းတန်းတွေ နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လို့လာခဲ့ပြန်ပါပြီ။ သန့်စင်တဲ့ရွှေရောင်အလင်းတန်းက ၀မ်သုန့်ရဲ့လက်၀ါးတွေအပေါ်မှာ ပေါ်လာခဲ့ပြီတဲ့နောက် ကြောက်စရာကောင်းလွန်လှတဲ့ အရှိန်နှုန်းနဲ့အတူ ကျယ်ပြန့်လို့လာပါတော့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ အလင်းလုံးက တစ်ပေအထိကို ကြီးမားလာခဲ့ပါပြီ။ ဒီအလင်းလုံးက ရွှေရောင်လျှပ်စီးတန်းတွေနဲ့ ၀န်းရံလို့နေခဲ့ပြီ ၀မ်သုန့်ရဲ့တစ်ကိုယ်လုံးကိုပါ လွှမ်းခြုံလို့သွားခဲ့တယ်။

၀မ်သုန့်ရဲ့ ရွှေရောင်အတောင်ပံတွေကလဲ ဆက်တိုက်ဆိုသလို လှုပ်ခတ်နေခဲ့ရင်း ရွှေရောင်အလင်းလုံးကြီးရဲ့ ပမာဏကိုကြီးမားလာစေခဲ့ပါတယ်။

၀မ်သုန့်ရဲ့လိပ်ပြာနတ်မိမယ်ဖန်တီးနေတဲ့ ပေါက်ကွဲမှုအောက်မှာ ၀က်၀ံကတော့ မြေပြင်ထဲနစ်၀င်နေခဲ့ပြီဖြစ်ပါတယ်။ တတ်နိုင်သလောက်ကြိုးစားအားထုတ်ရင်း ခုခံနေခဲ့ပေမဲ့ နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်တစ်ခုက ဘယ်လိုများအလွယ်လေး ခုခံဖို့လွယ်ကူမှာလဲ။ သူ့ရဲ့နောက်ကျောဘက်မှာရှိတဲ့ အသားတွေကတော့ ပေါက်ကွဲပြီသွေးတွေစီးကျနေခဲ့ပါပြီ။ ဒီလိုပျက်စီးမှုမျိုးက သူ့ရဲ့သွေးဆာစိတ်ကိုတောင် အတော်လေးလျော့ပါးသွားစေခဲ့တယ်။

မြေကမ္ဘာအမျိုးအစားသားရဲကောင်ဖြစ်ပေမဲ့ သူ့ရဲ့ခုခံနိုင်စွမ်းက အရမ်းကို အားကောင်းပါတယ်။ ဒီလိုနာကျင်မှုကြောင့် သွေးတွေထွက်နေခဲ့ပေမဲ့ တိုက်ခိုက်နိုင်စွမ်းကို လုံး၀မဆုံးရှုံးသေးပါဘူး။ ဒါပေမယ့် ၀မ်သုန့်ရဲ့တိုက်ခိုက်မှုနှစ်ခုက သူ့ရဲ့အနောက်ဖက်ခြေထောက်ကို ထိမိသွားပါတော့တယ်။ အရှိန်နှုန်းကတော့ အတော်ကို လျော့ကျသွားခဲ့ပါပြီ။

ခေါင်းပေါ်က ကြောက်စရာအငွေ့အသက်တွေကို ခံစားမိပြီတဲ့နောက် ၀က်၀ံအနေနဲ့လဲ လှည့်ပြီကြည့်ဖို့ ကြိုးစားကြည့်ပါတော့တယ်။ ဒါပေမယ့် ကြောက်စရာရွှေရောင်ဘောလုံးကြီးက ၀မ်သုန့်ရဲ့ရင်ဘတ်ရှေ့တည့်တည့်မှာ ရှိနေခဲ့ပါပြီ။ ဒါကြောင့် အရှေ့လက်ကို မြောက်လိုက်ရင်း အ၀ါရောင်အလင်းလုံးတစ်ခုကို ၀မ်သုန့်ဆီပစ်လွှတ်ဖိုကြံပါတော့တယ်။

ဒီအ၀ါရောင်အလင်းတန်းက သေးငယ်တဲ့ဒိုင်ကာလေးတစ်ခုအဖြစ် ပြောင်းလဲလို့သွားပြီ သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်တယ်။

” ကောင်းပြီ စမ်းသပ်ချက်ပြီးသွားပြီ ၀မ်သုန့် မင်းရဲ့၀ိညာဥ်စွမ်းရည်တွေကို ပြန်သိမ်းလိုက်တော့ “‘

