အပိုင်း ၄၄•၂
” ပြီးပြည့်စုံတဲ့ပေါင်းစည်းမှု အနီရောင်၀ိညာဥ်စက်ကွင်း ”
°°°
လူငယ်ရဲ့ခြေထောက်အောက်ကနေ တောက်ပတဲ့အလင်းတန်းနဲ့အတူ ၀ိညာဥ်စက်ကွင်းတစ်ကွင်းက မြင့်တက်လို့လာပါတော့တယ်။ ဒီ၀ိညာဥ်စက်ကွင်းက အတော်ကို ကြောက်စရာကောင်းလွန်နေခဲ့တာပါ။ တောက်ပပြီ သွေးနီရောင်အလင်းတန်းတွေက ဖြာထွက်လို့နေခဲ့ပါတော့တယ်။ မြင့်မြတ်ပြီအေးစက်တဲ့၀ိညာဥ်စက်ကွင်းက သွေးနီရောင်ပင်လယ်ကြီးတစ်ခုလိုမျိုး ပတ်၀န်းကျင်ကို ဖန်တီးလိုက်ပါတယ်။ အဲ့ဒီနောက် ရွှေရောက်သင်္ကေတလေးခုက အနီရောင်၀ိညာဥ်စက်ကွင်းပေါ်မှာ တောက်ပလို့လာခဲ့ပါပြီ။ ဒါ့အပြင် အနီရောင်နဲ့ရွှေရောင်အလင်းတန်းနှစ်ခုက ရေခဲတွေကိုလဲ သွေးရောင်လွှမ်းသွားစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ရုတ်တရက်ဆိုသလို အပြောင်းအလဲတစ်ခုက လူငယ်ရဲ့အရှိန်အ၀ါပေါ်မှာ ဖြစ်ပေါ်လို့လာခဲ့တယ်။ သီးခြားဆန်တဲ့အငွေ့အသက်က ရှေးရှေးခေတ်ရဲ့ အရှိန်အ၀ါတွေလိုမျိုး ဖြစ်ပေါ်လာခဲ့တာပါ။
သူ့ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲကတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျောပေါ်မှာတော့ ကြီးမားတဲ့ဆေးမင်ကြောင်ပုံသဏ္ဍာန်ကြီးက ထွက်ပေါ်လာပါတော့တယ်။ တောက်ပတဲ့အလင်းတန်းတွေနဲ့အတူတူ တဖြည်းဖြည်းချင်းဆီ ပုံပေါ်လာခဲ့တာကတော့ ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီရဲ့ ပုံကြီးပါပဲ။
ကြီးမားလွန်လှတဲ့ ဒီဆေးမင်ကြောင်ကြီးက သူ့ရဲ့နောက်ကျောတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့ပါတယ်။ ဒါ့အပြင် ခြေလက်တွေကတော့ နံရိုးတွေ ကျောရိုးတွေပေါ်မှာ ဆက်တိုက်ရှိနေခဲ့ပြီ အမြီးချွန်ကြီးကတော့ ပုခုံးပေါ်အထိ ရောက်ရှိလာခဲ့တယ်။ ဒီလိုနဲ့ရှိရှိသမျှ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေအားလုံးကနေ ချိတ်ဆက်ပြီထွက်ပေါ်နေခဲ့တဲ့ အစိမ်းရောင်အလင်းတန်းက ဒီဆေးမင်ကြောင်ကြီးကို ပိုပြီး အားဖြည့်ပေးလိုက်ပါပြီ။ ဒါ့အပြင် ပုခုံးကနေ စတင်လို့ညာဘက်တင်ပါးပေါ်မှာအဆုံးသတ်လို့သွားခဲ့ပါတယ်။
