Switch Mode

Chapter – 46.1

စိတ်၀ိညာဥ်မျက်လုံးရဲ့ ဒုတိ​ယ ၀ိညာဥ်စွမ်းရည်

အပိုင်း ၄၆•၁

” စိတ်၀ိညာဥ်မျက်လုံးရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည် ”
°°°
ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့မျက်လုံးထဲမှာ ရွှေရောင်ဖျော့ဖျော့အလင်းတန်းတွေက တောက်ပလို့လာခဲ့ပါပြီ။ ဒီလိုလုပ်လိုက်ချိန်မှာ အဖြူရောင်နဲ့ခရမ်းရောင်၀ိညာဥ်စက်ကွင်းတွေက သူ့ခြေထောက်အောက်ကနေ တောက်ပလာပါတော့တယ်။ ဖန်းယွီ ကျိုးယိနဲ့ ၀မ်သုန့်တို့လဲ အထိတ်တလန့်ဖြစ်သွားကြတယ်။

နောက်ထပ် နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းလား ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးက နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်း ထပ်ရှိသွားတာလား။ လွန်ခဲ့တဲ့လမှာ သူတကယ်ဘာတွေလုပ်နေတာလဲ ဒီလိုအခြေအနေမျိုးက သူ့လိုမျိုး တိုက်ခိုက်ရေးစွမ်းအားမရှိတဲ့သူတစ်ယောက်အတွက် မဖြစ်နိုင်တဲ့အရာပါ။

” နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းလား မင်းခန္ဓာကိုယ်က ဘယ်လိုများ တောင့်ခံထားနိုင်ရတာလဲ ”

ကျိုးယိက မေးလာခဲ့ပါတယ်။

” ဒုတိယသိုင်းပညာ၀ိညာဥ်ရတယ်ဆိုတဲ့ ကိစ္စကတင် အတော်လေးမယုံနိုင်ဖြစ်နေပြီ တကယ်ပဲ မင်းရဲ့ စိတ်၀ိညာဥ်မျက်လုံးမှာ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းက ဘယ်လိုများ ရလာတာလဲ အိပ်နေတဲ့အချိန် နောက်တစ်ခေါက်ရလာတယ်လို့ ပြောဦးမှာလား ”

ရှက်ရွံ့နေတဲ့ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

” ကျွန်တော်အိပ်နေပြီ ရလာတာမဟုတ်ပါဘူး ကျွန်တော်တွေ့ခဲ့တဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင်ကို သတ်ပြီတော့မှ သူ့ရဲ့ စိတ်၀ိညာဥ်စွမ်းရည်ကို သိလာခဲ့ရတာပါ အဲ့ဒီနောက် သူ့ရဲ့၀ိညာဥ်စက်ကွင်းကို စုပ်ယူလာရပါတယ်..နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းဖြစ်မှန်တောင် ကျွန်တော်မသိပါဘူး…ကျွန်တော်တောင့်ခံနိုင်တဲ့ အကြောင်းအရင်းကတော့ ၀ိညာဥ်အရိုးတစ်ခုရထားလို့ဖြစ်ပါလိမ့်မယ် ”

သူတို့သုံးယောက်စလုံးရဲ့ မျက်နှာတွေက အတော်ကို တွန့်သွားပါတော့တယ်။

” နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းနှစ်ခုနဲ့ ၀ိညာဥ်အရိုးတဲ့လား ဟို့ယွိဟောင် ရတနာသိုက်ထဲများ ပြုတ်ကျလာတာလား ”

ဖန်းယွီက ပြောပါတော့တယ်။

” အားလုံးကို သေချာရှင်းပြတကယ်ပဲ မင်းဘာတွေဖြစ်လာတာလဲ ”

ဟို့ယွိဟောင်က လိမ်လိမ်မာမာလေးခေါင်းညိတ်လိုက်ပါတယ်။

” ကျွန်တော်နိုးနိုးလာချင် ၀ိညာဥ်အရိုးတစ်ခုကို တကယ်ပဲရလိုက်တယ်.ကြည့်ရတာ အဲ့ဒါကလဲ သေသွားတဲ့ကင်းမြီးကောက်နဲ့ဆိုင်နေတဲ့ပုံပဲ ဒါ့အပြင် ရင်ခေါင်းရိုးကြီး ကျွန်တော်၀ိညာဥ်စွမ်းအားတချို့ကို ကျောရိုးထဲထည့်ပြီသုံးကြည့်တဲ့အချိန်မှာ အဲ့ဒါကို သိလိုက်ရတာ ဒါ့အပြင် ကြောက်စရာကောင်းလွန်လှတဲ့ အေးစက်မှုကိုလဲ ကျွန်တော်ထုတ်လွှတ်နိုင်တယ်…ဒါက အချိန်အနည်းငယ်လေးပဲ တောင့်ခံထားနိုင်တာကြောင့် ကျွန်တော်အတွက် သုံးဖို့မလွယ်ဘူး..ဒါ​အပြင် တစ်ခေါက်သုံးပြီရင် စွမ်းအားတွေလဲ အကုန်ကုန်သွားနိုင်ပါသေးတယ်…အဲ့ဒီဒုတိယမြောက်၀ိညာဥ်စက်ကွင်းကတောင် ကျွန်တော်သတ်ဖြတ်ပြီ ရရှိလာခဲ့တာပါ ဒါ့အပြင် နှစ်တစ်ထောင်သားရဲကောင်ဆိုတာလဲ မသိခဲ့ပါဘူး…သူ့ရဲ့ခန္ဓာကိုယ်ကနေ ခရမ်းရောင်၀ိညာဥ်စက်ကွင်းထွက်လာမှသာ ကျွန်တော်သိလိုက်ရတာဖြစ်ပေမဲ့ နောက်ကျလွန်သွားပါပြီ..အဆုံးသတ်မှာတော့ ကျွန်တော်လဲ နာကျင်မှုမရှိပဲ ဒီအတိုင်းသာစုပ်ယူလိုက်ရပါတယ်…၀ိညာဥ်အရိုးက ကျွန်တော်ခန္ဓာကိုယ်ကို အားဖြည့်ပေးလိုက်တာကြောင့်များ အဲ့ဒီလိုဖြစ်နိုင်တာလား ”

” ဖြစ်နိုင်ပါတယ်..ဒီကိစ္စကြီးတစ်ခုလုံးရဲ့ အရေးကြီးတဲ့အချက်တွေ ငါတို့ကိုပြောပြ နှစ်တစ်ထောင်သားရဲကောင်ကို ဘယ်လိုသတ်လိုက်တာလဲ ဒါမျိုးကို ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ကျောင်းသားတွေတောင် အလွယ်လေးသတ်ဖို့မလွယ်ဘူး..မင်းတို့၀ိညာဥ်စက်ကွင်းတစ်ကွင်းပဲရှိတဲ့ ၀ိညာဥ်ပညာရှင်က ဘယ်လိုလုပ်လုပ်နိုင်တာလဲ ”

” ကျွန်တော်တွေ့ခဲ့ရတဲ့ သားရဲကောင်က အရမ်းကိုထူးဆန်းတယ်…ပထမဆုံးတွေ့လိုက်ရတာက နှင်းလိုဖြူဖျော့ပြီ ကြောက်စရာကောင်းတဲ့ကျားကြီးတစ်ကောင်ပဲ အရမ်းကို သန်မာမဲ့ပုံစံရှိနေတယ်…ကျွန်တော်လဲ တစ်ချက်ကြည့်ပြီတာနဲ့ သေချာပေါက် ပြေးတော့တာပေါ့ အကြာကြီးပြေးပြီ လှည့်ကြည့်လိုက်တာတောင် အဲ့ဒီကောင်က ကျွန်တော်ကို မလိုက်သေးဘူး အဲ့ဒီအတိုင်းသာ ကြည့်နေတယ်..ဒါ့အပြင် ကျွန်တော်စိတ်ထဲလဲ ထူးဆန်းသွားမိတယ်..ကျားလိုသတ္တ၀ါတွေက အရမ်းကြမ်းတမ်းတယ်မဟုတ်လား ကျွန်တော်သင်ခဲ့သမျှအရဆိုရင် ဒီကောင်တွေက ကျွန်တော်ကို အရင်တိုက်ခိုက်မှာလေ ဒါကြောင့်သာ ကျွန်တော်လဲ သတ္တိမွေးပြီ ပြန်လှည့်ကြည့်လိုက်မိတယ်…အဲ့ဒီနောက်မှာ ကျွန်တော်တွေ့လိုက်ရတာက ကျားကြီးက ကျွန်တော်ကို ပြန်စိုက်ကြည့်နေတာပါပဲ ဒါပေမယ့် သူလှုပ်ရှားဖို့စိတ်ကူးရှိတဲ့ပုံမပေါ်ဘူး..အဲ့ဒါနဲ့ ကျွန်တော်လဲ အဝေးပြစ်တဲ့၀ိညာဥ်လက်နက်တစ်ခုကိုအသုံးပြုပြီး တိုက်ခိုက်ကြည့်တယ်…ဒါပေမယ့် အဲ့ဒီကျားရဲ့ခန္ဓာကိုယ်က ရုတ်တရက်ဝေဝေ၀ါး၀ါးကြီး ဖြစ်သွားပြီ ကျွန်တော်ရဲ့တိုက်ခိုက်မှုလွဲသွားမယ်လို့ ဘယ်သူထင်ခဲ့မိမှာလဲ အဲ့ဒီနောက် ကျွန်တော်နောက်ကို ပြေးလိုက်လာတော့တာပဲ ”

” အဲ့ဒီအချိန်မှာတော့ ကျွန်တော်အနေနဲ့ တကယ်ကို သေပြီးလို့တွေးလိုက်မိတယ်လေ…နောင်တရဖို့တောင် အချိန်မရှိလောက်ပါဘူး..နောက်တစ်ကြိမ် ထွက်ပြေးရတော့တာပဲ ဒါပေမယ့် အဲ့ဒီကျားက ကျွန်တော်ထက် ပိုမြန်တယ်..ခဏလောက်အတွင်းမှာ လိုက်မီလာပြီ ခုန်အုပ်လိုက်တာပဲ ကျွန်တော်လဲ အရမ်း​ကြောက်တာနဲ့ ကျွန်တော်ရဲ့ကင်းမြီးကောက်သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးပြီ လက်နှစ်ဖက်နဲ့ တားဆီးပြစ်လိုက်တယ်…ခန္ဓာကိုယ်က ရေခဲထဲနစ်၀င်သွားပြီ ပြုတ်ကျသွားတာကြောင့် ကျွန်တော်လဲသေပြီ ထင်ခဲ့မိပြန်တာ အဲ့ဒီနောက် အဲ့ဒီကျားရဲ့လည်ပင်းကို လိမ်ပြီချိုးလိုက်မိတယ်…ကျားဖြူက တိုက်ခိုက်တဲ့အချိန် ကျွန်တော်ကို စိတ်၀ိညာဥ်တိုက်ခိုက်မှုမျိုးလုပ်လာခဲ့တယ်..ဒါပေမယ့် ကျွန်တော်မှာ စိတ်၀ိညာဥ်မျက်လုံးတွေ ရှိနေတယ်လေ သူ့ရဲ့တိုက်ခိုက်မှုကြောင့် မူးဝေသွားပေမဲ့ ဘာဒဏ်ရာမှမရခဲ့ဘူး…သူ့ရဲ့စိတ်၀ိညာဥ်တိုက်ခိုက်မှုကနေ ပြန်နိုးလာတဲ့အချိန်မှာတော့ ကျွန်တော်ကိုင်ထားတဲ့သားရဲကောင်က ကျားမဟုတ်ပဲ ကြီးမားတဲ့ပိုးကောင်ကြီး ဖြစ်နေခဲ့တယ်..သူ့ခန္ဓာကိုယ်က တစ်မီတာကျော်ရှည်လျားပြီ နှင်းလိုဖြူဖွေးပြီ တောက်ပနေတယ်…အဲနောက်တစ်ခု သူက အရမ်းကြီးတဲ့ပိုးကောင်ကြီးနဲ့တူနေတာပဲ ကင်းမြီးကောက် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို သုံးပြီတဲ့နောက် ကျွန်တော်အရမ်း သန်လာတယ်လို့ ခံစားရတယ်..ဒီပိုးကောင်ကြီးက ကျွန်တော်လက်ထဲမှာ အညစ်ခံရလို့သေသွားတဲ့ပုံပဲ ကျွန်တော်လဲ အများကြီးမတွေးမိဘူး…စိတ်၀ိညာဥ်အမျိုးအစားသားရဲကောင်တွေဆိုတာက ရှာတွေ့ဖို့မလွယ်ဘူးမလား ဒါနဲ့ကျွန်တော်လဲ အရမ်းပျော်သွားခဲ့တယ်လေ မြန်မြန်ဆန်ဆန် စုပ်ယူလိုက်ပြီ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းကို ရလာတော့တာပဲ ”

” မင်းပြောတာ ပုံပြင်ဆန်လိုက်တာ ဘာဖြစ်လို့ကျားဖြစ်လိုက် ပိုးကောင်ဖြစ်သွားလိုက်လဲ ”

ဟို့ယွိဟောင်လဲ ထူးထူးဆန်းဆန်းကြီး ပြုံးလာခဲ့ပါတယ်။

” ကျွန်တော်လဲ အစတုန်းက ဆရာတို့လိုတွေးခဲ့တာ ဒါပေမယ့် ကျွန်တော်အသစ်ရလာတဲ့ ၀ိညာဥ်စွမ်းရည်ကို စမ်းသပ်ပြီတဲ့နောက် အားလုံးနားလည်သွားတယ်…ဆရာကျေးဇူးပြုပြီး ကြည့်လိုက်ပါဦး ”

ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ အလင်းတန်းက ပိုလို့အားကောင်းလာခဲ့ပါတယ်။ ချက်ချင်းဆိုသလို သူ့ရဲ့ခရမ်းရောင်၀ိညာဥ်စက်ကွင်းက ပိုမိုတောက်ပလာခဲ့ပါပြီ။ သူလဲ ခြေထောက်ကို နောက်တစ်လှမ်းဆုတ်လိုက်ရင်း ၀မ်သုန့်ရဲ့ဘေးကို ရောက်လာပါတော့တယ်။ အဲ့ဒီနောက် ဖန်းယွီနဲ့ ကျိုးယိနှစ်ယောက်စလုံး လန့်သွားရတာကတော့ ၀မ်သုန့်နှစ်ယောက် သူတို့ရှေ့မှာရှိနေခဲ့တာပါပဲ။ ဟို့ယွိဟောင်ဆိုတာ မရှိတော့ပါဘူး။

၀မ်သုန့်အနေနဲ့လဲ လန့်သွားခဲ့ပါတော့တယ်။

” ဒါကဘာစွမ်းရည်မျိုးကြီးလဲ ”

၀မ်သုန့်ရဲ့ခန္ဓာကိုယ်နဲ့ ပြန်ခွာလိုက်ချိန်မှာ သူက ဟို့ယွိဟောင်အဖြစ်ကို ပြန်လည်ရောက်ရှိသွားပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်အနေနဲ့ နောက်တစ်ကြိမ် ပိုပြီး လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို ထုတ်လွှတ်ပါပြီ။ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ လှည့်ပတ်နေတဲ့ ၀ိညာဥ်စက်ကွင်းတွေက ပုံစံပြောင်းလဲသွားတာပါပဲ။

မူလတုန်းက အဖြူနဲ့ ခရမ်းရောင်အဖြစ် ရှိနေခဲ့တဲ့ ၀ိညာဥ်စက်ကွင်းတွေက သွေးနီရောင်၀ိညာဥ်စက်ကွင်းတွေအဖြစ်ကို ပြောင်းလဲသွားရင်း ကြောက်စရာအရှိန်အ၀ါတွေကို ထုတ်လွှတ်ပါတော့တယ်။ ဒီဖိအားက အရမ်းကို အားကောင်းလွန်တာကြောင့် ဖန်းယွီနဲ့ ကျိုးယိတို့တောင် ချက်ချင်းဆိုသလို သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေကို ထုတ်လွှတ်ပြီ ပြန်တိုက်ခိုက်ဖို့လုပ်မိတော့တယ်။

” နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေကြီးလား ”

၀မ်သုန့်က ထအော်မိပါတယ်။ သူ့ရဲ့တုန့်ပြန်မှုက ဆရာတွေလောက်တော့ မကြီးမားပါဘူး။ ဟို့ယွိဟောင်နဲ့အတူတူ ၀ိညာဥ်ပေါင်းစည်းမှုကို လုပ်ထားတာကြောင့် ဒီ၀ိညာဥ်စက်ကွင်းနှစ်ခုက သူ့ကို အန္တရာယ်မပြုနိုင်မှန်းသိနေခဲ့တယ်။

အလင်းတန်းတွေက ပျောက်ကွယ်သွားချိန်မှာ ၀ိညာဥ်စက်ကွင်းနှစ်ခုစလုံးက အားနည်းတဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းတွေအဖြစ်ကို ပြန်လည်ပြောင်းလဲသွားခဲ့ပါပြီ။ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းကြားက ကွာခြားချက်က အတော်ကိုကြီးမားပါတယ်။ ဟို့ယွိဟောင်က ပြုံးပြရင်းနဲ့ ပြောလာခဲ့တယ်။

“ဒါက ကျွန်တော်အသစ်ရလိုက်တဲ့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရဲ့ ၀ိညာဥ်စွမ်းအားဖြစ်တဲ့ ပုံစံတူတုပမှုပါပဲ ဒီအစွမ်းကို အသုံးပြုပြီး ကျွန်တော်က လေဟာနယ်တွေကို ကြိုက်သလိုပြောင်းလဲရင်း ရုပ်သွင်တွေကို အမျိုးမျိုးဖန်တီးယူလို့ရတယ်…ဒါပေမယ့် ကျွန်တော်ရဲ့ ပုံစံတူတုပနိုင်တဲ့ အစွမ်းအစက သုံးမီတာထက်တော့ ကျော်လွန်လို့မရဘူး…ဒါ့အပြင် နောက်ထပ် ထူးခြားတဲ့အစွမ်းအစတစ်ခုကိုလဲ ပေးအပ်ထားသေးတယ်…အဲ့ဒါက ကျွန်တော်ရဲ့၀ိညာဥ်စက်ကွင်းအရောင်တွေကို လိုသလိုပြောင်းလဲနိုင်တာပဲ သူတို့က ဘယ်လိုတိုက်ခိုက်ရေးစွမ်းအားကိုမှ မပိုင်ဆိုင်ပေမဲ့ သုံးတတ်မယ်ဆိုရင်တော့ အတော်လေး အသုံး၀င်ပါတယ် ”

အမှန်ပါပဲ ဒါက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးပိုင်ဆိုင်ထားတဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်တွေပါ။ သူပြောလိုက်တဲ့ အရာတွေအားလုံးက အလိမ်အညာတွေ မဟုတ်ခဲ့ပါဘူး။ တကယ်တမ်းသူရလာခဲ့တဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းရဲ့ ပုံပြင်ကလဲ ဒီအတိုင်းသိပ်မကွာပဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူရှာတွေ့ထားတဲ့ ရေခဲပိုးကောင်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရှာပေးခဲ့တာပါ။ ဒါ့အပြင် ဒီလိုမျိုး ပုံစံနဲ့တခြားရေခဲပိုးကောင်ကို ခြိမ်းခြောက်ခဲ့တာလဲ ကောင်းကင်အိပ်မက်ရေခဲပ်ိုးကောင်ပါပဲ။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ သူအရင်းနှီးဆုံးမျိုးနွယ်က သူ့ကိုယ်ပိုင်မျိုးနွယ်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုပုံစံတူတုပတဲ့စွမ်းရည်က အစွမ်းသိပ်မရှိလို့ထင်ရပေမဲ့ သူတို့လို ပိုးကောင်တွေအတွက်တော့ အသက်ကိုကာကွယ်ပေးတဲ့ ရတနာပါပဲ။ ဒီအစွမ်းအစက ဟို့ယွိဟောင်အနေနဲ့လဲ အရေးကြီးနေခဲ့တယ်။ ဒီလိုတုပမှုနဲ့ဆိုရင် ၀ိညာဥ်စက်ကွင်းတွေကို ယာယီပြောင်းလဲနိုင်ပြီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ပထမ၀ိညာဥ်စက်ကွင်းကိုလဲ စိတ်ကြိုက်​ပုံစံပြောင်းထားနိုင်ပါတယ်။ ဒါကြောင့်သာ သူ့ရဲ့ ၀ိညာဥ်စက်ကွင်းတွေအားလုံးကို ခရမ်းရောင်အဖြစ် မြင်ရအောင် လုပ်ပေးထားနိုင်တာပါ။

” ကောင်းလိုက်တဲ့ပုံစံတူ တုပမှုပါလား ”

ဖန်းယွီရဲ့မျက်လုံးတွေက တောက်ပလာပါတော့တယ်။ သူက အားကောင်းတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့တာကြောင့် ဒီစွမ်းရည်ရဲ့အရည်အသွေးက သူတို့အတွက် ဘယ်နေရာမှာ အသုံးချနိုင်မလဲဆိုတာကို ချက်ချင်းတွေးမိသွားပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့စွမ်းရည်တွေက အများကြီးကို ပိုပြီး တိုးတက်လာဦးမှာပါ။

ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်လဲ လန့်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာဖန်းယွီရဲ့ ၀ိညာဥ်စက်ကွင်းတွေကို သူသတိထားမိလိုက်လို့ပါပဲ။ အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်လေးခုပါ စုစုပေါင်းရှစ်ကွင်းရှိနေခဲ့ပါတယ်။ အသက်လေးဆယ့်နီးပါးလောက်သာ ရှိသေးတဲ့ဆရာက အံ့ဩစရာကောင်းလောက်အောင် အားကောင်းတဲ့၀ိညာဥ်သော့်လော့ဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူ့ဆရာရဲ့အသက်အရွယ်နဲ့ ၀ိညာဥ်သော့်လော့ဖြစ်တယ်ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပေမဲ့အံ့ဩစရာကြီးပါပဲ။

ဖန်းယွီက ခပ်တိုးတိုးပြောလာခဲ့တယ်။

” ယွိဟောင် ဆရာအနေနဲ့ မင်းကိုမေးစရာတစ်ခုရှိတယ်..မင်းအခုချက်ချင်း ငါ့ကိုအဖြေပေးရမယ်…မင်းအနေနဲ့ ငါတို့၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်မှာ အဓိကတပည့်သားအဖြစ် နေမလား သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေမှာပဲနေမလား ”

နောက်ထပ် တွေဝေမှုမရှိပဲ ဟို့ယွိဟောင်က ဒူးထောက်လိုက်ပြန်တယ်။ သူတလေးတစားနဲ့ ပြန်ဖြေလိုက်တယ်။

” တစ်ရက်ဆရာက တစ်သက်ဖခင်ပါပဲဆရာ ကျွန်တော်အနေနဲ့ ဆရာနဲ့အတူတူ ၀ိညာဥ်လက်နက်တွေကို ဆက်ပြီသင်ယူဖို့ ဆန္ဒရှိပါတယ် ”

” ကောင်းတယ် အရမ်းကောင်းတယ် ”

ဖန်းယွီလဲ ပျော်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို သူပြန်ပြီဆွဲထူးလိုက်တယ်။

” လိမ်မာတဲ့ကလေး ဒီလိုဖြစ်မှတော့ မင်းရဲ့ဆရာက မင်းကိုသေချာပေါက် ပြဿနာတွေကို ဖြေရှင်းပေးမှာပေါ့ မင်းမှာဒီလို၀ိညာဥ်စွမ်းရည်ရှိနေပြီဆိုမှတော့ အသုံးပြုသင့်တယ်..အခုအချိန်ကနေစပြီ ကျောင်းတော်ရဲ့ပြိုင်ပွဲမှာ ၀င်ပြိုင်သည်ဖြစ်စေ တခြားကျောင်းသားတွေနဲ့ တိုက်ခိုက်သည်ဖြစ်စေ မင်းရဲ့၀ိညာဥ်စွမ်းရည်ကို အသုံးပြုပြီး ၀ိညာဥ်စက်ကွင်းတွေကို အဖြူရောင်အဖြစ် ပြောင်းလဲထားရမယ်..ဟုတ်ပြီဟုတ် ”

အဲ့ဒီနောက် ညစ်ကျယ်ကျယ်အပြုံးတစ်ခုက သူ့မျက်နှာမှာ ပေါ်လာပါတော့တယ်။

ကျိုးယိက မကျေမနပ်နဲ့ ၀င်ပြောတယ်။

” ကိုယ့်ကိုကိုယ် ၀က်တစ်ကောင်အဖြစ် ဟန်ဆောင်ပြီ ကျားကိုဘယ်လိုစားရမလဲဆိုတာ သင်ပေးနေတာလား ”

” ဘာများမကောင်းတာရှိလို့လဲ အဲ့ဒီမင်းတို့ဌာနရဲ့ အဘိုးကြီးတွေအားလုံးက တစ်ယောက်နဲ့တစ်ယောက် ယှဥ်ပြိုင်ပြီ နင်းချေနေကြတာပဲလေ အကယ်၍ သူတို့သာ အမှန်ကိုသိသွားမယ်ဆိုရင် ဒီကလေးကို ငါတို့ဆီက လာမခိုးဘူးလို့ ပြောလို့ရနိုင်မလား ”

” ကျောင်းအုပ်ချင်းက ကျောင်းအုပ်ရန်နဲ့ လောင်းကြေးထပ်ထားတယ်မလား ကျောင်းအုပ်ချင်းအနေနဲ့ ဒါကို မတားဆီးပေးနိုင်ဘူးလား ”

” သူမလုပ်နိုင်တာတော့ ဘာမှမရှိဘူးလေ ဒါပေမယ့် ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ရဲ့အရှေ့မှာ ဒီလိုလောင်းကြေးဆိုတာက ဘယ်လိုလုပ်အသုံး၀င်မှာလဲ ကျောင်းအုပ်ရန်က အမြဲတမ်းမျက်နှာသေကြီးနဲ့ ရှိနေခဲ့ပေမဲ့ သူ့ဌာနနဲ့ ကျောင်းတော်အတွက်နဲ့ဆ်ိုရင် အမည်းကိုအဖြူဖြစ်အောင် ကြမ်းပိုးကို လိပ်ဖြစ်အောင်အမြဲ​ပြောတတ်တာ မင်းအနေနဲ့ ငါတို့ကျောင်းအုပ်ချင်းကို ကောက်ကျစ်တယ်လို့ ထင်နေတာမလား ဒါပေမယ့် ကျောင်းအုပ်ချင်းက ကျောင်းအုပ်ရန်နဲ့ယှဥ်မယ်ဆိုရင် အဝေးကြီးလိုပါသေးတယ်..သတိထားတာကကောင်းတယ်..၀မ်သုန့် မင်းအနေနဲ့ ဒီလျှို့၀ှက်ချက်ကို ဖုံးကွယ်ထားရမယ်နော် မဟုတ်ရင် ရန်သူတွေ ပိုများလာလိမ့်မယ်..ငါတို့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေမှာလဲ အတူတူပဲ ဒီလိုလုပ်ကြရအောင် မင်းတို့နှစ်ယောက် အခန်းကို အရင်ပြန်ကြလိုက် ငါတို့ဒီကိစ္စကို သွားရှင်းဦးမယ်..ယွိဟောင် တတိယနှစ်ရောက်တဲ့အချိန်အထိ ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်မှာ ဆက်ပြီသင်ကြားရမယ်..ဘာကြောင့်လဲဆိုတော့ ငါအနေနဲ့ မင်းကို အဓိကတပည့်သားအဖြစ် ကြော်ငြာလိုက်မယ်ဆိုရင်တောင် တခြားသူတွေထက်ကို ပိုပြီး အခွင့်ထူးခံနေလို့မဖြစ်ဘူး..မောက်မာနေလို့လဲမရဘူး.ဒီအတိုင်းလေးပဲ ဆက်ပြီသင်ယူနေဦး ”

” ကောင်းပါပြီဆရာ ”

လက်ရှိအချိန်မှာ ဒီအတားအဆီးကြီးကတော့ ဖြတ်ကျော်သွားနိုင်ခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့လဲ သက်ပြင်းရှည်ကြီးကို ချလိုက်မိပါတော့တယ်။

အပိုင်း ၄၆•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset