အပိုင်း ၅၁•၁
” လိပ်ပြာနတ်မိမယ်ဓားချက်နဲ့ ရူးသွပ်နေတဲ့ကျားဖြူ ”
°°°
” ဒုတိယနေ့ အတန်းတစ် ၀မ်သုန့် ”
၀မ်သုန့်က အရှေ့ကိုတိုးလာပြီ သူ့ရဲ့စမ်းသပ်ချက်စာလွှာကို ဒိုင်ဆီပေးအပ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ ၀မ်သုန့်က ပထမဆုံးအနေနဲ့ စမ်းသပ်ရေးနယ်မြေထဲကို ၀င်သွားခဲ့ပါတယ်။ တခြားကျောင်းသားတွေအားလုံးက ဒီလိုအပြောင်းအလဲကို သိပြီသားပါ။ ဟို့ယွိဟောင်အနေနဲ့ အစောပိုင်းတုန်းက ၀ိညာဥ်စွမ်းရည်ကို အသုံးပြုပြီ ၀ိညာဥ်သားရဲကောင်ကို တိုက်ခိုက်ခဲ့ပေးမဲ့ မထိခိုက်စေခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ၀ိညာဥ်သားရဲကောင်စွမ်းရည်ကလဲ တားဆီးခံလိုက်ရပါပြီ။ ဒါကြောင့် သူအနေနဲ့ အတန်းနံပါတ်တစ်ရဲ့ ပထမဆုံးအဖွင့်လူအဖြစ် သွားရောက်လို့မဖြစ်တော့ပါဘူး။ အတန်းနံပါတ်တစ်ကလဲ တခြားပြိုင်ဘက်တွေအားလုံးကို မျက်လုံးပြူးစေနိုင်လောက်တဲ့ ဖွင့်ပွဲတစ်ခုကိုလိုအပ်နေခဲ့ပါပြီ။
ဒါပေမယ့် ထိုက်ဟွပင်းရဲ့အမြင်မှာ ဟို့ယွိဟောင်က ငကြောက်တစ်ယောက်ပါပဲ။ ဟို့ယွိဟောင် သူ့ကို ဒူးထောက်ဦးညွတ်ရမဲ့ကိစ္စအကြောင်း တွေးလိုက်မိရုံနဲ့တင် သူခံစားခဲ့ရတဲ့နာကျင်မှုနဲ့ ခါးသီးမှုတွေက ပြေပျောက်နိုင်မှာပါ။ ဒါ့အပြင် သူ့ရဲ့စိတ်ကလဲ ဗဟာဟင်လင်းဖြစ်သွားပါတော့တယ်။ ငါလက်စားချေချင်တယ်။ သေချာပေါက်လက်စားချေချင်တယ်။ ဒီကောင်တွေအားလုံးကို ခြေထောက်အောက်မှာနင်းချေပြစ်ချင်တယ်။ အားလုံးကိုဖယ်ရှားပြစ်ဖို့ အခွင့်အရေးရရမယ်။ မဟုတ်ဘူး သူတို့ငါ့ရှေ့မှာ ဒူးထောက်ရင်း သေချာပေါက် တောင်းပန်နေရမယ်။ အဲ့ဒီလိုတောင်းပန်ပြီမှသာ ဒီလူတွေအားလုံးကို ငါသတ်ပြစ်မှာ။
ဆယ့်သုံးနှစ်တောင်မရှိသေးတဲ့ ထိုက်ဟွပင်းရဲ့မျက်လုံးတွေကတော့ သွေးနီရောင်တောက်ပနေခဲ့ပါပြီ။ အညှာအတာကင်းမဲ့တဲ့ အကြည့်ကလဲ ဖြစ်ပေါ်လာခဲ့ပါတယ်။
” နှစ်တစ်ထောင်သားရဲကောင်ကို ရွေးချယ်ပါတယ် ”
၀မ်သုန့်ရဲ့အသံက ထိုက်ဟွပင်းရဲ့အတွေးတွေကို ပြန်လည်ဆွဲယူလိုက်ပါတော့တယ်။ သူ့အနေနဲ့ ၀မ်သုန့်ရဲ့ ရွေးချယ်မှုကိုကြားချိန်မှာ လန့်သွားခဲ့ရတယ်။ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရှိပေမဲ့ ၀မ်သုန့်ရဲ့ကျင့်ကြံဆင့်က ၀ိညာဥ်ပညာရှင်တွေဖြစ်နေတုန်းပါ။ ၀ိညာဥ်သားရဲကောင်ကို နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကို ရွေးချယ်၀ံ့တယ်လား။ ဒါက စာမေးပွဲအမြင့်ဆုံး ပြိုင်ဘက်ဖြစ်လာမှာပါပဲ။
ဒိုင်နှစ်ယောက်လုံးလဲ လန့်သွားခဲ့ရပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်မှာ ဟို့ယွိဟောင်က သူတို့ကို ထိတ်လန့်စေခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ စာမေးပွဲနယ်မြေထဲ၀င်သွားခဲ့ပြီ နှစ်တစ်ရာသားရဲကောင်ကို ရွေးချယ်ခဲ့တယ်။ ဒါတောင်မှ ကြောက်စရာကောင်းလွန်လှတဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေနဲ့ ထိတ်လန့်စေခဲ့တာပါ။ ဒီတစ်ကြိမ်မှာလဲ အတန်းနံပါတ်တစ်ရဲ့တစ်စုံတစ်ယောက်က ထွက်ထွက်လာချင် နှစ်တစ်ထောင်သားရဲကောင်ကို ရွေးချယ်ပြန်ပြီ ဒီကလေးတွေ ရူးကုန်တာလား။ ကျောင်းတော်ကပဲ သူတို့ကို မိစ္ဆာတွေဖြစ်သွားစေခဲ့တာလား။
ဒါပေမယ့် ဒိုင်အနေနဲ့လဲ ကျောင်းအုပ်ကိုယ်တိုင်ရှိနေခဲ့တဲ့အတွက် ဆက်ပြီမတွေဝေတော့ပဲ ပြောလာခဲ့ပါတယ်။
” ၀မ်သုန့် အဆင်သင့်ဖြစ်ပြီလား ”
” ၀မ်သုန့် မင်းအဆင်သင့်ဖြစ်ပြီလား ”
” ကျွန်တော်အဆင်သင့်ပဲ ”
၀မ်သုန့်က အလေးအနက်ခေါင်းညိတ်လိုက်ပါတော့တယ်။ သူ့ရဲ့မျက်နှာပေါ်မှာတော့ အပြာရောင်အလင်းတန်းတွေက ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်နေရင်း အချိန်မဖြုန်းခဲ့ပါဘူး။ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ရဲ့ ရင်ဆိုင်ရမဲ့အချိန်မှာ သူကိုယ်တိုင်တောင်မှ အပြည့်အ၀ အဆင်သင့်ပြင်ထားဖို့လိုလို့ပါ။
တအံ့တဩအသံတွေက ချက်ချင်းဆိုသလို ထွက်ပေါ်လာပါတော့တယ်။
၀မ်သုန့်ရဲ့ သိုင်းပညာ၀ိညာဥ်ကြောင့် အံ့ဩသွားတာမဟုတ်ပါဘူး။ ဒါပေမယ့် သူခြေထောက်အောက်မှာတော့ ထွက်ပေါ်လာခဲ့တဲ့ ၀ိညာဥ်စက်ကွင်းတွေကြောင့်ပါပဲ။ လက်ရှိအချိန်မှာ ၀ိညာဥ်စက်ကွင်းကသုံးကွင်းရှိနေခဲ့ပါပြီ။ ဒါက၀မ်သုန့်ရဲ့လျှို့၀ှက်ချက်တစ်ခုပါ။
သူတို့တွေ ကျောင်းတော်ထဲပြန်ရောက်လာတဲ့အချိန်မှာ ဟို့ယွိဟောင်က နောက်ကျနေခဲ့ပါတယ်။ ၀မ်သုန့်အနေနဲ့လဲ နှစ်ရက်အလိုမှာ အမြန်ဆုံးအပြေးပြန်လာခဲ့ရတယ်။ ဘာကြောင့်များ သူဒီလိုမျိုး နောက်ကျနေရတာလဲ။ တစ်လတာအချိန်အတွင်းမှာ သူအနေနဲ့ သူ့မျိုးနွယ်ရဲ့အကူအညီနဲ့ အဆင့်သုံးဆယ့်အထက်ကို ဖြတ်ကျော်တိုးတက်ခဲ့ပါတယ်။ ဒါ့အပြင် တတိယ၀ိညာဥ်စက်ကွင်းကိုတောင် ရလာနိုင်ခဲ့တယ်။
ရန်ရှောင်ကျဲ့ရဲ့မျက်လုံးတွေကလဲ တောက်ပလို့လာခဲ့ပါပြီ။ အဲ့ဒီနောက် သူခေါင်းညိတ်ရင်း ပြောလိုက်တယ်။
” ကောင်းသားပဲ သူ့မှာအ၀ါရောင်၀ိညာဥ်စက်ကွင်းတစ်ခုနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ခုရှိတယ်…ဒီကလေးရဲ့ပါရမီနဲ့သိုင်းပညာ၀ိညာဥ်က သက်တူရွယ်တူတွေထက် သာလွန်နေတာပဲ ဒီကလေးရဲ့အနာဂတ်က အလားအလာကောင်းတယ်..ဒါပေမယ့်တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ် ”
သူ့ရဲ့မျက်နှာပေါ်မှာ ရိုးရှင်းတဲ့အပြုံးတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ ဒီအပြုံးထဲမှာလဲ ထူးခြားတဲ့အငွေ့အသက်တွေ ပါ၀င်နေခဲ့တယ်။ ၀မ်သုန့်ရဲ့တတိယ၀ိညာဥ်စက်ကွင်းကလဲ ခရမ်းရောင်၀ိညာဥ်စက်ကွင်းပါ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းလို့လဲပြောလို့ရပါတယ်။ ဒါကြောင့် ၀ိညာဥ်အကြီးအကဲအဆင့်ဖြစ်သွားတဲ့၀မ်သုန့်က နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းနှစ်ခုရှိနေပြီတာကြောင့် တကယ်ကို စစ်မှန်တဲ့၀ိညာဥ်အကြီးအကဲတစ်ယောက် ဖြစ်နေခဲ့ပါတော့တယ်။
ထိုက်ဟွပင်းအနေနဲ့ ၀မ်သုန့် သူ့ကိုဒီလောက်အထိ အံ့ဩအောင်လုပ်နိုင်တယ်လို့ မတွေတောခဲ့ပါဘူး။ အမှန်ပါပဲ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ ၀ိညာဥ်စွမ်းအားက ၀မ်သုန့်ထက်အများကြီး သာလွန်နေခဲ့တာပါ။ ဒါပေမယ့် အခုအချိန် နှစ်ဖက်စလုံးက ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိနေခဲ့တဲ့ ၀ိညာဥ်အကြီးအကဲတွေဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် ၀မ်သုန့်က သူတို့ရဲ့၀ိညာဥ်စက်ကွင်းချင်ယှဥ်မယ်ဆိုရင်တောင် သူ့ထက်ပိုသာလွန်ခဲ့ပါတယ်။ အကယ်၍ ၀ိညာဥ်စွမ်းရည်တွေကို ထုတ်ပြမယ်ဆိုရင်တောင် ၀မ်သုန့်က သူ့ကို တိုက်ပွဲမှာကျော်လွန်နေခဲ့မှာပါ။ ဒါကြောင့် သူတို့ရဲ့ ကျင့်ကြံဆင့်ကွာခြားချက်ကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။
ထိုက်ဟွပင်းရဲ့အမူအရာကတော့ ချက်ချင်းဆိုသလို မဲမှောင်လို့သွားခဲ့ပါပြီ။ ယုံကြည်ချက်ကတော့ မပျောက်ကွယ်ခဲ့ပါဘူး။ သူ့အမြင်အရ ဟို့ယွိဟောင်အနေနဲ့ ဒုတိယစွမ်းရည်နဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းကို အသုံးပြုမယ်ဆိုရင်တောင် သားရဲကောင်တွေကို ထိခိုက်အောင်မလုပ်နိုင်ဘူးလို့ ယုံကြည်ချက်အပြည့် ရှိနေခဲ့တယ်။ ဒါကြောင့် ထိုက်ဟွပင်းယုံကြည်တာကတော့ ဟို့ယွိဟောင်အနေနဲ့ သူ့ဆရာရဲ့အကြံကို လိုက်နာရင်း စာမေးပွဲမှာ အမှတ်အနှိမ့်ဆုံးကို အောင်မြင်အောင်ရယူပြီ ဖြတ်ကျော်ဖို့လုပ်ရမှာပါ။ ဒါ့အပြင် သူကိုယ်တိုင်ကလဲ ၀မ်သုန့်ထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆွဲဆောင်နိုင်မယ်လို့ ထင်နေခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာကတော့ ဘယ်လောက်ပဲယုံကြည်ချက်ရှိနေပါစေ စိတ်ကမသက်မသာဖြစ်နေခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာပဲ သတ္ထုတံခါးကြီးက ပွင့်လာခဲ့ပါတော့တယ်။ မြင့်မားတဲ့သတ္တ၀ါတစ်ကောင်က ဖြည်းဖြည်းချင်းဆိုသလို ထွက်ပေါ်လာခဲ့တယ်။ သူ့ရဲ့အရှိန်နှုန်းက မမြန်ဆန်ခဲ့ပေမဲ့ ဖိအားကတော့ အများကြီး သာလွန်နေခဲ့ပါတယ်။ သုံးမီတာကျော်မြင့်မားတဲ့ ၀ိညာဥ်သားရဲကောင်က လူသားတစ်ယောက်လိုမျိုး လမ်းလျှောက်လာခဲ့တယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်နဲ့ အညိုဖျော့ရောင်အမွေးဆီကနေလဲ ငါးညီးနံ့တွေ နံနေခဲ့ပါတယ်။ ရင်ဘတ်မှာကတော့ အဖြူရောင်အမွေးတွေရှိနေခဲ့ပြီ သွေးကြောတွေနဲ့ အတောင်ပံတွေကလဲ ၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်နဲ့တူညီပါတယ်။ ဒီ၀က်၀ံရဲ့ အရွယ်အစားနဲ့ပုံစံကတော့ အံ့ဩစရာပါပဲ။ ဒါ့အပြင် သူ့ရဲ့မျက်လုံးက လူတိုင်းအတွက် အာရုံစိုက်စရာဖြစ်နေခဲ့တယ်။ မှိန်ဖျော့ဖျော့အနီရောင်အလင်းတန်းတွေက သားရဲကောင်တွေအားလုံးကို ကိုက်ဖြတ်ဆွဲချင်နေသလိုပါပဲ။
သက်တူရွယ်တူ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်တွေထဲမှာတောင် ဆိတ်နဲ့ဆင်တွေလိုသားရဲကောင်တွေက ခြင်္သေ့တို့ကျားတို့လိုသားရဲကောင်တွေကို မယှဥ်နိုင်တာအမှန်ပါပဲ။ ဒါ့အပြင် အသားစားသတ္တ၀ါတွေက နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ဖြစ်ဖို့ အများကြီးမြင့်ပါတယ်။
၀မ်သုန့်ရဲ့ ရင်ဆိုင်ရမဲ့နှစ်တစ်ထောင်သားရဲကောင်ကတော့ သွေးဆာနေတဲ့ နတ်ဆိုး၀က်၀ံပါ။ ဒါ့အပြင် သူက မြေကမ္ဘာ၀ိညာဥ်သားရဲကောင်မျိုးဖြစ်နေခဲ့တယ်။
၀မ်သုန့်က အတောင်ပံတွေကိုဖြန့်ရင်းနဲ့ ပြိုင်ဘက်ရဲ့ရုပ်သွင်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ကြီးမားပြီ သဏ္ဍာန်မဲ့တဲ့ဖိအားက သူ့အပေါ်ဘက်လေထုငါးမီတာအထိကိုမရောက်ခင်ချိန်မှာပဲ မြေပြင်ပေါ်ကိုပြန်ဆွဲချပါတော့တယ်။ ဒိုင်ရဲ့အသံကလဲ သူ့နားထဲကို၀င်ရောက်လာခဲ့ပါပြီ။
” ပြိုင်ပွဲမှာ ငါးမီတာအထက်ကို ပျံလို့မရဘူး ”
အစောပိုင်းတုန်းကထဲက အေးအေးဆေးဆေးလျှောက်လာနေခဲ့တဲ့ ၀က်၀ံလဲသူ့ရဲ့ရှေ့ခြေတွေကိုအသုံးပြုရင် အဆင်သင့်ပြင်လိုက်ပါတော့တယ်။ ဒါပေမယ့် ထူးဆန်းတဲ့အရှိန်အ၀ါက ၀မ်သုန့်ကို မျက်လုံးပြူးသွားစေခဲ့ပါပြီ။ ပထမဆုံးအနေနဲ့ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကို ပထမဆုံးအနေနဲ့ တစ်ယောက်ထဲရင်ဆိုင်ရတာပါ။ သူကိုယ်တိုင်ကလဲ ယုံကြည်ချက်အပြည့်ရှိနေခဲ့တယ်။
ဒီတစ်ကြိမ်မှာပဲ သူ့ရဲ့စိတ်ထဲကို သုံးဖက်မြေပုံရိပ်တွေက ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်က စာမေးပွဲနယ်မြေရဲ့မနီးမဝေးနေရာမှာ ရပ်နေခဲ့တာပါ။ မှိန်ဖျော့ဖျော့အလင်းတန်းတွေကလဲ သူ့ရဲ့မျက်လုံးထဲမှာ အထင်သားပေါ်နေပါတော့တယ်။
ထိုက်ဟွပင်းနဲ့လောင်းကြေးကြောင့်သာ မဟုတ်ရင် သူလဲဒီလိုမျိုး လှည့်စားဖို့ကို ရွေးချယ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လောင်းကြေးကမြင့်တဲ့အတွက် သူကိုယ်တိုင်အနေနဲ့လဲ ရန်သူကို လုံး၀မရှုံးနှိမ့်စေချင်သလို သူ့အမေရဲ့သေဆုံးမှုကလဲ ပြန်ပြီးလက်စားချေနေချင်စိတ်ပြင်းပြနေဆဲပါ။ ဒါကြောင့်သာ ၀မ်သုန့်ကို စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ ကာကွယ်ပေးဖို့လုပ်မှာပါ။ သူ့အနေနဲ့ ဘယ်လိုမှအထိအခိုက်မခံနိုင်ပါဘူး။
၀မ်သုန့်လဲ လက်မောင်းကိုမြောက်ရင်း အရှေ့တောင်ပံတွေကို စုလိုက်ပါတော့တယ်။ သူ့ရဲ့တူညီတဲ့လှုပ်ရှားမှုနဲ့ အရှေ့ကိုတိုး၀င်သွားခဲ့တယ်။ ဒါ့အပြင် ၀က်၀ံဆီကို ရှေ့ခြေလှမ်းအနည်းငယ်တိုးလိုက်ပါတယ်။ ၀က်၀ံလိုပဲ သူလဲမမြန်ဆန်ခဲ့ပါဘူး။ သူ့ရဲ့ခြေလှမ်းတွေက အရမ်းကို တည်ငြိမ်နေခဲ့ပြီ ဘယ်လောက်တောင် အေးဆေးနေလဲဆိုတဲ့ စိတ်ကိုထင်ဟပ်စေနေခဲ့ပါတယ်။
၀က်၀ံနဲ့၀မ်သုန့်က တစ်ဖက်နဲ့တစ်ဖက် ဖြည်းဖြည်းချင်း နီးကပ်လာနေခဲ့ပါပြီ။ ဒိုင်တစ်ယောက်ကလဲ သူတို့တွေလှုပ်ရှားမှုတွေအားလုံးကို သေချာပေါက် အနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။ သူတို့အနေနဲ့ ၀မ်သုန့်သာ စွမ်းအားကုန်ဆုံးသွားခဲ့မယ်ဆိုရင် ချက်ချင်းဆိုသလို ၀င်ပြီဆွဲရမယ်လို့သိနေခဲ့တယ်။ နောက်ဆုံးတော့လဲ လူသားတွေက ၀ိညာဥ်သားရဲကောင်တွေနဲ့ မတူညီပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖျက်ဆီးနိုင်စွမ်းက ကြီးမားပါတယ်။ ၀မ်သုန့်ရဲ့လေ့လာဆန်စစ်မှုက အခုမှစတင်တာပါ။ ဒါ့အပြင် သူကလဲ အဓိကတပည့်သားဖြစ်နေခဲ့မှန်း သိထားခဲ့ပြီးပါပြီ။ ဒါကြောင့် ဒီလိုအဓိကတပည့်သားမျိုးကို စာမေးပွဲစစ်ရင် မဆုံးရှုံးရစေဖို့လဲ အရေးကြီးပါတယ်။
၀က်၀ံအနေနဲ့ကတော့ လူသားတစ်ယောက်လိုမျိုး လမ်းလျှောက်နေပြန်ပါတော့တယ်။ ဖြေးညင်းရုံတင်မက ဒယိမ်းဒယိုင်လဲ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သွေးဆာနေတဲ့ မျက်၀န်းတွေကတော့ မပြောင်းလဲပါဘူး။ ၀မ်သုန့်နဲ့ မီတာသုံးဆယ်အကွာမှာ သူ့ရဲ့ရှေ့လက်တွေကို ရုတ်တရက်ချလိုက်ပါတော့တယ်။ လက်ရှိအချိန် ခြေလက်လေးဖက်စလုံးက မြေပြင်ကိုထိသွားခဲ့ပါပြီ။ ရုတ်တရက်အပြောင်းအလဲက ၀မ်သုန့်ကို လန့်သွားစေခဲ့ပါတယ်။ သူလဲချက်ချင်းဆိုသလို ရပ်တန့်လိုက်မိတယ်။ အဲ့ဒီနောက် မျှော်လင့်တကြီးနဲ့ဘေးဘက်မီတာအနည်းငယ်ဆီကို လျှောက်သွားခဲ့ပါပြီ။ ၀က်၀ံကလဲ ဘာမှဖြစ်မသွားခဲ့တဲ့အတိုင်း သူ့အနားကိုဖြည်းဖြည်းချင်း ကပ်လာနေခဲ့ပါတယ်။ အနီရောင်မျက်၀န်းတွေထဲမှာတောင် လှောင်ရယ်ချင်နေတဲ့ပုံရိပ်က အထင်သားပေါ်နေခဲ့တယ်။
နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်အနေနဲ့ သူက အသိဉာဏ်ရှိနေခဲ့ပါပြီ။ နှစ်တစ်သောင်းအထိကို ရောက်သွားခဲ့ရင်တော့ သူတို့ရဲ့ဉာဏ်ရည်က လူသားတွေလောက်နီးနီးကို ရှိလာမှာဖြစ်ပြီ လူသားတွေရဲ့အရှိန်နှုန်းအတိုင်း တုန့်ပြန်နိုင်တော့မှာပါ။
၀မ်သုန့်အနေနဲ့လဲ တစ်ဖက်၀က်၀ံရဲ့ပုံစံကြောင့် တခဏတာတွေဝေသွားပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ ၀က်၀ံက ရုတ်တရက်အရှိန်မြင့်လိုက်တယ်။ သူတစ်ကိုယ်လုံးသွေးနီရောင်အလင်းတန်းတွေက လွှမ်းခြုံလို့သွားခဲ့ပြီ တိမ်တိုက်တွေတိမ်စိုင်တွေလိုပုံစံမျိုးနဲ့ ပြေး၀င်လာပါတော့တယ်။ လှုပ်ရှားတာမြန်လွန်တာကြောင့် ဟို့ယွိဟောင် ရင်ဆိုင်ခဲ့တဲ့၀ံပုလွေတွေနဲ့တောင် ယှဥ်လို့ရနိုင်နေခဲ့တယ်။
ဒီလိုအရှိန်အ၀ါအပြောင်းအလဲက ခြေလက်လေးဖက်စလုံးကို အသုံးပြုမှသာ ဖြစ်ပေါ်လာခဲ့တာပါ။ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ဖြစ်နေခဲ့တာ မဆန်ပါဘူး။ သူ့ရဲ့အင်အားကတင် နှစ်တစ်ရာ၀ိညာဥ်သားရဲကောင်တွေ မယှဥ်နိုင်တဲ့အခြေအနေမှာ ရောက်နေခဲ့ပါပြီ။
အသက်ရှုချိန်နှစ်ကြိမ်အတွင်းမှာပဲ ၀မ်သုန့်နဲ့ မီတာသုံးဆယ်အကွာအဝေးကို သူက အများကြီးချုပ်ပြစ်လိုက်ပါတော့တယ်။ ၀မ်သုန့်အနေနဲ့လဲ နားလည်သွားပုံပါပဲ။ ဒါ့အပြင် ၀က်၀ံက သူ့ရဲ့လက်၀ါးကြီးတွေကို ဝှေ့ရမ်းရင်း သွေးနီရောင်အလင်းတန်းတွေနဲ့ ပြန်တိုက်ခိုက်ဖို့လုပ်နေခဲ့တယ်။
နှစ်ဖက်စလုံး ဖြည်းဖြည်းချင်းလှုပ်ရှားနေကထဲက စောင့်ကြည့်နေတဲ့ဒိုင်တွေကလဲ ဒီလိုမျိုးရုတ်တရက်တိုက်ခိုက်ချိန်မှာ မျက်မှောင်ကြုတ်သွားပါတော့တယ်။ သူတို့အနေနဲ့ ဒုတိယနှစ်၀ိညာဥ်အကြီးအကဲကို ကြုံတွေ့ရချိန်မှာတောင် အံ့ဩနေခဲ့တာပါ။ ဒါပေမယ့် တကယ်တိုက်ပွဲမှာ အတွေ့အကြုံက အရမ်းကို ဆိုးရွားလွန်နေပြီ ဒီလိုမျိုးအသုံးမ၀င်ပဲနဲ့ ထိတ်လန့်နေတာလား။
၀မ်သုန့်က ကြောက်လန့်နေတာလားမဟုတ်ပါဘူး။ ၀က်၀ံရဲ့လက်၀ါးကြီး သူ့ရှေ့ကိုရောက်လာတာ မြင်မြင်ချင်ခြေထောက်တစ်ဖက်ကို အသုံးပြုရင်း လှည့်ချလိုက်ပါတော့တယ်။ ၀က်၀ံရဲ့ရိုက်ချက်က သူ့ခန္ဓာကိုယ်နဲ့အရမ်းနီးကပ်လာချိန်မှာ ၀မ်သုန့်ကတော့ ၀က်၀ံရဲ့အနောက်ကို ရောက်သွားခဲ့ပါပြီ။
သူ့ရဲ့အတောင်ပံတွေကို အသုံးပြုရင်း ကြက်ခြေခတ်ပုံသဏ္ဍာန်နဲ့ ဆွဲဖြဲလိုက်ပါတော့တယ်။ ဒါ့အပြင် ၀က်၀ံရဲ့လည်ပင်းတည့်တည့်ကို ချိန်ရွယ်ထားခဲ့တာပါ။
ဒီသားရဲကောင်က ထူးခြားတဲ့သားရဲကောင်တစ်ကောင်ပါပဲ။ တစ်စုံတစ်ရာမှားယွင်းနေတာကို သိသိချင်ချက်ချင်းဆိုသလို သူ့ရဲ့အလင်းတန်းက အ၀ါရောင်အဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ အမွေးတွေကလဲ သံမဏိလိုမာကျောသွားခဲ့ပါပြီ။ ၀မ်သုန့်ရဲ့အတောင်ပံတွေအနေနဲ့ မာကျောတဲ့အမွေးကိုထိတွေ့ပြီးပြီချင် မီးပွားတွေက ဖြစ်ပေါ်လာပါတော့တယ်။
မြေကမ္ဘာအမျိုးအစား၀ိညာဥ်သားရဲကောင်နဲ့ ရင်ဆိုင်ရချိန်မှာ ဒီသားရဲကောင်တွေက အရမ်းကိုခုခံစစ်ကောင်းမွန်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အခြေအနေတွေကို တုန့်ပြန်တဲ့အနေအထားမှာ နှေးကွေးလို့နေခဲ့တယ်။ ၀မ်သုန့် ရင်ဆိုင်နေရတဲ့ ၀က်၀ံက သူ့ကိုစိတ်ပိုင်ဆိုင်ရာနည်းလမ်းအရအဓိက တိုက်ခိုက်တာပါ။ အဲ့ဒီနောက် အလစ်၀င်တိုက်ဖို့ပြင်ပါတော့တယ်။ အခုအချိန်မှာ အချိန်မီတုန့်ပြန်နိုင်ပေမဲ့ ၀မ်သုန့်က ဒီအတောင်ပံထဲမှာ အသားပိုင်းကြီးတစ်ခုကို ဖြတ်ထုတ်နိုင်ပါလိမ့်မယ်။
စိတ်ပိုင်ဆိုင်ရာတိုက်ခိုက်မှုက ရန်သူကို လှုပ်ရှားစေနိုင်မယ်ဆိုတာ ဘယ်သူမသိပဲနေနိုင်မှာလဲ။ ၀မ်သုန့်အနေနဲ့ ရယ်မောလိုက်မိပါတော့တယ်။ သူက သူရည်ရွယ်ထားတဲ့နေရာကို တိုက်ခိုက်ပေမဲ့ နောက်ထပ်ဆက်ပြီး မလှုပ်ရှားခဲ့ပါဘူး။ အတောင်ပံကိုခတ်လိုက်ရင်း ငါးမီတာအကွာကို ဆုတ်ခွာသွားပါတော့တယ်။ အဲ့ဒီနောက် ၀က်၀ံရဲ့အရူးလိုတိုက်ခိုက်မှုကို ရှောင်ရှားလိုက်တယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုမရှိပဲနဲ့တောင် သူ့အနေနဲ့ဒီ၀က်၀ံကို အနိုင်ယူဖို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကတော့ သွေးကြောတွေနဲ့ သေကွင်းသေကွက်နေရာတွေကို ကောင်းကောင်းကြီး ညွှန်ပြနေခဲ့တယ်။ ဒါ့အပြင်တိုက်ခိုက်မှုတွေကိုပါ နားလည်စေပါတယ်။ ဒါက အခွင့်အရေးကောင်းကြီးမဟုတ်ပါလား။
အမှန်တကယ်ပါပဲ ကြည့်နေတဲ့သူတွေအားလုံး ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုကြောင့် မျက်လုံးအပြူးဖြစ်သွားပါတော့တယ်။ ကျောင်းအုပ်ရန်ရှောင်ကျဲ့နဲ့ ညွှန်ကြားရေးမှုးသုဝေ့လွမ်လဲအတူတူပါပဲ။ ၀မ်သုန့်က ၀က်၀ံရဲ့တိုက်ခိုက်မှုအောက်မှာတောင် အရမ်းကိုတည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပြီ။ ပြိုင်ဘက်ရဲ့နည်းလမ်းကိုအသုံးပြုရင်း ပြိုင်ဘက်ရဲ့လည်ပင်းကိုတောင် ထိုးစိုက်ချခဲ့ပါတယ်။ သူ့ရဲ့တည်ငြိမ်တဲ့ပုံစံက ဒိုင်တွေကိုတောင် အထင်ကြီးသွားစေခဲ့တယ်။ ဒါ့အပြင် ဒိုင်တွေအနေနဲ့လဲ ဒီလောက်အထိ တိုက်ပွဲနည်းဗျူဟာမြင့်မားတဲ့ကျောင်းသားကို အတန်းကြီးတွေဆီမှာတောင် မမြင်ဖူးခဲ့တာအမှန်ပါ။
အပိုင်း ၅၁•၁ ပြီး၏။