အပိုင်း ၄၅•၃
” မင်းအသက်ရှင်နေသေးတယ်လား ”
°°°
” မင်းကတော့လေ ငါဒါကိုဘာပြောနိုင်ဦးမှာလဲ ”
ဖန်းယွီက သက်ပြင်းချနေခဲ့ပါတယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ရင်း ဟို့ယွိဟောင်ကို ဆွဲပြီမလိုက်တယ်။ ဒီကလေးက အရမ်းအတွေးလွန်တတ်တာအမှန်ပါပဲ။ ကျိုးယိ ဒေါသထွက်လွန်းလို့ ကျုံ့နေတဲ့မျက်မှောင်တွေလဲ အတော်လေးကို ပြေလျော့သွားခဲ့ပါပြီ။ ၀မ်သုန့်ရဲ့ ဒေါသတွေကသာ မပျောက်ကွယ်သေးတာပါ သူ့စိတ်ထဲမှာသူဘာသာသူတွေးနေခဲ့မိပါတယ်။ ဒီခွေးသားတော့ကလေ နောက်တစ်ခေါက်လိမ်နေပြန်ပြီ ဟို့ယွိဟောင်ရဲ့ အလိမ်အညာက ကျိုးယိနဲ့ ဖန်းယွီတို့ကို ဖြတ်သန်းအောင်မြင်နိုင်ခဲ့ပေမဲ့ ၀မ်သုန့်လိုမျိုး နေ့စဥ်နေ့တိုင်းသိုင်းပညာ၀ိညာဥ်ပေါင်းစည်းပြီ လေ့ကျင့်တဲ့သူကိုတော့ ဘယ်လိုမှလှည့်စားလို့မရနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင် ကျောင်းတော်ကနေ ထွက်မသွားခင်နေ့အထိ သူတို့က ဆက်တိုက်ဆိုသလို လေ့ကျင့်နေခဲ့တာပါ။ သိုင်းပညာ၀ိညာဥ်သာတစ်ခုခုဖြစ်နေမယ်ဆိုရင် ၀မ်သုန့်အနေနဲ့ သေချာပေါက် အာရုံခံမိမှာဖြစ်ပါတယ်။ ဘာကြောင့် ဘာကိုမှမတွေ့မိရတာလဲ။
ဒီတစ်ကြိမ်မှာ ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့အလိမ်အညာတွေကို မထုတ်ဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ စိတ်ထဲမှာသာ သံသယတွေကို နှစ်မြုပ်ထားရမှာပါ။
” ဒါဆိုရင် မင်းအခုဘယ်လိုအခြေအနေရှိလဲ သိုင်းပညာ၀ိညာဥ်အက်ကွဲမဲ့ကိစ္စက ပျောက်ကွယ်သွားပြီလား ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။
ကျိုးယိလဲ မျက်မှောင်ပြန်ကြုတ်သွားခဲ့တယ်။
” ဒါကပြဿနာပဲ မင်းရောက်လာတာ နောက်ကျရုံတင်မက ဒုတိယ၀ိညာဥ်စက်ကွင်းတစ်ခုလဲ မရလာသေးဘူး..ကျောင်းတော်က ”
” ဆရာကျိုး ကျွန်တော်ဒုတိယသိုင်းပညာ၀ိညာဥ်ကို ရလာခဲ့တယ် ”
ကျိုးယိက တအံ့တဩရှိနေချိန်မှာ ဖန်းယွီက ဆက်ပြောပါတော့တယ်။
” ယွိဟောင် သူပြောတဲ့စကားကို ပြီအောင်ပြောပါစေဦး ”
” ကျွန်တော် ကျောင်းတော်က ထွက်သွားတဲ့အချိန် တကယ်မျှော်လင့်ချက်မရှိခဲ့တာ အမှန်ပါပဲ ဒါပေမယ့် မမြင်ရတဲ့အင်အားတစ်ခုက ကျွန်တော်ကို မြောက်ဘက်ဆီဦးတည်ဆွဲခေါ်နေတယ်..ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်တဲ့အချိန် သတိလစ်သွားတဲ့အခိုက်အတန့်က ပိုပြီးတော့လဲ အားကောင်းလာတယ်…ကျွန်တော်ရဲ့စိတ်၀ိညာဥ်မျက်လုံးထဲမှာ ရေခဲအငွေ့တွေက ဆက်တိုက်ဆိုသလို ထွက်လာနေပြီ ကျွန်တော်ကို မြောက်ဘက်ဆီဦးတည်တယ်..ဒီလိုမျိုး သတိလစ်သွားတဲ့အခြေအနေမှာ ဘယ်လောက်ကြာအောင် လမ်းလျှောက်နေလဲမသိပါဘူး…ကျွန်တော်မျက်လုံးဖွင့်ပြီ သတိ၀င်လာချိန်မှာတော့ ရေခဲတွေ နှင်းတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးဆီ ရောက်သွားတော့တာပဲ အဲ့ဒီနေရာကြီးက အရမ်းအရမ်းကို အေးလွန်တယ်..ကျွန်တော်အသက်ရှင်လျက် အေးခဲပြီ ရုပ်ထုဖြစ်သွားတော့မယ်လို့တောင် ထင်နေခဲ့မိတာ ဒါပေမယ့် ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ် အက်ကွဲတော့မဲ့အခြေအနေက ပိုပြီးတော့တောင် ကြောက်စရာကောင်းလာသေးတယ်..အချိန်မရွေးအက်ကွဲတော့မလိုဖြစ်လာတာကြောင့် ကျွန်တော်လဲ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး…ဒါပေမယ့် အဲ့ဒီနယ်မြေထဲမှာ ကျွန်တော်သတိလစ်ပြီ မေ့မြောသွားခဲ့တယ်..ကျွန်တော်မမေ့မြောခင်အချိန်မှာ တစ်သက်လုံးနိုးထမလာတော့ဘူးလို့ ထင်ထားခဲ့မိတာ ဘယ်လောက်အထိ သတိလစ်သွားလဲ ကျွန်တော်မသိဘူး..ဒါပေမယ့် သတိရရချင်ကျောင်းတော်ကို အမြန်ပြန်ပြေးလာတာပဲ အဲ့ဒါကြောင့် ကျွန်တော်နောက်ကျသွားတာပါ ”
ဖန်းယွီနဲ့ ကျိုးယိနှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပါတယ်။ ကျောင်းတော်ရဲ့နယ်မြေက တော်တော်များများ အေးပေမဲ့ အခုက တကယ်အရမ်းအေးရမဲ့ရာသီမရောက်သေးပါဘူး။ နှင်းတွေရေခဲတွေအပြည့်ရှိနေခဲ့တဲ့ နေရာက သီးခြားကန့်သတ်ချက်နယ်မြေ မြောက်၀င်ရိုးစွန်လား ဟို့ယွိဟောင်က မဟာကြယ်တာရာသစ်တောကို မသွားပဲ အဲ့ဒီလောက်ဝေးတဲ့နေရာကို ရောက်သွားတာလား ဒါ့အပြင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ပျက်စီးပြိုကွဲနေတဲ့အချိန်မှာ ရောက်သွားတယ်လို့ပြောနေခဲ့ပါတယ်။ ဒါက အံ့ဩစရာပါပဲ။
” ကျွန်တော် နိုးလာတဲ့အချိန်က နေ့ခင်းပိုင်ကြီးပဲ ရှိသေးတယ်…ဘယ်လောက်အချိန်ကုန်သွားလဲ ကျွန်တော်မသိဘူး ကျွန်တော်ခန္ဓာကိုယ်က နှင်းတွေအောက်ကို ရောက်နေပြီ မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ မျက်လုံးတစ်ခုလုံးကို အမည်းနဲ့အဖြူ ပစ္စည်းတွေက ပြည့်နေတယ်..သေပြီလို့ထင်လိုက်တာပဲ ဒါပေမယ့် တစ်ခုခုက မူမမှန်သေးဘူး…ကျွန်တော်ခန္ဓာကိုယ်က ပုံမှန်အခြေအနေဖြစ်နေတဲ့အပြင် ၀ိညာဥ်စွမ်းအားကလဲ ဆက်ပြီးစီးဆင်နေသေးတယ်…ဒါ့အပြင် စိတ်၀ိညာဥ်မျက်လုံးကလဲ တည်ငြိမ်လို့သွားပြီ ပြဿနာလဲထပ်မရှိတော့ဘူး ”
” ဒါနဲ့ကျွန်တော်လဲ ရေခဲတွေအောက်ကနေ တွားသွားပြီ အပေါ်ကိုတက်လာလိုက်တယ်..အဲ့ဒီအချိန်မှသာ ကျွန်တော်မူလနေရာမှာ ရှိနေသေးတာကို သတိထားမိလိုက်တာပဲ ပိုပြီး လန့်စရာကောင်းတာကတော့ ကျွန်တော်ခန္ဓာကိုယ်ထဲမှာ စွမ်းအင်အသစ်တစ်ခုက တိုးနေတယ်..ကျွန်တော်နဲ့ တစ်မီတာအကွာမှာလဲ သေနေတဲ့ကင်းမြီးကောက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသေးတယ်..သူ့တစ်ကိုယ်လုံးက လုံး၀ကို ဖြူဖွေးနေပြီ အမြီးကတော့ ကျောက်စိမ်းရောင် ဒါ့အပြင် အခွံပေါ်မှာလဲ ကျောက်မျက်ရတနာလိုပစ္စည်းတွေက ရှိနေသေးတယ်..သေတော့သေပြီ ဖြစ်ပေမဲ့ ဘယ်လောက်အင်အားကြီးလဲ ကျွန်တော်မသိဘူး ”
” ရေခဲကျောက်စိမ်းကင်းမြီးကောက်လား ”
ကျိုးယိလဲ အသက်ပြင်းပြင်းရှုသွင်းနေခဲ့သလို ဖန်းယွီလဲ လန့်သွားခဲ့ပါတယ်။
” ဆရာကျိုး အဲ့ဒါကဘာကြီးလဲ ”
၀မ်သုန့်က မေးလာခဲ့တယ်။
” မြောက်၀င်ရိုးစွန်းမှာရှိတဲ့ အရမ်းကိုသန်မာတဲ့ ၀ိညာဥ်သားရဲကောင်ပဲ သူတို့ရဲ့အရေအတွက်ကလဲ များပြားတယ်…ဒါ့အပြင် ကြောက်စရာကောင်းလောက်အောင် အေးတဲ့နယ်မြေမှာ သူတို့ကို ယှဥ်နိုင်တဲ့အုပ်ချုပ်သူက မရှိဘူး..အဆုံးစွန်းသော ရေခဲစွမ်းအားကို ပိုင်ဆိုင်ထားရုံမက ပုံမှန်ပြောရမယ်ဆိုရင် မြောက်၀င်ရိုးစွန်းရဲ့အလယ်ဗဟိုချက်မှာ နေထိုင်ကြတယ်…ငါတို့လို ၀ိညာဥ်ပညာရှင်တွေအတွက်တောင် အဲ့ဒီနေရာက လုံး၀ကန့်သတ်နယ်မြေပဲ လူသားတွေလုံး၀မသွားသင့်ဘူး ..သော့်လော့ပညာရှင်တွေတောင် အဲ့ဒီနေရာကို မသွား၀ံ့ကြဘူး…ယွိဟောင် မင်းတကယ်ပဲ ရေခဲကျောက်စိမ်းကင်းမြီးကောက်နဲ့တွေ့တာ အသက်ရှင်ခဲ့တယ်လား ”
မူလတုန်းက ဟို့ယွိဟောင်ရဲ့စကားတွေကို ကျိုးယိနဲ့ ဖန်းယွီက သံသယရှိနေခဲ့တာပါ။
ဒါပေမယ့် ရေခဲကျောက်စိမ်းကင်းမြီးကောက်ရဲ့ပုံစံကို ပြောပြလိုက်ချိန်မှာတော့ သူတို့လဲ အတော်လေး သံသယလျော့သွားခဲ့ပါပြီ မြောက်၀င်ရိုးစွန်းမှာ သားရဲကောင်တွေအများကြီးရှိနေပေမဲ့ လူသား၀ိညာဥ်ပညာရှင်အနေနဲ့ သူတို့ကိုတွေ့ဖို့ဆိုတာ အတော်ကို ရှားပါးပါတယ်။ ဒါ့အပြင် အပြင်နယ်မြေရဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်အကြောင်းကို ပထမနှစ်ကနေ ဆဋ္ဌမနှစ်အထိ မသင်ကြားရပါဘူး။ ကိုယ်တိုင်မြင်ဖူးခဲ့တာကြောင့်သာ မဟုတ်ရင် ဒီအကြောင်းဘယ်လိုလုပ်သိနေမှာလဲ။
” ဘယ်လိုလုပ်လိုက်လဲတော့မသိပါဘူး ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တချို့အပိုတိုးနေတာကို ကျွန်တော်သိလိုက်ရတယ်..ဒါ့အပြင် ကျွန်တော်လဲ အဲ့ဒါကို၀ိညာဥ်စွမ်းအားအသုံးပြုပြီး နိုးထကြည့်ကြည့်တယ်….အဆုံးသတ်မှာတော့ ”
အဲ့ဒီနောက် ဟို့ယွိဟောင်လဲ သူ့လက်ကို မြောက်လိုက်ပါတော့တယ်။ အဖြူရောင်အလင်းတန်းက မူလအပြာရောင်မျက်၀န်းတွေထဲမှာ ပေါ်လာခဲ့ပြီ ကျိုးယိရဲ့ အခန်းအပူချိန်တစ်ခုလုံး ရုတ်တရက်လျော့ကျသွားပါတော့တယ်။
ကြောက်စရာကောင်းလောက်တဲ့ အေးစက်မှုက ၀မ်သုန့်ကိုတောင် ခိုက်ခိုက်တုန်သွားစေခဲ့ပါတယ်။ ဖန်းယွီနဲ့ ကျိုးယိတို့တောင် ဟို့ယွိဟောင်ရဲ့လက်ထဲမှာ တောက်ပနေတဲ့ အလင်းတန်းကို မြင်ချိန်မှာ သူ့ရဲ့လက်တစ်ခုလုံးစိန်နဲ့လုပ်ထားတဲ့ လက်အိတ်၀တ်ထားတဲ့အတိုင်း တောက်ပနေတာကို သတိထားမိသွားပါတော့တယ်။ ဒီအရာကြောင့် ရုံးခန်းတစ်ခုလုံးရဲ့အပူရှိန်က အရမ်းကို လျော့ကျသွားခဲ့ပါပြီ။
ဖန်းယွီအနေနဲ့လဲ ထိုင်မနေနိုင်တော့ပဲ မတ်တပ်ရပ်ပြီ ဟို့ယွိဟောင်ကို မျက်လုံးအပြူးသားနဲ့ကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ခြေထောက်အောက်ကနေ ခရမ်းရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်း တောက်ပလာတာကို မြင်လိုက်ရပါပြီ။ ဒါက တကယ်ကို စစ်မှန်တဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းပါပဲ။
” နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းပဲ ”
၀မ်သုန့်က အော်လိုက်မိတယ်။
ခရမ်းရောင်က နှစ်တစ်ထောင်ကိုကိုယ်စားပြုတာပါ။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အခြေအနေတွေက ဘယ်လိုများအဲ့ဒီလို ပြောင်းလဲသွားရတာလဲ။ ဟို့ယွိဟောင်အနေနဲ့ ခပ်မြန်မြန်ပဲ သူ့ရဲ့အင်္ကျီကို ချွတ်ချပြီ အပေါ်ပိုင်းဗဟာဖြစ်တဲ့အထိ ဖော်ပြလိုက်ပါတယ်။
သူ့နောက်မှာရပ်နေခဲ့တဲ့ ၀မ်သုန့်ကတော့ ထအော်လိုက်မိပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်ရဲ့ကျောရိုးပေါ်မှာ ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီရဲ့ ဆေးမင်ကြောင်ရှိနေတာကို မြင်လိုက်ရလို့ပါ။ အရမ်းကိုလှုပ်ရှားအသက်၀င်နေတဲ့ ပုံတူကူးဆွဲထားသလို ပုံရိပ်ကသူ့ကို ထိတ်လန့်စေပါတယ်။
ဟို့ယွိဟောင်အနေနဲ့လဲ သူ့ရဲ့နောက်ကျောကို ဖန်းယွီနဲ့ ကျိုးယိတို့ဆီ လှည့်ပြလိုက်တယ်။
ဒီခရီးစဥ်ကို စပြီပြန်လာကထဲက သူနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ အတော်လေးကို တိုင်တိုင်ပင်ပင် ဆွေးဆွေးနွေးနွေးနဲ့ အစီအစဥ်ချထားခဲ့ပါတယ်။ ဆရာတွေက ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေနဲ့ ရေခဲဧကရီကို ခွဲခြားနိုင်မလားဆိုတာကို သူသိချင်နေခဲ့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ အရိုးရှင်းဆုံးလေသံနဲ့သာ ပြန်ဖြေလိုက်ပါတယ်။
” မင်းကလွဲပြီ ဘယ်သူကများ သေသွားတဲ့ရေခဲဧကရီကို မြင်ဖူးလို့လဲ ”
” ရေခဲကျောက်စိမ်းကင်းမြီးကောက်ပဲ တကယ်ရေခဲကျောက်စိမ်းကင်းမြီးကောက်ပဲ ဟို့ယွိဟောင် မင်းတကယ်ဒီလိုလုပ်နိုင်ခဲ့တယ်ပေါ့ မဖြစ်နိုင်လိုက်တာ ”
ကျိုးယိက စကားတွေတောင် ထစ်ကုန်ပါတော့တယ်။ ဖန်းယွီအနေနဲ့လဲ အတူတူပါပဲ။ ဒီလင်မယားနှစ်ယောက်က ဟို့ယွိဟောင်ကို မိစ္ဆာကြီးတစ်ကောင်လို ကြည့်နေကြပါတော့တယ်။
အ၀တ်တွေကို ပြန်၀တ်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ပြန်သိမ်းလိုက်ရင်း လိမ်လိမ်မာမာလေး ရပ်နေပါတော့တယ်။
” ဆရာနဲ့ ဆရာကျိုး ကျွန်တော်လဲ ဘာဖြစ်သွားလဲဆိုတာ မသိသေးဘူး ..ကျွန်တော်ရဲ့သံသယကို ကျေးဇူးပြုပြီး ရှင်းပြပေးနိုင်မလား အဲ့ဒီစွမ်းအားကို ရပြီတဲ့နောက် ကျွန်တော်လဲ အအေးဒဏ်ကို မကြောက်လန့်တော့ဘူး…အဲ့ဒီလောကကြီးနဲ့ တစ်သားထဲဖြစ်သွားသလိုပဲ ”
ရုတ်တရက်ဆိုသလို ကျိုးယိရဲ့မျက်လုံးတွေက တောက်ပလာပါတော့တယ်။ အဲ့ဒီနောက် သူ ဖန်းယွီကို ကြည့်နေခဲ့တယ်။
” ဒါသူ့ရဲ့ခန္ဓာကိုယ်၀ိညာဥ်နဲ့ဆိုင်မယ်များထင်လား ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးက ခန္ဓာကိုယ်၀ိညာဥ်ပဲ ဆရာ၀မ်ယန်ပြောတာကို ကြားဖူးတယ်…ခန္ဓာကိုယ်၀ိညာဥ်ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်တွေက ဒုတိယအသက်၀င်နိုးထမှုရှိတယ်…ဒီလိုသာဖြစ်မယ်ဆိုရင် သူ့လက်ရှိကြုံတွေ့လိုက်ရတဲ့ အခြေအနေက သူမတူအောင်ထူးခြားနေမှာပဲ ဒါက လုံး၀ရှင်းမပြနိုင်တဲ့ ကိစ္စတော့မဟုတ်ဘူးလေ ငါတို့ ၀မ်ယန်ကိုသွားရှာပြီ မေးရအောင် ”
ကျိုးယိက စိတ်မြန်လက်မြန်လုပ်တတ်တဲ့သူပါ။ ဒါပေမယ့် ဖန်းယွီက သူ့ကိုချက်ချင်းဆွဲပြီတားလိုက်ပါတယ်။
” သွားလို့မဖြစ်ဘူး ခဏလောက် ငြိမ်ငြိမ်လေးနေရအောင် အကယ်၍ ၀မ်ယန်သာ ဒါကို သိသွားပြီဆိုရင် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းက ယွိဟောင်ကို အလွှတ်ပေးမယ်များ ထင်နေလား ”
ကျိုးယိလဲ မျက်လုံးပြူးသွားပါတော့တယ်။ ဖန်းယွီရဲ့မျက်လုံးကိုမြင်ချိန်မှာ သူပြောချင်တာကို ချက်ချင်းနားလည်သွားပါတော့တယ်။
ဖန်းယွီက ပြန်ထိုင်လိုက်ပါပြီ။
” ယွိဟောင် ဒီအခြေအနေမျိုးက ၀ိညာဥ်ပညာရှင်တွေမှာ ကြုံတွေ့ရတာအရမ်းကို ရှားပါးလွန်တယ်….ငါတို့လဲ ဒီလိုအခြေအနေမျိုးကိုတွေ့ဖူးတာ ပထမဆုံးအကြိမ်ပဲ မင်းကိုအပြည့်အ၀တော့ မရှင်းပြနိုင်သေးဘူး…ဒါပေမယ့် ငါတို့တွက်ချက်မှုအရဆိုရင် မင်းရဲ့သိုင်းပညာ၀ိညာဥ်နဲ့လဲ သက်ဆိုင်နေလိမ့်မယ်..ခန္ဓာကိုယ်၀ိညာဥ်ဆိုတာ ရှားပါးတဲ့ဖြစ်တည်မှုတွေပဲ ဒါ့အပြင် ခန္ဓာကိုယ်မျိုးနွယ်လို့ ခေါ်တယ်..ထူးဆန်းမျိုးနွယ်တစ်ခုကလဲ ဒီလိုမျိုး ၀ိညာဥ်ပညာရှင်တွေအကြောင်းကို ဆက်တိုက်ဆိုသလို လေ့လာပြီစုံးစမ်းနေတတ်တယ်…သူတို့တွေက မင်းခန္ဓာကိုယ်မှာဖြစ်သွားတဲ့ အကြောင်းအရင်းကို နားလည်နိုင်မယ်လို့ ဆရာအနေနဲ့ ပြောစရာရှိတာကတော့ ဒီကိစ္စက အဆိုးကြီးမဟုတ်ဘူးဆိုတာပါပဲ မင်းငါတို့ကို ပြသသလောက်အရဆိုရင် မင်းမှာ ဒုတိယသိုင်းပညာ၀ိညာဥ်ရှိနေပြီ ဒါ့အပြင် အဲ့ဒီသိုင်းပညာ၀ိညာဥ်မှာလဲ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရှိတယ်…သေချာပေါက် မင်းအနားမှာ သေသွားတဲ့ကင်းမြီးကောက်ပေးတာ ဖြစ်မှာပေါ့ ဒါ့အပြင် ဒုတိယသိုင်းပညာ၀ိညာဥ်ကိုလဲ သူ့ဆီကနေ ရလာတာလဲဖြစ်လိမ့်မယ်..ငါလဲ ဒါကိုမရှင်းပြနိုင်သေးဘူး…မင်းအတွက်တော့ တကယ်ကောင်းတဲ့ အရာပဲ တိုက်ခိုက်ရေးသိုင်းပညာ၀ိညာဥ်တွေထဲမှာ ရေခဲအမျိုးအစားကိုအသုံးပြုနိုင်တဲ့အထဲ ဒီရေခဲကျောက်စိမ်းကင်းမြီးကောက်က အဆင့်အမြင့်ဆုံးထဲမှာရှိနေတယ်..မင်းအနေနဲ့ အနာဂတ်မှာ ကျင့်ကြံမှုက အတော်လေးကို အသုံး၀င်လာလိမ့်မယ်…ငါပြောတာနားလည်လား ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” ဆရာဒါဆိုကျွန်တော်ဘာလုပ်သင့်လဲ ”
” ဒီကိစ္စကို နောက်မှရှင်းရအောင် အရင်ဆုံးမင်းနောက်ကျတဲ့ကိစ္စကို အရင်းရှင်းရသေးတာပေါ့ ငါတို့က မင်းကို ငါတို့ဌာနရဲ့အဓိက တပည့်သားအဖြစ် ပုံမှန်အတိုင်းကြော်ငြာလိုက်တော့မယ်..ဒါ့အပြင် ကျောင်းတော်ကို မင်းနောက်ကျနေရတဲ့အကြောင်းအရင်းက ငါမင်းကို ပေးလိုက်တဲ့ကိစ္စတစ်ခုပြီးမြောက်အောင်လုပ်နေရတာလို့ ပြောလိုက်မယ်…ဒါပေမယ့် အကယ်၍ ငါတို့ဒီလိုသာ လုပ်မယ်ဆိုရင် မင်းအနေနဲ့ အနာဂတ်မှာ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ အဓိကတပည့်သားဖြစ်မလာနိုင်တော့ဘူး…ဆရာလဲမင်းကို ဖိအားမပေးပါဘူး…ကိုယ်တိုင်ရွေးချယ်လို့ရတယ်…ဒါပေမယ့် ငါမင်းကို အာမခံနိုင်တာတစ်ခုကတော့ မင်းရဲ့အမွှာ၀ိညာဥ်နဲ့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းကိုသာ ရှာတွေ့သွားမယ်ဆိုရင် သူတို့အနေနဲ့ မင်းကို လုံး၀ထုတ်ပယ်မှာမဟုတ်ဘူး..ဒါကြောင့် ဘယ်ဘက်မှာနေချင်လဲဆိုတာ မင်းကိုယ်မင်းရွေးချယ်ပါ ”
” အနာဂတ်ကျင့်ကြံမှုအနေနဲ့ကတော့ ငါတို့၀ိညာဥ်ဌာနမှာ နေမယ်ဆိုရင် စိတ်၀ိညာဥ်မျက်လုံးကို သေချာပေါက်အာရုံစ်ိုက်သင့်တယ်…အမွှာ၀ိညာဥ်နှစ်ခုရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ဒုတိယသိုင်းပညာ၀ိညာဥ်ထဲမှာ နောက်ထပ်၀ိညာဥ်စက်ကွင်းတွေကို စိတ်ကြိုက်ထပ်ပြီထည့်နိုင်တာပဲ တစ်ချိန်မှာပဲ အမွှာ၀ိညာဥ်ပညာရှင်တွေက စွမ်းအားကို အပြည့်အ၀ထုတ်သုံးနိုင်တယ်.. မင်းအနေနဲ့ စိတ်၀ိညာဥ်မျက်လုံးရဲ့လမ်းကြောင်းကို လျှောက်ပြီးပြီဆိုတော့ အလွယ်လေး တိုက်ခိုက်တဲ့ပုံစံကို မပြောင်းတာကောင်းလိမ့်မယ်…အစောပိုင်းတုန်းက မင်းရဲ့၀ိညာဥ်မျက်လုံးရရှိလာတဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်အကြောင်းကို မပြောရသေးဘူးမဟုတ်လား ဒီလိုဖြစ်မှတော့ စိတ်၀ိညာဥ်မျက်လုံးကို ဆက်ပြီလေ့ကျင့်လိုက်တော့ ဒီသိုင်းပညာ၀ိညာဥ်အသစ်အနေနဲ့ နောက်ထပ်ပိုပြီး လေ့လာကြည့်ရင်း ဒုတိယ၀ိညာဥ်စက်ကွင်းကို ဖြည်းဖြည်းချင်းရယူတာကကောင်းလိမ့်မယ် ”
အပိုင်း ၄၅•၃ ပြီး၏။