Switch Mode

Chapter – 46.2

စိတ်၀ိညာဥ်မျက်လုံးရဲ့ ဒုတိ​ယ ၀ိညာဥ်စွမ်းရည်

အပိုင်း ၄၆•၂

” စိတ်၀ိညာဥ်မျက်လုံးရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည် ”
°°°
ဖန်းယွီက တံခါးအပြင်ကို အလောတကြီးပြေးထွက်သွားပါတော့တယ်။ ကျိုးယိကတော့ ဟို့ယွိဟောင်နဲ့၀မ်သုန့်နှစ်ယောက်ကို အခန်းဆီပြန်ခေါ်သွားခဲ့ရင်း ဒုတိယတန်းရဲ့ မနက်ခင်းဖြေဆိုရမဲ့ကိစ္စတွေကို ပြောပြနေခဲ့တယ်။ ဖန်းယွီ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သူ့အတွက်တော့ တွေးစရာမရှိခဲ့ပါဘူး။ ဟို့ယွိဟောင်ကတော့ ဘယ်လိုဖြစ်ဖြစ် စာမေးပွဲ၀င်ဖြေရမှာပါ။ အကယ်၍ ကျောင်းသားတစ်ယောက်သာ အတန်းတက်တဲ့စာမေးပွဲကို မဖြတ်ကျော်နိုင်ဘူးဆိုရင် ကျောင်းအုပ်တောင်မှ သူ့ကို ကယ်နိုင်မှာမဟုတ်ပါဘူး။ စည်းမျဥ်းတွေက ဘယ်တော့မှမပြောင်းလဲခဲ့လို့ပါ။

ကျိုးယိ ထွက်ခွာသွားတာနဲ့ ဟို့ယွိဟောင်လဲ သက်ပြင်းချမိပါတော့တယ်။ သူက လမ်းတစ်လျှောက်လုံးပြေးလာခဲ့တာပါ။ ဒါကြောင့် အရမ်းကို မောပန်းနေခဲ့ပါပြီ။ အိပ်ယာကိုတောင် သန့်ရှင်းရေးမလုပ်နိုင်ပဲ လှဲကျပြီအကြောဆန့်လိုက်မိပါတော့တယ်။ ၀မ်သုန့်က ဒေါသတကြီးနဲ့ ပြောပါတော့တယ်။

” ဟို့ယွိဟောင်ထစမ်း ”

” မင်းလိုဘာချင်လို့လဲ ငါ့ကိုဆွဲပြီ လေ့ကျင့်စေချင်တာတော့ မဟုတ်ဘူးလား ဒီနေ့တော့ မေ့ထားလိုက်ဦး ငါအရမ်းပင်ပန်းနေတယ်…အိပ်ပါရစေဦး ”

ပြောပြီတဲ့နောက် သူစပြီ ဟောက်ပါတော့တယ်။ ၀မ်သုန့်အနေနဲ့လဲ ဒါကိုမြင်ချိန်မှာ မျက်လုံးပြူးသွားခဲ့ပါပြီ။ ဒီကောင်ဘယ်လိုများ ဒီလောက်အိပ်ပျော်သွားရတာလဲ ဘာပဲပြောပါစေ အနည်းဆုံးတော့ ပြန်ရောက်လာပါသေးတယ်။ ဒါ့အပြင် အမွှာ၀ိညာဥ်ရှိတဲ့ ၀ိညာဥ်ပညာရှင်လဲဖြစ်နေခဲ့ပါပြီ။ သူ့ပတ်၀န်းကျင်မှာရှိတဲ့ အရာတွေအားလုံးက ဝေ၀ါးသွားသလိုပါပဲ။ ဟို့ယွိဟောင်က ဘယ်လိုလူမျိုးဖြစ်နေခဲ့လဲ။

အရင်တုန်းကတော့ ၀မ်သုန့်အနေနဲ့ တွေဝေနေခဲ့တာ ဟို့ယွိဟောင်က မိဘမဲ့တစ်ယောက်ပါပဲ။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်က ပြောင်းလဲလို့သွားခဲ့ပါပြီ။ ထူးဆန်းတဲ့အငွေ့အသက်တွေက သူတစ်ကိုယ်လုံး လွှမ်းခြုံသွားခဲ့ပါတော့တယ်။ အလိမ်အညာတွေနဲ့ ပြည့်နေခဲ့တဲ့သူ့ရဲ့ ပုံပြင်ကလဲ မယုံနိုင်စရာကောင်းလွန်လှတယ်။ ဒါပေမယ့် အချက်အလက်တွေကတော့ ရှိနေဆဲပါ။ သူက အမွှာ၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့ပြီ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်း နှစ်ကွင်းလဲပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ သူ့ရှေ့မှာရှိနေခဲ့တဲ့ အချက်တွေအရ သူပြောလိုက်တဲ့ပုံပြင်အနေနဲ့ လုံး၀ကို အမှားမယွင်းမရှိမှန်း သိသာနေခဲ့ပါတယ်။ သူလိမ်နေတာကိုသိတာက ၀မ်သုန့်တစ်ယောက်ပါပဲ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ကလဲ ပျက်စီးပြိုကွဲမဲ့ပုံစံလုံး၀မရှိခဲ့ပါဘူး။ သူကိုယ်တိုင် ထင်မှတ်မှားနေတာများ ဖြစ်နိုင်မလား။

အဆုံးသတ်မှာတော့ စိတ်တစ်ခုလုံးသံသယအပြည့်နဲ့ ဖြစ်နေခဲ့ပေမဲ့ ၀မ်သုန့်လဲ ဟို့ယွိဟောင်ကို မနိုးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သူအိပ်ယာပေါ်မှာထိုင်ရင်း တွေးနေခဲ့မိတယ်။ ထားလိုက်ပါတော့ လူတိုင်းမှာ လျှို့၀ှက်ချက်တွေ ရှိတာပဲလေ ငါလဲအတူတူပဲမဟုတ်လား ဘာကြောင့် အရမ်းသိချင်နေရမှာလဲ။ အနည်းဆုံးတော့ သူငါ့ကို ခင်တဲ့ပုံံစံက မပြောင်းလဲသေးဘူးလေ။ ဒီလောက်ဆို လုံလောက်ပါတယ်။

ဒီအတွေးတွေးပြီတဲ့နောက် ၀မ်သုန့်အနေနဲ့လဲ မောပန်းလို့လာခဲ့ပါတယ်။ ဒီလူဆိုးကြီးတောင်မှ အိပ်ပျော်လို့သွားခဲ့တာ ငါ့အနေနဲ့ ဘာလို့မအိပ်ပျော်ရမှာလဲ ငါလဲအိပ်တော့မယ်။ သူချက်ချင်းဆိုသလို စိတ်ထဲမှာအပြစ်မကင်းဖြစ်လာခဲ့မိတဲ့အတွက် သိမ်းဆည်းရေး၀ိညာဥ်လက်နက်ထဲက တစ်စုံတစ်ရာကိုထုတ်ယူပြီ ဟို့ယွိဟောင်ကို ခြုံပေးလိုက်ပါတော့တယ်။

” ငါမနက်ဖြန်နိုးလာရင်တော့ ဒီစောင်တွေကို လျှော်ရတော့မယ်..မင်းရဲ့အိပ်ယာက ဒီလောက်ဖုံးတွေများနေတာ နောက်မှအိပ်ယာခင်းပေးမယ် ”

သူပြန်လာချိန်မှာ ဟို့ယွိဟောင်အတွက် အိပ်ယာခင်းနဲ့ စောင်တွေပါယူလာခဲ့ပါတယ်။ သူလုပ်ပြီတဲ့နောက် ၀မ်သုန့်လဲ သူ့အိပ်ယာသူပြန်တက်ရင်း အိပ်ပျော်လို့သွားပါတော့တယ်။ ပထမဆုံးအနေနဲ့ အေးအေးချမ်းချမ်းအိပ်ပျော်နိုင်ခဲ့တာပါ။

ဟို့ယွိဟောင်လဲ နောက်တစ်နေ့မနက်စောစော နိုးလာခဲ့ပါတယ်။ ၀မ်သုန့်ကတော့ သူ့အိပ်ယာမှာသူအိပ်နေဆဲပါပဲ။ ဒါကြောင့် သူလဲပြုံးလိုက်မိတယ်။ ပြန်လာရတာ တကယ်ကောင်းတာပဲ ပုံမှန်နေ့အတိုင်းပဲ ပြတင်းပေါက်က်ိုဖွင့်ရင်း သူ့ရဲ့နေ့သစ်ကို စတင်ဖို့လုပ်ပါတော့တယ်။ အသံလဲမထွက်မိအောင် သူကြိုးစားနေခဲ့တယ်။ အဲ့ဒီနောက် အဝေးကောင်းကင်ကို သူလှမ်းကြည့်မိလိုက်ပါပြီ။ အလင်းတန်းက ကောင်းကင်မှာပေါ်လာတဲ့အတွက် ဟို့ယွိဟောင်လဲ အသက်ပြင်းပြင်းရှုသွင်းရင်း ခရမ်းရောင်ချီတွေကို သူစတင်စုပ်ယူပါတော့တယ်။ သူ့ရဲ့ မျက်လုံးက ဒုတိယ၀ိညာဥ်စက်ကွင်းကိုရပြီ သိုင်းပညာ၀ိညာဥ်ကလဲ အားကောင်းလာတဲ့အတွက် အင်အားလဲပိုတိုးပွားလာခဲ့ပါတယ်။ ၀ိညာဥ်စွမ်းရည်လေးခုက ပိုလို့တောင်အစွမ်းထက်လာခဲ့ပြီ တစ်ခုချင်းဆီတိုင်းကလဲ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရဲ့ စွမ်းအားကို ပိုင်ဆိုင်လို့ထားပါတော့တယ်။ သူက ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိတဲ့ ၀ိညာဥ်မဟာပညာရှင်ဖြစ်နေခဲ့ပေမဲ့ အရည်အသွေးရော အရေအတွက်ရောက ၀ိညာဥ်စက်ကွင်းသုံးကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေကို ယှဥ်နိုင်တဲ့အနေအထားမှာ ရှိနေခဲ့ပါတယ်။ ခရမ်းရောင်နတ်ဆိုးမျက်လုံးကလဲ ဒီအရာတွေအားလုံးနဲ့အတူတူ ပိုပြီး အားကောင်းလို့လာခဲ့ပါတယ်။ ဟို့ယွိဟောင် ထုတ်လွှတ်နေတဲ့ ခရမ်းရောင်အလင်းတန်းကတောင်မှ အရင်တုန်းက ၀မ်သုန့်နဲ့အတူတူ ပေါင်းစည်းရင်း ဟောင်သုန့် စွမ်းအားကိုအသုံးပြုပြီး တိုက်ခိုက်ချိန်ကနဲ့ တူညီနေခဲ့ပါပြီ။

မြောက်ပိုင်းဒေသကိုသွားခဲ့တဲ့ သူ့ရဲ့ခရီးလမ်းက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပြောခဲ့သလိုပါပဲ။ စွမ်းအင်တွေအားလုံးလဲ တိုးတက်လို့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူလဲ တိုက်ခိုက်နိုင်စွမ်း ကောင်းကောင်းရှိလာတော့မှာပါ။

ခရမ်းရောင်အလင်းတန်းက သူ့မျက်လုံးပေါ်မှာလှည့်ပတ်နေရင်း ပိုမို တောက်ပလာခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်ကို ခဏတာပုတ်နိုးလိုက်ရင်း သူပြောလာခဲ့တယ်။

” ငပျင်းကောင် ထဖို့အချိန်တန်ပြီ ”

” မဆူနဲ့ငါအိပ်ပါရစေဦး ”

၀မ်သုန့်က ခေါင်းကိုစောင်နဲ့ဖုံးထားရင်း မထချင်ခဲ့ပါဘူး။

ဟို့ယွိဟောင်လဲ ပြုံးနေခဲ့ပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်ရဲ့လည်ပင်းကို သူ့ရဲ့ရေခဲသိုင်းပညာ၀ိညာဥ်နဲ့ ထိတွေ့လိုက်တယ်။

” အား ”

၀မ်သုန့်ကတော့ ထခုန်ရင်းနဲ့ အော်ပြီပြေးထွက်လို့သွားခဲ့ပါပြီ။ သူ့ရဲ့ရှည်သွယ်တဲ့ခြေတံတွေက ချက်ချင်းဆိုသလို ပေါ်လာပါတော့တယ်။

” ခွေးမသား မင်းငါ့ကို ရေခဲရိုက်ပြီ သတ်တော့မလို့လား ငါမင်းနဲ့အသက်ချင်လဲပြီ တိုက်ခိုက်မယ်..ဟို့ယွိဟောင် ”

သူလည်ပင်းမှာခံစားလိုက်ရတဲ့ အအေးဓာတ်က ချက်ချင်းဆိုသလို ထလာစေခဲ့ပါတယ်။ ဟို့ယွိဟောင် သူ့နောက်မှာရယ်မောရင်း ရပ်နေတာကိုမြင်ချိန်မှာ တရားခံကိုသိပြီ ခုန်အုပ်ပါတော့တယ်။

ဟို့ယွိဟောင်ကတော့ သေချာပေါက် စောင့်မနေပါဘူး။ အခန်းအပြင်ကို ထွက်ပြေးပါတော့တယ်။ သူ့ခန္ဓာကိုယ်ကလဲ အများကြီး တိုးတက်လာပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာ ၀မ်သုန့်ထက်တောင် ပိုပြီး သန်မာနေခဲ့ပါပြီ။ အရှိန်ကလဲ ပိုမြန်နေခဲ့ပါတယ်။ ဒါကြောင့် အခန်းအပြင်ကို ချက်ချင်းရောက်သွားခဲ့တယ်။

” ငါအရင်ဆုံးသွားပြီ မျက်နှာသစ်လိုက်ဦးမယ် ပြီးမှ မနက်စာစားကြတာပေါ့ ”

” အေးလိုက်တာ ”

၀မ်သုန့်ကလဲ သူ့လည်ပင်းကို နွေးလာအောင်လုပ်နေရင်း ခိုက်ခိုက်တုန်နေခဲ့ပါတယ်။ တံခါးကိုသာကြည့်ရင်း သူရယ်မောလိုက်မိတယ်။

” ဟို့ယွိဟောင် မင်းစောင့်နေလိုက်စမ်းပါ ”

ဒါပေမယ့် ၀မ်သုန့်အနေနဲ့ လက်စားတောင်မချေလိုက်ရပါဘူး။ သူတို့ထမင်းစားဆောင်ကို မရောက်ခင်အချိန်မှာပဲ ထန်ယာ့ ပေ့ပေ့နဲ့ ရှောင်းရှောင်းတို့က သူ့တို့ကို လာရှာလို့ပါ။ ငါးယောက်ဆုံချိန်မှာတော့ အရာအားလုံးက အသက်၀င်လှုပ်ရှားလာပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့လဲ မနေ့ကကိစ္စတွေကို နောက်တစ်ကြိမ် ပြန်ပြောပြရတယ်။ ဒါပေမယ့် သူ့ရဲ့၀ိညာဥ်စက်ကွင်းအသစ်တွေ ဘယ်လောက်သက်တမ်းရှိနေပြီလဲဆိုတာကိုတော့ ပြောမပြခဲ့ပါဘူး။ ဆရာဖန်းယွီဆီက သတင်းကိုသာ စောင့်ဆိုင်းလို့နေခဲ့ကြပါတယ်။

” ဆရာဖန်းယွီက ကူညီဖို့ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ငါတို့လဲ အေးအေးဆေးဆေးနေနိုင်တာပေါ့ ယွိဟောင် ဒါမျိုးနောက်တစ်ခေါက် ဆက်လုပ်မယ်ဆိုရင် ငါနင့်ကိုတံခါးကနေ ကန်ထုတ်တော့မယ် ”

ထန်ယာ့ရဲ့စကားတွေက ကြမ်းတမ်းနေခဲ့ပေမဲ့ သူမဘယ်လောက်စိုးရိမ်နေခဲ့လဲဆိုတာကိုတော့ သိသိသာသာမြင်နေခဲ့ရပါတယ်။

ဟို့ယွိဟောင်က တောင်းပန်လိုက်ပါတယ်။

” ဆရာရှောင်ယာ့နဲ့ ဆရာတူအစ်ကိုကြီး ကျွန်တော်ဒါမျိုး နောက်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်…အကယ်၍ ပြဿနာတစ်ခုခုရှိလာရင်း အရင်ဆုံးသေချာပေါက် တိုင်ပင်မှာပါ ”

ပေ့ပေ့ကတော့ သူ့ကို အဓိပ္ပါယ်ပြည့်၀တဲ့ အကြည့်နဲ့ကြည့်နေရင်း ပုခုံးကို ပုတ်လိုက်ပါတယ်။

” ညီလေး ဒါကကောင်းတဲ့ကိစ္စပဲ ငါတို့လို ညီနောင်တွေအနေနဲ့ ဒါမျိုးကို ထပ်ပြီမပြောပါနဲ့တော့ ပထမဆုံးစာမေးပွဲအောင်ဖို့ကို သေချာအာရုံစ်ိုက်ပြီ ကြိုးစားလိုက်ဦး ”

“ဟုတ်ကဲ့ပါဆရာတူအစ်က်ိုကြီး ”

ဟို့ယွိဟောင်က ပေ့ပေ့ကို ထန်ယာ့ထက်တောင် ပိုပြီးလေးစားတာအမှန်ပါ။

ပေ့ပေ့ကလဲ ရယ်မောလိုက်ပါတယ်။

” ငါတို့မနက်စာသွားစားကြရအောင် ”

အပြင်နယ်မြေမှာ ထမင်းစားဆောင်နှစ်ခုသာ ရှိပါတယ်။ ဒါ့အပြင် အားလုံးကလဲ တက်ရောက်တဲ့နှစ်တွေအလိုက် ခွဲထားခဲ့တာပါ။ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းတစ်ခု ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်တစ်ခုပါပဲ။ အားလုံးက တူညီသလိုထင်ရပေမဲ့ ဒါပေမယ့် သူတို့က လက်ရှိအချိန်မှာ ကျောင်းတော်တစ်ခုထဲကဖြစ်တဲ့အတွက် အတူတူသာ စားသောက်ကြပါတယ်။

ပထမနှစ်ကနေ ဒုတိယနှစ်ကို တက်ရောက်နိုင်ဖို့အတွက် ဟို့ယွိဟောင်တို့ စာမေးပွဲဖြေရရုံတင်မက သင်ကြားတဲ့အဆောင်ကလဲ ပြောင်းလဲမှာပါ။ သူတို့ပထမနှစ်မှာ ရှိနေစဥ်အချိန်အတွင်း ပထမနှစ်ကျောင်းသားတွေ သင်ကြားရတဲ့အဖြူရောင်အဆောက်အအုံမှာ သင်ကြားရပါတယ်။ အခုအချိန်မှာတော့ အ၀ါရောင်အဆောက်အအုံမှာ သင်ကြားရမှာပါ။ ဟို့ယွိဟောင်အနေနဲ့ မနေ့တုန်းက စာရင်းမသွင်းခဲ့ရပေမဲ့ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ ဘယ်ကိုသွားရမလဲသိနေခဲ့ပါပြီ။ ဒါကြောင့် သုံးယောက်စလုံး အတန်းထဲကို ရောက်လာခဲ့ပါတော့တယ်။

သူတို့ရောက်လာချိန်မှာ လူသုံးယောက်ကို ချက်ချင်းတွေ့ဆုံတော့တယ်။ ထိုက်ဟွပင်းကတော့ အရမ်းပိုရှည်လာခဲ့ပါပြီ။ သူ့ရဲ့အေးစက်တဲ့ပုံစံကလဲ ပိုလို့မှောင်မိုက်လို့နေခဲ့ပါသေးတယ်။ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်သာရှိသေးပေမဲ့ ဒီအသက်အရွယ်တောင် မတူတော့ပါဘူး။ အများကြီးပိုပြီး ရင့်ကျက်နေတဲ့ပုံပေါ်ပါတယ်။ ထိုက်ဟွပင်းရဲ့နောက်မှာရှိနေတာကတော့ ကျုးလုပါ။ သူ့ခန္ဓာကိုယ်ကလဲ အတော်လေးဖွံ့ဖြိုးလာပါတယ်။ လက်ရှိအချိန်မှာ သူက ထိုက်ဟွပင်းရဲ့အရပ်ကို မီလို့နီးပါးဖြစ်နေခဲ့ပါပြီ။ ကြောင်နဲ့တူတဲ့သားရဲကောင်၀ိညာဥ်ကို ပိုင်ဆိုင်ထားတာကြောင့် လမ်းလျှောက်တဲ့အချိန်မှာ အသံမထွက်ပါဘူး။

တတိယလူကတော့ အမြီးကိုးချောင်းမြေးခွေးသိုင်းပညာ၀ိညာဥ်ရှိတဲ့ ချွေ့ရာကျီးပါပဲ။ ထိုက်ဟွပင်းလို တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်နဲ့ ကျုးလုလို အရှိန်အဟုန်ကို အသုံးပြုတဲ့ အမြန်နှုန်းအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်နဲ့ ယှဥ်လိုက်မယ်ဆိုရင် သူမက ကွာခြားပါတယ်။ သူ့ရဲ့စွမ်းရည်က ရောနှောနေခဲ့တယ်။ ဒါ့အပြင် ဆွဲဆောင်မှုဆိုတာက ထိန်းချုပ်ရေးအမျိုးအစားပါပဲ။ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မြေးခွေးအမြီးအပ်ကတော့ တိုက်ခိုက်ရေးနဲ့ အမြန်နှုန်းအမျိုးအစားတွေပါ။ ထိုက်ဟွပင်းနဲ့ ကျုးလုတို့ အတန်းနံပါတ်နှစ်ကို ရွေ့ပြောင်းခံလိုက်ရတဲ့အချိန်မှာ သူလဲ လိုက်သွားခဲ့ပါတယ်။ သူတို့တွေက အမြဲတမ်းအဖွဲ့တစ်ဖွဲ့အဖြစ်ရှိချင်လို့ပါပဲ။

ဟို့ယွိဟောင်တို့သုံးယောက်ကို မြင်ချိန်မှာ ထိုက်ဟွပင်းတို့ကလဲ ချက်ချင်းဆိုသလို မျက်နှာပျက်သွားပါတော့တယ်။ သူတို့တွေက အငြိုးအတေးတွေရှိတဲ့သူတွေပါ။ ပထမဆုံးအနေနဲ့ ဟို့ယွိဟောင်တို့အဖွဲ့က သူတို့ကို လူသစ်တွေရဲ့ပြိုင်ပွဲမှာ အနိုင်ယူခဲ့ပါတယ်။ အဲ့ဒီနောက် ထိုက်ဟွပင်းနဲ့ ကျုးလုတ်ို့ကလဲ ကျိုးယိကြောင့် ထုတ်ပယ်ခံလိုက်ရတယ်။ ဟို့ယွိဟောင်ကတော့ အတန်းခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။

ထိုက်ဟွပင်းအနေနဲ့ ပြိုင်ပွဲရှုံးသွားတာကို လက်ခံပါတယ်။ သုဝေ့လွမ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒီလိုဖြစ်လာခဲ့ရလို့ပါ။ ဒါပေမယ့် သူဘယ်လောက်ပဲ မကျေနပ်ပါစေ သည်းခံစောင့်ဆိုင်းရုံပါပဲ။ ဒါပေမယ့် သူကိုယ်တိုင်ယုံကြည်နေခဲ့တယ်။ သူ့ရဲ့စွမ်းအားက ဟို့ယွိဟောင်ရဲ့ ၀မ်သုန့်တို့ထက် အများကြီးသာလွန်နေတယ်လို့ ထင်မှတ်ထားခဲ့တာပါ။

ဒါပေမယ့် အတန်းနံပါတ်တစ်ကနေ ထုတ်ပယ်ခံလိုက်ရပြီတဲ့နောက် အတော်လေးကို အရှက်ကွဲသွားခဲ့ရပါတယ်။ ထိုက်ဟွပင်းအနေနဲ့ ဘ၀တစ်လျှောက်လုံး ဒီလိုအတွေ့အကြုံကို ကြုံတွေ့ရမယ်လို့ မထင်မှတ်ထားခဲ့မိပါဘူး။ ကျားဖြူမြို့စားမင်းသားတစ်ယောက်အနေနဲ့ သူက တင်းကြပ်တဲ့ပညာရေးကို ရရှိခဲ့ရုံတင်မက တခြားသူတွေထက်ကို သာလွန်တဲ့ထိန်းချုပ်နိုင်စွမ်းလဲ ပါ၀င်ထားခဲ့ပါတယ်။ အကယ်၍ သူသာ အဲ့ဒီလောက်အထိ တင်းတင်းကြပ်ကြပ် မမွေးမြူးခံခဲ့ထားရဘူးဆိုရင် ဟို့ယွိဟောင်အနေနဲ့ သူ့ကို လမ်းလာပိတ်မိလို့ ကန်ကြောက်ရိုက်နှက်ခံရမှာမဟုတ်ပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်နဲ့ သူ့အမေကို ရိုက်နှက်ဖို့အထိ အမိန့်ပေးခဲ့ရလောက်စိတ်ဓာတ်မာကျောနေမှာ မဟုတ်ဘူးလဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့စိတ်ဓာတ်က အတော်ကို ခက်ထန်ကြမ်းတမ်းနေခဲ့ပါပြီ။

ကျားဖြူမြို့စားမင်းရဲ့သားဖြစ်တဲ့ ထိုက်ဟွပင်းက တစ်သက်လုံးအရှက်ကွဲမှုကြောင့် ခေါင်းငုံ့ခံနေမဲ့သူမဟုတ်ပါဘူး။ အဲ့ဒီအစား သူ့ရဲ့စိတ်ဓာတ်ကို ပ်ိုပြီး မြင့်တက်လာစေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူက အတန်းနံပါတ်နှစ်ရဲ့အတန်းခေါင်းဆောင်ဖြစ်လာခဲ့ရုံတင်မက အဲ့ဒါကလဲ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့်ပါ။ လွန်ခဲ့တဲ့နှစ်မှာလဲ အတော်ကို လေးလေးနက်နက် လေ့ကျင့်ခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားမှုနဲ့ လုံလ၀ီရိယက ဟို့ယွိဟောင်ထက် မနည်းပါးခဲ့ပါဘူး။ ဒါ့အပြင် သူကိုယ်တိုင်ကလဲ ပါရမီရှိတဲ့သူဖြစ်နေခဲ့တဲ့အတွက် လက်ရှိအချိန်မှာ ၀ိညာဥ်စွမ်းအားက အဆင့်သုံးဆယ့်ခြောက်အထိကို ရောက်ရှိသွားခဲ့ပါပြီ။ ဒုတိယနှစ်ကျောင်းသားတွေထဲမှာ အသန်မာဆုံးသူဖြစ်လာပြီ ဘယ်သူမှလဲ သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေခဲ့ပါတယ်။

ရန်သူတွေ တွေ့ဆုံကြချိန်မှာ မျက်လုံးတွေကတော့ နီရဲသွားတယ်။

ကျုးလုရဲ့မျက်လုံးတွေကလဲ အေးစက်လို့သွားခဲ့ပြီ သူ့ကို လှောင်ရယ်လာခဲ့ပါတယ်။

” အဲ့ဒါဟို့ယွိဟောင်မဟုတ်လား ငါကြားတာတော့ မနေ့တုန်းက နင်စာရင်းမသွင်းခဲ့ဘူးဆို နေရာမှားပြီလာတာလား စာရင်းမသွင်းတဲ့ကျောင်းသားတွေ တစ်ခါထဲကျောင်းထုတ်ခံရမယ်ဆိုတာကို နင်မသိဘူးလား ”

ဟို့ယွိဟောင်ကတော့ ပြုံးနေခဲ့ပါတယ်။ ထိုက်ဟွပင်းကို ကြည့်ရင်းနဲ့သာ သူပြန်ဖြေလိုက်တယ်။

” အဲ့ဒါမင်းနဲ့ဘာဆိုင်လဲ ”

” သေချာပေါက် ငါနဲ့ဆိုင်တာပေါ့ ”

” အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းစည်းကမ်းတွေကို သေချာပေါက် လိုက်နာရတယ်လေ…ဒီလိုနေရာမျိုးက နင်ရှိသင့်တဲ့နေရာမဟုတ်ဘူး..ထွက်သွားလိုက်စမ်း ”

လူနှစ်ဖွဲ့ကြားအခြေအနေက အရင်ကထက်ကို ပိုပြီး တင်းမာနေခဲ့ပါတယ်။ အခုအချိန်မှာ သူမက အကြောင်းပြချက်ကောင်းကောင်းကို အသုံးပြုရင်း လုံး၀ကို ယဥ်ကျေးမနေတော့ပါဘူး။

အပိုင်း ၄၆•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset