အပိုင်း ၄၉•၁
” ရေခဲဧကရီရဲ့ လက်သည်းတွေ ”
°°°
ဒီလိုစကားတွေက ထိုက်ဟွပင်းကို တူတစ်ချောင်းနဲ့ ထုနေသလိုပါပဲ။ မျက်လုံးအပြူးသားဖြစ်သွားစေခဲ့ပါတယ်။ သူ့ရဲ့အေးစက်နေတဲ့မျက်နှာထားက ပိုလို့တောင် ဖြူဖျော့လာခဲ့ပါပြီ။ ဒါ့အပြင် သွေးစုပ်ဖြူရောသွားပါတော့တယ်။
” မင်းငါ့ကို ၀ပ်တွားဦးချပြီ မင်းမှားတယ်လို့ ၀န်ခံမဲ့အချိန်စောင့်နေမယ် ”
ဒီစကားတွေက ထိုက်ဟွပင်းကို ဆက်တိုက်ဆိုသလို ထုရိုက်နေသလိုမျိုး အသိစိတ်ကိုတောင် လွှတ်သွားမတတ်ဖြစ်လာစေခဲ့ပါတယ်။
လက်ရှိအချိန်မှာ သူတို့အနေနဲ့ ဒီအအောက်အအုံကြီးထဲ ၀င်မလာခင်တုန်းက ဟို့ယွိဟောင်အနေနဲ့ သူတို့ရဲ့လောင်းကြေးကို အတိအကျအသေအချာကြီးပြောနေတဲ့အကြောင်း ပြန်တွေးနေခဲ့မိပါတယ်။ ဒါပေမယ့် အိပ်မက်ထဲမှာတောင် ဟို့ယွိဟောင် ဒီလိုမျိုးကြောက်စရာကောင်းတဲ့နည်းလမ်းနဲ့ စာမေးပွဲအောင်သွားမယ်လို့ မတွေးထားခဲ့မိပါဘူး။ အကယ်၍ ဒါသာ မလုံလောက်သေးဘူးဆိုရင် ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေကို နောက်တစ်ခေါက်တောင် ထုတ်သုံးတော့မှာပါ။
သူဘယ်လောက်ပဲ ငြင်းပယ်ဖို့ကြိုးစားပါစေ အမှန်တရားက သူ့ရှေ့မှာရောက်နေခဲ့ပါပြီ။ ဒါ့အပြင် ရာချီတဲ့ကျောင်းသားတွေနဲ့ ဆရာတွေကလဲ သူတို့အတွက် မျက်မြင်သက်သေဖြစ်နေရုံတင်မက ဆရာ၀မ်ယန်ကပါ သူတို့အတွက် အသိသက်သေအဖြစ် လုပ်ဆောင်ပေးဖို့ လုပ်ထားတဲ့အတွက် ဒါကို သူဘယ်လိုမှ ငြင်းပယ်လို့မရပဲဖြစ်နေခဲ့ပါတယ်။
ထိုက်ဟွပင်းအနေနဲ့ လေပူတွေ ရင်ဘတ်ထဲလိမ့်လာတာကို ခံစားမိလိုက်ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့လည်ချောင်းတစ်ခုလုံးချိုမြိန်သွားတာကို ခံစားလိုက်ရပြီတဲ့နောက် ဗွက်ဆိုတဲ့အသံနဲ့အတူ ပါးစပ်အပြည့်သွေးတွေကို အန်ထုတ်မိလိုက်ပါတော့တယ်။ သူက အရမ်းကို ယှဥ်ပြိုင်လိုစိတ်ကြီးမားတဲ့သူပါ။ ပိုပြီး ယှဥ်ပြိုင်လိုစိတ်ကြီးမားလေလေ အရှုံးနဲ့အရှက်ခွဲခံရမှုကို လက်ခံဖို့မလွယ်ကူလေပါပဲ။
ကျုးလုလဲ အထိတ်တလန့်အော်ဟစ်ရင်း သူ့ကို လာတွဲထူးဖို့ကြိုးစားပေမဲ့ ထိုက်ဟွပင်းက သူ့ကိုပြန်ပြီ တွန်းထုတ်လိုက်ပါတယ်။ မျက်လုံးထဲမှာလဲ အနီရောင်သွေးစသွေးနတွေ ပေါ်လာခဲ့ပြီ သုဝေ့လွမ်ရဲ့ထွက်သွားတဲ့ ဟို့ယွိဟောင်ကို သူစိုက်ကြည့်လို့နေခဲ့တယ်။ ရုတ်တရက်ဆိုသလို သူဒူးထောက်ရင်းထအော်ပလိုက်ပါတယ်။
” ငါမှားသွားပါတယ် ”
သူပြောရင်းနဲ့ ခေါင်းကိုအသုံးပြုပြီး မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ချပြစ်လိုက်တယ်။ အဲ့ဒီနောက် သူမတ်တပ်ထရပ်ရင်း ထွက်ပြေးသွားခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့လဲ ထိုက်ဟွပင်းအသံကိုကြားကထဲက ရပ်တန့်ပြီ လှည့်ကြည့်နေခဲ့တာပါ။ သူ့ရဲ့အကြည့်က တွေဝေနေခဲ့ပြီ နှာခေါင်းတစ်ခုလုံးကလဲ မွန်းလာပါတော့တယ်။
“အမေကြားရဲ့လား ထိုက်ဟွပင်းက သူ့မှားခဲ့တယ်ဆိုတဲ့အကြောင်း ၀န်ခံလိုက်ပြီ ဒါ့အပြင် သူ့ကအဲ့ဒီလူနဲ့ အဲ့ဒီမိန်းမရဲ့သား ဒါတွေအားလုံးက အစပဲရှိသေးတယ်။ အမေ ဆယ့်တစ်နှစ်တာလုံးလုံး ဒုက္ခခံခဲ့ရတာတွေအားလုံးအတွက် ပြန်ပြီပေးဆပ်စေရမယ်။
ဟို့ယွိဟောင်က နောက်တစ်ကြိမ် ထိုက်ဟွပင်းကို လှည့်မကြည့်ခဲ့ပါဘူး။ တခဏတာ ရပ်တန့်နေပြီတဲ့နောက် သုဝေ့လွမ်နဲ့အတူတူ ဆက်သွားရင်း ကုန်ချန်းလုံကို သွားတွေ့ပါတော့တယ်။
ထိုက်ဟွပင်းက ထွက်ပြေးသွားတဲ့အချိန် ကျုးလုနဲ့ ချွေ့ရာကျီးနှစ်ယောက်ကလဲ သူနောက်ကိုလိုက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ပစ်မှတ်က ထိုက်ဟွပင်းတစ်ယောက်ထဲပါ။ ဒါကြောင့်၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကလဲ အဲ့ဒီကောင်မလေးနှစ်ယောက်ကိုသွားပြီ ဒုက္ခမပေးတော့ပါဘူး။ ဒီတစ်ကြိမ်မှာ သူတို့အနေနဲ့ လူတွေအားလုံးကို ကြောက်လန့်စေဖို့ လုံလောက်ခဲ့ပါပြီ။
သုဝေ့လွမ်က ကုန်ချန်းလုံဆီကို လျှောက်လာရင်း ဟို့ယွိဟောင်ကို ပြလိုက်ပါတယ်။
” ဆရာကြီးကုန် ဆရာကြီးရှာနေတဲ့လူကို ကျွန်တော်ခေါ်လာပါပြီ ကြည့်လိုက်ပါဦး ”
ပြောမပြီခင်အချိန်မှာ ကုန်ချန်းလုံက နှာခေါင်းရှုံ့လိုက်ပါတော့တယ်။ ရုတ်တရက်ဆိုသလို သူ့ရဲ့ခန္ဓာကိုယ်က လှုပ်ရှားလို့သွားခဲ့ပြီ ဟို့ယွိဟောင်ရဲ့ခေါင်းဆီကို လက်၀ါးနဲ့ရိုက်ချဖို့ လုပ်ပါတော့တယ်။ အလိုအလောက် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က တုန့်ပြန်လို့သွားခဲ့ရင်း အနောက်ကိုဆုတ်သွားခဲ့ပြီ သရဲအရိပ်ခြေရာကို အသုံးပြုရင်း ဆက်တိုက်ရှောင်ရှားလိုက်ပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ စွဲငင်အားတစ်ခုက ကုန်ချန်းလုံရဲ့လက်၀ါးကနေ ထွက်ပေါ်နေခဲ့ပြီ သူ့ရဲ့လှုပ်ရှားမှုတွေကို ရပ်တန့်သွားစေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ခြေလှမ်းတွေကလဲ ပိုပြီး ပရမ်းပတာဖြစ်လာပါတော့တယ်။ ဒါ့အပြင် အပူလှိုင်းတွေက ဒီစွဲငင်မှုကနေ ထွက်ပေါ်နေခဲ့တာကြောင့် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ ရေလှိုင်းတွေလိုမျိုး လှ်ိုင်းတွေလဲ ပေါ်လာခဲ့ပါပြီ။
သုဝေ့လွမ်ကတော့ ကုန်ချန်းလုံအနေနဲ့ ဟို့ယွိဟောင်ကို စမ်းသပ်ချင်နေမှန်းသိနေတဲ့အတွက် မတားဆီးခဲ့ပါဘူး။ အမှန်တကယ်မှာတော့ သူကိုယ်တိုင်လဲ သူရှေ့မှာဖြစ်ခဲ့တဲ့အခြေအနေနဲ့ ဟို့ယွိဟောင်ရဲ့စွမ်းရည်တွေကို အတည်ပြုချင်နေတာပါ။ ရုတ်တရက် ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ ဖြူဖွေးတဲ့အလင်းတန်းတွေက ထွက်ပေါ်လို့နေခဲ့ပြီ ခြေထောက်ကို မြေပြင်မှာအားပြုလိုက်ရင်း ရပ်တန့်လို့သွားပါတော့တယ်။ ဒါ့အပြင် ခြေထောက်အောက်ကနေ ဖြူစင်၀င်ပတဲ့၀ိညာဥ်စက်ကွင်းက ရုတ်တရက်ပေါ်လာခဲ့တော့တယ်။ ကုန်ချန်းလုံရဲ့ တိုက်ခိုက်မှုကို သူမရှောင်ရှားနိုင်တော့မှ ပြန်ပြီ တိုက်ခိုက်ရုံပါပဲ။ မိုးကောင်းကင်ကြီးကို မထားလိုက်တဲ့အတိုင်း သူ့ရဲ့လက်၀ါးတွေကို အသုံးပြုရင်း ကုန်ချန်းလုံရဲ့ လက်၀ါးကိုပြန်ပြီခုခံပါတော့တယ်။
လက်ရှိအချိန် နေ့လည်နွေခေါင်ခေါင်မှာရှိနေခဲ့ပေမဲ့ ဟို့ယွိဟောင်အနေနဲ့ သူ့လက်ကိုမြောက်ရင်း ကုန်ချန်းလုံကို ပြန်တိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာ ရှိရှိသမျှဆရာတွေအားလုံးအနေနဲ့ သူ့ရဲ့လက်၀ါးတွေက ညကောင်းကင်ရဲ့ကြယ်တာရာတွေလိုတောက်ပနေခဲ့ပြီ စိန်နဲ့ပြုလုပ်ထားတဲ့ လက်အိတ်တွေစွတ်ထားတဲ့အတိုင်းပြောင်းလဲသွားတာကို မြင်လိုက်ရပါတော့တယ်။ တစ်ချိန်ထဲမှာပဲ အားလုံးလဲ ပြင်းထန်လွန်လှတဲ့ အအေးဓာတ်ကို ခံစားလိုက်မိတော့တယ်။ ဒီအအေးဓာတ်ရဲ့ ရောက်ရှိလာခဲ့မှုက အရမ်းကို အားကောင်းပြီ ကြောက်စရာကောင်းလွန်ရုံတင်မကပဲ အရိုးထဲအထိကို နာကျင်စေတာပါ။ ဒီလိုပြင်းထန်တဲ့ အအေးဓာတ်က သုဝေ့လွမ်လိုမျိုး ကျင့်ကြံဆင့်မြင့်မားလွန်တဲ့သူကိုတောင် ချက်ချင်းတုန်ရီသွားစေခဲ့ပါတယ်။ လက်၀ါးသုံးခု ထိတွေ့သွားချိန်မှာ ကုန်ချန်းလုံရဲ့ညာဘက်လက်၀ါးက မီးလိုပူပြင်းနေခဲ့ပြီ မီးသွေးခဲကြီးတစ်ခုလိုမျိုး တောက်ပနေခဲ့ပါတယ်။ အဲ့ဒီနောက် ချီချီဆိုတဲ့အသံနဲ့အတူ ဟို့ယွိဟောင်ရဲ့လက်၀ါးနဲ့ ထိမိတော့တယ်။ အဖြူရောင်မြူခိုလှိုင်းတွေက သူတို့နှစ်ယောက် လက်၀ါးတွေထိတွေ့တဲ့အလယ်ဗဟိုမှာ ထွက်ပေါ်လို့လာခဲ့ပြီ ခန္ဓာကိုယ်နှစ်ခုစလုံးကိုလဲ မြူထဲ ရောက်သွားစေခဲ့ပါတော့တယ်။
ဟို့ယွိဟောင် ပြန်လည်တိုက်ခိုက်လိုက်တဲ့ တိုက်ခိုက်မှုက သူ့ကိုလဲနောက်ထပ်ခြေသုံးလှမ်းလောက် နောက်ဆုတ်သွားခဲ့ပြီမြေပြင်ပေါ်ကိုလဲ ဖင်ထိုင်လျက်သားကျသွားစေခဲ့တယ်။ ဖင်ထိုင်လျက်သား ကျသွားစေခဲ့ပေမဲ့ သူကိုယ်တိုင်လဲ လန့်သွားဆဲပါ။ ဘာကြောင့်လဲဆိုတော့ ဘာဒဏ်ရာမှမရလို့ပါပဲ။
ကုန်ချန်းလုံရဲ့ အထိတ်တလန့်မျက်နှာကြီးကတော့ မြူခိုတွေပျောက်ကွယ်သွားချိန်မှာ ရှင်းရှင်းလင်းလင်းပေါ်လာပါတော့တယ်။
” တော်လိုက်တဲ့ကလေးပါလား ”
သူဆက်ပြောပါတယ်။
” မင်းက အဆုံးစွန်းအစွမ်းထက်နေတဲ့ အနိမရေခဲအစွမ်းကို ပိုင်ဆိုင်ထားတာပဲ ဒါကြောင့်သာ မင်းရဲ့သိုင်းပညာ၀ိညာဥ်က ဒီအဘိုးကြီးကို ဖိနှိမ့်ထားနိုင်တာ ဒါပေမယ့် ငါ့ကို ပိုပြီးအံ့ဩစေတဲ့အရာကတော့ ၀ိညာဥ်စက်ကွင်းတစ်ကွင်းရှိတဲ့ မင်းလို၀ိညာဥ်ပညာရှင်လေးတစ်ယောက်က ဘယ်လိုကြောင့်များ အဆင့်နှစ်ဆယ်၀ိညာဥ်မဟာပညာရှင်ကို ယှဥ်ပြိုင်နိုင်တဲ့အစွမ်းအစရှိနေရတာလဲ ဒါ့အပြင် မင်းရှိခဲ့ဖူးတဲ့ နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းတွေက ဘယ်မှာလဲ ”
ဒါပေမယ့် သူဒီလိုပြောလိုက်ချိန်မှာ ရေခဲတွေခဲနေခဲ့တဲ့သူ့ရဲ့လက်ကို နောက်ကျောဖက်အင်္ကျီထဲ အတင်းထိုးပြီး၀ှက်လိုက်တဲ့ကိစ္စကိုတော့ ဘယ်သူမှမမြင်လိုက်ပါဘူး။
ဟို့ယွိဟောင်က ထရပ်လိုက်ပါတယ်။ ဒီအဘိုးကြီး သူ့ရဲ့ဒီကျင့်ကြံဆင့်ကို စမ်းသပ်နေမှန်းသူသိတယ်။ ဒါကြောင့် သူတလေးတစားနဲ့သာ ပြန်ဖြေလိုက်ပါတယ်။
” ဆရာကြီးကျွန်တော်မှာ နှစ်တစ်သိန်းစက်ကွင်းတွေ မရှိပါဘူး…ဒါက ကျွန်တော်ရဲ့ ထူးခြားတဲ့၀ိညာဥ်စွမ်းရည်တစ်ခုပါ ကျွန်တော်ရဲ့၀ိညာဥ်စွမ်းအားက အဆင့်နှစ်ဆယ်ရဲ့ အထက်မှာနှစ်မျိုးနှစ်စား ရှိနေတာကတော့ သိုင်းပညာ၀ိညာဥ်နှစ်ခုပိုင်ဆိုင်ထားလို့ပါပဲ ကျွန်တော်ရဲ့ ပထမသိုင်းပညာ၀ိညာဥ်မှာ ၀ိညာဥ်စက်ကွင်းနှစ်ခုရှိပါတယ်…အစောပိုင်းတုန်းက ဆရာကြီးရဲ့ မီးစွမ်းအင်သိုင်းပညာ၀ိညာဥ်ကို ကျွန်တော်ခံစားမိခဲ့တယ်..ဒါကြောင့်သာ ကျွန်တော်ရဲ့ ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်ကို ဆွဲဆောင်လိုက်တာဖြစ်ပါလိမ့်မယ် ..ဒါကြောင့် ကျွန်တော်လဲ ဒုတိယသိုင်းပညာ၀ိညာဥ်ကို အသုံးပြုရင်း ပြန်လည်တုန့်ပြန်ဖို့အတွက် ဆုံးဖြတ်လိုက်တာပါ ”
ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်ကို ပြောပြလိုက်ချိန်မှာ သုဝေ့လွမ်လဲ မျက်လုံးအပြူးသားဖြစ်နေခဲ့ပါပြီ။ အထူးသဖြင့် ဟို့ယွိဟောင်ရဲ့ခြေထောက်အောက်ဖက်မှာ ဖြူဖွေးတဲ့၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိနေခဲ့တာပါ။ ဟို့ယွိဟောင်ကိုယ်တိုင်ပြောပုံအရ သူက အမွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့သူပါ။ သူ့ရှေ့မှာရှိသမျှတဲ့ အရာအားလုံး မဲမှောင်သွားသလိုခံစားလိုက်မိပါတော့တယ်။ စိတ်ဖိစီးမှုက လူကိုထိုးနှက်သွားတာကြောင့် သူလဲ ထိုက်ဟွပင်းလို သွေးအန်မတတ်ဖြစ်သွားခဲ့မိတယ်။
အကယ်၍ ဟို့ယွိဟောင်တို့ရဲ့ အတန်းနံပါတ်တစ်မှာ သူနဲ့ရှောင်းရှောင်းနှစ်ယောက်စလုံးက အမွှာသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားခဲ့တယ်ဆိုရင် သူတို့က အပြင်နယ်မြေတစ်ခုလုံးမှာ အမွှာ၀ိညာဥ်ပိုင်ဆိုင်ထားတဲ့ နှစ်ယောက်တည်သောသူတွေပါ။ ဒါ့အပြင် အမွှာ၀ိညာဥ်ပိုင်ဆိုင်ထားတဲ့ သူတွေက အရမ်းကို ပါရမီရှိတဲ့သူတွေလို့ ပြောလို့ရပြီ ရှားပါးတဲ့ကောင်းချီးခံဖြစ်တည်မှုတွေပါပဲ။ ကြမ်းတမ်းတဲ့အမျက်ဒေါသကျောင်းတော်လိုနေရာမျိုးမှာတောင် ဒီလိုမျိုး အမွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်တဲ့ ကျောင်းတော်သားတွေက အတွင်းတပည့်သား ဖြစ်လာကြပြီ အမြဲတမ်းအတွင်းနယ်မြေထဲကို ၀င်ရောက်နိုင်ခဲ့ပါတယ်။
သုဝေ့လွမ်ကို ပိုပြီးစိတ်ဖိစီးစေတဲ့အရာကတော့ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့အမွှာသိုင်းပညာ၀ိညာဥ်ကို လက်နက်ပြုလုပ်တဲ့နေရာမှာသွားပြီ ဖြုန်းတီးလိုက်တာပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းတော်သားတစ်ယောက်အနေနဲ့ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပဲရှိတာက အတော်လေးကို မျက်နှာငယ်စေတဲ့ကိစ္စပါ။ ဒါပေမယ့် သူကတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်နှစ်ခုစလုံးမှာ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းတွေသာရှိနေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အစောပိုင်းတုန်းက သူထုတ်လွှတ်လိုက်တဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေဆိုတာက စွမ်းရည်တစ်ခုတဲ့လား စိတ်ထဲမှာသိလိုစိတ်က ကုန်ချန်းလုံထက် မနည်းပါးခဲ့ပါဘူး။
ကုန်ချန်းလုံက အလေးအနက်နဲ့ခေါင်းညိတ်နေခဲ့ပါတယ်။
” ကောင်းတယ် တကယ်အားကောင်းတဲ့စွမ်းရည်တစ်ခုပဲ သူ့ရဲ့အစွမ်းအစရော အင်အားရောနှစ်ခုစလုံးက ထိပ်ဆုံးကိုရောက်နေပြီ အကယ်၍ ငါသာမမှားဘူးဆိုရင် မင်းမှာသေချာပေါက် ၀ိညာဥ်အရိုးတစ်ခုလဲ ရှိရမယ်..အဲ့ဒါက စွမ်းအားကိုအားဖြည့်ပေးတဲ့ ၀ိညာဥ်အရိုးပဲ မင်းအနေနဲ့ ဒီလောက်အားကောင်းတဲ့စွမ်းအားကို ၀ိညာဥ်အရိုးမရှိပဲထုတ်လွှတ်နိုင်မှာမဟုတ်ဘူး ”
အစောပိုင်းတုန်းက သူ့ရဲ့၀ိညာဥ်သားရဲကောင်တွေကို ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင် လုပ်လိုက်တဲ့သူနဲ့ပတ်သက်ပြီ အရမ်းကို ဒေါသထွက်ခဲ့တာပါ။ ဒါ့အပြင် အဲ့ဒီဒေါသကြောင့်သာ ဟို့ယွိဟောင်ကို လက်၀ါးနဲ့သွားရိုက်တာလဲဖြစ်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားကို ခံစားမိပြီးတဲ့နောက် ဒီအင်အားနဲ့ဆိုရင် ဟို့ယွိဟောင်သေချာပေါက် လေထဲလွှင့်ထွက်သွားမယ်လို့ တွေးနေမိခဲ့တာပါ။ အနည်းဆုံးတော့ သေချာပေါက် ဒူးထောက်လျက်သားဖြစ်နေလောက်ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်က နောက်ကိုခြေလှမ်းသုံးလှမ်းသာ ဆုတ်သွားခဲ့ပြီ ဖင်ထိုင်လျက်သားကျသွားခဲ့ပါတယ်။ သူ့အနေနဲ့ဘာမှဆိုးဆိုးရွားရွား ဖြစ်မသွားတဲ့ပုံစံပါပဲ။
အပိုင်း ၄၉•၁ ပြီး၏။