အပိုင်း ၄၇•၁
” အဆင့်နှစ်၀ိညာဥ်လက်နက်ပညာရှင်ရဲ့ အဆောင်အယောင် ”
°°`
” ဆရာကျိုးလာပြီ ”
ရှောင်းရှောင်း အော်လိုက်ချိန်မှာပဲ ချိုက်ကျင်းရွှမ်နဲ့ ကျိုးစီချန်တို့က ချက်ချင်းကြောက်လန့်သွားပါတော့တယ်။ သူတို့တွေ တုန်ရီသွားပြီ ခပ်မြန်မြန် ပြန်ထိုင်လိုက်တယ်။ ဒါပေမယ့် ရှောင်းရှောင်းအနေနဲ့ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိနေတာလားတော့မသိပါဘူး။ သူမ ဒီလိုမျိုးဟာသလုပ်လိုက်ချိန်မှာ ဆရာကျိုးက တကယ်အခန်းထဲ၀င်လာခဲ့ပါတယ်။
ကျိုးစီချန်နဲ့ ချိုက်ကျင်းရွှမ်နှစ်ယောက်စလုံးလဲ ရှောင်းရှောင်းဘက်ကိုလှည့်ပြီ လက်မထောင်ပြလိုက်တယ်။
” ဒါကတော့ ”
ရှောင်းရှောင်းအနေနဲ့ သူတို့ကို စချင်ရုံသာဖြစ်ပေမဲ့ ရယ်ရမလား ငိုရမလားတောင် မသိတော့ပါဘူး။ ကျိုးယိက သူအမြဲတမ်း၀တ်နေကြတဲ့ မျက်နှာဖုံးကို၀တ်ပြီ ရောက်လာခဲ့တာပါ။ အမူအရာကလဲ အတူတူပါပဲ အခန်းတစ်ခန်းလုံးကို အေးစက်တဲ့အကြည့်နဲ့ကြည့်ပြီ ကျောင်းသားတွေအနေနဲ့ ဆရာ၀မ်ယန်ရှိနေတာကိုတောင် မေ့သွားစေပါတယ်။ ဆရာ၀မ်ယန်ကိုယ်တ်ိုင်တောင်မှ ကျောရိုးထဲမှာ တုန်သွားခဲ့ရတယ်။
၀မ်ယန်က ကျိုးယိဘက်ကိုလျှောက်လာရင်း ပြောလိုက်ပါတယ်။
” ဆရာကျိုး ဟို့ယွိဟောင် ဒီနေ့ပြန်ရောက်လာပြီ ”
ကျိုးယိက ဟို့ယွိဟောင်ကိုကြည့်ရင်း ပြောလိုက်ပါတယ်။
” ဆရာ၀မ် ငါတို့ဘာလုပ်သင့်လဲထင်လဲ ”
သူမအနေနဲ့ ဖြစ်နေတဲ့ကိစ္စတွေကို သိပြီးသားဆိုတဲ့အကြောင်းလုံး၀မပြောပြချင်ပါဘူး။
၀မ်ယန်က မျက်မှောင်ကြုတ်ရင် ပြန်ဖြေလိုက်ပါတယ်။
” ဟို့ယွိဟောင် မနေ့ကရောက်မလာတဲ့ကိစ္စကို လူနည်းနည်းပဲသိတာ ဒါ့အပြင် သူတို့အဖွဲ့က မနက်တုန်းကလဲ ထိုက်ဟွပင်းတို့နဲ့ စကားများထားကြသေးတယ်…ဒီကိစ္စကို ငါတို့ဖုံးထားဖို့က မလွယ်ဘူး…တတ်နိုင်သလောက် တာ၀န်ကိုခွဲယူရမှာပေါ့ ဒါ့အပြင် ငါတို့တွေက အလုပ်အတူတူလုပ်နေကြတာလေ ဘယ်လိုပဲဖြစ်ပါစေ ယွိဟောင်ကို လုံး၀ကျောင်းထုတ်မခံနိုင်ဘူး..ကျောင်းတော်ရဲ့စည်းမျဥ်းတွေဘယ်လောက်ပဲ တင်းကြပ်ပါစေ ယွိဟောင်အနေနဲ့ ကျောင်းမထုတ်ခံရခင် အတွင်းတပည့်သားတစ်ယောက် ဖြစ်လာရမယ်…အကယ်၍ ငါတို့နှစ်ယောက်သာ သူနေဖို့အတွက် ဆက်တိုက်ပြောပေးမယ်ဆိုရင် ကျောင်းတော်က သေချာပေါက် ငါတို့အမြင်ကို စဥ်းစားမှာပါ ”
ဒီစကားကိုကြားချိန်မှာတော့ ကျိုးယိအနေနဲ့လဲ ၀မ်ယန်အပေါ်မှာ အနည်းငယ်လေးစားသွားမိပါတယ်။ ၀မ်ယန်က ဟို့ယွိဟောင် ဘာကြောင့်နောက်ကျမှန်းတောင် မသိသေးပါဘူး။ ဒါပေမယ့် သူပထမဆုံးလုပ်တဲ့အရာကတော့ ဟို့ယွိဟောင်ထုတ်ပယ်မခံရအောင် တတ်နိုင်သလောက်ကြိုးစားမယ်ဆိုတဲ့ ကိစ္စပါ။ မေးခွန်းတစ်ခုတောင် မေးမနေခဲ့ပါဘူး။ ကျိုးယိအနေနဲ့လဲ ၀မ်ယန်လို မေးခွန်းမထုတ်ပဲ အပြည့်အ၀ကာကွယ်ပေးတဲ့ တုန့်ပြန်ပုံကိုမြင်ချိန်မှာ သူ့ဘာသာသူတောင် ရှက်သွားခဲ့တယ်။ ဒါကြောင့် အမှန်တရားကို သူဖုံးကွယ်မထားနိုင်တော့ပဲ ပြောလိုက်မိတယ်။
” ဆရာ၀မ် မနှစ်ကတုန်းက ၀ိညာဥ်လက်နက်ကျောင်းတော်မှာ ယွိဟောင် ဆက်တိုက်သင်ကြားနေရတာကို သတိထားမိလား ”
” သတိထားမိတယ်…ဒါပေမယ့် သူဘယ်လောက်အဆင့်ရောက်သွားလဲတော့ ငါလဲမသိလိုက်ဘူး ‘”
” သူ့အဆင့်တွေက အရမ်းကောင်းတယ်…ဖန်းယွီပြောတာကတော့ သူ့ကို ကိုယ်ပိုင်တပည့်သားအဖြစ်တောင် လက်ခံလိုက်ပြီတဲ့..ဖန်းယွီဆုံးဖြတ်ထားတာကလဲ တစ်ခုရှိသေးတယ်..သူ့ကို ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ အဓိကတပည့်သားအဖြစ် လက်ခံလိုက်မယ်တဲ့ ဒီတော့စိုးရိမ်ဖို့မလိုပါဘူး… ယွိဟောင် ကျောင်းထုတ်မခံရဘူး ”
” ဘာဖြစ်တယ် ”
၀မ်ယန်အနေနဲ့ တအံ့တဩပြန်မေးမိပါတော့တယ်။
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
သူတို့တွေ အစောပိုင်းတုန်းက တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောနေခဲ့ပေမဲ့ ကျောင်းသားတွေမကြားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၀မ်ယန် အသံကိုမြင့်လိုက်ချိန်မှာတော့ အားလုံးက သူ့ကိုကြည့်လာပါတော့တယ်။
၀မ်ယန်အနေနဲ့ သူထိန်းချုပ်မှုလွှတ်သွားတာကို သတိထားမိမိချင် ပြောလိုက်ပါတယ်။
” ဆရာကျိုး အပြင်သွားပြီ ပြောရအောင် ”
အဲ့ဒီနောက် ပြောပြီတာနဲ့ ချက်ချင်းထွက်သွားတော့တယ်။ ကျိုးယိလဲ သက်ပြင်းချလိုက်မိပါပြီ။
” တောင်းပန်ပါတယ်ဆရာ၀မ် ဒါတွေအားလုံး ငါ့ရဲ့ခင်ပွန်းအတွက် လုပ်မိတာပါ မလိမ်မိအောင်တော့ တတ်နိုင်သလောက်ကြိုးစားတာပါပဲ သူ့အတွေးတွေ ဒီနေရာကိုရောက်ရှိသွားပြီချိန်မှာပဲ ထိတ်လန့်နေတဲ့ကျောင်းသားတွေကို လှည့်ကြည့်လိုက်မိပါတယ်။ အဲ့ဒီနောက် ၀မ်ယန်နဲ့အတူ အပြင်ကို ထွက်သွားခဲ့ပါပြီ။
” ဆရာကျိုး ဘာတွေဖြစ်နေတာလဲ ငါဘယ်လိုလုပ်ဒီကိစ္စကို မကြားပဲနေရတာလဲ ဆရာကျိုးက ဖန်းယွီရဲ့ဇနီးဆိုတာကို သိပါတယ်…ဒါပေမယ့် ကိုယ့်ကိုကိုယ်သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ဆရာဆိုတာ မမေ့နဲ့ဦးလေ ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲမလား ဒါကလုံး၀ကို မဖြစ်နိုင်တဲ့ကိစ္စပဲ ခွင့်မပြုနိုင်ဘူး ”
၀မ်ယန်က လုံး၀ကို ငြင်းပယ်နေခဲ့ပါတယ်။
” ဆရာ၀မ် ကျေးဇူးပြုပြီး စိတ်အလောမကြီးပါနဲ့ဦး အရင်ဆုံးနားထောင်ပါ ဆရာရဲ့မျက်လုံးထဲမှာ ယွိဟောင်က အရမ်းကိုတော်တဲ့ကျောင်းသားတစ်ယောက် စကားနဲ့ပြောလို့တောင်မရနိုင်တဲ့အထိ အဆုံးမဲ့တဲ့အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားတယ်…ဒါပေမယ့် ဒီဘက်ကျောင်းတော်ရဲ့ အထက်အမြင့်ပိုင်းလူကြီးတွေက အဲ့ဒီလိုတွေးကြရဲ့လား ကျောင်းအုပ်ရန်ကော် ညွှန်ကြားရေးမှုးသုရော ဆရာကြီးရွှမ်တောင်မှ ဆရာကိုယ်တိုင်သွားပြီ လေ့လာခိုင်းတာတောင် ယွိဟောင်အနေနဲ့ အနာဂတ်မှာ ဆက်ပြီးမတိုးတက်နိုင်ဘူးလို့ ထင်ထားခဲ့တယ်မလား ဒါ့အပြင် သူ့ကို အဓိကအတွင်းတပည့်သားအဖြစ် လက်ခံဖို့တောင် ငြင်းပယ်ကြတယ်..သူ့မှာဘယ်လိုအတွေးတွေ ရှိနေမလဲလို့ ဆရာထင်လဲ ဟို့ယွိဟောင်အနေနဲ့ ခေါင်းဆောင်အဖြစ်နဲ့ လူသစ်တွေရဲ့ပြိုင်ပွဲမှာ ချန်ပီ
ယံရခဲ့တာတောင် သူက အတွင်းတပည့်သားဖြစ်မလာခဲ့ဘူး…အကယ်၍ ဆရာသာ သူနဲ့ သက်တူရွယ်တူမှာရှိမယ်ဆိုရင် ဒီလိုကိစ္စမျိုးဆရာမှာ ဖြစ်လာလို့ကတော့ ငြိမ်ငြိမ်သက်သက်နဲ့ နေနိုင်ဦးမှာလား ”
ဒီမေးခွန်းတွေကို ကြားပြီချိန်မှာ ၀မ်ယန်အနေနဲ့ တိတ်ဆိတ်လို့သွားပါတော့တယ်။ ကျိုးယိရဲ့စကားတွေက အမှန်ပါပဲ ဒါပေမယ့် ညွှန်ကြားရေးမှုးသုမှာလဲ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိနေခဲ့တယ်။
” အကယ်၍ ဒါတွေသာ တစ်ခုထဲဖြစ်ခဲ့မယ်ဆိုရင် ကိစ္စမရှိဘူး..ဒါပေမယ့် ငါတို့နှစ်ယောက်က သူ့ကို ဂရုစိုက်ရမှာလေ ယွိဟောင်ရဲ့ ပါရမီတွေ လုံလ၀ီရိယတွေအားလုံးနဲ့ဆိုရင် အနာဂတ်မှာ သူအစွမ်းအစကို ထုတ်ပြနိုင်မှာပါ နှစ်အနည်းငယ်အတွင်းမှာပဲ သေချာပေါက် သူက အဓိကအတွင်းတပည့်သားတစ်ယောက်ဖြစ်လာပြီ အတွင်းနယ်မြေကိုတောင် ၀င်နိုင်လိမ့်မယ်…ဒါပေမယ့် သူက ၀ိညာဥ်လက်နက်တွေကို လေ့လာဖို့လဲ ဆုံးဖြတ်ခဲ့သေးတယ်…ငါ့ရဲ့ခင်ပွန်းဆီကနေ သူ့ရဲ့၀ိညာဥ်လက်နက်တည်ဆောက်တဲ့ အစွမ်းအစတွေနဲ့ ပါရမီတွေ ဘယ်လောက်ထက်မြက်လဲဆိုတဲ့အကြောင်းကို အမြဲတမ်းကြားနေခဲ့ရတာ ဒါ့အပြင် သူ့ရဲ့ပါရမီက အားကောင်းလွန်လို့ ကျောင်းအုပ်ချင်းတောင်မှ သူ့ကို ဂရုစိုက်မိသွားတယ်တဲ့ ကျောင်းအုပ်ချင်းကိုယ်တိုင် ယွိဟောင်ကို ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့အတွင်းတပည့်သားဖြစ်လာဖို့ အတည်ပြုပေးလိုက်တာ ”
၀မ်ယန်အနေနဲ့လဲ စိုးရိမ်လာခဲ့ပါတယ်။
” မဖြစ်နိုင်တာပဲ သူက ဒီလက်နက်တွေကိုသင်ကြားတာ ရှစ်လပဲရှိသေးတယ်မလား ပုံမှန်အနေအထားအရဆိုရင် ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်မှာ အတွင်းတပည့်သားဖြစ်လာဖို့ စတုတ္ထနှစ်ရဲ့အထက်ကျောင်းသားတွေမှာ ဖြစ်နိုင်တာလေ လုံး၀ကို ချွင်းချက်မရှိနိုင်ဘူး…ယွိဟောင်က ကျောင်းပြီမှပဲသွားပြီ သင်ကြားတာ ဘယ်လိုလုပ် သူ့ရဲ့အောင်မြင်မှုတွေက ကြီးမားရမှာလဲ ”
ကျိုးယိက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပါတယ်။
” ၀မ်ယန် ငါ့ရဲ့အကျင့်စရိုက်ကို သိတယ်မလား ဖန်းယွီက ငါ့ကိုအမြဲတမ်း မျက်နှာသာပေးတာကိုသိမှာပါ သူကနောက်ဆုံးတော့လဲ ငါယောကျ်ားပဲလေ ဒါပေမယ့် နင်ပြောခဲ့တာအမှန်ပဲ ငါက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းရဲ့ဆရာ ငါတို့ကျောင်းတော်က ယွိဟောင်ကို ကောင်းကောင်းအာရုံစိုက်ပေးခဲ့မယ်ဆိုရင် ဖန်းယွီတောင်းဆိုတာကို ငါလုံး၀သဘောတူလိုက်မှာမဟုတ်ဘူး….ဒါပေမယ့် ငါတို့ကျောင်းတော်က သူ့ကို ဘာတွေလုပ်ခဲ့လဲပြန်စဥ်းစားကြည့်ပါဦး ဒီကလေးရဲ့နှလုံးသားကို ငါ့ကိုထိခိုက်စေခဲ့တယ်..ယွိဟောင်အနေနဲ့ ဘယ်လောက်ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့လဲမင်းသိရဲ့လား နေ့တိုင်းနေ့တိုင်း အတန်းပြီတဲ့အချိန်မှာ နှစ်နာရီကနေ လေးနာရီအထိ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်မှာ နေပူမရှောင် မိုးရွာမရှောင် လေ့ကျင့်ခဲ့တယ်…ကြည့်ငါနင့်ကိုမလိမ်ဘူး လွန်ခဲ့တဲ့နှစ်ကျောင်းစာသင်မပြီးခင်အချိန်မှာ ယွိဟောင်က ဒုတိယ၀ိညဥ်စက်ကွင်းကို မရသေးပေမဲ့ အဆင့်နှစ်၀ိညာဥ်ပညာရှင်ဖြစ်ပြီးပြီ ဖန်းယွီဘယ်လောက်တောင် တင်းကြပ်လဲနင်သိတယ်မလား ဖန်းယွီကိုယ်တိုင် သူ့ကို အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ် အတည်ပြုပေးလိုက်တာ ဒါ့အပြင် အဲ့ဒါကို ရှစ်လထဲနဲ့ အောင်မြင်ခဲ့တာနော် ယွိဟောင်ရဲ့အသက်အရွယ်နဲ့ အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့ ရှစ်လပဲအချိန်ယူခဲ့ရတယ်..သူက သမိုင်းတစ်လျှောက်မှာ မှတ်တမ်းအသစ်ကို ရေးထိုးနိုင်ခဲ့တာပါ ဒါပေမယ့် တစ်ဖက်မှာရှိတဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်အနေနဲ့ သူ့ကို အဓိကအတွင်းတပည့်သားအဖြစ် လက်ခံဖို့အလောမကြီးပဲ နေနိုင်ဦးမယ်လို့ထင်လား ”
ဒီစကားကြားပြီတာနဲ့ ၀မ်ယန်စကားတောင်ဆက်မပြောနိုင်ပဲ ဖြစ်နေရပါတယ်။ ဟို့ယွိဟောင်ကို အတွင်းတပည့်သားအဖြစ် လက်ခံဖို့ဆက်တိုက်ဆိုသလို ငြင်းပယ်နေခဲ့တယ်။ သူတို့ရဲ့ကျောင်းတော်က နောင်တတော့ရတော့မှာပါ။ ဒါ့အပြင် ဟို့ယွိဟောင်က အံ့ဩစရာကောင်းလွန်လှတဲ့ပါရမီကို ၀ိညာဥ်လက်နက်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ သူအနေနဲ့ ဘယ်လိုအကြောင်းပြချက်နဲ့များတားဆီးရတော့မှာလဲ အဲ့ဒီနေ့တုန်းက အတွင်းတပည့်သား မဖြစ်ခဲ့ရတဲ့ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲက ၀မ်းနည်းမှုတွေနဲ့ စိတ်ပျက်အားလျော့မှုတွေကိုပါ သူ့စိတ်ထဲမှာ မှတ်မှတ်ရရ ရှိနေဆဲပါ။ ဒီအခိုက်အတန့်ကို ပြန်တွေးမိချိန်မှာပဲ ကျိုးယိရဲ့စကားတွေကို ဘယ်လိုလုပ်ငြင်းပယ်ရမှန်းမသိအောင်သူအနေနဲ့ ဖြစ်သွားခဲ့ရပါပြီ။
ဒါ့အပြင် ပင်လယ်နတ်ဘုရားကျွန်ရဲ့ အတွင်းနယ်မြေထဲမှာ ကောက်ကျစ်တဲ့အဘိုးကြီးနှစ်ယောက်က တူညီတဲ့အကြောင်းအရင်းတစ်ခုကို ဆွေးနွေးနေခဲ့ကြပါတယ်။ ချင်းသောသောက ကြီးမားတဲ့ သားရေထိုင်ခုံကြီးပေါ်မှာ ထိုင်ရင်းရန်ရှောင်ကျဲ့ကို ပြောနေခဲ့တယ်။
” အဘိုးကြီးရန် မင်းငါ့ကို ရှုံးသွားတဲ့အကြွေးကို အခုပေးလို့ရပြီနော် ”
ရန်ရှောင်ကျဲ့ကတော့ စာပွဲပေါ်မှာလက်တင်ထားရင်း အရှေ့ကိုကုန်ပြီ မေးလာခဲ့ပါတယ်။
” ငါမင်းကိုရှုံးဖူးလို့လား ဘာလောင်းကြေးလဲ ဘာလို့မမှတ်မိရတာလဲ ”
” ဘာလဲမင်းက မေ့သွားပြီဟုတ်လား ”
ချင်းသောသောက မျက်လုံးအပြူးသားနဲ့ ပြန်ပြောလာခဲ့ပါတယ်။
” အဘိုးကြီးရန် မင်းတကယ်ပဲ မျက်နှာကိုမရှိဘူး အရေထူးလိုက်တဲ့သတ္တ၀ါ မနှစ်တုန်းက လူသစ်တွေရဲ့စာမေးပွဲမှာ ငါတို့လောင်းကြေးထပ်ပြီ ငါနိုင်သွားတယ်လေ ဘယ်လိုရှုံးသွားလဲဆိုတာ မေ့သွားပြီလား ဒီကိစ္စကို သတိရစေဖို့အတွက် မင်းရဲ့နေရာတစ်ခုလုံးကို ငါပြောင်းပြန်လှန်အောင် လုပ်ပြစ်ရမလား ”
ရန်ရှောင်ကျဲ့က အမြီးတက်နင်းခံရသလို ဆွေ့ဆွေ့ခုန်နေတဲ့ ချင်းသောသောကိုကြည့်ရင်း ပြုံးနေခဲ့ပါတယ်။
” ကောင်းပြီ ကောင်းပြီ မင်းအနေနဲ့ ဒီလိုကိစ္စသေးသေးလေးအတွက် ကိုယ်တိုင်လာပြီပြောဖို့ လိုလို့လား ငါအရမ်းအလုပ်များနေတယ်..ဒီလိုကိစ္စမျိုးကို ငါဘယ်လိုမမှတ်မိရမှာလဲပြော ဘယ်ကျောင်းသားက မင်းမျက်လုံးထဲရောက်သွားလို့လဲ ငါမင်းကို သတိပေးမယ်နော် အဓိကတပည့်သားတွေကိုလာပြီ မယူရဘူး…အဲ့ဒီတပည့်သားတွေအားလုံးက ဒီကျောင်းအုပ်အတွက် အရမ်းတန်ဖိုးရှိတယ်…တွေးတောင်မတွေးနဲ့ စဥ်းစားတောင်မစဥ်းစားနဲ့ ”
ချင်းသောသောက ဒေါသတကြီး ပြန်ထိုင်လိုက်ရင်း ပြောလာခဲ့ပါတယ်။
” မင်းမှတ်မိတယ်ဆိုမှတော့ ကောင်းတာပေါ့ တကယ်ကောက်ကျစ်တဲ့သတ္တ၀ါ ငါတကယ်ပဲ မင်းဆီက အတွင်းတပည့်သားတစ်ယောက်ကို ယူဖို့ကြိုးစားမယ်ဆိုရင် မင်းငါ့ကို သေတဲ့အထိတိုက်ခိုက်မှာလား မစိုးရိမ်နဲ့ ငါသာမန်ကျောင်းသားတစ်ယောက်ပဲရွေးမှာ ”
ရန်ရှောင်ကျဲ့ရဲ့မျက်နှာက ပိုလို့နူးညံ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ချင်းသောသောက အေးအေးဆေးဆေးပုံစံနဲ့ ပြန်ပြောလိုက်တယ်။
ဒါ့အပြင် ဒီလိုဖြစ်နေတဲ့ မျက်နှာက ရန်ရှောင်ကျဲ့ကို ပိုပြီး စိတ်ပူစေတာပါ။
” အဘိုးကြီးချင်း မင်းရဲ့နာမည်ပြောင်ကို အသုံးပြုပြီး ငါ့ကိုလာရစ်မနေနဲ့ ငါက မင်းလောက်ကပ်စီးမနည်းဘူး..မင်းတို့၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေက ပိုက်ဆံတွေအများကြီးပဲ ဒါတောင် မင်းငါ့ကို တစ်ပြားတစ်ချပ်မှ ထုတ်မပေးဘူး ပြောလိုက် မင်းရဲ့ပညာရှင်မျက်လုံးထဲမှာ ဘယ်သူကိုမျက်စိကျသွားလဲ ”
ချင်းသောသောက ကူကယ်မဲ့တဲ့ပုံစံနဲ့ ပြောလာခဲ့ပါတယ်။
” ပညာရှင်မျက်လုံးနဲ့ ရှာတွေ့တယ်ဆိုတာ ဘာပြောတာလဲ ငါက ဒီရက်ပိုင်းမှာ စိတ်ဓာတ်ကျနေတယ်လေ ဒါ့အပြင် မင်းတို့ရဲ့ကျောင်းတော်ထဲမှာလဲ အတွင်းကိစ္စတွေနည်းနည်းပါးပါး ရှိနေတယ်မလား ဒါကြောင့် ငါအနေနဲ့ ဒီနိုင်ခဲ့တဲ့ လောင်းကြေးကို လာယူရင်း စိတ်ချမ်းသာအောင်လို့လုပ်ချင်တာပေါ့ ဒီတစ်ကြိမ်မှာ ငါအနေနဲ့ ရှုံးသွားတဲ့ကိစ္စကို စိတ်ထဲမကျေနပ်မိဘူး ”
ချင်းသောသောပြောတာကို ကြားချိန်မှာ ရန်ရှောင်ကျဲ့က စိတ်၀င်စားလာပါတော့တယ်။
” ဘာတွေဖြစ်နေလို့လဲ ”
” မင်းတို့ဌာနရဲ့ကျိုးယိကို သိတယ်မလား အမြဲတမ်းအဘွားကြီးလို မျက်နှာဖုံးတပ်ထားတဲ့မိန်းကလေးလေ သူက ဖန်းယွီရဲ့မိန်းမ ဒါ့အပြင် သူ့အတန်းထဲမှာရှိတဲ့ ကျောင်းသားတစ်ယောက်က အတန်းကို စာရင်းသွင်းဖို့အတွက် နောက်ကျနေခဲ့တယ်..ဒါ့အပြင် ကျောင်းတော်ရဲ့စည်းမျဥ်းအရ အဲ့ဒီကျောင်းသားက သေချာပေါက် ထုတ်ပယ်ခံရမှာပဲ သုဝေ့လွမ်ရဲ့ သောက်သုံးမကျတဲ့စရိုက်ကို မင်းသိတယ်မလား အဲ့ဒီကောင်က ကျောင်းရဲ့စည်းမျဥ်းတွေကို သူ့အဖေကြီးလိုမျိုး ကိုးကွယ်နေတာလေ ဒါကြောင့် ဒီကိစ္စကသူ့ကိုသွားပြီ ဆွေးနွေးဖို့မဖြစ်နိုင်ဘူးလေ ..အဲ့ဒီကျိုးယိဆိုတဲ့ ကောင်မလေးက မနေ့ညတုန်းက ငါ့အိမ်ကိုကိုယ်တိုင်လာပြီ စောဒကတက်ခဲ့တယ်လေ ဖန်းယွီနဲ့ ငါလဲ ဒီကိစ္စကိုကိုင်တွယ်ဖို့ အစပိုင်းက မတွေးထားခဲ့ပေမဲ့ သူ့မိန်းမက သူ့ကို အိပ်ယာပေါ်တောင် မအိပ်ခိုင်းဘူး…ဒါကြောင့် သည်းမခံနိုင်တော့ပဲ ငါ့ကိုလာပြီ အကူအညီတောင်းရတာပေါ့ ဒီလောင်းကြေးကိုအသုံးပြုပြီး အဲ့ဒီကလေးကို ငါတို့ရဲ့၀ိညာဥ်လက်နက်တည်ဆောက်ရေးတပည့်သားဖြစ်လာစေချင်တယ်..ဖန်းယွီက နောက်တက်မဲ့ကျောင်းအုပ်ဖြစ်လာတော့မဲ့သူဆိုတာ မင်းသိတာပဲ ဒီတော့ ငါလဲ သူ့ရဲ့တောင်းဆိုချက်ကို ဒီအတိုင်းလျစ်လျူမရှုနိုင်ဘူးလေ မင်းရဲ့လောင်းကြေးမှာ ငါနိုင်ထားတာလဲကြာပြီဆိုတော့ အခုမှလာပြီမတောင်းဘူးဆိုရင် အနာဂတ်မှာ မင်းလုံး၀ ပေးတော့မှာမဟုတ်ဘူးလို့ ငါသိနေတယ်…ဒါကြောင့် ငါလာရတာ ”
ရန်ရှောင်ကျဲ့က ချင်းသောသောကို မေးလိုက်ပါတယ်။
” နောက်ကျတဲ့ကျောင်းသားတစ်ယောက်က မင်းနဲ့ဖန်းယွီကိုတောင် ဒီလိုလာရောက်ပြီ တောင်းဆိုတယ်လား အဲ့ဒီကျောင်းတော်သားနာမည်က ဘယ်လိုခေါ်လဲ ”
” သူ့နာမည်က ဟို့ယွိဟောင် ”
” ငါအဲ့နာမည်ကို သိသလိုလိုပဲ ”
အပိုင်း ၄၇•၁ ပြီး၏။