အပိုင်း ၄၆•၃
” စိတ်၀ိညာဥ်မျက်လုံးရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည် ”
°°°
၀မ်သုန့်က စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” မင်းကိုယ်မင်း ဘယ်သူများ ထင်နေတာလဲ ဒီလိုကျောင်းတော်မှာ စည်းမျဥ်းတွေကို ထိန်းချုပ်ထားနိုင်လောက်တဲ့ အစွမ်းအစရှိတယ်လို့ ကိုယ့်ကိုကိုယ်ထင်နေခဲ့တာလား အကယ်၍ မင်းတို့နှစ်ယောက်သာ အဓိအတွင်းတပည့်သားတွေဆိုတဲ့ ဂုဏ်ပုဒ်ကိုမှီခိုနေတာကြောင့်သာ မဟုတ်ရင် အစောကြီးကထဲက ကျောင်းထွက်နေရလောက်ပြီ ”
၀မ်သုန့်က ထိုက်ဟွပင်းရဲ့ အထိမခံနိုင်တဲ့နေရာကို တိုက်ခိုက်နေခဲ့တာပါ။ သူ့မျက်လုံးတွေက ဒေါသအရိပ်အယောင်နဲ့ တောက်ပလာပါတော့တယ်။
” မင်းတော့သေချင်နေပြီ ”
အရှေ့ကိုခြေတစ်လှမ်းတိုးလာခဲ့ရင်း ၀မ်သုန့်ကို လက်၀ါးနဲ့ရိုက်ချပြစ်လိုက်ပါတယ်။
ဒီတစ်ကြိမ်မှာပဲ အနက်ရောင်အလင်းတန်းက နှစ်ဖက်စလုံးရဲ့ကြားမှာ ပေါ်ထွက်လို့လာခဲ့တော့တယ်။ ဒါကတော့ ရှောင်းရှောင်းရဲ့ အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုကြီးပါ။
ထိုက်ဟွပင်းက သူ့ရဲ့တိုက်ခိုက်မှုကို မရပ်ခဲ့ပါဘူး။ သူ့လက်၀ါးက အိုးကြီးပေါ်ကို ကျရောက်သွားခဲ့ပါတယ်။ ကျင့်ကြံဆင့်တွေရဲ့ကွာခြားချက်က လုံး၀ကို ပေါ်ထွက်လာခဲ့ပါပြီ။ အိုးကြီးအနေနဲ့ ၀မ်သုန့်ဘက်ကို ပြန်ပြီရွေ့လာပါတော့တယ်။
ဒီတစ်ကြိမ်မှာ ရှောင်းရှောင်းအနေနဲ့ ရွေးချယ်စရာနှစ်ခုသာ ရှိပါတယ်။ သူသာသိုင်းပညာ၀ိညာဥ်ကို ပြန်သိမ်းပြီ ၀မ်သုန့်နဲ့ ထိုက်ဟွပင်းတို့ကြားကို ဗဟာဟင်လင်ဖြစ်ခံလိုက်မလား။ ဒါမှမဟုတ် သူ့ရဲ့အိုးကြီးကို ၀မ်သုန့်ထိန်းထားခံမလားဆိုတာပါပဲဖြစ်ပါတယ်။
ရှောင်းရှောင်းတွေဝေနေချိန်မှာပဲ လူတစ်ယောက်က ပြေးထွက်လာခဲ့ပြီ အိုးကြီးကို တားဆီးလိုက်ရင်း မြေပြင်ပေါ်ကို ပြန်ချလိုက်ပါတယ်။ အဲ့ဒီနောက် နှစ်ဖက်ကို လူခွဲပေးလိုက်ပါပြီ။ ဒီလိုလုပ်လိုက်တဲ့သူကတော့ ၀မ်သုန့်မဟုတ်ပဲ ဟို့ယွိဟောင်ပါ။
ထိုက်ဟွပင်းက သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်မသုံးရသေးပါဘူး။ ဟို့ယွိဟောင်လဲ အတူတူပါပဲ။ ထိုက်ဟွပင်းက လက်တစ်ဖက်ထဲကို အသုံးပြုပေမဲ့ ဟို့ယွိဟောင်ကတော့ လက်နှစ်ဖက်စလုံးကို အသုံးပြုထားပါတယ်။ ဒါပေမယ့် အိုးကြီးကို အေးအေးဆေးဆေးရပ်တန့်နိုင်နေဆဲပါ။
ထိုက်ဟွပင်းကိုယ်တိုင် လန့်သွားခဲ့ရပါတယ်။ အစောပိုင်းတုန်းက ဟို့ယွိဟောင်နဲ့ သူတိုက်ခိုက်ဖူးပါတယ်။ ဟို့ယွိဟောင်အပေါ်မှာထားရှိတဲ့ သူ့ရဲ့အမြင်က အတော်ကို မတူညီပါဘူး။ သိုင်းပညာ၀ိညာဥ်က ခန့်မှန်းလို့မရနိုင်အောင် ရှိနေခဲ့ပေမဲ့ တကယ်တမ်းခန္ဓာကိုယ်ချင်းတိုက်ခိုက်တဲ့အချိန်မှာ သူနဲ့မယှဥ်နိုင်ဘူးလို့ တွေးထားခဲ့တာပါ။ ထိုက်ဟွပင်းရဲ့ခန္ဓာကိုယ်အင်အားက အတော်ကို ကြောက်စရာကောင်းပါတယ်။ ရှောင်းရှောင်းရဲ့အိုးကြီးက ခိုင်မာနေလွန်တာကြောင့်သာ မဟုတ်ရင် သူဖျက်ဆီးပြစ်လိုက်နိုင်ပါပြီ။ ဒါပေမယ့် လက်ရှိအချိန်မှာ ဟို့ယွိဟောင်က သူ့ကိုအလွယ်လေး တားနိုင်လိုက်ပါတယ်။ နောက်တစ်နည်းပြောရမယ်ဆ်ိုရင် ဟို့ယွိဟောင်က သူနဲ့အင်အားချင်းညီတူညီမျှမရှိရင်တောင် သေချာပေါက် သိပ်ပြီအကွာနိုင်တဲ့ အနေအထားမှာရှိနေခဲ့တာပါ။ ဘယ်လိုလုပ်ဒီလိုဖြစ်နိုင်ရမှာလဲ ရှောင်းရှောင်းလဲ လန့်သွားခဲ့ပါတယ်။ သူမအနေနဲ့ ဟို့ယွိဟောင်ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်အစွမ်းထက်တဲ့အကြောင်းကို ကြားဖူးခဲ့ပြီသား ဖြစ်ပေမဲ့ လက်ရှိအချိန် ကိုယ်တိုင်မြင်တွေ့ရချိန်မှာတော့ မယုံန်ိုင်ခဲ့ပါဘူး။ ဘယ်လိုအရာကြောင့်များ သူက ဒီလောက်အထိ သန်မာလာရတာလဲ ဒါ့အပြင် ဟို့ယွိဟောင်ကိုယ်တိုင်ကလဲ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ဖြစ်နေတယ်လို့ သူတွေးထားခဲ့မိတာပါ။
ဟို့ယွိဟောင်က ပုံမှန်အတိုင်းသာဆက်ပြောပါတယ်။
” ထိုက်ဟွပင်း မင်းတိုက်ခိုက်ချင်တယ်ဆိုရင် ၀ိညာဥ်လက်ရည်ယှဥ်နယ်မြေမှာ အချိန်မရွေးတိုက်ခိုက်လို့ရတယ်..ဒါပေမယ့် အခုကကျောင်းရဲ့အဆောက်အအုံတွေ ကျောင်းရဲ့စည်းမျဥ်းတွေကို မင်းမသိဘူးလား ”
သူပြောပြီတာနဲ့ ရှောင်းရှောင်းရဲ့အိုးကြီးကို ပြန်သိမ်းခိုင်းလိုက်ပါတယ်။
ဒေါသထွက်နေတဲ့ ထိုက်ဟွပင်းကလဲ စိတ်ပြန်ငြိမ်သွားခဲ့ပါပြီ။
” ၀ိညာဥ်လက်ရည်ယှဥ်တဲ့နယ်မြေကိုသွားဖို့မလိုဘူး…ငါတို့တွေက စာမေးပွဲဖြေရတော့မှာ မင်းငါ့နဲ့ လောင်းကြေးထပ်၀ံ့လား ”
” ဘာလောင်းကြေးထပ်တာလဲ ”
ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။ ထိုက်ဟွပင်းက ပြောလာခဲ့တယ်။
” မင်းတို့သုံးယောက်ရဲ့ ရလဒ်က ငါတို့သုံးယောက်ရဲ့ရလဒ်နဲ့ယှဥ်မယ် ဘယ်လိုလဲ ”
” လောင်းကြေးစားကြေးကရော ”
ထိုက်ဟွပင်းက ပြန်ဖြေလိုက်ပါတယ်။
” အကယ်၍ မင်းရှုံးရင် လူသစ်တန်းတွေရဲ့ ပြိုင်ပွဲမှာ မင်းတို့ရလာခဲ့တဲ့ ဆုလာဘ်ကိုလိုချင်တယ် ”
သူပြောပြီတာနဲ့ဟို့ယွိဟောင်တို့အဖွဲ့ရဲ့ အမူအရာက ပြောင်းလဲလို့သွားပါတော့တယ်။ ကျောင်းတော်က သူတို့ကို ၀ိညာဥ်စက်ကွင်းတစ်ကွင်းဆီပေးဖို့အတွက် စီစဥ်ထားခဲ့တာပါ။ ဒါ့အပြင် သူတို့နောက်ထပ်ရခဲ့တဲ့အရာကတော့ ရှောင်းရှောင်းရဲ့ခြေထောက်နဲ့ ပေါင်းစည်းထားတဲ့ ၀ိညာဥ်အရိုးပါပဲ။
၀ိညာဥ်အရိုးက ၀ိညာဥ်စက်ကွင်းတွေနဲ့မတူညီပဲ လူတစ်ယောက်ထဲရဲ့ အနောက်ကိုသာ လိုက်ပါတယ်။ ၀ိညာဥ်ပညာရှင်တစ်ယောက် သေဆုံးသွားချိန်မှာ သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေက ပျောက်ကွယ်သွားရတယ်။ ဒါပေမယ့် ၀ိညာဥ်အရိုးကတော့ တစ်ဖန်တစ်ယောက်ယောက်ဆီကို လွဲပြောင်းပေးနိုင်ပါတယ်။ ၀ိညာဥ်အရိုးက မပျက်စီးနိုင်ခဲ့ပေမဲ့ တခြားသူတစ်ယောက်ရဲ့လက်ထဲကို ရောက်ရှိပြီ စုပ်ယူဖို့အတွက် ဖြစ်နိုင်ပါတယ်။
ဟို့ယွိဟောင်အနေနဲ့ တခြားသူတွေအနေနဲ့ ထိုက်ဟွပင်းတို့ ဒီကိစ္စကိုသိမသိ မသေချာသေးပါဘူး။ ဒါပေမယ့် အဲ့ဒီလောင်းကြေးကိစ္စကတော့ ရှောင်းရှောင်းရဲ့ခြေထောက်ကို ချိုးရမှာနဲ့ လုံး၀ကို တူညီနေခဲ့ပါတယ်။ ကျုးလုလဲ သူတို့သုံးယောက်အမူအရာပျက်သွားတာကို မြင်ချိန်မှာ အရမ်းကိုကျေနပ်လို့သွားတယ်။
” ဘာလဲကြောက်နေကြပြီလား နင်တို့ကြောက်နေရင်း အမြီးကုပ်ပြီထွက်သွားလိုက်တော့ ”
” လောင်းကြေးကိုယူလိုက် ”
ရှောင်းရှောင်းက အရမ်းကိုဒေါသထွက်လာပါတယ်။ သူမက အမြဲတမ်းတည်ငြိမ်အေးဆေးတဲ့သူဖြစ်ပေမဲ့ သူ့ရဲ့ပြိုင်ဘက်က ဒီလိုမျိုး စိန်ခေါ်လာချိန်မှာ ဘယ်လိုလုပ်တည်ငြိမ်နေနိုင်မှာလဲ။
” လောင်းကြေးကို ပြန်ပြင်လိုက် ”
ဟို့ယွိဟောင်က ခေါင်းခါရင်းပြောလာခဲ့ပါတယ်။
” ငါတို့မပြင်နိုင်ဘူး မင်းတို့တွေလောင်းမလား ဒါမှမဟုတ်ရင်ထွက်သွားမလား ”
ဟို့ယွိဟောင်က ဆက်ပြီးပြောလာခဲ့ပါတယ်။
” မင်းတို့ရှုံးရင်ကော် ဘယ်လိုလုပ်မလဲ ”
” ငါတို့ရှုံးရင်းလဲ တူညီတဲ့ တန်ဖိုးတဲ့ ပစ္စည်းတစ်ခုကိုပေးမယ်. ”
ဟို့ယွိဟောင်က အသက်ပြင်းပြင်းရှုသွင်းရင်း ပြောလာခဲ့ပါတယ်။
” ကောင်းပြီလေ ဒါဆိုရင် အတည်ပြုလိုက်တာပေါ့ ငါတို့တွေ လူသစ်တန်းပြိုင်ပွဲမှာ အနိုင်ရလာခဲ့တဲ့ အရာက၀ိညာဥ်အရိုးတစ်ခုပဲ ဘယ်ဘက်ခြေထောက်အရိုး ရှောင်းရှောင်းက အဲ့ဒီအရိုးနဲ့ ပေါင်းစည်းပြီးသွားပြီ အကယ်၍ ငါတို့ရှုံးရင် မင်းတို့ပြောတဲ့အတိုင်း ရှောင်းရှောင်းရဲ့ဘယ်ဘက်ခြေထောက်ကိုဖြတ်ပြီ သူ့ရဲ့၀ိညာဥ်အရိုးကိုပေးမယ် ..အကယ်၍ မင်းတို့ရှုံးသွားရင်း မင်းတို့ထဲက ခြေထောက်တစ်ဖက်ကိုဖြတ်ပြီ တူညီတဲ့၀ိညာဥ်အရိုးကို ပြန်ပေးရမယ်..ဒါဆိုရင် မလွန်ဘူးမလား မင်းတို့မှာ ၀ိညာဥ်အရိုးနဲ့တူညီတဲ့တန်ဖိုးရှိတယ်ဆိုရင် လောင်းလိုက်စမ်းပါ ”
ထိုက်ဟွပင်းတို့အမူအရာက ပြောင်းလဲသွားခဲ့ပါပြီ။ ၀ိညာဥ်အရိုးတစ်ခုရလာတယ်ဆိုတာ သူတို့မသိခဲ့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ ဆက်တိုက်ဆိုသလို လောင်းကြေးကို မပြောင်းလဲခိုင်းတာအတွက် အံ့ဩစရာမရှိပဲ ဖြစ်သွားပါတော့တယ်။ ဒီကိစ္စက ခြေလက်တစ်ဖက် ဖြတ်ရမဲ့ကိစ္စပါ၀င်နေခဲ့ပေမဲ့ ထိုက်ဟွပင်းရဲ့မျက်လုံးကတော့ ၀ိညာဥ်အရိုးဆိုတဲ့စကားကို ကြားပြီးပြီချင်အချိန်မှာ တောက်ပလို့လာပါတော့တယ်။
” ကောင်းပြီလေ ”
” ပါးစပ်ကိုပိတ်ထားလိုက်ကြစမ်း ”
ထိုက်ဟွပင်းပြန်ဖြေတော့မဲ့အချိန်မှာ အော်သံကြီးတစ်သံက ထွက်ပေါ်လာပါတော့တယ်။
၀မ်ယန်က ဒေါသတကြီးရောက်လာရင်း ပြောတယ်။
” မင်းတို့တွေ ဘာလုပ်နေကြတာလဲ ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ခန္ဓာကိုယ်ကိုအသုံးပြုပြီး လောင်းကြေးစားကြေးလုပ်နေတယ်…ထိုက်ဟွပင်း မင်းက အတန်းနံပါတ်နှစ်ကမလား ဘာဖြစ်လို့မသွားသေးတာလဲ ဒီလိုလာလမ်းပိတ်နေတာက မင်းတို့လုပ်သင့်တဲ့အရာလား ဘယ်တုန်းက ဒီလောက်စည်းပျက်ကမ်းပျက်ဖြစ်သွားရတာလဲ ”
ဟို့ယွိဟောင်အနေနဲ့ ရှောင်းရှောင်းရဲ့ ခြေထောက်လိုလောင်းကြေးနဲ့ပတ်သက်ပြီ သူမနိုင်မဲ့ကိစ္စမျိုးကို မလုပ်ပါဘူး။ ထိုက်ဟွပင်းတို့ကို တမင်တကာဒီလိုပြောလိုက်တဲ့အရာက ၀မ်ယန် အနားရောက်လာမှန်းသိလိုက်ရလို့ပါ။ ဒါ့အပြင် ၀မ်ယန် ကြားအောင်လို့ အသံကျယ်ကျယ်လဲအော်လိုက်ပါသေးတယ်။
” ဆရာ၀မ် ထိုက်ဟွပင်းက ကျွန်တော်တို့ရဲ့လမ်းကို လာပိတ်နေတာပါ ဒါ့အပြင် ကျွန်တော်တို့ကို အတန်းထဲ၀င်လို့မရနိုင်အောင် တားထားပါတယ်…သူက ကျွန်တော်တို့နဲ့ အတင်းလောင်းကြေးထပ်ချင်တာကြောင့် ဒီလိုလောင်းကြေးကို သူပဲ သတ်မှတ်လိုက်တာပါ ကျွန်တော်တို့လဲ ရွေးချယ်စရာမရှိပဲ လက်ခံရတာပေါ့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ”
ဟို့ယွိဟောင်က ၀မ်ယန်ကို ဖြေရှင်းပြနေခဲ့ပါတယ်။
” မင်းတို့ရဲ့စာမေးပွဲဆုလာဘ်ကို ဒီလိုလောင်းကြေးအဖြစ် အသုံးပြုမဲ့ကိစ္စကတော့ လုံး၀လက်မခံနိုင်ဘူး..မင်းတို့တွေ စာမေးပွဲအဆင့်တက်မဲ့ကိစ္စနဲ့ ပတ်သက်ပြီ ရလဒ်ကိုဘယ်လိုလောင်းလောင်းရတယ်..မင်းတို့ကိုယ်မင်းတို့ ဂရုမစိုက်ဘူးဆိုရင်တောင် မင်းတို့မိသားစုကိုတော့ ဂရုစိုက်လေ အကယ်၍ မင်းတို့သာ ခြေထောက်အဖြတ်ခံလိုက်ရင်း အနာဂတ်က ဘယ်လိုဖြစ်သွားမလဲ ငါက မင်းတို့ရဲ့ဒီပြိုင်ပွဲအတွက် မျက်မြင်သက်သေလုပ်ပေးမယ်…ရှုံးတဲ့သူက နိုင်တဲ့သူကို ဦးညွတ်ပြီတောင်းပန်ရမယ်…ဒါဆိုရလား “‘
” ဦးညွတ်တာလောက်နဲ့ အဆင်မပြေဘူး သေချာပေါက် ဒူးထောက်ပြီ ဦးချရမယ်..ပြီရင် မှားတဲ့အကြောင်းကိုလဲ ၀န်ခံရဦးမယ် ”
ကျုးလုက ၀င်ပြောပါတော့တယ်။
၀မ်ယန် ပြန်ဖြေတော့မဲ့အချိန်မှာ ၀မ်သုန့်က ချက်ချင်းဆိုသလို ပြောပါတော့တယ်။
” ကောင်းပြီလေ ဒါမင်းပြောတာနော် ငါတို့ရှုံးရင် ငါတို့ဒူးထောက်ပြီ ဦးချမယ် .မှားတဲ့အကြောင်းလဲ၀န်ခံမယ် မင်းတို့တွေရှုံးရင်ကော် ဘယ်လိုလဲ “‘
၀မ်ယန်ရှိနေတဲ့အတွက် ထိုက်ဟွပင်းကလဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” ငါတို့လဲ ဒူးထောက်ဦးချပြီ မှားတဲ့အကြောင်း၀န်ခံမယ် ”
” ဒါဆိုရင် ကိစ္စက ဒီမှာတင်ပြတ်ပြီ ”
ဟို့ယွိဟောင်က ထိုက်ဟွပင်းနဲ့ လက်၀ါးသုံးကြိမ်တိတိ ရိုက်လိုက်ပါတယ်။ ဒီလောင်းကြေးကတော့ သေချာပေါက် လုပ်သင့်တဲ့ကိစ္စပါ။ ၀မ်ယန် ပြောင်းလဲချင်ပေမဲ့ နောက်ကျလို့သွားခဲ့ပါပြီ။
ညွတ်တွားဦးချတဲ့ကိစ္စက ဘယ်သူကိုမှ မထိခိုက်စေပေမဲ့ လက်နှစ်စလုံးရဲ့ကြားမှာတော့ ကြီးမားတဲ့အငြိုးအတေးတစ်ခုက ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီမှာပါ၀င်နေကြတဲ့ သူတွေအားလုံးကလဲ သိုင်းပညာ၀ိညာဥ်ရဲ့ အသက်မွေး၀မ်းကြောင်းကျောင်းတော်ရဲ့ အဓိကတပည့်သားတွေကြီးပါပဲ။ ဒီလိုရန်ကြွေးက လူသစ်တွေကြားမှာရှိတဲ့ စည်းလုံးမှုကို ပျက်ပြားစေနိုင်ပါတယ်။ ဒါကြောင့် ၀မ်ယန်အနေနဲ့လဲ မျက်မှောင်ကြုတ်နေခဲ့ရပါပြီ။ အခြေအနေတွေက ဒီလိုဖြစ်သွားပြီဆိုမှတော့ သူ့အနေနဲ့လဲ တားလို့မရနိုင်တော့ပါဘူး။
ထိုက်ဟွပင်းတို့သုံးယောက်က လမ်းဖယ်ပေးလိုက်တဲ့အတွက် ဟို့ယွိဟောင်တို့လဲ အတန်းထဲကို လိုက်သွားပါတော့တယ်။ အတန်းနံပါတ်တစ်ကတော့ ဟို့ယွိဟောင် ပြန်လာတာကိုမြင်ချိန်မှာ လန့်ကုန်ကြပါပြီ။ ဟို့ယွိဟောင်အနေနဲ့ ကျောင်းသားတော်တော်များများရဲ့ မျက်လုံးထဲမှာ သန်မာတဲ့သူမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ၀ူဖုန်းနဲ့ ပြိုင်ပွဲပြီကထဲကစလို့ အားလုံးရဲ့သူ့အပေါ်အမြင်က ပြောင်းလဲသွားခဲ့ပါပြီ။ ဒါ့အပြင် သူက အတန်းခေါင်းဆောင်ဖြစ်ရုံတင်မက မနေ့တုန်းကလဲအချိန်မီရောက်မလာခဲ့ဘူး။ ဒီနေ့တော့ ပြန်ပေါ်လာခဲ့တဲ့အတွက် ဟို့ယွိဟောင်နဲ့ ရင်းနှိီးတဲ့ကျောင်းသားတွေကတော့ သူ့အတွက် စ်ိုးရိမ်နေခဲ့ကြပါတယ်။ တချို့ကျောင်းသားတွေကတော့ အတော်လေးကို ပျော်နေခဲ့ကြတယ်။
ဟို့ယွိဟောင်က အရင်မူလအတန်းထဲမှာ ထိုင်လိုက်ပါတယ်။ မထိုင်ခင်အချိန်မှာပဲ သူနောက်ဖက်မှာရှိနေခဲ့တဲ့ ကျိုးစိီချန်က မေးတော့တယ်။
” ဆရာကြီးဟို့ ပြန်လာပြီလား နောက်ကျမှသတင်းပို့တာ ပြဿနာမတက်ဘူးလား ”
ဟို့ယွိဟောင်နဲ့ ၀ူဖုန်း ပြိုင်ပွဲအပြီးမှာ ပြဿနာအတက်ဆုံးသူက ကျိုးစီချန်ပါပဲ။ သူ့အနေနဲ့ မမျှော်လင့်ပဲ ရှောင်းရှောင်းကို ၀ိညာဥ်ရွှေပြားနှစ်သောင်းနီးပါးအကြွေးတင်သွားခဲ့ပါတယ်။ သူ့အနေနဲ့လဲ ဒီပိုက်ဆံတွေကို တစ်ပြိုင်နက်ထဲထုတ်လာဖို့ ပိုက်ဆံမရှိခဲ့ပါဘူး။
အဲ့ဒီနေ့ကစပြီ ကျိုးစီချန်နဲ့ ချိုက်ကျင်းရွှမ်တို့နှစ်ယောက်က ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့နဲ့ သူငယ်ချင်းဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အတော်လေးကိုလဲ ရင်းနှီးကြတယ်။ ထိုက်ဟွပင်း ကျုးလုနဲ့ ဟွမ်ချုထျန်းတို့ အတန်းနံပါတ်တစ်ကနေ ထုတ်ပယ်ခံလိုက်ရပြီတဲ့နောက် ဒီအတန်းမှာအတော်ဆုံးအဖွဲ့က ဟို့ယွိဟောင်တို့သုံးယောက်ပါပဲ။ ဒါ့အပြင် ကျိုးစီချန် ချိုက်ကျင်းရွှမ်နဲ့ လန်ညီအစ်မတို့လဲ ရှိနေပါသေးတယ်။ လန်စုစုနဲ့ လန်လော့လော့တို့က ဟို့ယွိဟောင်တို့သုံးယောက်ကို အတော်ကလေး ခင်မင်နေကြတယ်။ ဒီလိုအင်အားကြီးတဲ့ ကျောင်းသားတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးပြီ စည်းလုံးနေခဲ့တာက အတန်းနံပါတ်တစ်ရဲ့ မူလကျောင်းသားတွေလဲ ပေါင်းစည်းမယ်ဆိုရင် အရမ်းကို စုစည်းတဲ့အတန်းကြီးတစ်တန်းအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ မနာလိုစိတ်အပြည့်နဲ့ ကျောင်းသားတို့ကသာ တခြားသူတွေနဲ့ ခပ်ခွာခွာနေကြတာပါ။ ဒါပေမယ့် အဲ့ဒီအရေအတွက်ကလဲ နည်းပါးခဲ့ပါတယ်။ သူတို့အနေနဲ့ အတန်းတက်စာမေးပွဲကို အောင်မြင်နိုင်မလား မအောင်မြင်နိုင်ဘူးလားဆိုတာက စောင့်ကြည့်ရမဲ့ကိစ္စပါပဲ။
ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။
” ဆရာတွေရဲ့စီစဥ်တာကို ကြည့်ကြတာပေါ့ ငါတို့က ဘာလုပ်နိုင်မှာလဲ ”
ကျိုးစီချန်က ရယ်မောလိုက်ပါတယ်။
” ဒါဆိုရင်လဲ ရပြီလေ ဆရာကြီးဟို့ ထုတ်ပယ်မခံရဘူးဆိုရင် ဒီမျိုးရိုးနာမည်ချိုက်နဲ့ကောင်ကို ကူညီလိုက်ပါဦး ”
ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေထဲမှာ ဟို့ယွိဟောင်ပြီရင်း အသန်မာဆုံးကတော့ ချိုက်ကျင်းရွှမ်ပါပဲ။ လန်ညီအစ်မတို့မှာ ပေါင်းစည်းစွမ်းရည်ရှိပေမဲ့ သူတို့နှစ်ယောက်က တစ်ယောက်ချင်းဆီခွဲမယ်ဆိုရင် ဟို့ယွိဟောင်တို့တစ်ယောက်ချင်းဆီလောက် အင်အားမကြီးနိုင်ပါဘူး။ အကယ်၍ ဟို့ယွိဟောင်မရှိခဲ့ဘူးဆိုရင် သေချာပေါက် ဒီအတန်းခေါင်းဆောင်က ချိုက်ကျင်းရွှမ်ဖြစ်လာမှာပါ။
ချိုက်ကျင်းရွှမ်က ကျိုးစီချန်ဘေးမှာ ထိုင်နေခဲ့ပါတယ်။ သူပြောတဲ့စကားကို ကြားချိန်မှာ ချိုက်ကျင်းရွှမ်ကဒေါသထွက်လာတော့တယ်။
” ကျိုးစီချန် မင်းငါ့ကို တင်နေတဲ့အကြွေးတွေ အကုန်ပြန်ပေးလိုက်တော့ မင်းငါ့ကို ရွှေပြားနှစ်ရာအကြွေးတင်နေတယ်မလား ဒါတောင်ငါ့ကို ရန်လာစ၀ံ့သေးတယ်…ကိုယ်အကြွေးတင်နေတဲ့ပိုက်ဆံတွေကို အကြွေးဆပ်ဖို့ကြမစဥ်းစားဘူး..အခုချက်ချင်းပြန်ပေး အတိုးလဲတက်မယ် ”
” အား ငါမေ့သွားလို့ပါ ”
ကျိုးစီချန်ရဲ့ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားပါတော့တယ်။ အဲ့ဒီနောက် ချ်ိုက်ကျင်းရွှမ်ကို သူပြန်ကြည့်ရင်းပြောတယ်။
” အစ်ကိုကြီးကလဲ စိတ်လျှော့ပါဦး ငါတို့လိုညီနောင်တွေက ခင်မင်ပြီတစ်ယောက်နဲ့တစ်ယောက်ညှာတာကြတယ်မလား ငါက နည်းနည်းပါးပါးလေး စတာပါ ဒါ့အပြင် ချီးလဲချီးမွမ်းနေတာလေ အစ်ကိုကြီးရဲ့အင်အားကြောင့်သာ မဟုတ်ရင် ဆရာကြီးဟို့ကို ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ ”
” မင်းက ငါတို့နှစ်ယောက်ကြား သွေးထိုးပေးနေတာပဲ ပေါက်ကရတွေမပြောနဲ့ ပိုက်ဆံတွေအကုန်ပြန်ပေး ”
ချိုက်ကျင်းရွှမ်က ကျိုးစီချန်ရဲ့ အင်္ကျီလည်ပင်းကို ဆွဲပြီအော်ပါတော့တယ်။
သူတို့နှစ်ယောက်ဆူပူနေကြချိိန်မှာပဲ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ရယ်သာရယ်နေခဲ့တယ်။ သူတို့နှစ်ယောက်က ဘယ်လိုပဲငြင်းခုန်ပြီ ရန်ဖြစ်နေကြပါစေ အရမ်းကို ရင်းနှီးတဲ့သူတွေပါ။ ဒါ့အပြင် အတန်းနံပါတ်နှစ်ကို ရောက်သွားတဲ့ လုံရှန်းယွဲ့နဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် သူတို့တွေရဲ့ဆက်ဆံရေးက အတော်လေးကို မိသားစုဆန်လွန်လှပါတယ်။
အပိုင်း ၄၆•၃ ပြီး၏။