အပိုင်း ၅၀•၃
” ဘိုးဘေးကြီးထန်စန်း ”
°°°
” ငါရဲ့အသိစိတ်က ဘယ်တော့မှမမှားဘူး ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဆက်ပြောလိုက်ပါတယ်။
” ဘာပဲဖြစ်ဖြစ်ပြောစရာမရှိတော့ရင် ဒီအစ်ကိုကြီးသွားအိမ်တော့မယ်..ကြိုးကြိုးစားစားဆက်ပြီလေ့ကျင့်လိုက်ဦး ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့စကားပြောပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာရှိတဲ့ သံသယတွေက ဖယ်ရှားပြီသားဖြစ်သွားပါတော့တယ်။ ဒီနေ့ကိစ္စတွေအများကြီးကို ကျော်ဖြတ်လာရပြီတဲ့နောက် သူ့ရဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုက တိုးတက်လာခဲ့ပါပြီ။ ဟို့ယွိဟောင်အံ့ဩစရာကောင်းလောက်အောင်ကြိုးစားလုပ်ဆောင်ခဲ့တဲ့ သတင်းတွေက ဆက်တိုက်ဆိုသလို အပြင်နယ်မြေတစ်ခွင်မှာပြန့်နှံ့လို့သွားပါတော့တယ်။ တချို့လူတွေရဲ့ဆက်တိုက်ဆိုသလို ချဲ့ကားပြောဆိုမှုအောက်မှာ အရှိန်အ၀ါတုပတဲ့စွမ်းရည်ကို အသုံးပြုခဲ့တယ်လို့ သတင်းတွေက ထွက်လာခဲ့တယ်။ ဒီလိုကြောင့်သာ သူ့ရဲ့ကိစ္စက အရမ်းဆူပူအုံကြွမသွားခဲ့တာပါ။
ဒုတိယနှစ်ကျောင်းသားတွေရဲ့ အဆင့်တက်တဲ့စာမေးပွဲက နှစ်ရက်တိတိ ရပ်ဆိုင်သွားခဲ့ပါတယ်။ ဒါ့အပြင် ကျိုးယိကလဲ ဆရာတွေရဲ့အစည်းဝေးပွဲပြီတဲ့နောက် ဟို့ယွိဟောင်ဆီကို သတင်းတချို့ယူလာခဲ့တယ်။ ဒီတစ်ကြိမ်မှာ သူ့အနေနဲ့ နောက်တစ်ခေါက်စာမေးပွဲပြန်ဖြေရမှာဖြစ်ပြီ အသွင်တူတုပတဲ့စွမ်းအားကိုလဲ အသုံးပြုခွင့်မရှိပါဘူး။ ဒါ့အပြင် စာမေးပွဲကို ဖြတ်ကျော်နိုင်ဖို့အတွက် အနှိမ့်ဆုံးအမှတ်ကိုပဲ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အမှတ်မြင့်မြင့်ရဖို့အတွက် အစွမ်းကုန်အင်အားသုံးဖို့တော့ မျှော်လင့်နေကြဆဲပါ။
သုဝေ့လွမ်အနေနဲ့လဲ အမှန်တရားကို တကယ်ပဲ လက်မခံနိုင်ဖြစ်နေဆဲပါပဲ။ အဆင့်တက်တဲ့စာမေးပွဲကြီးက ပြီးဆုံးသွားပြီတဲ့နောက် တခြားဆရာတွေက သူ့ကိုပြဿနာမရှာကြပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ အစည်းအဝေးပွဲလုပ်ပြီသူလဲ ကျောင်းအုပ်ကို ပြန်ရှာရပါတော့တယ်။ ရန်ရှောင်ကျဲ့ကတော့ သူ့ကိုအမိန့်တစ်ခုသာပေးပါတယ်။ ဟို့ယွိဟောင်ရဲ့သိုင်းပညာ၀ိညာဥ်ကို ရှင်းရှင်းလင်းလင်းသိရအောင်လုပ်ဖို့ပါ။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စွမ်းရည်ကိုပါသိရအောင် လုပ်ရပါလိမ့်မယ်။
°°°
” ဒုတိယသခင်လေး ဒါအရမ်းကို အန္တရာယ်များလွန်တယ်…အမျက်ဒေါသကျောင်းတော်က တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်ပါ ပညာရှင်တွေကလဲ ဒီနေရာမှာအများကြီးရှိပါတယ်…ဒီကျောင်းတော်တစ်ခုလုံးမှာရှိနေတဲ့ သော့်လော့တွေက ကျွန်တော်တို့တစ်နိုင်ငံလုံးထက်တောင် ပိုပြီး များနေသေးတယ် ..ကျောင်းတော်ထဲမှာ တစ်စုံတစ်ရာကိုသတ်တာက မြို့စားမင်းအတွက်တောင် မဖြစ်သင့်တဲ့ကိစ္စပါပဲ ”
” ဒါဆိုကျောင်းတော်ရဲ့အပြင်ဘက်မှာလုပ်ရင်ကော ”
” အကယ်၍ ကျောင်းတော်နဲ့ လုံလောက်အောင်ဝေးတဲ့နေရာမှာရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့ပြိုးစားကြည့်လို့ရပါတယ်..ဒုတိယသခင်လေး အခုစိတ်လျှော့ထားဖို့ လိုပါတယ်….အကယ်၍ နောက်ထပ်ဆက်ပြီးမတောင့်ခံနိုင်တော့ဘူးဆိုရင် ပထမသခင်လေးကို ညွှန်ကြားပြသခိုင်းလို့ရပါတယ် ”
” မလိုဘူး ဒီကိစ္စကို ငါတွေးပြီးပြီ ငါ့ရဲ့ဒေါသတွေကြောင့် တကယ်ပဲ စိတ်ထဲအမှောင်ဖုံးသွားခဲ့မိတယ်..နည်းလမ်းတစ်ခုကို ငါဘာသာငါ စဥ်းစားမယ်…အကယ်၍ ငါတကယ်ပဲ ဘာမှမလုပ်နိုင်ဘူးဆိုရင်တော့ ကျားဖြူမြို့စားမင်းရဲ့ အိမ်တော်ဂုဏ်သိက္ခာအတွက် သူတို့ကိုပါ ဆွဲချသွားရတာပေါ့ မင်းတို့လဲ ငါ့ကိုနောက်ထပ် မတားဆီးစေရဘူး ”
” အမိန့်အတိုင်းပါ ”
°°°
” အဲ့ဒီအဘိုးကြီး ရန်ရှောင်ကျဲ့ကတော့ သူ့ရုံးခန်းတစ်ခုလုံး ဒေါသမီးတွေနဲ့လောင်နေလောက်ပြီ ပျော်စရာကောင်းလိုက်တာ အရမ်းစိတ်ချမ်းသာရတာပဲ ”
ချင်းသောသောက သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့ အိပ်ရာကြီးပေါ် လှဲလှောင်နေခဲ့ရင်း တသိမ့်သိမ့်တုန်ခါတဲ့အထိ ရယ်မောနေခဲ့ပါတယ်။ တကယ်တော့ သူအိပ်တဲ့အိပ်ရာကြီးက ပုံမှန်အနေအထားမှာ လူသုံးယောက်လောက်ဆန့်တဲ့အိပ်ရာပါ လက်ရှိအချိန်မှာ သူတစ်ယောက်ထဲနဲ့ အိပ်ရာကပြည့်နေခဲ့ပါတယ်။ အရမ်းကိုကျေနပ်အားရနေတဲ့ ပုံပါပဲ။
ဖန်းယွီကတော့ မျက်နှာချင်ဆိုင်နေရာမှာ ထိုင်နေခဲ့ပြီ ပြောလာခဲ့ပါတယ်။
” ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ချင်း ”
သူကတကယ် ချင်းသောသောကို ကျေးဇူးတင်နေခဲ့တာပါ။ အချိန်ကိိုက်လှုပ်ရှားမှုလုပ်ပြီ ဟို့ယွိဟောင်ကို ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ဆီ အဓိကအကျဆုံးအချိန်မှာ ခေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ရန်ရှောင်ကျဲ့အနေနဲ့လဲ ဘာမှမလုပ်နိုင်တော့ပါဘူး။
ချင်းသောသောက လက်ဝှေ့ရမ်းလိုက်တယ်။
” ငါ့ကိုဘာတွေလာကျေးဇူးတင်နေတာလဲ ဒါငါတို့ကျောင်းတော်အတွက်ပဲလေ ဒါပေမယ့် အဲ့ဒီရန်ရှောင်ကျဲ့က အရမ်းကိုကောက်ကျစ်တဲ့ကောင် ငါတို့သေချာသတိထားမှရမယ်.”
” ဘယ်လိုများ သတိထားရမှာလဲ ယွိဟောင်က ကျွန်တော်တို့ရဲ့ အဓိကတပည့်သားဖြစ်နေပြီပဲလေ ”
” ဒီလိုတွေးလို့မရဘူး ငါအဲ့ဒီအဘိုးကြီးရန်ကို နားလည်လွန်တာ ဟိုဘက်ကမ်းတောင် လွန်သေးတယ်…သူက လွယ်လွယ်လေး လက်လျှော့တတ်တဲ့သူမဟုတ်ဘူး..ငါတို့ကို ခြိမ်းခြောက်မဲ့ကိစ္စ ဘာမှမလုပ်ပေမဲ့ လူတွေကိုဆွဲဆောင်တဲ့နေရာမှာ အရမ်းကိုတော်လွန်တယ်..သူ့ရဲ့အစွမ်းအစတွေနဲ့ ဆွဲဆောင်မှုတွေအောက်မှာ အရူးလုပ်မခံရအောင် ဟိုကလေးလေးကို သွားပြီပြောထားဦး ယွိဟောင်ကိုပြောလိုက် ငါတို့ရဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေက ရန်ရှောင်ကျဲ့ပေးသမျှအရာအားလုံး သူ့ကို ပေးနိုင်တယ်…အဲ့ဒီအဘိုးကြီးရန် ငါရထားတဲ့ အသားကိုလုံး၀လုယူနိုင်မယ်လို့ မယုံကြည်ဘူး..အမွှာ၀ိညာဥ်နှစ်ခုထဲ တကယ်ကို အဘိုးကြီးရန်တစ်ယောက် ဘယ်လောက်ဒေါသထွက်နေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ပျော်စရာကောင်းလိုက်တာ ”
” ကျောင်းအုပ်အနေနဲ့ စိုးရိမ်ဖို့မလိုပါဘူး…ကျွန်တော်ဒီကလေးနဲ့ သင်ကြားတာ အချိန်အတော်ကြာလာပြီတဲ့နောက် သူ့ကိုယုံကြည်ချက်အပြည့်ရှိပါတယ်..ကျွန်တော်အာမခံနိုင်တာ တစ်ခုထဲရှိတယ်…သူသာအဆင့်တစ်ဆင့်ရောက်တဲ့၀ိညာဥ်ပညာရှင်ဖြစ်လာခဲ့မယ်ဆိုရင် သေချာပေါက် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေထဲမှာ ထိပ်တန်းကိုရောက်လိမ့်မယ်…ငါးနှစ်အတွင်းမှာပဲ အပြင်နယ်မြေကနေ သင်ကြားတာမပြီးဆုံးခင် အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာအောင် ကျွန်တော်ကြိုးစားမှာပါ သူအတွင်းနယ်မြေထဲ၀င်ပြီတဲ့နောက် သူနဲ့ချိုက်ထို့နှစ်ယောက်စလုံးကို ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အတွက် ကျွန်တော်မွေးမြူးပေးမယ် ”
” ယွိဟောင် အခုပဲရထားတဲ့တုပတဲ့စွမ်းရည်က ငါတို့အစီအစဥ်အတွက် ကြီးမားတဲ့အနှောင့်အယှက်ကြီးတစ်ခုကို ဖယ်ရှားပေးလိုက်ပြီ ဒီစွမ်းရည်က တိုက်ခိုက်ရေးအတွက် သိပ်ပြီအသုံးမ၀င်ပေမဲ့ လူတစ်ယောက်ကိုယ့်ကိုကိုယ် ဖုံးကွယ်တဲ့နေရာမှာအကောင်းဆုံးပဲ ငါတို့ရဲ့အထက်မှာရှိနေတဲ့ မိုးကောင်းကင်ကြီးက ငါတို့ကျောင်းတော်အတွက်ကို တကယ်အများကြီးစဥ်းစားပေးတယ်..ယွိဟောင်က ပြောရမယ်ဆိုရင် ငါတို့ရဲ့ဒီပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အတွက် ဖြစ်တည်မွေးဖွားလာတဲ့သူ လုံး၀အမှန်ပဲ ”
“ဖန်းယွီ ငါတောင်းဆိုချက်တစ်ခုလုပ်ပြီးပြီ ဒီယွိဟောင်ဆိုတဲ့ကလေးက ငါတို့၀ိညာဥ်လက်နက်တည်ဆောက်တဲ့နေရာမှာ သူမတူအောင်ထူးခြားတဲ့ပါရမီကို ပိုင်ဆိုင်ထားတယ်..ဒါ့အပြင် ငါတို့အနေနဲ့လဲ သူတို့အများကြီး မကန့်သတ်သင့်ဘူး..ဟယ့်ချိုက်ထို့အနေနဲ့ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အတွက် ဆက်ပြီ မလေ့ကျင့်သင့်တော့ဘူးလို့ ငါခံစားရတယ်..အကယ်၍ ယွိဟောင်သာ ငါတို့မွေးမြူးပေးတဲ့ ပြိုင်ဘက်ကင်းစစ်သည်တော်ဖြစ်လာခဲ့မယ်ဆိုရင် ဟယ့်ချိုက်ထို့ကတော့ အဲ့ဒီစစ်သည်တော်ရဲ့ အစောင့်အကြပ်ဖြစ်ရမယ်..”
” ဒါပေမယ့် ကျောင်းအုပ်ဒီကိစ္စက အရမ်းကြီးအန္တရာယ်များလွန်တယ်မဟုတ်လား အကယ်၍ ကျွန်တော်တို့သာ ကျရှုံးသွားမယ်ဆိုရင် ”
ချင်းသောသောရဲ့မျက်နှာပေါ်မှာအပြုံးက ပျောက်ကွယ်သွားပါတော့တယ်။ သူဆက်ပြီးပြောလာခဲ့တယ်။
” ကျရှုံးတယ်ဆိုတာမျိုးမရှိစေရဘူး အကယ်၍ အမွှာ၀ိညာဥ်ကိုပိုင်ဆိုင်တဲ့သူက ငါတို့အစီအစဥ်ကို အောင်မြင်အောင်မလုပ်ပေးနိုင်ဘူးဆိုရင် ငါတို့ရဲ့အစီအစဥ်က သဲထဲရေသွန်းဖြစ်သွားပြီလို့ ပြောချင်တာပဲမဟုတ်လား အကယ်၍ ငါတို့သာ လူတစ်ယောက်ထဲကို အကုန်လုံးပုံအောပြီ ကြိုးစားလိုက်မယ်ဆိုရင် အောင်မြင်နိုင်ချေက ပိုပြီးများလိမ့်မယ် ”
ဖန်းယွီကတော့ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။
” ဒါကိုကျွန်တော်စဥ်းစားပါရစေဦး ကျွန်တော်အနေနဲ့ ဟယ့်ချိုက်ထို့ရဲ့အမြင်ကိုလဲ မေးဖို့လိုပါဦးမယ် ”
” ရတယ်လေ ဒီကိစ္စက အလောတကြီးမဟုတ်ပါဘူး..ကလေးတွေက ငယ်သေးတာပဲ ဒီတော့အခြေခံကောင်းကောင်းရှိလာအောင် လုပ်ရမှာပေါ့ ဒါပေမယ့် ဟို့ယွိဟောင် ဘယ်အချိန်လာမှာလဲ ”
” အခုက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ အဆင့်တက်တဲ့စာမေးပွဲကို ဖြေဆိုနေရတာပါ သူစာမေးပွဲဖြေပြီရင် ကျွန်တော်ခေါ်လာခဲ့ပါ့မယ်.”
” သူက ငါတို့ကျောင်းတော်ရဲ့အဓိကတပည့်သားဖြစ်နေခဲ့ပြီ စာမေးပွဲပြီရင် သူ့ကိုဒီဘက်ခေါ်လာပြီ ငါတို့ရဲ့စာမေးပွဲလဲဖြေခိုင်းလိုက် သူတိုက်ခိုက်ရေးစွမ်းရည်ကို ငါကြည့်ချင်တယ် ”
” ကောင်းပါပြီ ”
ဖန်းယွီက ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေလာခဲ့တယ်။ သူ့ရဲ့တပည့်သားအပေါ် ယုံကြည်ချက်အပြည့်ရှိနေခဲ့တယ်။
နှစ်ရက်ကြာပြီတဲ့နောက် သားရဲကောင်တိုက်ခိုက်ရေးနယ်မြေအပြင်ဘက်မှာ ဟို့ယွိဟောင်တို့ရှိနေခဲ့ပါတယ်။
” ဟို့ယွိဟောင် မင်းနောက်တစ်ခေါက် လောင်းကြေးထပ်၀ံ့လား ”
ထိုက်ဟွပင်းက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လမ်းကို လာပိတ်ပါတော့တယ်။
ဟို့ယွိဟောင်ပြောတာမစောင့်ပဲ ၀မ်သုန့်က ချက်ချင်း၀င်ပြောတော့တယ်။
” ဘာလဲ မင်းလက်မခံနိုင်ဘူးလား ယွိဟောင်က သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေကို ကန့်သတ်ခံလိုက်တာသိလို့ မင်းဒီလိုလာပြီ ပြော၀ံ့တယ်လား အရှုံးကအရှုံးပဲ မင်းရဲ့မျက်နှာပေါ်က အမာရွတ်ကိုကြည့်တိုင်း ရမဲ့နာကျင်မှုကို မေ့သွားပြီလား ဪ ဒါနဲ့မင်းအနေနဲ့ ဦးညွတ်ပြီ မှားတာကို တောင်းပန်ခဲ့ပြီးပြီလေ ”
ထိုက်ဟွပင်းရဲ့မျက်လုံးထဲမှာ အလင်းတန်းတွေက တောက်ပလာပါတော့တယ်။
” အခွင့်အရေးကိုရယူတာက ဘာများမှားလို့လဲ ငါတို့ရှုံးတာ ငါတို့၀န်ခံတယ်…မင်းတို့ငါနဲ့နောက်တစ်ခေါက်လောင်းကြေးထပ်၀ံ့မလားဆိုတာပဲ သိချင်နေတာ ဒါပေမယ့် မင်းတို့နှစ်ယောက်နဲ့ ငါတစ်ယောက်ထဲ ယှဥ်ပြိုင်မယ်…ဒါ့အပြင် ငါ့ရဲ့အမှတ်ကမင်းတို့နှစ်ယောက်ထက်ကို ကျော်လွန်စေရမယ်လို့လောင်းမယ် ”
သူပြောချိန်မှာ ၀မ်သုန့်က ချက်ချင်းဆိုသလို မျက်ခုံးပင့်သွားခဲ့ပါတယ်။
” ထိုက်ဟွပင်း မင်းကတကယ်ကို မောက်မာလွန်တာပဲ ”
ထိုက်ဟွပင်းက ဆက်ပြောလာခဲ့တယ်။
” မင်းလုပ်၀ံ့လား မလုပ်၀ံ့ဘူးလား ”
” မင်းဒီလိုလောင်းကြေးထပ်ချင်ပြီဆိုမှတော့ ငါလောင်းကြေးထပ်ရမှာပေါ့ အရင်တုန်းကအတိုင်းအတူတူ ရှုံးတဲ့သူက ၀ပ်တွားဦးချပြီ မှားတဲ့အကြောင်းပြောရမယ်…ဒီတစ်ကြိမ်မှာတော့ သုံးကြိမ်တိတိ ဦးချရမှာ ”
ထိုက်ဟွပင်းက ဟို့ယွိဟောင်ကို ပြန်လှည့်ကြည့်လိုက်ပါတယ်။
” မင်းရောဘယ်လိုလဲ ”
” မင်းတို့နှစ်ယောက်က ပြောပြီးပြီဆိုမှတော့ ငါလဲလက်ခံရတာပေါ့ ”
ထိုက်ဟွပင်းလဲ မျက်မှောင်ကြုတ်သွားပါတော့တယ်။ သူတို့နှစ်ယောက်ကိုကြည့်ရင်း အေးစက်တဲ့အကြည့်နဲ့ လှည့်ထွက်သွားတော့တယ်။
၀မ်သုန့်ကတော့ ထိုက်ဟွပင်းထွက်သွားတာကိုကြည့်ရင်း ရယ်မောပါတယ်။ အဲ့ဒီနောက် ခပ်တိုးတိုးအသံနဲ့အတူ ဟို့ယွိဟောင်ကို ပြောလာခဲ့တယ်။
” သေချာပေါက် မင်းခန့်မှန်းထားတဲ့အတိုင်းပဲ ဒီကောင်စုတ်က တကယ်ကို ခြေလက်တွေရှည်ပေမဲ့ ဦးနှောက်တော့မရှိရှာဘူး..လက်စားချေဖို့အတွက်နဲ့ ဒီလိုလောင်းကြေးထပ်၀ံ့တယ်..ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးလွန်ပြီ ငါတို့ကို အထင်သေးလွန်နေလိုက်တာ ”
ဟို့ယွိဟောင်က ပြောနေခဲ့ပါတယ်။
” တကယ်တော့ သူက ငါတို့ကို အထင်သေးနေတာမဟုတ်ဘူး..ငါတို့မှာက သူများတွေမသိတဲ့ လျှို့၀ှက်ချက်တွေ ပိုများနေရုံပဲ အကယ်၍ သူက ပုံမှန်အနေအထားအရ ဆုံးဖြတ်ချက်ရမယ်ဆိုရင် သူ့အနေနဲ့ ငါတို့ အရူးလုပ်တာကို ခံရမှာအမှန်ပဲ ”
ဟောင်သုန့်စွမ်းအားက သူတို့နှစ်ယောက်စလုံးရဲ့အကြီးမားဆုံးလျှို့၀ှက်ချက်ပါပဲ။ ဟောင်သုန့်စွမ်းအားမရှိပဲနဲ့ သူတို့ရဲ့ကျင့်ကြံဆင့်ကိုအမြင့်ဆုံး မြင့်တင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဟို့ယွိဟောင်အနေနဲ့လဲ သိုင်းပညာ၀ိညာဥ်နှစ်ခုအပြင် ၀ိညာဥ်အရိုးတစ်ခုနဲ့ ၀ိညာဥ်စက်ကွင်းတွေလဲ ရှိနေခဲ့ပါသေးတယ်။ ဒါက တခြားသူတွေသိတဲ့အရာမဟုတ်ပါဘူး။
ဒါ့အပြင် သူမှာပိုပြီးကြီးမားတဲ့ လျှို့၀ှက်ချက်ကြီးလဲ ရှိနေခဲ့ပါသေးတယ်။ ဆရာတွေတောင်မသိတဲ့အရာပါ။
အစောပိုင်းမနက်မှာ ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားကို စမ်းသပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် နှစ်ရက်တိတိ ဆက်တိုက်ဆိုသလို လေ့ကျင့်ရင်း ကြောက်စရာကောင်းလောက်အောင် တိုးတက်လာခဲ့ပါပြီ။ အဆုံးသတ်မှာတော့ သူလဲမနက်ခင်း မနက်စာစားပြီ စမ်းသပ်ချက်ကြောင့် အံ့ဩသွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားက အဆင့်နှစ်ဆယ့်ခြောက်ကို ရောက်ရှိနေလို့ပါ။
ဟို့ယွိဟောင်အနေနဲ့ ကျောင်းတော်ကို၀င်ရောက်ချိန်မှာ အဆင့်ဆယ့်သုံးသာရှိပါသေးတယ်။ တစ်နှစ်ကြာပြီတဲ့နောက် အဆင့်နှစ်ဆယ့်ခြောက်ကို ရောက်နေခဲ့ပါပြီ။ ကျောင်းတော်တစ်ခုလုံးမှာ သူ့ရဲ့ စွမ်းအားခုန်တက်မှုက အံ့ဩစရာအကောင်းဆုံးပါပဲ။
ဒါ့အပြင် ၀ိညာဥ်စွမ်းအားတွေကိုက အရေအတွက်တွေသတ်မှတ်တဲ့အချိန်မှာ ရိုးရှင်းတဲ့နံပါတ်တွေပဲ အသုံးပြုတာမဟုတ်ပါဘူး။ ၀ိညာဥ်စွမ်းအားက သုံးညကနေ ဆယ့်သုံးအထိ တစ်ခုထဲလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ အဆင့်ဆယ့်သုံးကနေ နှစ်ဆယ့်ခြောက်အထိကို ခုန်တက်ဖို့က အနည်းဆုံးယူနစ်ငါးခုအထိကို လိုအပ်မှာပါ။ နောက်တစ်နည်းအရပြောရမယ်ဆိုရင် တစ်နှစ်အတွင်း ငါးဆတိတိ အားကောင်းလာခဲ့ပါပြီ။ တကယ်ကို မယုံနိုင်စရာပါပဲ။
အတန်းနံပါတ်တစ်ရဲ့ကျောင်းသားတွေထဲမှာ သူ့ရဲ့၀ိညာဥ်စွမ်းအားက ထိပ်တန်းဆယ့်ယောက်ထဲကို ၀င်ရောက်သွားပါတော့တယ်။ ဒါပေမယ့် ၀မ်သုန့်တစ်ယောက်သာ ဒီလျှို့၀ှက်ချက်ကိုသိနေခဲ့တယ်။ ၀မ်သုန့်ကလဲ သူ့ကိုလျှို့၀ှက်ချက်တွေ ပြောပြခဲ့ပါပြီ။ ဒါ့အပြင် တစ်ခုထဲတောင်မဟုတ်ပါဘူးအများကြီးပါပဲ။
သူတို့ရဲ့တိုးတက်မှုက တူညီနေခဲ့တယ်။ သုဝေ့လွမ်အနေနဲ့ နောက်တစ်ကြိမ်စာမေးပွဲကို လာပြီကြည့်ရှု့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သုဝေ့လွမ်တင်မကပဲ ကျောင်းအုပ်ကိုယ်တိုင်ရောက်ရှိလာခဲ့တဲ့အတွက် အားလုံးမျက်လုံးပြူးသွားခဲ့ရတယ်။ ဒါ့အပြင် သူ့ကိုယ်တိုင်ကိုယ်က သုဝေ့လွမ်ရဲ့နေရာဖြစ်တဲ့ အဓိကကြီးကြပ်သူနေရာမှာ နေရာယူထားလိုက်တာပါ။ ကျောင်းအုပ်ရန်ရှောင်ကျဲ့ကိုယ်တိုင် တကယ်ပဲ သူတို့ကို အကဲဖြတ်မှာဖြစ်ပါတယ်။
အတန်းငယ်တွေရဲ့ အတန်းတင်စာမေးပွဲကို အပြင်နယ်မြေရဲ့ဆရာတွေကသာ အဓိကလုပ်ဆောင်တာဖြစ်ပါတယ်။ ဘယ်လိုအရာကများ ကျောင်းအုပ်ကိုရောက်လာစေတာလဲ ဒါ့အပြင် ဘယ်သူကမှလဲ မထင်မှတ်ထားခဲ့မိတဲ့ အရာကတော့ ရန်ရှောင်ကျဲ့ဒီကိုလာတာ လူတစ်ယောက်ထဲအတွက်ပါ။
သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ကျောင်းအုပ်အနေနဲ့ ရန်ရှောင်ကျဲ့က အရမ်းကိုမြင့်မားတဲ့ရာထူးတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူက ဘယ်နိုင်ငံတော်မဆို ခြိမ်းခြောက်နိုင်တဲ့သူပါ ဒါ့အပြင် အကြံပေးပုဂ္ဂိုလ်အဖြစ်လဲ မြင့်မားတဲ့ဂုဏ်ထူးတွေကိုရရှိပါတယ်။ ရန်ရှောင်ကျဲ့အနေနဲ့ အမြဲတမ်းကျောင်းတော်ထဲမှာသာနေပြီ အထူးချွန်ဆုံးပညာရှင်တွေကို ကိုယ်တိုင်မွေးမြူးရင်း ကြီးကြပ်လေ့ရှိတယ်။ ဒါ့အပြင် ကျောင်းတော်ကို ပိုပြီးအားကောင်းလာအောင် သူက အဓိကလုပ်ဆောင်ပေးတဲ့သူပါ။
တခြားသူတွေရဲ့အမြင်အရ ဘယ်ကျောင်းသားကမှသူ့ကို လူကိုယ်တိုင်လာရောက်စေဖို့အတွက် လုံလောက်တဲ့အောင်မြင်မှုမရှိခဲ့ပါဘူး။ ရန်ရှောင်ကျဲ့ရဲ့အမြင်မှာတော့ ဒါကတကယ်ကို တန်ကြေးရှိတဲ့အရာပါ။ အရမ်းကိုမြင်ရခဲတဲ့အမွှာ၀ိညာဥ်ပညာရှင်တွေ ဒီမှာရှိနေပါတယ်။
သူလာတာ အရမ်းကိုစောလွန်းလှပါတယ်။ စာမေးပွဲမတိုင်းခင်ကထဲက သားရဲကောင်ဘုရင်ကုန်ချန်းလုံကို သွားတွေ့ရင်း စကားပြောခဲ့တယ်။ ကုန်ချန်းလုံက ဟို့ယွိဟောင်ရဲ့ သိုင်းပညာ၀ိညာဥ်ကို လုံး၀မပြောပြပေမဲ့ သူပြောပြလိုက်တဲ့အဆုံးစွန်း အန္တိမဆိုတဲ့စကားက ရန်ရှောင်ကျဲ့ကို လှုပ်ရှားစေခဲ့တယ်။ ရန်ရှောင်ကျဲ့ရဲ့ယုံကြည်ချက်ကတော့ ပိုမိုမြင့်မားလို့လာခဲ့ပါပြီ။ သူ့ရဲ့စိတ်ထဲမှာတော့ အစီအစဥ်တွေက အပြည့်အ၀ရှိနေခဲ့ပါတယ်။
ကျောင်းရဲ့စာမေးပွဲနယ်မြေထဲ၀င်လာနေတဲ့ ကျောင်းသားတွေကိုကြည့်ရင်း ပြုံးနေခဲ့တယ်။
” ချင်းသောသော ချင်းသောသော မင်းတို့နဲ့ငါရဲ့ ပြိုင်ပွဲမှာ ဘယ်သူကနောက်ဆုံးမှာ ရယ်နိုင်မလဲကြည့်ကြသေးတာပေါ့ ”
အပိုင်း ၅၀•၃ ပြီး၏။