အပိုင်း ၄၈•၁
” ကြောက်လန့်ဖွယ်ရာအတားအဆီး ”
°°°
ဟို့ယွိဟောင်ကတော့ ပြုံးနေခဲ့ပါတယ်။
” ဟုတ်တယ် မင်းက တကယ်အရမ်းအလုပ်ကြိုးစားတာပဲ အရမ်းကို အလုပ်ကြိုးစားလွန်လို့ မနက်တိုင်းမှာမထချင်ပဲ စောင်ခေါင်းမီခြုံပြီ အတင်းအိပ်ရာထဲတိုးနေတာကိုပေါ့ မနက်တိုင်းမနက်တိုင်း ငါ့ကိုမနက်စောစောလာမနိုးဖို့ပြောရင် စောင်ခြုံထဲအတင်း၀င်တိုးနေတဲ့ အဲ့ဒီအလုပ်ကြိုးစားတဲ့သူက ဘယ်သူလဲဆိုတာ သိချင်မိပါရဲ့ ”
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကို ပြန်ပြီးတွန်းရင်း လှည့်ထွက်သွားပါတော့တယ်။
ဟို့ယွိဟောင်ကတော့ ရယ်မောရင် သူ့နောက်ကို ခပ်မြန်မြန်လိုက်ရတော့တယ်။ သူတို့တွေ ကျောင်းဆောင်ကိုပြန်ရောက်ချိန်မှာတော့ ပုံမှန်အတိုင်း၀င်ပေါက်က အဘိုးကြီးကို နှုတ်ဆက်ကြရင်း သူတို့အခန်းသူတို့ ပြန်သွားပါတော့တယ်။
” ဒီကိုလာဦး တစ်ချက်ကြည့်ရအောင် မင်းရဲ့ကျင့်ကြံဆင့်က ဒုတိယ၀ိညာဥ်စက်ကွင်းနဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်ကိုရပြီချိန်မှာ ဘယ်လောက်တိုးတက်သွားလဲ ”
၀မ်သုန့်က အိပ်ရာပေါ်ထိုင်ရင်း ပြောလိုက်ပါတယ်။
ဟို့ယွိဟောင်ကတော့ ရယ်သာရယ်နေခဲ့တယ်။
” မင်းကတော့ တကယ်အစိုးရိမ်ကြီးတာပဲ ငါတို့တွေ နေ့လည်ပိုင်းတုန်းက ပြင်ဆင်ထားတဲ့လောင်းကြေးအတွက် ကြောက်လန့်နေလို့လား ဒါက အဆင့်အတန်းသတ်မှတ်ချက်တစ်ခုပဲလေ ငါတို့တွေ အတူတူပေါင်းလိုက်မယ်ဆိုရင်တောင် သူတို့ရဲ့ ပေါင်းစည်းထားတဲ့အမှတ်ကို ယှဥ်နိုင်မယ်လို့ သေချာတယ်…မင်းကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိဘူးလို့ လာမပြောနဲ့နော် ”
” သေချာပေါက် ငါက ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတာပေါ့ မင်းလိုလူမျိုးအစွမ်းအစတွေ သို၀ှက်ထားမှာကိုပဲ ငါစိုးရိမ်မိတာ ”
ဟို့ယွိဟောင် ဒါကိုကြားချိန်မှာတော့ နောက်ထပ် ဘာမှပြန်မပြောနိုင်ပဲဖြစ်သွားပါတော့တယ်။ ဒါကြောင့် ချက်ချင်းဆိုသလို ဖိနပ်ကိုချွတ်ရင်း ၀မ်သုန့်ရဲ့အိပ်ရာပေါ်မှာ တင်ပလ္လင်ခွေချိတ်ရင်း ထိုင်ချလိုက်တယ်။
” ဒီမှာ မင်းရဲ့ဒီညီနောင်က ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ပြသပေးမယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကိုယ်သူ ဒီအစ်ကိုကြီးဆိုတဲ့စကားနဲ့ အမြဲတမ်းရည်ညွှန်သုံးတာကို ကြားရတာနားရည်၀တာကြောင့် ဟို့ယွိဟောင်အနေနဲ့လဲ ဒီစကားကို ပါးစပ်ထဲစွဲသွားပါတော့တယ်။
၀မ်သုန့်ကတော့ မပျော်မရွှင်နဲ့ ပြောလာခဲ့တယ်။
” ငါမင်းကို အိပ်ရာခင်းအသစ်တွေ ပေးထားပြီးပြီမဟုတ်လား ဘာဖြစ်လို့ ငါ့အိပ်ရာပေါ်လာထိုင်နေတာလဲ ”
” လာစမ်းပါ အဲ့ဒီလိုအကျင့်ဆိုးတွေကို ရပ်လိုက်စမ်း မြန်မြန်လေး စမ်းသပ်ကြည့်မယ် ”
၀မ်သုန့်လဲ ဒီကိစ္စထပ်ပြီ မပြောတော့ပါဘူး။ ဟို့ယွိဟောင်နဲ့ မျက်နှာချင်ဆိုင်ရင်း လက်ဖ၀ါးတွေကို ပူးကပ်လိုက်ပါတော့တယ်။ ချက်ချင်းဆိုသလို နှစ်ယောက်စလုံးရဲ့ မျက်နှာပေါ်မှာထိတ်လန့်မှုက ပေါ်လာခဲ့ပါပြီ။
သူတို့ရဲ့၀ိညာဥ်စွမ်းအား ပေါင်းစည်းမှုက ရုတ်တရက်ဆိုသလို မြင့်တက်လာမှန်း သတိထားမိလိုက်လို့ပါ။ ဒါ့အပြင် အရင်တုန်းကလို အရည်အသွေးပြောင်းလဲမှုမျိုးတွေထက် ပိုပြီး သာလွန်နေခဲ့ပါတယ်။ သိသာထင်ရှားလွန်လှတဲ့တိုးတက်မှုက အရေအတွက်ကော အရည်အသွေးပါ လုံး၀ပြောင်းလဲမှုပါပဲ။ လွန်ခဲ့တဲ့တစ်လ သူတို့မခွဲခွာခင်အချိန်မှာ ဟောင်သုန့်စွမ်းအားရဲ့ လှည့်ပတ်မှုက စမ်းချောင်းလေးတစ်ခုလိုပါပဲဲ။ အခုအချိန်မှာတော့ မြစ်တစ်စင်းလိုမျိုး စီးဆင်းနေခဲ့ပါပြီ။ အားကောင်းလွန်လှတဲ့ ၀ိညာဥ်စွမ်းအားက သူတို့ခန္ဓာကိုယ်ထဲမှာ ဆက်တိုက်လှည့်ပတ်နေရင်း မူလအရှိန်အဟုန်ထက် တစ်ရာငါးဆယ်ရာခိုင်နှုန်းလောက်အထိကို တိုးတက်လာပါတော့တယ်။
ဟို့ယွိဟောင်ကလဲ ၀မ်သုန့်၀ိညာဥ်စွမ်းအားရဲ့ ပေါက်ကွဲမှုတွေကို အများကြီးခံစားနေခဲ့ရပေမဲ့ ၀မ်သုန့် ခံစားရတာကတော့ မတူညီပါဘူး။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားက အတော်လေး တိုးတက်လာရုံတင်မက စွမ်းအင်ဖြတ်သန်းတဲ့လမ်းကြောင်းတွေကလဲ နှစ်ဆပိုပြီး ကျယ်ပြန့်လာပါတယ်။ ဟောင်သုန့်စွမ်းအားရဲ့ မာနကသူတို့နှစ်ယောက်အရင် ဖန်တီးချိန်ကထက် အများကြီးပိုပြီး များနေခဲ့ရုံတင်မကပါဘူး။ ဟို့ယွိဟောင်ရဲ့စွမ်းအင်ဖြတ်သန်းမှုလမ်းကြောင်းတွေထဲ ၀င်ရောက်ချိန်မှာ တစ်စက်လေးမှအတားအဆီးမရှိပဲ ချောချောမွေ့မွေ့ သွားလာနိုင်ပါတယ်။ ဒါ့အပြင် သူတို့တွေ လေ့ကျင့်တဲ့အချိန်မှာ တစ်ခေါက်အပြည့်အ၀ လှည့်ပတ်နိုင်ဖို့အတွက် ကြာချိန်ကလဲ အရင်ကထက်အများကြီးပိုတိုတောင်းသွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက ၀မ်သုန့်ထက် ကျော်လွန်သွားခဲ့ပါပြီ။ ကောင်းကင်ရတနာတစ်ခုကို ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ သုံးထားခဲ့တဲ့အတိုင်း ကြောက်စရာကောင်းလွန်လှတဲ့ အပြောင်းအလဲက ဖြစ်ပေါ်လာပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ ဟောင်သုန့်စွမ်းအားလှည့်ပတ်တာ ပြီးဆုံးပြီးပြီချင် ၀မ်သုန့်အနေနဲ့ ကြောက်စရာကောင်းတဲ့အင်အားတစ်ခု ပေါက်ကွဲထွက်လာတာကိုပါ အာရုံခံမိလိုက်ပါတယ်။
သူတို့နှစ်ယောက် လန့်နေကြပေမဲ့ စတင် ကျင့်ကြံချိန်ကထဲကစပြီ လုံး၀ကို သတိလက်လွှတ်မနေ၀ံ့ပါဘူး။ စိတ်ကိုသတိကြီးကြီးထားပြီ ပြင်ဆင်ထားခဲ့ရင်း တရားထိုင်ကြပါတော့တယ်။
နေ့လည်စာစားချိန် မရောက်ခင်အထိ ဆက်တိုက်ဆိုသလို လေ့ကျင့်ပြီတော့မှ ရပ်တန့်လိုက်ပါတော့တယ်။ လက်တွေကိုပြန်လည်သိမ်းလိုက်ပြီတဲ့နောက် မျက်လုံးကိုဖွင့်လိုက်ချိန်မှာတော့ ထူးဆန်းတဲ့အကြည့်က အထင်သားပေါ်နေခဲ့တယ်။
သူတို့က နှစ်နာရီသာကျင့်ကြံခဲ့ပေမဲ့ ၀ိညာဥ်စွမ်းအားက အရမ်းကို တိုးတက်လို့သွားခဲ့ပါပြီ။ ဒီအတိုင်းသာ ဆက်သွားခဲ့မယ်ဆိုရင် တစ်လမပြည့်ခင်အချိန်အတွင်း အဆင့်တစ်ဆင့်ကိုအသာလေး ကျော်တက်နိုင်မှာပါ။ ဒီလိုကျင့်ကြံမှုနှုန်းက အရမ်းလန့်စရာကောင်းလှပါတယ်။
” မင်းက တကယ်ကြောက်စရာကောင်းတာပဲ ”
၀မ်သုန့်က အရင်ဆုံးပြောလာပါတော့တယ်။
” ဒါဆိုမင်းရော ဘယ်လိုလဲ မင်းလဲအတူတူပဲမဟုတ်လား ဒီလိုမျိုးငါနဲ့အတူတူ ပူးပေါင်းပြီ ပြင်ဆင်ရတာက ငါအတွက် ကံကောင်းမှုပဲ ”
၀မ်သုန့်ကတော့ အထင်လွဲခံရတဲ့အတိုင်းသာ ပြုံးနေခဲ့ပါတယ်။
” မင်းထိုက်ဟွပင်းနဲ့ လောင်းကြေးထပ်တဲ့အချိန် ဒီလောက်ယုံကြည်ချက်ရှိနေတာ ဘယ်အံ့ဩစရာရှိမလဲ မစိုးရိမ်နဲ့ မင်းသာ ကျုးလုနဲ့ ချွေ့ရာကျီးတို့ထက် ပြိုင်ပွဲမှာ အမှတ်ကောင်းအောင်လုပ်လိုက် ဒါဆိုရင် ငါတို့ရဲ့ အနိုင်ရနိုင်ချေက အရမ်းကို မြင့်မားသွားလိမ့်မယ်…ငါကတော့ ထိုက်ဟွပင်းရဲ့ အမှတ်ကိုသာအောင် ကြိုးစားပြမယ်.”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” အကယ်၍ ငါတို့တွေ လှည့်စားမယ်ဆိုရင်တောင် ကြီးကြပ်ရေးမှုးက သတိထားမိမယ်လို့ထင်လား ”
သူတို့တွေက လုံး၀ကို စိတ်တူကိုယ်တူဖြစ်နေခဲ့တဲ့အတွက် ၀မ်သုန့်လဲ သူတွေးနေတာကိုသိပါတယ်။
” တော်တော်လေးခက်မယ်လို့ထင်တယ်…ဒါပေမယ့် မင်းရဲ့ထိန်းချုပ်နိုင်စွမ်းက အတော်ကို တိုးတက်လာပြီ သတိထားရင်းတော့ ပိုကောင်းမှာပေါ့ ငါတို့တွေ ထိုက်ဟွပင်းနဲ့ သူ့အဖွဲ့ကလူတွေအားလုံး ငါတို့ရှေ့မှာဒူးထောက်ပြီဦးချစေဖို့ ဖြစ်ကိုဖြစ်လာအောင်လုပ်ရမယ်..သူလုပ်၀ံ့လား မလုပ်၀ံ့ဘူးလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့ ”
သူနဲ့ ၀မ်သုန့်တို့နှစ်ယောက်ထမင်းစားဆောင်ကို ရောက်ရှိချိန်မှာ ဟို့ယွိဟောင်ရဲ့ အရည်အသွေးက မလျော့ကျသွားတာကို သတိထားမိလိုက်ပါတယ်။ အဓိကတပည့်သားအဖြစ် အရင်လိုမဟုတ်တော့ပဲ အခွင့်အရေးကို ပြန်လည်ရုတ်သိမ်းခံလိုက်ရပေမဲ့ အသက်သုံးဆယ့်အရွယ်စာဖိုမှုးတစ်ယောက်က သူရှေ့မှာ လာစောင့်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကို မြင်မြင်ချင် သူက ချက်ချင်းဆိုသလို လာပြီမေးတော့တယ်။
” မင်းက ဟို့ယွိဟောင်လား ”
” ဟုတ်ပါတယ် ”
ဟို့ယွိဟောင်အနေနဲ့ ဒီလူကိုတွေ့ဖူးတာ ပထမဆုံးအကြိမ်ပဲဆိုတာ သေချာနေခဲ့တယ်။
စာဖိုမှုးတစ်ယောက်လို ၀တ်ထားတဲ့လူကြီးက ပြုံးပြရင်းနဲ့ပြောလာခဲ့ပါတယ်။
” ငါက ဆရာသခင်ဖန်းယွီရဲ့ ကိုယ်ပိုင်စာဖိုမှုးပါ ဒါကြောင့် နေ့လည်စာလာပို့တာပါ ”
သူပြောပြီတာနဲ့ ဟို့ယွိဟောင်ရဲ့လက်ထဲကို သူကိုင်ထားတဲ့အစားအသောက်တွေ ထိုးပေးလိုက်ပါတော့တယ်။
ဟို့ယွိဟောင်လဲ ကြောင်ကြည့်နေခဲ့တယ်။ သူသတိပြန်၀င်လာချိန်မှာတော့ နွေးထွေးမှုက နှလုံးသားထဲကို စီး၀င်သွားခဲ့ပါပြီ။ သူ့ဆရာက တကယ်ကို တွေတောတတ်တာပဲ စာဖိုမှုးကို ကျေးဇူးတင်ပြီ အစားအသောက်ထည့်ထားတဲ့ဗူးကို သူလက်ခံလိုက်ပါတယ်။ အဲ့ဒီနောက် နှစ်ယောက်သား ထမင်းစားဆောင်ကို အတူတူ၀င်သွားခဲ့ပါပြီ။
၀မ်သုန့်က ပြောလာခဲ့ပါတယ်။
” မင်းကတော့ တကယ်ကောင်းတာပဲ အစားအသောက်လာပို့တဲ့သူတောင် ရှိနေပြီ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့အဓိကတပည့်သားဖြစ်ပြီဆိုမှတော့ သူမတူအောင်ကို အရေးပေးခံရတာပေါ့ ”
” သွားသွား ကိုယ့်ဘာသာကိုယ် နေ့လည်စာသွားမှာလိုက် ”
ဟို့ယွိဟောင်က ရယ်မောနေခဲ့ပါတယ်။
ဟို့ယွိဟောင် ထမင်းဘူးကို ဖွင့်လိုက်ချိန်မှာ မြင်လိုက်ရတဲ့အစားအသောက်တွေကြောင့် လန့်သွားခဲ့မိတယ်။ ဒီအစားအသောက်တွေကအရမ်းကို များပြားလွန်တာပါပဲ။
ဟို့ယွိဟောင်အနေနဲ့ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းရဲ့ အဓိကတပည့်သားတွေက ကံကောင်းလှပြီလို့ထင်ထားခဲ့တာ ဒါပေမယ့် ဖန်းယွီရဲ့ ကိုယ်ပိုင်စာဖိုမှုးပေးတဲ့ အစားအသောက်တွေကတော့ အရမ်းကို သာလွန်ထူးခြားနေခဲ့ပါတယ်။
ထမင်းဘူးထဲမှာ ဟင်းနှစ်မျိုးနဲ့ စွတ်ပြုတ်တစ်ပန်ကန်ရှိပြီ ထမင်းတွေလဲ အများကြီးပါပါတယ်။ အားလုံးက တစ်ချက်ကြည့်လိုက်ရုံနဲ့ အရမ်းကိုရိုးရှင်းနေခဲ့ပေမဲ့ ပြုလုပ်ထားတဲ့ ပါ၀င်ပစ္စည်းတွေကတော့ တန်ဖိုးကြီးရတနာတွေကြီးပါပဲ။
ထမင်းဘူးထဲမှာလဲ အစားအသောက်တွေအကြောင်းရေးဖွဲ့ထားပြီ အသေးစိတ်ညွှန်ကြားထားတဲ့ စာရွက်တစ်ရွက်ရှိနေခဲ့ပါတယ်။ ဘယ်လိုအစားအသောက်ကို ဘယ်လိုအစီအစဥ်တိုင်းစားမယ်ဆိုရင် အမြင့်ဆုံးအကျိုးရလဒ်ကို ရရှိနိုင်မယ်ဆိုတဲ့အကြောင်း သေသေချာချာ ရှင်းပြထားခဲ့တယ်။
ပထမဆုံးအနေနဲ့ နှစ်တစ်ရာကျောက်စိမ်းဂျင်ဆင်းနဲ့ပြုလုပ်ထားတဲ့ စွတ်ပြုတ်ကို အရင်ဆုံးသောက်ရမှာပါ။ ဒီစွတ်ပြုတ်က နောက်ထပ်ရတနာဆေးမြစ်တစ်မျိုးနဲ့လဲ ပေါင်းစည်းလို့ထားပါတယ်။ ဟို့ယွိဟောင်အနေနဲ့ အရင်ကလိုမျိုး မသိနားမလည်တဲ့ကလေးတစ်ယောက်မဟုတ်တော့ပါဘူး။ သိုင်းပညာ၀ိညာဥ် အသက်မွေး၀မ်းကြောင်းကျောင်းတော်ရဲ့ အဓိတပည့်သားအဖြစ် တစ်နှစ်နီးပါး အကျိုးအမြတ်တွေကိုခံစားပြီတဲ့နောက် ထိပ်တန်းဟင်းလျာတွေကို နားလည်နိုင်စွမ်းကလဲ အတော်လေးကို မြင့်မားလာခဲ့ပါပြီ။ ဒါ့အပြင် ဒီစွတ်ပြုတ်တစ်ခွက်ထဲနဲ့ ပမာဏက ၀ိညာဥ်ရွှေပြားငါးဆယ်အထက်မက ရှိနေတာကို သူနားလည်ပါတယ်။
ဒါ့အပြင် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေကလဲ သူ့ကိုတူညီတဲ့ အစားအသောက်တွေကျွေးမွေးပေမဲ့ အများအားဖြင့် ဆယ့်နှစ်သက်တမ်း၀န်းကျင်သာရှိတဲ့ ကျောက်စိမ်းဂျင်ဆင်းတွေပါ။ လက်ရှိအချိန်မှာ သူရှေ့ရောက်နေတဲ့ စွတ်ပြုတ်ရဲ့တန်ဖိုးကတော့ အရင်ကထက်အများကြီး ပိုပြီး သာလွန်နေခဲ့ပါတယ်။ ဒါ့အပြင် ဒီစွတ်ပြုတ်က ခန္ဓာကိုယ်နဲ့ ဦးနှောက်ကိုပါ အာဟာရဖြည့်တင်းပေးနိုင်ပြီ အရမ်းကို အားကောင်းတဲ့အာဟာရတစ်မျိုးလဲ ဖြစ်နေခဲ့တယ်။
နောက်ထပ် ဟင်းနှစ်မျိုးမှာတစ်ခုကတော့ နှစ်တစ်ရာမြေနဂါးရဲ့ ကြွက်သားတွေကို ပေါင်းပြီချက်ပေးထားပါတယ်။ ဒီနှစ်တစ်ရာမြေနဂါးရဲ့ကြွက်သားတွေက အရမ်းကိုမာကျောပြီ နှစ်တစ်ရာသားရဲကောင်တွေထဲမှာ တိုက်ပွဲစွမ်းအားထိပ်တန်းကိုရောက်နေတဲ့ သားရဲကောင်ပါပဲ။ ဒါ့အပြင် သူ့ရဲ့ကြွက်သားအရိုးတွေက လူသားအတိုင်းအတွက်ကို အာဟာရအဖြစ်ပြောင်းလဲပေးစေနိုင်ပါတယ်။ အထူးသဖြင့်ဟို့ယွိဟောင်လို ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အတွက် ပိုလို့တောင် ကောင်းနေခဲ့သေးတယ်။ ဟို့ယွိဟောင် ဒီဟင်းကိုစားလိုက်ပြီချိန်မှာပဲ မြေနဂါးရဲ့ ကြွက်သားတွေက နူးညံ့ပြီ ပျော့အိနေတာကို သတိထားမိသွားပါတော့တယ်။ ဒါကို သုံးရက်သုံးညတိတိ ချက်ပြုတ်ပြီမှသာ ဒီလောက်နူးညံ့တဲ့အခြေအနေကို ရရှိနိုင်တာပါ။ အရမ်းအရသာရှိရုံတင်မက စားပြီရင်းလဲ အတော်လေး အကျိုးရှိပါတယ်။
တခြားဟင်းလျာကတော့ မိုးပြာရောင်ငှက်ရဲ့ ရိုးတွင်းခြင်းဆီပါပဲ။ အဲ့ဒါကို ပဲအချဥ်းရည်နဲ့ ရောပြီးကျွေးပါတယ်။ မိုးပြာငှက်က နတ်မီးငှက်ရဲ့သွေးကို ပိုင်ဆိုင်လို့ထားခဲ့ပြီ သူ့ရဲ့ ရိုးတွင်းခြင်းဆီက အရသာရှိရုံတင်မက လူတွေရဲ့အရိုးတွေကိုလဲ အများကြီး အာဟာရဖြည့်တင်းပေးနိုင်တယ်။
ဒီဟင်းလျာသုံးမျိုးရဲ့ အစွမ်းအစကို ပေါင်းစည်းလိုက်မယ်ဆိုရင် ပထမတန်းစားဟင်းလျာတွေဆိုတာထက်ကို ပိုပါသေးတယ်။
ထမင်းတောင်မှ အတော်လေးကို ထူးခြားနေခဲ့တယ်။ ဒီထမင်းကတော့ ပုလဲလုံးလေးတွေ စီထားသလိုမျိုး ကြည်လင်နေတဲ့ကျောက်စိမ်းဖြူရောင်ထမင်းပါ။ ဒါကချီစွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီ ခန္ဓာကိုယ်စွမ်းအားကိုလဲ တိုးတက်စေနိုင်ပါတယ်။ ဒါ့အပြင် ဒီဟင်းတစ်နပ်ရဲ့တန်ဖိုးကတင် စုစုပေါင်း ၀ိညာဥ်ရွှေပြားတစ်ရာငါးဆယ့်အထက်ကို ကျော်လွန်သွားခဲ့ပါပြီ။
၀မ်သုန့် အစားအသောက်တွေကိုမှာပြီ သူ့ရဲ့ကိုယ်ပိုင်ထမင်းပန်ကန်ကိုကြည့်လိုက် ဟို့ယွိဟောင်ရဲ့ထမင်းဘူးကိုကြည့်လိုက် လုပ်နေခဲ့ပါတယ်။ သူ့မျက်လုံးထဲမှာထူးဆန်းတဲ့အလင်းတန်းတွေက ပေါ်လာခဲ့ပါပြီ။
” ယွိဟောင် ငါတို့မင်းကို တကယ်မနာလိုဖြစ်နေပြီ ငါလဲ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကိုသာ သွားလိုက်ချင်တယ်…ဘယ်တုန်းကများ အဲ့ဒီနယ်မြေရဲ့အစာအစားတွေက ဒီလောက်ကောင်းသွားတာလဲ ငါကြားတာတော့ သူတို့အထူးတပည့်သားတွေ ထမင်းစားဆောင်မှာစားရတဲ့ အစားအသောက်တွေက ငါတို့ထက် အများကြီးပိုပြီး အဆင့်နှိမ့်နေတယ်တဲ့…ဒါပေမယ့် ကြည့်ရတာငါတို့ရဲ့ဌာနက သူတို့ရဲ့ဟင်းကို မမီသလိုပဲ ”
၀မ်သုန့်ရဲ့ သတင်းအချက်အလက်က မမှားခဲ့ပါဘူး။ ဒါက အဓိကတပည့်သားတွေထဲမှာတောင် ရိုးရိုးတပည့်သားတွေ အတွက်သာ မှန်ကန်တာပါ။ ဟို့ယွိဟောင်က သာမန်လား သူက ဖန်းယွီရဲ့ တိုက်ရိုက်တပည့်သားဖြစ်ရုံတင်မကပဲ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေရဲ့ ပထမဆုံးသောအမွှာ၀ိညာဥ်ကို ပိုင်ဆိုင်တဲ့ အဓိကတပည့်သားလဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒါကြောင့် ဌာနတစ်ခုလုံးက သူ့ကို မျှော်လင့်ချက်အကြီးကြီးထားတာခဲ့ပါ။ ဟို့ယွိဟောင်တောင်မသိခဲ့ပါဘူး။
ဟို့ယွိဟောင်လဲ ရယ်သာရယ်နေရင်း သူ့ရဲ့အစားအသောက်တချို့ကို ၀မ်သုန့်ဆီ ထိုးပေးလိုက်ပါတယ်။
” ငါတို့ငါးဆယ် ငါးဆယ် ခွဲစားကြမယ်လေ ငါ့ကို မင်းရဲ့အစာအစားတစ်၀က်ပေးလိုက် ဒါဆိုရင် ငါတို့တွေအများကြီးစားရတာပေါ့ ”
အဲ့ဒီနောက် ၀မ်သုန့် ပြန်ဖြေမှာကိုတောင် သူစောင့်မနေတော့ပါဘူး။ တစ်ခါထဲ၀မ်သုန့်ရဲ့ အစားအသောက်တွေက်ိုလဲ သူပြန်ပြီတစ်၀က်ခွဲယူလိုက်ပါတော့တယ်။ အဲ့ဒီနောက် ပလုပ်ပလောင်းနဲ့ စားတော့တယ်။
၀မ်သုန့်ကတော့ ဒါကိုမြင်ချိန်မှာ စောင့်သာကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူလဲ ဒီကမ်းလှမ်းချက်ကို မငြင်းပယ်ခဲ့ပါဘူး။ ဟို့ယွိဟောင် နှစ်ယောက်စလုံးက ဌာနနှစ်ခုရဲ့အဓိကတပည့်သားတွေ ဖြစ်နေခဲ့တာကြောင့် များပြားတဲ့အစားအသောက်တွေနဲ့ တန်ဖိုးကြီးတဲ့အစားအသောက်တွေက်ို တစ်ပြိုင်နက်ထဲစားသောက်နိုင်တာ ကံကောင်းမှုပါပဲ။
°°°
သားရဲကောင်တိုက်ခိုက်ရေးနယ်မြေ
ကျောင်းတော်ရဲ့ အကြီးမားဆုံးအထူးပြုနယ်မြေတွေထဲက အကြီးမားဆုံးအဆောက်အအုံကြီးပါ။ ဒီနယ်မြေကြီးထဲမှာ သားရဲကောင်တိုက်ခိုက်ရေးနယ်မြေက ကျောင်းတော်တွေရဲ့စာသင်ကြားတဲ့နေရာတွေထက်တောင် ပိုပြီး ကျယ်၀န်းပါသေးတယ်။
သော့်လော့တိုက်တစ်ခုလုံးမှာ ကျောင်းတော်တွေက သူတို့ရဲ့အင်အားကို အသုံးပြုရင်း ၀ိညာဥ်သားရဲကောင်တွေကို ဖမ်းဆီးပြီးမွေးမြူးကြပါတယ်။ ဒါ့အပြင် အဲ့ဒီလိုမျိုး လုပ်နိုင်တဲ့ကျောင်းတော်ကလဲ အရမ်းရှားပါးလွန်လှတယ်။ အမျက်ဒေါသကျောင်းတော်ကတော့ ဒီလိုမျိုးကျယ်ပြန့်ပြီ ကြီးမားတဲ့သားရဲကောင်တိုက်ခိုက်ရေးနယ်မြေကို ပိုင်ဆိုင်တဲ့ တစ်ခုတည်သောကျောင်းတော်ပါပဲ။ ဒါ့အပြင် တော်၀င်မိသားစုတွေတောင်မှ ဒီလိုအရာမျိုးကို မဖန်တီးနိုင်ပါဘူး။ ၀ိညာဥ်သားရဲကောင်တွေကို ဖမ်းဆီးပြီမွေးမြူးတာက မလွယ်ကူလှတဲ့အပြင် အရိုင်းဆန်တဲ့၀ိညာဥ်သားရဲကောင်တွေကို ဆက်တိုက်ဆိုသလို အစားအသောက်နဲ့ အနေအထိုင်တွေကအစ အာရုံစိုက်ပြီလေ့ကျင့်ပေးဖို့ဆိုတာ ပညာရှင်မရှိပဲမဖြစ်နိုင်တဲ့ကိစ္စပါပဲ။ တစ်ချိန်ထဲမှာပဲ သူတို့ကို အမိန့်ပေးပြီးထိန်းချုပ်နေရင်း ကိုယ့်ကိုကိုယ်တိုင်ရဲ့ လုံခြုံမှုကိုလဲ ဂရုစိုက်ရပါတယ်။ ဒီလိုမျိုးကြီးမားပြီ များပြားလွန်လှတဲ့တစ်စုံတစ်ရာကို ရင်းနှီးမြုပ်နှံတာက သာမန်၀ိညာဥ်ပညာရှင်တွေ အိပ်မက်တောင်မမက်၀ံ့တဲ့အရာပါပဲ။
ဒါ့အပြင် မြို့တော်ရဲ့အခွန်အခအားလုံးက ကျောင်းတော်ထဲကိုသာ ရောက်ရှိတယ်။ ဒီလိုများပြားလွန်လှတဲ့ ငွေကြေးပမာဏမှာ သုံးပုံတစ်ပုံက သားရဲကောင်တိုက်ခိုက်ရေးနယ်မြေဆီကိုယ်တိုင် ရောက်ရှိတာပါ။ ဒါ့အပြင် သူတို့ဘယ်လောက်အထိ ရင်းနှီးမြုပ်နှံထားလဲဆ်ိုတာ ကြည့်ရုံနဲ့သိနိုင်နေခဲ့တယ်။
ကျောင်းတော်ထဲကို စတင်၀င်ရောက်တဲ့ ကျောင်းသားတွေအနေနဲ့ ကျောင်းတော်ရဲ့၀င်ခွင့်၀င်ကြေးကတင် အရမ်းစျေးကြီးပြီလို့ ထင်ခဲ့မှာပါ။ ဒါပေမယ့် သားရဲကောင်တိုက်ခိုက်ရေးနယ်မြေထဲကို ၀င်ခွင့်ရတဲ့ကျောင်းသားတွေက ဒီလိုမျိုး မတွေးနိုင်တော့ပါဘူး။ ဒီနေရာကို၀င်ခွင့်ရဖို့အတွက် ပေးရတဲ့တန်ဖိုးနဲ့ ကျောင်း၀င်ခွင့်တန်ဖိုးကို ယှဥ်လိုက်မယ်ဆိုရင် လမင်းကြီးနဲ့ ပိုးစုန်းကြူးလိုမျိုး ကွာခြားလွန်လှပါတယ်။
မြို့တော်ရဲ့ရရှိတဲ့အခွန်အခတွေအပြင် ကျောင်းတော်ရဲ့နောက်ထပ် ၀င်ငွေရပေါက်ရလမ်းကတော့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ပါပဲ။ နှစ်စဥ်နှစ်တိုင်းများပြားတဲ့ ၀ိညာဥ်လက်နက်တွေကို ၀ိညာဥ်လက်နက်တည်ဆောင်ရေးအသက်မွေး၀မ်းကြောင်းကနေ ဖန်တီးပြီ ဆက်တိုက်ဆိုသလို ကျောင်းအပြင်ပမှာရောင်းချပါတယ်။ ဒါပေမယ့် ဒီရောင်းချမှုတွေက ထျန်းဟွမ်နိုင်ငံတော် သော့်လင်းနိုင်ငံတော်နဲ့ ကြယ်တာရာလော့နိုင်ငံတော်တွေအတွက်သာ ကန့်သတ်ချက်ရှိနေခဲ့တာပါ။ နေလနိုင်ငံတော်ကိုတော့ သူတို့မရောင်းချပါဘူး။ ဒါကြောင့်သာ ရန်ရှောင်ကျဲ့အမြဲပြောနေခဲ့တဲ့ ချင်းသောသော ဘယ်လောက်ချမ်းသာလဲဆိုတဲ့ကိစ္စရဲ့အကြောင်းအရင်းပါပဲ။
အပိုင်း ၄၈•၁ ပြီး၏။