ကြီးမားတဲ့ ဆေးမင်ကြောင်ကြီးအပြင် နောက်ထပ် ကြီးမားတဲ့ပြောင်းလဲမှုကတော့ သူ့ရဲ့လက်တွေပါပဲ။ သူ့ရဲ့လက်တွေကတော့ အဋ္ဌဂံပုံစံရှိတဲ့ ကျောက်စိမ်းလက်အိတ်တွေနဲ့ ဆက်တိုက်ဆိုသလို ဖုံးလွှမ်းခံလိုက်ရပါတော့တယ်။ ဒီကျောက်စိမ်းလက်အိတ်ပေါ်မှာရှိနေတဲ့ စိန်ပွင့်တစ်ပွင့်ဆီရဲ့ အရွယ်အစားက ပဲစေ့တွေလိုပါပဲ။ တစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင်တော့ ကျောပေါ်မှာရှိတဲ့ ဆေးမင်ကြောင်ကြီးထက်တောင် ပိုတောက်ပနေတာကို တွေ့ရမှာပါ။ ဒီအပြောင်းအလဲတွေက အ၀တ်အစားတွေ ၀တ်ဆင်ထားတာတောင် ဖုံးကွယ်လို့မထားနိုင်ပါဘူး။
” ငါအောင်မြင်သွားပြီ ”
လူငယ်က သူ့ဘာသာသူ ပြောလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ သူ့မျက်လုံးကနေ မျက်ရည်တွေလဲ ဆက်တိုက်စီးကျလို့လာခဲ့ပါပြီ။ သူ့က တကယ်ကို အများကြီးအများကြီးကြိုးစားရင်း သည်းခံခဲ့ပါတယ်။ အရာအားလုံးပြီးမြောက်ပြီတဲ့နောက် ပျော်လွန်လို့ မျက်ရည်မကျပဲနေမှာလဲ။ ဒါ့အပြင် ဒီလိုအရာမျိုးက ပျော်တာထက်ကိုပိုပြီး လုပ်သင့်တဲ့အရာပါ။ ပြင်းထန်ပြီအားကောင်းတဲ့ နာကျင်မှုကို ခံစားလိုက်ရပြီတဲ့နောက် သူလဲ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ပဲ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလူငယ်ကတော့ ဟို့ယွိဟောင်ပါပဲ။ လက်ရှိအချိန်မှာ သူ့ရဲ့ပေါင်းစည်းမှုကတော့ ပြီးမြောက်သွားခဲ့ပါပြီ။ သွေးနီရောင်၀ိညာဥ်စက်ကွင်းက သူ့ရဲ့ပထမဆုံး၀ိညာဥ်စက်ကွင်းဖြစ်လာခဲ့ပြန်ပါတယ်။ ဒါ့အပြင် ရေခဲဧကရီ သိုင်းပညာ၀ိညာဥ်ရဲ့ ပထမဆုံး၀ိညာဥ်စက်ကွင်းပါ။ နှစ်ပေါင်းလေးသိန်းသက်တမ်းရှိတဲ့၀ိညာစက်ကွင်းလဲ ဟုတ်နေခဲ့တယ်။ ဒါ့အပြင် ဒီနှစ်ပေါင်းလေးသိန်းက မပြည့်တော့မပြည့်သေးပါဘူး။ အစပိုင်းတုန်းက နှစ်ပေါင်းသုံးသိန်းကိုးသောင်းကိုးထောင်ကိုးရာသာ ရှိခဲ့ပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကသူ့အစွမ်းကို အသုံးပြုရင်း နှစ်ပေါင်း လေးသိန်းသက်တမ်းရှိအောင် ကူညီပေးခဲ့ပါတယ်။ သူမအနေနဲ့လဲ အင်အားက နှစ်ပေါင်းလေးသိန်းအထိကို တိုးတက်လို့သွားပါပြီ။ နှစ်တစ်ရာသာ ကွာခြားချက်ရှိခဲ့ပေမဲ့ အရည်အသွေးကတော့ မိုးကောင်းကင်နဲ့ မြေပြင်လိုကွာခြားနေခဲ့ပါတယ်။ ဒါကြောင့်သာ ၀ိညာဥ်စက်ကွင်းပေါ်မှာ ရွှေရောင်သင်္ကေတက လေးခုရှိလာခဲ့တာပါ။
” ငါတို့တွေ အောင်မြင်သွားပြီ ငါရဲ့ကြိုးစားအားထုတ်မှုက အလဟာသမဖြစ်ခဲ့ဘူးပဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က မောပန်းနေခဲ့ပေမဲ့ ပြောလာခဲ့ပါတယ်။
” အစ်ကိုကြီး ကောင်းကင်အိပ်မက် ”
ဟို့ယွိဟောင်က အော်ခေါ်လိုက်ပါတယ်။ သူ့မျက်လုံးကနေ မျက်ရည်တွေကတော့ ဆက်တိုက်စီးကျနေခဲ့ပါပြီ။
” ကျေးဇူးပါပဲ ”
ဒီအခိုက်အတန့်မှာ သူက အားနည်းပြီ ကျောင်းတော်တစ်ခုလုံးရဲ့ အောက်ခြေကို ရောက်နေတဲ့၀ိညာဥ်ပညာရှင်မဟုတ်တော့မှန်း သူ့ကိုယ်သူ သိနေခဲ့ပါပြီ။ ဒါ့အပြင် အလုပ်ကြိုးစားပြီ တိုက်ခိုက်ရေး၀ိညာဥ်စွမ်းရည်မရှိတဲ့သူလဲ မဟုတ်တော့ပါဘူး။ လက်ရှိအချိန်မှာ သူရလာသမျှအရာအားလုံးက ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ဖန်တီးပေးထားတာ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူဘယ်လိုလုပ်စိတ်မလှုပ်ရှားပဲရှိနေမှာလဲ။
” မင်းအောင်မြင်သွားတာကောင်းပါတယ်…လက်ရှိအချိန် ငါတို့အရေးကြီးဆုံးအဆင့်ကို အောင်မြင်သွားပြီးပြီ ရေခဲဧကရီပေးလိုက်တဲ့ ရင်ခေါင်းရိုးနဲ့ဆိုရင် မင်းရဲ့ခန္ဓာကိုယ်က အနည်းဆုံးငါးဆလောက်အထိ တိုးတက်သွားပြီပဲ ဒါ့အပြင် ခံနိုင်ရည်စွမ်းကလဲ အများကြီးတိုးမြင့်လာတယ်…မင်းအနေနဲ့ လက်ရှိအချိန်မှာ နှစ်သုံးထောင်၀ိညာဥ်စက်ကွင်းကို အနည်းဆုံးသေချာပေါက် တောင့်ခံနိုင်လိုက်မယ်…ဒါကြောင့်သာ မင်းကိုရေခဲဧကရီဆီခေါ်လာပြီ ဒုတိယသိုင်းပညာ၀ိညာဥ်ဖြစ်အောင် ဖန်တီးပေးခဲ့တာပဲ မင်းခန္ဓာကိုယ်ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်အဓိက အစိတ်အပိုင်းကလဲ အရေးကြီးတယ်..သူက မင်းကို အများကြီး အင်အားတိုးတက်စေမှာ ဒါ့အပြင် ငါတို့လုပ်ခဲ့တဲ့အရာတွေထက်ကို ပိုသာလွန်တယ်လေ မင်းရဲ့လက်ရှိကျင့်ကြံဆင့်က အားနည်းနေသေးတာကြောင့် သူ့ရဲ့ စွမ်းအားတွေကို နည်းနည်းလေးပဲ သုံးနိုင်ဦးမယ်…ဒါပေမယ့် ဆက်ပြီးတော့သာ လေ့ကျင့်ရင်းတိုးတက်သွားမယ်ဆိုရင် သူပေးတဲ့စွမ်းအားတွေက မင်းကိုသေချာပေါက် အံ့အားသင့်စေမှာပဲ ”
” ပထမဆုံးအနေနဲ့ ငါမင်းကို သိုင်းပညာ၀ိညာဥ်တစ်ခုနဲ့ ၀ိညာဥ်စွမ်းရည်လေးခု ပေးခဲ့တယ်…ရေခဲဧကရီရဲ့ ကျင့်ကြံမှုက ငါထက် နောက်ကျနေပေမဲ့ သူ့မျိုးနွယ်ရဲ့အဆင့်အတန်းက ပိုမြင့်မားပြီ အင်အားလဲကြီးမားလွန်တယ်…ဒါ့အပြင် နှစ်ပေါင်းသိန်းနဲ့ချီတဲ့ သားရဲကောင်ရဲ့အစွမ်းအစအရ သူကလဲမင်းကို ၀ိညာဥ်စွမ်းရည်လေးခုထပ်ပြီးပေးနိုင်လိမ့်မယ်…ဒါ့အပြင် အဲ့ဒိီလိုပေးနိုင်တာက မင်းရဲ့ရင်ခေါင်းရိုးကြောင့်လဲပါတာပေါ့ မင်းအနေနဲ့ နောက်ထပ် ၀ိညာဥ်စွမ်းရည်လေးခုကို ထပ်ပြီ ရရှိတာက သူမရဲ့၀ိညာဥ်စွမ်းရည်က နှစ်ခုပေးတယ်…အရိုးကနှစ်ခုပေးတယ်..ဒီပေါင်းစည်းစွမ်းရည်တွေက မင်းရဲ့လျှို့၀ှက်ဥပဒေသအရိုးကြောင့်လဲ ပိုပြီး အားကောင်းသွားတာပေါ့ တကယ်ကို တန်ကြေးရှိပါတယ်…လျှို့၀ှက်ဥပဒေသအရိုးသာမရှိဘူးဆိုရင် မင်းခံစားခဲ့ရတဲ့နာကျင်မှုက သေချာပေါက် အခုထက်နှစ်ဆယ့်ရာခိုင်နှုန်းထက်ပိုပြီး ပြင်းထန်နေမှာပဲ ဒါ့အပြင် ပေါင်းစည်းမှုကလဲ ဒီလောက်အထိ ပြီးပြည့်စုံအောင် မအောင်မြင်နိုင်ဘူး ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့စကားကို ကြားပြီချိန်မှာ ဟို့ယွိဟောင်ကတစ်ချက် တုန်ရီသွားပါတော့တယ်။ သူအဆုံးစွန်အထိ တောင့်ခံနိုင်ခဲ့ပေမဲ့ အဲ့ဒီအခြေအနေကို ပြန်ပြီး မစဥ်းစားတောင်မစဥ်းစားချင်တော့ပါဘူး။ နှစ်နာရီနီးပါး ကြာမြင့်ခဲ့တဲ့ အချိန်ကာလတစ်လျှောက်မှာ သူ့တစ်ကိုယ်လုံး ယာယံမှုက ပြင်းထန်လွန်လှပါတယ်။
” စွမ်းရည်လေးခု နောက်ထပ်စွမ်းရည်လေးခုလား ”
ဟို့ယွိဟောင်က ဆက်တိုက်ဆိုသလို မေးလာခဲ့မိပါတယ်။
” အဲ့ဒီစွမ်းရည်လေးခုက ဘာတွေလဲ သူအခုဘယ်လိုနေလဲ အသိ၀င်လာပြီလား ”
အသိဉာဏ်ရှိတဲ့၀ိညာဥ်စက်ကွင်းက ပုံမှန်၀ိညာဥ်စက်ကွင်းတွေထက် များကြီးပိုပြီး သန်မာပါတယ်။ ရေခဲဧကရီရဲ့ မြောက်၀င်ရိုးစွန်းဧကရီဆိုတဲ့အဆင့်အတန်းကို မဆိုထားနဲ့ ကျန်ရှိတဲ့အရာအားလုံးကတောင် သာလွန်နေခဲ့တာပါ။ ဟို့ယွိဟောင်အနေနဲ့ ဒီနေရာမှာလုပ်ချင်နေတဲ့အရာကတော့ အရမ်းရိုးရှင်းနေခဲ့တာပါပဲ။ ဟို့ယွိဟောင်ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်ကလဲ ရေခဲဖြစ်နေခဲ့တယ်။ ရလဒ်အနေနဲ့ ဒီနေရာမှာနောက်ထပ် ၀ိညာဥ်စက်ကွင်းတွေကို ထပ်ပြီရဖို့တောင် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရေခဲဧကရီအနေနဲ့ သူ့အတွက်တစ်ခုခု ကြိုးစားပေးနိုင်မှာပါ။ အကယ်၍ သူမရဲ့ စိတ်၀ိညာဥ်မူလအရင်းအမြစ်ကို ပြန်လည်မရရှိနိုင်ဘူးဆိုရင်တော့ နှမြောစရာကောင်းပါလိမ့်မယ်။
” သူအဆင်ပြေတယ် မင်းရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းထားပြီ ငါ့ရဲ့အကာအကွယ်အောက်မှာ ရှိနေခဲ့ပေမဲ့ သူမောပန်းနေတယ်…အခုသူတော်တော်လေး အိပ်ပျော်နေပြီ မင်းနဲ့ငါ ပေါင်းစည်းတုန်းကလို အချိန်လိုမျိုးမဟုတ်ခဲ့ဘူးလေ ငါမင်းနဲ့ ပေါင်းစည်းတဲ့အချိန်မှာ ၀ိညာဥ်စွမ်းအားကလဲ အများကြီးမကျန်ရစ်တော့ဘူး…စိတ်၀ိညာဥ်အရင်းအမြစ်ပဲရှိတော့တာ ဒါ့အပြင် ငါကလဲ စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်သားရဲကောင်လေ ကိစ္စတွေက ပိုပြီးလွယ်ကူသွားတာပေါ့ လက်ရှိအခြေအနေက သူ့အတွက်တောာ့ အတော်လေး ပြဿနာများတယ်…ကံကောင်းပြီ ငါတို့အောင်မြင်သွားပေးလို့ပေါ့ ခဏနေရင် နိုးလာမှာပါ ”
ရေခဲဧကရီအကြောင်း ပြောနေတဲ့အချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ အတော်လေးကို ကျေနပ်နေပုံပေါ်ပါတယ်။
” ဒါဆိုရင် စွမ်းရည်လေးခုက ဘာတွေလဲ ”
ဟို့ယွိဟောင်က နောက်တစ်ကြိမ် မေးလာခဲ့မိတယ်။
” ငါလဲမသိဘူးလေ ငါက ရေခဲဧကရီမှ မဟုတ်တာ ကိုယ်ဘာသာကိုယ် နားလည်အောင်လုပ်ပေါ့ အရှေ့ကိုသွားတော့ ငါတို့ဒုတိယ၀ိညာဥ်စက်ကွင်းကိုရှာရအောင် ”
ဟို့ယွိဟောင်အနေနဲ့ အရမ်းကို ပျော်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူကတော့၀ိညာဥ်ပညာရှင်ဖြစ်နေဆဲပါ။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စွမ်းအားက အဆင့်နှစ်ဆယ့်မှာ ကန့်သတ်ချက်ရှိနေဆဲပါ။ ဒါက သူကျော်ဖြတ်လို့ရနိုင်တဲ့အရာမဟုတ်သေးပါဘူး။ လက်ရှိအချိန်မှာ နောက်ထပ် ၀ိညာဥ်စက်ကွင်းတစ်ကွင်းကိုရဖို့လိုပါလိမ့်မယ်။ ဒါ့အပြင် ရေခဲဧကရီပေးတာက ဒုတိယသိုင်းပညာ၀ိညာဥ်အတွက် ပထမ၀ိညာဥ်စက်ကွင်းပဲ ဖြစ်နေခဲ့တာပါ။ ဒါကြောင့် သူအနေနဲ့ ဘယ်ဘက်ကကြည့်ကြည့် ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်နေဆဲပါပဲ။ အကယ်၍ ကျင့်ကြံမှုကို ဆက်ပြီတိုးတက်စေချင်တယ်ဆိုရင် နောက်ထပ် ၀ိညာဥ်စက်ကွင်းတစ်ကွင်းကို ရလာအောင်လုပ်ဖို့လိုမှာပါ။
” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်၀ိညာဥ်စက်ကွင်းကို စိတ်၀ိညာဥ်မျက်လုံးအတွက် ရှာသင့်သလား ရေခဲသိုင်းပညာ၀ိညာဥ်အတွက် ရှာသင့်သလား ”
ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်နှစ်ခုစလုံးက စက်ကွင်းတစ်ကွင်းသာ ရှိနေခဲ့တဲ့အတွက် သူလဲ ရွေးချယ်ရခက်ခဲနေခဲ့ပါပြီ။ ဒါ့အပြင် စိတ်၀ိညာဥ်မျက်လုံးကိုလဲ ဆက်တိုက်ဆိုသလို အားဖြည့်ပေးနေရဦးမှာပါ။ လက်ရှိအချိန်မှာ အနေအထားက နှစ်မျိုးဖြစ်နေခဲ့တဲ့အတွက် သူလဲ ပြဿနာများနေခဲ့ရပါတယ်။
ပုံမှန်အနေအထားအရ သိုင်းပညာ၀ိညာဥ်နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကို တစ်ပြိုင်နက်ထဲ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရလာအောင် မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အားသာချက်ကို ပျက်စီးစေနိုင်လို့ပါ။ တကယ်ကို အင်အားကြီးတဲ့ အမွှာ၀ိညာဥ်ပညာရှင်တွေကတော့ သိုင်းပညာ၀ိညာဥ်တစ်ခုထဲကိုပဲ ဆက်တိုက်ဆိုသလို ၀ိညာဥ်စက်ကွင်းတွေ ပေါင်းထည့်ရင်း အင်အားကို တိုးတက်လာအောင် လုပ်ကြပါတယ်။
သူတို့တွေ အဆင့်အတန်းတစ်ခုအထိ ရောက်အောင်လေ့ကျင့်ပြီချိန်မှာတော့ ဒုတိယသိုင်းပညာ၀ိညာဥ်ထဲကို နောက်ထပ် ၀ိညာဥ်စက်ကွင်းတွေပေါင်းထည့်ပြစ်တယ်။ ဒီလိုအခြေအနေမျိုးမှသာ မြင့်မားတဲ့၀ိညာဥ်စက်ကွင်းတွေကို ဒုတိယသိုင်းပညာ၀ိညာဥ်က ပိုင်ဆိုင်နိုင်မှာပါ။ ဒီလိုနည်းနဲ့လဲ အဆင့်တူသိုင်းပညာ၀ိညာဥ်ပညာရှင်တွေထက်ပိုပြီး သန်မာနိုင်ပါလိမ့်မယ်။
ဒီဖြစ်စဥ်က အချိန်ကိုလိုအပ်မှာပါ။ ပုံမှန်အနေအထားအရ အမွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့သူတွေအနေနဲ့ အနည်းဆုံး၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရပြီချိန်မှသာ ဒုတိယ၀ိညာဥ်စက်ကွင်းအတွက် အသစ်ကိုထပ်ရှာကြပါတော့တယ်။
ဥပမာအားဖြင့် ရှောင်းရှောင်းပါပဲ။ သူမအနေနဲ့ ရွေးချယ်စရာမရှိတာကြောင့် ဒုတိယသိုင်းပညာ၀ိညာဥ်ဆီမှာ ၀ိညာဥ်စက်ကွင်းတစ်ခုကို ထည့်သွင်းခဲ့ရပါတယ်။ ဒါကြောင့် သူမနေနဲ့လဲ တခြားကျောင်းသားတွေအထက်မှာ ရပ်တည်နေနိုင်ခဲ့တာပါ။ ဒုတိယသိုင်းပညာ၀ိညာဥ်မှာလဲ ၀ိညာဥ်စွမ်းရည်တစ်ခုရှိလာပါတယ်။
၀ိညာဥ်စွမ်းရည်တစ်ခုရှိတာထက် ပိုပြီး အားကောင်းတာကတော့ နားလည်နိုင်စွမ်း တိုးပွားလာတာပါပဲ။ တော်တော်လေး စဥ်းစားပြီတဲ့နောက် ရှောင်းရှောင်းအနေနဲ့ သူမရဲ့နတ်မီးငှက်ကိုးကောင်ကိုးကွယ်မှုပုလွေကိုပဲ ၀ိညာဥ်စက်ကွင်းတစ်ကွင်းထည့်သွင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါက ပထမဆုံး၀ိညာဥ်စက်ကွင်းဖြစ်နေဆဲပါ။ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းအဆင့်ကို မရောက်ခင်အထိ သူမအနေနဲ့ သိုင်းပညာ၀ိညာဥ်ကို နောက်ထပ် ၀ိညာဥ်စက်ကွင်းအနေနဲ့ ထပ်ထည့်ချင်မှာမဟုတ်ပါဘူး။
ဟို့ယွိဟောင်ကတော့ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးကို ၀ိညာဥ်စက်ကွင်းထပ်ထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမက ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်အဖြစ်ကို အချိန်အကြာကြီးလျှောက်လမ်းရမှာမလို့ပါ။ ရေခဲဧကရီကို ၀ိညာဥ်စက်ကွင်းတစ်ခုထပ်ထည့်လိုက်မယ်ဆိုရင်တော့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ရဲ့ လမ်းစဥ်ကို လျှောက်လမ်းရမှာဖြစ်ပါတယ်။ သူ့အနေနဲ့ အမျက်ဒေါသကျောင်းတော်မှာ နံပါတ်တစ်တိုက်ခိုက်ရေးပညာရှင်ဖြစ်လာနိုင်တော့မှာအမှန်ပါပဲ။ နှစ်လေးသိန်း၀ိညာဥ်စက်ကွင်းရှိပြီတဲ့နောက် သူ့ကို ဘယ်သူမှလဲ ယှဥ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီနှစ်လေးသိန်း၀ိညာဥ်စက်ကွင်းကို သူဘယ်လိုရှင်းပြရမှာလဲ။
” ယွိဟောင် ငါခန့်မှန်းတာက မင်းတွေးနေတာနဲ့ အတူတူပဲ ရေခဲဧကရီက အရမ်းအင်အားကြီးတာမှန်တယ်…ဒါပေမယ့် ငါ့ရဲ့အတွေ့အကြုံအရဆိုရင် အသက်ရှည်ရှည်နေချင်လို့ကတော့ စွမ်းရည်တွေကို ဖုံးကွယ်ထားရမှာပေါ့ ဒါ့အပြင် ရေခဲဧကရီကို လေ့ကျင့်ဖို့အတွက် ရွေးချယ်ခဲ့တယ်ဆိုရင်တောင် လက်ရှိအချိန်မင်းရဲ့စိတ်၀ိညာဥ်မျက်လုံးကို ဒုတိယ၀ိညာဥ်စက်ကွင်းကို ရှာသင့်တယ်..ဘာကြောင့်လဲဆိုတော့ ရေခဲဧကရီရဲ့ ပထမ၀ိညာဥ်စက်ကွင်းက အရမ်းကို မျက်စိစူးလွန်တာကြောင့် ဖုံးကွယ်ထားဖို့လိုအပ်လို့ပဲ မဟုတ်ရင် မင်းအနေနဲ့ စူးစမ်းလေ့လာရေးစမ်းသပ်ခန်းထဲမှာ ရှာဖွေခံရလိမ့်မယ် ”
” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်ဆုံးဖြတ်ပြီးပြီ ကျွန်တော်စိတ်၀ိညာဥ်မျက်လုံးကိုပဲ ဆက်ပြီလေ့ကျင့်မယ်…ကျွန်တော်ရဲ့ကျင့်ကြံဆင့်သာ မြင့်လာပြီဆိုရင် ရေခဲဧကရီ သိုင်းပညာ၀ိညာဥ်ထဲကို ထပ်ပြီ၀ိညာဥ်စက်ကွင်းထဲ ပေါင်းထည့်မယ်…အနာဂတ်မှာတော့ ရေခဲဧကရီကို တတ်နိုင်သလောက် အသုံးမပြုဖို့ကြိုးစားမှာပါ..ဒီလိုနည်းနဲ့ တခြားသူတွေလဲ ကျွန်တော်ရဲ့စွမ်းရည်ဘယ်လောက်ထက်လဲဆိုတာကို မြင်တွေ့ဖို့လွယ်မှာမဟုတ်ဘူး “‘
” ဘာလို့မသုံးရမှာလဲ မသုံးဘူးဆိုရင် တခြားသူတွေကို ဘယ်လိုခြောက်လန့်ရမှာလဲ အဲ့ဒီမင်းတို့ရဲ့ အမျက်ဒေါသကျောင်းတော်က လုံး၀မရိုးရှင်းဘူးလေ အကယ်၍ မင်းသာ ဆက်တ်ိုက်ရပ်တည်ချင်တယ်ဆိုရင် အစွမ်းအစကို ထုတ်ပြရမယ်…ရေခဲဧကရီကို အသုံးပြုမယ်ဆိုရင်တောင် အများကြီးသတိထားနေဖို့မလိုပါဘူး ”
အပိုင်း ၄၄•၂ ပြီး၏။