Switch Mode

Chapter – 47.2

အဆင့်နှစ် ၀ိညာဥ် လက်နက် အတတ်ပညာရှင်ရဲ့ အသုံးအဆောင်

အပိုင်း ၄၇•၂

” အဆင့်နှစ်၀ိညာဥ်လက်နက်ပညာရှင်ရဲ့ အဆောင်အယောင် ”
°°°
ချင်းသောသောက ကောက်ကျစ်မှုအပြည့်နဲ့ ပြုံးနေခဲ့ပါတယ်။

” မနှစ်တုန်းက နိုင်သွားခဲ့တဲ့ ချန်ပီယံအဖွဲ့ရဲ့ ကလေးတစ်ယောက်ပဲလေ သူ့ရဲ့ အဖွဲ့သားတွေအကုန်လုံးကို အတွင်းတပည့်သားအဖြစ် မင်းရွေးလိုက်ပြီ သူတစ်ယောက်ထဲပဲ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းရှိလို့ အဓိကတပည့်သားဖြစ်မလာတာ ဖန်းယွီငါ့ကို လာရှာတုန်းက သူ့အနေနဲ့ အဓိကအတွင်းတပည့်သားဖြစ်လာဖို့မတန်ဘူးလို့ ငါလဲတွေးလိုက်မိတယ်….ဒါပေမယ့် ငါပြန်တွေးကြည့်လိုက်တော့လဲ အဲ့ဒီကလေးက ငါမင်းကို ဘယ်လိုနိုင်ခဲ့လဲဆိုတဲ့အကြောင်းသတိရစေတယ်မဟုတ်လား မင်းကို ဒီလိုမျိုး အနိုင်ရတယ်ဆိုတာက ဒီဖေဖေကြီးအတွက် လွယ်တာမှမဟုတ်ပဲ အကယ်၍ အဲ့ဒီကလေးကို ငါဌာနမှာသာ မြင်တွေ့ရခဲ့မယ်ဆိုရင် ငါမင်းကို ဘယ်လိုနိုင်ခဲ့လဲဆိုတာကောင်းကောင်းမှတ်မိနေမှာပဲ ဒါဆိုရင် စိတ်ချမ်းသာစရာကောင်းလိုက်မဲ့ကိစ္စ ငါလဲ သဘောတူလိုက်မိတယ်လေ..ပထမတုန်းကတော့ မင်းကိုလာပြီ မင်္ဂလာပါလို့ပြောဦးမလို့ပဲ ဒါပေမယ့် ဒီကိစ္စအကြောင်းကို တွေးပြီတဲ့နောက် ဖန်းယွီကိုပါ ခေါ်လာလိုက်တော့တယ်..ငါပြန်မဲ့အချိန် လုပ်စရာကိစ္စတွေလဲ အများကြီးပဲ ”

သူပြောပြီတာနဲ့ လှည့်ထွက်သွားပါတော့တယ်။ တင်ပါးကိုတောင် ဖုံးခါသွားသေးတယ်။

ရန်ရှောင်ကျဲ့ကတော့ ချင်းသောသောကို လိုက်ကြည့်နေရင်း စိတ်ထဲမှာတော့ တစ်စုံတစ်ရာမှားယွင်းနေပြီမှန်း သိနေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ခုံဘေးနားက အသံနဲ့ဆက်သွယ်ကိရိယာလိုပစ္စည်းကိုကိုင်ရင်း ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး လှမ်းမေးလိုက်တယ်။

” ဝေ့လွမ် ”

ရန်ရှောင်ကျဲ့က ခပ်တိုးတိုးပြောပါတယ်။

” ကျောင်းအုပ်ရန် ကျွန်တော်ရှိပါတယ် ”

သုဝေ့လွမ်ရဲ့အသံက ထွက်ပေါ်လို့လာခဲ့တယ်။

” ငါ့ကိုကူပြီ တစ်ခုခုလောက် စစ်ဆေးပေးပါဦး ဟို့ယွိဟောင်လို့ခေါ်တဲ့ကျောင်းသားက နာမည်စာရင်းသွင်းဖို့ နောက်ကျခဲ့တယ်လား ”

ရန်ရှောင်ကျဲ့က မေးလိုက်တယ်။

” တိုက်ဆိုင်လိုက်တာ အစောပိုင်းတုန်းကပဲ ကျောင်းသားတချို့ကျွန်တော်ကို ဒီကိစ္စအကြောင်းလာပြီ စောဒကတက်နေလို့ ပြောတော့မလို့ပဲ ဟို့ယွိဟောင်က နောက်ကျမှလာပြီ ကျောင်းအတန်းထဲကို ၀င်ထိုင်နေပြီ ဒါကြောင့် ကျွန်တော်လဲ အဲ့ဒီကိစ္စသွားရှင်းတော့မလို့ ”

” အဲ့ဒီဟို့ယွိဟောင်အကြောင်းကို သိသလောက်ပြော သူ့ရဲ့ပါရမီကဘယ်လိုမျိုးလဲ ”

” သူက ပါရမီတော့ရှိပါတယ်…မနှစ်ကတုန်းက လူသစ်တွရဲ့ပြိုင်ပွဲမှာ ၀မ်သုန့် ရှောင်းရှောင်းတို့နဲ့အတူ ချန်ပီယံဖြစ်လာခဲ့တယ်လေ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က စိတ်၀ိညာဥ်မျက်လုံးတွေပဲ ၀ိညာဥ်စွမ်းရည်ကတော့ စိတ်၀ိညာဥ်တိုက်ခိုက်မှုမျိုးဖြစ်တယ်…သာမန်ပဲဖြစ်ပေမဲ့ ခန္ဓာကိုယ်၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့ပုံစံတော့ရှိတယ်..ဒါ့အပြင် သူက လူသစ်တွေရဲ့ ချန်ပီယံတစ်ယောက်ဖြစ်တာကြောင့် ယာယီအတွင်းတပည့်သားအဖြစ် အထူးအခွင့်အရေးတွေကို ခံစားခွင့်ရလိုက်တယ်..လက်ရှိဒီနှစ်မှာတော့ ပြန်ရုတ်သိမ်းခံလိုက်ရပြီ ဒါကြောင့် သူ့အနေနဲ့ ကျောင်းနောက်ကျလို့ သေချာပေါက် ထုတ်ပယ်ခံရမှာပဲ ”

” အကယ်၍ ငါမှတ်မိတာသာ မှန်မယ်ဆိုရင် သူက ဆယ့်နှစ်၀ိညာဥ်စက်ကွင်းရှိတယ်မလား ”

” ဟုတ်ပါတယ် အမှန်ပါပဲ ထန်မျိုးနွယ်ရဲ့ တောင်းဆိုချက်ကြောင့် သူက ကျောင်းတော်ထဲကို ၀င်ရောက်လာခဲ့တာပါ ကျောင်းတော်ရဲ့စာမေးပွဲကို ဖြတ်ကျော်အောင်မြင်နိုင်ခဲ့လို့မဟုတ်ပါဘူး..ဆက်ပြီးပြောပြရမယ်ဆိုရင် သူ့ရဲ့၀ိညာဥ်စွမ်းအားက ကျောင်းတော်ထဲ၀င်ရောက်ချိန်မှာ အဆင့်ဆယ့်သုံးသာရှိသေးတာပါ အခုသူအဆင့်နှစ်ဆယ့်ရောက်မရောက် မသေချာသေးပါဘူး…မရောက်သေးတာတော့ အတော်လေးဖြစ်နိုင်ပါတယ်…ပြောရမယ်ဆိုရင် သူဘယ်လိုပဲဖြစ်ဖြစ် ထုတ်ပယ်ခံရမှာပါ သူ့ရဲ့ခန္ဓာကိုယ်၀ိညာဥ်​အတွက်တော့ ၀မ်ယန်က အကြီးအကဲရွှမ်ဆီကိုယ်တိုင်လာပြီ လေ့လာခိုင်းခဲ့ပါတယ်….အဆုံးသတ်မှာ အကြီးအကဲရွှမ်က အရမ်းစိတ်ပျက်လို့သွားခဲ့တယ်..ဒီကျောင်းသားက ပါရမီမရှိဘူး..ဒါ့အပြင် ကျင့်ကြံဖို့အတွက် မသင့်တော်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်လေ အဲ့ဒီနောက် အဲ့ဒီကျောင်းသားက ၀မ်သုန့်နဲ့ ပူးပေါင်းပြီ ပေါင်းစည်းစွမ်းရည်တစ်ခုကို ထုတ်လွှတ်နိုင်ခဲ့တယ်…ဒါကသူ့ရဲ့ တစ်ခုတည်သော အားကိုးလက်ခံလို့ရတဲ့အချက်ပဲ ဒါကြောင့်သာ ၀မ်ယန်က အကြီးအကဲရွှမ်နဲ့ နောက်တစ်ကြိမ် တွေ့ဆုံခဲ့တယ်လေ….နောက်တစ်ခေါက် သူ့ကိုကြည့်ပြီတဲ့နောက် အကြီးအကဲရွှမ်အနေနဲ့ သူ့ရဲ့ခန္ဓာကိုယ်၀ိညာဥ်ကို အသက်သွင်းနိုးထနိုင်စွမ်းမရှိတော့ဘူးလို့ အတည်ပြုလို့သွားခဲ့တယ်..နောက်ပိုင်းမှာသူတို့လဲ သိပ်ပြီဂရုမစိုက်ကြတော့ပါဘူး ”

သုဝေ့လွမ်စကားကိုကြားပြီတဲ့နောက် ရန်ရှောင်ကျဲ့လဲ ပြုံးလိုက်ပါတော့တယ်။ သုဝေ့လွမ်က တကယ်ကို အရည်အချင်းရှိတဲ့ လူပါ။ ဟို့ယွိဟောင်လို သာမန်ကျောင်းသားကိုတောင်မှ အသေးစိတ်ကျကျသိနေတဲ့အထိ အစွမ်းအစရှိနေခဲ့ပါတယ်။ ဒါကြောင့် သေချာပေါက် ညွှန်ကြားရေးမှုးပီသလွန်တာပါပဲ။

” ကောင်းပြီလေ ဒီအတိုင်းပဲလုပ်ကြတာပေါ့ မင်းအနေနဲ့ ဒီကိစ္စကိုသွားပြီ ရှင်းနေဖို့မလိုဘူး..အစောပိုင်းတုန်းက ချင်းသောသော ငါ့ဆီရောက်လာပြီ ပြောသွားတယ်..သူ့ငါကို နိုင်သွားခဲ့တဲ့ လောင်းကြေးအတွက် အဲ့ဒီဟို့ယွိဟောင်လို့ခေါ်တဲ့ ကျောင်းသားကို ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်မှာ အတွင်းတပည့်သားအဖြစ်ခေါ်ချင်တယ်တဲ့ ကျိုးယိက ဖန်းယွီဆီကနေတစ်ဆင့် ငါ့ကို တောင်းဆိုခိုင်းတယ်လို့ကြားတယ်..ဒီကျောင်းသားက ပုံမှန်ဖြစ်နေပြီဆိုမှတော့ သူတို့ဆီကို ပေးလိုက်တာပေါ့ ဒါ့မှချင်းသောသောငါ့ကို လာပြဿနာရှာနေတာ ရပ်မှာ ”

” ချင်းသောသောက ကျောင်းသားတစ်ယောက်လိုချင်တယ်..တကယ်ထူးဆန်းတာပဲ ကျွန်တော်တို့တွေ သူ့ရဲ့အစွမ်းအစကို နောက်နှစ်နည်းနည်းလောက် စောင့်ပြီ စမ်းသပ်ဦးမလား ”

သုဝေ့လွမ်က သတိကြီးကြီးနဲ့ မေးလာခဲ့ပါတယ်။

” ဘယ်လိုပဲဖြစ်ဖြစ်လေ သူ့အနေနဲ့ အတန်းတက်စာမေးပွဲကို အောင်မလား မအောင်လားဆိုတာက ပြောဖို့ခက်တယ်မလား ဒါ့အပြင် ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်လာရင်တောင် စိတ်၀ိညာဥ်စွမ်းအားကိုသုံးတဲ့ပုံစံနဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ကလဲသိပ်ပြီ သန်မာမှာမဟုတ်ဘူး..ပထမ၀ိညာဥ်စက်ကွင်းကလဲ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းသာရှိမယ်ဆိုတော့ မြင့်တင်ပေးဖို့မတန်ပါဘူးလေ..ချင်းသောသောကိုပဲ ပေးလိုက်တာပေါ့ ဒါမှငါ့ကိုလာပြီ ပူညံပူညံမလုပ်မှာ ငါတို့ကျောင်းတော်မှာ နည်းနည်းပါးပါးတော့ ရက်ရက်ရောရောလေး လုပ်ဆောင်ပေးရဦးမှာပေါ့ ကိစ္စတွေ ဒီအတိုင်းသာသတ်မှတ်လိုက်တော့ ”

” ကောင်းပါပြီ ကျောင်းအုပ် “‘

သုဝေ့လွမ်က ပြန်ဖြေလိုက်ပါတယ်။ အဲ့ဒီနောက် သူတို့နှစ်ယောက်စကားပြောတာကို ရပ်လိုက်တော့တယ်။ ရန်ရှောင်ကျဲ့အနေနဲ့ ဟို့ယွိဟောင်ကိုလဲ သိပ်ပြီး များများစားစား အာရုံမစိုက်နေသလို သုဝေ့လွမ်အနေနဲ့လဲ အာရုံမစိုက်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျောင်းတော်ထဲမှာ သူတို့အာရုံစိုက်နေရတဲ့ ပါရမီရှင်တွေက အများကြီးဖြစ်နေခဲ့လို့ပါ။ ဟို့ယွိဟောင်ရဲ့ အပေါ်ယံပြသထားတဲ့ စွမ်းရည်တွက သူတို့ရဲ့အာရုံကို ဖမ်းစားနိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။

ဒါပေမယ့် ချင်းသောသောအနေနဲ့ ပင်လယ်နတ်ဘုရားရေကန်အပြင်ကို ထွက်ထွက်ချင် အသာကုန်အော်ရယ်နေပြီဆိုတာကိုတော့ ဘယ်သူမှသိခဲ့ကြမှာမဟုတ်ပါဘူး။ အရမ်းကို ၀မ်းသာပိီတိဖြာနေတဲ့မျက်နှာကြီးက ရန်ရှောင်ကျဲ့ကို နိုင်ခဲ့တုန်းကပုံစံနဲ့ထက်တောင် အများကြီးပိုပြီးကျော်လွန်နေခဲ့ပါသေးတယ်။

” အဘိုးကြီးရန် အဘိုးကြီးရန် ငါတကယ် မင်းအတွက်စိတ်မကောင်းလိုက်တာကွာ မင်းနောက်တစ်ခေါက် လှည့်စားခံလိုက်ရပါပြီ ငါတို့ရဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကျောင်းတော်က တစ်နေ့မှာအမွှာ၀ိညာဥ်ရှိတဲ့ကျောင်းသားတစ်ယောက်ကို ရလာမယ်လို့ ငါတွေးတောင် မတွေးမိခဲ့ဘူး..ငါ့ရဲ့တကယ် ကံကောင်းချင်ကြယ်ပွင့်လေးပဲ အဘိုးကြီးရန်ကို နှစ်ခေါက်တောင်အနိုင်ရဖို့ခွင့်ပြုလိုက်တယ်.. ဒါ့အပြင် အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့ ရှစ်လပဲအချိန်ယူလိုက်ရပြီ အမွှာ၀ိညာဥ်ကလဲ ရှိနေသေးတယ်..အဲ့ဒီအမွှာ၀ိညာဥ်အပြင် ထိပ်တန်းအဆင့်ရေခဲကျောက်စိမ်းကင်းမြီးကောက်ကလဲ သူ့ရဲ့ဒုတိယသိုင်းပညာဖြစ်နေသေးတယ်..ဒါ့အပြင် အဆုံးစွန်းအထိ အားကောင်းတဲ့ရေခဲစွမ်းအားကို ပိုင်ဆိုင်ထားတာ ပြီးပြည့်စုံလိုက်တာ ပြီးပြည့်စုံလိုက်တာ ”

ဟို့ယွိဟောင်အနေနဲ့ သူတစ်ယောက်ထဲကြောင့် ဌာနနှစ်ခုလုံးမှာ ပွက်လောရိုက်နေတာကို မသိခဲ့ပါဘူး။ လက်ရှိအချိန်မှာ ကျိုးယိအနေနဲ့ စည်းကမ်းချက်တွေအကြောင်း ​ရှင်းပြတာကို အာရုံစိုက်ပြီ နားထောင်နေခဲ့ပါတယ်။ တခြားတစ်ဖက်မှာကတော့ ကျောင်းတော်ထဲကို အခုမှ၀င်ရောက်လာတဲ့ လူသစ်တွေအနေနဲ့ ဒီလိုအတန်းတင်စာမေးပွဲစမ်းသပ်ချက်က လူတိုင်းအတွက် အရမ်းကို အရေးကြီးဆုံးဖြစ်နေခဲ့တယ်။ အကယ်၍ ဒါကိုသာ သူတို့မဖြတ်ကျော်နိုင်ဘူးဆိုရင် သေချာပေါက်အထုပ်ပြင်ပြီး ပြန်ရတော့မှာပါ။ အတွင်းတပည့်သားတွေတောင် လုံး၀ချွင်းချက်မရှိပါဘူး။ အတွင်းတပည့်သားအနေနဲ့ အတန်းတင်စာမေးပွဲကို ကျရှုံးတယ်ဆိုတာက အတိတ်အချိန်မှာ ဘယ်တော့မှမဖြစ်ခဲ့တဲ့ကိစ္စပါပဲ။

ကျိုးယိက ထရပ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ပထမနှစ်ကနေ ဒုတိယနှစ်ကို ၀င်ရောက်ရတဲ့စမ်းသပ်ချက်က အတော်ကိုလွယ်တယ်..နောက်ထပ် အတန်းကြီးတွေရဲ့ အတန်းတင်စာမေးပွဲမှာ စမ်းသပ်ချက်တွေကတော့ ရိုးရှင်းတယ်..ဒါ့အပြင် ငါတို့ရဲ့ စမ်းသပ်ချက်က အတန်းနံပါတ်နှစ်နဲ့အတူတူပဲ အတန်းနံပါတ်သုံးနဲ့ လေးကတော့ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေရဲ့စွမ်းအားကိုပဲ စမ်းသပ်တာ ”

” ငါတို့ရဲ့စမ်းသပ်ချက်ကို သားရဲကောင်ယှဥ်ပြိုင်တဲ့နယ်မြေမှာ ဆုံးဖြတ်လိမ့်မယ်…မင်းတို့တွေအားလုံး ဘယ်နေရာမှာမှန်း မသိလောက်ဘူး အခုငါမင်းကို ပြောပြမယ်..သားရဲကောင်တွေရဲ့ စမ်းသပ်ပွဲနယ်မြေက ၀ိညာဥ်လက်ရည်ယှဥ်တဲ့နယ်မြေရဲ့ တောင်ဘက်မှာရှိတယ်…မီးခိုရောင်နံရံတွေရှိပြီ ရဲတိုက်ကြီးတစ်ခုလိုဆောက်ထားတဲ့နေရာပဲ ဒါ့အပြင် သားရဲကောင်ယှဥ်ပြိုင်တဲ့နယ်မြေမှာက အဆင့်အမျိုးမျိုးနဲ့ ၀ိညာဥ်သားရဲကောင်တွေရှိတယ်..ဒါ့အပြင် ကျောင်းတော်က နှစ်တိုင်းဖမ်းဆီးပြီ အတန်းကြီးတွေအုပ်စုဖွဲ့ပြီ လေ့ကျင့်ဖို့အတွက် အဓိကကူညီပေးတယ်..အကယ်၍ မင်းတို့သာ အနာဂတ်မှာ စတုတ္ထနှစ်အထိ ရောက်နိုင်မယ်ဆိုရင် ကိုယ့်ကိုကိုယ်တိုင်း အဲ့ဒီနယ်မြေမှာသွားပြီ လေ့ကျင့်လို့ရတယ်..ဒါ့အပြင် တိုက်ရိုက်တိုက်ခိုက်တဲ့ အတန်းတွေကတော့ အ​ရေးကြီးတဲ့ စမ်းသပ်ချက်တွေကို အနာဂတ်မှာ အောင်မြင်ဖို့အလိုက်ဆက်ပြီနေကြရတယ် ”

” ဒီတစ်ခေါက် အတန်းတင်စာမေးပွဲအနေနဲ့ မင်းတို့သားရဲကောင်တိုက်ခိုက်ရေးနယ်မြေမှာ သားရဲကောင်တစ်ကောင်နဲ့ တိုက်ခိုက်ရလိမ့်မယ်…တစ်ချိန်ထဲမှာပဲ မင်းတို့တိုက်ခိုက်မဲ့သားရဲကောင်ကို ရွေးချယ်ခွင့်ရှိတယ်..မတူညီတဲ့၀ိညာဥ်သားရဲကောင်တွေကတောာ့ မတူညီတဲ့အားသာချက်တွေ ရှိနေမှာပဲ ဒါ့အပြင် သန်မာတဲ့သားရဲကောင်ကို စိန်ခေါ်နိုင်လေလေ အမှတ်ပြည့်ပြည့်ရလေပဲ ဒါ့အပြင် အဲ့ဒီစမ်းသပ်ချက်ကို အတန်းကြီးတွေရဲ့ဆရာတွေကိုယ်တိုင် အမှတ်ပေးမှာ အမြင့်ဆုံးအမှတ်က တစ်ရာဖြစ်ပြီ ခြောက်ဆယ့်အထက်ရတဲ့သူတွေက စမ်းသပ်ချက်ကို အောင်မြင်တယ် ”

” အခုမင်းတို့တွေကို သတိပေးစရာတချို့ရှိတယ်..နံပါတ်တစ်အနေနဲ့ အရမ်းသတိမကြီးနဲ့ အကယ်၍ မင်းတို့ရွေးချယ်လိုက်တဲ့ သားရဲကောင်က အားနည်းလွန်နေရင်း အနိုင်ရရင်တောင် စာမေးပွဲအောင်မှာမဟုတ်ဘူး..နံပါတ်နှစ်အနေနဲ့ အရမ်းကြီးအထင်ကြီးလွန်နေမနေနဲ့ အကယ်၍ သားရဲကောင်က သန်မာလွန်နေတယ်ဆိုရင် တိုက်ပွဲမှာမင်းတို့ကို ကြီးကြပ်ရေးမှုးတောင် ကယ်နိုင်မှာမဟုတ်ဘူး ”

ကျိုးယိရဲ့မျက်လုံးထဲမှာ စီးဆင်းနေတဲ့ အေးစက်စက်အလင်းတန်းက ကျောင်းသားတွေအားလုံးကို တုန်ရီသွားစေခဲ့ပါတယ်။ သူတို့တွေ အတိတ်အချိန်တုန်းက ၀ိညာဥ်သားရဲကောင်တွေကို အများကြီးမြင်ဖူးခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ တစ်ယောက်ထဲတိုက်ပွဲမှာ ရင်မဆိုင်ခဲ့ဖူးပါဘူး။ ငယ်ရွယ်ပြီ အားလုံးအနေနဲ့လဲ ၀ိညာဥ်စက်ကွင်းကိုရရှိဖို့အတွက် ဆရာတွေ မိဘတွေအကူအညီနဲ့သာ လုပ်ဆောင်ခဲ့တာပါ။ ဟို့ယွိဟောင်လိုမျိုး ကိုယ်ပိုင်စွမ်းအားနဲ့၀ိညာဥ်စက်ကွင်းကိုရနိုင်တဲ့သူကနေရာတိုင်းမှာ တွေ့ရတာမဟုတ်ပါဘူး။

” နံပါတ်သုံးအနေနဲ့ တိုက်ပွဲကို ရှုံးနှိမ့်တာက မင်းတို့ကိုတစ်ခေါက်ထဲ ထုတ်ပယ်ခံရမှာမဟုတ်ဘူးဆိုတဲ့အကြောင်း စိတ်ထဲထည့်သားသင့်တယ်…အကယ်၍ မင်းတို့တိုက်ခိုက်တဲ့သားရဲကောင်ကသာ လုံလောက်အောင်သန်မာနေပြီ တိုက်ပွဲထဲမှာ လုပ်ဆောင်မှုတွေက ချီးမွမ်းဖို့ထိုက်တန်တယ်ဆိုရင် နောက်ဆုံးအမှတ်က လုံး၀ နှိမ့်ပါးမှာမဟုတ်ဘူး ..ဒါ့အပြင် ထိန်းချုပ်ရေးအမျိုးအစားနဲ့ တိုက်ခိုက်ရေးမျိုးအစား၀ိညာဥ်ပညာရှင်တွေက ကွာခြားတယ်…တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲတွေမှာ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေအနေနဲ့ ပိုပြီး မြင့်မားတဲ့ လိုအပ်ချက်တွေကိုလိုတယ်..မင်းတို့အနေနဲ့ စိန်ခေါ်တဲ့သားရဲကောင်ကို နိုင်ဖို့အတွက် အဓိကအာရုံစိုက်ရမယ်…ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်အနေနဲ့ကတော့ သားရဲကောင်ကိုထိန်းချုပ် ဘယ်လောက်အထိ တိုက်ခိုက်နိုင်မလဲဆိုတာက မင်းရနိုင်မဲ့အမှတ်အပေါ်မှာ မူတည်လိမ့်မယ်..”

ဟို့ယွိဟောင်လဲ လေးလေးနက်နက် နားထောင်နေခဲ့ပါတယ်။ နောက်ဆုံးတော့လဲ သူက ထိုက်ဟွပင်းနဲ့ လောင်းကြေးထပ်ထားခဲ့တာပါ။ ဒီလောင်းကြေးရဲ့ တန်ဖိုးက ဦးညွတ်ပြီကန်တော့ရမဲ့ကိစ္စဖြစ်နေခဲ့တယ်။ လူနှစ်ယောက်ရဲ့ မျက်နှာသာပါ၀င်နေပေမဲ့ သူ့အတွက်တော့လုံး၀မတူညီပါဘူး။ ထိုက်ဟွပင်းကိုသာ သူ့ရှေ့မှာ ဒူးထောက်ပြီ ဦးချကန်တော့ရအောင်လုပ်နိုင်မယ်ဆိုရင် လက်စားချေမှုနဲ့ အစိတ်အပိုင်းလေးတစ်ပိုင်းကို ပြီးမြောက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဒီလောင်းကြေးကို အောင်မြင်ချင်နေခဲ့တယ်။

ဒီတစ်ကြိမ်မှာပဲ တံခါးခေါက်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့ပါပြီ။

ပုံမှန်အခြေအနေအရ ကျောင်းတော်ထဲမှာ အဓိကစီစဥ်မှုတွေမရှိသရွေ့ ဒီလိုမျိုးအတန်းကို လာရောက်နှောင့်ယှက်တာမျိုးမရှိခဲ့ပါဘူး။ ၀မ်ယန်နဲ့ ကျိုးယိတို့မျက်လုံးပြူးသွားခဲ့တယ်။ ၀မ်ယန်ကတော့ တံခါးအနားမှာရှိနေခဲ့တာကြောင့် ချက်ချင်းတံခါးဖွင့်လိုက်တာပါ။

အပြင်ဘက်မှာတော့ ဆရာတစ်ယောက် ရပ်နေခဲ့ပါတယ်။ သူက ကျောင်းသားတွေမရင်းနှီးတဲ့သူတစ်ယောက်ပါပဲ။ ဟို့ယွိဟောင်တောင်မှ ဒီဆရာက သူ့ကိုလျှို့၀ှက်ဥပဒေသအရိုးပေးခဲ့တဲ့သူဆိုတာ မသိပါဘူး။ အမှန်ပါပဲ ရောက်လာတဲ့သူကတော့ မုကျင်းပါ။ ဒါ့အပြင် သူ့နောက်မှာ နောက်ထပ်ဆရာနှစ်ယောက်လဲရှိနေခဲ့ပါတယ်။ ကျိုးယိရဲ့မျက်နှာကပျက်သွားခဲ့တယ်။

” ဆရာမု အတန်းနံပါတ်နှစ်မှာ သင်နေရမှာမဟုတ်ဘူးလား ဒီနေရာမှာ ဘာလာလုပ်တာလဲ ”

ဒါ့အပြင် သူမအနေနဲ့ ကျိုးယိကို ရင်ဆိုင်ဖို့အတွက် ဆက်တိုက်ပြင်ဆင်လာခဲ့ပုံပေါ်ပါတယ်။ မုကျင်းက အတန်းနံပါတ်နှစ်ရဲ့ဆရာဖြစ်နေခဲ့ပြီ ဒီလိုထိုးဖောက်၀င်ရောက်လာတာက ကောင်းတဲ့ကိစ္စပုံမပေါ်ပါဘူး။

” ငါကြားတာတစ်ခုရှိတယ်…မင်းတို့အတန်းမှာ ကျောင်းသားတစ်ယောက်က စာရင်းသွင်းတာနောက်ကျတယ်တဲ့ ဒါ့အပြင် အဲ့ဒါကိုတောင် အတန်းတက်နေသေးတယ်..ဒါကြောင့် ကိုယ်တိုင်လာပြီ ဘယ်သူလဲဆိုတာ ကြည့်တာလေ နင့်ကိုလာရှာတာမဟုတ်ဘူး..ဒါ့အပြင် သင်ကြားရေးဆရာနှစ်ယောက်ကိုလဲ ခေါ်လာသေးတယ် ”

ကျိုးယိရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်းတွေက တောက်ပလာခဲ့ပါတယ်။ သင်ကြားရေးနယ်မြေရဲ့ဆရာတွေက အထဲကို၀င်လာခဲ့ပါပြီ။ သက်လတ်ပိုင်းအမျိုးသားကျောင်းဆရာက ပြောလိုက်ပါတယ်။

” ဆရာကျိုးနဲ့ ဆရာ၀မ် ငါတို့တွေ ကျောင်းသားတွေရဲ့တိုင်ကြားစာကို ရရှိပါတယ်…ဟို့ယွိဟောင်လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်က မနေ့ကအချိန်မီ သတင်းမပို့ခဲ့ဘူး..ဒါပေမယ့် ဒီနေ့အတန်းလာတက်တယ်..ကျောင်းတော်ရဲ့စည်းမျဥ်းတွေကို မင်းသိမှာပါ ဒီကိစ္စကို ကိုင်တွယ်ဖို့အတွက် လုပ်ပေးစေချင်ပါတယ် ”

၀မ်ယန်က ကျိုးယိကိုကြည့်ရင်း ရယ်မောလိုက်တယ်။

” ဆရာလီနဲ့ ဆရာလု မင်းတို့ပြောတဲ့ကိစ္စကအမှန်ပါပဲ ဒါပေမယ့် ဟို့ယွိဟောင်ဆိုတဲ့ အဲ့ဒီကျောင်းသားက ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေရဲ့အဓိကတပည့်သားဖြစ်နေတယ်လေ..ဒါကြောင့် သူကျောင်းကိုရောက်လာတာ နောက်ကျပေမဲ့ သူ့ကို၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်က ပေးအပ်တဲ့ကိစ္စကို သူအောင်မြင်ခဲ့တယ်…ဒါကြောင့် တစ်ဖက်ကျောင်းတော်အနေနဲ့ မင်းတို့ကို ဒီကိစ္စရှင်းပြမှာပါ ”

အပိုင်း ၄၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset