Switch Mode

Chapter – 45.1

မင်း အသက်ရှင်နေသေးတယ်လား

အပိုင်း ၄၅•၁

” မင်းအသက်ရှင်နေသေးတယ်လား ”
°°°
ကျိုးယိနဲ့ ၀မ်သုန့်တို့ရဲ့ကြားမှာ နားလည်မှုက ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ကျိုးယိဘေးမှာရှိနေတဲ့ ကျောင်းသားတွေအားလုံးကလဲ တအံ့တဩရပ်ကြည့်နေခဲ့ပါပြီ။ ဘာတွေဖြစ်နေမှန်း သူတို့မသိပါဘူး။

ကျိုးယိက သူတို့ကို လက်ဝှေ့ရမ်းပြလိုက်ပါတော့တယ်။

” မင်းတို့သွားပြီ အရင်ဆုံးပြင်ဆင်ထားလိုက်”

” ဟုတ်ကဲ့ပါဆရာ ”

ကျောင်းသားတွေအားလုံးကလဲ ဖြစ်နေကြတဲ့ကိစ္စကို သိချင်ကြပေမဲ့ သူတို့လဲမနေ၀ံ့ပါဘူး။ ဒါကြောင့် ရုံးခန်းထဲကနေ အမြန်ဆုံးထွက်ခွာသွားရင် တံခါးကိုလဲ ပိတ်ထားခဲ့ပါတယ်။

၀မ်သုန့်က စိတ်မရှည်လက်မရှည်နဲ့ ပြောသွားခဲ့တယ်။

” ဆရာကျိုး ဟို့ယွိဟောင်က ပြန်မလာသေးဘူးလား အကယ်၍ ဆရာတောင်သူ့ကို မမြင်ခဲ့ဖူးသေးဘူးဆိုရင် ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်မှာ ကျွန်တော်တို့ သွားမေးကြမလား ”

ကျိုးယိက မျက်မှောင်ကြုတ်သွားရင်း ဒေါသထွက်လာပါတော့တယ်။

” မလိုဘူး ငါအဲ့ဒီကို သွားမေးပြီးပြီ အဲ့ဒီဟို့ယွိဟောင် ဘာတွေများ လုပ်နေတာလဲ သူပြောတာတော့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်မှာ ဆရာတွေကသူ့ကို ၀ိညာဥ်စက်ကွင်းရအောင် ကူညီပေးဖို့အတွက် လုပ်ပေးမှာတဲ့ ဒါပေမယ့် ငါဖန်းယွီကို မေးတော့ကြလဲ သိုင်းပညာ၀ိညာဥ်ကျောင်းတော်ကဆရာတွေ ကူညီပေးမယ်လို့ပြောတယ်..သူက နှစ်ဖက်စလုံးကို လိမ်နေတာပဲမဟုတ်ဘူးလား အဆုံးသတ်မှာ သူနဲ့ဘယ်သူမှအတူတူ လိုက်မသွားဘူး..ဒီကလေး မဟာကြယ်တာရာသစ်တောထဲကို တစ်ယောက်ထဲ၀င်ပြန်ပြီးလား ”

ဒီစကားကိုကြားပြီချိန်မှာ ၀မ်သုန့်အနေနဲ့ ပိုပြီး စိုးရိမ်ပူပန်းလာပါတော့တယ်။

” လုံး၀မဖြစ်နိုင်ဘူးလေ သူ့မှာတိုက်ခိုက်ရေးစွမ်းရည်မှ မရှိတာ ဒီလောကကြီးထဲမှာရှိတဲ့ ၀ိညာဥ်သားရဲကောင်တွေကို သူဘယ်လိုလုပ်သွားပြီ အမဲလိုက်လို့ရမှာလဲ အန္တရာယ်များလိုက်တာ မဖြစ်ဘူး ဒီကောင်ဘာဖြစ်လို့ အဲ့ဒီလောက် တုံးရတာလဲ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ခွဲခွာတဲ့အချိန်မှာ သူ့ပုံစံက ပုံမှန်ပဲလေ ”

ကျိုးယိက ခပ်တိုးတိုးပြောလာခဲ့ပါတယ်။

” သူငါတို့ဆီက ဖုံးကွယ်ထားတာရှိနေတယ်…ဒီလိုလုပ်ကြရအောင် အတန်းကြီးတွေရဲ့ အခန်းကိုသွားပြီ ပေ့ပေ့နဲ့ ထန်ယာ့ကိုခေါ်လိုက် ဒီကိုလာခိုင်း အကယ်၍ သူတို့လဲ မရှိဘူးဆိုရင်တော့ သူတို့နဲ့ဆိုင်နေလိမ့်မယ်…ဟို့ယွိဟောင်က ထန်မျိုးနွယ်က သူပဲလေ အဲ့ဒီတော့ ဖြစ်လာမဲ့ကိစ္စကို သူတို့သိကောင်းသိမှာပဲ အကယ်၍ ထန်ယာ့နဲ့ ပေ့ပေ့နှစ်ယောက်သာ သူနဲ့လိုက်သွားမယ်ဆိုရင် ရှင်းပြနိုင်တဲ့ကိစ္စဟုတ်ပါသေးတယ် ”

” ဟုတ်ကဲ့ပါဆရာ ”

၀မ်သုန့်လဲ လှည့်ထွက်သွားပါတော့တယ်။ ပေ့ပေ့နဲ့ ထန်ယာ့တို့ ပြန်မရောက်သေးပဲ ဟို့ယွိဟောင်နဲ့လိုက်သွားပါစေလို့ သူဆုတောင်းနေခဲ့မိတယ်။

ဒါပေမယ့် အမှန်တရားကတော့ မပြောင်းလဲခဲ့ပါဘူး။ မိနစ်ပိုင်းအတွင်းမှာပဲ ပေ့ပေ့နဲ့ ထန်ယာ့တို့က ကျိုးယိရဲ့ရုံးခန်းထဲ ရောက်လာပါတော့တယ်။ သူတို့ရောက်လာခဲ့ပြီ တကယ်ပဲကျောင်းကို ပြန်ရောက်နေကြပါပြီ။

ဟို့ယွိဟောင် ပြန်မရောက်သေးတာကို ကြားချိန်မှာတော့ သူတို့လန့်သွားပါတော့တယ်။ ပေ့ပေ့က ပြောလာခဲ့တယ်။

” ဆရာကျိုး ကျွန်တော်တို့ရဲ့ ညီလေးက နောက်ဆုံးတွေ့တဲ့အချိန်အထိ အဆင်ပြေပါသေးတယ် ..၀ိညာဥ်သားရဲကောင်တစ်ကောင်ကို သူတစ်ယောက်ထဲသွားပြီ အမဲလိုက်တာမျိုးတော့ မဖြစ်နိုင်ဘူးလေ ပထမဆုံးအကြိမ် သူ၀ိညာဥ်သားရဲကောင်ကိုသတ်တာ ကျွန်တော်တို့မြင်ဖူးပေမဲ့ သူကိုယ်တိုင်လဲ ဒဏ်ရာရသွားခဲ့တယ်…ဒါ့အပြင် သူသတ်လိုက်တဲ့၀ိညာဥ်သားရဲကောင်က ဆယ့်နှစ်သက်တမ်းရှိတဲ့၀ိညာဥ်သားရဲကောင်ပဲ ဒီတစ်ကြိမ်မှာ သူဒုတိယမြောက်၀ိညာဥ်စက်ကွင်းကိုရှာရမှာ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ဆိုရင် အဆင့်နှိမ့်၀ိညာဥ်လက်နက်ရှိပြီ ကျွန်တော်တို့ထန်မျိုးနွယ်ရဲ့ သိုင်းပညာတွေကို တတ်ကျွမ်းနေရင်တောင်မှ နှစ်တစ်ရာသားရဲကောင်ကိုသတ်ဖို့အတွက် အရမ်းကို ခက်ခဲလိမ့်မယ်…သူ့ရဲ့ကျင့်ကြံဆင့်က နှိမ့်လွန်နေတယ်လေ ကျွန်တော်တို့ညီလေးက ဒီလောက်တောင်ထက်မြက်တာကို ဘယ်လိုများ တုံးအမိုက်မဲတဲ့ကိစ္စတွေ လုပ်မှာလဲ ”

သူတို့တွေ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း မေးခွန်းထုတ်နေခဲ့မိပါတယ်။ ဘယ်လိုပဲတွေးတောပါစေ ဟို့ယွိဟောင် လိမ်ညာသွားတဲ့ကိစ္စကို နားမလည်နိုင်ပါဘူး။

သူပြန်မရောက်လာသေးတာကြောင့် အကုန်လုံးလဲ လန့်နေကြပါတယ်။ ကျိုးယိကိုယ်တိုင်တောင်မှ အတော်လေး စိတ်ဖိစီးနေခဲ့တယ်။ ဖန်းယွီကတော့ သူ့ထက်တောင်ပိုပြီး စိတ်ဖိစီးနေခဲ့တာပါ။ ဒီလောက်အထိ ၀ိညာဥ်လက်နက်ဖန်တီးရေအတတ်ပညာမှာ ပါရမီရှိတဲ့ ကျောင်းသားကောင်းကိုတွေ့ဖို့ဆိုတာ သူ့အတွက်တော့ အရမ်းခက်ခဲတဲ့ကိစ္စပါပဲ။ ဒါ့အပြင် သူကိုယ်တိုင်းကလဲ နောက်ကွယ်မှာ အစီအစဥ်ကြီးကို စီစဥ်လို့ထားခဲ့တယ်။ သူမစိုးရိမ်ဘူးဆိုမှ ထူးဆန်းနေခဲ့မှာပါ။ တခြားသူတွေလိုပဲ ဟို့ယွိဟောင်ဘာတွေလုပ်နေမှန်း သူလဲမသိပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ကို သူနားလည်သလောက်အရဆိုရင် သူကလုံး၀ကို ယုံကြည်အားကိုးလို့ရပြီ ကျိုးကြောင်းဆီလှော်အောင် လုပ်တတ်တဲ့သူပါ။ ရွေးချယ်စရာမရှိတာကြောင့်သာ အဲ့ဒီလိုလုပ်တာမျိုး ဖြစ်ပါလိမ့်မယ်။

ဟို့ယွိဟောင်နဲ့ အနီးကပ်မှာ နေဖူးတဲ့သူတိုင်း ကိုယ်ပိုင်အတွေးတွေ ရှိကြပါတယ်။ တချို့သူတွေက ဒေါသထွက်နေကြပြီ တချို့လူတွေက အရမ်းကို စိတ်ပူနေကြတယ်။ တချို့ကတော့ ပဟေဠိဖြစ်နေကြဆဲပါ။ ဘယ်သူကမှ ဘာတွေဖြစ်နေလဲဆိုတာကို မတွေးတောနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အချိန်ကတော့ ဘယ်သူအတွက်မှ မရပ်တန့်ခဲ့ပဲ မျက်တောင်တစ်ခတ်အတွင်းမှာ ဒုတိယရက်က ကုန်ဆုံးလို့သွားခဲ့ပါပြီ။ နောက်ဆုံးမှာတော့ အတန်းပေါင်းစုံက ကျောင်းသားတွေအားလုံး နာမည်စာရင်းပေးတဲ့အချိန်ကို ရောက်လာပါတော့တယ်။ ၀င်ခွင့်စာမေးပွဲကြီးကလဲ အဆုံးသတ်သွားပြီဖြစ်သလို ကျောင်းသားသစ်တွေကလဲ ကျောင်းထဲကို ရောက်နေခဲ့ပါပြီ။ တခြားနှစ်ရဲ့ကျောင်းသားတွေအနေနဲ့ကတော့ လာမဲ့စာမေးပွဲကို စောင့်ဆိုင်းနေခဲ့ကြတာပါ။

ကျောင်းသားတွေရဲ့ နာမည်စာရင်းသွင်းတဲ့အချိန်ကာလက မနက်မှာစတင်ပြီ နေ့လည်အထိ လက်ခံပါတယ်။ ၀မ်သုန့်ကတော့ စာရင်းသွင်းတာ ပြီးဆုံးသွားခဲ့ပါပြီ။ ကျောင်းရဲ့၀င်ပေါက်မှာ ဆက်တိုက်ဆိုသလို မတ်တပ်ရပ်နေရင်း သူလူတစ်ယောက်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ဘာဖြစ်လို့ပြန်မလာသေးတာလဲ သူဘာဖြစ်လို့ ပြန်မလာသေးရတာလဲ ကျောင်းတော်ရဲ့စည်းမျဥ်းစည်းကမ်းတွေက အရမ်းကို တင်းကြပ်ပါတယ်။ အကယ်၍ အချိန်မီသာ စာရင်းမသွင်းဘူးဆိုရင် ကျောင်းတော်ကနေ ထွက်ခွာရမှာပါ။ ကောင်းကင်က ဖြည်းဖြည်းချင်း မှောင်မိုက်လို့လာခဲ့ပေမဲ့ သူက ပြန်မလာသေးပါဘူး။

၀မ်သုန့်ရဲ့အကြည့်တွေက စိတ်လွှတ်နေတဲ့လူတစ်ယောက်လို တွေဝေနေခဲ့ပါတယ်။ သူက ဒီနှစ်မှာ ဆယ့်နှစ်နှစ်ပြည့်မှာပါ။ ဟို့ယွိဟောင်ထက် လပိုင်းလောက်ငယ်ပါတယ်။ သူ့ရဲ့ဆယ့်နှစ်နှစ်သက်တမ်းတစ်လျှောက်လုံးမှာ လူတစ်ယောက်အကြောင်း ဒီလိုထိတွေ့ဖူးတာ ပထမဆုံးအကြိမ်ပါပဲ။ မတ်တပ်ရပ်ရတာ အချိန်ကြာလွန်လို့ ခြေထောက်တွေတောင် ထုံနေပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ တစ်နှစ်တာလုံးလုံး အတူတူ သင်ကြားလေ့ကျင့်ခဲ့ရတဲ့ မြင်ကွင်းတွေနဲ့မှတ်ဉာဏ်တွေက သူ့စိတ်ထဲမှာ ဆက်တိုက်ဆိုသလို ၀င်ရောက်နေခဲ့ပါတယ်။ သူတို့တွေက အတန်းထဲမှာအတူတူသွားကြပြီ ညဘက်ဆိုရင် အတူတူလေ့ကျင့်ကြပါတယ်။ ဒါ့အပြင် စာမေးပွဲမှာလဲ သေမတူရှင်မကွာတိုက်ခိုက်ကြပြီ စာမေးပွဲရဲ့ချန်ပီယံတွေ ဖြစ်လာခဲ့ကြတယ်။ ငါးကင်တွေအတူတူစားပြီ ကျောင်းတော်ရဲ့ နောက်ဆုံးဆယ့်တစ်လသင်ကြားမှုကို ဖြတ်သန်းခဲ့ကြပါတယ်။ ငါတောင်ပြန်ရောက်နေပြီ မင်းက ဘယ်မှာလဲ ကောင်းကင်ကြီးက မှောင်မည်းလို့နေသလို နေရောင်ကလဲ ခပ်ဖျော့ဖျော့သာကျန်ပါတော့တယ်။ နေရောင်က အရမ်းကို လှလှပပနဲ့ နေ၀င်ဆည်ဆာချိန်မှာ တောက်ပနေပေမဲ့ ၀မ်သုန့်ရဲ့နှလုံးသားထဲက စိုးရိမ်ပူပန်းမှုကိုတော့ မဖယ်​ပျောက်နိုင်ခဲ့ပါဘူး။ သူနောက်ကျနေပြီ စာရင်းသွင်းတဲ့အချိန်ကိုတောင် ကျော်လွန်သွားပြီအချိန်မီတော့မှာ မဟုတ်ဘူး အချိန်မီတော့မှာမဟုတ်ဘူး။

ပေ့ပေ့ ထန်ယာ့ ရှောင်းရှောင်းတို့ကလဲ ကျောင်း၀င်ပေါက်မှာ လာစောင့်ကြပါတယ်။ သူတို့ရဲ့မျက်နှာ အမူအရာတွေကလဲ မှောက်မိုက်နေတဲ့ကောင်းကင်လိုမျိုး မကြည်မသာဖြစ်နေခဲ့တယ်။

၀မ်သုန့်အနေနဲ့ သူအခန်းကို ဘယ်လိုပြန်ရမလဲတောင် မသိပါဘူး။ သူပြန်ရောက်တဲ့အချိန်မှာ အပြင်ကောင်းကင်ကြီးတစ်ခုလုံးက မှောက်မိုက်လို့နေပါတော့တယ်။ အဆုံးသတ်မှာတော့ ဟို့ယွိဟောင်က လုံး၀ကို ပြန်မရောက်လာသေးပါဘူး။ ၀မ်သုန့်အနေနဲ့ သူ့ကိုအပြစ်မတင်နိုင်ပဲ ဖြစ်နေခဲ့ပါတယ်။ မင်းသာအသက်ရှင်လျက် ရှိနေသရွေ့ အရာအားလုံးက အဆင်ပြေတယ်။

သူအကြောက်ဆုံးအရာကတော့ မဟာကြယ်တာရာသစ်တောထဲမှာ ဟို့ယွိဟောင်သေသွားမှာကိုပါပဲ။ အဲ့ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် အလောင်းကောက်ဖို့တောင် ရှိမှာမဟုတ်ပါဘူး။ တွေးနေချိန်မှာ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ အိပ်ယာဘေးထိုင်နေရင်း သူ့ရဲ့ကိုယ်ပိုင်စိတ်အခြေအနေကိုတောင် မေ့လျော့သွားခဲ့ပါတယ်။

ဟို့ယွိဟောင် မင်းအသက်မှရှင်သေးရဲ့လား ၀မ်သုန့်အနေနဲ့ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့မိပါတယ်။ မျက်လုံးတွေကလဲ နီရဲလို့နေခဲ့ပါပြီ။ ဒီလိုစိတ်ဖိစီးမှုဆိုတာက နှလုံးသားကိုတောင် ရူးသွပ်သွားစေနိုင်ပါတယ်။

အခုအချိန်မှာတော့ အလောတကြီး၀င်ရောက်လာတဲ့ ခြေသံတွေကို ကြားနေခဲ့ရပါတော့တယ်။ မောကြီးပန်းကြီးရှုသွင်းရှုထုတ်လုပ်နေတဲ့အသံကလဲ ခြေသံတွေနဲ့အတူပါလာခဲ့တယ်။ ၀မ်သုန့် ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ မျက်လုံးပြူးသွားခဲ့ပါပြီ။ အဲ့ဒီလူက အခန်းထဲကို ဗန်းဆိုတဲ့အသံကြီးနဲ့အတူ ၀င်ရောက်လာခဲ့ပါတယ်။

“ငါတော့သေပြီ ငါတော့သေပြီ နောက်ကျနေပြီ ငါမြန်နိုင်လောက်မြန်အောင် ပြေးလာတာတောင် နောက်ကျနေပြီ ဒီလောကကြီးကောင်းတာ ဘာမှမရှိဘူး ”

လူငယ်ကတော့ စိုးရိမ်တကြီးနဲ့ အော်ဟစ်ရင်းပြောနေခဲ့ပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်ကို မြင်ချိန်မှာသူပြုံးပြလိုက်တယ်။

” အော် မင်းပြန်ရောက်နေပြီပဲ ဒီနေ့ဘယ်အချိန်တုန်းက စာရင်းသွင်းတာ ပြီးဆုံးသွားတာလဲ ငါကျောင်းထုတ်ခံရတော့မယ်..ငါနောက်ကျနေပြီ ဒီလိုဖြစ်မှာမဟုတ်ဘူး ငါဆရာကျိုးသွားရှာပြီ ဒီညမှာတစ်ခုခုလုပ်မှဖြစ်မယ် ”

လူငယ်ပြန်လာပြီ ပြန်ထွက်ဖို့လုပ်ချိန်မှာ အော်သံကြီးတစ်သံ ထွက်ပေါ်လာပါတော့တယ်။

” ဟို့ယွိဟောင် ”

ဒီအော်သံကြီးက ထွက်ခွာတော့မလိုဖြစ်နေတဲ့ ဟို့ယွိဟောင်ကို တုန်လှုပ်သွားစေခဲ့တယ်။ သူ့ရဲ့ကျောပေါ်ကိုရောက်ရှိလာတဲ့ ရိုက်ချက်ကြီးတစ်ချက်ကို သူရရှိလိုက်ပါတယ်။ ဒီရိုက်ချက်က သူ့ကို မြေပြင်ပေါ်လှဲကျသွားစေခဲ့ပါပြီ။ ဒါ့အပြင် လက်သီးချက်ကလဲ မုန်တိုင်းလိုကျရောက်လာခဲ့ပါတယ်။ အမှန်တကယ်ပါပဲ ဒီလိုအပြေး၀င်လာတဲ့သူကတော့ ဟို့ယွိဟောင်ပါ။ စွမ်းအားတွေအားလုံးကုန်ဆုံးမတတ်ဖြစ်နေခဲ့ပေမဲ့ သူရောက်လာတာ နောက်ကျသွားပါသေးတယ်။ ဒါ့အပြင် ရေခဲဧကရီနဲ့ ပေါင်းစည်းတဲ့အချိန်မှာ အချိန်တွေအများကြီးကုန်ဆုံးသွားခဲ့မယ်လို့ မထင်ထားခဲ့မိပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဒုတိယ၀ိညာဥ်စက်ကွင်းကို ရရှိအောင်ကူညီပေးနိုင်နေခဲ့ပေမဲ့ အချိန်ကိုမသိတဲ့လူတစ်ယောက်အတွက်တော့ ဒီကိစ္စက ပြဿနာမှာပဲ သူအမြန်ဆုံးနှုန်းနဲ့ ပြေးလာခဲ့ပေမဲ့ တစ်ရက်နောက်ကျသွားပါပြီ။

ဟို့ယွိဟောင်က သူ့ခေါင်းကို လက်နဲ့အုပ်ထားခဲ့ရင်း ၀မ်သုန့်ရိုက်တာခံလိုက်ရလို့မူးသွားပါတော့တယ်။ အဲ့ဒီနောက် မရပ်မနားတမ်း ဆက်တိုက်ဆိုသလို ရိုက်နေရင်း ဒီလက်သီးတွေရဲ့အောက်မှာ ဖြည်းဖြည်းချင်း အကျင့်ရလာပါတော့တယ်။

အဲ့ဒီနောက် သူ့ရဲ့တင်ပါးပေါ်မှာဆက်တိုက်လှုပ်ရှားနေတဲ့ အသားလုံးနှစ်လုံးကို ခံစားမိလိုက်ပါတယ်။

” မင်းပြန်လာဖို့ သတိရသေးတယ်ဟုတ်လား ခွေမသား ပြန်လာဖို့သတိမရတော့ဘူးလို့တောင်ထင်နေတာ ”

၀မ်သုန့်ရဲ့မျက်နှာပေါ်မှာ မျက်ရည်တွေက စီးကျနေခဲ့ပါပြီ။ မိသားစုကလွဲပြီ တခြားသူတစ်ယောက်ယောက်ကို ဒီလောက်အထိစိတ်ပူတာ ပထမဆုံးအကြိမ်ပါပဲ။ ဟို့ယွိဟောင်ကို တွေ့တွေ့ချင်သူ့ရဲ့နှလုံးသားတစ်ခုလုံးက ခံစားလိုက်ရပါတယ်။ ဒါကြောင့် ဖိနှိမ့်ခံထားရတဲ့ ခံစားချက်က ပေါက်ကွဲထွက်လာခဲ့တာပါ။

တကယ်တော့ သူ့ရဲ့လက်သီးတွေမှာ အားမပါပါဘူး။ အဲ့ဒီအစား ဟို့ယွိဟောင်ရဲ့ကျောပေါ်မှာထိုင်ရင်း စတင်ငိုကြွေးပါတော့တယ်။

ဟို့ယွိဟောင်အနေနဲ့ ၀မ်သုန့် သူ့ကိုလာပြီ ထိုးကြိတ်နေတာကြောင့် စိတ်ထဲမကျေမနပ်ဖြစ်နေခဲ့ပေမဲ့ အခုအချိန်မှာ တစ်ဖက်လူက ငိုကြွေးနေတာကြောင့် သူပိုပြီး ကြောင်အနေခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူက မြေပြင်ပေါ်ဖိထားခံရတဲ့သူပါ။ အကယ်၍ သူထချင်တယ်ဆိုရင်တောင် ထရပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ အချိန်တခဏတာအထိ ဟို့ယွိဟောင်က သူလုံး၀ ရှုံးသွားသလို ခံစားနေခဲ့ရပါတယ်။

” ၀မ်သုန့် ဘာတွေငိုနေတာလဲ ဘာဖြစ်လို့ ကောင်မလေးလို လုပ်နေတာလဲ ”

ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” ခွေးမသား မင်းလူတစ်ယောက်ကို စိုးရိမ်ရတာ ဘယ်လောက်ပင်ပန်းလဲ မင်းသိလား မဟာကြယ်တာရာသစ်တောထဲမှာ မင်းအစားခံရပြီ ၀ိညာဥ်သားရဲကောင်တစ်ကောင်ကောင်ရဲ့ အီးပုံကြီးဖြစ်နေပြီလို့ ငါထင်နေခဲ့တာလေ ငါတို့ကို ဘာဖြစ်လို့လိမ်ပြီ ဆရာတွေအားလုံးကို ဘာပတ်ပြီလိမ်သွားရတာလဲ တစ်ယောက်ထဲဘာသွားလုပ်တာလဲ ”

၀မ်သုန့်က ဟို့ယွိဟောင်အပေါ်မှာ ထိုင်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့လက်နှစ်ဖက်ကို ဟို့ယွိဟောင်ရဲ့ ပုခုံးပေါ်မှာဖိထားရင်း ဒေါသတကြီးနဲ့ပြောနေခဲ့ပါတယ်။

” ဆရာတွေ ဒါကိုသိသွားတာတော့ မဟုတ်ဘူးမလား ”

ဟို့ယွိဟောင် မေးလာခဲ့ပါတယ်။

” အမှိုက်သရိုက်ကောင် မင်းပြန်မလာဘူးဆိုမှတော့ ငါတို့တွေအားလုံး မသိရတဲ့ကိစ္စရှိဦးမလား ”

၀မ်သုန့်က ဒေါသတကြီးနဲ့ ဟို့ယွိဟောင်ကို ဒေါသပြေတဲ့အထိ ကိုက်နေပါတော့တယ်။

” ငါပြောပါရစေဦး မင်းနဲ့ငါထရပ်ပြီတော့မှ စကားဆက်ပြောလို့မရဘူးလား မင်းကမလေးပေမဲ့ ငါဒီအတိုင်းကြီး ဖိထားခံလို့မဖြစ်ဘူးလေ ”

ဒီတစ်ကြိမ်မှသာ ၀မ်သုန့်လဲ သတိ၀င်လာပါတော့တယ်။ သူချက်ချင်းဆိုသလို ထခုန်လိုက်တော့တယ်။ မျက်နှာတစ်ခုလုံးကလဲ နီရဲလို့နေခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ ပြန်ပြီထလာခဲ့ပါတယ်။ ၀မ်သုန့် ငိုကြွေးနေတာကိုကြည့်ရင်း တစ်ဖက်လူက သူ့အတွက်ဘယ်လောက်စိတ်ပူနေလဲဆိုတာ နားလည်လို့သွားခဲ့တယ်။ ဒါကြောင့် သူကိုယ်တိုင်လဲ အတော်လေးကို စိတ်ထိခိုက်လို့သွားပါတယ်။ ခေါင်းကိုကုတ်လိုက်ရင်း စပြီတောင်းပန်ပါတော့တယ်။

” ငါတောင်းပန်ပါတယ် စိုးရိမ်အောင်လုပ်မိတယ်..ဒီလောက်အချိန်ကြာသွားမယ်လို့ မထင်ထားခဲ့မိဘူး…ဘာကြောင့်လဲဆိုတော့ ငါအချိန်တွေကို မသိနိုင်တဲ့အထိဖြစ်သွားလို့လေ ”

” မင်းငါတို့အားလုံးကို လိမ်သွားတာပဲ သေချာတိကျတဲ့ဖြေရှင်းချက်မပေးဘူးဆိုရင် ဒီကိစ္စမကျေဘူး ”

ဟို့ယွိဟောင်က ပြုံးပြရင်း ပြောနေခဲ့ပါတယ်။

” မင်းကိုယ်မင်းကြည့်လိုက်ပါဦး ငြီးငြူးနေတဲ့အဘွားကြီးတစ်ယောက်လိုပဲ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဘယ်ရောက်သွားပြီလဲ ပြစမ်းပါဦး ”

၀မ်သုန့်လဲ လန့်သွားခဲ့ပါတယ်။ သူ့ရဲ့လေသံက ချက်ချင်း​ပြောင်းသွားတော့တယ်။

” ငါ့ကို အဘွားကြီးလို့ခေါ်တယ်ပေါ့ မင်းဆရာကျိုးကို သွားရှာမယ်မလား မြန်မြန်သွားမယ် ဆရာကျိုးလဲ အရမ်းကို ဒေါသထွက်နေတယ်…ကံကောင်းဖို့ဆုတောင်းထားလိုက် ”

သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ကို တွန်းရင်းထွက်ခွာသွားပါတော့တယ်။

အပိုင်း ၄၅•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset