Switch Mode

Chapter – 45.2

မင်း အသက်ရှင်နေသေးတယ်လား

အပိုင်း ၄၅•၂

” မင်းအသက်ရှင်နေသေးတယ်လား ”
°°°
ဟို့ယွိဟောင်အနေနဲ့လဲ ဆရာတွေကို ဒီကိစ္စရှင်းပြရမဲ့ကိစ္စအကြောင်းကိုတွေးရင် အတော်လေးကို စိုးရိမ်ပူပန်းလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူလဲဒီအတိုင်း မထုတ်ပယ်ခံချင်ပါဘူး။ ဒါကြောင့် ၀မ်သုန့်အနေနဲ့ ဘယ်လောက်ရှက်နေလဲဆိုတာကို သူကိုယ်တိုင်းသတိမထားပဲ ဖြစ်သွားခဲ့ရပါတယ်။

အခန်းကနေ ထွက်ခွာသွားပြီတဲ့နောက် ၀မ်သုန့်လဲ စိတ်အေးသွားခဲ့ပါပြီ။ ညအချိန်ရဲ့အလင်းတန်းအောက်မှာ ရုတ်တရက် ဟို့ယွိဟောင်ကိုကြည့်ရင်း စိတ်လဲအေးချမ်းလာပါတော့တယ်။ လက်ရှိအချိန်မှာ စိုးရိမ်ပူပန်းမှုတွေအားလုံးက လုံး၀ပျောက်ကွယ်လို့သွားခဲ့ရပါတယ်။ သူ့နှလုံးသားထဲမှာရှိတဲ့ ၀န်ထုတ်၀န်ပိုးကြီးကို လွှတ်ချလိုက်ရတာကြောင့် သူကိုယ်တိုင်လဲ ပင်ပန်းလို့သွားခဲ့ရတယ်။

” မင်းတကယ်ပဲ ဘယ်သွားပြီ ဘာလုပ်နေတာလဲ ဆရာတွေကိုတောင် လိမ်သွားတယ်ပေါ့ ”

ဟို့ယွိဟောင်ကို သူမကြာခင်ပဲ ထပ်ပြီးပြောလာခဲ့ပါတယ်။ ၀မ်သုန့်က ဘေးချင်းယှဥ်လျက်သူနဲ့အတူလျှောက်လာခဲ့တာပါ။

” အရာအားလုံးကို ရှင်းပြဖို့က ခက်တယ်လေ ဆရာကျိုးကို ရှာတွေ့ပြီရင်း ပြောပြမှာပေါ့ အခုတော့ မပြောပြနိုင်သေးဘူး ”

” နည်းနည်းတော့ပိုပြီး သတိထားဦး နောက်ကျတာက ကိစ္စအတော်လေးမဟုတ်ပေမဲ့ ကျောင်းတော်ရဲ့စည်းမျဥ်းတွေက အတော်လေးကို တင်းကြပ်တယ်..ငါတို့လိုအဓိကတပည့်သားတွေအတွက်တော့ နည်းနည်းညှာတာနိုင်ပေမဲ့ နင်ကလဲ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ အဓိက တပည့်သားပဲလေ ဆရာတွေကို ဘာကြောင့်လိမ်ရလဲဆိုတဲ့ကိစ္စကို အရင်ဆုံးရှင်းပြပြီတော့မှ ကျန်တဲ့ကိစ္စကို ဆက်လုပ်လို့ရမယ်…ဆရာဖန်းယွီနဲ့ ဆရာကျိုးယိတို့သာ မင်းကိုကာကွယ်ပေးချင်တယ်ဆိုရင် ပြဿနာမရှိနိုင်တော့ဘူး..ဆရာကျိုးရဲ့ဒေါသကိုသိတယ်မလား ဘာ​မှမပြောပေမဲ့ သူလဲ စိုးရိမ်နေတယ် ”

ဟို့ယွိဟောင်အနေနဲ့လဲ ခရီးစဥ်က ပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာ စဥ်းစားထားပြီသားပါ။ ဒါကြောင့် သူခေါင်းညိတ်လိုက်တယ်။

” ငါဘာကြောင့် ဒီလိုလုပ်ခဲ့ရလဲဆိုတာ ထူးခြားတဲ့ အကြောင်းအရင်းရှိတယ်..ငါပြောပြမယ်ဆိုရင် သူတို့နားလည်မှာပါ ”

သူတ်ို့နှစ်ယောက်စကာားပြောနေကြရင်း ဆရာတွေရဲ့ရုံးခန်းရှိရာနေရာကို ရောက်လာပါတော့တယ်။ အပြင်နယ်မြေရဲ့ ကျောင်းဆရာတွေအားလုံးက ကျောင်းရုံးခန်းဆောင်တွေရှိတဲ့နယ်မြေမှာသာ နေထိုင်ကြတယ်။ အောက်ဖက်အဆောင်တွေကတော့ ရုံးခန်းတွေဖြစ်ပြီ အပေါ်ထပ်တွေကတော့ ဆရာတွေရဲ့အိမ်ပါ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကတော့ ကျိုးယိရဲ့အိမ်ကို ဘယ်တုန်းကမှ မရောက်ဖူးပါဘူး။ ဒါကြောင့် သူတို့လဲ ရုံးခန်းမှာသာ ကမ်းစမ်းရပါတော့တယ်။ သူတို့ကံကမဆိုးခဲ့ပါဘူး။ ကျိုးယ်ိရဲ့အခန်းက မီးလင်းနေဆဲဖြစ်ပါတယ်။ ကျိုးယိရဲ့ အခန်းတံခါးမရောက်ခင်အချိန်မှာ ကျိုးယိအော်ဟစ်နေတဲ့အသံကို ကြားလိုက်ရတယ်။

” ဖန်းယွီ နင်ဘာတွေပြောနေတာလဲ အဲ့ဒီကောင်စုတ်လေး ဟို့ယွိဟောင်ဘာလုပ်ချင်တယ်လို့ နင်ပြောခဲ့တာလဲ ငါတို့တွေ သူလေ့ကျင့်နိုင်ဖို့အတွက် အကုန်လုပ်ပေးခဲ့တယ်… ဒါပေမယ့် ငါတို့ကိုလိမ်ပြီ ထွက်ပြေးသွားတယ်..အခုအချိန်ထိလဲ ပြန်မရောက်သေးဘူး..ဘာကြောင့် လိမ်တယ်လို့ထင်လဲ ဆရာတစ်ယောက်က သူ့ကို ၀ိညာဥ်စက်ကွင်းတစ်ကွင်းရအောင် မကူညီပေးနိုင်ဘူးလို့ထင်နေတာလား သူအမှားလုပ်တယ်လို့ ငါမတွေးမိဘူး အရင်တုန်းက သူ့က်ို အလုပ်ကြိုးစားတဲ့ကျောင်းသားလို့ ထင်ထားခဲ့မိတာ ဒီလိုမျိုးကျေးဇူးမသိတတ်တဲ့ကောင် ဖြစ်နေခဲ့မယ်လို့ မတွေးခဲ့မိဘူး…ငါအရမ်းဒေါသထွက်တာပဲ ငါဒီကောင်ကိုတွေ့ရင် အရေခွံနွှာပြစ်မယ် ”

ကျိုးယိရဲ့ ဒီစကားတွေကိုကြားချိန်မှာ ဟို့ယွိဟောင်အနေနဲ့ အပြင်မှာတောင် တုန်ရီသွားခဲ့ပါတယ်။ ခေါင်းတွေတောင် ကြိမ်းလာခဲ့ပါပြီ။ ဒါကြောင့် ၀မ်သုန့်ကို တောင်းပန်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

