အပိုင်း ၅၀•၁
” ဘိုးဘေးကြီးထန်စန်း ”
°°°
စာမေးပွဲက ရုတ်သိမ်းခံလိုက်ရတာကြောင့် အတန်းနံပါတ်တစ်နဲ့ အတန်းနံပါတ်နှစ်ရဲ့ ကျောင်းတော်သားတွေအားလုံးက သူတို့သက်ဆိုင်ရာစာသင်ခန်းတွေဆီကို ပြန်ပြီ စာသင်ကြားရပါတော့တယ်။
တခဏတာ ဆွေးနွေးပြီတဲ့နောက် ၀မ်ယန်နဲ့ ကျိုးယိက ဟို့ယွိဟောင်ကိုခေါ်ပြီ မေးခွန်းတစ်ချို့မေးမြန်ကြတယ်။ အဲ့ဒီနောက် သူတို့တွေရဲ့ နေ့လည်အတန်းကိုပြန်စလိုက်ကြပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့ သူထိုင်ခုံသူမပြန်ရတော့ပါဘူး။ အဲ့ဒီအစား ဘေးမှာရပ်နေဖို့ ပြောခံရပါတယ်။ အဲ့ဒီနောက် ကျိုးယိက ဆရာတွေရဲ့ ဌာနကို အခေါ်ခံရပြီ ညွှန်ကြားရေမှုးသုဝေ့လွမ်ကတော့ အစည်းအဝးပွဲလုပ်နေခဲ့ပါတယ်။
” ထူးခြားတဲ့အခြေအနေကြောင့် ဒီစာမေးပွဲက နောက်နှစ်ရက်သုံးရက်လောက် နောက်ကျသွားလိမ့်မယ် ”
၀မ်ယန်က အတန်းနံပါတ်တစ်ကို ပြောခဲ့ပါတယ်။
” ဒီတော့မင်းတို့တွေလဲ လေ့ကျင့်ဖို့အတွက် အချိန်ပိုရလိမ့်မယ်..ဟို့ယွိဟောင်ရဲ့ လေစိတ်၀ိညာဥ်၀ံပုလွေကြားက တိုက်ပွဲကို မင်းတို့အားလုံးမြင်ခဲ့ကြမှာပါ ၀ိညာဥ်သားရဲကောင်တွေအားလုံးကတော့ ဒီလိုမျိုးစိတ်ခံစားချက်ကြောင့် သက်ရောက်တာကို ခံရမှာမဟုတ်ပါဘူး..ဒါကြောင့်ပထမဆုံးအနေနဲ့ သူတို့ကို တိုက်ခိုက်ဖို့အတွက် ကိုယ်ရဲ့ကိုယ်ဟန်ကို ဘယ်တော့မှမပျက်စေနဲ့ သင်ကြားထားသမျှအရာအားလုံးကို သေချာပေါက် ထုတ်ပြရမယ်…၀ိညာဥ်သားရဲကောင်တွေက ကြောက်စရာမကောင်းဘူး…ဒါ့အပြင် အချိန်အများစုမှာ သူတို့ရဲ့သဘာ၀အသိစိတ်ကြောင့်သာ ပြန်ပြီးတိုက်ခိုက်ကြတာ ပထမဆုံးအနေနဲ့ မင်းတို့ရဲ့စိတ်ကို ပိတ်ဆို့နေတဲ့ အတားအဆီးတွေအားလုံးကို ကျော်ဖြတ်ရမယ်…အကြောက်တရားက တိုက်ခိုက်ရေးစွမ်းအားကို အားနည်းစေနိုင်တယ်..တွေဝေနေတာအားလုံးကို ဖယ်ထုတ်ပြစ်လိုက် ဒါမှသာ စွမ်းအားအပြည့်နဲ့ တိုက်ခိုက်လိမ့်မယ် ”
အဲ့ဒီနောက် ကျောင်းသားတွေအားလုံးကို ကြည့်ရင်း မေးလိုက်ပါတယ်။
” မင်းတို့ကိုယ်မင်းတို့ ပြန်မေးကြည့်ကြစမ်း လေစိတ်၀ိညာဥ်၀ံပုလွေပေါ်လာတဲ့အချိန်မှာ မင်းတို့ကြောက်လန့်ကြသလား ”
ကျောင်းသားအများစုက ခေါင်းငုံ့လိုက်ကြပါတယ်။
၀မ်ယန်ဆက်ပြောလိုက်တယ်။
“ဒါက မင်းတို့တွေ ကြောက်လန့်တာကြောင့် ဖြစ်လာတဲ့ကိစ္စမဟုတ်ဘူး ..မင်းတို့မှာ ၀ိညာဥ်သားရဲကောင်တွေနဲ့ တိုက်ခိုက်ရေးအတွေ့အကြုံမရှိတဲ့အတွက် ဖြစ်လာခဲ့တာပဲ အကယ်၍ မင်းတို့သာ အစွမ်းအစတူညီတဲ့ အတန်းဖော်သူငယ်ချင်းတစ်ယောက်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် ကြောက်လန့်နေမလား ဒါပေါ့ ဘယ်ကြောက်လန့်မလဲ ဘာကြောင့်လဲဆိုတော့ မင်းတို့ရဲ့အတန်းဖော်သူငယ်ချင်းက မင်းတို့ကို ထိခိုက်အောင်မလုပ်နိုင်ဘူးလို့ ယုံကြည်ထားလို့ပဲ ဒါဆိုရင် ၀ိညာဥ်သားရဲကောင်တွေက သန်မာတယ်လို့ထင်လား ငါတို့၀ိညာဥ်ပညာရှင်တွေက သန်မာတယ်လို့ထင်လား သေချာတဲ့အဖြေတစ်ခုကို မင်းတို့ဆီငါပေးနိုင်တယ်..နှစ်ဖက်စလုံးရဲ့ကျင့်ကြံဆင့်တူညီနေတဲ့အချိန်မှာ ငါတို့၀ိညာဥ်ပညာရှင်တွေက သူတို့ရဲ့ထိပ်ကိုသေချာပေါက်ရောက်နိုင်တယ် ”
အဲ့ဒီနောက် သူလက်ကိုမြောက်ရင်း ခေါင်းကိုညွှန်ပြလိုက်ပါတယ်။
” ဘာကြောင့်လဲဆိုတော့ ငါတို့လူသားတွေက အသိဉာဏ်ပညာကို ပိုင်ဆိုင်ထားလို့ပဲ မင်းတို့ရဲ့ မင်းတို့တွေ ၀ိညာဥ်သားရဲကောင်တွေကိုကြောက်လန့်ကြတာ သူတို့က အသိဉာဏ်နှိမ့်ပါးကြလို့မဟုတ်လား ဒါ့အပြင် သူတို့က သတ်ဖြတ်ဖို့အတွက် နှစ်ခေါက်တွေးနေမှာမဟုတ်ဘူး…ဒီလို၀ိညာဥ်သားရဲကောင်တွေရဲ့ တိုက်ခိုက်မှုနည်းစနစ်ကို မင်းတို့တွေ ကျင့်သားရကြည့်ပါလား တကယ်ကိုကြောက်စရာကောင်းတဲ့ သူတွေက ၀ိညာဥ်သားရဲကောင်တွေမဟုတ်ပဲ ငါတို့လို ၀ိညာဥ်ပညာရှင်ဆိုတာ ရှာဖွေတွေ့ရှိသွားလိမ့်မယ်..ငါတို့က သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်စွမ်းရည်တွေကို အသုံးချပြီး နည်းစနစ်ပေါင်းအများကြီးကို အသုံးပြုနိုင်တယ်..ဒါပေမယ့် မှတ်ထားစရာတော့တစ်ခုရှိတယ်..နည်းစနစ်ကဘယ်လောက်ပဲ ထူးချွန်နေပါစေ ၀ိညာဥ်စွမ်းရည်က ဘယ်လောက်ပဲအားကောင်းနေပါစေ သတ္တိရှိတဲ့သူမှာပါ အစွမ်းအစအစစ်ကို ထုတ်ပြနိုင်မှာ ဒါ့အပြင် အတန်းတင်စာမေးပွဲကလဲ မင်းတို့အနေနဲ့ ကျောင်းမှာဆက်ပြီ နေနိုင်မလား မနေနိုင်လားဘူးဆိုတာကို ဆုံးဖြတ်ပေးတယ်…နောက်တစ်နည်းပြောရမယ်ဆိုရင် အနာဂတ်ကို ဆုံးဖြတ်ပေးမဲ့ အဆုံးအဖြတ်ပဲ ဒီနေ့သတ္တိကို တိုးတက်စေဖို့အတွက် သင်ခန်းစာလေးတစ်ခုရလိမ့်မယ်…ယွိဟောင်မှာ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေကို အရှိန်အ၀ါကော အရောင်ကောပြောင်းလဲနိုင်တဲ့အစွမ်းအစတစ်ခုရှိတယ်…ဒါကြောင့် အားလုံးအနေနဲ့ မင်းတို့သိုင်းပညာ၀ိညာဥ်ကို မထုတ်လွှတ်မိစေဖို့အတွက် စမ်းသပ်လေ့ကျင့်ခံရမယ်…မင်းတို့ခံစားနေရတဲ့ဖိအားက ဘယ်လောက်ပဲကြီးမားပါစေ ကိုယ့်ကိုကိုယ်တည်ငြိမ်အောင်ထိန်းကြ ဟို့ယွိဟောင် စလို့ရပြီ ”
ဟို့ယွိဟောင် ခေါင်းညိတ်လိုက်ပါတယ်။ သူ့ရဲ့မျက်လုံးထဲမှာရွှေရောင်အလင်းတန်းက တောက်ပလာခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းနဲ့ တူညီတဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းတစ်ခုက ထွက်ပေါ်လာပါတော့တယ်။
ဒီတစ်ကြိမ်မှာ ၀မ်ယန်က သူ့ကိုခေါ်ပြီ မေးခွန်းတစ်ချို့မေးခဲ့တာ တခြားကျောင်းသားတွေကို ကူညီဖို့သဘောတူမလားဆိုတဲ့ကိစ္စပါ။ ဟို့ယွိဟောင်အနေနဲ့လဲ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့အကြောင်း အတိုချုပ်ရှင်းပြခဲ့ပါတယ်။ မဟုတ်လို့ကတော့ ၀မ်ယန်အနေနဲ့ ဒါမျိုးကိစ္စကိုလုပ်ဖို့ သူတောင်းဆိုနေမှာမဟုတ်ပါဘူး။
ဟို့ယွိဟောင်လဲ မတွေဝေတော့ပဲ ချက်ချင်းသဘောတူလိုက်ပါတယ်။ သူကနောက်ဆုံးတော့လဲ အတန်းခေါင်းဆောင်ပါ ဒါကြောင့် သူ့အတန်းဖော်သူငယ်ချင်းတွေကို ကူညီပေးချင်ပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့အသွင်တူ တုပတဲ့စွမ်းရည်ကို ဖုံးကွယ်မထားနိုင်တော့ပါဘူး။ ဒါကြောင့် ဒီအရာကို ထုတ်သုံးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။ သူအနေနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ညွှန်ကြားချက်ကိုမှီခိုရုံနဲ့တင် ၀ိညာဥ်သားရဲကောင်တွေအများကြီးကို ခြောက်လန့်စေနိုင်ခဲ့တာပါ။ နောက်တစ်နည်းအရပြောရမယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့လဲ သူ့စွမ်းရည်ရဲ့အပြောင်းအလဲဖြစ်နိုင်ချေတွေအများကြီးကို အတွေ့အကြုံရသွားစေခဲ့ပါတယ်။
အဖြူရောင်၀ိညာဥ်စက်ကွင်းတွေက ကျောင်းသားတွေရဲ့ မျက်စိရှေ့မှာသိပ်ပြီ အကျိုးမရှိတဲ့ပုံပါပဲ။ သူတို့ရဲ့အရောင်ကတော့ အဖြူရောင်ကနေ အ၀ါရောင်ကိုပြောင်းလဲသွားခဲ့ပါတယ်။
ရုတ်တရက်၀ိညာဥ်စက်ကွင်းတွေရဲ့ အရောင်ပြောင်းလဲသွားတာကိုကြည့်ရင်း ကျောင်းသားတွေအားလုံး လန့်သွားခဲ့ရတယ်။ ဒီစွမ်းရည်က တကယ်ထူးဆန်းတာအမှန်ပါပဲ။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေကို အမှန်တကယ်အရောင်ပြောင်းလဲစေနိုင်ပါတယ်။
၀မ်ယန်က ပြောလာခဲ့တယ်။
” အဖြူရောင်ကဆယ့်နှစ်၀ိညာဥ်စက်ကွင်းကို ကိုယ်စားပြုတယ်…ဒါ့အပြင် အဆင့်အနှိမ့်ဆုံးပဲ အ၀ါရောင်ကတော့ နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းကိုကိုယ်စားပြုတယ်..ဒီ၀ိညာဥ်စက်ကွင်းရဲ့အရောင်က သက်တမ်းအလိုက်ပြောင်းလဲတယ်….မင်းတို့ ဘာကြောင့်ဒီလိုဖြစ်ရလဲ သိလား ဘာကြောင့်လဲဆိုတော့ အထဲမှာစွမ်းအင်တွေအများကြီး ဖိနှိမ့်ခံထားရလို့လေ ဒါ့အပြင် ၀ိညာဥ်စွမ်းရည်တွေကလဲ ဒီစွမ်းအားအပေါ်မူတည်ပြီ အမျိုးမျိုးကွာခြားသွားကြတယ်..အဆင့်နှိမ့်တဲ့၀ိညာဥ်စက်ကွင်းတွေက စွမ်းအားမကောင်းဘူးဆိုတာလုံး၀မဟုတ်ဘူး ”
အ၀ါရောင်၀ိညာဥ်စက်ကွင်းတွေက ခရမ်းရောင်အဖြစ်ကို ပြောင်းလဲပြန်သွားပါတယ်။ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းတွေအဖြစ်ပုံစံပြောင်းပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က သိသာထင်ရှားတဲ့ဖိအားအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ကျောင်းသားတစ်ချို့ကလဲ စတင်ပြီစိုးရိမ်လာကြပါတော့တယ်။ ဒါ့အပြင် ဒီအတန်းထဲမှာ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းကို ပိုင်ဆိုင်ထားတဲ့သူက ဟို့ယွိဟောင်အပြင် ၀မ်သုန့်တစ်ယောက်ပဲရှိတာပါ။
” အားလုံးသတိထားကြတော့ “‘
ဟို့ယွိဟောင်က ထအော်လိုက်ပါတယ်။ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းတွေက နောက်တစ်ကြိမ် ပြောင်းလဲသွားရင်း ခရမ်းရောင်ကနေ ပိုပိုမှောင်မိုက်လာပြီ အနက်ရောင်အဖြစ်ကိုပြောင်းလဲသွားပါတော့တယ်။ ဒီစာသင်ခန်းက သားရဲကောင်တိုက်ခိုက်ရေးနယ်မြေလို မကျယ်၀န်းပါဘူး။ နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းတွေရဲ့ ပေါ်ထွက်လာခဲ့မှုက ကြီးမားပြင်းထန်တဲ့ ဖိအားကို ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ် ဗဟိုပြုရင်း ထွက်ပေါ်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်အနေနဲ့ ရေခဲဧကရီရဲ့ အရှိန်အ၀ါတွေကို သိပ်မသုံးပဲထားထားခဲ့တာပါ။ ဒါပေမယ့် ဒီလိုအရှိန်အ၀ါပြောင်းလဲလိုက်ချိန်မှာတော့ ကြောက်စရာ၀ိညာဥ်သားရဲကောင်ကြီးတစ်ကောင် ဖြစ်ပေါ်လာသလိုပါပဲ။ ဒါ့အပြင် နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိနေခဲ့တာကြောင့် အရှိန်အ၀ါက ကျောင်းသားတွေကို ဆက်တိုက်ဆိုသလို ချေမွပြစ်မဲ့အတိုင်းရှိနေခဲ့ပါတယ်။
အားနည်းတဲ့ကျောင်းသားတချို့ကတော့ ခန္ဓာကိုယ်ထဲမှာ ၀ိညာဥ်စက်ကွင်းတွေကို ထုတ်လွှတ်နေခဲ့မိပါပြီ။ ဒါပေမယ့် သူတို့ရဲ့မျက်နှာတွေက ပိုပြီး ဖြူဖျော့နေခဲ့တာပါ။
၀မ်ယန်ကတော့ မျက်မှောင်ကြုတ်ရင်း ဟို့ယွိဟောင်ကို ပြောလိုက်ပါတယ်။
” နောက်ထပ် ထပ်ပြီ မတိုးမြင့်လိုက်နဲ့တော့ ဒီအတိုင်းအရှိန်အဟုန်ကို ဆက်ထိန်းထားလိုက် ”
ကျောင်းသားတွေအနေနဲ့ ဟို့ယွိဟောင်သာ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းကို ထုတ်သုံးလို့ကတော့ ဒီနေရာက ရှိရှိသမျှ လူတွေအကုန်လုံး ပြန်တုန့်ပြန်မိမှာကို တွေးမိလိုက်လို့ပါ။ ဒါ့အပြင် ကျဥ်းမြောင်တဲ့စာသင်ခန်းထဲမှာ အဲ့ဒီလိုအဖြစ်မျိုးကိုလဲ မကြုံချင်ပါဘူး။ နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းရဲ့ အခြေအနေကို ထိန်းထားနိုင်ဖို့ကတင် အကောင်းဆုံးအခြေအနေဖြစ်နေခဲ့ပါပြီ။
နှစ်တစ်သောင်းအထိ ကျင့်ကြံပြီတဲ့နောက် ၀ိညာဥ်သားရဲကောင်တွေရဲ့အရည်အသွေးက ပြောင်းလဲသွားခဲ့တယ်။ ပုံမှန်အတိုင်းသာပြောရမယ်ဆိုရင် လူသားတွေအနေနဲ့ ၀ိညာဥ်သားရဲကောင်ကိုတစ်ယောက်ထဲ တိုက်ခိုက်နိုင်ဖို့အနည်းဆုံး၀ိညာဥ်စက်ကွင်းခြောက်ကွင်း လိုအပ်လိမ့်မယ်။ နှစ်ပေါင်းသုံးသောင်း၀ိညာဥ်သားရဲကောင်ကို ရင်ဆိုင်ချင်တယ်ဆိုရင် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းအထက် ပိုလိုအပ်မယ်။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်တစ်ခုရဲ့ စစ်မှန်တဲ့ခန္ဓာကိုယ်ကို ရရှိဖို့ကြိုးစားနိုင်တဲ့အရာပဲ အစောပိုင်းမှာ ငါပြောခဲ့ဖူးတယ်မလား ၀ိညာဥ်ပညာရှင်တွေအနေနဲ့ အဆင့်တူ၀ိညာဥ်သားရဲကောင်ထက် ပိုပြီး သန်မာနိုင်တယ်။ ဒါပေမယ့် သော့်လော့တိုက်ရဲ့သမိုင်းတစ်လျှောက်မှာ အသန်မာဆုံး၀ိညာဥ်သားရဲကောင်ကို ကျော်ဖြတ်နိုင်တဲ့ ၀ိညာဥ်ပညာရှင်ရှိခဲ့တယ်ဆိုတာက တစ်ခေါက်ပဲကြားခဲ့ဖူးသေးတယ်။ အဲ့ဒါကလဲ အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော် ပထမမျိုးဆက်မှာဖြစ်ခဲ့တာ ဒါ့အပြင် ထန်မျိုးနွယ်ရဲ့ အဓိကတည်ထောင်သူဖြစ်တဲ့ အသူရာထန်စန်းက အကောင်းဆုံးဥပမာပဲ အချိန်အတိုင်းအတာတစ်ခုအထိ ငါတို့ရဲ့ လူသားတွေက သားရဲကောင်တွေထက် ပိုပြီး သန်မာခဲ့တယ်။ ဒါ့အပြင် ငါတို့အနေနဲ့လဲ ၀ိညာဥ်သားရဲကောင်တွေကို ဘယ်လိုပဲသန်မာပါစေ အဆင့်တူရင်တော့ မတိုက်ခိုက်နိုင်ခဲ့ဘူး ”
” နှစ်ပေါင်းတစ်သိန်းအထက်ကို ကျော်လွန်သွားတဲ့ ၀ိညာဥ်သားရဲကောင်တွေအတွက်တော့ သော့်လော့ပညာရှင်တွေတောင် တစ်ယောက်ထဲတိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်.. ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုနှစ်တစ်သိန်းထက်ကျော်လွန်သွားတဲ့ ၀ိညာဥ်သားရဲကောင်တွေမှာ အရမ်းကိုအားကောင်းတဲ့ အမွေခံသွေးတစ်မျိုးပိုင်ဆိုင်ထားခဲ့လို့ပဲ ဒါ့အပြင် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ကို တိုက်ခိုက်နိုင်ဖို့အတွက် အဆင့်ကိုးဆယ့်ငါးအထက်ရောက်တဲ့ သော့်လော့တွေမှသာ ဖြစ်နိုင်မှာပါ..ဒါ့အပြင် သူတို့တွေအနေနဲ့လဲ ၀ိညာဥ်အရိုးတွေကိုလဲ တော်တော်များများ ပိုင်ဆိုင်ထားရဦးမယ် ”
” ၀ိညာဥ်သားရဲကောင်ရေလှိုင်းကြီးတစ်ခုကသာ မဟာကြယ်တာရာသစ်တောထဲမှာ ထွက်ပေါ်လာပြီဆိုရင် သေချာပေါက် ငါတို့ကျောင်းတော်ကို လာတိုက်ခိုက်တယ်..အဲ့ဒီအချိန်မှာ ငါတို့ကျောင်းတော်အနေနဲ့လဲ ကြီးမားတဲ့အဆုံးအရှုံးကို ခံစားရတယ်..မဟာကြယ်တာရာသစ်တောထဲမှာ နှစ်ပေါင်းတစ်သိန်းထက် ကျော်လွန်တဲ့၀ိညာဥ်သားရဲကောင်တွေရှိနေတာ အမှန်ပဲ ဒါ့အပြင် နှစ်ပေါင်းတစ်သိန်းဆိုတာက ၀ိညာဥ်သားရဲကောင်တွေအတွက်လဲ အကန့်အသတ်တစ်ခုမဟုတ်သေးဘူး..တချို့၀ိညာဥ်သားရဲကောင်တွေက မိုးကောင်းကင်ကနေ ချီးမြင့်ထားတဲ့ ကောင်းချီးမင်္ဂလာကို ခံစားကြရတယ်…ဒါ့အပြင် သူတို့ရဲ့ကျင့်ကြံဆင့်ကို မှီခိုပြီ နှစ်ပေါင်းတစ်သိန်းအထက်ကိုတောင် ကျော်လွန်နိုင်တယ်..ပြီရင်း လုံး၀ကို အသစ်ပြောင်းလဲသွားတဲ့နယ်ပယ်တစ်ခုကို ရောက်ရှိနိုင်တယ်…အဲ့ဒီ၀ိညာဥ်သားရဲကောင်တွေအားလုံးကို ထူးကဲသာလွန်၀ိညာဥ်သားရဲကောင်တွေလို့ ခေါ်ဆိုကြတယ်…ဒါ့အပြင် မဟာကြယ်တာရာသစ်တောထဲမှာတောင် ဒီလိုထူးကဲသာလွန်တဲ့ ၀ိညာဥ်သားရဲကောင်တွေရှိနေသေးတယ်…ငါတို့၀ိညာဥ်ပညာရှင်တွေအတွက် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေဆိုတာက ပထမတန်းစားရတနာတွေပဲ အကယ်၍ ငါတို့သာ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးတစ်ခုရှိလာခဲ့မယ်ဆိုရင် ၀ိညာဥ်စွမ်းရည်က စုစုပေါင်းလေးခုရလာလိမ့်မယ်….ဒါပေမယ့် ထူးကဲသာလွန်တဲ့ ၀ိညာဥ်သားရဲကောင်တွေဆိုတာက ကပ်ဆိုးတွေနဲ့လဲ တူညီတယ်..ငါတို့တွေက သူတို့တွေကို သတ်ဖြတ်ဖို့အတွက် တန်ဖိုးတွေအများကြီးပေးဆပ်ရရုံတင်မက သူတို့ခန္ဓာကိုယ်ကနေ တန်ဖိုးကြီးတဲ့အရာကို ရယူနိုင်ဖို့ဆိုတာ ပိုလို့တောင် ခက်ခဲသေးတယ်…ဘာကြောင့်လဲဆိုတော့ သူထုတ်လွှတ်တဲ့၀ိညာဥ်စက်ကွင်းတွေက ငါတို့အလွယ်လေး စုပ်ယူနိုင်တဲ့အရာမဟုတ်သလိုပဲ ၀ိညာဥ်ပညာရှင်တွေရဲ့ ခန္ဓာကိုယ်က သူတို့ရဲ့စွမ်းအင်ကို မခံနိုင်လောက်တဲ့အနေအထားမှာ ရှိနေလိမ့်မယ် ”
ကျိုးစီချန်က စိတ်မထိန်းနိုင်ပဲ မေးလာခဲ့ပါတယ်။
” ဆရာ၀မ် သော့်လော့တွေတောင် ဒါကိုမစုပ်ယူနိုင်ဘူးမလား ကျွန်တော်တို့ အဆင့်ကိုးဆယ့်အထက်ကို ရောက်လို့ရှိရင်း သော့်လော့ဖြစ်လာမယ်ဟုတ် ဒါဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကကော အရည်အသွေးပြောင်းလဲမှုဖြစ်မသွားဘူးလား ”
သူပြောပြီချိန်မှာပဲ ချက်ချင်းမျက်နှာက ဖြူဖျော့လို့သွားပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်က နှစ်ပေါင်းတစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်နေခဲ့တာကြောင့် သားရဲကောင်တွေရဲ့စိတ်ကိုဒီအရာက ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့လို့ပါ။ ဒါ့အပြင် သူတို့အနေနဲ့လဲ စကားတစ်ခွန်းပြောဖို့တောင် အများကြီးအာရုံစိုက်နေခဲ့ရပါတယ်။ စိတ်ထဲက အကြောက်တရားကို ဆက်တိုက်ဆိုသလို ဖိနှိမ့်ရင်း ကျော်လွန်နိုင်ဖို့အတွက် ကြိုးစားနေခဲ့ရတယ်။
၀မ်ယန်ကတော့ ပြန်ဖြေလိုက်ပါတယ်။
” မင်းက ဒီမေးခွန်းတွေကိုမေးတာ လူတွေသိထားနိုင်တဲ့အနေအထားထက် ကျော်လွန်နေတာပဲ အဆင့်တက်တဲ့စာမေးပွဲပြီးရင် သူတို့တွေက မင်းကို သေချာပေါက်အိမ်ပြန်ပို့လိမ့်မယ်…သော့်လော့တစ်ယောက်မှာ ၀ိညာဥ်စက်ကွင်းဘယ်နှစ်ကွင်းရှိလဲထင်လဲ ”
” ကိုးကွင်းပေါ့ ”
သူပြောပြီတဲ့နောက် ကျိုးစီချန်လဲ ချက်ချင်းနားလည်သွားတော့တယ်။
သော့်လော့တွေမှာ၀ိညာဥ်စက်ကွင်းကိုးကွင်းရှိတာအမှန်ပါ။ ဒါ့အပြင် သူတို့တွေက လူသားတွေထဲမှာ အမြင့်ဆုံးအဆင့်ပါပဲ။ နောက်ထပ် ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာ တိုးလာခဲ့ရင်း ဘာဖြစ်မလဲ။
၀မ်ယန်က ပြုံးပြနေခဲ့ပါတယ်။
” နောက်ဆုံးတော့ မင်းအမှားကို မင်းနားလည်သွားပြီပေါ့ စိတ်ထဲက အကြောက်တရားကို အမြန်ဆုံးကြိုးစားပြီ ခုခံကြည့်လိုက်စမ်း ဆရာအနေနဲ့ မင်းကိုလျှို့၀ှက်ချက်တစ်ခုပြောပြမယ်..ဒီလျှို့၀ှက်ချက်ကတော့ ထိပ်တန်းအဆင့်၀ိညာဥ်စက်ကွင်းပဲ ”
ကျောင်းသားတွေကတော့ ၀မ်ယန်ရဲ့စကားဆွဲဆောင်တာ ခံလိုက်ရတာကြောင့် စိတ်ထဲက အကြောက်တရားတောင် အတော်လေး ပျောက်သွားခဲ့ပါပြီ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးထားတဲ့ကျောင်းသားတွေလဲပြန်ပြီ သိမ်းဖို့ကြိုးစားနေခဲ့ပါတယ်။
၀မ်ယန်က ဆက်ပြောလာခဲ့တယ်။
” ကျိုးစီချန် ပြောလိုက်တဲ့ကိစ္စက ပြောရမယ်ဆိုရင် သာမန်လူတွေမသိသင့်တဲ့ကိစ္စပဲ ဒါပေမယ့် ငါမင်းတို့ကို ပြောပြပေးပါ့မယ်..ငါတို့သော့်လော့တိုက်ရဲ့ သမိုင်းတစ်လျှောက်မှာ ၀ိညာဥ်စက်ကွင်းဆယ့်ကွင်းရှိတဲ့၀ိညာဥ်ပညာရှင်တွေ မပေါ်ထွန်းခဲ့တာတော့ မဟုတ်ဘူး…ဒါပေမယ့် အဲ့ဒီလျှို့၀ှက်ချက်သတင်းက ငါတို့ကျောင်းတော်ထဲမှာ မှတ်တမ်းတင်ထားတယ် ”
၀ိညာဥ်စက်ကွင်းဆယ့်ကွင်းဆိုတဲ့စကားကို ကြားပြီချိန်မှာ ကျောင်းသားတွေအားလုံး ထိတ်လန့်သွားပါတော့တယ်။ သူတို့တွေ ပိုပြီးတော့အာရုံစိုက်လာခဲ့ကြပါပြီ။
” သိုင်းပညာ၀ိညာဥ်တွေနဲ့ ၀ိညာဥ်စက်ကွင်းတွေအကြောင်း ငါလေ့လာနေရတဲ့အဓိက အကြောင်းအရင်းတွေကို မင်းတို့မသိကြဘူးမလား ငါအများကြီးလေ့လာပြီတဲ့နောက် ၀ိညာဥ်စက်ကွင်းဆယ့်ကွင်းရှိလာနိုင်တယ်လို့ မင်းတို့ကို အာမခံချက်အပြည့်ပေးနိုင်တယ်…ဒါ့အပြင် ၀ိညာဥ်စက်ကွင်းဆယ့်ကွင်းရှိတာက နတ်ဘုရားတစ်ပါးဆိုတဲ့ ဖြစ်တည်မှုကိုရရှိစေလိမ့်မယ်…ငါတို့ကျောင်းတော်ရဲ့မှတ်တမ်းထဲမှာက ၀ိညာဥ်စက်ကွင်းဆယ့်ကွင်းပိုင်ဆိုင်ထားတဲ့သူတစ်ယောက်အကြောင်းကို မှတ်တမ်းတွေတချို့ တင်ထားတယ်..ဒါ့အပြင် နတ်ဘုရားအဆင့်စွမ်းအားရှင်တဲ့ အဲ့ဒီလူက ငါခုနတုန်းကလဲ ပြောဖူးပါတယ်..ထန်မျိုးနွယ်ရဲ့ တည်ထောင်သူ ထန်စန်းပဲ သူ့ရဲ့အမွှာ၀ိညာဥ်နှစ်ခုထဲမှာ အဓိကသိုင်းပညာ၀ိညာဥ်ဖြစ်တဲ့အပြာရောင်ငွေဧကရာဇ်က ၀ိညာဥ်စက်ကွင်းဆယ့်ကွင်းကို ပိုင်ဆိုင်ထားတယ်…နောက်ပိုင်းမျိုးဆက်သစ်တွေရဲ့ လေ့လာမှုတွေအရဆိုရင် အဲ့ဒါကိုနတ်ဘုရားအဆင့် ၀ိညာဥ်စက်ကွင်းလို့ခေါ်ဆိုကြတယ်တဲ့ ”
အပိုင်း ၅၀•၁ ပြီး၏။