သုဝေ့လွမ်ရဲ့အသံက ထွက်ပေါ်လာပါတော့တယ်။

ဒါပေမယ့် ၀မ်သုန့်အနေနဲ့ ဒီလို၀ိညာဥ်စွမ်းရည်တစ်ခုကို ရုတ်သိမ်းဖို့မလွယ်ကူခဲ့ပါဘူး။

သားရဲကောင်တိုက်ခိုက်ရေးနယ်မြေကြီးက အပြင်မှာတည်ရှိနေတာဖြစ်တာကြောင့် ရွှေရောင်ဘောလုံးကလဲ လေထုအထက်မီတာတစ်ရာအထိကို မြင့်တက်လို့သွားပါတော့တယ်။ အဲ့ဒီနောက် ကြီးမားတဲ့ရွှေရောင်လခြမ်းကွေးတွေက အရိပ်လိုမျိုး ပေါက်ကွဲလို့ထွက်လာခဲ့တယ်။ ပန်းပွင့်ဖတ်လေးတွေကိုကြည့်နေရတဲ့အတိုင်း လေထဲမှာတော့ ပန်းမိုးတွေရွာသွန်းလို့နေခဲ့ပြီ ခဏတာအချိန်အတွင်းမှာပဲ ပေါက်ကွဲလို့သွားပါတော့တယ်။ ထူးခြားတဲ့မြင်ကွင်းကတော့ ရွှေရောင်အလင်းတန်းတွေနဲ့အတူ ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒိုင်နှစ်ယောက်ကလဲ သူတို့ရဲ့၀က်၀ံကို ပြန်ခေါ်သွားပြီ ဒီစာမေးပွဲအဆုံးသတ်လိုက်တဲ့အကြောင်း ကြော်ငြာပါတော့တယ်။

ဒိုင်တွေအနေနဲ့ စကားပြောဖို့တောင် မလိုအပ်တော့ပါဘူး။ ၀မ်သုန့်အနေနဲ့ အောင်အောင်မြင်မြင်နဲ့အမှတ်ကိုရရှိပြီ ဖြတ်သန်းနိုင်ပြီဆိုတာ လူတိုင်းသိနေခဲ့ပါတယ်။

တတိယ၀ိညာဥ်စွမ်းရည်ကို အသုံးပြုပြီးတဲ့နောက် ၀မ်သုန့်ရဲ့ခန္ဓာကိုယ်က အနည်းငယ်အားနည်းနေခဲ့ပါတယ်။ မျက်နှာကလဲ ဖြူဖျော့လို့နေခဲ့ပါပြီ။ ထိုက်ဟွပင်းနဲ့ လောင်းကြေးကြောင့်သာ မဟုတ်ရင် သူ့အနေနဲ့ တတိယ၀ိညာဥ်စွမ်းရည်ကို အသုံးပြုဖို့တောင်လိုမှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ အမြင့်ဆုံးအမှတ်ကိုရရှိနိုင်ဖို့အတွက် သူတတ်နိုင်သလောက်အားလုံးလုပ်ခဲ့ပါတယ်။

သူ့ရဲ့တတိယ၀ိညာဥ်စွမ်းရည်က လိပ်ပြာနတ်မိမယ်ရဲ့ ဓားချက်လို့ခေါ်ပါတယ်။ ဒါ့အပြင် အလင်းလုံးတစ်လုံးနဲ့ တူညီပေမဲ့ တကယ်တော့ များပြားလွန်လှတဲ့ ဓားသွားတစ်ရာနဲ့ရှစ်ခုပါ၀င်နေတဲ့ ဓားချက်တစ်ခုပါ။ ပစ်မှတ်ကိုသာ ထိတွေ့သွားခဲ့မယ်ဆိုရင် ပစ်မှတ်အနေနဲ့ ဓားပေါင်းတစ်ရာရှစ်ခုကိုထိုးစိုက်ခံရပြီ အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်ပါတယ်။

လိပ်ပြာနတ်မိမယ်ရဲ့အလင်းတန်းက ပစ်မှတ်ရဲ့နေရာကိုသာ သက်ရောက်နိုင်ပြီ အရမ်းကိုအင်အားကြီးပါတယ်။ ဒါပေမယ့် ပေါက်ကွဲစွမ်းအားကတော့ အနည်းငယ်လျော့ပါးနေခဲ့တယ်။ လက်ရှိတတိယစွမ်းရည်ကတော့ မတူညီပါဘူး။ သူ့ရဲ့တစ်နေရာထဲကို ထိန်းချုပ်ပြီတိုက်ခိုက်နိုင်တဲ့စွမ်းရည်က အရမ်းကို အားကောင်းတဲ့တိုက်ခိုက်မှုစွမ်းအားတစ်ခုပါပဲ။ ပစ်မှတ်ကို ထိန်းချုပ်ထားစရာမလိုပဲ ရှိရှိသမျှအလင်းတန်းတွေအားလုံးနဲ့ အားလုံးကိုဖျက်ဆီးပြစ်နိုင်ပါတယ်။ ဒါ့အပြင်ငါးမီတာအကွာအဝေးမှာ အသုံးပြုပြီး စွမ်းအားတွေအားလုံးကို ကုန်ဆုံးစေတဲ့အထိ ထုတ်လွှတ်လို့တိုက်ခိုက်ရတာပါ။ ဒါကြောင့်သာ အစောပိုင်းတုန်းကလို လှပနေတဲ့မြင်ကွင်း ဖြစ်ပေါ်နေရတာလဲဖြစ်ပါတယ်။

၀မ်သုန့်အနေနဲ့ ဒီလိုစွမ်းရည်ကိုအသုံးပြုဖို့ ရွေးချယ်လိုက်ရတာက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကြောင့်ပါပဲ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ ထောက်လှမ်းမှုနဲ့သာ ဒီစွမ်းအားရဲ့အပြည့်အ၀ကို အသုံးပြုနိုင်မှာပါ။

တစ်ယောက်နဲ့တစ်ယောက် စကားပြောပြီတဲ့နောက် သုဝေ့လွမ်နဲ့ ရန်ရှောင်ကျဲ့တို့လဲ တွက်ချက်တာပြီးသွားပါတော့တယ်။

” ၀မ်သုန့်အနေနဲ့ အဆင့်အမြင့်ဆုံးနှစ်တစ်ထောင်သားရဲကောင်ကို ရွေးချယ်ပြီ တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တယ်…သူ့ရဲ့တိုက်ခိုက်ရေး၀ိညာဥ်စွမ်းအားအရ ၀က်၀ံကိုတစ်ခါထဲသတ်လိုက်တာက ခုနှစ်ဆယ်ရာခိုင်နှုန်းအခွင့်အရေးရှိတယ်..ဒါကြောင့် သူ့အနေနဲ့ အခြေခံခိုင်မာမှုအတွက် အမှတ်အပြည့်ကို ရရှိပါတယ်…တိုက်ပွဲထဲမှာ ပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် တိုက်ပွဲနည်းလမ်းဆိုင်ရာပိုင်းတွေမှာလဲ စုစုပေါင်းအမှတ်ငါးဆယ်အပြည့်ကို ရရှိတယ် ”

စာမေးပွဲအဆင့်တက်တဲ့ ဆုံးဖြတ်ချက်မှာ မတူညီတဲ့၀ိညာဥ်သားရဲကောင်တွေက မတူညီတဲ့အမှတ်တွေအလိုက် ပေးဆောင်ပါတယ်။ အနှိမ့်ဆုံး၀ိညာဥ်သားရဲကောင်တွေအနေနဲ့က ဆယ့်မှတ်သာပေးတာပါ။ ဒါ့အပြင် သူမတူအောင်ထူးခြားတဲ့ပြိုင်ပွဲနည်းစနစ်တွေကို ထုတ်သုံးနိုင်တာကလဲ အဆင့်တက်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ ၀မ်သုန့်ကတော့ နှစ်တစ်ထောင်သားရဲကောင်ကို အမှတ်တစ်ရာအဖြစ်နဲ့ ရွေးချယ်ခဲ့တာပါ။ ဒါ့အပြင် တိုက်ပွဲနည်းစနစ်အတွက်လဲ အမှတ်ငါးဆယ်ရပါသေးတယ်။ စုစုပေါင်း အမှတ်တစ်ရာငါးဆယ့်အထိကို ရရှိခဲ့ပါပြီ။ သူတို့အတန်းတစ်တန်းလုံး အောင်မြင်ဖို့အတွက်ဆိုရင် နောက်ထပ် အမှတ်သုံးဆယ်သာ ထပ်ပေါင်းထည့်ဖို့လိုတော့မှာပါ။ နောက်တစ်နည်းပြောရမယ်ဆိုရင် သူဒီ၀ိညာဥ်သားရဲကောင်ကို အနိုင်မယူနိုင်ခဲ့ရင်တောင် သေချာပေါက် အမှတ်သုံးဆယ်ကတော့ အသာလေးရမှာပါပဲ။

၀မ်သုန့်အနေနဲ့ ပြီးပြည့်စုံတဲ့အမှတ်ကိုရရှိကြောင်း သိလိုက်ရတာကြောင့် အတော်ကိုပျော်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ သူတို့ရဲ့ပြိုင်ဘက်ကိုအနိုင်ရဖို့အတွက် သိပ်ပြီးစိုးရိမ်စရာမလိုတော့ဘူး။ သူကိုယ်တိုင်းအမှတ်အပြည့် ရရှိထားပြီဖြစ်တာကြောင့် ထိုက်ဟွပင်းအနေနဲ့ သူတို့ကို တိုက်ခိုက်ဖို့ခက်ပါလိမ့်မယ်။

သူတို့အပျော်မလွန်ခင်အချိန်မှာပဲ ချက်ချင်းဆိုသလို သုဝေ့လွမ်ရဲ့အသံက သူ့ကိုရိုက်ချသလိုဖြစ်သွားစေခဲ့ပါတယ်။

” ဒါပေမယ့် သွေးဆာနတ်ဆိုး၀က်၀ံက မြေကမ္ဘာအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့ရဲ့ခုခံနိုင်စွမ်းက နှစ်တစ်ထောင်သားရဲကောင်တွေထဲမှာ အမြင့်ဆုံးဖြစ်နေခဲ့တယ်..သုံးဆယ်ရာခိုင်နှုန်းမင်းရဲ့တိုက်ခိုက်မှုကို တားဆီးဖို့ဖြစ်မယ်ဆိုရင်တောင် မင်းရဲ့၀ိညာဥ်စွမ်းအားက ဒီတိုက်ခိုက်မှုအပိုင်းမှာ လုံး၀လျော့ကြသွားမှာပါ အဲ့ဒီလိုအခြေအနေမျိုးမှာ နောက်ထပ် ပြန်လည်တိုက်ခိုက်နိုင်ချေမရှိတော့ပါဘူး..အကယ်၍ ဒါမျိုးသာဖြစ်လာခဲ့မယ်ဆိုရင် နောက်ဆုံးတိုက်ခိုက်မှုကြောင့် သတ်တောင်အသတ်ခံရနိုင်တယ်…၀ိညာဥ်ပညာရှင်တွေအနေနဲ့ တိုက်ခိုက်မှုတစ်ခုထဲမှာ အရာအားလုံးကို ပုံအောလိုက်တာက ဆိုးရွားတဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ ကျောင်းအုပ်ရန်နဲ့ ပြောပြီတဲ့နောက် မင်းရဲ့အမှတ်ငါးဆယ်ကိုပဲ ပြန်လည်နှုတ်ယူဖို့ဆုံးဖြတ်လိုက်တယ်..ဒါကြောင့် နောက်ဆုံးအမှတ်ကတော့ အမှတ်တစ်ရာ့ငါးဆယ်ပါ စာမေးပွဲကို အောင်မြင်ပါတယ်.”

” ဒီလိုနည်းလမ်းက အရမ်းဆိုးတာပဲ နောက်ဆုံးတော့ကျွန်တော်က နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကို အနိုင်ရနိုင်တယ်လေ ”

” ထူးချွန်တဲ့၀ိညာဥ်ပညာရှင်တစ်ယောက်အနေနဲ့ ပထမဆုံးတိုက်ပွဲထဲမှာ မင်းလုပ်ဆောင်ရမဲ့အရာက ကိုယ်ကိုတိုင်ရဲ့ စိတ်ချမှုကို ကာကွယ်ဖို့အတွက်ပဲ ကိုယ့်ကိုကိုယ်တိုင်းရဲ့ ယုံကြည်စိတ်ချပြီမှသာ ပြိုင်ဘက်အကြောင်းကိုတွေးသင့်တယ်..မင်းလေ့ကျင့်တာဘယ်လောက်ကြာပြီလဲ ဒီလိုမျိုး၀ိညာဥ်သားရဲကောင်လေးတစ်ကောင်အတွက်နဲ့ မင်းအသက်ကိုတောင် လဲမလို့လား ဒါဆိုရင် မင်းလေ့ကျင့်ခဲ့ရတဲ့ အချိန်တွေကဘာများအသုံး၀င်မှာလဲ ဒါ့အပြင် ငါတို့တွေ ဒီလိုငါးဆယ့်ကိုပြန်ပြီနှုတ်ဖို့ ဆုံးဖြတ်လိုက်တာက မင်းအနေနဲ့ ကျောင်းတော်ရဲ့အဓိကတပည့်သားဖြစ်နေခဲ့လို့ပဲ အဓိကအတွင်းတပည့်သားတွေအနေနဲ့ သာမန်ကျောင်းသားတွေထက် ပိုပြီးကောင်းမွန်တဲ့အခွင့်အရေးတွေကို ရရှိထားတယ်…တစ်ချိန်ထဲမှာပဲ ပိုတင်းကြပ်တဲ့လိုအပ်ချက်တွေကိုလဲ ဖြည့်စည်းရမယ်…နားလည်လား ”

ရန်ရှောင်ကျဲ့က ပြောလာခဲ့ပါတယ်။

အပိုင်း ၅၁•၂ ပြီး။

Comment

Leave a Reply

Options

not work with dark mode
Reset