၀မ်သုန့်ကလဲ သူ့ကိုပြန်ပြီး ပြုံးပြနေခဲ့တယ်။ ဒါပေမယ့် အပြုံးတော့မဟုတ်ခဲ့ပါဘူး။ မင်းကံတရားမင်းဘာမင်းရေးဆိုတဲ့ ပုံစံမျိုးသာဖြစ်နေခဲ့ပါတယ်။ ဘယ်သူကမင်းကို ရှိရှိသမျှလူတိုင်း ပတ်ပြီလိမ်ခ်ိုင်းလို့လဲ ဘယ်သူကမင်းကို နောက်ကျမှပြန်လာခိုင်းလို့လဲ ကိုယ်ထိုက်နဲ့ကိုယ်ကံပဲ။

နောက်ဆုံးမှာတော့ ဟို့ယွိဟောင်အနေနဲ့ ကျိုးယိရဲ့ရုံးခန်းထဲကို ဂရုတစိုက်နဲ့၀င်သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာ ဖန်းယွီရဲ့အသံက ထွက်ပေါ်လာခဲ့ပါပြီ။

” တော်ပြီ ဒေါသထွက်မနေနဲ့တော့ ငါရောမင်းလောက် မစိုးရိမ်ဘူးလို့ထင်နေတာလား ဒီလောက်ရှားပါးတဲ့ အမွေခံတပည့်သားကို နောက်ထပ်တွေ့ဖို့ လွယ်မယ်ထင်လား ယွိဟောင်က ချိုက်ထို့ထက်ပိုပြီးပါရမီရှိတယ်..ငါသူ့ကို ဘယ်လောက်မျှော်လင့်ထားလဲဆိုတာ မင်းသိလား အခုသူပျောက်သွားပြီ ငါက မင်းထက်တောင် ပိုပြီးစိုးရိမ်သေးတယ် ..ဒါပေမယ့် မင်းပြောတာတစ်ခုခုမမှန်ဘူး သူနဲ့နေလာတာ အချိန်အကြာကြီးရှိပြီ သူ့ကိုတော်တော်လေးနားလည်တယ်…အစီအစဥ်တွေအများကြီးကို လုပ်တတ်ပေမဲ့ အရမ်းကိုနူးညံ့ပြီ ခိုင်မာတဲ့သူတစ်ယောက်ပဲ မိုက်မဲတဲ့ကိစ္စမျိုးလုပ်မှာမဟုတ်ဘူး ငါတို့ကို လိမ်ပြီဒီလိုတစ်ယောက်ထဲသွားမှာတော့ သေချာပေါက် အကြောင်းအရင်းတစ်ခုရှိလိမ့်မယ်..အခုသူပြန်လာတာကိုပဲ စောင့်ရမယ်…ဒါဆိုရင် သူက သေချာပေါက် ရှင်းပြချက်ပေးမှာပါ ”

ကျိုးယိက ပြန်ပြောလိုက်တယ်။

” သူနောက်ကျနေပြီပဲလေ ပြန်လာတော့ကော် ဘာအသုံး၀င်မှာလဲ ထုတ်ပယ်ခံရတော့မယ်မလား ”

” အဲ့ဒီလိုဖြစ်မှာမဟုတ်ဘူး အကျိုးအကြောင်းသာ ခိုင်ခိုင်လုံလုံရှိနေမယ်ဆိုရင် သူက ငါတို့ကျောင်းတော်ရဲ့အဓိကအတွင်းတပည့်သားဆိုတာကို ထုတ်ဖော်ပြသပြီ ကျောင်းတော်ထဲမှာ ဆက်နေခွင့်ပြုလို့ရတယ်..ဒါ့အပြင် မင်းတို့ဌာနရဲ့ အဓိကတပည့်သားအဖြစ် ပေးအပ်တဲ့အခွင့်အရေးတွေကလဲ ကုန်ဆုံးတော့မှာမဟုတ်လား သူ့အနေနဲ့ ဒီလောက်စာမေးပွဲမှာ ကြိုးစားခဲ့ရတဲ့ အကျိုးရလဒ်တွေကို လက်ရှိအချိန်မှာ ပြန်ပြီးရုတ်သိမ်းခံရလို့မဖြစ်ဘူးလေ ဒီလိုဖြစ်မှတော့ ငါတို့အနေနဲ့လဲ အဓိကအတွင်းတပည့်သားကိစ္စကို ဖော်ထုတ်လိုက်ရုံပေါ့ ဒါ့အပြင် ကျောင်းအုပ်ချင်းကလဲ ငါတို့ရဲ့လှည့်ကွက်ထဲရောက်နေပြီလေ ”

ဟို့ယွိဟောင်အနေနဲ့ ဒီခင်ပွန်းသည်နဲ့ ဇနီးသည်ပြောတာကိုကြားရင်း အတော်လေးစိတ်လှုပ်ရှားသွားပါတော့တယ်။ ဆရာနှစ်ယောက်ကို လိမ်ညာခဲ့ပေမဲ့ သူတို့က အရမ်းကိုစိုးရိမ်နေခဲ့ကြတာပါ။ နှလုံးသားထဲမှာတော့ စိုးရိမ်ပူပန်းမှုက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတော့တယ်။ ချက်ချင်းပြေးပြီ အမှန်ကိုတောင်ပြောချင်နေပါပြီ။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက သူ့စိတ်ထဲမှာထွက်ပေါ်လာပါတော့တယ်။

” အကယ်၍ မင်းအနေနဲ့ စမ်းသပ်ခံ၀က်တစ်ကောင်မဖြစ်ချင်ဘူးဆိုရင် ပါးစပ်ကိုပိတ်ထားလိုက် ”

ဟို့ယွိဟောင်အနေနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့စကားကို ကြာပြီမှသာ သတိပြန်၀င်လာပါတော့တယ်။ အမှန်ပါပဲ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားကို ပြောလို့မရပါဘူး။ နှစ်တစ်သန်း၀ိညာဥ်သားရဲကောင်အပြင် မြောက်၀င်ရိုးစွန်းရဲ့ ဧကရီတစ်ပါးက သူ့ခန္ဓာကိုယ်ထဲမှာရှိနေခဲ့ပြီ အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းဖြစ်နေခဲ့ပါတယ်။ ဒါက ကြောက်စရာကောင်းတာထက်ကို ပိုနေခဲ့တယ်။ အံကြိတ်ရင်း ဟို့ယွိဟောင်က ကျိုးယိရဲ့ရုံးခန်းတံခါးဆီကို ရောက်သွားခဲ့ပါပြီ။

ကျိုးယိရဲ့ရုံးခန်းတံခါးက ပိတ်မထားခဲ့ပါဘူး။ လက်ရှိအချိန် ဆရာတွေရဲ့ရုံးခန်းပတ်ပတ်လည်မှာ ဘယ်သူမှမရှိတာကြောင့် ဟို့ယွိဟောင်လဲ အချိန်ကိုက်ခေါင်းတိုးပြီ သနားစရာမျက်နှာငယ်လေးနဲ့ ထွက်ပေါ်လာပါတော့တယ်။

လက်ရှိအချိန်မှာ ကျိုးယိက မျက်နှာဖုံးမစွပ်ထားပါဘူး။ သူမရဲ့ လှပတဲ့မျက်နှာက ဒေါသတကြီးနဲ့ တောက်ပလို့နေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန် သူမက ဖန်းယွီရဲ့ ပေါင်ပေါ်မှာထိုင်နေခဲ့ပြီ လက်တွေကတော့ ဖန်းယွီရဲ့လည်ပင်းကို ဖက်ထားခဲ့တယ်။ ဒါ့အပြင် ဖန်းယွီရဲ့ လက်မောင်းတွေကတော့ သူမရဲ့ခါးကိုရစ်ပတ်ထားခဲ့တာပါ။

” အဟွတ်အဟွတ် ဆရာ ဆရာကျိုးရေ ကျွန်တော်ပြန်လာပြီ ”

ဟို့ယွိဟောင် ရုတ်တရက်ပေါ်လာတဲ့အတွက် ဖန်းယွီနဲ့ ကျိုးယိနှစ်ယောက်စလုံး မျက်နှာပြူးသွားပါတော့တယ်။ ကျိုးယိအနေနဲ့ ချက်ချင်းဆိုသလို ခုန်ထလိုက်မိတယ်။

၀မ်သုန့်ကတော့ ဒီမြင်ကွင်းကိုမြင်ချိန်မှာ ပိုလို့တောင် လန့်သွားခဲ့ရပါတယ်။ ကျိုးယိရဲ့မျက်နှာဖုံးစွပ်ထားတဲ့အကြောင်းကို ဟို့ယွိဟောင်ဆီကနေ ကြားဖူးပေမဲ့ တကယ်ရုပ်သွင်အစစ်အမှန်ကို မြင်ဖူးတာတော့ ပထမဆုံးအကြိမ်ပါ။ ဒါ့အပြင် ဒီလိုဖြစ်သွားတဲ့အခြေအနေမှာ သူမကိုယ်သူမ မဖုံးကွယ်ထားခဲ့ပါဘူး။

” ဟို့ယွိဟောင် နင်ပြန်လာဖို့သိသေးတယ်ပေါ့ ”

ကျိုးယိက ဒေါသတကြီးနဲ့ ပြေးထွက်လာပါတော့တယ်။

ဟို့ယွိဟောင်အနေနဲ့ အတော်ကို ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သတိလစ်သွားတဲ့ ၀မ်သုန့်က ရုတ်တရက်ပြောလိုက်မိလို့ပါ။

” ဆရာကျိုး ဆရာကျိုးက အရမ်းလှတာပဲ ”

ခြိမ်းခြောက်မှုအပြည့်နဲ့ကျိုးယိက တခဏတာ မျက်လုံးပြူးသွားခဲ့ပါတယ်။ ချက်ချင်းဆိုသလို သူမရဲ့မျက်လုံးထဲမှာ ဒေါသတွေက သုံးဆယ့်ရာခိုင်နှုန်းလောက်အထိကို ပျောက်သွားပါတော့တယ်။ ခြေလှမ်းတွေကို ရပ်တန့်လိုက်ရင်း ဟို့ယွိဟောင်ကိုသာ စိုက်ကြည့်ပြီ ပြောတော့တယ်။

” ငါနောက်ကိုလိုက်ခဲ့ တံခါးကိုပိတ် ”

ဒီတစ်ကြိမ်မှာတော့ ကျိုးယိအနေနဲ့ သူမရဲ့အဘွားကြီးမျက်နှာဖုံးကို ဘာကြောင့်အမြဲတမ်းထိန်းသိမ်းထားရလဲဆိုတာ နားလည်လို့သွားခဲ့ပါပြီ။ သူမက လှပရုံတင်မက မျက်နှာရဲ့ရုပ်သွင်အစိတ်အပိုင်းတစ်ခုချင်းဆီက အရမ်းကို နူးညံ့ပြီ လက်နဲ့ထိရင်တောင် ကြွေသွားမလိုကြွေသားရုပ်သွင်အဖြစ်နဲ့ တောက်ပလို့နေခဲ့ပါတယ်။ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူမရဲ့ချောမောလှပတဲ့ ပုံစံက ကျောင်းသားတွေကို ထိတ်လန့်စေဖို့မဖြစ်နိုင်ပါဘူး။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် အလှလေးတစ်ယောက် ဒေါသထွက်ပြီခုန်ပေါက်နေတယ်လို့သာ ထင်ကြမှာပါ။

ဖန်းယွီကတော့ ထိုင်နေဆဲပါပဲ။ သူအရမ်းကို ချီးမွမ်းပြီသဘောကျရတဲ့ တပည့်သားကို စိတ်မဆိုးပဲနေနိုင်မှာလား။

ဟို့ယွိဟောင်ကတော့ ကျိုးယိရဲ့အခန်းထဲကို လိမ်လိမ်မာမာလေး ၀င်လာခဲ့ပါတယ်။ မျက်လွှာလေးချရင်း မျက်နှာငယ်လေးလဲ လုပ်ထားခဲ့တယ်။ တခြားတစ်ဖက်မှာ ၀မ်သုန့်ကတော့ တံခါးကိုပိတ်လိုက်ပါပြီ။

ဟို့ယွိဟောင်က ဖန်းယွီအနားကို လျှောက်လာရင်း ချက်ချင်းဒူးထောက်ချပါတယ်။

” ဆရာကျွန်တော်မှားသွားပါတယ် ”

နှလုံးသားတစ်ခုလုံး ဒေါသတွေရော စိုးရိမ်ပူပန်းမှုတွေနဲ့ပါ ပြည့်နှက်ရင်း ဖန်းယွီရဲ့စိတ်က လောင်မြိုက်နေခဲ့တာပါ။ ဟို့ယွိဟောင် နောက်ဆုံးမှာပြန်လာခဲ့ပါပြီ။ သူအရမ်းကို ဂုဏ်ယူခဲ့ရတဲ့ တပည့်သား စောင့်ဆိုင်းနေခဲ့ရတဲ့တပည့်သားက သူ့ကိုသေချာပေါက် ဖြေရှင်းချက်ပေးဖို့ လိုပါလိမ့်မယ်။

ဒါပေမယ့် ဟို့ယွိဟောင်က လောလောဆယ်မှာ ဖြေရှင်းချက်မပေးပဲ ဒူးထောက်နေရင်းနဲ့ တောင်းပန်နေခဲ့ပါတယ်။ ဒါကြောင့် ဖန်းယွီရဲ့မျက်နှာပေါ်က အကြောတွေလဲ လျော့သွားခဲ့ရတယ်။

ဆရာတစ်ယောက်အနေနဲ့ သူတို့နှစ်သက်ပြီ အလေးထားရတဲ့ကျောင်းသားနဲ့ ပတ်သက်လာရင်း အတော်ကို ဘက်လိုက်တတ်တဲ့ သဘောတရားကအမှန်ပါပဲ။ ကျိုးယိနဲ့ ဖန်းယွီနှစ်ယောက်စလုံးကလဲ လုံး၀ကို ချွင်းချက်မရှိခဲ့ပါဘူး။ ကျိုးယိက ကျောင်းသားတွေအပေါ်မှာ တင်းကြပ်တဲ့သူဖြစ်ပေမဲ့ ဖန်းယွီရှိနေမယ်ဆိုရင်တော့ စကားတစ်ခွန်းမှမပြောပါဘူး။ အဲ့ဒီအစား ဖန်းယွီရဲ့အနောက်မှသာ ရပ်နေရင်း သူ့ယောကျ်ားကိုသာ ဦးစားပေးထားခဲ့ပါတယ်။

” ဘာကြောင့်များလဲ ”

ဖန်းယွီက မေးလာခဲ့တယ်။

ဟို့ယွိဟောင်က ခေါင်းမော့ရင်း အပြင်မကင်းတဲ့စိတ်အပြည့်နဲ့ ပြောလာခဲ့ပါတယ်။

” ဆရာကျွန်တော်တကယ်ကို မှားယွင်းသွားခဲ့ပါတယ်…ဆရာနဲ့ ဆရာကျိုးကို မလိမ်ညာသင့်ပါဘူး..ဒါပေမယ့် ဆရာတို့စိုးရိမ်မှာကို ကျွန်တော်တကယ်ထိတ်လန့်မိလို့ပါ ဒါကြောင့်သာ ကျွန်တော်ထွက်မသွားခင် အလိမ်အညာတစ်ခုကို ပြောခဲ့ရပါတယ်…ဘာကြောင့်လဲဆိုတော့ ကျွန်တော်ထွက်သွားပြီတဲ့အချိန်မှာ ပြန်လာနိုင်မလားဆိုတာ မသေချာလို့ပါပဲ ”

တောင်းပန်ဖို့အတွက် နည်းလမ်းမျိုးစုံကို သူဆက်တိုက်စဥ်းစားခဲ့ပြီသားပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အကူအညီနဲ့ သူ့ရဲ့အကြောင်းပြချက်မှာ လုံး၀ဟာကွက်မရှိအောင် အပြည့်အ၀ ဇာတ်တိုက်လို့ထားခဲ့ပါတယ်။ ဒီလိုမျိုး နောင်တရစိတ်အပြည့်နဲ့ သနားစရာလေသံက လုံး၀ကို အမှားမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူကိုယ်တိုင်လဲ အမှန်တရားကို ပြောမထွက်နိုင်တာကြောင့် အသေအချာလေး လေ့ကျင့်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ သူကိုယ်တိုင်ရော သူ့ရဲ့ဆရာနှစ်ယောက်အတွက်ပါ အမှန်တရားကို ပြောတာက ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး။

ဟို့ယွိဟောင်ရဲ့စကားကိုကြားပြီချိန်မှာ ဖန်းယွီ ကျိုးယိနဲ့ ၀မ်သုန့်တို့ရဲ့ စိတ်၀င်စားမှုကလဲ မြင့်တက်လို့လာပါတော့တယ်။

ကျိုးယိက ရုတ်တရက်မေးလာခဲ့တယ်။

” ကျောင်းတော်အနေနဲ့ မင်းကို မကူညီပေးနိုင်တဲ့ကိစ္စရှိလို့လား ဒီကိစ္စကိုမင်းကိုယ်တိုင်သွားပြီ ဖြေရှင်းဖို့လိုလို့လား အကယ်၍ ငါတို့ကိုသာ အမှန်တရားပြောပြမယ်ဆိုရင် ငါတို့လဲ ကူညီပေးမှာပေါ့ ”

ဟို့ယွိဟောင်က ခေါင်းသာခါလိုက်ပါတယ်။

” ဆရာတို့ ကျွန်တော်ကို ကူညီနိုင်မှာမဟုတ်ဘူး ပြဿနာက ကျွန်တော်ရဲ့ သိုင်းပညာ၀ိညာဥ်မှာ ဖြစ်နေခဲ့တာ ဆရာကျိုး မှတ်မိလားမသိ ဆရာ၀မ်ရဲ့အတန်းထဲမှာ ၀ိညာဥ်ပညာရှင်တွေအတွက် ကြောက်စရာအကောင်းဆုံးအရာက သိုင်းပညာ၀ိညာဥ် ပျက်စီးပြိုကွဲတာလို့ ပြောခဲ့ဖူးတယ်ဟုတ် ”

” ဘာဖြစ်တယ် မင်းရဲ့သိုင်းပညာ၀ိညာဥ်က ”

ကျိုးယိအထိတ်တလန့်နဲ့ ပြန်မေးလာပါတော့တယ်။

” ကျောင်းရဲ့စာသင်နှစ်ပြီးတော့မဲ့အချိန်မှာ ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်ပြဿနာ ဖြစ်လာတာကို သတိပြုမိပါတယ် ..ကျွန်တော်ရဲ့စိတ်၀ိညာဥ်မျက်လုံးကို သုံးချိန်မှာ တစ်ချက်တစ်ချက် သတိလစ်သွားခဲ့ပြီ အက်ကွဲတော့မလို နာကျင်မှုတွေကို စတင်ခံစားရတယ်..အဲ့ဒီအချိန်ကစလို့ ဆရာ၀မ်ပြောခဲ့တဲ့ စကားတွေကို စပြီတွေးမိတာပဲ သိုင်းပညာ၀ိညာဥ်တစ်ခုမှာ လုံလောက်တဲ့ ပါရမီမရှိဘူးဆိုရင် အတွင်းပါရမီလဲ နုံနည်းနေလို့ကတော့ အတင်းအကြပ်ဖိအားပေးပြီ ကျင့်ကြံရင်းနဲ့ ပျက်စီးသွားနိုင်ချေရှိတယ်..ဒါ့အပြင် ပျက်စီးသွားတဲ့ သိုင်းပညာ၀ိညာဥ်က ၀ိညာဥ်ပညာရှင်တစ်ယောက်အတွက် ကပ်ဆိုက်စေနိုင်တယ်..ကံကောင်းတယ်ဆိုရင် စွမ်းအားအကုန်လုံးဆုံးရှုံးရုံသာဖြစ်ပေမဲ့ ကံဆိုးတယ်ဆိုရင်တော့ အသက်ပါအန္တရာယ်ရှိနိုင်တယ် ”

ဒါကိုကြားချိန်မှာ ဖန်းယွီရဲ့ အမူအရာတောင် ပြောင်းလဲလို့သွားခဲ့ပါပြီ။ အကယ်၍ ဟို့ယွိဟောင်ရဲ့ သိုင်းပညာ၀ိညာဥ်ကသာ တကယ်ပဲ အက်ကွဲသွားခဲ့တယ်ဆိုရင် ဘယ်အရာကမှ သူ့ကိုကယ်နိုင်မှာမဟုတ်နိုင်ပါဘူး။ သော့်လော့တွေတောင်မှ ဘာမှမလုပ်နိုင်မှာ အသေအချာပါပဲ။ သိုင်းပညာ၀ိညာဥ်တွေက ပညာရှင်တွေရဲ့ အဓိကအချက်အခြာတွေ ဖြစ်နေခဲ့ပါတယ်။ ပြဿနာသာ အဲ့ဒီမှာဖြစ်လာခဲ့မယ်ဆိုရင် ကောင်းကင်ရတနာတွေတောင် ကုသနိုင်မှာ မဟုတ်တာအမှန်ပါပဲ။ ဒါက သေမိန့်ပေးလိုက်တာနဲ့ လုံး၀ကို တူညီနေခဲ့တယ်။

” ယွိဟောင် ဒါဆိုမင်း ”

ဖန်းယွီအနေနဲ့ ဘယ်လိုမှကို ဒေါသမထွက်နိုင်တော့ပါဘူး။ သူအရမ်းကို စိုးရိမ်နေခဲ့ပါပြီ။ ကျိုးယိက ပြောလာခဲ့ပါတယ်။

” သူဒီနေရာမှာ လာဒူးထောက်နေပြီဆ်ိုမှတော့ ဘာမှမဖြစ်လို့ပဲပေါ့ ယွိဟောင် ဆက်ပြော ”

” ကျောင်းရဲ့စာသင်နှစ် ပြီးခါနီးရက်ပိုင်းတွေမှာ အဲ့ဒီခံစားချက်က ပိုပြီးရှင်းရှင်းလင်းလင်းသိလာခဲ့ပါတယ်…ဒါကြောင့် ကျွန်တော်လဲ ပိုပြီး ကြောက်လန့်လာခဲ့တယ်..ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်သာ အက်ကွဲသွားခဲ့မယ်ဆိုရင် ကျွန်တော်အနေနဲ့ ဆရာတို့နှစ်ယောက်ရှေ့မှာ ဆက်ပြီတော့ ရှင်သန်နိုင်ဖို့လွယ်မှာမဟုတ်ဘူး..ဒါ့အပြင် ကျွန်တော်သေသေချာချာစဥ်းစားခဲ့တယ်..ဆရာတို့ကို ဒီကိစ္စမပြောပြတော့ဘူး..အကယ်၍ ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်ကသာ တကယ်အက်ကွဲသွားခဲ့မယ်ဆိုရင် ဒီကိစ္စကိုပြောနေလဲ အသုံးမ၀င်တော့ဘူးလေ မအက်ကွဲခဲ့ဘူးဆိုရင်တော့ ကျွန်တော်သေချာပေါက် ပြန်လာရမှာပေါ့ ဒါကြောင့် အားလုံးကို လိမ်ညာခဲ့ရတာပဲ ကျွန်တော်အတွက်လဲ မစိုးရိမ်စေချင်လို့ပါ ”

အပိုင်း ၄၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset