Switch Mode

Chapter – 48.2

ကြောက်လန့်ဖွယ်ရာ အတားအဆီး

အပိုင်း ၄၈•၂

” ကြောက်လန့်ဖွယ်ရာအတားအဆီး ”
°°°
သားရဲကောင် တိုက်ခိုက်ရေးနယ်မြေမှာ မြေအောက်အပိုင်းတွေလဲ ရှိနေခဲ့ပါတယ်။ မူအခြေအနေအရ သူ့ကို တည်ဆောက်ပြီးအချိန်မှာ စုစုပေါင်းရာနဲ့ချီတဲ့၀ိညာဥ်အတတ်ပညာရှင်တွေက ဆက်တိုက်ဆိုသလို ဗိသုကာပညာရှင်တွေနဲ့ လက်သမားတွေကို ကူညီရင်း အလုပ်လုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အားကောင်းတဲ့၀ိညာဥ်လက်နက်တွေရဲ့ ကျေးဇူးနဲ့များပြားတဲ့ ၀ိညာဥ်သားရဲကောင်တွေကို လှောင်ချိုက်တွေထဲမှာဖမ်းဆီးထားနိုင်ခဲ့တယ်။ ဒါပေမယ့် အားကောင်းတဲ့၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အဲ့ဒီနေရာတွေကို တစ်နှစ်ပတ်လုံး စောင့်ကြပ်နေဖို့ လိုပါတယ်။ ကောလဟာလတွေအရတော့ ဒီနေရာမှာ ၀ိညာဥ်သားရဲကောင်ပေါင်း တစ်သောင်းကျော်ကို ဖမ်းဆီးထားပါတယ်တဲ့ ဒါပေမယ့် နှစ်ပေါင်းတစ်သိန်းသားရဲကောင်ကိုတော့ ဖမ်းဆီးထားနိုင်ချေမရှိခဲ့ပါဘူး။ နှစ်ပေါင်းတစ်သိန်းသားရဲကောင်ကို အသက်ရှင်လျက်ဖမ်းဆီးဖို့က ခက်ခဲရုံတင်မက မဖြစ်နိုင်တဲ့အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။ ဒါပေမယ့် နှစ်ပေါင်းတစ်သိန်း၀ိညာဥ်သားရဲကောင်ဆိုတာက ဘယ်၀ိညာဥ်ပညာရှင်အတွက်မဆို မမျှော်လင့်ထားနိုင်လောက်အောင် များပြားတဲ့ ချမ်းသာကြွယ်၀မှုနဲ့ ညီမျှနေခဲ့ပါတယ်။ နှစ်ပေါင်းတစ်သိန်း၀ိညာဥ်သားရဲကောင်တစ်ကောင်က ၀ိညာဥ်ပညာရှင်တစ်ယောက်ကို မိုးကောင်းကင်အထိ မြင့်တက်သွားအောင်လို့ စွမ်းဆောင်ပေးနိုင်တယ်ဆိုတာ ချဲ့ကားပြောကြားနေတာမျိုးမဟုတ်ရပါဘူး။ နှစ်ပေါင်းတစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးတွေက စုစုပေါင်း ၀ိညာဥ်စွမ်းရည်လေးခုကို ပေးစွမ်းနိုင်ပါတယ်။ တွေးကြည့်ရုံနဲ့တင် ဘယ်လောက်ကြောက်စရာကောင်းလိုက်လေမလဲ။

တစ်ချိန်ထဲမှာပဲ သားရဲကောင်တိုက်ခိုက်ရေးနယ်မြေမှာကတော့ ငြိမ်သက်လို့နေခဲ့ပါပြီ။ ဒါ့အပြင် ကျောင်းသားတွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်ရေးလေ့ကျင့်နိုင်ဖို့အတွက် သူတို့ရဲ့အစွမ်းအစကို တိုးတက်လာစေဖို့ ခွင့်ပြုပေးထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပထမနှစ်ကျောင်းသားတွေက သားရဲကောင်တ်ိုက်ခိုက်ရေးနယ်မြေကို နောက်ဆုံးအတန်းတင်စာမေးပွဲအတွက် စတင်၀င်ရောက်နိုင်ခါစဖြစ်ပါသေးတယ်။

သားရဲကောင်တိုက်ခိုက်ရေးနယ်မြေက ဘဲဥပုံသဏ္ဍာန်အဆောက်အအုံကြီးတစ်ခု ဖြစ်နေခဲ့ပြီ ဘေးတိုက်အကျယ်အ၀န်ကတော့ တစ်ရာကိုးဆယ့်မီတာ၀န်းကျင်ရှိပါတယ်။ ဒါ့အပြင် အတိုဆုံးအပိုင်းကတော့ တစ်ရာခြောက်ဆယ့်မီတာပါ။ စုစုပေါင်း မီတာခြောက်ဆယ့်နီးပါးမြင့်မားပါတယ်။ အကယ်၍ အပြင်ကနေ ကြည့်မယ်ဆိုရင် အလွှာလေးလွှာကို မြင်တွေ့ရမှာပါ။ ပထမဆုံးအလွှာသုံးလွှာကိုတော့ အခုံပုံသဏ္ဍာန်တွေ အများကြီးနဲ့ တည်ဆောက်လို့ထားခဲ့ပါတယ်။ ဒါ့အပြင် တစ်လွှာချင်းဆီတိုင်းမှာ ကျောက်တုံးတိုင်ကြီးတွေက ဆက်တိုက်ဆိုသလို အထောက်အပံ့အဖြစ် တည်ရှိနေခဲ့ကြတယ်။ လေးလွှာမြောက်ကတော့ လမ်းကျဥ်းလေးတွေ အများကြီးနဲ့ အခုံပုံသဏ္ဍာန် ၀င်ပေါက်တွေဆက်တိုက်ရှိနေတာပါ။ ဒါ့အပြင် သားရဲကောင်တိုက်ခိုက်ရေးနယ်မြေအတွင်းမှာရှိတဲ့ လူတွေကို အပေါ်စီးကနေ တိုက်ရိုက်ကြည့်နိုင်ဖို့ ခွင့်ပြုပေးပါတယ်။ ကြည့်ရှု့သူတွေရပ်တည်ပြီ စောင့်ကြည့်ရမဲ့နေရာကတော့ အပိုင်းလေးပိုင်း ခွဲခြားထားပါတယ်။ အထူးအခြေအနေမျိုးမှာ ကျောင်းတော်က ဒီနေရာတွေကို အမျိုးမျိုး ပိုင်ခြားပေးထားပါတယ်။ ဒါ့အပြင် အဲ့ဒီအဆောက်အအုံကြီးက အတော်ကိုခမ်းနားလွန်လှပြီ တန်ဖိုးကြီးပစ္စည်းတွေနဲ့ ပြည့်နှက်နေတယ်လို့တောင် ပြောလို့ရနိုင်နေခဲ့တယ်။

ကြီးမားတဲ့သားရဲကောင်တိုက်ခိုက်ရေးနယ်မြေကြီးက စုစုပေါင်း ကြည့်ရှု့သူတစ်သောင်းနီးပါးကို လက်ခံစောင့်ကြည့်နိုင်ဖို့အထိ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါ့အပြင် ဗလာဟင်လင်ဖြစ်နေတဲ့ အစိတ်အပိုင်းကြီးကတော့ အတွင်းဗဟိုချက်မှာရှိနေခဲ့တယ်။ ၀ိညာဥ်တိုက်ခိုက်ရေးနယ်မြေထဲမှာ ဘယ်သူမဆို ၀ိညာဥ်သားရဲကောင်တစ်ကောင်နဲ့ဖြစ်စေ ၀ိညာဥ်သားရဲကောင်အများကြီးနဲ့ဖြစ်စေ တိုက််ခိုက်နိုင်ပါတယ်။ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ အတန်းကြီးကျောင်းသားတွေက ဒီနေရာနဲ့အတော်လေးကို ရင်းနှီးနေခဲ့ကြပါပြီ။ အဆင့်မြင့်တဲ့ ကျင့်ကြံမှုကို ပိုင်ဆိုင်ထားတဲ့ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို လေ့ကျင့်ဖို့အတွက် ဒီနေရာကို မကြာခဏလာရောက်လေ့ရှိပါတယ်။ တစ်ချိန်ထဲမှာပဲ အဆင့်နှိမ့်ကျောင်းသားတွေအတွက်ကတော့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။

စတုတ္ထနှစ်သင်ကြားမှုကို ပြီးတဲ့နောက် အတန်းတစ်တန်းချင်းဆီတိုင်းက တစ်ပတ်ကိုတစ်ခါ ဒီနေရာကိုလာရောက်ကြရပါတယ်။ ဒါ့အပြင် စုပေါင်းထားတဲ့ ရလဒ်နဲ့ နောက်ဆုံးအတန်းတင်စာမေးပွဲကို ဆုံးဖြတ်ကြတယ်။

ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ကြီးမားတဲ့နယ်မြေကြီးထဲကို လျှောက်လာနေရင်း သူ့တို့မျက်လုံးတောင် သူတို့မယုံနိုင်ပါဘူး။ ဘယ်လိုနောက်ခံအင်အားကို ပိုင်ဆိုင်ကြပါစေ သူတို့အရှေ့မှာရှိနေခဲ့တဲ့ အဆောက်အအုံကြီးက မြင်ဖူးသမျှတန်ဖိုးကြီး အဆောက်အအုံတိုင်းထက်ကိုကျော်လွန်လို့နေခဲ့ပါပြီ။

” ယွိဟောာင် ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ရဲ့စိတ်ထဲ၀င်ရောက်လို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ သူဒီလိုမျိုး ပေါ်ထွက်လာတာကို ကျင့်သားရနေပြီဖြစ်ပေမဲ့ တစ်ခါတစ်လေမှာတော့ ဒီလိုရုတ်တရက်ပေါ်ထွက်လာခဲ့မှုကြောင့် သေလုမတတ်ကြောက်နေဆဲပါ။

” အစ်ကိုကြီး ဘာဖြစ်လို့လဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလာခဲ့ပါတယ်။

” မင်းအစောပိုင်းတုန်းက ဟိုကလေးကို မင်းအရှေ့မှာ ဒူးထောက်ပြီ ဦးချစေချင်တယ်မဟုတ်လား ငါပြောပြမယ်…အလွယ်ဆုံးနည်းလမ်း ငါမင်းကို သင်ပေးစရာရှိတယ်..အနာဂတ်မှာလဲ တိုက်ခိုက်တဲ့အချိန်မှာ အရမ်းကိုအသုံး၀င်လိမ့်မယ် ”

ဒါကိုကြားချိန်မှာ ဟို့ယွိဟောင်အနေနဲ့ အရမ်းကို ပျော်ရွှင်သွားပါတော့တယ်။

” ဟုတ် ကျွန်တော်ကိုပြောပြပါဦး “‘

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ စတင်ရှင်းပြပါတော့တယ်။

” ကောင်းပြီ မင်းဒီလိုလုပ်ရမယ်..လွယ်လွယ်လေးပဲ “‘

°°°
ပထမနှစ်ကျောင်းတော်သားတွေအားလုံးက နောက်ဆုံးအတန်းတင်စာမေးပွဲအတွက် သူတို့တွေ စင်မြင့်တစ်ခုဆီကို သွားရမှာပါ။ ဒါ့အပြင် သူတို့တွေအမှတ်တွေနဲ့ အဆင့်ကိုတစ်ခါထဲလျှောက်လွှာပေါ်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို လက်ခံဖို့အတွက် လူတိုင်းက တန်စီးနေခဲ့ကြပါပြီ။ ဒီလိုလုပ်နေချိန်မှာ ၀မ်သုန့်က ထိုက်ဟွပင်းကို ကြည့်ရင်း ရှာဖွေနေခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာပဲ သူ့ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။ ဒါကြောင့် ဟို့ယွိဟောင်ကို တစ်ထောင်နဲ့တွတ်လိုက်ရင်း ပြောလာခဲ့ပါတယ်။

” ကြည့်လိုက် ထိုက်ဟွပင်းတို့အဲ့ဒီမှာရှိတယ် ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ရင်း ထိုက်ဟွပင်းရပ်နေတဲ့နေရာကို လျှောက်သွားပါတော့တယ်။

၀မ်သုန့်ကတော့ ကြောင်အသွားခဲ့ပါပြီ။ ဒီကောင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ စိတ်လွှတ်သွားတာများလား ဒါပေမယ့် သူနဲ့ရှောင်းရှောင်းတို့က ဟို့ယွိဟောင်ရဲ့အကြံအစည်ကို ခန့်မှန်းတို့ကြိုးစားမနေပဲ သူနောက်ကိုချက်ချင်းလိုက်သွားပါတော့တယ်။

ထိုက်ဟွပင်းကလဲ သူတို့ကို အာရုံစိုက်နေခဲ့တာပါ။ ဒါကြောင့် ဟို့ယွိဟောင် သူအနားရုတ်တရက်ရောက်လာတာကို ချက်ချင်းသတိထားမိပါတယ်။ ဘယ်လိုအားနည်းချက်ကိုမှ ထုတ်မပြပဲ ဟို့ယွိဟောင်အနားကပ်လာတာကိုကြည့်ရင်း အေးစက်စက်နဲ့သာ စိုက်ကြည့်နေခဲ့တယ်။

တန်စီးနေကြတဲ့တခြားကျောင်းသားတွေလဲ သူတို့ရဲ့ လောင်းကြေးကို မသိကြပါဘူး။ ဒါပေမယ့် အဲ့ဒီနှစ်ဖွဲ့က နောက်ဆုံးဗိုလ်လုပွဲမှာ ယှဥ်ပြိုင်ခဲ့တာကိုတော့ ကောင်းကောင်းသိနေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ထိုက်ဟွပင်းနဲ့ ကျုးလုတို့ရဲ့ ယှဥ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ ပုံစံတွေက အတော်ကို ပြန်နှံ့နေခဲ့တာပါ။ နှစ်ဖွဲ့စလုံးက တစ်ယောက်တစ်ယောက် အခဲမကြေကြတာအသေအချာပါပဲ။ သူတို့ ခြောက်ယောက်က အားလုံးရဲ့အာရုံစိုက်မှုအလယ် ရောက်လာပါတော့တယ်။

ဟို့ယွိဟောင်က ထိုက်ဟွပင်းနဲ့ သုံးမီတာအကွာမှာရပ်လိုက်ရင်း ပြောလာခဲ့ပါတယ်။

” ထိုက်ဟွပင်း ဒီနေ့ငါတို့လောင်းကြေးရဲ့ အပြတ်ဖြတ်ရမဲ့နေ့ပဲ ငါမင်းကို မေးစရာရှိတယ်…မင်းအဲ့ဒီလောင်းကြေးကို နောင်တရရဲ့လား ”

ထိုက်ဟွပင်းက ဒါကိုကြားချိန်မှာ ဘာပြောရမယ်မှန်းမသိ ဖြစ်သွားပါတော့တယ်။ ဒီဟို့ယွိဟောင် ရူးသွားတာပဲ ဖြစ်ရမယ်။ အဲ့ဒီနောက် သူပြန်ဖြေလိုက်ပါတယ်။

” ငါထိုက်ဟွပင်း ဘယ်တော့မှငါ့စကားကို ပြန်ပြီမရုတ်သိမ်းဘူး..ဒီနေ့ငါတို့နှစ်ဖက်ရဲ့ သုံးယောက်စလုံးက နောက်ဆုံးစာမေးပွဲကို လောင်းကြေးအဖြစ် အသုံးပြုပြီး ပြိုင်ဆိုင်မယ်..ဒါ့အပြင် သုံးယောက်စလုံးစုစုပေါင်း အမှတ်အနှိမ့်ဆုံးသူက အမှတ်မြင့်တဲ့သူကို ၀ပ်တွားဦးညွတ်ပြီ ဦးချရမယ်….ဒါ့အပြင် ကိုယ်ရဲ့အမှားကိုပါ ၀န်ခံရမယ် ”

ဟို့ယွိဟောင်ကလဲ ခေါင်းညိတ်လိုက်ပါတယ်။

” ကောင်းပြီ ဒါဆိုရင် ဒီနေရာမှာရှိတဲ့သူတွေအားလုံးကို ဒီနေ့လောင်းကြေးရဲ့ မျက်မြင်သက်သေတွေ ဖြစ်စေချင်တယ်..မင်းဘယ်လိုထင်လဲ ထိုက်ဟွပင်း ”

ထိုက်ဟွပင်းက ချက်ချင်းဆိုသလို ပြန်ဖြေလိုက်ပါတယ်။

” ကောင်းပြီ အကယ်၍ မင်းဒီဆုံးဖြတ်ချက်ကို နောင်တရပြီဆိုရင် မင်းနဲ့၀မ်သုန့် နှစ်ယောက်အခုထဲက တစ်ခါထဲဦးညွတ်ပြီ တောင်းပန်ထားဖို့ ကောင်းလိမ့်မယ်…ရှောင်းရှောင်းကတော့ ကောင်မလေးတစ်ယောက်ပဲလေ သူ့ကိုတော့ ချွင်းချက်ပေးနိုင်ပါတယ် ”

ဟို့ယွိဟောင်က နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်ပါတယ်။

“‘စာမေးပွဲပြီတဲ့အချိန် ဒီနေရာမှာ ပြန်ဆုံကြမယ် “‘

အဲ့ဒီနောက် သူလှည့်ထွက်သွားပါတော့တယ်။

သူတို့ကြားမှာရှိခဲ့တဲ့ စကားတွေက ရှိရှိသမျှကျောင်းသားတွေရဲ့အာရုံကို ဖမ်းစားလိုက်ပါပြီ။ ဒါ့အပြင် အားလုံးကလဲ လျှောက်လွှာအတွက် တန်စီးနေခဲ့ကြတာပါ။ သူတို့တွေ ခပ်တိုးတိုးဆွေးနွေးနေကြပါတော့တယ်။ အခုအချိန်မှာ ထိုက်ဟွပင်းရဲ့ မျက်နှာအမူအရာကတော့ ပိုလို့တောင် အကျည်တန်းလာခဲ့ပါပြီ။

” မင်းဒီလိုမျိုး ကိုယ်ပြဿနာကိုယ်ရှာတာကြောင့် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရလိမ့်မယ်..နောက်ထပ်ပိုပြီး မျက်နှာပျက်ရုံကလွဲပြီ မင်းတို့ဘာကြုံစရာထပ်ရှိသေးဦးမှာလဲ ငါကတော့ ပျော်ပျော်ကြီး ကူညီပေးရဦးမှာပေါ့ ”

သူမြင်အရသလောက်အရဆိုရင် ဟို့ယွိဟောင်က လူတွေအများကြီးရဲ့အရှေ့မှာ ဒီလိုလာပြီးပြောတာ ပထမနှစ်တစ်ခုလုံး သူတို့လောင်းကြေးကို သိချင်လို့ပါ။ သူအခုဒီလိုလုပ်ပြီ ဖြစ်တာကြောင့် လောင်းကြေးမှာရှုံးနှိမ့်သွားတဲ့သူက ကျောင်းတော်တစ်ခုလုံးမှာ ခေါင်းဖော်န်ိုင်တော့မှာမဟုတ်ပါဘူး။ ဘယ်လိုကြောင့်များ ဒီလောက်ယုံကြည်ချက်ရှိနေရတာလဲ။ ဟို့ယွိဟောင်အနေနဲ့ လှည့်ကွက်တွေသုံးဖို့များ ရှိနေတာများလား ထိုက်ဟွပင်းကလဲ သူ့ရဲ့အစွမ်းအစကို ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့် ရှိနေခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့တစ်နှစ်လုံးလုံးသူအများကြီး ကြိုးစားခဲ့ရတာပါ။

အားလုံး သူတို့ရဲ့လျှောက်လွှာတွေကို ရရှိပြီတဲ့နောက် သက်ဆိုင်တဲ့ဆရာတွေဆီကို သွားကြပါတော့တယ်။

သူတို့တွေက နောက်ဆုံးစာမေးပွဲကို ဖြေဆိုကြရမှာဖြစ်တာကြောင့် ကြည့်ရှု့သူတွေရဲ့ နေရာကိုမသွားကြပါဘူး။ အဲ့ဒီအစား သားရဲကောင်တိုက်ခိုက်ရေးနယ်မြေကြီးထဲမှာသာ အစီအစဥ်တကျ ရပ်နေခဲ့ကြရင်း စာမေးပွဲဖြေဆိုဖို့အတွက် စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ပထမနှစ်ကျောင်းသားတွေအားလုံးက စုစုပေါင်း စမ်းသပ်ချက်တစ်ရာကို ဖြေဆိုရမှာပါ။ ဒါ့အပြင် သူတို့အနေနဲ့ ဒီနေရာမှာပထမဆုံးလာရောက်ပြီ တိုက်ခိုက်ရတာလဲ ဖြစ်ပါတယ်။၊ ဒါ့အပြင် ကျောင်းတော်အနေနဲ့လဲ သူတို့လုံခြုံစိတ်ချရစေဖို့ကို အဓိကအရေးပေးထားပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဆရာနှစ်ဆယ့်နီးပါးက ကျောင်းသားတွေကို အဆင်သင့်စောင့်ဆိုင်းနေခဲ့ကြတယ်။ ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တွေအားလုံးကိုလဲ သေသေချာချာ ထိန်းချုပ်လို့ထားခဲ့ပြီ ကျောင်းသားတွေရဲ့ အရည်အသွေးအလိုက် တိုက်ခိုက်ယှဥ်ပြိုင်မှုကို စီစဥ်ထားခဲ့ပါတယ်။ ဒီတစ်ခေါက် ဖြေဆိုရမဲ့ ကျောင်းသားအရေအတွက် အတော်ကိုများပြားပေမဲ့ လက်ရှိအချိန် လူတ်ိုင်းကိုတော့ သူတို့လုပ်ဆောင်ရမဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီ ရင်းနှီးအောင်အစောကြီးကထဲက သေချာသင်ကြားပေးပြီးသားပါ။

ကျယ်ပြန့်လွန်လှတဲ့ သားရဲကောင်တိုက်ခိုက်ရေးနယ်မြေကြီးက အပိုင်းအဆင့်ဆင့် မခွဲခြားထားပါဘူး။ ကျောင်းသားတွေအနေနဲ့ တစ်ယောက်ချင်းဆီ တစ်ခေါက်ကို ဖြေဆိုရမှာပါ။ ဒီလိုနည်းနဲ့ ဆရာတွေလဲ ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်သလို သူတို့တွေရဲ့အဆင့်ကိုလဲ တိတိကျကျသတ်မှတ်နိုင်ပါလိမ့်မယ်။

သုဝေ့လွမ်လဲ ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့သူက စာမေးပွဲစစ်သူတွေအားလုံးရဲ့အကြီးအကဲပါပဲ။ သူ့ဘေးမှာတော့ တခြားဆရာလေးယောက်က ကျောင်းသားတွေကို အဆင့်သတ်မှတ်ဖို့အတွက် ရှိနေခဲ့ပါတယ်။ အားလုံးကလဲ အပေါ်စင်မြင့်ပေါ်မှာထိုင်ရင်း သားရဲကောင်တိုက်ခိုက်ရေးနယ်မြေကြီးကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်စောင့်ကြည့်နေခဲ့တယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ အတန်းနံပါတ်တစ်ရဲ့ ကျော်ကြားတဲ့ ခေါင်းဆောင်တွေပါ။ ဒါကြောင့် သူတို့ကလဲ အရှေ့ဆုံးမှာ ရပ်နေခဲ့ပါတယ်။ အတန်းနံပါတ်နှစ်အတွက်မှာတော့ ထိုက်ဟွပင်းနဲ့ ရှဲ့ဟွမ်ယွဲ့တို့ရှိနေခဲ့တယ်။ ရှဲ့ဟွမ်ယွဲ့နဲ့ ထိုက်ဟွပင်းတို့ရဲ့ လေ့ကျင့်မှုမှာ ကွာခြားချက်က သိပ်မရှိပေမဲ့ ရှဲ့ဟွမ်ယွဲ့ရဲ့ ခုခံနိုင်တဲ့အစွမ်းအစက အရမ်းကို ကြီးမားပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်နဲ့ တခြားသူတွေအားလုံးကလဲ သူတို့ကို သတိထားရတာပါ။

မုကျင်းက ထိုက်ဟွပင်းဘေးမှာရပ်နေရင်း ကျိုးယိကို ရေခဲလိုအကြည့်တွေနဲ့ ကြည့်နေခဲ့ပါတယ်။ ကျိုးယိက ခပ်တိုးတိုးပြောလိုက်တယ်။

” ယွိဟောင် မင်းကို ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကနေ အဓိကအတွင်းတပည့်သားအဖြစ် လက်ခံလိုက်ပြီးပြီ ဒီနေရာမှာ အကောင်းဆုံးသာ ကြိုးစားလိုက် မင်းအတွက် အရမ်းသန်မာလွန်တဲ့ ၀ိညာဥ်သားရဲကောင်ကို မရွေးချယ်နဲ့ ဒါ့အပြင် တတ်နိုင်သလောက် အနိုင်ရဖို့ကိုပဲ အဓိကအာရုံစိုက်ရမယ်..ကိုယ့်ကိုကိုယ်လဲ သတိထားသလို စွမ်းအားကိုလဲ ချွင်းချန်ထားဖို့မလိုဘူး..ဒါ့အပြင် ဘယ်နေရာမှာ ပါ၀င်ယှဥ်ပြိုင်ရမလဲဆိုတာ မြင်တွေ့ပြီးပြီပဲ ကျောင်းသားတွေကို သတ္တိရှိလာစေဖို့အတွက် ကျောင်းတော်က အဖွဲ့နှစ်ဖွဲ့စလုံးရဲ့ ခေါင်းဆောင်တွေကို စင်မြင့်တစ်ခုထဲမှာ အရင်ဆုံးတိုက်ခိုက်စေဖို့အတွက် ဆုံးဖြတ်ထားတယ်….ငါတို့အတန်းကနေ ယှဥ်ပြိုင်မှုလူတစ်ယောက်လွှတ်ပြီးရင်း အတန်းနံပါတ်နှစ်ကလဲ သူတို့ခေါင်းဆောင်ကို လွှတ်လိမ့်မယ်…၀မ်သုန့် အခုတော့ မင်းအလှည့်ဖြစ်လိမ့်မယ်…မင်းက သေချာပေါက် အောင်မြင်မှာပဲ အကယ်၍ မင်းယုံကြည်ချက်ရှိတယ်ဆိုရင် အဆင့်အမြင့်ဆုံး၀ိညာဥ်သားရဲကောင်ကို ရွေးချယ်ဖို့ငါအကြံပြုချင်တယ်..ဒီလိုနည်းနဲ့ အချိန်အနည်းငယ်တောင့်ခံထားပြီ မင်းရှုံးမယ်ဆိုရင်တောင် မင်းရဲ့အမှတ်က မဆိုးနိုင်ဘူး ”

” ကျွန်တော်နားလည်ပါပြီဆရာ မစိုးရိမ်ပါနဲ့ ”

၀မ်သုန့်က လက်သီးပြင်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ဆရာကျိုး ခဏစောင့်ပါဦး ကျွန်တော်အရင်ဆုံးသွားပါရစေ ”

ဟို့ယွိဟောင်က ရုတ်တရက်ပြောလာခဲ့ပါတယ်။

” ဟင် ယွိဟောင် ဒီကိစ္စက ငါတို့အတန်းရဲ့အကုန်သတင်းနဲ့ သက်ဆိုင်နေတယ်နော် ”

ကျိုးယိက ပြောလာခဲ့ပါတယ်။

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်တယ်။

” ဆရာကျိုး ကျွန်တော်ဆရာကို စိတ်မပျက်စေရပါဘူး ”

ဟို့ယွိဟောင်ရဲ့မျက်လုံးထဲက ခိုင်မာတဲ့ဆုံးဖြတ်ချက်အကြည့်ကို မြင်ချိန်မှာ ကျိုးယိလဲ တွေဝေလို့သွားပါတော့တယ်။ ဒါကြောင့် အံကြိတ်ရင်း ခေါင်းညိတ်လိုက်တယ်။

” ကောင်းပြီ အရင်သွားလိုက် ”

သူမ မုကျင်းထက် အများကြီးသာလွန်ချင်ပေမဲ့ သူတပည့်ရဲ့စိတ်အားထက်သန်မှုကိုတော့ လုံး၀မဖျက်ဆီးနိုင်ပါဘူး။

သုဝေ့လွမ်ရဲ့အသံက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။

” စာမေးပွဲစတင်ပြီ ပထမနှစ်အတန်းနံပါတ်တစ် ကျောင်းသားကိုအရင်ဆုံးပို့လွှတ်ပါ အဲ့ဒီနောက် အတန်းနံပါတ်နှစ် ကျောင်းသားကိုပို့ပါ ”

ဟို့ယွိဟောင်က ရှည်လျားတဲ့သားရဲကောင်တိုက်ခိုက်ရေးနယ်မြေထဲကို ၀င်ရောက်လာပါတော့တယ်။ ချက်ချင်းဆိုသလို မဖော်ပြနိုင်လောက်အောင် သွေးတွေဆူပွက်လာတဲ့ခံစားချက်ကို ခံစားနေခဲ့ရပါပြီ။ သူ့အနေနဲ့ ဒီနေရာကြီးထဲက များပြားလွန်လှတဲ့ တိုက်ပွဲအငွေ့အသက်တွေကို ခံစားနေခဲ့မိပါတယ်။ ဒါ့အပြင် ကျောင်းတော်ထဲက ကျောင်းသားအားလုံးရဲ့ ပြင်းပြတဲ့တိုက်ခိုက်ရေးစိတ်ဆန္ဒတွေကိုလဲ ခံစားနေခဲ့မိတယ်။ တကယ်တိုက်ခိုက်မှသာ သင်ကြားခဲ့ရသမျှ အရာအားလုံးကို ဘယ်လောက်အထိ နားလည်မှန်း သဘောပေါက်နိုင်မှာပါ။ ဒါကြောင့်သာ သားရဲကောင်တ်ိုက်ခိုက်ရေးနယ်မြေက တည်ရှိနေတာပါပဲ။ ကျောင်းသားတွေအနေနဲ့လဲ ဒီကျောင်းတော်ကနေ ပြီးမြောက်အောင်မြင်သွားခဲ့ရင်း တိုက်ခိုက်ရေးမှာသာလွန်ပြီ နိုင်ငံတော်တိုင်းလိုချင်နေကြတဲ့ ထူးချွန်တဲ့၀ိညာဥ်ပညာရှင်တွေဖြစ်လာနိုင်တာကြောင့်လဲ အဲ့ဒီအကြောင်းအရင်းကြောင့် ဖြစ်ပါလိမ့်မယ်။

ဟို့ယွိဟောင်က ဆရာကို သူ့ရဲ့စာလွှာပေးအပ်ပြီတဲ့နောက် ဆရာက ဒိုင်တွေရဲ့ဘက်ကို ပြန်ကမ်းလိုက်ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ၀င်ခွင့်စာလွှာက သုဝေ့လွမ်ရဲ့လက်ထဲကို ချက်ချင်းရောက်ရှိလို့သွားခဲ့ပါပြီ။

သုဝေ့လွမ်အနေနဲ့ ဟို့ယွိဟောင် မှန်မမှန်အရင်ဆုံးစူးစမ်းလေ့လာရမှာပါ။ သုဝေ့လွမ် သေသေချာချာ အာရုံစိုက်ရင်း ဒီကျောင်းသားဘယ်လောက်အထိ ထူးချွန်လဲဆိုတာ မြင်တွေ့ရဖို့ စိတ်မရှည်နိုင်က်ိုဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် ၀ိညာဥ်လက်နက်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကျောင်းတော်က ဒီလိုကျောင်းတော်သားကို သူတို့ဆီကနေ လုယူဖို့အတွက် အရမ်းကိုအလောကြီးနေရတာဘာကြောင့်များလဲသိချင်နေခဲ့မိတယ်။

၀ိညာဥ်သားရဲကောင်တွေနဲ့ တိုက်ခိုက်တာက တခြားကျောင်းတော်သားတွေနဲ့ တိုက်ခိုက်တာနဲ့လုံး၀ကို မတူညီကြပါဘူး။ ၀ိညာဥ်သားရဲကောင်တွေအားလုံးက လူသားတွေကို အရမ်းရန်လိုတတ်တဲ့သတ္တ၀ါတွေပါ။ တိုက်ခိုက်တဲ့အချိန်မှာ လုံး၀ကို ညှာတာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျောင်းသားအနေနဲ့ သေရေးရှင်ရေးကပ်ဆိုးကို ရင်ဆိုင်ရပါလိမ့်မယ်။ ဟို့ယွိဟောင်က အသက်ဆယ့်နှစ်နှစ်သာ ရှိသေးတဲ့သူပါ။ သူတကယ်ပဲ အစွမ်းကုန်တိုက်ခိုက်နိုင်မှာလား။

ဟို့ယွိဟောင် စင်မြင့်အလယ်ကိုရောက်ချိန်မှာ ဆရာဒိုင်အဖြစ် ကြီးကြပ်နေတဲ့ဆရာနှစ်ယောက်က ကျောင်းသားရဲ့လုံခြုံစိတ်ချရမှုကို အပြည့်အ၀ စောင့်ကြည့်နေကြပါတော့တယ်။

ဘယ်ဘက်မှာရှိတဲ့ ဒိုင်ကမေးလိုက်တယ်။

” မင်းဘယ်စနစ်ကို ကျင့်ကြံထားတဲ့ကျောင်းသားလဲ ”

” ထိန်းချုပ်ရေးစနစ်ပါ ”

ဒိုင်ကဆက်ပြောပါတယ်။

” မင်းအနေနဲ့ ဒီစမ်းသပ်ချက်မှာ ကြိုက်နှစ်သက်တဲ့၀ိညာဥ်သားရဲကောင်ကို ရွေးချယ်နိုင်တယ်..ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေအနေနဲ့ ထိန်းချုပ်ဖို့ကိုပဲ အာရုံစိုက်ရမယ်…ဒါ့အပြင် အခွင့်အရေးကလဲ တစ်ခုပဲရှိမယ်..မဖြုန်းတီးလေနဲ့ ၀ိညာဥ်သားရဲကောင်တွေက နှစ်တစ်ရာအပိုင်းအခြားတွေအများကြီ ခွဲခြားထားတယ်..ဒါ့အပြင် နှစ်တစ်ရာကနေ နှစ်တစ်ထောင်အထိ ဒီနေရာမှာရှိနေတယ် ”

အတန်းနံပါတ်တစ်နဲ့ အတန်းနံပါတ်နှစ်ရဲ့ ကျောင်းသားတွေအားလုံးကတော့ ဟို့ယွိဟောင်တစ်ယောက်ထဲ ၀ိညာဥ်သားရဲကောင်ကို တိုက်ခိုက်ရမဲ့ကိစ္စအကြောင်း အာရုံစိုက်နေခဲ့ကြပါတယ်။ သူတို့ထဲမှာ အများစုအတွက်တော့ ၀ိညာဥ်သားရဲကောင်တစ်ကောင်ကို တိုက်ခိုက်တာပထမဆုံးအကြိမ်ပါ။ ဒါကြောင့် သူတို့တွေ စိတ်မလှုပ်ရှားဘူးလို့ ပြောနေခဲ့မယ်ဆိုလို့ကတော့ အလိမ်အညာသာဖြစ်မှာ အမှန်ပါပဲ။ ဒါ့အပြင် အရှေ့မှာတိုက်ခိုက်တဲ့သူတွေကိုကြည့်ရင်း အတွေ့အကြုံကောင်းကောင်းရနိုင်မယ်လို့ မျှော်လင့်ချက်ရှိနေခဲ့ကြပါတယ်။ ဒါ့အပြင် နောက်ဆုံးအတန်းတင်စာမေးပွဲကြီးက ဘယ်သူကျောင်းထဲမှာ ဆက်နေနိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးမှာပါ။

အပိုင်း ၄၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset