အပိုင်း ၅၀•၂
” ဘိုးဘေးကြီးထန်စန်း ”
°°°
ကျောင်းတော်ထဲမှာရှိရှိသမျှ ကျောင်းသားတွေထဲ ၀မ်သုန့်တစ်ယောက်ရဲ့ မျက်နှာကသာဖိအားအနည်းဆုံးဖြစ်နေခဲ့ပါတယ်။ သူက ဟို့ယွိဟောင်နဲ့အရမ်းကို ရင်းနှီးတဲ့သူဖြစ်ပြီ သူတို့နှစ်ယောက်က သိုင်းပညာ၀ိညာဥ်တွေကို ပေါင်းစည်းလို့ထားခဲ့တာပါ။ ဒါကြောင့် ဟို့ယွိဟောင် ဘယ်လိုစွမ်းရည်ပဲအသုံးပြုပါစေ သူ့အနေနဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ မခံစားရပါဘူး။ ၀မ်ယန်ရဲ့စကားတွေကို ကြားချိန်မှာတော့ သူမေးလိုက်ပါတော့တယ်။
” ဆရာ၀မ် နတ်ဘုရားအဆင့်ရဲ့အရောင်က ဘာအရောင်လဲ ”
၀မ်ယန် ပြန်ဖြေလိုက်ပါတယ်။
” ငါလဲသေချာမသိဘူး သမိုင်းမှတ်တမ်းတွေအရတော့ ဘိုးဘေးကြီးထန်စန်းရဲ့ ကိုးခုမြောက်၀ိညာဥ်စက်ကွင်းက ရွှေရောင်နဲ့အပြာရောင်ရောစပ်ထားတယ်တဲ့ သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က ကောင်းကင်ဖြိုခွင်တူ ဒါကြောင့် ကိုးခုမြောက်စက်ကွင်းမှာလဲ မတူညီတဲ့အရောင်ရှိတယ်…အဲ့ဒါကတော့ ရွှေရောင်ရင့်ရင့်ပဲ ဒါ့အပြင် နတ်ဘုရားအဆင့်၀ိညာဥ်စက်ကွင်းလဲ ဖြစ်နိုင်ချေများပါတယ်…ဒီအရာကို အခြေခံပြီတော့ ငါတို့တွက်ချက်ထားနိုင်တဲ့အရာက နတ်ဘုရားအဆင့်၀ိညာဥ်စက်ကွင်းတွေအားလုံးမှာ မတူညီပဲပြိုင်ဘက်ကင်းတဲ့ ရုပ်သွင်တွေရှိလိမ့်မယ်.”
၀မ်သုန့်က မေးလိုက်ပါတယ်။
” ဆယ့်ခုမြောက်၀ိညာဥ်စက်ကွင်းက နတ်ဘုရား၀ိညာဥ်စက်ကွင်းဖြစ်နိုင်တယ်လို့ ဆရာပြောခဲ့တယ်မဟုတ်လား ဘိုးဘေးကြီးထန်စန်းရဲ့ ကိုးခုမြောက်စက်ကွင်းကရော ဘယ်လိုလုပ်နတ်ဘုရားအဆင့်ရောက်သွားနိုင်တာလဲ ”
၀မ်ယန်က ပြုံးပြရင်းပြောလိုက်ပါတယ်။
” ပထမဆုံးအနေနဲ့ ဒဏ္ဍာရီလား ၀ိညာဥ်သားရဲကောင်တစ်ကောင်အကြောင်းကို ငါတို့ပြောရလိမ့်မယ်..ကျောင်းတော်ထဲက ဆရာတွေထဲမှာတောင် တချို့တလေကပဲ ဒီလျှို့၀ှက်ချက်ကို သိတာ..ဒဏ္ဍာရီလား ၀ိညာဥ်သားရဲကောင်က ပင်လယ်နတ် နတ်ဆိုးဝေလငါး ဧကရာဇ်လို့ခေါ်တယ်…ဒါ့အပြင် သူ့ရဲ့ကျင့်ကြံဆင့်က နှစ်ပေါင်းတစ်သန်းနီးပါးကို ရှိနေခဲ့ပြီ ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့များ သူက နှစ်ပေါင်းတစ်သန်းကို ကျော်လွန်သွားလဲဆိုတာ မသိရဘူး..ဒါ့အပြင် ငါတို့ရဲ့ သမိုင်းမှတ်တမ်းတွေအရ ဘိုးဘေးကြီးထန်စန်းအနေနဲ့ သူကို ၀ိညာဥ်စက်ကွင်းအဖြစ်စုပ်ယူရင်း ခန္ဓာကိုယ်နဲ့ ပေါင်းစည်းခဲ့တယ်… ဒါ့အပြင် သူ့ရဲ့ ရရှိလာတဲ့၀ိညာဥ်စက်ကွင်းအရောင်က ရွှေရောင်ရင့်ရင့်ဖြစ်သွားခဲ့တယ်တဲ့ ဘိုးဘေးကြီးထန်စန်းအနေနဲ့လဲ အဲ့ဒီအခြေအနေမှာ သူ့ရဲ့ကျင့်ကြံဆင့်က အဆုံးစွန်းအထိ တိုးတက်သွားပြီးပြီ ဒါကြောင့် ပြောရမယ်ဆိုရင် ၀ိညာဥ်စွမ်းအားက အဆင့်တစ်ရာကို ရောက်ရှိသွားပြီဖြစ်တာကြောင့် နတ်ဘုရားတစ်ပါးဖြစ်လာခဲ့တယ်…သူ့ရဲ့မူလသိုင်းပညာ၀ိညာဥ်လဲ ဆယ့်ခုမြောက်၀ိညာဥ်စက်ကွင်းကို ရသွားခဲ့တယ် ”
၀မ်ယန် ဒါကိုပြောပြီချိန်မှာပဲ ဟို့ယွိဟောင်ရဲ့အကြည့်က တွေဝေသွားပါတော့တယ်။ နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းတွေက အတိတ်အချိန်မှာ ပေါ်ထွက်လာခဲ့ဖူးတဲ့ အကြောင်းကိုကြားတဲ့အတွက် သူအတော်လေးကို ဘာပြောရမယ်မှန်းမသိ ဖြစ်သွားခဲ့ရတာပါ။
ဒီတစ်ကြိမ်မှာ စိတ်မထိန်းနိုင်ပဲ မေးလိုက်မိပါတော့တယ်။
” ဆရာ၀မ် ပင်လယ်နတ် နတ်ဆိုးဝေလငါးဧကရာဇ်က တကယ်ပဲ နှစ်တစ်သန်းအထိကို တကယ်ပဲရောက်ရှိခဲ့တာလား ”
၀မ်ယန်က ခေါင်းခါလိုက်ပါတယ်။
” တကယ်ဖြစ်ခဲ့တဲ့ကိစ္စတွေက ပိုပြီး ရှုပ်ထွေးတယ်…ငါတို့တွေ နှစ်ပေါင်းသောင်းနဲ့ချီပြီ လေ့လာခဲ့တာအရ ၀ိညာဥ်သားရဲကောင်တွေရဲ့ မူလသက်တမ်းက နှစ်ပေါင်းတစ်သိန်းနဲ့အထက် ရှိနိုင်တာအလွန်ဆုံးပဲ သူတို့တွေ အဲ့ဒီသက်တမ်းကို ရောက်သွားပြီတဲ့အချိန်မှာ မိုးကောင်းကင်က ချမှတ်တဲ့ကပ်ဆိုးတွေကို ဖြတ်သန်းကြရတယ်..သူတို့တွေအနေနဲ့ အဲ့ဒီအကန့်အသတ်ကို ဖြတ်ကျော်မလား လူသားအဖြစ်ပြောင်းလဲမလားဆိုတဲ့ ရွေးချယ်မှုကို လုပ်ရတယ်….အစောပိုင်းမှာ ငါပြောခဲ့သလိုပဲ သက်တမ်းအတိုင်းအတာတစ်ခုအထိကို ဖြတ်ကျော်သွားတဲ့ ၀ိညာဥ်သားရဲကောင်တွေကို ထူးကဲသာလွန်တဲ့၀ိညာဥ်သားရဲကောင်တွေလို့ ခေါ်ဆိုကြတယ်…ဒါပေမယ့် အားလုံးကလဲ သူတို့ရဲ့သက်တမ်းနှစ်တစ်သိန်းပြည့်တဲ့အချိန်မှာ ကပ်ဆိုးတွေကို ဖြတ်ကျော်ရတယ်…အဲ့ဒီကပ်ဆိုးဆယ့်ခုကို ဖြတ်ကျော်ပြီသွားရင်း နတ်ဘုရားတစ်ပါးနဲ့ အလားတူတဲ့ဖြစ်တည်မှုကို ရောက်ရှိသွားပြီ ရွှေရောင်ဂိတ်တံခါးကို ဖြတ်ကျော်ပြီ ငါးကြင်ကနေ နဂါးဖြစ်သွားတဲ့ပုံပြင်လိုပေါ့ သူတို့တွေလဲ နတ်ဘုရားတွေ ဖြစ်လာနိုင်တယ်..ဒါပေမယ့် ငါသိလောက်အရဆိုရင် ဘယ်၀ိညာဥ်သားရဲကောင်ကမှ အဲ့ဒီအဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ဘူး…ငါအခုပြောပြနေတဲ့ ပင်လယ်နတ် နတ်ဆိုးဝေလငါးဧကရာဇ်လဲ ချွင်းချက်မရှိဘူး..ဒါကြောင့်မလို့ နှစ်ပေါင်းတစ်သန်းကို ရောက်ရှိနိုင်မလားဆိုတာက လက်ရှိအချိန်အထိ ပဟေဠိတစ်ခုဖြစ်နေတုန်းပဲ ဒါပေါ့ နတ်ဘုရားတစ်ပါးက အဲ့ဒီလိုကြောက်စရာကောင်းတဲ့ ထူးကဲသာလွန်၀ိညာဥ်သားရဲကောင်တွေကို အညံ့ခံစေဖို့အတွက် ဖိအားပေးနိုင်တယ်…အကယ်၍ ဘိုးဘေးကြီးထန်စန်းလိုမျိုး စွမ်းအားအများကြီးသာမရှိခဲ့ဘူးဆိုရင် ထူးကဲသာလွန်တဲ့၀ိညာဥ်သားရဲကောင်ကို သတ်နိုင်မယ်ဆိုရင်တောင် သူ့ရဲ့၀ိညာဥ်အရိုးနဲ့ ၀ိညာဥ်စက်ကွင်းတွေကို စုပ်ယူနိုင်မှာမဟုတ်ဘူး ”
ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။
” ဆရာ၀မ် ဘိုးဘေးကြီးထန်စန်း နတ်ဘုရားဖြစ်မလာခင်အချိန်နဲ့ ကျွန်တော်တို့ရဲ့လောကကြီးကို ထွက်မသွားခင်အချိန်မှာ သူ့ရဲ့သိုင်းပညာ၀ိညာဥ်တွေက အပြာရောင်ငွေဧကရာဇ်နဲ့ ကောင်းကင်ဖြိုခွင်တူအပြင် ထပ်ရှိသေးလား ”
၀မ်ယန်က ခေါင်းခါလိုက်ပါတယ်။
” နောက်ထပ် ထပ်မရှိလောက်တော့ဘူး…ဘိုးဘေးကြီးထန်စန်းအနေနဲ့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲကို သိုင်းပညာ၀ိညာဥ်ခန်းမကြီးထဲမှာတိုက်ခိုက်ခဲ့တယ် .သူရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်နှစ်ယောက်စလုံးကလဲ နတ်ဘုရားအဆင့်ပညာရှင်တွေကြီးပဲ သမိုင်းမှတ်တမ်းတွေအရ ဘိုးဘေးကြီးထန်စန်းမှာ သိုင်းပညာ၀ိညာဥ်သုံးခုရှိတယ်ဆိုတာမျိုး မရှိခဲ့ဖူးဘူး ယွိဟောင် မင်းဘာကြောင့် ဒီလိုမျိုးမေးရတာလဲ ”
ဟို့ယွိဟောင်က ခေါင်းကုတ်လိုက်ပါတယ်။၊
” ကျွန်တော်စိတ်ထဲမှာ ဒီအတိုင်းတွေးမိလို့ပါ နတ်ဘုရားအဆင့်ဆိုတာက ကျွန်တော်တို့နဲ့ အလှမ်းဝေးလွန်တယ်လေ ဒါကြောင့် အကယ်၍ နတ်ဘုရားအဆင့်ကို ရောက်ပြီဆိုရင် တတိယသိုင်းပညာ၀ိညာဥ်ကို ရနိုင်မလားလို့ သိချင်မိတာပါ ”
၀မ်ယန်က ပြုံးပြလိုက်ပါတယ်။
” မင်းတွေးခေါ်တတ်တဲ့ပုံစံက အတော်လေးကောင်းတယ်..ငါတို့ရဲ့ သိုင်းပညာ၀ိညာဥ်နယ်ပယ်တွေကို ဒီလောက်လေ့လာနေတာက သူတို့ရဲ့လျှို့၀ှက်ချက်တွေကို ပိုသိချင်လို့ပဲ ဒါ့အပြင် ရဲရင့်ပြီခိုင်မာတဲ့အတွေးတစ်ခုပေါ်လာတာနဲ့ သူတို့တွေအားလုံးကို သေချာပေါက် ဂရုတစိုက်နဲ့အတည်ပြုရတယ်…ကောင်းပြီ ရနားလိုက်ကြစို့ ”
သူ့ရဲ့နောက်ဆုံးစကားက ဟို့ယွိဟောင်ကို ရည်ရွယ်တာပါ တခြားကျောင်းသားတွေအားလုံးလဲ ခန္ဓာကိုယ်တွေ သက်သောက်သက်သောက်ဖြစ်သွားပါတော့တယ်။ ခန္ဓာကိုယ်ထဲက ၀ိညာဥ်စွမ်းအားတွေကလဲ ပြင်းပြင်းထန်ထန်လှုပ်ရှားလာခဲ့ကြပါပြီ။ ဒါ့အပြင် သူတို့တွေ သက်သောက်သက်သာပြန်ဖြစ်သွားကြပါတော့တယ်။ ဟို့ယွိဟောင် ဖန်တီးထားတဲ့ဖိအားတွေက နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းနှစ်ကွင်းဖြစ်နေခဲ့တာကြောင့် သူတို့အတွက် အတော်ကို ဖိအားများခဲ့ပါတယ်။
၀မ်ယန်အနေနဲ့လဲ ကျောင်းသားတွေ၀န်ပေါ့သွားတဲ့ပုံစံကို မြင်ချိန်မှာ ပြုံးလိုက်တယ်။
” ၀ိညာဥ်သားရဲကောင်တစ်ကောင်ထုတ်လွှတ်တဲ့ မိုက်ရူးရဲဆန်တဲ့အရှိန်အ၀ါတွေနဲ့ ဖိအားတွေက မင်းရဲ့၀ိညာဥ်တုပနိုင်တဲ့ပုံစံမှာနှစ်မျိုးရှိနေတာ တကယ်ကောင်းတာပဲ မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားကသာ လုံလောက်အောင်တည်ငြိမ်မယ်ဆိုရင် ပင်လယ်ကြီးရဲ့လှိုင်းတွေ ၀ါးမြိုမယ်ဆိုရင်တောင် ကြံ့ကြံ့ခံပြီ ရပ်တည်နိုင်လိမ့်မယ်..ဘယ်လောက်ပဲ ပြင်းထန်တဲ့ဖိအားပဲဖြစ်ပါစေ မင်းကိုတုန်လှုပ်စေနိုင်မှာမဟုတ်ဘူး..ယွိဟောင်ထုတ်လွှတ်တဲ့ ဖိအားတွေကို မင်းတို့ရဲ့စိတ်ထဲမှာအမြဲတမ်းမှတ်သားထားပြီ ဆင်ခြင်နေကြ အစောပိုင်းတုန်းက မင်းတို့ရဲ့ စိတ်တွေကို ငါ့ရဲ့ပုံပြင်ကဆွဲဆောင်သွားလို့သာ ပြင်းထန်တဲ့ဖိအားက လုံး၀လျော့ကြသွားတာ အခုတော့ပြန်ပြီနားလိုက်ကြဦး စာမေးပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားမှရမယ်…မနက်ဖြန်ဒီအတိုင်းပဲဆက်ပြီ လေ့ကျင့်မယ်.”
ဟို့ယွိဟောင် အပါအ၀င် အတန်းထဲမှာရှိရှိသမျှ ကျောင်းသားတွေအားလုံးက ၀မ်ယန်ကို လေးစားတဲ့အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။ တကယ်တော့ ကျိုးယိတောင် အတွေးအခေါ်ပိုင်းမှာ ၀မ်ယန်လိုလူမျိုးကို မယှဥ်နိုင်ခဲ့တာအမှန်ပါပဲ။ ဒါပေမယ့် ကျိုးယိကတော့ သူ့ရဲ့ကျောင်းသားတွေကို ထိန်းချုပ်တဲ့နေရာမှာ ပိုပြီးတော့တော်ပါတယ်။ သူတို့နှစ်ယောက်စလုံး အတန်းကို ကိုင်တွယ်ထိန်းချုပ်တဲ့အချိန်မှာ တစ်ဖက်နဲ့တစ်ဖက်က လိုက်ဖက်ညီနေခဲ့တယ်။ အနည်းဆုံးတော့ အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေအားလုံးက မနှစ်ကထက်ပိုပြီး အရည်အသွေးပြည့်မီလာခဲ့ပါပြီ။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ ပညာရှင်တွေလဲ ဖြစ်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာ ညစာစားချိန်ကို ရောက်ဖို့အတွက်အချိန်လိုပါသေးတယ်။ ဒါကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ အခန်းကိုပြန်ပို့ ဆုံးဖြတ်လိုက်ကြတယ်။ ဟို့ယွိဟောင်လဲ ခန္ဓာကိုယ်အခြေအနေ ပြန်လည်ကောင်းမွန်သွားတာကြောင့် သူတို့တွေ ရောက်လာတာနဲ့ လေ့ကျင့်ကြပါပြီ။
ဟို့ယွိဟောင်အနေနဲ့ ဒီနေ့အများကြီးကြိုးစားဖို့ စိတ်ကူးမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို မေးခွန်းတွေ မေးစရာရှိနေခဲ့သေးလို့ပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ စကားပြောနိုင်ဖို့အတွက် လက်ရှိအခြေအနေမှာ ၀မ်သုန့်နဲ့ လေ့ကျင့်ရင်းကိုယ့်ကိုကိုယ်တည်ငြိမ်အောင်လုပ်ဖို့ လိုပါလိမ့်မယ်။
ဟောင်သုန့်စွမ်းအားခန္ဓာကိုယ်ကို ဖြတ်သန်းသွားလာပြီတဲ့နောက် ၀ိညာဥ်စွမ်းအားက ခပ်မြန်မြန်လှည့်ပတ်ပါပြီ။ နှစ်ဖက်စလုံးကလဲ အရည်အသွေးပြောင်းလဲမှုကို တွေ့ကြုံလာရပြီဖြစ်တာကြောင့် ဒီလို၀ိညာဥ်စွမ်းအား ပေါင်းစည်းတဲ့အချိန်မှာ အရှိန်နှုန်းမြန်လာတာကလဲ သိသာထင်ရှားနေခဲ့ပါတယ်။
” အစ်ကိုကြီးကောင်းကင်အိပ်မက် အစ်ကိုကြီးကောင်းကင်အိပ်မက် ”
သူတရားထိုင်တာနဲ့ ချက်ချင်းဆိုသလို ၀ိညာဥ်စွမ်းအားတွေကို ထိန်းချုပ်ရင်း ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို လှမ်းခေါ်ပါတော့တယ်။
တစ်ဖက်လူကတော့ ချက်ချင်းပျင်းရိတဲ့အသံနဲ့ ပြန်ဖြေလာခဲ့တယ်။
“‘ဘာလုပ်ပြန်တာလဲ ပင်လယ်နတ် နတ်ဆိုးဝေလငါးဧကရာဇ်အကြောင်း မေးမလို့လား “‘
” ဟုတ်တယ်အစ်ကိုကြီး သူတကယ်ပဲ နှစ်တစ်သန်း၀ိညာဥ်သားရဲကောင် ဖြစ်ခဲ့တာလား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြုံးလိုက်ပါတယ်။
” အဖြေရပြီးပြီမဟုတ်လား “‘
အစောပိုင်းတုန်းက ၀မ်ယန်ကို သူမေးခဲ့တဲ့အကြောင်းအရင်းက ဒါကြောင့်ပါပဲ။ နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းဟုတ်မဟုတ် သိချင်လို့ပါ။
” အစ်ကိုကြီး ဒီလိုပုံစံနဲ့ ပြန်ဖြေပြီဆိုမှတော့ မဟုတ်ဘူးပေါ့ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်ပါတယ်။
” ငါမင်းကိုပြောပြီသားပဲ ငါတစ်ယောက်ထဲကပဲ နှစ်တစ်သန်းကျော်လွန်အောင် နေထိုင်နိုင်တဲ့တစ်ယောက်တည်သော ၀ိညာဥ်သားရဲကောင်ပါဆို ငါဒီလိုမျိုး နှစ်တစ်သန်းအထက်ကို ကျော်လွန်ပြီအချိန်မှာ နှလုံးသားထဲက တစ်စုံတစ်ရာကို ခံစားလိုက်ရတယ်..အဲ့ဒါက စကားနဲ့ပြောပြလို့တောင် မရတဲ့ ခံစားချက်တစ်ခုပဲ ဒါပေမယ့် အလိုအလောက်သိလိုက်တာကတော့ ငါ့အနေနဲ့ ဒီလိုမျိုးအဆင့်ကိုရောက်ရှိတဲ့ ပထမဆုံး၀ိညာဥ်သားရဲကောင် ဖြစ်သွားပြီ ဒါမျိုးကို ဘယ်သူမှလဲ မလုပ်ဖူးသေးဘူး. .ဒီတိုက်ကြီးထဲမှာ ပင်လယ်နေ၀ိညာဥ်သားရဲကောင်တွေရဲ့ အရေအတွက်က များပြားလွန်တယ်..ဒါကြောင့် အင်အားကြီးတဲ့၀ိညာဥ်သားရဲကောင်ပေါ်လာတယ်ဆိုတာက အံ့ဩစရာမဟုတ်ဘူးလေ ဒါပေမယ့် နှစ်တစ်သန်း၀ိညာဥ်သားရဲကောင်မရှိတာ လုံး၀အသေအချာပဲ ”
” အစ်ကိုကြီး ဒါဆိုရင်အစ်ကိုကြီးက နတ်ဘုရားဖြစ်လာသင့်တယ်မဟုတ်လား ”
သူအနေနဲ့ သံသယကရှိနေဆဲပါ။ ဒုတိယ၀ိညာဥ်စက်ကွင်းကို ရရှိပြီတဲ့နောက် သူလျှို့၀ှက်ချက်တစ်ခုကိုလဲ ရှာတွေ့သွားပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့စိတ်၀ိညာဥ်မျက်လုံးရဲ့ ပထမ၀ိညာဥ်စက်ကွင်းအဖြစ် စစ်မှန်တဲ့အရာကို ပြောင်းလဲထားခဲ့တာပါ။ အမြဲတမ်းပျင်းရိနေတဲ့သူက ဟို့ယွိဟောင်ရဲ့အရည်အချင်းကို ကာကွယ်ပေးဖို့အတွက် ဆက်တိုက်ဆိုသလိုကြိုးစားခဲ့ပါတယ်။ အမှန်တကယ်တော့ သူက အသိဉာဏ်ရှိတဲ့၀ိညာဥ်စက်ကွင်းဖြစ်နေခဲ့ပြီ အထင်ကြီးစရာကောင်းလောက်အောင် ရွှေရောင်လဲတောက်ပနေပါသေးတယ်။ ဒါကအ၀ါရောင် အဖြူရောင် ခရမ်းရောင် အနက်ရောင်နဲ့ အနီရောင်တွေလုံး၀မတူညီတဲ့ ရွှေရောင်တောက်တောက်ပါ။ ဘိုးဘေးကြီးထန်စန်းရဲ့ နတ်ဘုရားအဆင့်၀ိညာဥ်စက်ကွင်းအကြောင်းကို ပြောချိန်မှာ ဒီအတွေးက သူစိတ်ထဲကို၀င်လာပါတော့တယ်။ ပထမဆုံးအနေနဲ့ သူ့ရဲ့၀ိညာဥ်စက်ကွင်းက နတ်ဘုရားအဆင့်၀ိညာဥ်စက်ကွင်းဖြစ်နေတာမဟုတ်ဘူးလား။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က မကျေမနပ်နဲ့ ပြန်ဖြေလာလိုက်ပါတယ်။
” အိပ်မက်မက်မနေနဲ့တော့ အကယ်၍ ငါသာနတ်ဘုရားဖြစ်လာခဲ့ရင် အဲ့ဒီမဟာကြယ်တာရာသစ်တောထဲက ကောင်တွေအနိုင်ကျင့်နေတာကို ခံနေရမလား အမှန်ပဲ ငါမင်းကိုပေးလိုက်တဲ့ ၀ိညာဥ်စက်ကွင်းက နတ်ဘုရားအဆင့်၀ိညာဥ်စက်ကွင်းဖြစ်လာဖို့အတွက် ခိုင်မာတဲ့အခြေခံရှိတယ်..ဒါပေမယ့် မဟုတ်သေးဘူး..လက်ရှိအချိန်မှာ သူ့အတွက် လိုအပ်နေတာနှစ်ခုရှိတယ်..ပထမဆုံးအနေနဲ့ မင်းပိုင်ဆိုင်တဲ့နတ်ဘုရားအရှိန်အ၀ါတစ်ခုပဲ မင်းသာနတ်ဘုရားတစ်ပါးအဖြစ် လေ့ကျင့်နိုင်ပြီဆိုရင် သေချာပေါက် နတ်ဘုရားအဆင့်၀ိညာဥ်စက်ကွင်းဖြစ်သွားမှာပေါ့ နောက်တစ်နည်းကတေ့ နတ်ဘုရားထိုင်ခုံတစ်ခုလိုတာပဲ နတ်ဘုရားဖြစ်လာဖို့ဒီလောက်လွယ်တယ်များမင်းထင်နေလား ပြောရမယ်ဆိုရင် မရေမတွက်နိုင်တဲ့စမ်းသပ်ချက်တွေကို ဖြတ်ကျော်ပြီအောင်မြင်တာက မဖြစ်နိုင်တဲ့ကိစ္စပဲလေ ဒါပေမယ့် ပြောဖို့တော့ စောလွန်ပါသေးတယ်..မင်းသိထားဖို့လိုတဲ့အရာကတော့ ဒီအစ်ကိုကြီးက လုံး၀ကိုပြိုင်ဘက်ကင်းပြီ စစ်မှန်တဲ့နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းပဲ ဒီလောကကြီးထဲမှာ ဒီအစ်ကိုကြီးလောက်မှန်ကန်ပြီ စစ်မှန်တဲ့အရာထပ်မရှိတော့ဘူး..နားလည်လား ”
ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
” အစ်ကိုကြီးကောင်းကင်အိပ်မက် ပြန်အိပ်တော့မှာလား ပြန်မအိပ်သေးဘူးလား ကျွန်တော်မေးစရာတစ်ခုရှိသေးတယ်..အစောပိုင်းမှာကျွန်တော်ရဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုကို အသုံးပြုပြီး ရေခဲဧကရီပေးထားတဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်မိတယ်..အဲ့ဒါက ဘာဖြစ်လို့ရုတ်တရက်ကြီး အင်အားကြီးလာစေတာလဲ ”
” မင်းတော်တော်စကားများပါလား ရေခဲဧကရီကို ဘယ်သူမလို့မှတ်နေတာလဲ သူကလက်ရှိသက်ရှိဖြစ်နေတဲ့ ၀ိညာဥ်သားရဲကောင်တွေထဲမှာ အင်အားအကြီးဆုံးတွေက တစ်ယောက်ပဲ မင်းက သူ့ရဲ့၀ိညာဥ်စက်ကွင်းကို ရထားတယ်..၀ိညာဥ်အရိုးကိုလဲ ရထားတယ်..ဒါတောင်မှ သူ့စွမ်းအားနည်းနည်းလေးကိုပဲ စုပ်ယူထားရသေးတာ မင်းရဲ့ခန္ဓာကိုယ်က ဒါတောင်အများကြီးသန်မာနေပြီ ဒါအပြင် သူပေးထားတဲ့၀ိညာဥ်စွမ်းရည်နှစ်ခုစလုံးက စွမ်းအင်အမျိုးအစားတွေကြီးပဲ ဒီနှစ်ခုမှာ သူ့ရဲ့ကြောက်စရာစွမ်းအားတွေရော အဆုံးစွန်းရေခဲစွမ်းအင်တွေ ပါ၀င်နေတယ်..ဒါ့အပြင် ရေခဲဧကရီရဲ့ အဆိပ်ဆူးလဲရှိနေသေးတယ်..ဒါပေမယ့် မင်းသိထားစရာတစ်ခုရှိတာက ရေခဲဧကရီရဲ့ အဆိပ်ဆူးက အနီးကပ်တိုက်ပွဲတွေမှာ အဓိကအသုံးပြုရတဲ့အရာပါ..တခြားတစ်နည်းနဲ့ပြောမယ်ဆိုရင် တတ်နိုင်သလောက်မသုံးဖို့အတွက် ကြိုးစားကြည့် သူတို့တွေက ၀ိညာဥ်စွမ်းအားတွေအများကြီးကို လိုအပ်လိမ့်မယ်…ဒါကိုတောင့်ခံနိုင်မှာမဟုတ်ဘူး..ဟုတ်သားပဲ ပြောရဦးမယ် မင်းအစောပိုင်းတုန်းက ၀ိညာဥ်စွမ်းအားကို ထုတ်သုံးလိုက်တဲ့အချိန် ဒီ၀ိညာဥ်စွမ်းရည်နှစ်ခုရဲ့ စွမ်းအားအငွေ့အသက်နည်းနည်းလေးကိုပဲ ထုတ်သုံးလိုက်တာ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်..မင်းရဲ့စွမ်းရည်ကိုလာပြီ စမ်းသပ်လိုက်တဲ့လူက မင်းတို့လူသားတွေမှာ သော့်လော့လို့ခေါ်ကြတဲ့လူပဲ ”
ဟို့ယွိဟောင် အရမ်းကို လန့်သွားပါတော့တယ်။
” အစ်ကိုကြီးကောင်းကင်အိပ်မက် ပြောချင်တာ ဆရာကြီးကုန်က သော့်လော့လား ”
အပိုင်း ၅၀•၂ ပြီး၏။